0

အစ္စရေး နိုင်ငံ၏ သမိုင်းကြောင်း နှင့် စစ်အင်အားကို လေ့လာကြည့်ခြင်း

အစ္စရေး နိုင်ငံ၏ သမိုင်းကြောင်း နှင့် စစ်အင်အားကို လေ့လာကြည့်ခြင်း
MAY 11, 2018 · PUBLIC
ယနေ့အစ္စရေး နိုင်ငံဟာ ထောက်လှမ်းရေးမှာကမ္ဘာ့နံပါတ် ၁ အဆင့်ဖြင့် အိမ်နီးချင်း ပြိုင်ဘက်အာရပ် နိုင်ငံများ အပြင် အာရှနိုင်ငံတွေထိ ထောက်လှမ်းရေး ပညာနဲ့ တစ်ခုခြင်းချွေယူနေတဲ့နိုင်ငံဖြစ်သလို အမျိုးသားလုံခြုံရေးကို အခိုင်အမာချမှတ်ထားတဲ့နိုင်ငံ၊ တမန်တော် မိုဟာမက် မွေးဖွားရာဇာတိ မက္ကာကို မကြာခဏ ခြိမ်းခြောက်နေတဲ့နိုင်ငံ ၊ အာရပ်တို့ အမြဲတန်း အာရုံထားနေရတဲ့နိုင်ငံ တစ်ခုဖြစ်သည်။ OIC ကိုလည်း ရှိတယ်လို့မထင်တဲ့နိုင်ငံ ၊ ယခုအခါတွင် UN လို အဖွဲ့အစည်းများတွင် ဗီတိုလက်ကိုင်ထားနိုင်သည့် အာဏာမရှိသော်လည်း စွမ်းအားကြီး လက်နက်တွေကို ပိုင်ဆိုင်ထားတဲ့နိုင်ငံ ၊ စစ်ရေးတွင် အားနည်းရင် ဒုက္ခရောက် သွားမည်ကို သိရှိ၍ နာရီပိုင်းအတွင်းစစ်သည်အင်အား သိန်းဂဏန်းရနိုင်တဲ့ အရန်တပ်တွေရှိသည့် နိုင်ငံ ၊ အစ္စရေးရှိ အရွယ်ရောက်ပြီးကျား/မ လူငယ်မရွေး စစ်မှုထမ်းနိုင်ပြီး ISIS အစွန်းရောက် မူစလင်နိုင်ငံများရဲ့ရန်ကို ကာကွယ်နိုင်ခဲ့သည့် နိုင်ငံငယ်လေးတစ်နိုင်ငံလည်း ဖြစ်ပေသည်။

-
ဧရိယာစတုရန်းမိုင် ၈၄၇၄ မျှသာရှိသောလက်ရှိအစ္စရေးနိုင်ငံ၏နယ်မြေလေး ဟာ လွန်လေခဲ့သော ရှေးနှစ် ပေါင်း
၃၀၀၀-ကျော်မှစတင်ခဲ့သည်ဟုဆိုသည်။နိင်ငံ၏ Official Name မှာ State of Israel ဖြစ်ပြီး ၄င်းနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော နိုင်ငံများမှာဆီးရီးယား ၊လက်ဘရွန၊် ဂျော်ဒန် အီဂျစ၊်အာရပ်ပြည် ထောင်စုသမ္မနိုင်ငံ၊ဂါဇာကမ်းမြောင်ဒေသတို့နှင့်ထိ စပ်နေပြီးတောင်ဘက်တွင် အက္ကဘာပင်လယ်ကွေ့နှင့်အနောက်ဖက်တွင်မြေထဲပင်လယ်တို့က ဝန်းရံလျှက်ရှိပြီးအစ္စရေးလူမျိုးများအများဆုံးနေထိုင်ကြပြီး ဂျူးလူမျိုးများ ၊ မွတ်ဆလင်နှင့်အခြား တိုင်းရင်းသား များလည်းနေထိုင်ကြသည်။
အစ္စရေး ဒေသဟာ ပထမကမ္ဘာစစ် အပြီးတွင် စစ်နိုင်သည့်မဟာမိတ် နိုင်ငံများအဆိုပြုခဲ့သည့် British Mandate of Palestine ဆိုကာ ပါလက်စတိုင်း နယ်မြေပိုင်းခြားသတ် မှတ်မူ့များ လုပ်ရာမှ အစ္စရေးနိုင်ငံဟုပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ပေသည်။ ယခင်ပထမကမ္ဘာစစ်ကာလ ၁၉၁၈ ခုနှစ်တွင် ဗြိတိသျှ များသည် ပါလက်စတိုင်း ဒေသအား အော်တိုမင်များထံမှ သိမ်းယူခဲ့သည်။ဗြိတိသျှ အစိုးရမှလဲ ဂျူးလူမျိုးများ ပါလက်စတိုင်းနေရပ်ပြန်ပြီးနိုင်ငံထူထောင်ရန်ကူညီ မည်ဟု Balfour ကျေငြာချက်ထုပ်ပြန်ခဲ့သည်။ ပါလက်စတိုင်းဒေသအား နယ်မြေသတ်မှတ် ပေးရေးအဆိုကို ၁၉၂၂ ခုနှစ်တွင် ပေါ်ပေါက် လာခဲ့ပြီး ၄င်းနယ်မြေပိုင်းခြားသတ်မှတ်ရေးအဆိုပြု ချက်သည်လည်း ဂျူးလူမျိုးများ၏ နေထိုင်စရာ အိမ်ယာတခုဖြစ်လာ ရေးကိုအဓိကကြသည့်အချက် ဖြစ်လာခဲ့ပေသည်။
-
၁၉၂၂ -ခုနှစ် ဇူလိုင်လ အရောက်တွင်မူ နိင်ငံပေါင်းချုပ်အသင်းကြီး ကလဲငြမ်းချမ်းရေးအတွက်ဂျူးနိုင်ငံထူ ထောင်ရန် အချိန်သတ်မှတ်ပေးရေး အတွက် ဗြိတိသျှ အစိုးရအားဖိအားပေးခဲ့လေရာ ရုရှား ၊ဂျာမဏ၊ီ ပိုလန် စသည့် နိုင်ငံ များမှ ဂျူးလူမျိုးများ သည်လဲ ပါလက်စတိုင်း ဒေသသို့အခြေချရန် စုပုံလျှက် ရောက်ရှိလာကြသည်။ ၁၉၃၉ -ခုနှစ် တွင်ဗြိတိသျှ အစိုးရမှ ဂျူးများအား လူဦးရေ စစ်ပြီး ၁၀နှစ်အတွင်းဂျူးပြည်နယ်ထူထောင် ရန်ကတိပေးခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ကနာဇီဂျာမဏီများက ဂျူးများအားလူမျိုးတုန်းသတ်ဖြတ်မူ့များပြုလုပ်ခဲ့ရာမှ ဂျူးလူမျိုး ၆-သန်း
ခန့်သေဆုံးခဲ့ရပြီး လူမျိုးတုန်း သတ်ဖြတ်မူ့အဖြစ်သမိုင်းတွင်ကျန်ရစ်ခဲ့သည်။ ထိုဖြစ်ရပ်များကြောင့်လဲ အမေရိကမှ ဂျူးလူမျိုးများသည်လည်း တဖြေးဖြေး ပေါင်းစု လာခဲ့ပေသည်။ ၁၉၄၂-ခုနှစ် နယူးယောက်မြို့တွင် ဂျူးညီလာခံ ဟူ၍ ကျင်းပခဲ့ပြီး ဗြိတိသျှတို့၏ အချိန်ပေး မူ့ကိုလက်မခံပဲ ချက်ချင်း ဆိုသလိုပါလက်စတိုင်း တွင်ဂျူးနိုင်ငံ တည်ထောင်ရန်တောင်းဆိုမူ့ပြုလုပ်ခဲ့ကြသည်။ တစ်ဖန်နာဇီ စခန်းများမှ လွတ်မြောက်လာကြသူ အများအပြားသည် ပါလက်စတိုင်း ဒေသသို့ရောက် ရှိလာခဲ့ကြရာ ၁၉၄၇-ခုနှစ် ဖေဖေါ်ဝါရီလတွင်ဗြိတိသျှတို့သည် ၄င်းတို့၏ အစဉ်လာများ အတိုင်းချူပ်ကိုင်ထားရာမှ ပါလက်စတိုင်း ပြဿနာ တရပ်အဖြစ်ပေါ် ပေါက်လာခဲ့ရာကုလသမဂ္ဂသို့ လွှဲပြောင်းလိုက်တော့သည်။
-
ထို့ကြောင့် ၁၉၄ရ-ခုနှစ် နိုဝင်ဘာ ၂၉ ရက် တွင် ကုလသမဂ္ဂအထူးကော်မတီမှ ဦးစီးကာပါလက်စတိုင်းအားဂျူးပြည်နယ်နှင့် အာရပ်ပြည်နယ်နှစ်ခုခွဲခြားရန် မဲခွဲဆုံးဖြတ်ခဲ့သည်။ ထိုကဲ့သို့ဆုံးဖြတ်မှု့ကို ဂျူးတို့ကလက်ခံ သော်လည်း အာရပ်များမှကန့်ကွက်ခဲ့ ကြသည်။ နောက်ဆုံးတွင် ၁၉၄၈-ခုနှစ်မေလ ၁၄ ရက် နေ့တွင် ဂျူးလူမျိုးတို့သည် သမိုင်းဝင်နေရာ၌ အစ္စရေး
နိုင်ငံ ကိုထူထောင်ခဲ့ကြသည်။
ထိုကဲ့သို့ထူထောင် ကာနယ်မြေပိုင်းခြားသတ်မှတ်ခြင်း ကိုအာရပ်တို့က လက်မခံသည့်အလျှောက် နောက်ပိုင်းတွင်ဆက်
လက်၍ နှစ်ဦးနှစ်ဖက် ပြင်းထန်သောစစ်ပွဲများ ဖြစ်ပွားခဲ့ကာအစ္စရေး တို့ကအာရပ်နိုင်ငံ များအပေါ်အနိုင်ရခဲ့သည်။ သို့သော်လည်း အစ္စရေးတို့သိမ်းပိုက်ထားသော အာရပ်နယ်မြေများသည် အစ္စရေးတို့ပိုက်နက်အဖြစ် သတ်မှတ်ခြင်းမပြုခဲ့
ပေနောက်ပိုင်းတွင်လည်း အစ္စရေး-အီဂျစ် ငြိမ်းချမ်းရေးစာချုပ် ချုက် ဆိုထားမူ့အရ ဆိုင်းနိုင်း ဒေသမှအစ္စရေးတို့ ဆုပ်ခွာပေးခဲ့လေသည်။
-
၁၉၉၁ အောက်တိုဘာလတွင် ကျင်းပသော မတ်ဒရစ် ညီလာခံမှ ချမှတ်သော အခြေခံမူအရ အစ္စရေးနှင့် ပါလက်စတိုင်း ကိုယ်စားလှယ်များကြား နှစ်ဘက်စုံညီ စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီး ဆီးရီးယားတည်ငြိမ်မှု ခိုင်မာစေရေးအတွက်လည်း ဆောင်ရွက်ခဲ့သည်။ ထို့နောက်၁၉၉၃-နှစ်တွင် ပါလက်စတိုင်းခေါင်းဆောင် များနှင့် အစ္စရေးတို့ အော်စလိုသဘောတူညီချက်-Oslo Accords တရပ်ကိုလက်မှတ် ရေးထိုးပေးခဲ့ပြီး နယ်မြေ အငြင်းပွားမူ့များအတွက် လည်း ၁၉၉၄-ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အစ္စရေးတို့ဟာ ဂျော်ဒန်နဲ့ ငြိမ်းချမ်းရေး စာချုပ်ကို ချုပ်ဆိုဖြေရှင်းခဲ့သည်။ ထို့ပြင် ၂၀၀၀ ခုနှစ် မေလ ၂၅ရက်နေ့တွင် ၁၉၈၂ ခုနှစ် ကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားခဲ့သော လက်ဘနွန်တောင်ပိုင်း ဒေသမှ မိမိ သဘောအလျှောက် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
အစ္စရေးနှင့် ဒီမိုကရက်ပါလစ်စတိုင်း တို့ကြား ပဋိပက္ခများဟာလည်း နှစ်စဉ် ဆိုသလို တဖြည်းဖြည်း ဖြစ်ပွားလာခဲ့ရာ
ထို ပဋိပက္ခများ အဆုံးသတ်သွားစေရန် အတွက် ၂၀၀၃-ခုနှစ်ဧပြီလတွင် အမေရိကန၊် ရုရှား ၊ ဥရောပသမဂ္ဂ ၊ ကုလသမဂ္ဂ တို့လေးပွင့် ဆိုင်ပူးပေါင်း ဆောင်ရွက်မူ့များ လုပ်ခဲ့ကြသည်။သို့သော်လည်း ထိုကဲ့သို ပဋိပက္ခ အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်း
ရေးတည်ဆောက်မှု့များ ပြုလုပ်ရာတွင် အောက်ခြေတွင်အကျင့်ပျက်ချစားမှု့များ ဖြစ်ပွားခဲ့ရာ ထင်သလောက်အရာ
မြောက်ခဲ့ပေ သို့သော်လည်း ၂၀၀၅-ခုနှစ် အရောက် တွင် ရှမ်းအယ်ရှီအိုက် အဖွဲ့နှင့်အစ္စရေး ပါလက်စတိုင်း သဘော တူညီမှု့ရရှိခဲ့ပြီး ပိဋိပက္ခ အကြမ်းဖက်မှု့များလည်း သိသိသာသာလျှော့ကျ သွားခဲ့ရသည်။ ၂၀၀၅ နွေရာသီတွင် အစ္စရေးတို့က ဂါဇါကမ်းမြောင်ဒေသတွင်းရှိ အစ္စရေးအခြေချနေထိုင်သူများနှင့် စစ်တပ်များကို မိမိတို့ ဆန္ဒအလျောက် ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ဂါဇါ ကမ်းမြောင်ဒေသတွင်းသို့ ၀င်ပေါက်အများစုကို ထိန်းချုပ်ထားခဲ့သည်။
-
အစ္စရေး သည် အထက်ပါ ခေတ်သစ် အရေးခင်းများသာမကရှေးနှစ် ပေါင်းများစွာ ကတိုင် စဉ်ဆက်မပြတ် ဆိုသလို စစ်ပွဲများ ဆင်နွဲ ခဲ့လေရာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ၊ အစ္စရေး-အာရပ်ပဋိပက္ခ များကြောင့် ဖြစ်ပေါ်ခဲ့ရသော ပထမ အစ္စရေး-အာရပ်စစ်ပွဲ၁၉၄၈ခုနှစ်(ဂျေရုစလင်မြို့ဟောင်းတိုက်ပွဲ) ၊ဒုတိယအစ္စရေး-အာရပ်စစ်ပွဲ (စူးအက်ဇ်တူးမြောင်းအရေးအခင်း -၁၉၅၆) ၊ တတိယ အာရပ် -အစ္စရေးစစ်ပွဲ (၆ ရက် စစ်ပွဲ -၁၉၆၇) ၊ စတုတ္ထ အာရပ်- အစ္စရေးစစ်ပွဲ (ယွန်ကစ်ပူးစစ်ပွဲ – ၁၉၇၃) ၊ လက်ဘနွန် ပဋိပက္ခ (၁၉၇၈) ၊ ပထမ လက်ဘနွန်စစ်ပွဲ (၁၉၈၂) ၊ ဟစ်ဇဘိုလာ (Hezbollah) အရေးနှိမ်နင်းရမှု ၊ PLO – Palestine Liberation Organization အရေး ၊ ပထမ အင်တီဖာဒါ လှုပ်ရှားမှု (၁၉၈၇) ၊ ဒုတိယ လက်ဘနွန်စစ်ပွဲ (၂၀၀၆) မကြေလည်မှုများရဲ့တုန့်ပြန်မှု စသော တိုက်ပွဲများအကြား အစ္စရေးနှင့် အာရပ်နိုင်ငံများသည် တစ်ဘက်နှင့်တစ်ဘက် ပြင်းထန်စွာ အပြန်အလှန် ကျူးကျော်တိုက်ခိုက်ခဲ့ကြလေသည်။ထိုတိုက်ပွဲများကြောင့် အနောက်အာရှလည်း စစ်တလင်း မြေဖြစ် ခဲ့ရပြီး ၎င်းနိုင်ငံနှင့် ပတ်ဝန်းကျင်နိုင်ငံများလည်း အများအပြား ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ခဲ့ရလေသည်။ ယင်းနောက်အစ္စရေး တို့၏ တပ်မတော် တရပ်လုံးတွက် စစ်ရေး အသိစစ်ရေးသတိများပါ ပေးစွမ်းလေ့ကျင့် ပြီးသား ဖြစ်နေ ပေသည်။
လက်ရှိတွင် အစ္စရေးနိုင်ငံသည် လူဦးရေ ၈.၁ သန်းကျော် ရှိကာစစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူ ဦးရေသည် ၁.၆ သိန်းကျော် ရှိပေသည်။ ထိုမျှမက စစ်မှုထမ်းနိုင်သည့် အရန်အရေအတွက်အင်အားသည်လည်း ၇ သိန်းကျော်ရှိ
ပေသည်။ အစ္စရေး နိုင်ငံသည် အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးလျှက်ရှိသည်။ နိုင်ငံတော်၏ Conscription Law အရ အသက် ၁၈ နှစ်မှ- ၂၆ နှစ် အတွင်း အိမ်ထောင်မကျသေးပါက အမျိုးသမီးအားလုံးကို ၂နှစ် စစ်မူ့ ထမ်းစေပြီး အမျိုးသားများ အား ၂ နှစ်နဲ့ ၈ လအကြာ စစ်မှု့ထမ်းစေသည်။သို့ သော်လည်း အစ္စရေးနိုင်ငံသား
အဖြစ်ခံ ယူထားသော အာရပ်မျိုးနွယ် တိုင်းရင်းသားများကိုမူ စစ်မှု ထမ်းစေခြင်းမပြုလုပ်ပေ ။
-
အစ္စရေး နိုင်ငံသည် တစ်နှစ်ထက်တစ်နှစ် စစ်ရေးအသုံးစရိတ် များကို မြင့်တင်လျှက်ရှိရာ ယခုလက်ရှိ တွင် ၁၅.၅ ဘီလီယံ အထိအသုံးပြုလျှက် ရှိပေသည်။ အစ္စရေး စစ်တပ်သည် ကမ္ဘာ့ပေါ်တွင် အင်အားအကြီးဆုံး စစ်တပ် ပိုင်ဆိုင်ထားသည်ဟု မဆိုနိုင်သော်လည်း လက်ရှိ အနေအထားအရ စစ်လက်နက်ရေးရာနှင့် စိတ်ဓါတ်ရေးရာ ကြံ့ခိုင်မှု ပိုင်းတို့တွင် အရှေ့အလယ်ပိုင်းဒေသတွင် ပြိုင်ဘက်ကင်းနေသည်ဟုပင် ဆိုနိုင်ပေသည်။
ယခုလက်ရှိ အစ္စရေး နိုင်ငံ၏ စစ်တပ်တွင် တိုက်ပွဲဝင်တင့်ကားပေါင်း ၂၆၂၀စီး အထိပိုင်ဆိုင် ထားပြီဖြစ် ရာ ၎င်းအပြင် Rocket Projectors ၄၈ စီး၊ Towed Artillery- ၃၀၀ စီး ၊ Self-Propelled Artillery – ၆၅၀ စီး နှင့် Armored Fighting Vehicles- ၁၀၁၈၅ စီး စသည်တို့ကို ပိုင်ဆိုင်ထား ပေ သည်။အစ္စရေး ၏ ရေတပ် ပိုင်ဆိုင်မှု့များမှာသင့်အတင့်အနေထားသာဖြစ်သည် ဟုဆိုရပေမည်။ Submarines က ၆ စီး ၊ Corvettes – ၃ စီး ၊ Patrol Craft -၃၂ စီး
နှင့် Naval Assets-၆၅ စီးတို့ကို ပိုင်ဆိုင်ထားပေသည်။
အစ္စရေး၏ လေတပ်သည်လည်း အင်အား ကြီးမားလှသည့်အနေထားတခု ဟုမဆိုနိုင်သော်လည်းအထင် မသေးဝံ့စရာ
ပင် ၄င်းလေတပ်၏ ပိုင်ဆိုင်မှု့လေယာဉ်စုစုပေါင်းမှာ-Helicopter- ၁၄၃စီး အပြင် တိုက်ခိုက်ရေး ၄၈စီး Trainer Aircraft-၂၁၉ စီး Transport Aircraft-၁၀၁ စီး ၊ Attack Aircraft -၂၄၃ စီး၊ Fighter Aircraft-၂၄၃စီနှင့် Aircraft Strength- ၆၅၂ စီး စသည်တို့ကို အသီးသီး ပိုင်ဆိုင်ထားပေသည်။
-
ထို့ကြောင့် နိုင်ငံ၏ အင်အားတရပ်လုံးအားခြုံငုံသုံးသပ်မည်ဆိုပါကတောင့်တင်းလှပေသည်။အစ္စရေးဟာ ယနေ့ထက်တိုင်
အာရပ်နိုင်ငံများအကြား သွေးတိုးစမ်းမှုများနှင့် ရန်စစော်ကားမှုများကား မကြာခဏဆိုသလို ဖြစ်ပေါ်လျက် ရှိနေသော နိုင်ငံဖြစ်သည့် အလျှောက်စစ်ရေးအရ ခြိမ်းခြောက်မှုများကိုပါ ရင်ဆိုင်နိုင်ရန် စစ်ရေးသတိ အမြဲရှိနေရသည့် အတွက် စစ်ရေးအင်အား တိုးတက်ကောင်းမွန်နေရေးသည် အစ္စရေးနိုင်ငံ အတွက် အရေးကြီး လှသလို အမြဲမပြတ်စစ်ရေးသတိ ရှိသော နိုင်ငံလည်းဖြစ်ပေသည်။
ပြီးနောက် ကမ္ဘာအကောင်းဆုံး များထဲကတခုဟုသတ်မှတ်ထား သော မာကာဗာတင့်ကား (ဘုရားသခင်ရဲ့မြင်း)ကို ပိုင်
ဆိုင် ထားသောစစ်တပ်လည်း ဖြစ်ပေသည်။ ၁၉၇၀ ပြည့်နှစ်ကျော်ကပင် နျူကလီးယား လက်နက်ပိုင်ဆိုင်ထား နေပြီဟု
သတင်း ထွက်ထားသောနိုင်ငံဖြစ် သလို ကမ္ဘာနိုင်ငံ အသီးသီးမှ စစ်ရေးမှာ အစ္စရေးဟု လက်ခံထားသော နိုင်ငံလဲဖြစ်သည်။စီးပွားရေး ဆိုင်ရာနည်းပညာပိုင်းအရကြည့် မည် ဆိုလျှင်လည်း သဲကန္တာရ အတွင်း solar pond လျှပ်စစ် ထုပ်နိုင်သော နိုင်ငံဖြစ်ပြီး ကန္တာရ အတွင်း အာရပ်နိုင်ငံတွေမလုပ်နိုင်သည့် သီးနှံများ စိုက်ပျိုးကာ ဥရောပတခွင်လုံးသို့ တင်ပို့နေသောနိုင်ငံ လည်းဖြစ်ပေသည်။ ထိုအပြင် နိုင်ငံ၏ဖွဲ့စည်း ပုံဥပဒေမှာလည်း မိမိ နိုင်ငံသား အကျိုး အမြတ်ကို ဦးစားပေးထားသောနိုင်ငံ လည်း ဖြစ်ပေသည်။
-
အစ္စရေးနိုင်ငံသည်ပဋိပက္ခများ နှင့် စစ်ပွဲများဖြင့် ပြည့်နှက်နေသည့်ကြားကပင် စိတ်ဓာတ်ရေးရာအရသာမက စစ်ရေးအရ အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်သည်။ အမြဲတမ်း တပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်မှု့အပြင်းအထန်ပြုလုပ်စေပြီး ဂျာမဏီ နှင့် အမေရိကန်နိုင်ငံကဲ့သို့ အဆင့်မြင့် နည်းစနစ်ကောင်းမွန်သော စစ်ရေးအရ လေ့ကျင့်မှု၊ပြင်ဆင်မှုများကို အတုယူကာ ခေတ်မီတပ်မတော် တစ်ရပ်ကို တည်ဆောက်ထားသည်။ ထို့ကြောင့်အစ္စရေး တပ်မတော်
၏ အင်းအားတောင့်တင်း လာမှု့သည်ကား အားကျ အတုယူဖွယ် ကောင်း လှပေသည်။
(လွဲမှားမှု့ရှိကလေ့လာသူအမှားသာဖြစ်သည်။)
Ref:_
http://www.israelmilitary.net/showthread.php?t=1625
https://en.wikipedia.org/wiki/Israelis
http://www.globalfirepower.com/country-military-strength-de
Decades-Long conflict – MoeMaKa Burmese News
#NN_Htut

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...