0

အသွေးရဲ့ တန်ဖိုး Reshare #9Dan Unicode & Zawgyi

 
9Dan
အသွေးရဲ့ တန်ဖိုး
Reshare #9Dan Unicode & Zawgyi

၁။ အသွေးရဲ့ တန်ဖိုး ပထမပိုင်း
ဘုရားသခင်သည် သက်ရှိ/သက်မဲ့အရာ အားလုံးတို့ကို
ဖန်ဆင်းသော အရှင်ဖြစ်တယ်။
သက်ရှိသတ္တဝါတွေထဲမှာ တရိစ္ဆာန် တွေနှင့် လူသားတို့ရဲ့
အသက်ဟာ အသွေး၌တည်ရှိနေစေပြီး၊အသွေးကို အလေး
နက်ထားခဲ့တယ်။
သက်ရှိသတ္တဝါတွေမှာ တရိစ္ဆာန်တွေနှင့် သက်ရှိလူသားတွေ
နှစ်မျိုးရှိပြီး သက်ရှိချင်တူပေမဲ့ လူသားတွေဟာ သာ၍မွန်မြတ်၊
ဘုန်းကြီးပါတယ်။
ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရပြီး၊
ထာဝရအသက်ရင်သန်နိုင်မဲ့ ဇီဝအသက်ကို မှုတ်သွင်းခြင်းဖြင့်
အသက်ရှင် သတ္တဝါဖြစ်လာသောကြောင့် ဖြစ်သည်။
လူသားတွေနှင့် ဘုရားသခင်စပ်ကြား သင့်မြတ်စေရာဖို့
လူသားတွေအတွက် သက်ရှိတရိစ္ဆာန်တွေရဲ့ အသွေးကို
ကိုယ်စားအသုံး ပြုစေတယ်။
0

သိုးသငယ် - LAMB Reshare #9Dan Unicode & Zawgyi

 9Dan
သိုးသငယ် - LAMB
Reshare #9Dan Unicode & Zawgyi
ဓမ္မဟောင်းကျမ်းတွင်ပါရှိသည့် သိုးသငယ်များ
နှင့်ပတ်သက်သော ရည်ရွယ်ချက်များမှာ ယဇ်ပူဇော်ခြင်းနှင့်
ဆက်နွယ်သည်။ ယဇ်ပူဇော်ခြင်းနှင့် မသက်ဆိုင်သည့်
အခြားရည်ရွယ်ချက်အတွက် "သိုး-sheep" ဖြစ်သသည်။
အာဗေလပူဇော်သည့်ယဇ်မှာ သိုးသူငယ်ဖြစ်ပြီး က၄:၄၊
အာဗြံဟံကလည် သိုးသူငယ်ကို သဘာဝကျသည့် ယဇ်ကောင်အဖြစ် သတ်မှတ်သည် ကဘ ၂၂:၇-၈ ။
အဲဂုတ္တုပြည်၌ရှိသော က္ကသရေလ လူတို့ကလည်း
မူရင်းပဿခါပွဲကျင်ပခဲ့စဉ် သိုးသူငယ်ကိုယဇ်ကောင်းအဖြစ်
ဘုရားသခင်က အသုံးပြုစေခဲ့သည် ထွက် ၁၂:၃-၈ ။
က္ကသရေလပြည်အတွက် ဘုရားသခင်ချမှတ်ပေးခဲ့သော
ဘာသာရေးထုံးတမ်းတွင် ယဇ်ပူဇော်ရာ၌ သိုးသူငယ်ကို
အသုံးပြုသည်ဝတ် ၃:၁,၇;၄:၃၂ တော ၂၈:၄,၁၁ ဧဇ၆:၁၇။
ယဇ်ပူဇော်မည့် သိုးသူငယ်တွင် အပြစ်အနာစာ
မရှိစေရ။အပြစ်ရှိသောသူအတွက် အပြစ်မဲ့သောသူအား
ကိုစားဝင်ခြင်းမှာ ထိုက်တန်ကြောင်းပြသသည်။
0

ပဋိညာဉ်တရား ခြုံငုံလေ့လာခြင်း- ပဋိညာဉ်ဟောင်းနှင့် ပဋိညာဉ်သစ် Old Covenant & New Covenant Summary. Reshare #9Dan Unicode & Zawgyi

ပဋိညာဉ်တရား ခြုံငုံလေ့လာခြင်း- ပဋိညာဉ်ဟောင်းနှင့် ပဋိညာဉ်သစ်
Old Covenant & New Covenant Summary.
Reshare #9Dan Unicode & Zawgyi
================================
လူစုနှစ်စုအကြား ပဋိညာဉ်ပြုချက်သည် သဘောတူ
စည်းကမ်းချက်ထားရှိခြင်းဖြစ်ပြီး၊ ထိုပဋိညာဉ်ကို လိုက်နာ
သူ၊ချိုဖောက်သူတို့အပေါ် အကျုးအမြတိအတွက် အာမခံ
ချက်ပေးစေသည်။သက်သေတစ်မျိုးဖြင့် ချိတ်ပိတ်သိမ်း
ဆည်းထားခြင်းဖြစ်သည် ။
ဘုရားနှင့် လူစပ်ကြားထားရှိသော ပဋိညာဉ်တို့သည်
အဆင့်အတန်းမတူသူတို့ကြား ထားရှိခြင်းဖြစ်သောကြောင့်
လူလူချင်းထားသော ပဋိညာဉ်နှင့်ခြားနားပေသည်။
ဘုရားသခင် အစဉ်ပေးသူဖြစ်ပြီး လူသားသည်လက်ခံသူ
ဖြစ်သည်။ လူ့အနေဖြင့် ဘုရားသခင်နှင့် ညှိနိုင်း၍မရသကဲ့
သို့ ဘုရားသခင်၏ ကတိတော်များသည် သူ့ကျေးဇူးတော်
တစ်ခုတစ်ခုတည်းပေါ်၌သာ မူတည်သည်။ လူ့အနေဖြင့်
ဘုရားသခင်၏ ကျေးဇူးပြုခြင်းနှင့် ညွန်ကြားချက်များကို
လိုက်နာရုံသာဖြစ်ပါသည်။
(က ၂၁:၂၂-၂၃၊၃၁:၄၄-၅၄၊၁ရာ ၁၈:၃-၄၊မာလခိ ၂:၁၄) ။
၁။ လူတစ်ဦးမှ တစ်လောကလုံးသို့
''""""""""""""""""""""""""""""""""""""""""
0

ဥပုသ် - Sabbath Reshare #9Dan Unicode & Zawgyi

 9Dan
ဥပုသ် - Sabbath
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
ဥပုသ်ဟူသော စကားလုံးသည် ဟေဗြဲဘာသာစကားမှဖြစ်ပြီး “ ချုပ်ငြိမ်း၊ ရပ်ဆဲခြင်း “ ဟု အဓိပ္ပါယ်ရသည်။ ကမ္ဘာဦးကျမ်း၌ ဘုရားသခင်သည် ဖန်ဆင်းခြင်းအမှုကို ခြောက်ရက်မျှပြုပြီးနောက် ခုနှစ်ရက်မြောက်သောနေ့ တွင် နားတော်မူခဲ့သည်(ကဘ ၂း၁-၃)။ ရှေးအချိန်ကာလကပင် ယေဘုယအားဖြင့် ရက်သတ္တတစ်ပတ်တွင် ခုနှစ်ရက်ရှိသည်ဟု လူတို့အသိအမှတ်ပြုခဲ့ကြဟန်ဖြစ်သည်(ကဘ ၈း၁၀၊၁၂၊ ၂၉း၂၇)။ အထူးသခြင့် ခုနှစ်ရက် တွင် တစ်ရက် ဘုရားသခင်၏လူတို့ အနားယးကြသည်။ ရည်ရွယ်ချက် နှစ်ခုရှိသည်မှာ ပထမအနေဖြင့် နေ့တစ် နေ့ကို မိမိတိုပအတွက်မဟုတ်ဘဲ ဘုရားသခင်အတွက် အချိန်သီးသန့်ပေးရန်နှင့် ဒုတိယအချက်မှာ နေ့စဉ်အ လုပ်လုပ်ခြင်းမှ တစ်ရက်နားခြင်းဖြင့် ခွန်အားသစ်ပြန်လည်ရရှိရန်ဖြစ်သည်(ထွက် ၁၆း၂၂-၃၀)။ ထိုသို့ လူသား တို့အား ဘုရားသခင်က မိန့်တော်မူခြင်းမှာ လူသားတို့သည် ဧဒင်ဥယျဉ်မှထွက်ခွာသွားသည့်အခါ မိမိတို့ ရှင်သန်းရေး စားဝတ်နေရေးအတွက် ကိုယ်တိုင်အားအင်စိုက်ထုတ် လုပ်ဆောင်ခြင်းဖြင့် အသက်မွေးရမည့် အဖြစ်ကြောင့်ပေသည်။
၂။ က္ကသရေလပြည်အတွက် ဘုရားသခင် ခန့်အပ်ခြင်း
0

ကားတိုင်၏နှောက်ခံသမိုင်း- Cross Reshare #9Dan Unicode & Zawgyi

 9Dan
ကားတိုင်၏နှောက်ခံသမိုင်း- Cross
Reshare #9Dan Unicode & Zawgyi

က) လက်ဝါးကပ်တိုင်
ကားတိုင်တင်ခြင်းသည် ဂျုူးတို့၏နည်းမဟုတ်ပဲ ရောမလူတို့၏ ညှင်းပန်းနှိပ်စက်အသေသတ်နည်းတစ်မျိုး
ဖြစ်သည်။ မည်သည့်နေရာ၊မည်သည့်အချိန်က စတင်ကျင့်
သုံးခဲ့ကြောင်း သေချာမသိသော်လည်း ရောမအင်ပါယာ
မတိုင်မီ ရှေးယခင်ကပင်ကျင့်သုံးခဲ့ကြသည်။အထူးသဖြင့်
ရောမလူတို့အုပ်ချုပ်မှုကို ပုန်ကန်သူများဟု စွပ်စွဲခံရသူများ
အတွက် များသောအားဖြင့် ရက်စက်စွာအသုံးပြုခဲ့ကြသည်။
ယေရှုသည်နောက်ဆုံး၌ ဂျိုးတို့က ဤနည်းဖြင့် မိမိကို
သတ်မည်ကို သိခဲ့သည်{ယော၃:၁၄ ၈:၂၈;၁၂:၃၂-၃၃}။
ခ) ဂျူးလူမျိုးတို့တောင်ဆိုခြင်း
0

ဆယ်ဖို့တစ်ဖို့ ပေးခြင်း နှောက်ခံသမိုင်း -Tithes Reshare #9Dan Unicode & Zawgyi

 
 
 
💸 ဆယ်ဖို့တစ်ဖို့ ပေးခြင်း နှောက်ခံသမိုင်း -Tithes

Reshare #9Dan Unicode & Zawgyi
=====================
၁။ရှေးဦးခေတ်
"""""""""""""""""
ဆယ်ဖို့တစ်ဖို့ပေးခြင်းဟာ ဘုရားသခင်ဘက်ကနေ
လူသားတို့ဆီ အရင်တောင်းဆိုခဲ့တဲ့ သဘောမဟုတ်ပါဘူး။
က။ အာဗြံဟံ ; သောဒုံနှင့် ဂေါမောရမြို့ကို စစ်တိုက်ခဲ့တဲ့
ရန်သူတွေကိုပြန်လိုက်သွားပြီး အောင်မြင်မှုရရှိတဲ့အခါ
ဝမ်းသာလို့ ဘုရားသခင်အပေါ် ကျေးဇူးတင်တဲ့အနေဖြင့်
ပြန်လည်သိမ်ပိုက်တဲ့ ဥစ္စာများထဲကနေ ဆယ်ပို့တစ်ဖို့ကို
ဘုရားသခင်ရဲ့ ယဇ်ပုရောဟတ် မေလခိဇေဒက်ကို ပေး
လှူးတာဖြစ်ပါတယ်။
0

သမ္မာကျမ်းစာ ခြုံငုံကြည့်ရှုခြင်း - Bible Summary Reshare #9Dan Unicode & Zawgyi

 9Dan
📙သမ္မာကျမ်းစာ ခြုံငုံကြည့်ရှုခြင်း - Bible Summary
Reshare #9Dan Unicode & Zawgyi
သမ္မကျမ်းဆိုသည်မှာ ကျမ်းစောင်အုပ်ရေပေါင်း ၆၆ အုပ်တို့ကို စုပေါင်းထားသည့် စာအုပ်တစ်အုပ်ကို ရည်ညွန်းခြင်းဖြစ်သည်။ ကျမ်းအုပ်ရေ ၆၆ အုပ်မှ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းဟူ၍ နှစ်ပိုင်းဖြင့် ခွဲခြမ်းထားပြီး ဓမ္မဟောင်း ၃၉ ကျမ်း နှင့် ဓမ္မသစ် ၂၇ ကျမ်းတို့ဖြင့် ဖွဲ့စည်းထားသည်။ ကျမ်းစာတစ်အုပ်လုံးကို နှစ်ပေါင်း (၁၅၀၀) ခန့် အချိန်အတွင်း ကျမ်းရေးသူ လေးဆယ်ကျော်ခန့်က ရေးသားခဲ့သည်။ ကျမ်းရေးသူများလည်း လူမျိုး၊ ဘာသာစကား၊ အလုပ်အကိုင်နှင့် စိတ်နေသဘောထားများ ကွဲပြားခြားနားကြသော်လည်း သမ္မာကျမ်း အတွင်း အပြည့်အဝ ညီညွတ်မှုရှိနေပေသည်။ ဓမ္မဟောင်ကျမ်းကို ပုဂ္ဂိုလ် ၃၅ဦးခန့်က ရေးသားခြင်းဖြစ်သည်ဟု ယူဆရသည်။ ဓမ္မသစ်ကျမ်းကို ပုဂ္ဂိုလ် ၁၀ဦးခန့်က ရေးသားခြင်းဖြစ်သည်ဟု ယူဆထားပါသည်။
0

သမ္မာကျမ်းကိုအခြေခံ၍ ဣသရေလပြည်၏ သမိုင်းအကျဉ်း- ISRAEL Reshare #9Dan Unicode & Zawgyi

သမ္မာကျမ်းကိုအခြေခံ၍ ဣသရေလပြည်၏
သမိုင်းအကျဉ်း- ISRAEL
Reshare #9Dan Unicode & Zawgyi
၁။ နိဒန်း
အာဗြဟံံအားဖြင့် တိုင်းနိုင်ငံကြီးတစ်နိုင်ငံပေါ်ထွန်းစေမည်။ ခါနာန်ပြည်ကိုလည်း ထိုတိုင်းနိုင်ငံ၏မြေနေရာ အဖြစ်ပေးတော်မူမည်။ ထိုနိုင်ငံအားဖြင့် ကမ္ဘာတစ်ဝန်လုံးရှိ လူတို့အား ကောင်းချီးမင်္ဂၤလာသက်ရောက်စေမည်ဟု ဘုရားသခင်ကတိတော်ရှိ၏ (က၊ ၁၂း၁-၃၊ ၁၃း၁၄-၁၇၊ ၁၅း၁၈-၂၁၊ ၂၂း၁၇-၁၈)။ ထိုတိုင်းနိုင်ငံသည် ဣသရေလဟု လူသိများပြီး အာဗြဟံ၏မြေး (မူလက ယာကုပ်ဟု အမည်တွင်သူ) “ဣသရေလ”၏ အအမည်နာမဖြင့်် မှည့််ခေါ်ခဲ့သည်။။ ယာကုပ်၏ သားတစ်ဆယ့်နှစ်ယောက်တို့ပက ဣသရေလူမျိုးတစ်ဆယ့်နှစ်မျိုး၏ ဖခင်များဖြစ်ကြသည် (က-၃၂း၂၈၊ ၃၅း၂၂-၂၆၊ ၄၉း၁၊ ၂၈။ ၅ရာ-၁း၃၄၊ ၂း၁-၂။
၂။ ဣသရေလတို့၏ အမျိုးသားရေးအစပြုခြင်း
0

မေရှိယ ဆိုတာ - Messiah Reshare #9Dan Unicode & Zawgyi

 9Dan
မေရှိယ ဆိုတာ - Messiah
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
" မေရှိယ " ဟူသောစကားလုံးသည် ဟေဗြဲစကားလုံး ဝေါဟာရဖြစ်ပြီး " ဘိသိက်ပေးခံရသူ" ဟု အဓိပ္ပါယ်ရှိပါသည်။ ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ နှင့် တစ်ခါတစ်ရံ ပရောဖက်များကို သူ့တို့အဆင့်အလိုက် ဓမ္မဟောင်ကာလမှ က္ကသရေလလူတို့ အခမ်းအနားနှင့် ဘိသိပ်ပေးလေ့ရှိကြပါသည်။ ထိုသို့အခမ်းအနားတွင် ထိုပုဂ္ဂိလ်၏ ဦးခေါင်းပေါ်သို့ အထူးစီမံထားသော ဆီသွန်းလောင်းပေးခြင်းဖြင့် ယခုအချိန်မှ မိမိအဆင့်၊ ရာထူးအလျှောက် လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ ကို ထမ်းဆောင်ရမည့် အထိမိးအမှတ် လက္ခဏာအဖြစ် ဘိသိက်ပေးကြသည်(ထွက် ၂၈:၄၁၊ ၃ရာ ၁:၃၉၊ ၁၉:၁၆)။ ဓမ္မသစ်အချိန်ကာလ ဂရိဘာသာစကား ပြောသော တိုင်းပြည်များ၌ "ခရစ်တော် " ဟူသေ စကားလုံး၏ အဓိပ္ပါယ်သည် " ဘိသိက်ပေးခြင်းခံရသူ" ဖြစ်ပြီး ဟေဗြဲဘာသာစကား မေရှိယကို ဂရိဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်။
၂။ ဓမ္မဟောင်းကျမ်း၏ မျှော်လင့်ခြင်းများ
0

ဗက်လင်မြို့ သမိုင်းအကျဉ်း( Bethlehem ) Reshare #9Dan Unicode & Zawgyi

 9Dan
ဗက်လင်မြို့ သမိုင်းအကျဉ်း( Bethlehem )
Reshare #9Dan Unicode & Zawgyi
🌠👑
ဗက်လင်မြို့၏ မူရင်းအမည်မှာ ဧဖရက်ဖြစ်သည်။
အဓိပ္ပါယ်မှာ " House of Breadဟူ၍ဖော်ပြလေသည်။
ယေရုရှလင်မြို့၏တောင်ဘက် ၆ မိုင်နှင် ၂ ၂ကီလိုခန့်မျှ
တွင်တည်ရှိသည်။ ပင်လယ်ရေမျက်နာပြင်မှ ၂၅၅၀ ပေခန့်
မြင်ပြီး ယေရုရှလင်ထက် ၁၀၀ ပေ ခန့်မျှမြင့်သေးသည်။
ဗက်လင်မြို့တည်နေရာသည် တောင်တန်းထူထပ်လိုနေပြီး
ဂျုံစိုက်ပျိုးရန်နှင့် သိုးများမွေးမြူရန်တင့်လျှော်သောနေရာ
လည်းဖြစ်သည်။
ယောကုပ်အချန်၌ လူနေရာအတည်တကျအဖြစ်ရှိ
နေပြီးဖြစ်သည်။ထိုအချိန်တွင် ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။ ယောရှု၁၉:၁၆
0

ရှင်ပေါလု၏ ပေစာများ (၁၃) စောင်မှ Reshare #9Dan Unicode & Zawgyi

 9Dan
ရှင်ပေါလု၏ ပေစာများ (၁၃) စောင်မှ
Reshare #9Dan Unicode & Zawgyi
ရောမသြဝါဒစာ - Romans Letter
၁။ ပေါလု၏ ကျောထောက်နောက်ခံအကျဉ်း
ရှင်ပေါလုကို တာရှုမြို့၏ ရှောလုအဖြစ်နှစ်ပေါင်းများစွာ လူသိများခဲ့သည်။ သူသည် ကိလိကိပြည်နယ်ရှိ တာရှုမြို့တော် ဂျူးလူမျိုးမိဘနှစ်ပါးမှ မွေဖွားလာခဲ့သည်။ ူသည် ဂျူးလူမျျိုးဖြစ်ရုံတင်မကဘဲ သူ၏ဝန်ခံသက်သေ ခံချက်အရ သူသည် ဖာရိရှဲတစ်ဦးဖြစ်ကာ ဖာရိရှဲတစ်ဦး၏သားလည်းဖြစ်သည်(တမန် ၂၃း၆)။ ဟေဗြဲလူမျိုးထဲမှ ဟေဗြဲလူတစ်ဦးဖြစ်သည့်အပြင် ဗင်္ယာမိန်၏ အမျိုးအနွယ်လည်းဖြစ်သည်။ သူသည် တဲရှင်ကို ချုပ်တတ်သော လူငယ်အပ်ချုပ်သမားလည်းဖြစ်သည်(ဖိလိပ္ပိ ၃း၄-၅)။ အသက်ငယ်စဉ်အခါ ရှောလုသည် ယေရုရှလင်သို့သွားခဲ့ သည်နောက် သူ၏သက်သေခ့ချက်အရဂါမလျေလအမည်ရှိသော ဆရား၏ခြေရင်း၌ သင်ကြားနာယူခဲ့ပြီး မိဘဏဥၤဆက်ကျင့်သောတရားကို သေချာစွာသိနားလည်ခြင်းငှာ နည်းဥပဓေသကို နည်းခံခဲ့သည်(တမန် ၁၈း၃)။ သူသည် ပညာသင်ကြားစဉ်တွင် ဘိုးဘေးတို့၏လက်မှခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားထက်သန်လျက် ဂျူးလူမျိုးတို့ထဲတွင် သူ၏ရွယ်တူချင်း အများတကာတို့ထက် ယုဒဘာသာ၌ ကျင်လည်လေ့ကျက်ခဲ့သော လူဖြစ်သည်(ဂလာတိ ၁း၁၄)။
0

ရောမအင်ပါယာ - Rome Empire Reshare #9Dan Unicode & Zawgyi

 9Dan
ရောမအင်ပါယာ - Rome Empire
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
မဟာအလက်ဇန္ဒြားမင်းကြီးလက်အောက်တွင်း (၃၃၄-၃၃၁ ဘီစီ) ဂရိ(ဟေလသ)တို့ အင်ပါယာကြီး၏ ကိုလိုနီနယ်များကို ရောမတို့ စတင်ဝင်ရောက်တိုက်ခိုက်နိုင်ပြီး၊ ရောမနိုင်ငံ၏ အစွန်အဖျားနယ်ပယ်အဖြစ် ပြုလုပ်လာနိုင်သည်။ ပါလတိနအရေးကိစ္စတွင် ရောမတို့ထင်ရှားလာခဲ့ခြင်းမှာ ယေရုရှလင်မြို့၏ အုပ်ချုပ်မှုကို ရောမဗိုလ်ချုပ် ပွန်ပေ(Pompey)က သိမ်းပိုက်ပြီး၊ ယုဒပြည်ကို ရောမတို့၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်စေခဲ့သည်(၆၃ ဘီစီ)။
၂။ ရောမအင်ပါယာ
0

ပေရသိပြည်(ပါရှန်အင်ပါယာ-Persia) Reshare #9Dan Unicode & Zawgyi

 9Dan
ပေရသိပြည်(ပါရှန်အင်ပါယာ-Persia)
Reshare #9Dan Unicode & Zawgyi
အကြောင်း ကျမ်းစာအခြေခံအကျဉ်းချုပ် နှင့် အပြင်သမိုင်းရှု့ထောင့်အကျဉ်း
A။ ကျမ်းစာအခြေခံ သမိုင်းအကျဉ်းချုပ်
ပေရသိပြည်၏ နယ်နိမိတ်များမှာ ခေတ်တစ်ခုနှင့်တစ်ခုအကြား ခြားနားမှုတွေရှိပါသည်။ အထူးသဖြင့် ပေရသိပြည်ဟူသောအမည်မှာ ပေရသိပင်လယ်ကွေ့၏ မြောက်ဘက်နယ်ပယ်နှင့်
အစဉ်ယှဉ်တွဲပေါင်းစပ်လျှက်ရှိပါသည်။
ရှေးဦးယခင်အချိန်ကာလမှာဤနယ်မြေ၏
မြောက်ပိုင်းကိုဧလံဟု ခေါ်ဆိုကြပါသည် ( ကဘ ၁၄:၁ )။ တစ်ခါတစ်ရံမှာ ဧလံလူမျိုးနှင့် ပေရသိလူမျိုး
စသည်ဖြင့် သမ္မာကျမ်းစာထဲ၌ဖော်ပြသော်လည်း ဧလံမှာ ပေရသိပြည်ကို ခေါ်ဆိုသောအခြား အမည်သာဖြစ်ပါသည် ( ဧဇ ၄:၉၊ဟေရှာယ ၁၁:၁၁
၂၁:၂၊ ယေရ ၂၅:၂၅၊ ၄၉:၃၅-၃၉ ) ။ ဧလံပြည်၏ မြောက်ဘက်ဒေသများဖြစ်သည့် မေရိပြည်နှင့် ပါသိပြည်တို့မှာနှောက်ပိုင်းကာလတွင် ပေရသိပြည်နှင့် နီးကပ်စွာဖြင့် မဟာမိတ်ဖွဲ့လာကြသော ပြည်များဖြစ်ပါသည်(ဧသ ၁:၁၈
0

ဗာဗုလုန်သမိုင်းအကျဉ်း သမ္မာကျမ်းစာအရ Babylon Reshare #9Dan Unicode & Zawgyi

ဗာဗုလုန်သမိုင်းအကျဉ်း သမ္မာကျမ်းစာအရ Babylon
Reshare #9Dan Unicode & Zawgyi
------------------------
၁။ နိဒါန်း
တစ်ခေတ်နှင့်တစ်ခေတ် နယ်နိမိတ်ကွာခြားသော်လည်း ဗာဗုလုန်သည် မေသာပေါတာမိ( Mesopotamia) နှင့် တိုက်ဂရစ်(Tigris)မြစ်ဝှမ်းဒေသဖြစ်သည်။ ဤအရပ်သည် သမ္မာကျမ်းစာတွင်ပါရှိသည့် ကမ္ဘာဦးလူသားတို့နေထိုငိသော ဧဒင်ဥယျဉ်တည်ရှိရာ အရပ်ဒေသဖြစ်သည်( ကဘ ၂:၁၀-၁၄)။ရှေးကာလက မြောက်ဘက်ပိုင်းကို များသောအားဖြင့် အက္ကဒ်ဟုခေါ်သည်(ကဘ ၁၀:၁၀)။ တောင်ဘက်ပိုင်းကို ဆူမာ( Sumer) ထို့နောက် ရှိနာ၊နောက်တစ်ဖန် ခါလဒဲဟု ခေါ်တွင်းကြသည်( ကဘ ၁၀:၁၀၊၁၁:၂၊၂၈၊ ယေဇ ၁၂:၁၃၊ ၂၃:၁၅)။ ရှေးက ဗာဗယ်၊ ထို့နောကိ ဗာဗုလုန်ဟုခေါ် တွင်ကြသည်( ကဘ ၁၁:၉၊ ယေ ၅၁:၃၁)။
၂။ ဗာဗယ် - Babel
0

သမ္မာကျမ်းဖြစ်လာပုံအကျဉ်း Reshare #9Dan Unicode & Zawgyi

,,သမ္မာကျမ်းဖြစ်လာပုံအကျဉ်း -------------------------------
Reshare #9Dan Unicode & Zawgyi
သမ္မာကျမ်းစာဖြစ်ပေါ်လာပုံနှင့် ပါဝင်သည့်အကြောင်းအချက်များ နေရာတကျစေ့စပ်စွာ စီစဉ်ထားခြင်းများနှင့် ဆိုင်၍ အောက်ဖော်ပြ ခေါင်းစဉ်များကိုကြည့်ကြပါစို့။
၁) မှုတ်သွင်းခြင်း၊ နှိုးဆော်ခြင်း- Inspiration
မှုတ်သွင်းခြင်းနှင့် နှိုးဆော်ခြင်း မှာ သမ္မာကျမ်းပြုစုသူတို့အပေါ် ဘုရားသခင်၏ ဝိညာဉ်တော် တိုက်ရိုက်ထိတွေ့ကာ ကိုယ်တော်ရေူစေလိုသည့် အချက်များအား ရေးသားစေခြင်းဖြစ်သည်။ ဘုရားသခင်ဖော်ပြ၍ သူ၏နှိုးဆော်ခြင်းဖြင့် ရေးသားထားသောအရာများမှာ ကိုယ်တော်မနှစ်သက်သောအကြောင်းအရာအများအပြားပါရှိသည်။ လူတို့၏ မှားယွင်သော ပြောဆိုချက်တို့ကိုလည်း မှတ်တမ်းတင်ထားသည်။ အမှားကိုပြင်ဆင်ရန် မိမိ၏ သမ္မာတရားကို ဘုရားသခင်ဖော်ပြတော်မူသည်သာမက အမှန်ကိုလည်း သင်ကြားတော်မူသည်။ ထိုစကားပြောသောသူတို့အား နှိုးဆော်ခဲ့ခြင်း မဟုတ်ဘဲ ထိုစကားများကို မှတ်တမ်းပြုသူများအား ဘုရားသခင် နှိုဆော်ခဲ့ခြင်းဖြစ်သည်။ စာရေးသူတို့အား အမှားများမှတ်တမ်းပြုရန် ဘုရားသခင် နှိုးဆော်ခဲ့ခြင်းမှာ မိမိ၏ သမ္မာတရားကို ထင်ရှားစေ၍ လူတို့၏ မှားယွင်းချက်များကို ထုတ်ဖော်စေရန်ဖြစ်သည်။
0

ကမ္ဘာဦးကျမ်း ခြုံငုံလေ့လာခြင်း Reshare #9Dan Unicode & Zawgyi

 9Dan
ကမ္ဘာဦးကျမ်း ခြုံငုံလေ့လာခြင်း
Reshare #9Dan Unicode & Zawgyi
=================
မူလကျမ်းက သမနာကျမ်းစာ၏ ပထမငါးကျမ်းသည်
တစ်အုပ်တည်းဖြစ်ခဲ့သည်။လွယ်ကူအဆင်ပြေရန်အတွက်
ယခုအချိန်တွင် ပြန်ခွဲခဲ့ပြီး၊ ၎င်းတို့ကို စာအုပ်ငါးတွဲအဖြစ်
( Pentateuch) ဟု လူများသိကြသည်။ ထိုစာအုပ်များ
ကို ဘုရားသခင်ဖော်ပြခြင်းအားဖြင့် မောရှေပြုစုခဲ့သည်ဟု
ယူဆကြပါသည်။ 1446မှ 1406 B C အတွင်းဖြစ်မည်။
၁။ ကျမ်းကိုပြုစုရခြင်း၏ ရည်ရွယ်ချက်
0

ထွက်မြောက်ရာကျမ်း ခြုံငုံလေ့လာခြင်း ( Exodus ) Reshare #9Dan Unicode & Zawgyi

 9Dan
ထွက်မြောက်ရာကျမ်း ခြုံငုံလေ့လာခြင်း ( Exodus )
Reshare #9Dan Unicode & Zawgyi

၁။ နိဒါန်း
ထွက်မြောက်ရာကျမ်းသည် မောရှေပြုစုသော
ကျမ်းငါးအုပ် ( Pentateuch ) မှာ မူလအစကျမ်းတစ်
စောင်တည်းဖြစ်ပြီး ပုရပိုက်ကျမ်းစာလိပ်ငါးခုအတွင်း ဝင့်ဆံ့
ရန်အတွက် ရှည်လျားသော ထိုကျမ်းအုပ်ကို ဟေဗြဲလူမျိုး
တို့ပိုင်းခြားခြင်းဖြစ်သည်။ ထွက်မြောက်ရာကျမ်းသည်
ထိုရှည်လျားသော ကျမ်း၏တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး၊
ရှေ့ကဖြစ်ခဲ့သည့်အရာနှင့် နှောင်ဖြစ်လာမည့်အကြောင်း
အရာတို့ကို ဆက်စပ်ထားခြင်းဖြစ်သည်။
ဓမ္မဟောင်းကျမ်းငို ဟေလသဘာသာမှ ပြန်ဆိုသူ
များသည် ထိုကျမ်း၏အချက်အချာဖြစ်သော အဲဂတ္တုပြည်မှ
က္ကသရေလလူမျိုးတို့ လွတ်မြောက်သောအဖြစ်အပျက်ကို
ရည်ညွှန်း၍ " ထွက်မြောက်ရာကျမ်း "ဟု အမည်မှည့်ခေါ်
ဆိုခြင်းဖြစ်သည်။ ခုနှစ် ၁၄၄၆ မှ ၁၄၀၆ BC အတွင်း...။
၂။ ထိုကျမ်း၏သတင်းစကား အကျဉ်းချုပ်
0

ဝတ်ပြုရာကျမ်း ခြုံငုံလေ့လာခြင်း = Leviticus Reshare #9Dan Unicode & Zawgyi

 
 
ဝတ်ပြုရာကျမ်း ခြုံငုံလေ့လာခြင်း = Leviticus

Reshare #9Dan Unicode & Zawgyi
===================
၁။ နိဒါန်း
က္ကသရေလလူတို့၏ ယဇ်ပုရောဟိတ်အရာမှာ
လေဝိမိသားစုတစ်စုတည်းမှသာဖြစ်သည်။ယဇ်ပုရောဟိတ်
အရာနှင့် စပ်ဆိုင်ပြီးကျမ်းများမှာ ဝတ်ပြုရာကျမ်းတွင် ပို၍
ဖော်ပြခဲ့ခြင်းတွေ့ရသည်။ ယဇ်ပုရောဟိတ်နှင့် စပ်ဆိုင်မှု
မရှိသော အခြားလေဝိလူတို့နှင့်ပတ်သက်ပြီး တောလည်ရာ
ကျမ်းတွင်ပါသည်။ ထိုကျမ်းနှစ်စောင်အကြားတွင် ပြတ်
တောက်မှုမရှိပေ၊ အကြောင်းမှာ မောရှေ၏ကျမ်းငါးစောင်
( Pentateuch ) မှာ မူလက ကျမ်းတစ်စောင်အဖြစ်
တည်ရှိခြင်းဖြစ်သည်။

၂။ ကျမ်း၏လက္ခဏာများ
0

တောလည်ရာကျမ်း ခြုံငုံလေ့လာခြင်း- Number Reshare #9Dan Unicode & Zawgyi

 9Dan
တောလည်ရာကျမ်း ခြုံငုံလေ့လာခြင်း- Number
Reshare #9Dan Unicode & Zawgyi
~~~~~~~~~~~~~~~~~~~~~~~
၁။ နိဒါန်း
တောလည်ရာမျမ်းမှာ မောရှေ၏ပြုစုထားသော
ကျမ်းစောကြီးတစ်ခု၏ မူလက ကျမ်းတစ်စောင်တည်းသား
ဖြစ်ပြီး ဖတ်ရှု့ရာ၌ အဆင်ပြေရန် ကျမ်းငါးကျမ်းအဖြစ်ခွဲခဲ့ရာ
တစ်စိတ်တစ်ဒေသဖြစ်သည်( Pentateuch )။
၂။ တောလည်ရာကျမ်း၏ ထူးခြားသောအဓိပ္ပါယ်
က္ကသရေလူမျိုးများ အဲဂုတ္တုပြည်မှထွက်ခွာသွားကြရာ
သုံလကြာမျှ ခရီးပြုပြီးနောက် သိနာတောင်ခြေတွင်ယာယီ
နေရာချထားပြီး ပဋိညာဉ်ချုပ်ဆိုကာ ပညတ်များချက်များ
လည်းပေးခဲ့သည်။တောလည်ရာကျမ်း အစပြုချိန်တွင် သိနာတောင်၌ က္ကသရေလလူတို့ တစ်နှစ်ခန့်မျှရှိနေကြပြီး
ဖြစ်သည် ( တော ၁:၁ )။
0

တရားဟောရာကျမ်း= Deuteronomy Reshare #9Dan Unicode & Zawgyi

 9Dan
တရားဟောရာကျမ်း= Deuteronomy
Reshare #9Dan Unicode & Zawgyi
****************
၁။ နိဒါန်း
က္ကသရေလလူမျိုးတို့သည် အဲဂုတ္တုပြည်မှထွက်သွား
ပြီးနောက် သိနာတောင်တွင် ပညတ်တော်ရရှိပြီးနောက်မှာ
သိနကျွမ်းဆွယ်နှင့် ခါနာန်ပြည်အကြား လွင်တီးခေါင်အရပ်
နှစ်ပေါင်းလေးဆယ်ဆန့်မျှ က္ကသရေလလူတို့လှည့်ပတ်နေ
ထိုင်ခဲ့ကြသည်။ ထိုအချိန်အတွင်း က္ကသရေလအသက်ကြီး
သူများသေဆုံးသွားကြပြီး မျိုးဆက်သစ်လူငယ်များကြီးပြင်း
လာကြသည်(တော ၁၄:၂၈-၃၅)။ထိုမျိုးဆက်သစ်များတွက်
တရားဟောရာကျမ်းတွင် မောရှေ၏ ပညတ်ကျမ်းများရေး
မှတ်ထားခဲ့သည်။
၂။ ကျမ်းပြုစုပုံ
0

ယောရှုမတ်စာ- Book of Joshua Reshare #9Dan Unicode & Zawgyi

 
9Dan
ယောရှုမတ်စာ- Book of Joshua
Reshare #9Dan Unicode & Zawgyi
++++++++
၁။ နိဒါန်း
မောရှေသည် က္ကသရေလလူမျိုးတို့အား အနှစ်
လေးဆယ်တိုင်တိုင် ဦးဆောင်ခဲ့ပြီး၊ ခါနာန်ပြည်သို့ မဝင်ခင်
သေဆုံးသွားခဲ့သည်။သူ၏နေရာကို ယေရှုက ဆက်ခံခဲ့ခြင်း
ဖြစ်သည်။ ယောရှုမှတ်စာတွင် ခါနာန်ပြည်ကို ဝင်ရောက်
သိမ်းပိုက်ခြင်းနှင့် က္ကသရေလလူမျိုး ဆယ့်နှစ်မျိုးနွယ်တို့ကို
နယ်မြေဒေသ နေရာခွဲဝေပေးခြင်းများပါသည်။
၂။ ကျမ်းစာရေးသူ
ယောရှုမှတ်စာကို ရေးသားပြုစုသူ၏နာမည်ကို
ထည့်သွင်းဖော်ပြရေးထားခြင်းမရှိသော်လည်း အချို့သော
အချက်အလက်နှင့် ဖြစ်စဉ်အကြောင်းအရာများကို အခြေခံ
သုံးသပ်ခြင်းအားဖြင့် ယေရှုကိုယ်တိုင်ရေးစာပြုစုခြင်းဖြစ်
နိုင်ကြောင်းယူဆရသည်။သာဓကဖြင့် ယောရှု ၂၄:၂၅-၂၆။
0

တရားသူကြီးမှတ်စာ ခြုံငုံလ့လာခြင်း- Book of Judges. Reshare #9Dan Unicode & Zawgyi

 9Dan
တရားသူကြီးမှတ်စာ ခြုံငုံလ့လာခြင်း- Book of Judges.
Reshare #9Dan Unicode & Zawgyi
===========
၁။ နိဒါန်း
က္ကသရေလလူမျိုးတို့ ခါနာန်ပြည်ကို ဝင်ရောက်ကြပြီး
ဘုရင်စနှစ်ဖြင့်အုပ်စိုးသော နိုင်ငံအဖြစ် မတည်ရှိခင်ကာလ
အတွင်း နှစ်ပေါင်းနှစ်ရာခန့်အား တရားသူကြီးများခေတ်ဟု
သိရသည်။ထိုအချိန်ကာလ၌ ဘုရားသခင်က ခေါင်ဆောင်
အရည်အချင်းအထူးဆုကျေးဇူးပေးထားသည့် ယောကျာၤား၊
သို့မဟုတ် မိန်းမတို့ကို ခေါင်ဆောင်အဖြစ် ခွဲခန့်ပေးသည်။
ထိုသူတို့အား တရားသူကြီးများဟု ခေါ်ဆိုသည်။ သူတို့မှာ
ဘုရားသခင်၏ အပြစ်စီရင်ခြင်းမျညးကို ဆောင်ရွက်ပေးရ
ကြပြီး၊ က္ကသရေလလူတို့အပေါ် အတင်းအဓမ္မအနိုင်ကျင့်
လာသော ရန်သူတို့ကို နင်းထုတ်ခြင်း၊ က္ကသရေလလူမျိုးတို့
အတွင်း အငြင်းအပွားမှုများ ဖြေရှင်းကိုင်တွယ်ပေးခြင်းဖြင့်
ဆောင်ရွက်ပေးကြသည်။တရားသူကြီးများ၏ အလုပ်ကိစ္စ
အဝဝကို တရားသူကြီးမှတ်စာနှင့် ဓမ္မရာဇဝင် ပထမစောင်
အဦးပိုင်းတွင်ဖော်ပြထားသည်( သူကြီး ၃:၁၀၊၄:၄၊၁၀:၂-၃
၁၂:၇-၁၄၊၁၅:၂၀။ ၁ရာ ၄:၁၈၊ ၇:၁၅-၁၇)။
၂။ ထိုနှစ်ကာလအတွင်း သွင်ပြင်လက္ခဏာအကျဉ်း
0

ရုသဝတ္ထု ခြုံငုံလေ့လာခြင်း - Book of Ruth. Reshare #9Dan Unicode & Zawgyi

 9Dan
♡ ရုသဝတ္ထု ခြုံငုံလေ့လာခြင်း - Book of Ruth.
Reshare #9Dan Unicode & Zawgyi
••••••••••••••••••••••••
၁။နိဒါန်း
ရုသသည် ကျမ်းထဲတွင် အဓိက ဇာတ်ကောင်အနေဖြစ်
မီးမောင်းထိုး ဖော်ညွန်းထားလေသည်။ တရားသူကြီးများ၏
ခေတ်ကာလ၌ဖြစ်ပြီး ဘီစီ ၁၁၅၀ခုနှစ်ဝန်ကျင့်ခန့်ဖြစ်မည်။
ကျမ်းရေးသားသူမှာ ရှာမွေဖြစ်နိုင်မည်ဟုသာယူဆရသည်။
ထိုအချိန်ကာလ၌က္ကသရေလလူမျိုးများကဘုရားသခင်ကို
ကျော်ခိုင်းခဲ့ပြီး မမှန်သော ဘုရားကို ကိုးကွယ်နေကြသည်။
သို့သော်လည်းအချို့အနည်းစုမှာ ဆက်လက်သစ္စာရှိစွာဖြင့်
ထာဝရဘုရားကိုသာ ကိုးကွယ်နေကြသည်။သူတို့၏နေ့စဉ်
အသက်တာ၊အမှုကိစ္စအဝဝတို့တွင် ဘုရားသခင်က သူတို့
ရဲ့ကောင်းကျိုးအတွက် ဆက်လက်စီမံခန့်ခွဲလျှက်ရှိသည်။
၂။ ကျမ်းတွင်ပါသော အကြောင်းအရာအကျဉ်း
0

ဓမ္မရာဇဝင် ပထမစောင်နှင့် ဒုတိယစောင် ခြုံငုံလေ့လာခြင်း Reshare #9Dan Unicode & Zawgyi

 9Dan
ဓမ္မရာဇဝင် ပထမစောင်နှင့် ဒုတိယစောင် ခြုံငုံလေ့လာခြင်း
Reshare #9Dan Unicode & Zawgyi
===========&==========
၁။ နိဒါန်း
ဓမ္မရာဇဝင်ကျမ်း ပထမနှင့်ဒုတိယ စာစောင်မှာ မူလက
တစ်စောင်တည်းသာဖြစ်သည်။ ဟေဗြဲလူတို့ကို ရည်ညွန်း
ထားခြင်းဖြစ်သည်။ရေးသားသူ၏အမည်ကိုဖော်ပြထားခြင်း
မရှိပါ။သို့သော်လည်း ရှမွေလ၊နာသန်၊ဒါဝိဒ်နှင့် ယာရှာတို့၏
ရေးသားချက် မှတ်တမ်းပြုထားသည့် အကြောင်းအချက်အ
လက်များကို စုစည်းပြုစုခဲ့ခြင်းဖြစ်မည်ဟု ယူဆရပါသည်
( ၁ရာ ၁၀:၂၅၊၂ရာ ၁:၁၊ ၅ရာ ၂၇:၂၄၊ ၂၉:၂၉)။ ဤကျမ်း
နှစ်စောင်တွင် နှစ်ပေါင်းတရာခန့်အချိန်ကာလကို ခြုံငုံထား
ပြီး၊ တရားသူကြီးတို့ခေတ်ကုန်ချိန်မှ အစပြုကာ ဒါဝိဒ်မင်း
ကြီး မင်းပြုချိန်ကုန်ဆုံးသည့်တိုင်ဖြစ်သည်။ ခုနှစ်ကာလမှာ
ဓမ္မရာဇဝင်ပထမစောင် ၁၀၄၃ - ၁၀၁၁ ဘီစီအတွင်းဖြစ်ပြီး
ဒုတိယစောင် ၁၀၁၁-၁၀၀၄ ဘီစီဝန်းကျင်ခန့်ဖြစ်လိမ့်မည်။
Back to Top Related Posts Plugin for WordPress, Blogger...