ယောလ - JOEL
Reshare #9Dan Unicode & Zawgyi
၁။ နိဒန်း
ယောလပရောဖက်ပြုသော အချိန်ကာလကို အတိကျဖော်ပြခြင်းမရှိဘဲ အဖြစ်အပျက်တစ်ခုတည်းကိုသာ အာရုစိုက်အောင်တွန်းအားပေးပြီး လေနက်စွာဖော်ပြနေသည်။ ကျိုင်းကောင်ကပ်ဘေူ ပြင်ထန်စွာကျရောက်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်နေရာမှာ ယေရုရှလင်မြိုဝန်းကျင်ဖြစ်နိုင်သည်။
၂။ ကျမ်း၏နောက်ခံသမိုင်း
ယောလကျမ်း၏ ပရောဖက်ပြုခြင်းကာလမှာ အတိကျဖော်ပြထားခြင်းမျိုုးမရှိသောကြောင့် အဖြစ်ပျက်ပုံ ရိပ်အပေါ်သုံးသပ်လျှင် က္ကသရေပြည်၌ ဖိနှိပ်ချုပ်ချယ်ခြင်းမျိုမဘဲ ရန်လိုသည့် ရှုရိလူတို့နှင့် ဗာဗုလုန်တို့လည်း ဖော်ပြထားခြင်းမျိုးမရှိပေ။ ထို့သို့ဖြင့် ဖြစ်နိုင်ခြေကာလ နှစ်မျိုးကိုဖော်ပြရှိသည်။
ပထမဖြစ်နိုင်ခြေကာလမှာ ၈၃၅-၈၃၀ ဘီစီခန့် ဘုရှင်ယောရှမင်းလက်ထက်အတွင်းဖြစ်နိုင်သည်။အခြား ပရောဖက်များ ဖော်ပြလေ့ရှိသောရှိသော တိုင်းပြည်ရန်ပြုလိုသည့်အခြေနေမျိုး ဖော်ပြခြင်းမရှိသောကြောင့်ဖြစ် သည်။ အုပ်ချုပ်နေသည့် ဘုရင်အကြောင် ယောလမဖော်ပြခြင်းမှာ ယင်းအချိန်က အစိုးရမျာ များသောအားဖြင့် ယဇ်ပရောဟိတ် ယောလဒလက်ထဲတွင်ရှိနေသည် ( ၄ရာ၁၁း၁-၂၁၊၁၂း၁)။ ယောယဒ၏ သိသာထင်ရှားခြင်းမှာ ဗိမာန်တော်နှင့် ဗိမာန်တော်ဝတ်တွင် ယောလအား စိတ်ပါဝင်စားစေခဲ့ခြင်းဖြစ်နိုင်သည် ( ယောလ ၁။၉၊၁၃၊၂း ၁၅-၁၇ )။
ဒုတိယဖြစ်နိုင်ခြေမှာ ဟဂ္ဂဲနှင့် ဇာခရိတို့အမှုဆောင်အပြီး ၅၂၀- ၅၁၀ ဘီစီ ယေရုရှလင်မြို့ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ပြီးချိန် ( ဇေ ၅း၁-၂၊၁၅ ) သို့မဟုတ် ၄၀၀ ဘီစီခန့် ဧဇရနှင့် နေဟမိတို့၏ပြန်လည်ပြုပြင် ပြောင်းလဲမှုပြုလုပ်ပြီးနှောက် မျိုးဆက်သစ်တစ်စုခန့်က ဖြစ်နိုင်သည် ( နေ ၈း၁-၃၊၉၊၁၃း၃၀ )။
ကျိုင်းကောင်ကျရောက်မှုကပ်ဘေးမှာ အပြစ်များကြောင့် ယုဒပြည်အပြစ်ခံစားရခြင်းဖြစ်ကြောင်း လူတို့ နှောင်တရကြပြီး မိမိတို့အပေါ် ဘုရားသခင်က ကောင်းကြီးမင်္ဂလာအသစ်ချပေးမည်ကို ယုံကြည်စိတ်ချစေလို ကြောင်း မိမိတို့၏ သီးနှံပင်များအား အသစ်ဖြစ်ထွန်းစေမည့်အပြင် ဘုရားသခင်အား ပိုမိုသိရှိစေရန်လည်းဖြစ် ကြောင်း ယောလအဓိပ္ပါယ်ဖွင့်ပြသည် ( ယောလ ၂း၁၂-၁၄။၂၃-၂၇ )။ ယောလ၏ အမြင်အရဖြစ်ပျက်ရခြင်းမှာ မိမိလူတို့အပေါ် ဘုရားသခင်ချပေးမည့် ကောင်းချီးလက္ခဏာဖြစ်သည်။ ဓမ္မသစ်ကာလတွင် ယောလ၏ဗျာဒိတ် တော်ပြည့်စုံကြောင်း ပေတရုတွေ့မြင်သည်မှာ ယေရှု၏ သေခြင်းနှင့် ရှင်ပြန်ထမြှောက်တော်မှုခြင်းမှ ဖြစ်ရပ်များ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဆင်းသက်ပြီး ဘုရားသခင်၏ရန်သူအပေါင်း (ဆန့်ကျင်ပုံကန်သူများ) နှောက်ဆုံးသောကာလ ဘုရားသခင်၏နေ့ရက်၌ အပြစ်စီရင်ခြင်းခံရမည်မှာသေချာသည် ( ယောလ ၂း၂၈-၃၂၊ တမန် ၂း၁၄-၂၁ )။
၃။ ကျမ်း၏အချက်အလက်များအကျဉ်း
ယောလကျမ်၏ဖော်ပြချက်တွင် ကျိုင်းကောင်ကပ်ဘေးကျရောက်ခြင်းဘေးဒုက္ခမှာ တောင်သူလယ်သမားများ နင့် လူအချို့တို့က ပြင်ထန်စွာဖြင့် ဦးစွာခံစားကျရသည်။ ထို့နှောက်မှ ယေရုရှလင်မြို့သားများ ခံစားကြရခြင်း ကို ပရောဖက်ရောလက အကျယ်တစ်ဝန်းဖော်ပြခဲ့သည်။ လူတို့သည် ဗိမာန်တော်တွင် လာရောက်စုရုံးကြကာ မိမိတို့အပြစ်အတွက် နှောင်တရကြပြီး ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကိုတောင်းလျှောက်ကြရန် ဖိတ်ခေါ်ခဲ့သည် (၂း၁၂-၁၇)။ ထို့သို့ပြုလျှင် ယာခင်နှင့် စပျစ်ဥယျာဉ်တို့တွင် သီနှံများပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း အာမခံချက် ပေးခဲ့သည် ( ၂း၁၈-၂၇ )။ ထိုထက်မက ကြီးမြတ်သောကောင်းကြီးမင်္ဂလာမှာ ဘုရားသခင်၏၏ဝိညာဉ်တော်ဖြစ် ပြီး၊ ဘုရားသခင်ကို လူတို့ပိသိကြပြီး သာ၍ကိုးစား၊လိုက်နာ၊နားထောင်စေမည် ( ၂း၂၈-၃၂ )။ ကျိုင်းကောင်များ ကျရောက်သောကပ်ဘေးကို ဖယ်ရှားခြင်းမှာ နောင်ကာလတွင် ကျရောက်မည့် ကြီးစွာသောအပြစ်စီရင်ခြင်းနှင့် ကောင်းချီးမင်္ဂလာများ ခံစားရကြမည့်အကြောင်းကို ပုံဖော်ခြင်းဟု အဓိပ္ပါယ်ဖွင့်သည် ( ၃း၁-၂၁ )။...
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
ယောလ - JOEL
၁။ နိဒန်း
May God Bless You All.
0 comments:
Post a Comment