မိက္ခာအနာဂတ္တိကျမ်း - Book of Micah
Reshare #9Dan Unicode & Zawgyi
=============
၁။ နိဒါန်း
ဓမ္မဟောင်းကျမ်းထဲတွင် မိက္ခာအမည်ဖြင့် များစွာရှိသည်။
အထင်းရှားဆုံးမှာ ဓမ္မဟောင်းကျမ်းတွင် မိက္ခာအနာဂတ္တိကျမ်း
ရေးသူ ပရောဖက် မိက္ခာဖြစ်သည် ( မိက္ခာ ၁:၁၊ယေ ၂၆:၁၈ )။
ဓမ္မဟောင်းထဲမှ တရားသူကြီးများအချိန်အတွင်း အသက်ရှင်
ခဲ့သူတစ်ဦးရှိသည်။ထိုသူမှာ သူခိုးတစ်ဦးဖြစ်၍ ရုပ်တုဆင်းတု
ကိုးကွယ်သူတစ်ဦးဖြစ်သည်။
အခြားသူတစ်ဦးမှာ က္ကသရေလဘုရင် အာဟပ်မင်းလက်
ထက်တွင် အသက်ရှင်ပြီး ဘုရားသခင်၏ မှန်ကန်သော
ပရောဖက်တစ်ဥိးဖြစ်သည်။ထို့ကြောင့်လည်း အာဟပ်မင်း
မုန်းတီးခြင်းခံရသည်။ အခြားပရောဖက်များမှာ မင်းကြီး၏
နှစ်သက်ရာကိုသာ ဟောပြောကြသူများဖြစ်နေသည်။
ရှစ်ရာစုနှစ်အတွင်း ပရောဖက်လေးပါးရေးသားချက်များ
လေ့လာချက်အရ မိက္ခာ၏ ရေးသားချက်မှာ နောက်ဆုံး
အကျဆုံးဖြစ်သည်။ အာမုတ်နှင့် ဟောရှေတို့က အဓိကဖြင့်
မြောက်ပိုင်းက္ကသရေလပြည်သို့ ဘုရားသခင်၏ သတင်းစ
ကားကို ယူဆောင်ခဲ့ကြသည်။ ဟေရှာယ နှင့် မက္ခာတို့မှာ
တောင်ပိုင်း ယုဒပြည်နှင့် အထူးပြု ဘုရားသခင်၏သတင်း
စကား ယူဆောင်ကြသည်။ ထိုသူနှစ်ဥိးစလုံး ခေတ်ကာလ
တစ်ခုတည်း၌ ပရောဖက်ပြုကြပြီး ယေရုရှလင်မြို့၏ အပြစ်
များအတွက် အထူးပတ်သက်နေသည်။ မိက္ခာက ဟေရှာယ
၏ တပြည့်ဖြစ်ကြောင်း အဆိုပြုသည် ( ဟေ ၁:၁။ မိ ၁:၁ ၊
ဟေရှာယ ၈:၁၆ )။ မိက္ခာ ပရောဖက်ကျမ်းကို 700 B.C ခန့်တွင်
ရေးသာပြုစုခြင်းဖြစ်သည်။
၂။ လူမှုရေး အခြေအနေ များ
က္ကသရေလပြည်၏ စီးပွားဥစ္စာတိုးတက်လာုခင်းနှင့်
အတူ လောဘလွန်ကျူးခြင်း၊ တရားမစောင့်စည်းခြင်း၊မျှတ
မှုမရှိခြင်းတို့ကြောင့် ကိုယ်ကျင့်တရား ပျက်ပြားခြင်းစသည့်
လူမှုရေးဆိုင်ရာ မကောင်းမှုများ လိုက်ပါလာသည်။
စီးပွားရေတိုးတက်လာခြင်းကြောင့် အကျိုးအမြတ် အများ
ခံစားရသူများမှာ ဝန်ထမ်း အရာရှိများ၊ကုန်သည်များနှင့် မြို့နေအထက်တန်းလွှာများသာဖြစ်သည်။
တရားရုံးတော်အတွင်း တရားမျှတစွာစီရင်ခြင်းမျိုး
မရှိဘဲ ထိုသူတို့၏အလိုဆန္ဒအလျှောက် ပြုလုပ်ရန်လွယ်ကူ
ပြီး ဆင်းရဲသားများ၏ အမှုကိစ္စမှာ လစ်လျူရှု့ခြင်းခံရလျှက်
ရှိသည် ( မိ ၃:၉-၁၁၊၇:၃ )။ ဆင်ရဲသည့် လယ်သမားတို့
အတွက် တရားမျှတစွာ ခံစားခွင့်ရရှိနိုင်ရန် မိက္ခာက ပါဝင်
ရပ်တည်ပေးသည်။သူကိုယ်တိုင်သည်လည်း ဆင်းရဲသည့်
လယ်သမားရွာမှ မွေးဖွားကြီးပြင်လာသူဖြစ်သည် ( ၁:၁ )။
က္ကသရေလပြည်နှင့် ယုဒပြည်အတွင်း တရားမစောင့်စည်း
ခြင်းကြောင့် ထိုပြည်တို့၏ မြို့တော်ဖြစ်သည့် ရှာမရိမြို့နှင့်
ယေရုရှလင်မြို့များကို ပျက်ဆီးခြင်းခံရန် ဗဟိုပြုဦတည်နေ
ကြောင်း မိက္ခာတွေ့မြင်ခဲ့သည် ( ၁:၅၊ ၆:၉ )။
အရာရှိများနှင့် ကုန်သည်ကြီးများ၏ တရားမျှတမှု
မရှိခြင်းကြောင့် လုပ်ငန်းများဆက်လက်လုပ်ဆောင်နိုင်ရန်
ချမ်းသာကြွယ်ဝသောသူတို့ထံမှ လယ်သမားက ငွေချေး
ငှားကြရသည်( ၃:၁-၃၊ ၆:၁၀-၁၂ )။ ချမ်းသာသူများ၏
အတိုးမြင့်မားမှုကြောင့် ယူထားသည့်အကြွေးကို ပြန်မဆပ်
နိုင်ဘဲရှိနေကြသည်။ ထိုအခါ လယ်သမားတို့ ပိုင်ဆိုင်သမျှ
ချမ်းသာသူများက သိမ်းယူကြသည်။ စတင်သိမ်းယူသော
အရာမှာ သူတို့၏ အဝတ်အစားများနှင့် အိမ်တွင်းအသုံး
အဆောင် ပစ္စည်းများဖြစ်သည် ( ၂:၈ )။ ထိုသို့သောအရာ
များနှင့် မလုံလောက်ပါက အိမ်နှင့်မြေယာကို သိမ်းပိုက်
ပြန်သည် ( မိ ၂:၁-၃၊၉ )။ ထိုသို့ဖြင့် လယ်သမားတို့၏
ပိုင်ဆိုင်သော မြေယာများမှာ ပိုင်ရှင်အသစ်သို့ရောက်သွား
ကြပြီး ထိုသူတို့ထံမှ ပြန်လည်ငှားယူရခြင်းတို့ကြောင့် လယ်သမားတို့ ဝန်ထုတ်ဝန်ပိုး ပို၍ကြီးလာသည်။
က္ကသရေလလူတို့အနေဖြင့် ဘာသာရေးဆိုင်ရာ
ယဇ်ပူဇော်ခြင်းနှင့် ပွဲတော်အခမ်းနားများကို ပုံမှန်လုပ်
ဆောင်ကြသော်လည်း သူတို့၏စိတ်နှလုံးအရင်းမှာ
ကြည်ညိုခြင်းနှင့် တရားစောင့်စည်းခြင်းများမရှိကြပေ။
လုပ်ရိုးလုပ်ထုံး ဓလေ့တစ်ခုသာမှတ်ယူကြပြီး နှလုံးသားမှာ
ဘုရားသခင်နှင့် ကင်းကွာနေကြသည်။ထိုအမှုအားဖြင့်
မိက္ခာ သတိပေးပြောကြားနေသည် ( ၆:၆-၈ )။ က္ကသရေလ
လူများ နောင်တမရကြပါက ဘုရားသခင်၏ အပြစ်ဒဏ်
ပေးခြင်းဖြင့် တိုင်းတစ်ပါးလက်အောက်သို့ ဖမ်းဆီးခေါ်
ဆောင်သွားခြင်း ခံစေပြီး သူတို့၏မြို့ အိမ်မြေများမှာလည်း နေထိုင်သူ ကင်းမဲ့ရာသို့ရောက်စေမည် (၃:၁၂၊၆:၁၆ )။
ဘာသာရေးခေါင်ဆောင်များလည်း အကျင့်ဖောက်ပြန်
ကြသည်။ သူတို့၏ ဝင်ငွေကောင်းကောင်းရာဖြစ်သော
အထကိတန်းလွှာ လူတန်းစားများအတွက် နှစ်သိမ့်စကား
ပြောဆိုလေ့ရှိကြသည်။ မိက္ခာမှာမူ အတည့်အလင်းဖြင့် ဟောပြောသောကြောင့် အမုန်းရသည်( ၂:၆၊၁၁၊၃:၅ )။
မိက္ခာ၏ သတိပေးခဖက်များကို ဟေဇကိမင်းက နားထောင်လိုက်နာခဲ့သည်။ ယုဒပြည်အတွင်း ပြုပြင်ပြောင်း
လဲမှုတစ်ချို့ကိုကို ဟေဇကိမင်းဆောင်ရွက်ခဲ့သည်။
ထို့ကြောင့် တရားစီရင်ရာနေ့ကို ရွှေ့ဆိုင်းခဲ့သည် ( ယေ ၂၆:၁၈-၁၉ နှင့် မိ ၃:၁၂ ကို နိုင်းယှဉ်ကြည့်ပါ။ )
မိက္ခာ၏ ဟောပြောချက် နောက်ဆုံးတွင် နောက်ထပ်
ဘုရင်ဖြစ်လာသူ၏ လက်ထက်၌ ထိုတရားစီရင်ချက်
ကျရောက်သည်။ သို့သော်လည်း တစားစီရင်ချက်ကို
ကျော်လွန်၍ မိက္ခာတွေ့မြင်ခြင်းမှာ နိုင်ငံကို ပြန်လည်တည်
ထောင်ပြီး၊ ဘုန်းကြီးသောနိုင်ငံတော်နှင့် စံပြုလောက်
သည့် ဘုရင်အုပ်ချုပ်မည့် မျော်လင့်ချက်ဖြစ်သည် ( ၂:၁၂-
၁၃၊ ၄:၁-၄၊ ၅:၂-၄ )။
၃။ မိက္ခာကျမ်း၏ အတိုချုပ်အကျဉ်း
က္ကသရေလနှင့် ယုဒပြည်အပေါ် ကျရောက်မည့်တရား
စီရင်ချက်ပုံရိပ်ကို ပရောဖက်ပြု့သည့်ရှုထောာင့်မှ မိက္ခာ
ဖော်ပြခဲ့သည် ( ၁:၁-၁၆ )။ ဆင်းရဲသားတို့အပေါ် တရား
မစောင့်စည်းသော ခေါင်းဆောင်များ၏ ဖိနှိပ်ခြင်းကြောင့်
ဟု ထပ်မံညွန်ပြသည် ( ၂:၁-၃:၁၂ )။ သို့သော်လည်း
အနာဂတ်ကို ကြည့်ပြန်သောအခါ တိုင်းတစ်ပါးတွင် ဖမ်းဆီး
ချုပ်နှောင်ခြင်းခံရပြီးနှောက် က္ကသရေလတို့ အရှက်တကွဲ
ဖြစ်ရခြင်းအား ဘုန်းအသရေနှင့် အစားထိုးလဲလှယ်သွား
မည်ကို ကြိုမြင်သည် ( ၄:၁-၅:၁ )။ မိမိတို့လူတို့အား စံထား
လောက်သော တိုင်းနိုင်ငံ၌ ဘုရားသခင်ရွေးချယ်သော
ဘုရင်က အုပ်ချုပ်မည် ( ၅:၂-၁၅ )။ မျက်မှောက်အချိန်ကို
ပြန်လည်ရောက်ရှိပြီး မိမိလူတို့အပေါ် ဘုရားသခင်၏ စွပ်စွဲ
ချက်များအား မိက္ခာကြေညာပြီးနှောက် ( ၆:၁-၁၆ ) ဘုရား
သခင်ထံ၌ လူတို့၏အပြစ်များ ဝန်ချတောင်းပန်ကာ ဘုရားသခင် ကရုဏာထားဆော်မူရန် အသနားခံခဲသည်
( ၇:၁-၂၀ )။
၄။ နိဂုံး
ပရောဖက် မိက္ခာအား ဖော်ပြသော ဘုရားသခင်၏
တရားစကားများမှာ က္ကသရေလလူတို့၏ လက်ရှိအခြေနေ
ကြောင့် အကျိုးဆက်ခံစားရမည့် စီရင်ချက်တွေလည်းဖြစ်
ပြီး၊ ထိုမှ ဘုရားသခင်အပေါ် သစ္စာရှိကြမည့် မျိုးဆက်သစ်
တွေကြောင့် က္ကသရေလပြည်ကို ပြန်လည်ထူထောင်စေ
မည်ကိုလည်း ဖော်ပြစေခဲ့သည့်။ထိုမှတစ်ဆင့် သာ၍
သာ၍မျှော်လင့်ရန် ရည်စူနေသောအရာတစ်ခုမှာ ငြိမ်းချမ်း
စွာ အုပ်ချုပ်ရာကာလ ဘုရင်တစ်ပါးပေါ်ထွန်ဖို့ မျော်လင့်
စေခဲ့သည်။
အယောက်တိုင်း ဘုရားသခင် ကောင်းကြီးပေးပါစေ...
#သမ္မာကျမ်းစား၏ အမွေအနှစ်များ
=============
၁။ နိဒါန်း
၂။ လူမှုရေး အခြေအနေ များ
ငှားကြရသည်( ၃:၁-၃၊ ၆:၁၀-၁၂ )။ ချမ်းသာသူများ၏