ဧသတာ ဝတ္ထု - နှင့် ပေရသိတိုင်းပြည်အကျဉ်း
Reshare #9Dan Unicode & Zawgyi
************
၁။ နိဒါန်း
ဧသတာသည် ဂျူးအမျိုးသမီးတစ်ဦးဖြစ်ပြီး ပေရသိ
တိုင်းပြည် ရှင်ဘုရင် အာရွှေရု၏ မိဖုရားဖြစ်သည်။ ရှင်ဘုရင် အာရွှေရုသည် ၄၈၆ မှ ၄၆၅ ဘီစီထိ ထီးနန်းစိုးစံ
ခဲ့ရသူဖြစ်သည်။ ဧသတာအကြောင်းနှင့်ပတ်သက်၍ သူမ၏
အမည်ကို အမှီပြုသည့် ဧသတာဝတ္ထု၌ တွေ့ရသည်။
ဤကျမ်းကို မည်သူပြုစုကြောင်း တိကျဖော်ပြထားခြင်းမျိုး
မရှိပါ။ သို့သော်လည်း သူမ၏အစ်ကိုဝမ်းကွဲတော်ဖြစ်သူ
မော်ဒကဲ ပြုစုခြင်းဖြစ်မည်ဟု ထင်မှတ်ရသည်။
ခုနှစ်မှာ ၄၆၅ ဘီစီ ဝန်းကျင် ဖြစ်နိုင်သည်။
၂။ ကျမ်း၏ လက္ခဏာများ
ဂျူးလူမျိုးတို့ကို မိမိတိုင်ပြည်သို့ ပြန်သွားခွင့်ပေးခဲ့
သော ရှေးဦးပေရသိဘုရင်ကုရှမင်းကြီးခေတ်၌ အချို့သော
ဂျူးလူတို့မှာ ပြန်မသွားကြဘဲ ပေရသိပြည်၌သာနေထိုင်ကြ
ဖို့ရွေးချယ်ကြသည်။ ယေရုရှလင်မြို့တော်နှင့် ဗိမာန်တော်
ကို ပြန်လည်တည်ဆောက်ရာတွင် တွေ့ကြုံရမည့် အခက်
အခဲများနှင့် စွန့်စားမှုများကို ရင်ဆိုင်ရမည့်အစား ၎င်းတို့ရှိ
နေသည့်နေရာဒေသတွင် သက်တာချောင်လည်စွာနေထိုင်
လိုကြခြင်းကြောင့်ဖြစ်မည်။ သူတို့၏ ဥစ္စာဓနတိုးပွားလာ
သည်နနှင့်အမျှ မျိုးဆက်များလည်း တိုးပွားလာကြသည်။
သို့သော်လည်း သူတို့သည် ဘာသာတရား၌ ဝိညာဉ်ရေးရာ
ခွန်အား ပြန်လည်တည်ဆောက်ဖို့ရန် စိတ်အာထက်တန်မှု
မရှိကြပါ။ ဤသို့သော ပေရသိပြည်ရှိ ဂျူးတို့၏အနေအထား
မျိုးရှိနေကြောင်း ဧသတာဝတ္ထုထဲတွင် ထင်ဟပ်ဖော်ပြထား
သည်။ဤကျမ်းထဲတွင် ဘုရားသခင်ဟူ၍ စကားလုံးဖြင့်မျှ
ဖော်ပြထားခြင်းမရှိဘဲ အဖြစ်အပျက်များကို စီရင်ဆုံးဖြတ်
သည့် မမြင်နိုင်သော စွမ်းအားအကြောင်း တစ်ကြိမ်သာဖြင့်
ဖော်ပြထားသည် ( ဧသ ၄:၁၄ )။ ဂျူးလူတို့၏ ဝိညာဉ်ရေး
နှင့်ပတ်သက်၍ အဓိကအကျဆုံးဖော်ပြချက်တစ်ခုမှာ အစာ
ရှေင်ခြင်းနှင့် ဆုတောင်းခြင်းဖြစ်သည် ( ဧသ ၄:၆ ) ။
ဂျူးလူတို့က ဘုရားသခင်ကို အစဉ်အသိအမှတ်ပြုသည်ဖြစ်
စေ၊ မပြုကြသည်ဖြစ်စေ၊ ပျက်စီးခြင်းသို့မရောက်ကြရန်
ဘုရားသခင်က စီမံနေဆဲ၊ အကွယ်ကာပြုနေဆဲဖြစ်သည်။
၃။ဝတ္ထု၏ အကျဉ်းချုပ်
ပေရသိဘုရင်သည် မိမိ၏မိဖုရားအသစ်အဖြစ် ဧသတာ
အားရွေးချယ်ခဲ့သည်။ ဧသတာသည် မိဘမဲ့တစ်ယောက်
ဖြစ်ပြီး သူ၏အစ်ကိုဝမ်းကွဲတော်သူ မော်ဒကဲက ပြုစုစောင့်
ရှောက်ခဲ့ရခြင်းဖြစ်သည်။ မော်ဒကဲသည် ပေရသိနန်းတော်
အတွင် အမှုထမ်းသူတစ်ဦးဖြစ်ပြီး တစ်ကြိမ်တွင် ဘုရာင်ကို
လုပ်ကြံလူသူတို့၏ အကြံစည်ကိုသိပြီး ဘုရင့်ထံသတင်းပို့
သောအားဖြင့် ဘုရင်၏အသက်ဘေးမှ ကယ်လွှတ်ခွင့်ရှိစေ
ခဲ့သည်(၁:၁-၂:၂၃)။
နှစ်အတန်ကြာသော် ဟာမန်ဆိုသူတစ်ဦးသည် ပေရသိ
ပြည်၏ အစိုးရအတွင်းဝန်ကြီးချုပ်ဖြစ်လာပြီး မောက်မာ၍
ရည်မှန်းချက်ကြီးသူဖြစ်သည်။ သူသည် ဂျိူးလူမျိုးတို့အပေါ်
မနာလိုမုန်းတီးသည်။ ထို့ကြောင့် မော်ဒကဲ၏ ဦးမညွတ်ခြင်း
ကြောင့် နိုင်ငံအတွင်းရှိ ဂျိူးလူမျိုးအားလုံးကို ဖျက်ဆီးပစ်ဖို့
ဟာမန် အန္နိဌာန်ချခဲ့သည် ( ၃:၁-၁၅ ) ။ ထိုသို့ ဂျူးလူမျိုး
အားလုံးအပေါ် ဟာမန်၏ ကြံစည်မှုအကြောင်းကို မော်ဒကဲ
ကြားသိသောအခါ မိဖုရားဧသတာအား မိမိလူမျိုးတို့အပေါ်
ကရုဏာထားဖို့ ဘုရင့်ထံတောင်းလျှောက်ဖို့ မော်ဒကဲက
တိုက်တွန်းခဲ့သည် ( ၄:၁-၅:၁၄ ) ။ ထို့နှောက် ဧသတာက
လည်း ဘုရင့်ထံမတောင်းရှောက်ခင် မိမိနှင့်အတူ ဂျူးလူ
မျိုးအားလုံးတို့ကလည်း အစာရှောင်ဆုတောင်းခြင်းပြုကြဖို့
မှာခဲ့သည်။ သို့ဖြင့် ဧသတာသည်လည်း မိမိသည် ဂျူးလူမျိုး
ဖြစ်ကြောင်း ဘုရင်အားဖွင့်ဟပြောဆိုခဲ့သည်။ မိဖုရားအပါ
အဝင် ဂျူးအားလုံးကို သုတ်သင်ရှင်းလင်ပစ်ရန်၊ အထူးသ
ဖြင့် မိမိအသက်ကိုကယ်တင်ခဲ့ဖူးသော မော်ဒကဲအားသတ်
ရန် ဟာမန်ကြံရွယ်နေကြောင်း ဘုရင်ကြားသိရသောအခါ
ဟာမန်အား ကွပ်မျက်လေသည် ( ၆:၁-၇:၁၀ ) ။
ဘုရင်က ဟာမန်အစား မော်ဒကဲကို ဝန်ကြီးချုပ်အဖြစ်
နေရာပေး၊ချီးမြောက်လိုက်သည်။ ဂျူးတို့အား သတ်ဖျက်ရန်
မဲချရွေးချယ်သည့်နေ့ ( ပုရနေ့ ) သည် ဂျူးတို့၏ ရန်သူများ
အား အောင်မြင်သောနေ့ဖြစ်ခဲ့သည်။ ထို့ကဲ့သို့ အောင်နိုင်
ခြင်းဖြင့် ဂျူးတို့နှစ်စဉ်ကျင်ပသည့် ပုနေ့ပွဲတော်၏ ပွဲလမ်း
သဘင်ကျင်းပခြင်း အစပြုရာနေ့ဖြစ်သည် ( ၈:၁-၉:၃၂ )။
မော်ဒကဲ ဝန်ကြီးချုပ်ဖြစ်လာရခြင်းအားဖြင့် ဂျူးတို့မှာ ပို၍
လွတ်လပ်ပြီး စီးပွားဥစ္စာတိုးတက်ခြင်းအခွင့်ကို ခံစားကြရ
သည် ( ၁၀:၁-၃ ) ။
၄။ ပေရသိပြည်အကြောင်း ကျမ်းစာအခြေခံအကျဉ်းချုပ်
ပေရသိပြည်၏ နယ်နိမိတ်များမှာ ခေတ်တစ်ခုနှင့်တစ်
ခုအကြား ခြားနားမှုတွေရှိပါသည်။ အထူးသဖြင့် ပေရသိ
ပြည်ဟူသောအမည်မှာ ပေရသိပင်လယ်ကွေ့၏ မြောက်
ဘက်နယ်ပယ်နှင့် အစဉ်ယှဉ်တွဲပေါင်းစပ်လျှက်ရှိပါသည်။
ရှေးဦးယခင်အချိန်ကာလမှာ ဤနယ်မြေ၏မြောက်ပိုင်းကို
ဧလံဟု ခေါ်ဆိုကြပါသည် ( ကဘ ၁၄:၁ )။ တစ်ခါတစ်ရံမှာ
ဧလံလူမျိုးနှင့် ပေရသိလူမျိုးစသည်ဖြင့် သမ္မာကျမ်းစာထဲ၌
ဖော်ပြသော်လည်း ဧလံမှာ ပေရသိပြည်ကို ခေါ်ဆိုသော
အခြား အမည်သာဖြစ်ပါသည် ( ဧဇ ၄:၉၊ဟေရှာယ ၁၁:၁၁
၂၁:၂၊ ယေရ ၂၅:၂၅၊ ၄၉:၃၅-၃၉ ) ။ ဧလံပြည်၏ မြောက်
ဘက်ဒေသများဖြစ်သည့် မေရိပြည်နှင့် ပါသိပြည်တို့မှာ
နှောက်ပိုင်းကာလတွင် ပေရသိပြည်နှင့် နီးကပ်စွာဖြင့် မဟာမိတ်ဖွဲ့လာကြသော ပြည်များဖြစ်ပါသည်(ဧသ ၁:၁၈
တ ၂:၉ ) ။
ဧကရာဇ်ဘုရင် ကုရုမင်းလက်ထက်၌ ပေရသိပြည်
သည် အင်အားအကြီးမားဆုံးဖြစ်လာခဲ့သည်။ ၅၅၈ ဘီစီခန့်
တွင် နန်းတက်လာပြီး တစ်ခြားတိုင်ပြည်အကြီးအငယ်များ
မှန်သမျှ တစ်ပြည်ပြီးတစ်ပြည်ကို ကုရုမင်းက သိမ်းပိုက်နိုင်
ခဲ့ပြီး မိမိပိုင်နယ်မြေချဲ့ထင်းခဲ့သည်။ သူ၏ကြီးမားသော
အောင်နိုင်မှုတစ်ခုမှာ မေဒိပြည်ကို တိုက်ခိုက်သိမ်းပိုက်နိုင်
ခဲ့ခြင်းဖြစ်သည်။ မေဒိပြည်မှာ ပေရသိပြည်၏ အခိုင်မာဆုံး
သော မဟာမိတ်ဖြစ်လာပြီး ထက်မြတ်သော အရည်ချင်းရှိ
သည့် ခေါင်ဆောင်များစွားကို ခန့်ထားခြင်းဖြင့် ပေရသိအင် ပါယယာကြီး၏ စစ်ဘက်၊နယ်ဘက် တာဝန်များကို ဝေငှထမ်းဆောင်နိုင်ခဲ့ကြသည်။ မေဒိလူတို့နှင့် ပေရသိတို့
ပူးပေါင်း တပ်မတော်ကြီး၏ အကြီးမားဆုံးအောင်မြင်မှုမှာ
၅၃၉ ဘီစီတွင် ဗာဗုလုန်တိုင်းပြည်ကို တိုက်ခိုက်အောင်နိုင်
ခဲ့ခြင်းဖြစ်သည်။ ထိုဒေသအတွင်း ကုရုမင်းသည် ထူးကဲစွာ
ဩဇာအာဏာကြီးမြတ်၍ ငြင်းဆိုဖွယ်မရှိအောင် အုပ်ချုပ်
နိုင်သူဖြစ်သည် ( ဟေရှာ ၁၃:၁၇၊ ၂၁:၁-၁၀၊၄၄:၂၈၊ ၄၈:၁
ယေရမိ ၅၁:၁၁,၂၈ ။ ဒံယေ ၅:၃၀၊-၃၁၊ ၈:၂၀၊၉:၁-၁၀:၁)။
ကုရုမင်းသည် ဗာဗုလုန်ပြည်၏ အုပ်ချုပ်သူဖြစ်လာပြီး
နောက် တစ်ခြားတိုင်းတစ်ပါးများမှ ဗာဗုလုန်လူတို့ ဖမ်းဆီး
ချုပ်နှောင်ထားသောသူတို့ကို မိမိတို့သက်ဆိုင်ရာ တိုင်ပြည်
များသို့ ပြန်သွားခွင့်ပြုပေးခဲ့သည်။ထိုသို့သောကြောင့်လည်း
ဗာဗုလုန်တိုင်းပြည်မှ ယုဒလူအမြောက်အများ ယေရုရှလင်
သို့ ပြန်လာကြရပြီး မြို့တော်နှင့် ဗိမာန်တော်ကိုလည်း ပြန်
လည်စတင်တည်ဆောက်ခဲ့ကြသည် ( ဧဇ ၁:၁-၄ ) ။
ဗိမာန်တော်ကို နောင်ကရာဇ်ဘုရင်ဖြစ်လာသော ဒါရိမင်း
လက်ထက်တွင် အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ကြသည်
( ဧဇ ၆:၁၄-၁၅ )။
ယေရုရှလင်မြို့ကိုပြန်လည်တည်ဆောက်နေစဉ် ယုဒလူတို့ကို ထိုဒေသအတွင်းရှိ ယုဒလူမဟုတ်ကြသော
သူများက အဟန့်အတားပြုကာ ညှင်းဆဲဖိနိပ်ချုပ်ချယ်မှု
ပြုကြသည်။ထိုအခါ ယုဒလူတို့ကို ပေရသိအုပ်ချုပ်သူများက
အကာအကွယ်ပေးပြီး ကူညီပံ့ပိုးခဲ့ကြသည်( ဧဇ ၅:၃-၆:၁၂၊
နေ ၂:၉-၁၀၊ ဧသ ၈:၉-၁၄ )။ ယုဒလူတို့၏ တိုင်ပြည်နှင့်
ဘာသာသာသနာကို ပြန်လည်တည်ဆောက်ရေးအတွက်
ပေရသိအစိုးရက လိုအပ်သော ငွေကြေးများကိုလည်း
ထောက်ပံ့ခဲ့သည် ( ဧဇ ၆:၈-၁၀၊ ၇:၁၄-၁၆၊၂၁-၂၄။
နေ ၂:၇-၈ )။ တစ်ချို့အချိန်များ၌လည်း ပေရသိပြည်မှ
ယေရုရှလင်မြို့သို့ ယုဒခေါင်းဆောင်များ သွားရောက်သင်
ကြားရန်နှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဧကရာဇမင်း
ကိုယ်တိုင်က အထောက်အကူများ ပေးသနားခဲ့သည်
( ဧဇ ၇:၁၁-၂၀၊ နေ ၂:၅-၈ )။
ပေရသိပြည်၏မြို့တော်မှာ ရှုရှန်မြို့ဖြစ်သည် ( ဧသ
၁:၁-၃၊ ၂:၃၊ ၉:၁၁။ ဒ ၈:၂ ) ။ပေရသိအင်ပါယာကြီးကို
ပြည်နယ်များအဖြစ် ခွဲထားသည်။ ပေရသိ သို့မဟုတ် မေဒိ
မှူးမတ်များက အုပ်ချုပ်ကာ ၎င်းတို့လက်အောက်တွင် ဒေသ
ခံလူတို့က အုပ်ချုပ်ရေးမူးနှင့် တခြားအရာရှိ၊အရာခံများအ
ဖြစ် ဆောင်ရွက်ကြသည်( ဧဇ ၄:၈-၁၀၊ ၅:၃၊၁၄၊ ၆:၂၊
၇:၂၁။ နေ ၂: ၉၊ ၅:၁၄၊ ၇:၂။ ဧသ ၃:၁၊၈:၉၊ ၁၀:၃ ) ။
ပေရသိလူတို့ အုပ်ချုပ်စိုးစံသော ထီးနန်းသက်တမ်းမှာ
နှစ်ပေါင်း နှစ်ရာခန့်ကြာခဲ့သည်။သို့သော်လည်း သမ္မာကျမ်း
တွင် ထိုအကြောင်း ဖော်ပြခဲ့သည့်ကာလမှာအုပ်စိုးချိန်ကာ
လ၏ ပထမတစ်ဝတ်ကျော်ကျော်ခန့်သာ ဖော်ပြကြောင်း
ပါရှိသည်။
၅။ နိဂုံး
ထိုမှတ်တမ်းများတွင် ဧကရာဇ်မင်းအချို့ကိုဖော်ပြသည်။
က) ကုရုမင်းကြီးက ၅၅၈- ၅၃၀ ဘီစီအတွင်း အုပ်စိုးခဲ့ပြီး
ဗာဗုလုန်ပြည်ကို တိုက်ခိုက်အောင်နိုင်ခဲ့ ( ၅၃၉ ဘီစီ )။
ယုဒလူများကို ပြန်လွှတ်ခဲ့။ ဗိမာန်တော်ပြန်လည်တည်
ဆောက် ( ၅၃၈ ဘီစီ - ဧဇ ၁:၁-၄၊၃:၇၊ ၅:၁၃-၁၅။
ဟေရှာ ၄၄:၂၈၊ ၄၅:၁ ။ ဒံ ၆:၂၈၊ ၁၀:၁ ) ။
ခ) Cambyses ၅၃၀- ၅၂၂ ဘီစီ
ဂ) ဒါရိမင်း ၅၂၂-၄၈၅ ဘီစီ
ယေရုရှလင်မြို့ ဗိမာန်တော်ပြီးစီ ( ၅၁၆ ဘီစီ -
ဧဇ ၄:၂၄၊ ၅:၃-၆:၁၅။ ဟဂ္ဂဲ ၁:၁ ။ ဇာ ၁:၁ ) ။
ဃ) အာရွှေရုမင်း ၄၈၆-၄၆၅
ယုဒလူများ ပိုမိုလွှတ်လပ်ခွင့်ရရှိ( ဧသ ၁:၁-၁၀:၃)။
င) အာတဇေရပ်. ၄၆၅ - ၄၂၄
ဧဇရ ( ၄၅၈ ဘီစီ ) နှင့် နေဟမိ ( ၄၄၅ ဘီစီ )တို့အား
အထူးအားဏာများပေးအပ်ခဲ့ ( ဧဇ ၇ :၁-၁၃၊၂၁။
နေ ၂:၁-၈၊ ၅:၁၄၊ ၁၃:၆ )
ပေရသိအာင်ပါယာကြီး အားယုတ်လျှော့လာသည်အခါ
ဟေလသအင်ပါယာကြီး၏ အင်အားကြီးမားလားခြင်းအရှိန်
အဝါအောက်မှာ ကျရောက်လာခဲ့ရသည်။
ဖတ်ရှုသူအားလုံး ဘုစားရှင်ကောင်းကြီးပေးပါစေ၊အာမင်း။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
************
၁။ နိဒါန်း
၂။ ကျမ်း၏ လက္ခဏာများ
၃။ဝတ္ထု၏ အကျဉ်းချုပ်
ခဲ့သည်(၁:၁-၂:၂၃)။
ကြောင့် နိုင်ငံအတွင်းရှိ ဂျိုးလူမျိုးအားလုံးကို ဖျက်ဆီးပစ်ဖို့
သည် ( ၁၀:၁-၃ ) ။
၂၁:၂၊ ယေရ ၂၅:၂၅၊ ၄၉:၃၅-၃၉ ) ။ ဧလံပြည်၏ မြောက်
တ ၂:၉ ) ။
ယေရမိ ၅၁:၁၁,၂၈ ။ ဒံယေ ၅:၃၀၊-၃၁၊ ၈:၂၀၊၉:၁-၁၀:၁)။
( ဧဇ ၆:၁၄-၁၅ )။
( ဧဇ ၇:၁၁-၂၀၊ နေ ၂:၅-၈ )။
၁:၁-၃၊ ၂:၃၊ ၉:၁၁။ ဒ ၈:၂ ) ။ပေရသိအင်ပါယာကြီးကို
၇:၂၁။ နေ ၂: ၉၊ ၅:၁၄၊ ၇:၂။ ဧသ ၃:၁၊၈:၉၊ ၁၀:၃ ) ။
ပါရှိသည်။
၅။ နိဂုံး
ဟေရှာ ၄၄:၂၈၊ ၄၅:၁ ။ ဒံ ၆:၂၈၊ ၁၀:၁ ) ။
ခ) Cambyses ၅၃၀- ၅၂၂ ဘီစီ
ဂ) ဒါရိမင်း ၅၂၂-၄၈၅ ဘီစီ
ဧဇ ၄:၂၄၊ ၅:၃-၆:၁၅။ ဟဂ္ဂဲ ၁:၁ ။ ဇာ ၁:၁ ) ။
ဃ) အာရွှေရုမင်း ၄၈၆-၄၆၅
င) အာတဇေရပ်. ၄၆၅ - ၄၂၄
နေ ၂:၁-၈၊ ၅:၁၄၊ ၁၃:၆ )