ယေရမိ အနာဂတ္တိကျမ်း - JEREMIAH
Reshare #9Dan Unicode & Zawgyi
========================
၁။ နိဒါန်း
ဓမ္မဟောင်းကျမ်း ပရောဖက်များနည်းတူ ယေရမိသည်မှားယွင်းသော ဘာသာရေး ဓလေ့ထုံးစံများ၊ မှားယွင်း သည့် လူမှုရေးအပြုအမူများ နှင့် မတရားသော အစိုးရ၏အုပ်ချုပ်မှုများကို ဆန့်ကျင်သည်။သူ၏အသက်တာတွင် ပျော်ရွှင်မှုကင်းမဲ့ခြင်းကိုလည်း စာရေးသားချက်အပေါ်သုံးသပ်မြင်နိုင်သည်။ အခြားပရောဖက်များထက် ယေရမိ နှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြခံရသည်။လူတို့၏နှစ်သက်ခြင်းမရရှိဘဲ ပစ်ပယ်ခြင်းမျိုုးလည်း ခံစားရသူဖြစ်သည်။မိမိအပေါ်မှာပင် ဘုရားသခင်၏ တရားမျှတမှုမျိုးမခံစားရသူဟု ကိုယ့်ကိုကိုယ် ခံစားမိသော သူတစ်ယောက်ဖြစ်ခဲ့သည်။ ယေရမိ၏ပြဿနာကိုနားလည်နိုင်ရန် သူရေးသားသည့် ယုဒပြည်၏နှောက်ခံသမိုင်း ကို သိဖို့လိုသည်။ သူရေးသားသော အဖြစ်အပျက်များမှာ အချိန်ကာလအစီအစဉ်အတိုင်း မဟုတ်သောကြောင့် ခြုံငုံ၍အကြမ်းဖျင်း အဖြစ်အပျက်များမှာ ကျမ်းပြုသူနှင့် ကျမ်းကိုနားလည်ရန်အထောက်အကူရမည်ဖြစ်သည်။
၂။ သူ၏ အနှစ်လေးဆယ်မျှ တရားဟောခြင်း
ယေရမိပရာဖက်ပြုခြင်းမှာ ၆၂၇ ဘီစီ ယုဒဘုရင် ယောရှိမင်းအုပ်ချုပ်သည့် တစ်ဆယ့်သုံးနှစ်တွင် အစပြု သည် ( ယေ ၁း၁-၂)။ ပြုြပ်ငပြောင်းလဲမှုများဆောင်ရွက်ရာတွင် ယုဒပြည်တွင်ဒ ခေတ်အဆက်ဆက် အခြေခိုင် ခဲ့သည့် ရုပ်တုဆင်းတုကိုးကွယ်မှုနှင့် လူမှုရေးဆိုင်ရာမှားယွင်းမှုများအား ယောရှိမင်းက ဦးစွာဖြင့်ဖယ်ရှားသည်။ ထို့နောက် စစ်မှန်သော ထာဝရဘုရားအား ကိုးကွယ်ခြင်းကို ပြန်လည်စတင်စေခဲ့သည် ( ၄ရာ ၂၂း၁-၂၃၃း၂၅)။ လူမျိုးအတွက် ကောင်းရာကောင်းကြောင်း ယောရှိမင်းပြုခဲ့သော်လည်း လူတို့စိတ်သဘောထား မပြောင်းခဲကြ ကြောင်းကို ယေရမိတွေ့မြင်ခဲ့ရသည်။ထို့ကြောင့် ဘုရားသခင်၏ ပြင်ထန်သည့်တရားစီရငိခြင်းသို့ ယုဒပြည်မှာ ဦးတည်နေသည် ( ယေရမိ အခန်ကြီး ၁၊၆ နှင့် ၇မှ ၂၀ )။
ထိုအချိန်တွင် ဗာဗုန်အင်အားကြီးမားလာပြီး ၆၁၂ ဘီစီတွင် အာရှုရိကို အောင်မြင်ကာ ထိုဒေသအတွင်း ဦးဆောင်မှုပြုနေသည်။ ဗာဗုလုန်ပြည်မှာ ယုဒပြည်တောင်ပိုင်းကို ဦးဆောင်နေသော အဲဂုတ္တုပြည်က စိန်ခေါ်မှု ပြုလာသောအခါ ပါလတိနနယ်မြေအတွင်းမှ အဲဂုတ္တုတို့ဖြတ်သန်းသွားခြင်းကို ဟန့်တားရန် ယောရှိမင်းကြီးက ကြိုးစားခဲ့ရာမှ စစ်ပွဲအတွင်းကျဆုံးခဲ့ရလေသည် ( ၆၀၉ ဘီစီ၊ ၄ရာ ၂၃း၂၈-၃၀ )။ယုဒပြည်၏ အရှင်သခင်အဖြစ် အဲဂုတ္တုပြည်က မှတ်ယူကာ ယုဒဘုရင်အသစ် ယေခတ်မင်းအား ဖယ်ရှား၍ ထိုမင်း၏အစ်ကို ယောယကိမ်းအား မင်းမြှောက်ခဲ့သည် ( ၄ရာ ၂၃း၃၁-၃၇ )။ ယောယကိမ်းမင်းမှာ ဘုရားမဲ့ဝါဒဖြင့်၎င်း ရက်စက်ကြမ်းကြုတ်စွာဖြင့် အုပ်ချုပ်သောသူဖြစ်သည်။ ယေရမိကိုလည်း ဆန့်ကျင်သည်။ ယုဒပြည်၏ အပြစ်မျးကို ယေရမိပြစ်တင်ပြောဆို ၍ ယုဒပြည်မှာ ပျက်ဆီးခြင်းခံရမည်ဟု ကြိုတင်ဟောကိန်း ထုတ်သည် ( ယေ ၂၂း၁၃-၁၉၊၂၆း၁-၆၊၂၀-၂၄၊၃၆း၁-၃၂၊)။ ယေရမိကျမ်းတွင် အများစုဖြစ်သော အခန်းကြီး ၇ မှ ၂၀၊၂၂၊၂၃၊၂၅၊၂၆၊၃၅၊၃၆နှင့် ၄၅ တို့မှာ ယောယကိမ်းမင်း လက်ထက်ကာလ အဖြစ်အပျက်များ ဖြစ်သည်။
၆၀၅ ဘီစီတွင် ကာခေမိတ်စစ်ပွဲတွင် ဗာဗုလုန်တို့က အဲဂုတ္တုတို့အား တိုက်ခိုက်အောင်မြင်ပြီးနောက်တွင် (ယေ၄၆း၂) ယုဒပြည်အား အုပ်ချုပ်နိုင်ပြီး လက်ရွှေးစဉ် ယေရုရှလင်မြို့သားတို့အား ဗာဗုလုန်တို့ ဖမ်းဆီးခေါ် ဆောင်သွားကြသည် ( ဒံ၁း၁-၆)။ဗာဗုလုန်တို့လက်အောက်မှ လွတ်မြောက်ရန် ယောယကိမ်းမင်း ကြိုးစားသော အခါ ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာလက်အောက်မှ ဗာဗုလုန်တပ်က ဝန်းရံပိတ်ဆို့ထားကြသည်။ထိုဝန်းရံပိတ် ဆို့ထားချိန်အတွင်း ယောယကိမ်းမင်း အနိစ္စရောက်သည်။ နောက်သုံးလကြာပြီး သူ၏ထီးနန်းကိုဆက်ခံရသည့် သားဖြစ်သူ ယေခေါနိမင်း လက်နက်ချအရှုံးပေးသည်။ ယေခေါနိမင်းနှင့်အတူ အရာရောက်သူ အားလုံးကိုလည်း ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ယေခေါနိ၏ အခြားညီးတစ်ဦးဖြစ်သူ ဇေဒကိအား ဘုရင်သစ် အဖြစ် ဗာဗုလုန်တို့က ခန့်အပ်ပေးခဲ့သည် ( ၅၉၇ ဘီစီ ၄ရာ ၂၄း၈-၁၇ )။
ယေရမိနှင့် ဇေဒကိတို့မှာ ကာလအစဉ် ပဋိပက္ခဖြစ်နေကြသည်။ ဗာဗုလုန်လူတို့၏ စိုးမိုးခြင်းကို ယုဒလူတို့ ခံကြရခြင်းမှာ ယုဒပြည်၏အပြစ်များမပေါ် ဘုရားသခင်၏ စီရင်ခြင်းဟု ယေရမိပြောကြားသည်။ ထိုအပြစ်ပေး ခြင်းကို ယုဒလူတို့လက်ခံ၍ ဗာဗုလုန်တို့၏ အလိုအတိုင်း လိုက်လျှောက်ရသည်။ ခုခံခြင်းအားဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်း ဝန်းရံပိတ်ဆို့ခြင်း ငတ်မွတ်ခြင်း သွေးထွက်သံယိုဖြစ်ခြင်းနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရမည်ဟု ကြိုတင်ဟောထားချက်များပြည့်စုံလာရခြင်းမျိုးကြုံတွေ့ရခြင်းဖြစ်သည် ( ၄ရာ၂၈း၁၈-၂၀၊ယေ ၁၂း၁-၁၀၊၂၄း၁-၁၀၊ ၂ရး၁၂-၂၂၊၂၈။၁၂-၁၄ )။
ယေရမိကို အတိုက်အခံပြုသူတိုက အဲဂုတ္တုပြည်၏ အကူအညီဖြင့် ဗာဗုလုန်တို့၏ အုပ်ချုပ်မှုကို တွန်းလှန်နိုင် မည်ဟု ယူဆပြီး ဇေဒကိမင်းကို သွေးဆောင်ကြသည်။ ထိုအကြံပြုချက်ကို ဇေဒကိမင်းကလည်း လက်ခံလေပြီး ယေရမိ၏ အကြံပေူချက်ကို ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ကြာမြင့်စွာ ဝိုင်းပိတ်ဆို့ခြင်းကို ယုဒပြည်ခံရလေသည်။ နောက်ဆုံး၌ ယုဒပြည် ယေရုရှလင်မြို့နှင့် ဗိမာန်တော်ကို ဗာဗုလုန်တို့က ဖျက်ဆီးပစ်ကြပြီး ဘုရင်နှင့်တကွ တိုင်း ပြည်အတွင်းမှ အသုံးဝင်သူတွေအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြပြီး လူအနည်းငယ်တို့ကို မြေယာများနှင့် လယ်များကို ပြုစုရန်ကျန်ရစ်စေခဲ့သည် ( ဘီစီ ၅၈၇၊၄ရာ ၂၅း၁-၂၁၊ယေ၃၂း၁-၅၊၂၈-၂၉ နှင့် ၅၂ )။
ယေရမိသည် တစ်ကြိမ်ထပ်မက အချုပ်ခံခဲ့ရသည် (ယေ၃၂း၂၊၃ရး၁၅၊၂၁-၂၂၊၃၈း၁-၆၊၁၃၊၂၈ )။ထိုနောက် ယေရုရှလင်မြို့ကို ဗာဗုလုန်တို့က တိုက်ခိုက်အောင်မြင်သည့်အခါ ယေရမိကို အချုပ်မှလွှတ်ပြီး လွတ်လပ်ခွင့်ကို ပေးခဲ့သည်။ထို့တူ မိမိကြိုက်နှစ်သက်ရာ၌နေထိုင်ရန် ဗာဗုလုန်တို့က ရွေးချယ်ခွင့်ပေးကာ ယေရမိသည်လည်း ဗာဗုလုန်တိုင်းပြည်တို့ လိုက်သွားခြင်းထက် မိမိပြည်၌သာ နေထိုင်ဖို့ရွးချယ်၍ ယေရုရှလင်မြို့၌နေရစ်ခဲ့ပါသည်။ ယုဒပြည်အား အုပ်ချုပ်ရန် ခန့်အပ်ခြင်းခံရသူ ဂျူးအမျိုးသား ဂေဒလိ၏ ကာကွယ်မှုအောက်၌ ထားရစ်ခဲ့ကြသည် (၄ရာ ၂၅း၂၂၊ယေ ၃၉း၁၃-၁၄၊၄၀း၄-၆ )။သို့သော်လည်း နေရစ်ကြသော ဂျူးလူမျိုးအချို့မှ ဗာဗုလုန်ကိုဆန့်ကျင် သောလူစုတို့က ဂေဒလိကို လုပ်ကြံသတ်ဖြတ်ခဲ့လေသည် (၄ရာ ၂၅း၂၅။ယေ ၄၀း၁၃-၄၁း၁၈ )။ ကျန်ရှိနေသေး သော ဂျုးလူမျိုးများမှာ ဘေးအန္တရယ်မှ ကင်းလွတ်နိုင်ကြရန် အဲဂုတ္တုပြည်သို့ ထွက်ပြေးကြသည်။ထွက်ပြေးရန် ဆန္ဒမရှိသော ယေရမိကိုလည်း အတင်းဆွဲခေါ်သွားကြသည် ( ၄ရာ၂၅း၂၆၊ယေ ၄၂း၁-၄၃း၇)။ ထိုသို့ဖြင့် ဂျူးတို့ မှာ အဲဂုတ္တုပြည်သို့ထွက်ပြေးကြသော်လည်း ဘုရားသခင်၏အပြစ်စီရင်ခြင်းမှ မလွှတ်နိုင်ကြောင်း ယေရမိအနေ ဖြင့် သတိပေးခဲ့သည်။သို့သော် ယေရမိ၏ သတိပေးစကားကို လူတို့က ဂရုမစိုက်ကြပေ ( ယေ ၃၄း၈-၄၄း၃၀ )။ ယေရမိ၏ အသက်တာအကြောင်းမှတ်တမ်းတင်ခြင်းမှာ ဤမျှလောက်ဖြစ်ပြီး အစဉ်အလာဖော်ပြချက်အနေဖြင့် ယေရမိသည် အဲဂုတ္တုပြည်၌နေစဉ် ဂျူးလူမျိုးတစ်စု၏ ခဲဖြင့်ပေါက်သတ်လိုက်ကြကြောင်း သိရသည် ( ၄၀-၄၄)။
၃။ ကျမ်း၏အကျဉ်းချုပ်
ယေရမိကျမ်း၏ ပထမအခန်းကြီး ခြောက်ခန်းသည် အမှုတော်စတင်ခြင်းနှင့် ပရောဖက်အဖြစ် ခေါ်ယူခံ ရခြင်းများ အဓိကပာသည်(၁း၁-၁၉)။ယုဒပြည်သားတို့ သစ္စာမဲ့မှု၊ ရုပ်တုဆင်းတု ကိုးကွယ်မှု့နှင့် ကိုယ်ကျင့်တရား ပျက်ပြားမှုအပေါ် ပြစ်တင်ပြောဆိုသည်(၂း၁-၃း၅)။စစ်မှန်သော နှောင်တ တရားရရှိရန် တိုက်တွန်းသည်(၃း၆-၄း၄)။ယေရုရှလင်မြို့အပေါ် ကျရောက်မည့် ပျက်ဆီးခြင်းတို့ သတိပေးခြင်းလည်ပါဝင်သည်(၄း၅-၆း၃၀)။
အခန်းကြီး ခုနှစ်မှ နှစ်ဆယ် (၇-၂၀) တွင် အထူးသဖြင့် ယုဒပြည် ယေရုရလင်မြို့၏ အပြစ်ကျူးလွန်မှု အခြေနေများကို မှတ်တမ်းတင်ခြင်းနှင့် သတင်းစကားများပါသည်။ပထမအနေဖြင့် ယုဒပြည်အတွင်း ကျယ်ပြန့် စွာ အပြစ်ပြုနေခြင်းနှင့် အပြစ်ဒဏ်ခံရန် သေခြာနေကြောင်းဖော်ပြသည်(ရး၁-၈း၁၇၊၁၁း၁-၂၃၊၁၆း၁-၁ရး၁၃)။ ဒုတိယအချက်မှာ ယေရုရှလင်မြို့တော်အပေါ်သို့ ကျရောက်မည့် တရားစီရင်ချက်များဖော်ပြသည်(၈း၁၈-၁၀း၂၅၊၁၃း၁-၁၅၊၁၈း၁-၂၀း၆၀။တတိယမှာ ယေရမိ၏ အတွင်ူစိတ်၌ဖြစ်နေသေည့် ပဋ္ဋိပက္ခနှင့် ဘုရားသခင်ထံ မြည်တမ်းခြင်းချက်များဖြစ်သည်(၁၂း-၁၇၊၁၅၁၀-၂၁၊၁ရး၁၄-၂၇၊၂၀း၇-၁၈)။
နောက်အခန်းကြီး ငါးခန်းမှာ သတိပေးချက်ဖြစ်များဖြစ်သည်။ဇေဒကိ ကဲ့သို့သော ခေါင်းဆောင်များမှာ (၂၁း၁-၁၀၊၂၄း၁-၁၀)၊ ရှင်ဘုရင်များများ(၂၁း၁၁-၂၂း၉) ယောခတ်မင်း(ရှလ္လုံ)၊ယောယကိမ်းမင်းနှင့် ယေခေါနိ (၂၂း၁၀-၃၀) စသည်တို့အား သတိပေးချက်ဖြစ်သည်။ထို့အပြင် လိမ်ညာသော ပရောဖက်များအား သတိပေး ခြင်းများ(၂၃း၉-၄၀)၊အိမ်နီးချင်းတိုင်းနိုင်ငံ အသီးသီးတို့၏ ကံကြမ္မာကိုလည်း ဘုရားသခင်ကသာ ကြီးကြပ်အုပ် ချုပ်ကြောင်းတို့ကို ဖော်ပြသည်(၂၉း၁-၃၂) နှောင်ကာလ၌ နိုင်ငံကိုပြန်လည်တည်ဆောက်ပြီး ခေတ်သစ်ဆီသို့ ရောက်စေမည့်အကြောင်း(၃၀း၁-၃၃း၂၆)နှင့် သစ္စာဖောက်ခြင်းနှင့် ပုန်ကန်ခြင်းအပေါ် အပြစ်ပေးခံရမည်ဖြစ်ပြီး သစ္စာရှိခြင်းအတွက် ဆုလာဘ်ရမည့်အကြောင်းများ(၃၄း၁-၃၆း၃၂)ပါဝင်သည်။
ထို့နောက် အချိန်ကာလအစီအစဉ်အတိုင်း ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များကို အခန်းကြီးရှစ်ခန်တွင် ဖော်ပြရာ နောက်ဆုံးတွင် ယေရုရှလင်မြို့ ဝိုင်းရံပိတ်ဆို့ခြင်းနှင့် အဲဂုတ္တုပြည်တွင် ဂျူးတို့ပြောင်းရွှေ့ခိုလုံနေခြင်း၊ယေရမိကို အကျဉ်ချခံရခြင်းနှင့် ပြန်၍လွှတ်မြောက်လာရခြင်း(၃ရး၁-၃၈း၂၉)၊ယေရုရှလင်မြို့ကျဆုံးခြင်း(၃၉း၁-၁၈)ဖြစ်ပြီး၊ ဂေဒလိအား မြို့ဝန်ခန့်အပ်ခြင်းနှင့် ရက်စက်စွာ လုပ်ကြံခံရခြင်း(၄၀း၁-၄၁း၁၈)၊ဂျူးလူအချို့တို့ အဲဂုတ္တုပြည်သို့ ပြောင်းရွှေ့ အိမ်ယာထူထောင်ခြင်း(၄၂း-၄၃း၇)၊အဲဂုတ္တုပြည်ရှိ ဂျူးတို့အတွက် ယေရမိ၏သတင်းစကား(၄၄း၃၀)၊ ယေရမိ၏စာရေး ဗာရုတ်အား ဦးစွာပေးခဲ့သည့် သတင်းစကားကို မှတ်တမ်းပြုခြင်းလည်းပါလေသည်(၄၅း၁-၅)၊။
တိုင်းတစ်ပါးဖြစ်သော အဲဂုတ္တုုပြည်(၄၆း၁-၂၈)၊ဖိလိတ္တိပြည်(၄ရး၁-၇)မောဘပြည်နှင့် အမ္မုန်ပြည်(၄၈း၁-၄၉း၆)၊ဧဒုံပြည်(၄၉း၇-၂၂)၊ဒမသက်မြို့၊ကေဒါပြည်၊ဟာဇော်နိုင်ငံနှင့်ဧလံပြည်(၄၉း၂၃-၃၉)၊ဗာဗုလုန်ပြည်(၅၀း၁-၅၁း၆၄) များသို့ ပေးပို့သောသတင်းစကား၊ ယေရုရှလင်မြို့ကျဆုံးခြင်းနှင့် ပတ်သက်သည့် သမိုင်းကြောင်းဆိုင် ရာ နောက်ဆက်တွဲအသေးစိတ် အချက်အလက်များပါဝင်သည်(၅၂း၁-၃၄)။
သမ္မ၊ကျမ်းစာ၏ အမွေအနှစ်များ
May God Bless You All.
========================
၁။ နိဒါန်း
၃။ ကျမ်း၏အကျဉ်းချုပ်
ထို့နောက် အချိန်ကာလအစီအစဉ်အတိုင်း ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များကို အခန်းကြီးရှစ်ခန်တွင် ဖော်ပြရာ နောက်ဆုံးတွင် ယေရုရှလင်မြို့ ဝိုင်းရံပိတ်ဆို့ခြင်းနှင့် အဲဂုတ္တုပြည်တွင် ဂျူးတို့ပြောင်းရွှေ့ခိုလုံနေခြင်း၊ယေရမိကို အကျဉ်ချခံရခြင်းနှင့် ပြန်၍လွှတ်မြောက်လာရခြင်း(၃၇း၁-၃၈း၂၉)၊ယေရုရှလင်မြို့ကျဆုံးခြင်း(၃၉း၁-၁၈)ဖြစ်ပြီး၊ ဂေဒလိအား မြို့ဝန်ခန့်အပ်ခြင်းနှင့် ရက်စက်စွာ လုပ်ကြံခံရခြင်း(၄၀း၁-၄၁း၁၈)၊ဂျူးလူအချို့တို့ အဲဂုတ္တုပြည်သို့ ပြောင်းရွှေ့ အိမ်ယာထူထောင်ခြင်း(၄၂း-၄၃း၇)၊အဲဂုတ္တုပြည်ရှိ ဂျူးတို့အတွက် ယေရမိ၏သတင်းစကား(၄၄း၃၀)၊ ယေရမိ၏စာရေး ဗာရုတ်အား ဦးစွာပေးခဲ့သည့် သတင်းစကားကို မှတ်တမ်းပြုခြင်းလည်းပါလေသည်(၄၅း၁-၅)၊။
တိုင်းတစ်ပါးဖြစ်သော အဲဂုတ္တုပြည်(၄၆း၁-၂၈)၊ဖိလိတ္တိပြည်(၄၇း၁-၇)မောဘပြည်နှင့် အမ္မုန်ပြည်(၄၈း၁-၄၉း၆)၊ဧဒုံပြည်(၄၉း၇-၂၂)၊ဒမသက်မြို့၊ကေဒါပြည်၊ဟာဇော်နိုင်ငံနှင့်ဧလံပြည်(၄၉း၂၃-၃၉)၊ဗာဗုလုန်ပြည်(၅၀း၁-၅၁း၆၄) များသို့ ပေးပို့သောသတင်းစကား၊ ယေရုရှလင်မြို့ကျဆုံးခြင်းနှင့် ပတ်သက်သည့် သမိုင်းကြောင်းဆိုင် ရာ နောက်ဆက်တွဲအသေးစိတ် အချက်အလက်များပါဝင်သည်(၅၂း၁-၃၄)။