0

ဗျာဒိတ်ကျမ်း Reshare #9Dan Unicode & Zawgyi

 
👑 ဗျာဒိတ်ကျမ်း

Reshare #9Dan Unicode & Zawgyi
¥¥¥¥¥¥
ဘုရားသခင်သည် လူသားများအပေါ်၌ရှင်းလင်းစွာ ပြသခဲ့ခြင်းကို အဆုံးတတ်နိဂုံးချုပ်ခဲ့သည်။ကမ္ဘာဦးကျမ်း
သည် အစပြုသောကျမ်းဖြစ်သကဲ့သို့ ဗျာဒိတ်ကျမ်းသည်
လည်း အဆုံးသတ်သောကျမ်းဖြစ်သည်။
ဤစာစည်နှောက်ဆုံးအချိန်၌ဖြစ်ပျက်မည့်အရာကို
ဖော်ပြသည်။ သခင်ခရစ်တော်ကြွလာမည့်အကြောင်းနှင့်
မကုန်ဆုံးတော့မည့် သူ၏နိုင်ငံတော်အကြောင်းတို့ကိုဖော်ပြ
ထားသည်။

က) စာရေးသူ
စာရေးသူမှာ ယောဟန်ဖြစ်ကြောင်း ၄ကြိမ်ခန့်မျှဖော်ပြ
ထားပါသည် ၁:၄/၂၂:၈ ။

ခ) လက်ခံသူ
ဤဗျာဒိတ်ကျမ်းသည် အာရှမိုင်နားရှိ အသင်းတော်{၇}
ပါးသို့ ပေးပို့သောစာများဖြစ်သည်။ဤအသင်းတော် ၇ပါးက
အသင်းတော်ကြီးကို ကိုယ်စားပြုသည်။

ဂ) ရေးသားသည့်ခုနှစ်
ကနဦးအသင်းတော်က ဗျာဒိတ်ကျမ်းရေးသားချိန်တွင
ဒေါ်မိတိန်း{Domitian} ဘုရင်အုပ်စိုးမူနှောက်ဆုံးပိုင်း
အေဒီ ၉၅-၉၆ ၌ဖြစ်မည်ဟု ယူဆကြသည်။ထို့ကြောင့်
ဤစာစောင်သည် ရှင်ယောဟန်ရေးသားသောကျမ်းများအ
နက် နှောက်ဆုံးရေးသားသောကျမ်းဖြစ်ပြီး ဓမ္မသစ်၌လည်း
နောက်ဆုံးရေးသားသောကျမ်းဖြစ်ဖို့များသည်။

ဃ) ရေးသားသည့် နေရာ
ခရစ်ယာန်များအား အဓိကညှင်းပန်းနှိပ်စက်မှုတို့ကို
ခြောက်ဆယ်ခုနှစ်များအတွင်း နေရူးဧကရာဇ်မင်းအားဖြင့်
လည်းကောင်း၊ကိုးဆယ်ခုနှစ်များတွင် Domitian မင်း
ဧကရာဇာ်အားဖြင့်လည်းကောင်းခံခဲ့ရသည်။ ဤဒုတိယ
ကာလအတွင်း ခရစ်ယာန်သက်သေခံခြင်းအမူကြောင့်
ယောဟန် ထောင်ကျခဲ့သည်။အကျဉ်းချထားသည့်နေရာမှာ
ပတ်မုကျွန်း ဧဖက်မြို့ကမ်းခြေအလွန် အာရှိပြည်နှောက်
ဘက်ရှိ ကျွန်းငယ်ဖြစ်သည်။ဘုရားသခင်ထံမှဖွင့်ပြခြင်းများ
ရပြီးနှောက် ထိုဖွင့်ပြခြင်းများစာအုပ်တွင်ရေးမှတ်ခဲ့သည်။

င) ရေးသားသည့်အခြေအနေ
ဤအချိန်တွင် ဧကရာဇာ်ဘုရင်ကိုကိုးကွယ်မှု မူဝါဒကို
အစိုးရကအတင်းအကြပ်ပြုလုပ်ခြင်းကြောင့် ခရစ်ယာန်များ
အကျဉ်းချခံရမှု၊ညှဉ်ပန်းနှိပ်စက်ခြင်းနှင့် အသေသတ်ခြင်း
ခံကြရသည် ဗျာ ၂:၁၀,၁၃;၆:၉-၁၁။ အသင်းတော်အတွင်း
ခရစ်ယာန်များကို မိစ္ဆာဒိဌိအလေ့အကျင့်များ ကျင့်သုံးကြ
ရန် မိစ္ဆာဆရာများက အားပေးအားမြောက်ပြုလုပ်နေသည
ဗျာ ၂:၁၄၊၂၀-၂၁။ အချို့ခရစ်ယာန်တို့မှာ မိမိတို့ယုံကြည်မှု
ကိုစွန့်လွှတ်ကြပြီး၊ အချို့တို့မှာ စိတ်ဓာတ်ကျနေကြသည်။
အချို့တို့မှာ စိတ်အတွင်းရှုပ်ထွေးမှုများဖြစ်ပေါ်နေကြသည်။
ထိုသို့သောအခြေအနေများကြောင့် ဘုရားသခင်ကိုယ်တိုင်
မိန့်ကြားခဲ့ပြီး ယောဟန်အားရေးမှတ်စေခဲ့ခြင်းဖြစ်ပါသည်။

စ) ရည်ရွယ်ချက်
ဤစာအုပ်သည် ယုံကြည်သူများ ညှင်းပန်းနှိပ်စက်ခြင်း
မှ ကြံ့ကြံ့ခံနိုင်ဖို့ရန် ခွန်အားပေးတိုက်တွန်းခြင်းကို ရည်ရွယ်
ပြီး ရေးသားခြင်းဖြစ်သည်။

ဆ) အဓိကအကြောင်းအရာ
ဘုရားသခင်၏နေ့ရက်၌ ယေရှုပြန်လည်ကြွလာတော်
မူပြီး ရန်သူအပေါင်းကို ဒဏ်ခတ်ကာ မိမိလူအပေါင်းကို
ကယ်တင်၍ ထာဝရနှင့် အသစ်သောအချိန်ကာလကို
ယူဆောင်လာတော်မူမည်။

သမ္မာကျမ်းစာ၏ အမွေအနှစ်များ

👑 ဗ်ာဒိတ္က်မ္း

Reshare #9Dan Unicode & Zawgyi
¥¥¥¥¥¥
ဘုရားသခင္သည္ လူသားမ်ားအေပၚ၌ရွင္းလင္းစြာ ျပသခဲ့ျခင္းကို အဆံုးတတ္နိဂံုးခ်ဳပ္ခဲ့သည္။ကမ႓ာဦးက်မ္း
သည္ အစျပဳေသာက်မ္းျဖစ္သကဲ့သို႔ ဗ်ာဒိတ္က်မ္းသည္
လည္း အဆံုးသတ္ေသာက်မ္းျဖစ္သည္။
ဤစာစည္ေႏွာက္ဆံုးအခ်ိန္၌ျဖစ္ပ်က္မည့္အရာကို
ေဖာ္ျပသည္။ သခင္ခရစ္ေတာ္ႂကြလာမည့္အေၾကာင္းႏွင့္
မကုန္ဆံုးေတာ့မည့္ သူ၏ႏိုင္ငံေတာ္အေၾကာင္းတို႔ကိုေဖာ္ျပ
ထားသည္။

က) စာေရးသူ
စာေရးသူမွာ ေယာဟန္ျဖစ္ေၾကာင္း ၄ႀကိမ္ခန္႔မၽွေဖာ္ျပ
ထားပါသည္ ၁:၄/၂၂:၈ ။

ခ) လက္ခံသူ
ဤဗ်ာဒိတ္က်မ္းသည္ အာရွမိုင္နားရွိ အသင္းေတာ္{၇}
ပါးသို႔ ေပးပို႔ေသာစာမ်ားျဖစ္သည္။ဤအသင္းေတာ္ ၇ပါးက
အသင္းေတာ္ႀကီးကို ကိုယ္စားျပဳသည္။

ဂ) ေရးသားသည့္ခုႏွစ္
ကနဦးအသင္းေတာ္က ဗ်ာဒိတ္က်မ္းေရးသားခ်ိန္တြင
ေဒၚမိတိန္း{Domitian} ဘုရင္အုပ္စိုးမူေႏွာက္ဆံုးပိုင္း
ေအဒီ ၉၅-၉၆ ၌ျဖစ္မည္ဟု ယူဆၾကသည္။ထို႔ေၾကာင့္
ဤစာေစာင္သည္ ရွင္ေယာဟန္ေရးသားေသာက်မ္းမ်ားအ
နက္ ေႏွာက္ဆံုးေရးသားေသာက်မ္းျဖစ္ၿပီး ဓမၼသစ္၌လည္း
ေနာက္ဆံုးေရးသားေသာက်မ္းျဖစ္ဖို႔မ်ားသည္။

ဃ) ေရးသားသည့္ ေနရာ
ခရစ္ယာန္မ်ားအား အဓိကညႇင္းပန္းႏွိပ္စက္မႈတို႔ကို
ေျခာက္ဆယ္ခုႏွစ္မ်ားအတြင္း ေနရူးဧကရာဇ္မင္းအားျဖင့္
လည္းေကာင္း၊ကိုးဆယ္ခုႏွစ္မ်ားတြင္ Domitian မင္း
ဧကရာဇာ္အားျဖင့္လည္းေကာင္းခံခဲ့ရသည္။ ဤဒုတိယ
ကာလအတြင္း ခရစ္ယာန္သက္ေသခံျခင္းအမူေၾကာင့္
ေယာဟန္ ေထာင္က်ခဲ့သည္။အက်ဥ္းခ်ထားသည့္ေနရာမွာ
ပတ္မုကၽြန္း ဧဖက္ၿမိဳ႕ကမ္းေျခအလြန္ အာရွိျပည္ေႏွာက္
ဘက္ရွိ ကၽြန္းငယ္ျဖစ္သည္။ဘုရားသခင္ထံမွဖြင့္ျပျခင္းမ်ား
ရၿပီးေႏွာက္ ထိုဖြင့္ျပျခင္းမ်ားစာအုပ္တြင္ေရးမွတ္ခဲ့သည္။

င) ေရးသားသည့္အေျခအေန
ဤအခ်ိန္တြင္ ဧကရာဇာ္ဘုရင္ကိုကိုးကြယ္မႈ မူဝါဒကို
အစိုးရကအတင္းအၾကပ္ျပဳလုပ္ျခင္းေၾကာင့္ ခရစ္ယာန္မ်ား
အက်ဥ္းခ်ခံရမႈ၊ညႇဥ္ပန္းႏွိပ္စက္ျခင္းႏွင့္ အေသသတ္ျခင္း
ခံၾကရသည္ ဗ်ာ ၂:၁၀,၁၃;၆:၉-၁၁။ အသင္းေတာ္အတြင္း
ခရစ္ယာန္မ်ားကို မိစၧာဒိဌိအေလ့အက်င့္မ်ား က်င့္သံုးၾက
ရန္ မိစၧာဆရာမ်ားက အားေပးအားေျမာက္ျပဳလုပ္ေနသည
ဗ်ာ ၂:၁၄၊၂၀-၂၁။ အခ်ိဳ႕ခရစ္ယာန္တို႔မွာ မိမိတို႔ယံုၾကည္မႈ
ကိုစြန္႔လႊတ္ၾကၿပီး၊ အခ်ိဳ႕တို႔မွာ စိတ္ဓာတ္က်ေနၾကသည္။
အခ်ိဳ႕တို႔မွာ စိတ္အတြင္းရႈပ္ေထြးမႈမ်ားျဖစ္ေပၚေနၾကသည္။
ထိုသို႔ေသာအေျခအေနမ်ားေၾကာင့္ ဘုရားသခင္ကိုယ္တိုင္
မိန္႔ၾကားခဲ့ၿပီး ေယာဟန္အားေရးမွတ္ေစခဲ့ျခင္းျဖစ္ပါသည္။

စ) ရည္ရြယ္ခ်က္
ဤစာအုပ္သည္ ယံုၾကည္သူမ်ား ညႇင္းပန္းႏွိပ္စက္ျခင္း
မွ ၾကံ့ၾကံ့ခံႏိုင္ဖို႔ရန္ ခြန္အားေပးတိုက္တြန္းျခင္းကို ရည္ရြယ္
ၿပီး ေရးသားျခင္းျဖစ္သည္။

ဆ) အဓိကအေၾကာင္းအရာ
ဘုရားသခင္၏ေန႔ရက္၌ ေယရႈျပန္လည္ႂကြလာေတာ္
မူၿပီး ရန္သူအေပါင္းကို ဒဏ္ခတ္ကာ မိမိလူအေပါင္းကို
ကယ္တင္၍ ထာဝရႏွင့္ အသစ္ေသာအခ်ိန္ကာလကို
ယူေဆာင္လာေတာ္မူမည္။

သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...