♡ ရုသဝတ္ထု ခြုံငုံလေ့လာခြင်း - Book of Ruth.
Reshare #9Dan Unicode & Zawgyi
••••••••••••••••••••••••
၁။နိဒါန်း
ရုသသည် ကျမ်းထဲတွင် အဓိက ဇာတ်ကောင်အနေဖြစ်
မီးမောင်းထိုး ဖော်ညွန်းထားလေသည်။ တရားသူကြီးများ၏
ခေတ်ကာလ၌ဖြစ်ပြီး ဘီစီ ၁၁၅၀ခုနှစ်ဝန်ကျင့်ခန့်ဖြစ်မည်။
ကျမ်းရေးသားသူမှာ ရှာမွေဖြစ်နိုင်မည်ဟုသာယူဆရသည်။
ထိုအချိန်ကာလ၌က္ကသရေလလူမျိုးများကဘုရားသခင်ကို
ကျော်ခိုင်းခဲ့ပြီး မမှန်သော ဘုရားကို ကိုးကွယ်နေကြသည်။
သို့သော်လည်းအချို့အနည်းစုမှာ ဆက်လက်သစ္စာရှိစွာဖြင့်
ထာဝရဘုရားကိုသာ ကိုးကွယ်နေကြသည်။သူတို့၏နေ့စဉ်
အသက်တာ၊အမှုကိစ္စအဝဝတို့တွင် ဘုရားသခင်က သူတို့
ရဲ့ကောင်းကျိုးအတွက် ဆက်လက်စီမံခန့်ခွဲလျှက်ရှိသည်။
၂။ ကျမ်းတွင်ပါသော အကြောင်းအရာအကျဉ်း
ကျမ်း၏အစပြုမှာ က္ကသရေလပြည်၌အစာခေါင်းပါး
ခြင်းဘေးကြုံရသောကြောင့် ယုဒပြည်ဗက်လင်မြို့ဧဖရတ်
အရပ်သားဖြစ်သော ဧလိမလက်သည် သူ့မယားနောမိနှင့်
သားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့ကိုခေါ်ဆောင်၍ မောဘပြည်သို့တည်းခိုရန်သွားကြသည်။ထိုမောဘပြည်၌
နေစဉ် သားတို့သည် မောဘပြည်သူ ရုသနှင့် ဩရပ ဟု အမည်ရှိသော မိန်းမ နှစ်ယောက်နှင့် စုံဖက်လေသည်။
တစ်နေ့၌ ဧလိမလက်သည် သေသွား၍ သားနှစ်ယောက်
လည်း သေးဆုံကြသည်။ထို့နောက်တွင် ဘုရားသခင်သည်
က္ကသရေလပြည်ကို အစာခေါင်ပါးခြင်းဘေးမှ ပြန်၍ကောင်း
ကြီးပေးတော်မူကြောင်း နောမိကြားသိသောအခါ မိမိ၏မြို့
သို့ပြန်သွားရန်ဆုံးဖြတ်ခဲ့လေသည်။ ထိုအခါ မိမိ၏ ချွေးမ
နှစ်ယောက်အား သူတို့မွေးရပ်ပြည် မိဘများထံပြန်သွားကြ
ဖို့တိုက်တွန်းလေသည်။သူမနှစ်ဦးမှာ နောမိ၏သားတို့နှင့်
သားသမီးမရခဲ့သောကြောင့် နောက်အိမ်ထောင်ပြုလျှင်ဖြင့်
လင်ယောင်္ကျားကောင်းလည်းရနိုင်သေးမည်ဟုလျှောက်ဆို
သည်။ထို့အတူ ချွေးမ ဩရပသည် ယောက္ခမနောပိကို နမ်း
၍ မိမိမွေးရပ်မြေသို့ပြန်သွားပြီး ချွေးမ ရုသမှာ ယောက္ခမ
နောမိနောက်သို့ အသက်ဆုံးထိတိုင်လိုက်ကာ သူကိုးကွယ်
သော ဘုရားကိုသာလျှင် ကိုးကွယ်မည်ဟု ကိတိပြုခြင်းဖြင့်
နောမိနောက်သို့လိုက်လေသည်။
၂.၁ ဗက်လင်မြို့သို့ပြန်ရောက်ခြင်း
နောမိသည် ရုသနှင့်အတူ က္ကသရေလပြည်သို့ ပြန်
သွားကာ မိမိ၏မြို့ဖြစ်သော ဗက်လင်မြို့တွင်နေထိုင်ကြ
သည်( ၁:၁-၂၂)။ ရုသသည် ယောက္ခမ နောမိနှင့် မိမိအဖို့
အလို့ငှာ စပါးကောက်သင်းကောက်ခြင်းအလုပ်ကို လုပ်
ဆောင်ခဲ့သည်။ သူမ သွားရောက်၍ ကောက်သင်းကောက်
ခဲ့သော လယ်ကွက်ပိုင်ရှင်မှာ ဧလိမလက်နှင့် ဆွေမျိုးနီးစပ်
တော်စပ်သူ ဗောဇဖြစ်ကြောင်း ရုသမသိခဲ့သော်လည်းဘဲ
ယောက္ခမ နော်မိအပေါ် ရုသ ကရုဏာထားကြောင်း ဗောဇ
သိသောအခါ ရုသအပေါ်အထူးမေတ္တာပြခဲ့သည်(၂:၁-၂၃)။
ဗောဇသည် ဧလိမလက်၏ အနီးစပ်ဆုံးဆွေမျိုးဖြစ်
မည်ဟု နောမိမှတ်ထင်ခဲ့သည်။ထိုသို့ကြောင့် ဗောဇအား
မိမိတွင် ကလေးတစ်ယောက်ရရန် ရုသအား နောမိ အကြံ
ပြုခဲ့သည်။ ထိုသို့မှသာ သူတို့၏ထုံတမ်းစဉ်လာအရအားဖြင့်
သေသွားသောသူ၏ ကလေးအဖြစ် အသိမှတ်ပြုခြင်းကိုခံရ
မည်ဖြစ်သည်။ထိုကလေးကြီးလာသောအခါ သေသွားသော
သူ၏အမည်နှင့် အမွေကို ဆက်ခံရမည်ဖြစ်သည်။ထိုသို့ဖြင့်
ရုသသည် ဗောဇအား မေတ္တာရပ်ခံခဲ့သော် မိမိထက်ဆွေမျိုး
နီးစပ်တော်သူ အသက်ရှင်လျှက်ရှိကြောင်း အမှန်အတိုင်း
ပြောပြီး အကယ်၍ထူသူတို့က လက်မခံနိုင်ခဲ့လျှင် သူလက်
ခံမည်ဟု ပြောလေသည်( ၃:၁-၁၈)။
ဗောဇသည်လည်း နီးစပ်သောဆွေမျိုးထံသို့သွား၍
အကျိုးအကြောင်း၊ကိစ္စအတိုင်းပြောရာတွင် ဧလိမလက်နှင့်
၎င်း၏သားအမည်ကို ဆက်လက်သယ်ဆောင်ဖို့ ကလေးရ
အောင် လုပ်ဆောင်ရမည့်အပြင် အခြားသောဝတ္တရားတစ်
ခုလည်းရှိနေ၍ နောမိရောင်းခဲ့သော မိသားစုပိုင်လယ်ကွက်
များ ထိုသူကပြန်ဝယ်ယူရမည်။ဤသို့ဖြငိ့ ဧလိမလက် နှင့်
သားတို့အမွေကိုဆက်လက်ထိန်းသိမ်းထားရာရောက်မည်။
ထိုနောက် မွေးဖွားလာမည့်ကလေးမှာ နောက်ဆုံး၌ မိသား
စုအမွေရသွားမည်ဖြစ်သောကြောင့် မိမိကိုယ်စား ဗောဇ
သာလျှင် ထိုတာဝန်ကိုထမ်းဆောင်ရန် နီးစပ်သောဆွေမျိုး
က တောင်ဆိုခဲ့သည်။ ဗောဇကလည်း သဘောတူကျေနပ်
လက်ခံခဲ့သည်(၄:၁-၂၂)။
၂.၂ ဗောဇ
ဗောဇသည် ယေရိခေါ်မြို့ပျက်စီးစဉ်က က္ကသရေလ
လူတို့ကို ကယ်တင်ခဲ့သော ရာခပ်မှ ဆင်းသက်လာသောသူ
ဖြစ်လိမ့်မည်(ယောရှု ၆:၁၇၊ရု:၄:၁၈-၂၂)။ ဗောဇသည်
ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူဖြစ်ပြီး ဘုရားတရား
ကိုလည်း ကိုင်းရှိုင်းသူဖြစ်သည်။ မိုဆိုးမဖြစ်ပြီး ယောက္ခမ
အပေါ် ကြင်နာမှုထားရှိသည့် ရုသအား အလွန်သဘောကျ
လျှက်ဆုပေးခဲ့သည်( ရု ၂:၁၁-၁၂)။ ရွာခံလုလင်တို့ရန်မှ
လည်း ကာကွယ်ပေးသည်(ရု ၂:၈-၉၊၂၂)။ စားစရာများဖို့
အစားအစာနှင့်ရေများကိုလည်းပေးသည်( ရု ၂:၉၊၁၄)။
ကောက်သင်းကောက်ခြင်း ဆုလည်းချပေး၏( ၂:၁၆-၂၀)။
အပိုစပါးများလည်း ပေးလေသည်( ၃:၁၅)။ က္ကသရေလနှင့်
မောဘပြည်သူတို့အကြား ခိုက်ရန်ဖြစ်ပွားမှာများရှိခဲ့သော်
လည်း ဗောဇသည် မောဘပြည်သူ ရုသအပေါ်မှာ လူမျိုးခွဲ
ခြားမှုမပြုလုပ်ခဲပေ( ၂:၆၊၁၀)။ ရုသသည် မိမိ၏သေဆုံးခဲ့
သော ယောင်္ကျား၏အမည်ကို သူ၏ညီအစ်ကိုစုထဲက တစ် ယောက်ယောက်က ဆက်လက်ထိန်းသိမ်းရန်လိုလားသော
စိတ်ဆန္ဒအလျှောက် ဗောဇအားတောင်ဆိုသောအခါတွင်
လည်း ဗောဇက ရက်ရောစွာတုံ့ပြန်ခဲ့သည်။သူသည် ရုသ
နှင့် ပတ်သက်၍ ဆက်ဆံရာတိုင်းတွင် အိမ်ထောင်ပြုရေး
နှင့် ပတ်သက်၍သော်လည်းကောင်း၊ ပိုင်ဆိုင်မှုဥစ္စာပစ္စည်း
များနှင့် ပတ်သက်၍သော်လည်းကောင်း တည်ကြည်ပွင့်
လင်းမှုရှိခဲ့သည်( ၃:၁၁-၁၃၊ ၄:၁-၆)။
၄.ဗောဇနှင့် ရုသ ထိမ်မြားခြင်း
ဗောဇသည် ရုသကိုသိမ်း၍လက်ထပ်ထိမ်မြားခဲ့ပြီး
စုံဖက်လျက်ဆက်ဆံသောအခါ ဘုရားသခင်၏ကျေးဇူးပြု
ခြင်းကြောင့် ရုသမှာ ပဋိသန္ဓေတည်၍ သားယောင်္ကျားကို
မွေးဖွားလေလသည်။ နောမိသည် ဝမ်းမြောက်ရွင်လန်းစွာ
ဖြင့် ကလေးကိုပေိုက်ချီလျက်ထိန်းလေသည်။ဆွေမျိုးသား
ချင်းများကလည်း အတူဝမ်းမြောက်ပေးသောစိတ်ရှိကြကာ
နောမိ၌ ဘုရားသခင်၏မင်္ဂလာခံစားရလေသည်ဟူ၍ နှုတ်
မြွတ်ကောင်းကြီးပေးကြသည်။ ရုသမွေးဖွားသော သားကို
ဩဗက်အမည်ဖြင့်မှည့်ကြသည်။ စာလမုန်သား ဗောဇ၊
ဗောဇသား ဩဗက်၊ ဩဗက်သား ယေရှဲ၊ ယေရှဲသား ဒါဝိဒ်
ဖြစ်လေသည်။ ရရှိလာသော သားသည် ဒါဝိဒ်မင်းကြီး နှင့်
မေရှိယဖြစ်တော်မူသော ယေရှု၏ ဘိုးဘေးဘီဘင်ဖြစ်လေ
သည်( ရု ၄:၁၈-၂၂။ မဿဲ ၁:၁၊၅)။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
••••••••••••••••••••••••
၁။နိဒါန်း