ဓမ္မရာဇဝင် စတုတ္ထုစောင် အကြောင်းအကျဉ်း
Reshare #9Dan Unicode & Zawgyi
××××××××××××××××××××××××××
၁။ နိဒန်း
ဓမ္မရာဇဝင် စတ္ထုစောင်မှာ တတိယစောင်နှင့် အတွဲဖြစ်
သည်။ဖြစ်ပျက်သည့်ခုနှစ်မှာ ၈၅၂-၅၈၇ ဘီစီအတွင်းဖြစ်ပြီး
ကျမ်းကိုရေးသားသူ၏ အမည်မှာ အတိအကျဖော်ညွန်း
ထားခြင်းမရှိသော်လည်း ပရောဖက်ဟေရှာယနှင့် ယေရမိ
ဖြစ်နိုင်မည်ဟုယူဆသည်။
၂။ ဧလိယ၏နေရာကို ဧလိရှဲဆက်ခံခြင်း
က္ကသရေလရှင်ဘုရင် အာခဇိမင်းသည် ပြတင်ပေါ်မှကျ
၍နာသောကြောင့် ပြန်လည်ကျန်းမာခြင်းသို့ရောက်မည်၊
မရောက်မည်ကို ဧကြုန်မြို့၏ဘုရာ ဗာလဇေဗုတ်သို့သွား
၍မေးမြန်စေသောကြောင့် ဘုရားသခင်က ဧလိယအားဖြင့်
ပရောဖက်ပြု၍ ဘုရင်သေရမည်ဟုပြောစေလေသည်။ထို
သဲ့သို့ပင် အာခဇိသည်အနာဖြင့်သေးဆုံးသည်(၁:၁-၁၈)။
ဧလိယသည် ဘုရားသခင်၏ရသိမ်းယူမည့်အချိန်ရောက်
၍ ယောဒန်မြစ်တစ်ဖက်သို့ ခရီးပြုလေသည်။သူ့နေရာ၌
ဆက်ခံဖို့ရန် ဧလိရှဲအား ဘိသိက်ထားပြီးဖြစ်သည်။ ဧလိရှဲ
သည်လည်း ဧလိယအား တပ်ကြပ်မခွာနောက်သို့လိုက်လေ
သည်။ဧလိယက နေရစ်ခဲ့ရန်ပြောဆိုသော်လည်း ဧလိယ၏
နှောက်ဆုံ သိမ်းယူခြင်းအထိလိုက်သွားလိုသောကြောင့်
ထပ်၍မတားတော့ပဲ မိမိအလိုရှိသောအရာကိုမေးခဲ့သည်။
ထို့အခါ ဧလိရှဲကလည်း ဝိညာဉ်တန်ခိုးနှစ်ဆရရှိရန်တောင်း
ဆိုခဲ့သည်။ထိုအခါ သင်သည် ရခဲသောဆုကိုတောင်း၏
သို့သော်လည်း ငါ့ကိုသိမ်းယူခြင်းကိုသင်မြင်လျှင်ရလိမ့်မည်
ဟုဆိုသည့်အတိုင်း ဧလိရှဲသည်မြင်တွေ့ရလေသည်။
ဧလိယ၏ ဝတ်လုံသည် မြေသို့ကျလာကာ သူသည်ယူ၍
ယော်ဒန်မြစ်ကို ရိုက်သောအခါ ရေသည်နှစ်ခြမ်းကွဲ၍
တစ်ဖက်သို့ လျှောက်သွားလေသည်( ၂:၁-၁၄)။
ထိုအခါ ယေရိခေါ်မြို့မှ ပရောဖက်အမျိုးသားတို့သည်
ဧလိယ၏ ဝိညာဉ်တန်ခိုးသည် ဧလိရှဲပေါ်မှာ ကိန်းဝပ်နေ
ကြောင်းသိမြင်၍ အရိုသေပေးကြလေသည်(၂:၁၅)။
၃။ ဧလိရှဲ၏ ထူးခြားအမှုပြုခြင်း အကျဉ်း
ထို့နောက် မကြာမီ ဧလိရှဲသည် ဘုရားသခင်၏ဩဖွယ်
သော တန်ခိုးတော်ကို ပြသခဲ့သည်(၂:၁၆-၃:၂၇)။
က္ကသရေလပြည်တွင် ဘုရားသခင်အပေါ်သစ္စာရှိသော
ယုံကြည်သူတို့အား ထိန်းသိမ်းကာကွယ်ရန် အံ့ဩဖွယ်ရာ
လုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့သည်(၄:၁-၆:၇)။
~ မုဆိုးမ၏ဆီ
မုဆိုးမ၏အကြွေးများပြန်ဆပ်နိုင်ရန်သူမ၏ဆီဗူးများကို
ကောင်းကြီးပေး၍ အိုးလပ်မရှိကျန်သိအထိပြည့်လျှံကာ
ဆီများရောင်း၍ ကြွေးရှင်လက်ထဲမှာ သားနှစ်ယောက်ကို
လည်းပြန်လွတ်မြောက်ရခွင့်ရှိစေသည်(၄:၁-၇)။
~ရှုနင်မြို့သူ၏သား ပြန်ရှင်
ရှုနင်မြို့သူအား ဧလိရှဲကို ဧည့်ဝတ်ပြုခြင်းဖြင့် သူမတို့
ကလေးမရနိုင်းခြင်းအဖြစ်မှ သားလေးမွေးဖွားရရှိခွင့်ကို
ဘုရားသခင်က ဧလိရှဲအားဖြင့်ကောင်းကြီးပေးခဲ့သည်။
ထို့နောက် သားငယ်သည် ဖျာနာ၍အသက်ဆုံးသွားရာမှ
ဧလိရှဲ၏ဆုတောင်းပေးခြင်းဖြင့် သားငယ်သည်အသက်
ပြန်ရှင်လာသည်( ၄:၈-၃၇)။
~အဆိပ်သေဘးမှ ကင်းလွတ်
ဧလိရှဲသည် ဂိလဂါလပြည်သို့သွား၍ ထိုပြည်၌ အစာ
ခေါင်းပါးမှုဖြစ်လေရာ ဖရောဖက်အမျိုးသားတို့နှင့်အတူ
အစားသုံးဆောင်ဖို့ ချက်ပြုသူအား အဆိပ်ပါရှိကြောင်းမသိ
ခဲ့ဘဲ စားကြသော်အခါ ဧလိရှဲအားဖြင့် ထိုသေဘေးအဆိပ်
မှလွတ်မြောက်စေခဲ့သည်( ၄:၃၈-၄၁)။
~လူတစ်ရာအား ကျွေးမွေး
ဗာလရှလိရှမြို့မှ လူတစ်ယောက်သည် အဦးသီးသော
မုယောဆန်မုန့်လုံးနှစ်ဆယ်နှင့် အသီးအနှံအချို့ကို ဧလိရှဲ
ထိယူဆောင်လာသောအခါ ထိုအရပ်၌ လူတစ်ရာခန့်ရှိ
သော သူအားလုံးကိုကျွေးရန်ဆိုခဲ့သည်။လူတစ်ရာအဖို့
မလောက်နိုင်ကြောင်းပြောသော်လည်း ဧလိရှဲ၏ပြောကြား
ခြင်းအတိုင်း အားလုံးသည်ဝစွာစားကြပြီးနောက် အကြွမ်း
အကျန်များလည်းရှိလေသည်( ၄:၄၂-၄၄)။
~ဗိုလ်ချုပ်နေမန် နူနာမှ ကျန်းမာ
ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်း နေမန်သည် နူနာစွဲနေသော
ကြောင့် က္ကသရေလပြည်မှ သိမ်းယူသော မိန်းမငယ်၏ညွန်
ကြားချက်အတိုင်း ဧလိရှဲထံသို့ရောက်လာသည်။ထိုအခါ
ဧလိရှဲစေညွန်းသည့်အတိုင်း ယောဒန်မြစ်၌ကိုယ်ကို ခုနှစ်
ကြိမ်နှစ်၍ နူနာစွဲခြင်းမှ ပကတိကျန်းမာရလေသည်။ထိုသို့
နေမန်ပေးသော လက်ဆောင်များကို ဧလိရှဲမခံယူသော်
လည်း သူတပည့်ဂေဟာဇိက ပြန်တောင်ယူသောကြောင့်
နေမန်၏နူနာသည် သူနှင့်မိသားစုတို့အပေါ်တက်ရောက်
လေသည်(၅:၁-၂၇)။
~ရေထဲမှပုဆိန် ပြန်ရခြင်း
ဧလိရှဲ၏တပည့်များ တိုးပွားလာသည်နှင့်အမျှ သူတို့အဖို့
တည်းခိုရာအိမ်ကိုချဲ့၍ တည်ဆောက်ရန်လိုကြောင်း တစ်ဦး
က ပန်ကြားမှုကို သဘောတူ၍ ယောဒန်မြစ်နားသို့သစ်ပင်
ခုတ်နေကြစဉ် တစ်ဦး၏ ပုဆိန်မှာ ရေထဲပြုတ်ကျခဲ့သည်။
ဧလိရှဲအားဖြင့် ထိုပုဆိန်ကို ရေထဲမှ သစ်ကိုင်းဖြင့် ပြန်ဆယ်
ယူလေသည်( ၆:၁-၇)။
~ရှုရိစစ်သားများ မျက်စိကန်းစေခြင်း
ရှုရိရှင်ဘုရင်သည် က္ကသရေလပြည်ကို လုပ်ကြံရန်စစ်မှု
ပြင်ဆင်ရာ နှစ်ကြိမ်မက လွှဲချော်ခြင်းကြောင့် ထိုလျို့ဝှက်
အကြံကို ကြိုတင်သိနိုင်သော ဧလိရှဲရှိရာသို့ စစ်တပ်များကို
စေလွှတ်ခဲ့သော် ထိုသူအားလုံးတို့သည် ဧလိရှဲဆုတောင်း
ခြင်းဖြင့် မျက်စိကန်းကုန်ရကြလေသည်။ထိုသူတို့ကို က္ကသရေလပြည် မြို့ထဲသို့ခေါ်ဆောင်သွားကြပြီး သတ်ခွင့်
မပြုဘဲ မျက်စိပြန်ပွင့်စေကာ အစားအစာသုံဆောင်စေပြီးမှ
သူတို့ပြည်သို့ ပြန်လွှတ်စေသည်။ထိုအမှုအားဖြင့် ရှုရိလူတို့
ပြန်၍မလာဝံ့ကြပေ(၆:၈-၂၃)။
~ ရှာမာရိမြို့ ငတ်မွတ်ဘေးမှ ကယ်လွတ်ခြင်း
ရှုရိရှင်ဘုရင်သည် ရှာမရိမြို့ကို ကြာမြင့်စွာ ဝိုင်းရံခြင်း
ကြောင်း ရှာမရိမြို့၌ မိမိသားငယ်ကို သတ်စားရသည့်အထိ
အစာငတ်မွန်ဘေးနှင့်ကြုံတွေ့ရလေသည်။ ဘုရားသခင်က
ထိုဘေးမှ နူနာလေးဦးရဲ့ ခြေလှမ်းကိုအသုံးပြုပြီး ရန်သူ
အားလုံးထွက်ပြေးရသည့်အဖြစ်နှင့် အစာငတ်မွန်မှုဘေးမှ
ကယ်တင်ခဲ့သည်။ဧလိရှဲစကားကို မယုံသော အမတ်တစ်
ယောက်မှာ မြင်ရသော်လည်း မစားရဘဲအသက်ထွက်ရ
လေသည်( ၆:၂၄-၇:၁-၂၀)။
၄။ တိုင်းပြည်နှင့် ဘုရင်များအသက်တာ အကျဉ်း
က္ကသရေလပြည်အတွင်း ဘုရားသခင်ပေါ် သစ္စာမဲ့နေခြင်း
များကြောင့် ခုနှစ်နှစ် အစာခေါင်းပါးခြင်းဘေး ပြစ်ဒဏ်ကျ
ရောက်မည့် သတိပေးချက်များဖြင့် အံ့ဩဖွယ်လုပ်ဆောင်
ချက်များဖြစ်ခဲ့သည်( ၆:၈-၈:၁၅)။ သို့သော်လည်း ယေဇ
ဗေလ၏ မှားယွင်းသော ဗာလဘုရားကိုးကွယ်မှု ဆက်လက်
ထွန်းကားပြီး၊ ယုဒပြည်သို့ပင် ပြန့်နံ့ခဲ့သည်( ၈:၁၆-၉:၁၀)။
အာဟပ်နှင့် ယေဇဗေလတို့အား တပ်မှူးယေဟုက တော်
လှန်ခဲ့ပြီး၊ က္ကသရေလပြည်တွင်းမှ မှားယွင်းတဲ့ ဗာလဘုရား
ကိုးကွယ်မှုကို ဖယ်ရှားနိုင်ခဲ့သည်( ၉:၁၁-၁၀:၃၆)။
ယေဇဗေလ၏ ဗာလဘုရားကိုးကွယ်မှုကို ယုဒပြည်အတွင်း
ယဇ်ပုရောဟိတ် ယောယဒလအမည်ရှိသူက ဦးဆောင်ပြီး
ပုန်ကန် ဖယ်ရှားခဲ့သည်(၁၁:၁-၂၁)။ ယုဒပြည်၌ စစ်မှန်တဲ့
ထာဝရဘုရား ကိုးကွယ်မှုကို ပြန်လည်တည်ထောင်စေခဲ့
သည်( ၁၂:၁-၂၁)။ သို့သော် ထိုအချိန်တွင် က္ကသရေလ
ပြည်၌ ပြောင်းလဲမှု မရှိခဲ့ပေ(၁၃:၁-၁၄:၂၂)။
ရှုရိပြည်အင်အားဆုတ်ယုတ်လာသောအခါ က္ကသရေလ
ပြည် ဒုတိယမြောက် ယေရောဗောင်မင်း၏ လက်အောက် နှင့် ယုဒပြည် ဩဇိမင်းလက်အောက် တွင် လုံခြုံခြင်းနှင့်
စီးပွားရေးတိုးတက်ခြင်း ခံစားရကြသည်(၁၄:၂၃-၁၅:၇)။
ဩဇိမင်း အနိစ္စရောက်ပြီးနောက် ယုဒပြည်တွင်းရေမှာ
ရှုပ်ထွေးမှုများဖြစ်ပေါ်လာပြီး အတိဒုက္ခရောက်ခဲ့လေကာ
အာခတ်မင်း၏ အုပ်ချုပ်မှုအောက်ကျရောက်ခဲ့သည်( ၁၅:
၈-၁၆:၂၀)။ ဒုတိယယေရောဗောင် အနိစ္စရောက်ပြီးနောက်
မြောက်ပိုင်းနိုင်ငံလည်း ဆုတ်ယုတ်ယိုယွင်းလာသည်။ထိုသို့
နှောက်ဆုံးတွင် အာရှုရိလူတို့က အနိုင်ရပြီး၊ က္ကသရေလလူ
တို့ကိုလည်း အာရှုရိပြည်သို့ အနံ့အပြားခေါ်ဆောင်သွားကြ
သည်( ၁၇:၁-၄၁)။
က္ကသရေလအမျိုးသားပိုင်မြေအဖြစ် ယုဒပြည်သာကျန်
ရသည့်အထိရောက်သွားသည်။ဘုရားတရားကို ကြည်ညို
လေးစား ကိုင်းရှိုင်းသော ဟေဇကိမင်းတက်လာသည့်အခါ
သူ၏အုပ်ချုပ်မှုအတွင်း အသစ်သောမူဝါဒများကြောင့်
အာရှုရိတို့ လွမ်းမိုးမှုအောက်မှ တိုင်းပြည်ကိုလွတ်မြောက်
စေနိုင်ခဲ့သည်( ၁၈:၁-၂၀:၂၁)။ သို့သော်လည်း မနောရှေ
မင်း၏ဆိုးယုတ်စွာ ငါးဆယ့်ငါးနှစ်မျှ အုပ်ချုပ်မှုအောက်တွင်
တိုင်ပြည်တရားစီရင်ခြင်းခံရမည့် အြခေအနေသို့ ကျဆင်း
ခဲ့ရပြန်သည်( ၂၁:၁-၂၆)။ထို့နောက်မှ ယောရှိမင်း နန်းစံ
လာရာမှ ဗိမာန်တော်ကို ပြန်လည်ပြုပြင်ခြင်းများပြုလုပ်ပြီး၊
နိုင်ငံတော်အတွင်း တိုးတက်၍ ပြုပြင်ပြောင်းလဲမှုများကို
ပြုလုပ်ခဲ့သည်( ၂၂:၁-၂၃:၂၇)။ သို့သော်လည်း ယုဒပြည်၏
ပျက်စီးခြင်းမှ ကာကွယ်ခြင်းငှာ မဆောင်ရွက်နိုင်ခဲ့ပေ။သူ
အနိစ္စယောက်ပြီးနောက် ယုဒပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရ
ပြီး ပထမတွင် အဲဂုတ္တုပြည် ဖာရောနေခေါ လက်အောက်
သို့ကျရောက်ခဲ့ရသည်( ၂၃:၂၈-၃၇)။
ထို့နောက် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်အောက် ၌လည်း ပြန်ကျရောက်ခဲ့ရပြန်သည်။ ယေရုရှလင်မြို့ကို ဗာဗုလုန်တို့က အောင်နိုင်ပြီး မင်းညီမင်းသားတို့အားလုံးကို
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
၅။ နိဂုံး
ထိုအချိန်တွင် ရှောလုမုန်မင်းကြီး၏သိုလှောင်ထားသော
ဗိမာန်တော်ရတနာများစွားတို့ကိုလည်း သိမ်းယူခဲ့ကြသည်။
မကြာမီမှာ ယုဒပြည်လည်း ဆုံးခန်းရောက်သွားလေသည်။
ယုဒပြည်၌ ကျန်ကြွင်းသောလူတို့ကို အုပ်ချုပ်ရန် ဂေဒလိ
ကို နေဗုခဒ်နေဇာက ခန့်ထားခြင်းကြောင့် က္ကရှမေလနှင့်
လူအချို့တို့က ဂေဒလိကို၎င်း ဂေဒလိဘက်မှာရှိသော ယုဒ
လူ၊ခါလဒဲလူတို့ကိုလုပ်ကြံကြရာတွင် ပြည်သူပြည်သားများ
အကြီးအငယ်တို့သည် ကြောက်ရွံ့ကြသောကြောင့် အဲဂုတ္တု
ပြည်သို့ ထွက်ပြေးကြလေသည်( ၂၄:၁၈-၂၅:၃၀)။.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
××××××××××××××××××××××××××
၁။ နိဒန်း