0

ဟေဗြဲဩဝါဒစာ Reshare #9Dan Unicode & Zawgyi

 
🌘ဟေဗြဲဩဝါဒစာ

Reshare #9Dan Unicode & Zawgyi
☆☆☆☆☆
" ဟေဗြဲ " ဟူသောအမည်မှာ နောဧ၏သား " ရှေမ " မှ
ဆင်းသက်သော " ဟေဗာ " မှ လာခြင်းဖြစ်သည်။ဤသို့မှ
" ဟေဗာ " မှတစ်ဆင့် ဆင်းသက်လာခဲ့ရာ အာဗြဟံသည်
ဟေဗြဲလူမျိုးနွယ်ဖြစ်သည် {ကဘ ၁၁:၁၀-၂၆;၁၄:၁၃ }
ထို့ကြောင့် အာဗြဲဟံမှ ဆင်းသက်လာသောသူတို့မှာ ဟေဗြဲ
လူဖြစ်သည် { က၃:၉:၁၇၊၄၀:၁၅၊၄၃:၃၂ } ။
ကာလရွှေ့လျောလာပြီးနှောက် အာဗြဲဟံမှ က္ကဇာက် နှင့်
ယာကုပ်အားဖြင့် ဆင်းသက်လာသူများကိုသာ" ဟေဗြဲ "ဟု
ကန့်သတ်ခေါ်ဆိုသည်။တစ်နည်းအားဖြင့် " က္ကသရေလလူ"
တို့၏ အခြားမျိုးနွယ်နာမည်ဖြစ်သည်{ထွက် ၁:၁၅၊၃ရာ၄:၅
နောင်အသုံးပြုလာသည့် တတိယအမည်မှာ " ဂျိုး "ဖြစ်ပြီး
ယနေ့တိုင် ထိုနာမည်အသုံးစွဲလျှက်ရှိသည်{ ယေ၃၄:၉...}

က) စာရေးသူ
ဟေဗြဲဩဝါဒစာရေးသားသူမှာ နာမည်ဖော်ပြထားခြင်း
မရှိသောကြောင့် စာရေးသူပုဂ္ဂိုလ်ကို တိတိကျကျမသိရပါ။
သို့သော်လည်း သူ၏စာရေးစားခြင်းဟန်မှာ ယေရှုခရစ်၏
ဒေသနာလှည့်လည်နေချိန်၌ မိမိကိုယ်တိုင်းမြင်၍ကြာသိသ
အဖြစ်ရေးသားထားခြင်းတွေ့ရပါသည်{ ဟေဗြဲ ၁:၁ ;၂:၃}။
သူသည် ဟေဗြဲ-ဂျူးလူမျိုးတစ်ဦဖြစ်ပြီး တိမောသေနှင့်
လည်းသိကျမ်းရင်းနီဟန်ပေါ်လွင်သည်{ ဟေဗြဲ ၁၃:၂၃}။

ခ) ရေးသားသည့် ခုနှစ်
နေရူးဘုရင်လက်ထက် အေဒီ ၅၄-၆၈ တွင် ခရစ်ယာန်
များအား ပို၍နိပ်စက်ညှင်းပန်းခဲ့ရာ ယေရုရှလင်ဗိမ္မာန်တော်
ကို မဖျက်စီးမှီ ရေးသားခဲ့ခြင်းဖြစ်မည်။ အကြောင်းရင်မှာ
စာရေးသူက ဗိမ္မာန်တော်အကြောင်းနှင့် ယဇ်ပရောဟိတ်
အကြောင်းကို ပစ္စုပ္ပန်ကာလအဖြစ် စကားလုံးကို သုံးထား
သောကြောင့်ဖြစ်သည်{ ၅:၁-၃;၇:၂၃;၈:၃-၅;၉:၆-၉:၁၃: }။

ဂ) လက်ခံသူ
ဤစာကို လက်ခံရရှိသူများမှာ ခရစ်ယာန်ယုံကြည်သူ
ဖြစ်လာကြသော ဂျူးလူမျိုးတို့ဖြစ်ပါသည်။ ၎င်းတို့သည်
က္ကတလိပြည်ရောမမြို့တွင်နေထိုင်သူဖြစ်နိုင်သည်{၁၃:၂၄}
မည်သည့်နေရာမှပေးပို့ခြင်းတော့ တိကျမဖော်ပြထားပါ။

ဃ) ရည်ရွယ်ချက်
ယေရှုခရစ်တော်ပြုပေးသော ပဋိညာဉ်သစ်တရားကို
ယုံကြည်လက်ခံ လိုက်နာကြဖို့ရန်သာဖြစ်ပြီး ဓမ္မဟောင်က
ပဋိညာဉ်ဟောင်းကို ပြန်ကျင့်ဖို့မလိုတော့ကြောင်းရှင်းပြသှ်။

င) ဦတည်ချက်
ယေရှုခရစ်တော်သည် အမြင့်မြတ်ဆုံးသောသူဖြစ်သည်
● ဓမ္မဟောင်ခေတ်ပရောဖက်များ၊ ခေါင်ဆောင်များထက်
ကြီးမြတ်ခြင်း { ၁:၁-၃ }။
● ကောင်းကင်တမန်များထက် ကြီးမြတ်ခြင်း ၁:၄-၂:၁၈။
● မောရှေထက်ကြီးမြတ်ခြင်း ၃:၁-၆
● ယောရှုထက်ကြီးမြတ်ခြင်း ၃:၇-၄:၁၃
● အာရုန်၏ ယဇ်ပရောဟိတ်ဖြစ်ခြင်းထက်ကြီးမြတ်ခြင်း
{ ဟေဗြဲ ၄:၁၄ ; ၇:၂၈ }
ခရစ်တော်၏ ယဇ်ပုရောဟိတ်အဖြစ်လုပ်ဆောင်ပေးခြင်း
မှာ အချိန်ကာလအဆုံးအစမရှိဘဲ တစ်လောကလုံးနှင့်
သက်ဆိုင်သည် { ဟေဗြဲ ၇:၁၁-၂၈ }။
ပဋိညာဉ်ဟောင်းအရ ယဇ်ပုရောဟိတ်ပြုသောအမှု၌
ကန့်သတ်အဆုံးသတ်ရခြင်းမှာ ဝတ်ပြုကိုးကွယ်သောသူ၏
အပြစ်ကို မဖယ်ရှားပေးနိုင်ခြင်းကြောင့်ဖြစ်သည်{၉:၁-၁၀။
သို့သော် ပဋိညာဉ်သစ်ဖြစ်သော ယေရှုခရစ်တော်၏
ယဇ်ပုရောဟိတ်အမှုပြုပေးခြင်းအားဖြင့်အပြစ်ကို အပြီးပိုင်
ဖယ်ရှားခဲ့သည်{ ၉:၁၁-၁၄ } ။
ထိုနည်းတူ ပဋိညာဉ်ဟောင်းအရ ယဇ်ပူဇော်ခြင်းဖြင့်
မပြည့်စုံပဲ {၉:၁၅-၂၂} ၊ ပဋိညာဉ်သစ်အောက်၌ ခရစ်တော်
၏ဆက်ကပ်ခြင်းကအားလုံးပြီးပြည့်စုံစေသှ် ၉:၁၃၁၀:၁၈..။

သမ္မာကျမ်းစာ၏ အမွေအနှစ်များ

🌘ေဟျဗဲဩဝါဒစာ

Reshare #9Dan Unicode & Zawgyi
☆☆☆☆☆
" ေဟျဗဲ " ဟူေသာအမည္မွာ ေနာဧ၏သား " ေရွမ " မွ
ဆင္းသက္ေသာ " ေဟဗာ " မွ လာျခင္းျဖစ္သည္။ဤသို႔မွ
" ေဟဗာ " မွတစ္ဆင့္ ဆင္းသက္လာခဲ့ရာ အာျဗဟံသည္
ေဟျဗဲလူမ်ိဳးႏြယ္ျဖစ္သည္ {ကဘ ၁၁:၁၀-၂၆;၁၄:၁၃ }
ထို႔ေၾကာင့္ အာျဗဲဟံမွ ဆင္းသက္လာေသာသူတို႔မွာ ေဟျဗဲ
လူျဖစ္သည္ { က၃:၉:၁၇၊၄၀:၁၅၊၄၃:၃၂ } ။
ကာလေရႊ႕ေလ်ာလာၿပီးေႏွာက္ အာျဗဲဟံမွ ကၠဇာက္ ႏွင့္
ယာကုပ္အားျဖင့္ ဆင္းသက္လာသူမ်ားကိုသာ" ေဟျဗဲ "ဟု
ကန္႔သတ္ေခၚဆိုသည္။တစ္နည္းအားျဖင့္ " ကၠသေရလလူ"
တို႔၏ အျခားမ်ိဳးႏြယ္နာမည္ျဖစ္သည္{ထြက္ ၁:၁၅၊၃ရာ၄:၅
ေနာင္အသံုးျပဳလာသည့္ တတိယအမည္မွာ " ဂ်ိဳး "ျဖစ္ၿပီး
ယေန႔တိုင္ ထိုနာမည္အသံုးစြဲလၽွက္ရွိသည္{ ေယ၃၄:၉...}

က) စာေရးသူ
ေဟျဗဲဩဝါဒစာေရးသားသူမွာ နာမည္ေဖာ္ျပထားျခင္း
မရွိေသာေၾကာင့္ စာေရးသူပုဂၢိဳလ္ကို တိတိက်က်မသိရပါ။
သို႔ေသာ္လည္း သူ၏စာေရးစားျခင္းဟန္မွာ ေယရႈခရစ္၏
ေဒသနာလွည့္လည္ေနခ်ိန္၌ မိမိကိုယ္တိုင္းျမင္၍ၾကာသိသ
အျဖစ္ေရးသားထားျခင္းေတြ႕ရပါသည္{ ေဟျဗဲ ၁:၁ ;၂:၃}။
သူသည္ ေဟျဗဲ-ဂ်ဴးလူမ်ိဳးတစ္ဦျဖစ္ၿပီး တိေမာေသႏွင့္
လည္းသိက်မ္းရင္းနီဟန္ေပၚလြင္သည္{ ေဟျဗဲ ၁၃:၂၃}။

ခ) ေရးသားသည့္ ခုႏွစ္
ေနရူးဘုရင္လက္ထက္ ေအဒီ ၅၄-၆၈ တြင္ ခရစ္ယာန္
မ်ားအား ပို၍နိပ္စက္ညႇင္းပန္းခဲ့ရာ ေယရုရွလင္ဗိမၼာန္ေတာ္
ကို မဖ်က္စီးမွီ ေရးသားခဲ့ျခင္းျဖစ္မည္။ အေၾကာင္းရင္မွာ
စာေရးသူက ဗိမၼာန္ေတာ္အေၾကာင္းႏွင့္ ယဇ္ပေရာဟိတ္
အေၾကာင္းကို ပစၥဳပၸန္ကာလအျဖစ္ စကားလံုးကို သံုးထား
ေသာေၾကာင့္ျဖစ္သည္{ ၅:၁-၃;၇:၂၃;၈:၃-၅;၉:၆-၉:၁၃: }။

ဂ) လက္ခံသူ
ဤစာကို လက္ခံရရွိသူမ်ားမွာ ခရစ္ယာန္ယံုၾကည္သူ
ျဖစ္လာၾကေသာ ဂ်ဴးလူမ်ိဳးတို႔ျဖစ္ပါသည္။ ၎တို႔သည္
ကၠတလိျပည္ေရာမၿမိဳ႕တြင္ေနထိုင္သူျဖစ္ႏိုင္သည္{၁၃:၂၄}
မည္သည့္ေနရာမွေပးပို႔ျခင္းေတာ့ တိက်မေဖာ္ျပထားပါ။

ဃ) ရည္ရြယ္ခ်က္
ေယရႈခရစ္ေတာ္ျပဳေပးေသာ ပဋိညာဥ္သစ္တရားကို
ယံုၾကည္လက္ခံ လိုက္နာၾကဖို႔ရန္သာျဖစ္ၿပီး ဓမၼေဟာင္က
ပဋိညာဥ္ေဟာင္းကို ျပန္က်င့္ဖို႔မလိုေတာ့ေၾကာင္းရွင္းျပသွ္။

င) ဦတည္ခ်က္
ေယရႈခရစ္ေတာ္သည္ အျမင့္ျမတ္ဆံုးေသာသူျဖစ္သည္
● ဓမၼေဟာင္ေခတ္ပေရာဖက္မ်ား၊ ေခါင္ေဆာင္မ်ားထက္
ႀကီးျမတ္ျခင္း { ၁:၁-၃ }။
● ေကာင္းကင္တမန္မ်ားထက္ ႀကီးျမတ္ျခင္း ၁:၄-၂:၁၈။
● ေမာေရွထက္ႀကီးျမတ္ျခင္း ၃:၁-၆
● ေယာရႈထက္ႀကီးျမတ္ျခင္း ၃:၇-၄:၁၃
● အာရုန္၏ ယဇ္ပေရာဟိတ္ျဖစ္ျခင္းထက္ႀကီးျမတ္ျခင္း
{ ေဟျဗဲ ၄:၁၄ ; ၇:၂၈ }
ခရစ္ေတာ္၏ ယဇ္ပုေရာဟိတ္အျဖစ္လုပ္ေဆာင္ေပးျခင္း
မွာ အခ်ိန္ကာလအဆံုးအစမရွိဘဲ တစ္ေလာကလံုးႏွင့္
သက္ဆိုင္သည္ { ေဟျဗဲ ၇:၁၁-၂၈ }။
ပဋိညာဥ္ေဟာင္းအရ ယဇ္ပုေရာဟိတ္ျပဳေသာအမႈ၌
ကန္႔သတ္အဆံုးသတ္ရျခင္းမွာ ဝတ္ျပဳကိုးကြယ္ေသာသူ၏
အျပစ္ကို မဖယ္ရွားေပးႏိုင္ျခင္းေၾကာင့္ျဖစ္သည္{၉:၁-၁၀။
သို႔ေသာ္ ပဋိညာဥ္သစ္ျဖစ္ေသာ ေယရႈခရစ္ေတာ္၏
ယဇ္ပုေရာဟိတ္အမႈျပဳေပးျခင္းအားျဖင့္အျပစ္ကို အၿပီးပိုင္
ဖယ္ရွားခဲ့သည္{ ၉:၁၁-၁၄ } ။
ထိုနည္းတူ ပဋိညာဥ္ေဟာင္းအရ ယဇ္ပူေဇာ္ျခင္းျဖင့္
မျပည့္စံုပဲ {၉:၁၅-၂၂} ၊ ပဋိညာဥ္သစ္ေအာက္၌ ခရစ္ေတာ္
၏ဆက္ကပ္ျခင္းကအားလံုးၿပီးျပည့္စံုေစသွ္ ၉:၁၃၁၀:၁၈..။

သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...