0

ဇာခရိ အနာဂတ္တိကျမ်း - Zechariah Book Reshare #9Dan Unicode & Zawgyi

ဇာခရိ အနာဂတ္တိကျမ်း - Zechariah Book
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
သမ္မာကျမ်းစာ၌ ဇာခရိအမည်ရှိသူမှာ အယောက် သုံးဆယ်ခန့်မျှပါရှိမည်။ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ နှင့် အုပ်ချုပ်သူများ စသည်ဖြင့် ရှိကြပါသည်။ ဇာခရိအမည်ရှိ ပရောဖက်များအနက် ဓမ္မဟောင်းကျမ်းတွင် သူ၏ကျမ်း စောင်တစ်စိတ်တစ်ပိုင်း ပါဝင်သည့်ကျမ်းမှာ ဇာခရိအနာဂတ္တိကျမ်းဖြစ်သည်။ ယုဒလူတို့ဖမ်းဆီးချုပ်နှောင်ခံရပြီးနှောက် ပြန်လာချိန်တွင် ယေရုရှလင်မြို့၌ သူနေထိုင်ပြီး၊ က္ကသရေလလူတို့ကို ဗိမာန်တော်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအား ဆက်လက်လုပ်ဆောင်ကြရန် ပရောဖက်ဟဂ္ဂဲနှင့်အတူ နှိုးဆော်ခဲ့သူဖြစ်သည်( ဧဇ၅:၁-၂၊၆:၁၄-၁၅။ဇာ၁:၁)။ (၅၃၉) ဘီစီတွင် ကုရုမင်း၏ အမိန့်အရ ယူဒလူတို့ကို ဖမ်းဆီးချုပ်နှောင်ခြင်းမှ လွတ်မြောက်စေခဲ့ပြီး၊အများမှာ မိမိတို့၏အိမ်မြေသို့ ပြန်ကြသည်။ မြို့ဝန်မင်း ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ်မင်း ယောရှုမင်း ဦးဆောင်မှုအောက်တွင် မြို့တော်နှင့် ဗိမာန်ဆော်ကို သူတို့ပြန်လည်စတင်တည်ဆောက်ကြသည်(ဧဇ ၁:၁-၄၊၂:၁-၂)။ မကြာမီ ယဇ်ပလ္လင်တည်ဆောက်ပြီးစီးခဲ့ပြီး၊ ဗိမာန်တော် တည်ဆောက်ရနိ အုတ်မြစ်ချနိုင်ခဲ့ကြသည်။သို့သော် ဒေသခံ လူတို့ကသူတို့ကို စတင်ညှင်းပန်းနှိပ်စက်လာကြသောအခါ စိတ်ဓာတ်ကျလာကြပြီး လုပ်ငန်းကို ရပ်ဆိုင်းနေခဲ့ရသည်။ ထို့နောက် (၅၂၀) ဘီစီတွင် ဘုရားသခင်က ပရောဖက်နှစ်ပါးဖြစ်သော ဟဂ္ဂဲနှင့် ဇာခရိတို့ကို ပေါ်ထွန်းစေခဲ့ပြီး ဗိမာန်တော်ကို ုပြီးမြောက်အောင် လုပ်ဆောင်ကြရန် လူတို့ကို နှိုးဆော်ခဲ့ကြသည်( ဧဇ ၅:၁-၂၊ဟဂ္ဂဲ ၁:၁၊ဇာ ၁:၁)။

၂။ ကျမ်း၏အထူးထင်ရှားသောဂုဏ်အဂါၤများ. ဒေသခံ လူတို့အား ရှေးဦးတွေ့ကြုံကြရသည့် အခက်အခဲများအတွက် အားပေးစကားများပြောခြင်းနှင့် တိုက်တွန်းခြင်းမျိုးကို ပြုလုပ်ခြင်းကို ခြောက်လခန့်အချိန်ယူသည်။ ဟဂ္ဂဲသည် မိမိ၏ တရားဟေားခြင်းအမှုကို တက်ကြွဖွယ်သတင်းစကားနှစ်ခုဖြင့် အစပြုခဲ့သည်(ဟဂ္ဂဲ ၁:၁-၁၅၊ ၂:၁-၉)။ ထို့နောက် ဇာခရိက မိမိ၏ ပထမဦးဆုံးသော သတင်းစကားကို အစပြုခဲ့(ဇာ ၁:၁-၆)။ ၎င်းနောက် ဟဂ္ဂဲက သတင်းစကား နှစ်ခုကို ဆက်လက်ပေးခဲ့ပြီး(ဟဂ္ဂဲ ၂:၁၀-၁၉ နှင့် ၂:၂၀-၂၃) ဇာခရိက မိမိ၏ ဒုတိယသတင်းစကားကို ဟောကြားခဲ့သည်( ဇာ ၁:၇-၆:၁၅)။ ဇာခရိ၏ မှတ်တမ်းပြုထားသည့် နောက်ထပ်သတင်းစကားမှာ ဗိမာန်တော်တစ်ဝက်မျှ ဆောက်လုပ်ပြီးချိန်တွင် ဟောပြောခဲ့သော စကားများဖြစ်သည်(ဇာ ၇:၁-၈:၂၃)။ လေးနှစ်ခွဲမျှ လုပ်ဆောင်ခဲ့ကြပြီးနောက် (၅၁၆) ဘီစီတွင် ဗိမာန်တော်ပြီးစီးခဲ့ကြသည်(ဧဇ ၆:၁၄-၁၅)။
ဗိမာန်တော်တည်ဆောက်ရေးတွင် ဟဂ္ဂဲနှင့် ဇာခရိ၏ ကြိုးပမ်းဦးဆောင် လုပ်ကိုင်ခြင်းကြောင့် လူတို့၏ ဝိညာဉ်ရေးရာ ပျင်းရိမှုမှ နိုးကြားလာပြီး ထိုထက်မက မိမိ၏ လူမျိုးများ ရွေးချယ်သည့်လုပ်ငန်းဖြစ်သော မေရှိယကြွလာတော်မူခြင်း နှင့် မိမိ၏နိုင်ငံတော်ကို တည်ထောင်ခြင်းဖြင့် ကမ္ဘာအနံ့အပြားရှိ လူတို့ကို ကးတင်ရန် ဘုရားသခင်ကြိုတင်ပြင်ဆင်တော်မမူချက်ကိုလည်း ဟောကြားခဲ့သည်။ ထို့ကြောင့် လူတို့၏အသက်တာအတွင်း ကြာရှည်ခံမည့် ဝိညာဉ်ရေးဆိုင်ရာအတွက် ဇာခရိပူပန်လျှက်ရှိသည်။
ဇာခရိ၏ နောက်ပိုင်းတစ်ဝက်ခန့်မျှမှာ အသက်ကြီးရင့်ပြီးမှ သူဟောကြားခဲ့သည်ဟု ယူဆရသော သတင်းစကားနှစ်ခုမှဖြစ်ပြီး လူတို့ရင်ဆိုင်နေရသညိ့ လုပ်ငန်းမလွယ်ကူကြောင်း ဖော်ပြထားသည်။ မကောင်းမှုများအင်အားနှင့် ခါးသီးစွာယှဉ်ပြိုင်တိုက်ခိုက်မှုများရှိမည်ဖြစ်သော်လည်း နောက်ဆုံးတွင် ဘုစားသခင်၏ နိုင်ငံတော် အောင်မြင်မှုရရှိမည်။ ဇာခရိ၏ ဟောပြောချက်များမှာ လျှို့ဝှက်ချက်များနှင့် ဖွဲ့နွံ့ထားပြီး ရိုးဖြောင့်သည့် ဟဂ္ဂဲ၏ ဟောပြောခြင်းနှင့်ခြားနားမှုလေးရှိသည်။ နောက်ရာစုနှစ်အနည်းငယ်အတွင်း ပေါ်ပေါက်လာသည့် ငျမ်းပယ်စာပေများ၏ ထူးခြားသည့် ဂုဏ်လက္ခဏာများကို ထိုကျမ်းကပြသခ
သည်။ ကျမ်းပယ်များကို ရေးသားခဲ့သူများမှာ သူတို့၏ သတင်းစကားများကို များသောအားဖြင့် အထိမ်းအမှတ်နှင့် ဆိုင်သည့် ရုပ်ပုံနှငိ့ ဂဏန်းအက္ခရာများအသွင်ဖြင့် ရူပါရုံများအဖြစ် တင်ဆက်ခဲ့ကြသည်။
၃။ ကျမ်းတွင်ပါသော အချက်အလက်များ
ဦးစွာဖြင့် နောင်တရကြရန် ဆင့်ခေါ်ပြီးနောက်(၁:၁-၆) ဗိမာန်တော်ပြန်လည်တည်ဆောက်ခြင်းနှင့် မိမိလူတို့အတွက် ဘုရားသခင်၏ အကြံအစည်တော်များနှင့်ဆိုင်သော ရူပါရုံရှစ်ခုကို ဇာခရိက ဖော်ပြခဲ့သည်။ ပထမ ရူပါရုံမှာ အလုပ်သမားများကို အားပေးအားမြှေ ာက်ပြုခဲ့ပြီး(၁:၇-၂:၁၃)၊ အလယ်နှစ်ခုမှာ ခေါင်ဆောင်များကိုလည်း အားပေးတိုက်တွန် နိုးဆော်မူပြုသည်။ ယေရှုနှငိ့ ဇေရုဗဗေလတို့ကို အားပေးမှုပြုခဲ့ကာ(၃:၁-၄:၁၄)၊ နှောက်ဆုံး သုံးခုမှာ အဆုံး၌ အောင်မင်မှုရမည့် အာမခံချက်ဖြစ်သည်(၅:၁-၆:၈)။ ယဇ်ပုရောဟိတ်မင်းအပေါ် သရဖူဆောင်းပေးခြင်းအကြောင်း အတိုချုပ်ဖော်ပြသည်(၆:၉-၁၅)။
တည်ဆောက်ရေးအစီစဉ် တစ်ဝက်မျှရောက်ချိန်တွင် လူတို့၏ ယခင်ဗိမာန်တော် ဖျက်ဆီးခံရခြင်းအတွက် ဝမ်းနည်းသည့်အနေဖြင့် အချို့တို့က အစာရှောင်မှုများ ဆက်လက်ပြုသင့်မပြုသင့် ဇာခရိအား ကိုယ်စားလှယ်အချို့က မေးကြသည်။ ဇာခရိအနေဖြင့် ဤအချက်ကို တုံ့ပြန်၍ လူတို့ကို ပြီးခဲ့သောအရာအပေါ် ဝမ်းနည်းပူဆွေးခြင်းမပြုတော့ဘဲ အနာဂတ်ကာလအတွက် ယုံကြည်စိတ်ချမှုအပြည့်ရှိကြရန် သတိပေးခဲ့သည်(၇:၁-၈:၂၃)။
၄။ နိဂုံး
မိမိအသက်တာ နောကိပိုင်းတွငိ ဟောကြားခဲ့သော ရှည်လျှားသည့် ဟောပြောချက်၌ ရန်သူများပြစ်ဒဏ်ခတ်ခြင်းခံကြရမည့်အကြောင်းနှင့် မိမိတို့လွပ်လပ်ခွငိ့ပြန်လည်ရရှိမည့်အကြောင်း ဇာခရိဟောပြောခဲ့သည်။ ဝိညာဉ်သဘောမရှိသော သူတို့၏ တန်ဖိုးမဲ့သည့် ခေါင်းဆောင်မှုနှင့် ဘုရားသခင်လိုလားတော်မူသော ခေါင်ဆောင်မှုနှစ်ခုအကြား ထင်ရှားသည့် ကွဲပြားမှုကို ဖော်ပြခဲ့သည်(၉:၁-၁၁:၁၇)။ ၎င်း၏ ဒုတိယ သတင်းစကားတွင် ဝမ်းနည်းကြေကွဲမှု ကြီးမားစွာခံစားရပြီး၊ အဖိုးအခမြောက်မြားစွာကုန်ကျပြီးမှ က္ကသရေလတို့ မျှော်မှန်းနေသော အောင်မြင်မှုရမည့်အကြောင်း သတိပေးခဲ့သည်။ မှားယွင်းသော သိုးထိန်းများနှင့် စစ်မှန်သော သိုးထိန်းတို့အကြား ခြားနားချက်ကို မှတ်သားမှုပြုပြီး မေရှိယနိုင်ငံတော်၏ နောက်ဆုံးအောင်မြင်မှုကို ရှေ့ရှုပြခဲ့လေသည်(၁၂:၁-၁၄:၂၁)။
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ


ဇာခရိ အနာဂတၱိက်မ္း - Zechariah Book
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန္း
သမၼာက်မ္းစာ၌ ဇာခရိအမည္ရွိသူမွာ အေယာက္ သံုးဆယ္ခန္႔မၽွပါရွိမည္။ ယဇ္ပုေရာဟိတ္မ်ား၊ပေရာဖက္မ်ား ႏွင့္ အုပ္ခ်ဳပ္သူမ်ား စသည္ျဖင့္ ရွိၾကပါသည္။ ဇာခရိအမည္ရွိ ပေရာဖက္မ်ားအနက္ ဓမၼေဟာင္းက်မ္းတြင္ သူ၏က်မ္း ေစာင္တစ္စိတ္တစ္ပိုင္း ပါဝင္သည့္က်မ္းမွာ ဇာခရိအနာဂတၱိက်မ္းျဖစ္သည္။ ယုဒလူတို႔ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရၿပီးေႏွာက္ ျပန္လာခ်ိန္တြင္ ေယရုရွလင္ၿမိဳ႕၌ သူေနထိုင္ၿပီး၊ ကၠသေရလလူတို႔ကို ဗိမာန္ေတာ္ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းအား ဆက္လက္လုပ္ေဆာင္ၾကရန္ ပေရာဖက္ဟဂၢဲႏွင့္အတူ ႏွိုးေဆာ္ခဲ့သူျဖစ္သည္( ဧဇ၅:၁-၂၊၆:၁၄-၁၅။ဇာ၁:၁)။ (၅၃၉) ဘီစီတြင္ ကုရုမင္း၏ အမိန္႔အရ ယူဒလူတို႔ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းမွ လြတ္ေျမာက္ေစခဲ့ၿပီး၊အမ်ားမွာ မိမိတို႔၏အိမ္ေျမသို႔ ျပန္ၾကသည္။ ၿမိဳ႕ဝန္မင္း ေဇရုဗေဗလ ႏွင့္ ယဇ္ပုေရာဟိတ္မင္း ေယာရႈမင္း ဦးေဆာင္မႈေအာက္တြင္ ၿမိဳ႕ေတာ္ႏွင့္ ဗိမာန္ေဆာ္ကို သူတို႔ျပန္လည္စတင္တည္ေဆာက္ၾကသည္(ဧဇ ၁:၁-၄၊၂:၁-၂)။ မၾကာမီ ယဇ္ပလႅင္တည္ေဆာက္ၿပီးစီးခဲ့ၿပီး၊ ဗိမာန္ေတာ္ တည္ေဆာက္ရနိ အုတ္ျမစ္ခ်ႏိုင္ခဲ့ၾကသည္။သို႔ေသာ္ ေဒသခံ လူတို႔ကသူတို႔ကို စတင္ညႇင္းပန္းႏိွပ္စက္လာၾကေသာအခါ စိတ္ဓာတ္က်လာၾကၿပီး လုပ္ငန္းကို ရပ္ဆိုင္းေနခဲ့ရသည္။ ထို႔ေနာက္ (၅၂၀) ဘီစီတြင္ ဘုရားသခင္က ပေရာဖက္ႏွစ္ပါးျဖစ္ေသာ ဟဂၢဲႏွင့္ ဇာခရိတို႔ကို ေပၚထြန္းေစခဲ့ၿပီး ဗိမာန္ေတာ္ကို ုျပီးေျမာက္ေအာင္ လုပ္ေဆာင္ၾကရန္ လူတို႔ကို ႏွိုးေဆာ္ခဲ့ၾကသည္( ဧဇ ၅:၁-၂၊ဟဂၢဲ ၁:၁၊ဇာ ၁:၁)။
၂။ က်မ္း၏အထူးထင္ရွားေသာဂုဏ္အဂါၤမ်ား. ေဒသခံ လူတို႔အား ေရွးဦးေတြ႕ၾကံဳၾကရသည့္ အခက္အခဲမ်ားအတြက္ အားေပးစကားမ်ားေျပာျခင္းႏွင့္ တိုက္တြန္းျခင္းမ်ိဳးကို ျပဳလုပ္ျခင္းကို ေျခာက္လခန္႔အခ်ိန္ယူသည္။ ဟဂၢဲသည္ မိမိ၏ တရားေဟားျခင္းအမႈကို တက္ႂကြဖြယ္သတင္းစကားႏွစ္ခုျဖင့္ အစျပဳခဲ့သည္(ဟဂၢဲ ၁:၁-၁၅၊ ၂:၁-၉)။ ထို႔ေနာက္ ဇာခရိက မိမိ၏ ပထမဦးဆံုးေသာ သတင္းစကားကို အစျပဳခဲ့(ဇာ ၁:၁-၆)။ ၎ေနာက္ ဟဂၢဲက သတင္းစကား ႏွစ္ခုကို ဆက္လက္ေပးခဲ့ၿပီး(ဟဂၢဲ ၂:၁၀-၁၉ ႏွင့္ ၂:၂၀-၂၃) ဇာခရိက မိမိ၏ ဒုတိယသတင္းစကားကို ေဟာၾကားခဲ့သည္( ဇာ ၁:၇-၆:၁၅)။ ဇာခရိ၏ မွတ္တမ္းျပဳထားသည့္ ေနာက္ထပ္သတင္းစကားမွာ ဗိမာန္ေတာ္တစ္ဝက္မၽွ ေဆာက္လုပ္ၿပီးခ်ိန္တြင္ ေဟာေျပာခဲ့ေသာ စကားမ်ားျဖစ္သည္(ဇာ ၇:၁-၈:၂၃)။ ေလးႏွစ္ခြဲမၽွ လုပ္ေဆာင္ခဲ့ၾကၿပီးေနာက္ (၅၁၆) ဘီစီတြင္ ဗိမာန္ေတာ္ၿပီးစီးခဲ့ၾကသည္(ဧဇ ၆:၁၄-၁၅)။
ဗိမာန္ေတာ္တည္ေဆာက္ေရးတြင္ ဟဂၢဲႏွင့္ ဇာခရိ၏ ႀကိဳးပမ္းဦးေဆာင္ လုပ္ကိုင္ျခင္းေၾကာင့္ လူတို႔၏ ဝိညာဥ္ေရးရာ ပ်င္းရိမႈမွ ႏိုးၾကားလာၿပီး ထိုထက္မက မိမိ၏ လူမ်ိဳးမ်ား ေရြးခ်ယ္သည့္လုပ္ငန္းျဖစ္ေသာ ေမရွိယႂကြလာေတာ္မူျခင္း ႏွင့္ မိမိ၏ႏိုင္ငံေတာ္ကို တည္ေထာင္ျခင္းျဖင့္ ကမ႓ာအနံ႔အျပားရွိ လူတို႔ကို ကးတင္ရန္ ဘုရားသခင္ႀကိဳတင္ျပင္ဆင္ေတာ္မမူခ်က္ကိုလည္း ေဟာၾကားခဲ့သည္။ ထို႔ေၾကာင့္ လူတို႔၏အသက္တာအတြင္း ၾကာရွည္ခံမည့္ ဝိညာဥ္ေရးဆိုင္ရာအတြက္ ဇာခရိပူပန္လၽွက္ရွိသည္။
ဇာခရိ၏ ေနာက္ပိုင္းတစ္ဝက္ခန္႔မၽွမွာ အသက္ႀကီးရင့္ၿပီးမွ သူေဟာၾကားခဲ့သည္ဟု ယူဆရေသာ သတင္းစကားႏွစ္ခုမွျဖစ္ၿပီး လူတို႔ရင္ဆိုင္ေနရသညိ့ လုပ္ငန္းမလြယ္ကူေၾကာင္း ေဖာ္ျပထားသည္။ မေကာင္းမႈမ်ားအင္အားႏွင့္ ခါးသီးစြာယွဥ္ၿပိဳင္တိုက္ခိုက္မႈမ်ားရွိမည္ျဖစ္ေသာ္လည္း ေနာက္ဆံုးတြင္ ဘုစားသခင္၏ ႏိုင္ငံေတာ္ ေအာင္ျမင္မႈရရွိမည္။ ဇာခရိ၏ ေဟာေျပာခ်က္မ်ားမွာ လၽွို႔ဝွက္ခ်က္မ်ားႏွင့္ ဖြဲ႕ႏြံ႕ထားၿပီး ရိုးေျဖာင့္သည့္ ဟဂၢဲ၏ ေဟာေျပာျခင္းႏွင့္ျခားနားမႈေလးရွိသည္။ ေနာက္ရာစုႏွစ္အနည္းငယ္အတြင္း ေပၚေပါက္လာသည့္ င်မ္းပယ္စာေပမ်ား၏ ထူးျခားသည့္ ဂုဏ္လကၡဏာမ်ားကို ထိုက်မ္းကျပသခ
သည္။ က်မ္းပယ္မ်ားကို ေရးသားခဲ့သူမ်ားမွာ သူတို႔၏ သတင္းစကားမ်ားကို မ်ားေသာအားျဖင့္ အထိမ္းအမွတ္ႏွင့္ ဆိုင္သည့္ ရုပ္ပံုႏွငိ့ ဂဏန္းအကၡရာမ်ားအသြင္ျဖင့္ ရူပါရံုမ်ားအျဖစ္ တင္ဆက္ခဲ့ၾကသည္။
၃။ က်မ္းတြင္ပါေသာ အခ်က္အလက္မ်ား
ဦးစြာျဖင့္ ေနာင္တရၾကရန္ ဆင့္ေခၚၿပီးေနာက္(၁:၁-၆) ဗိမာန္ေတာ္ျပန္လည္တည္ေဆာက္ျခင္းႏွင့္ မိမိလူတို႔အတြက္ ဘုရားသခင္၏ အၾကံအစည္ေတာ္မ်ားႏွင့္ဆိုင္ေသာ ရူပါရံုရွစ္ခုကို ဇာခရိက ေဖာ္ျပခဲ့သည္။ ပထမ ရူပါရံုမွာ အလုပ္သမားမ်ားကို အားေပးအားေျမႇ ာက္ျပဳခဲ့ၿပီး(၁:၇-၂:၁၃)၊ အလယ္ႏွစ္ခုမွာ ေခါင္ေဆာင္မ်ားကိုလည္း အားေပးတိုက္တြန္ ႏိုးေဆာ္မူျပဳသည္။ ေယရႈႏွငိ့ ေဇရုဗေဗလတို႔ကို အားေပးမႈျပဳခဲ့ကာ(၃:၁-၄:၁၄)၊ ေႏွာက္ဆံုး သံုးခုမွာ အဆံုး၌ ေအာင္မင္မႈရမည့္ အာမခံခ်က္ျဖစ္သည္(၅:၁-၆:၈)။ ယဇ္ပုေရာဟိတ္မင္းအေပၚ သရဖူေဆာင္းေပးျခင္းအေၾကာင္း အတိုခ်ဳပ္ေဖာ္ျပသည္(၆:၉-၁၅)။
တည္ေဆာက္ေရးအစီစဥ္ တစ္ဝက္မၽွေရာက္ခ်ိန္တြင္ လူတို႔၏ ယခင္ဗိမာန္ေတာ္ ဖ်က္ဆီးခံရျခင္းအတြက္ ဝမ္းနည္းသည့္အေနျဖင့္ အခ်ိဳ႕တို႔က အစာေရွာင္မႈမ်ား ဆက္လက္ျပဳသင့္မျပဳသင့္ ဇာခရိအား ကိုယ္စားလွယ္အခ်ိဳ႕က ေမးၾကသည္။ ဇာခရိအေနျဖင့္ ဤအခ်က္ကို တံု႔ျပန္၍ လူတို႔ကို ၿပီးခဲ့ေသာအရာအေပၚ ဝမ္းနည္းပူေဆြးျခင္းမျပဳေတာ့ဘဲ အနာဂတ္ကာလအတြက္ ယံုၾကည္စိတ္ခ်မႈအျပည့္ရွိၾကရန္ သတိေပးခဲ့သည္(၇:၁-၈:၂၃)။
၄။ နိဂံုး
မိမိအသက္တာ ေနာကိပိုင္းတြငိ ေဟာၾကားခဲ့ေသာ ရွည္လၽွားသည့္ ေဟာေျပာခ်က္၌ ရန္သူမ်ားျပစ္ဒဏ္ခတ္ျခင္းခံၾကရမည့္အေၾကာင္းႏွင့္ မိမိတို႔လြပ္လပ္ခြငိ့ျပန္လည္ရရွိမည့္အေၾကာင္း ဇာခရိေဟာေျပာခဲ့သည္။ ဝိညာဥ္သေဘာမရွိေသာ သူတို႔၏ တန္ဖိုးမဲ့သည့္ ေခါင္းေဆာင္မႈႏွင့္ ဘုရားသခင္လိုလားေတာ္မူေသာ ေခါင္ေဆာင္မႈႏွစ္ခုအၾကား ထင္ရွားသည့္ ကြဲျပားမႈကို ေဖာ္ျပခဲ့သည္(၉:၁-၁၁:၁၇)။ ၎၏ ဒုတိယ သတင္းစကားတြင္ ဝမ္းနည္းေၾကကြဲမႈ ႀကီးမားစြာခံစားရၿပီး၊ အဖိုးအခေျမာက္ျမားစြာကုန္က်ၿပီးမွ ကၠသေရလတို႔ ေမၽွာ္မွန္းေနေသာ ေအာင္ျမင္မႈရမည့္အေၾကာင္း သတိေပးခဲ့သည္။ မွားယြင္းေသာ သိုးထိန္းမ်ားႏွင့္ စစ္မွန္ေသာ သိုးထိန္းတို႔အၾကား ျခားနားခ်က္ကို မွတ္သားမႈျပဳၿပီး ေမရွိယႏိုင္ငံေတာ္၏ ေနာက္ဆံုးေအာင္ျမင္မႈကို ေရွ႕ရႈျပခဲ့ေလသည္(၁၂:၁-၁၄:၂၁)။
May God Bless You All.
သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...