0

ရာဇဝင်ချုပ်ကျမ်း ပထမ နှင့် ဒုတိယစာစောင် ခြုံငုံခြင်း Reshare #9Dan Unicode & Zawgyi

 9Dan
🔱ရာဇဝင်ချုပ်ကျမ်း ပထမ နှင့် ဒုတိယစာစောင် ခြုံငုံခြင်း
Reshare #9Dan Unicode & Zawgyi
==============================
၁။ နိဒန်း
ရာဇဝင်ချုပ် ပထမစောင်နှင့် ဒုတိယစောင်မှာ မူရင်း
ဟေဗြဲကျမ်းစာအုပ်၌ တစ်ခုတည်းဖြစ်သည်။ ထိုကျမ်းကို
ရေးသားသူ၏ အမည်ဖော်ပြခြင်း အတိကျမရှိသော်လည်း
စုစောင်းရရှိခဲ့သည့် အချက်အလက်စာအုပ်နှင့် မှတ်တမ်း
များမှာ ဖော်ပြခဲ့သည်(၅ရာ ၉:၁၊ ၂၇:၂၄၊ ၂၉:၂၉၊ ၆ရာ ၉:၂၉၊ ၁၆:၁၁၊ ၂၄:၂၇ ၊၃၃:၁၉၊ ၃၅:၂၅)။
ရာဇဝင်ချုပ် ပထမစောင်မှာ ၄၅၀-၄၂၄ ဘီစီအတွင်းဖြစ်ပြီး၊
ဒုတိယစောင်မှာ၄၅၀-၄၃၅ ဘီစီ ခုနှစ်အတွင်းဖြစ်လိမ့်မည်။
ကျမ်းပြုစုသူမှာ ဧဇရ ဖြစ်နိုင်သည်။သူ၏ပြုစုချက်များသည်
အချို့နေရာများ၌ ဓမ္မရာဇဝင်ကျမ်းများနှင့် တူညီမူမျိုးရှိနေ
သော်လည်း ထပ်တူရေးထားခြင်းမျိုးမဟုတ်ပေ။ကျမ်းပြုစု
သူမှာ သီးခြားဦးတည်ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်းပေ။
၂။ ရာဇဝင်ကျမ်း၏ အထူရည်ရွယ်ချက်

ထိုအချိန်ကာလ၌ က္ကသရေလပြည် နှစ်ခြမ်းကွဲနေ၍
မြောက်ဘက်ခြမ်းမှာ က္ကသရေလနိုင်ငံဟု သတ်မှတ်ပြီး
တောင်ဘက်ခြမ်းကို ယုဒနိုင်ငံဟူ၍ သတ်မှတ်ကြသည်။
မြောက်ပိုင်နိုင်ငံမှာ ၇၃၂-၇၂၂ ဘီစီတွင်း အာရှုရိလူတို့ရဲ့
လက်အောက်သို့ကျရောက်ပြီး လူတို့ကို အာရှုရိပြည်အနံ့သို့
ဖမ်းဆီးခေါ်ဆောင်သွားရာ မိမိတို့ကိုယ်ပိုင်လူမျိုးအမှတ်
သားနေရာ အများအပြားလည်း ပျောက်ကွယ်ခဲ့ရသည်။
တောင်ပိုင်ယုဒနိုင်ငံမှာ ၆၀၅-၅၈၂ ဘီစီတွင် ဗာဗုလုန်
တို့ရဲ့ လက်အောက်သို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရ
သည် ( ၆၀၅ - ၅၈၂ ဘီစီ )။ တောင်ပိုင်း ယုဒလူတို့မှာ
ဗာဗုလုန်တွင်စုစုစည်းစည်း နေထိုင်ကြပြီး မိမိတို့၏နေရာ
အမျိုးသားရေးလက္ခဏာများ မပျောက်အောင် ကျန်ရှိစေ
ခဲ့သည်။ ထိုသို့ဖြင့် ဒုတိယအသုတ်မှလူများ ၅၃၉ ဘီစီတွင်
ပေရသိလူတို့ကဗာဗုလုန်တို့ကို အောင်နိုင်ပြီးပါလတိနပြည်
သို့ရောက်သွားရကြပန်သည်။
ပေရသိရှင်ဘုရင်အား ဘုရားသခင်ဖော်ပြခြင်းအားဖြင့်
ယုဒပြည် ယေရုရှလင်မြို့ ဗိမာန်တော်ကို ပြန်လည်တည်
ဆောက်ရန်အမိန့်ကြေညာခဲ့သည်။ ဗာဗုလုန်တိုင်းပြည်မှ
ပြန်လာကြသော က္ကသရေလလူတို့က ဗိမာန်တော်ဖျက်ဆီး
ခြင်းမခံရမီ လုပ်ရိုးလုပ်စဉ်များကို မသိနားမလည်ကြပေ။
ကျမ်းရေသူက ထိုသူတို့အကြောင်းရေးသားခြင်းဖြစ်ပြီး၊
သူတို့နိုင်ငံနောက်ကြောင်း သမိုင်းများနှင့် အထူးသဖြင့်
သူတို့၏ ဘာသာရေးအကြောင်း သိရှိစေလို၍ဖြစ်သည်။
မိမိတို့သည် ဘိုးဘွားပိုင်မြေသို့ ပြောင်းရွှေ့နေထိုင်ရခြင်း
သက်သက်မဟုတ်ဘဲ သူတို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်းမပြု
မီက ဒါဝဒ်မင်းဆက်နိုင်ငံရေးကို အခြခံကာ ဝတ်ပြုရာကျမ်း
ဆိုင်ရာ ထံစံဓလေ့ကိုလည်း အခြေခံသော ဘာသာရေး
ကျင့်သုံးရန် ရည်ညွန်းဖော်ပြခြင်းဖြစ်သည်။
၃။ ရာဇဝင်ချုပ် ပထမစောင်၌ ပါရှိသောအကြောင်း
ဗာဗုလုန်တိုင်ပြည်၏ ချုပ်နှောင်ခြင်းခံရာမှ ပြန်လာသူ
များသည် မိမိတို့တိုင်ပြည်အတွက် ဘုရားသခင်၏ အကြံ
စည်တော်တွင် မည်သို့ အံဝင်ခွင်ကျဖြစ်ကြောင်း ဖော်ပြရာ
၌ မျိုးနွယ်စာရင်းသည် အသုံးဝင်ခဲ့သည်။ က္ကသရေလလူတို့
၏ အရင်းမြစ်ကိုခြေရာခံခဲ့ပြီး ( ၁:၁-၅၄ )၊ ယုဒနှင့် ရှိမောင်
မျိုးနွယ်စုစာရင်းဖော်ပြကာ ( ၂:၁-၄:၄၃ )၊ အရှေ့ဘက်ရှိ မျိုးနွယ်စုနှစ်စုနှင့် တစ်ဝတ် ( ၅:၁-၂၆ )၊ လေဝိမျိုးနွယ်စု
( ၆:၁-၈၁ ) နှင့် ကျန်ရှိသော မျိုးနွယ်စုများ ( ၇:၁-၈:၄၀)၊
ထို့နောက် ကျမ်းပြုစုသူက ယေရုရှလင်မြို့သို့ မကြာမီက
ချုပ်နှောင်ခြင်းမှ ပြန်လာသည့် ပထမလူစုကို စာရင်းပြုစုခဲ့
သည်( ၉:၁-၃၄)။
ကျမ်းပြုစုသူက ရှောလုမင်း၏ အုပ်ချုပ်မှုဆိုင်ရာ
အကြောင်း အနည်းငယ်ဖော်ပြပြီးနောက် ( ၉:၃၅-၁၀:၁၄)၊
ဒါဝိဒ်မင်း၏ အကြောင်းကို ဘုရင်အာဏာစတင်ကြီးထား
လာခြင်းမှ အစပြု၍ အကျယ်တတဝင့် ရေးသားဖော်ပြခဲ့
သည် ( ၁၁:၁-၁၂:၄၀ )။ ဒါဝိဒ်သည် ဘုရင်မင်းဖြစ်လာပြီး
နှောက် ပဋိညာဉ်သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ယူ
ဆောင်လာပြီး က္ကသရေလတို့ လူထုဝတ်ပြုကိုးကွယ်ခြင်းကို
ဖော်ဆောင်လာမည့် အတီးအမှုတ်နှင့် သီချင်းသည်များကို
စတင်စေ့စပ်စီမံခဲ့သည်( ၁၃:၁-၁၆:၃၆ )။ ဒါဝိဒ်မင်းကြီးက
ဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်လိုကြောင်း
ပြောသောအခါ ဘုရားသခင်က သူ၏သားတော်မင်းဆက်၌
တည်ဆောက်စေမည်ဟု ပြန်၍မိန့်ဆိုခဲ့သည်( ၁၆:၃၇-၁၇:
၂၇)။ ထိုဗိမာန်တော်အတွက် ဒါဝိဒ်မင်းကြီးပြင်ဆင်ခွင့်ရှိ
စေပြီး၊ ဒါဝိမင်းကြီး မည်မျှတန်ခိုးအာဏာကြီးမြတ်ကြောင်း
ဖော်ပြ၍ အဆုံးသတ်ခဲ့သည်( ၁၈:၁-၂၂:၁ )။
ကျမ်း၏နောက်ဆုံးအပိုင်းတွင် ဒါဝိဒ်မင်းကြီးအနေဖြင့်
နောင်တွင် မိမိသားတော် ရှောလုမုန်အားဖြင့်တည်ဆောက်
မည့် ဗိမာန်တော်အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း
ဖော်ပြထားသည် ( ၂၂:၂-၁၉ )။ ထိုလုပ်ငန်းအတွက် ဒါဝိဒ်
သည် သားတော် ရှောလုမုန်ကို အားပေးအားမြှေ ာက်လုပ်
ခဲ့ပြီး ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ လုပ်ဆောင်ရမည့်
လုပ်ငန်းများကို အသေးစိတ်စီစဉ်ညွန်ကြား မိန့်မှာခဲ့သည်
( ၂၃:၁-၂၆၃၂) ။ စစ်ရေးစစ်ရာနှင့် အရပ်ဘက်ဆိုင်ရာများ
ခေါင်ဆောင်မှုများအတွက် စီစဉ်ရန် အသေးစိတ်အနေဖြင့်
မှာကြားခြင်းမျိုးတော့ မရှိပေ ( ၂၃:၁-၂၆:၃၄ ) ။ ဒါဝိဒ်မင်း
အနိစ္စမရောက်မီ မိမိပြည်သားများအတွက် မင်းသစ်တစ်ပါး
ရှောလုမုန်အား ပေးအပ်ခဲ့သည် ( ၂၈: ၁-၂၉:၃၀ )။
၄။ ရာဇဝင်ချုပ် ဒုတိယစောင်၌ ပါဝင်သောအကြောင်း
က္ကသရေလတိုင်ပြည်၏ ဘုရင်မင်းသစ်ဖြစ်လာသော
ရှေုလုမုန်မင်းကြီးသည် ပညာအရာ၌လည်းကောင်း၊ကြွယ်
ဝချမ်းသာခြင်း၌လည်းကောင်း အလွန်အားကြီး မြင့်မြတ်
သူအဖြစ် ဘုရားသခင်ကကောင်းကြီးပေး ချီးမြောက်တော်
မူသည်( ၁:၁-၁၇ )။ ကျမ်းပြုစုသူ၏ အဓိကနှင့် အရေးကြီး
ဆုံးဦးတည်ချက် ရည်ရွယ်ခြင်းမှာ ယေရုရှလင်မြို့တော်တွင်
ဗိမာန်တော်တည်ဆောက်ခြင်းဖြစ်ကြောင်း ပေါ်လွင်စေခဲ့
သည်( ၂:၁-၇:၂၂) ။ တည်ဆောက်ခြင်း အစီစဉ်စီမံမှုများ
နှင့် လိမ္မာပါးနပ်စွာဖြင့် တိုင်းတစ်ပါးတို့ရဲ့ အကူအညီးရယူ
ခြင်းများ၎င်း ကုန်သွယ်ကူသန်းမှုများကြောင့်၎င်း သူ၏ ဘုန်းတန်ခိုး ပိုမိုကြီးထွားလာခဲ့သည် ( ၈:၁-၉:၃၂ )။
ရှေုလုမုန် အနိစ္စရောက်ပြီး နှောက်ပိုင်းမှ မျိုးနွယ်စုများ
များ ယေရုရှလင်မှ ခွဲထွက်ကြသော်လည်း ကျမ်းရေးသူက
၎င်းတို့အား သီးခြားတရာဝင်တိုင်းနိုင်ငံအနေဖြင့် အသိမှတ်
မပြုခဲ့ပေ။လေဝိယဇ်ပုရောဟိတ်တို့၏ သွန်သင်မှုအတိုင်း
လိုက်နာသည့်အချိန်ကာလပတ်လုံး တိုင်ပြည်ကို ကောင်း
မွန်စွာဖြင့် ရှောလုမုန်၏သားတော် ရောဗောင်အုပ်ချုပ်နိုင်
ခဲ့သည်။ သို့သော်လည်း တိုင်းတစ်ပါး ဘာသာရေးကျင့်စဉ်
များကို လိုက်နာလာကြသည့်အခါ ဘုရားသခင်သည သူတို့
အား ဒဏ်ခတ်တော်မူခဲ့သည် ( ၁၀:၁-၁၃:၂၂ )။
ထို့နောင် အာသမင်းလက်ထက်တွင် ဘာသာရေးပြုပြင်
ပြောင်းလဲမှုများပြုခဲ့သော်လည်း နောင်အခါတွင် သူလည်း
ဘုရားသခင်၏ တရားလမ်းမှ သွေးဖယ်သွားခဲ့ပြန်သည် ( ၁၄: ၁-၁၆:၁၄ )။ နှောက် မင်းတစ်ပါးဖြစ်သော ယေရှဖက်
နန်းဆက်ခံလာသောအခါ သူသည် ဘုရားသခင်၏ တရား
လမ်းအတိုင်း တိုင်ပြည်ကို ပြန်လည်တည်ထောင်ခဲ့သည်။
ထိုပြုပြင်မှုတွင် ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့မှာ အဓိက
ကဏ္ဍမှလုပ်ဆောင်ပါဝင် ခဲ့သည် ( ၁၇:၁-၂၀:၃၇ )။
မြောက်ပိုင်းနိုင်ငံမှ ယေဇဗေလ၏ ဗာလဘုရား ကိုးကွယ်မှု
ပြန့်နံ့လာ၍ ယုဒပြည်တွင်းသို့ပါ ရောက်ရှိလာသောအခါ၌
( ၂၁ :၁-၂၃:၂၁ )၊ ယဇ်ပုရောဟိတ်များနှင့် လေဝိလူတို့
ဥိးဆောင်၍ တိုက်ဖျက်ကြသည်။ ထိအချိန်တွင် ယောရှမင်း
အုပ်ချုပ်လျှက်ရှိနေစဉ်ဖြစ်သည် ( ၂၄: ၁-၂၇ )။
တောင်ပိုင်းယုဒပြည်ကို ရှင်ဘုရင် ဩဇမင်းနှင့် ယောယံ
မင်းတို့ လက်ထက်၌ ကြွယ်ဝချမ်းသာခြင်းရှိပြီး အာခတ်မင်း
လက်ထက်ရောက်သောအခါ ဒုက္ခအတိသို့ရောက်ရှိလာကာ
ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည်( ၂၅:၁-၂၁:၂၇)။
သို့သော်လည်း ဟေဇကိမင်းနန်းထိုင်သောအခါ သူ၏လက်
ထက်တွင်နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်
မှု၊ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်
ခဲ့သည်။ ကျမ်းပြုစုသူက ဟေဇကိမင်း၏ ဘာသာရေးဆိုင်
ရာ ပြုပြင်ပြောင်းလဲမှုများကို အကျယ်တစ်ဝင့်ဖော်ပြထား
သော်လည်း ( ၂၉:၁-၃၁:၂၁ ) ၊ နိုင်ငံရေးဆိုင်ရာ ပြုပြင်မှု
များကို အနည်းငယ်သာဖော်ပြထားသည် ( ၃၂:၁-၃၃ )။
မနောရှေ မင်း နှင့် အာမုန်မင်းတို့၏ ဆိုးညစ်သော အုပ်ချုပ်
ခြင်းပြီးနှောက်တွင် ( ၃၃:၁-၂၅ ) ၊ ယောရှိမင်းလက်ထက်၌
ဗိမာန်တော်ကိုလည်း နောက်ဆုံးပြုပြင်မှုကို လုပ်ဆောင်ခဲ့
သည်။ ကျမ်းပြုစုသူက ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုများ
အပေါ် အလေးထားဖော်ပြထားပြန်သည် (၃၄:၁-၃၅:၂၇)။
၅။ နိဂုံး
ကျမ်းပြုစုသူက ယေရုရှလင်မြို့ကိုဗာဗုလုန်တို့ဖျက်ဆီး
ခြင်းနှင့်ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြောင်းများကို ဖော်ပြထားသော်လည်း အသေးစိတ်ဖော်ပြထားခြင်းမပြုပါ။
ဤရာဇဝင်ကျမ်းကို ဖတ်ရှုသူအတွက် အရေးကြီးဆုံးအနေ
ဖြင့် က္ကသရေလလူတို့ ချုပ်နှောင်ခြင်းခံရာမှ လွတ်မြောက်
လာခြင်းနှင့် မိမိတို့တိုင်းပြည်သို့ ပြန်လာခြင်းအကြောင်းကို
ရည်ညွန်းဖော်ပြနားလည်းရန်သာ ဖြစ်သည် ( ၃၆:၁-၂၃)။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ


🔱ရာဇဝင္ခ်ဳပ္က်မ္း ပထမ ႏွင့္ ဒုတိယစာေစာင္ ျခံဳငံုျခင္း
Reshare #9Dan Unicode & Zawgyi
==============================
၁။ နိဒန္း
ရာဇဝင္ခ်ဳပ္ ပထမေစာင္ႏွင့္ ဒုတိယေစာင္မွာ မူရင္း
ေဟျဗဲက်မ္းစာအုပ္၌ တစ္ခုတည္းျဖစ္သည္။ ထိုက်မ္းကို
ေရးသားသူ၏ အမည္ေဖာ္ျပျခင္း အတိက်မရွိေသာ္လည္း
စုေစာင္းရရွိခဲ့သည့္ အခ်က္အလက္စာအုပ္ႏွင့္ မွတ္တမ္း
မ်ားမွာ ေဖာ္ျပခဲ့သည္(၅ရာ ၉:၁၊ ၂၇:၂၄၊ ၂၉:၂၉၊ ၆ရာ ၉:၂၉၊ ၁၆:၁၁၊ ၂၄:၂၇ ၊၃၃:၁၉၊ ၃၅:၂၅)။
ရာဇဝင္ခ်ဳပ္ ပထမေစာင္မွာ ၄၅၀-၄၂၄ ဘီစီအတြင္းျဖစ္ၿပီး၊
ဒုတိယေစာင္မွာ၄၅၀-၄၃၅ ဘီစီ ခုႏွစ္အတြင္းျဖစ္လိမ့္မည္။
က်မ္းျပဳစုသူမွာ ဧဇရ ျဖစ္ႏိုင္သည္။သူ၏ျပဳစုခ်က္မ်ားသည္
အခ်ိဳ႕ေနရာမ်ား၌ ဓမၼရာဇဝင္က်မ္းမ်ားႏွင့္ တူညီမူမ်ိဳးရွိေန
ေသာ္လည္း ထပ္တူေရးထားျခင္းမ်ိဳးမဟုတ္ေပ။က်မ္းျပဳစု
သူမွာ သီးျခားဦးတည္ရည္ရြယ္ခ်က္ျဖင့္ ေရးသားခဲ့ျခင္းေပ။
၂။ ရာဇဝင္က်မ္း၏ အထူရည္ရြယ္ခ်က္
ထိုအခ်ိန္ကာလ၌ ကၠသေရလျပည္ ႏွစ္ျခမ္းကြဲေန၍
ေျမာက္ဘက္ျခမ္းမွာ ကၠသေရလႏိုင္ငံဟု သတ္မွတ္ၿပီး
ေတာင္ဘက္ျခမ္းကို ယုဒႏိုင္ငံဟူ၍ သတ္မွတ္ၾကသည္။
ေျမာက္ပိုင္ႏိုင္ငံမွာ ၇၃၂-၇၂၂ ဘီစီတြင္း အာရႈရိလူတို႔ရဲ႕
လက္ေအာက္သို႔က်ေရာက္ၿပီး လူတို႔ကို အာရႈရိျပည္အနံ႔သို႔
ဖမ္းဆီးေခၚေဆာင္သြားရာ မိမိတို႔ကိုယ္ပိုင္လူမ်ိဳးအမွတ္
သားေနရာ အမ်ားအျပားလည္း ေပ်ာက္ကြယ္ခဲ့ရသည္။
ေတာင္ပိုင္ယုဒႏိုင္ငံမွာ ၆၀၅-၅၈၂ ဘီစီတြင္ ဗာဗုလုန္
တို႔ရဲ႕ လက္ေအာက္သို႔ဖမ္းဆီးေခၚေဆာင္သြားျခင္းခံခဲ့ရ
သည္ ( ၆၀၅ - ၅၈၂ ဘီစီ )။ ေတာင္ပိုင္း ယုဒလူတို႔မွာ
ဗာဗုလုန္တြင္စုစုစည္းစည္း ေနထိုင္ၾကၿပီး မိမိတို႔၏ေနရာ
အမ်ိဳးသားေရးလကၡဏာမ်ား မေပ်ာက္ေအာင္ က်န္ရွိေစ
ခဲ့သည္။ ထိုသို႔ျဖင့္ ဒုတိယအသုတ္မွလူမ်ား ၅၃၉ ဘီစီတြင္
ေပရသိလူတို႔ကဗာဗုလုန္တို႔ကို ေအာင္ႏိုင္ၿပီးပါလတိနျပည္
သို႔ေရာက္သြားရၾကပန္သည္။
ေပရသိရွင္ဘုရင္အား ဘုရားသခင္ေဖာ္ျပျခင္းအားျဖင့္
ယုဒျပည္ ေယရုရွလင္ၿမိဳ႕ ဗိမာန္ေတာ္ကို ျပန္လည္တည္
ေဆာက္ရန္အမိန္႔ေၾကညာခဲ့သည္။ ဗာဗုလုန္တိုင္းျပည္မွ
ျပန္လာၾကေသာ ကၠသေရလလူတို႔က ဗိမာန္ေတာ္ဖ်က္ဆီး
ျခင္းမခံရမီ လုပ္ရိုးလုပ္စဥ္မ်ားကို မသိနားမလည္ၾကေပ။
က်မ္းေရသူက ထိုသူတို႔အေၾကာင္းေရးသားျခင္းျဖစ္ၿပီး၊
သူတို႔ႏိုင္ငံေနာက္ေၾကာင္း သမိုင္းမ်ားႏွင့္ အထူးသျဖင့္
သူတို႔၏ ဘာသာေရးအေၾကာင္း သိရွိေစလို၍ျဖစ္သည္။
မိမိတို႔သည္ ဘိုးဘြားပိုင္ေျမသို႔ ေျပာင္းေရႊ႕ေနထိုင္ရျခင္း
သက္သက္မဟုတ္ဘဲ သူတို႔ကို ဖမ္းဆီးေခၚေဆာင္ျခင္းမျပဳ
မီက ဒါဝဒ္မင္းဆက္ႏိုင္ငံေရးကို အျခခံကာ ဝတ္ျပဳရာက်မ္း
ဆိုင္ရာ ထံစံဓေလ့ကိုလည္း အေျခခံေသာ ဘာသာေရး
က်င့္သံုးရန္ ရည္ညြန္းေဖာ္ျပျခင္းျဖစ္သည္။
၃။ ရာဇဝင္ခ်ဳပ္ ပထမေစာင္၌ ပါရွိေသာအေၾကာင္း
ဗာဗုလုန္တိုင္ျပည္၏ ခ်ဳပ္ေႏွာင္ျခင္းခံရာမွ ျပန္လာသူ
မ်ားသည္ မိမိတို႔တိုင္ျပည္အတြက္ ဘုရားသခင္၏ အၾကံ
စည္ေတာ္တြင္ မည္သို႔ အံဝင္ခြင္က်ျဖစ္ေၾကာင္း ေဖာ္ျပရာ
၌ မ်ိဳးႏြယ္စာရင္းသည္ အသံုးဝင္ခဲ့သည္။ ကၠသေရလလူတို႔
၏ အရင္းျမစ္ကိုေျခရာခံခဲ့ၿပီး ( ၁:၁-၅၄ )၊ ယုဒႏွင့္ ရွိေမာင္
မ်ိဳးႏြယ္စုစာရင္းေဖာ္ျပကာ ( ၂:၁-၄:၄၃ )၊ အေရွ႕ဘက္ရွိ မ်ိဳးႏြယ္စုႏွစ္စုႏွင့္ တစ္ဝတ္ ( ၅:၁-၂၆ )၊ ေလဝိမ်ိဳးႏြယ္စု
( ၆:၁-၈၁ ) ႏွင့္ က်န္ရွိေသာ မ်ိဳးႏြယ္စုမ်ား ( ၇:၁-၈:၄၀)၊
ထို႔ေနာက္ က်မ္းျပဳစုသူက ေယရုရွလင္ၿမိဳ႕သို႔ မၾကာမီက
ခ်ဳပ္ေႏွာင္ျခင္းမွ ျပန္လာသည့္ ပထမလူစုကို စာရင္းျပဳစုခဲ့
သည္( ၉:၁-၃၄)။
က်မ္းျပဳစုသူက ေရွာလုမင္း၏ အုပ္ခ်ဳပ္မႈဆိုင္ရာ
အေၾကာင္း အနည္းငယ္ေဖာ္ျပၿပီးေနာက္ ( ၉:၃၅-၁၀:၁၄)၊
ဒါဝိဒ္မင္း၏ အေၾကာင္းကို ဘုရင္အာဏာစတင္ႀကီးထား
လာျခင္းမွ အစျပဳ၍ အက်ယ္တတဝင့္ ေရးသားေဖာ္ျပခဲ့
သည္ ( ၁၁:၁-၁၂:၄၀ )။ ဒါဝိဒ္သည္ ဘုရင္မင္းျဖစ္လာၿပီး
ေႏွာက္ ပဋိညာဥ္ေသတၱာေတာ္ကို ေယရုရွလင္ၿမိဳ႕သို႔ ယူ
ေဆာင္လာၿပီး ကၠသေရလတို႔ လူထုဝတ္ျပဳကိုးကြယ္ျခင္းကို
ေဖာ္ေဆာင္လာမည့္ အတီးအမႈတ္ႏွင့္ သီခ်င္းသည္မ်ားကို
စတင္ေစ့စပ္စီမံခဲ့သည္( ၁၃:၁-၁၆:၃၆ )။ ဒါဝိဒ္မင္းႀကီးက
ဘုရားသခင္အတြက္ ဗိမာန္ေတာ္တည္ေဆာက္လိုေၾကာင္း
ေျပာေသာအခါ ဘုရားသခင္က သူ၏သားေတာ္မင္းဆက္၌
တည္ေဆာက္ေစမည္ဟု ျပန္၍မိန္႔ဆိုခဲ့သည္( ၁၆:၃၇-၁၇:
၂၇)။ ထိုဗိမာန္ေတာ္အတြက္ ဒါဝိဒ္မင္းႀကီးျပင္ဆင္ခြင့္ရွိ
ေစၿပီး၊ ဒါဝိမင္းႀကီး မည္မၽွတန္ခိုးအာဏာႀကီးျမတ္ေၾကာင္း
ေဖာ္ျပ၍ အဆံုးသတ္ခဲ့သည္( ၁၈:၁-၂၂:၁ )။
က်မ္း၏ေနာက္ဆံုးအပိုင္းတြင္ ဒါဝိဒ္မင္းႀကီးအေနျဖင့္
ေနာင္တြင္ မိမိသားေတာ္ ေရွာလုမုန္အားျဖင့္တည္ေဆာက္
မည့္ ဗိမာန္ေတာ္အတြက္ ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း
ေဖာ္ျပထားသည္ ( ၂၂:၂-၁၉ )။ ထိုလုပ္ငန္းအတြက္ ဒါဝိဒ္
သည္ သားေတာ္ ေရွာလုမုန္ကို အားေပးအားေျမႇ ာက္လုပ္
ခဲ့ၿပီး ယဇ္ပုေရာဟိတ္ႏွင့္ ေလဝိလူတို႔ လုပ္ေဆာင္ရမည့္
လုပ္ငန္းမ်ားကို အေသးစိတ္စီစဥ္ညြန္ၾကား မိန္႔မွာခဲ့သည္
( ၂၃:၁-၂၆၃၂) ။ စစ္ေရးစစ္ရာႏွင့္ အရပ္ဘက္ဆိုင္ရာမ်ား
ေခါင္ေဆာင္မႈမ်ားအတြက္ စီစဥ္ရန္ အေသးစိတ္အေနျဖင့္
မွာၾကားျခင္းမ်ိဳးေတာ့ မရွိေပ ( ၂၃:၁-၂၆:၃၄ ) ။ ဒါဝိဒ္မင္း
အနိစၥမေရာက္မီ မိမိျပည္သားမ်ားအတြက္ မင္းသစ္တစ္ပါး
ေရွာလုမုန္အား ေပးအပ္ခဲ့သည္ ( ၂၈: ၁-၂၉:၃၀ )။
၄။ ရာဇဝင္ခ်ဳပ္ ဒုတိယေစာင္၌ ပါဝင္ေသာအေၾကာင္း
ကၠသေရလတိုင္ျပည္၏ ဘုရင္မင္းသစ္ျဖစ္လာေသာ
ေရႈလုမုန္မင္းႀကီးသည္ ပညာအရာ၌လည္းေကာင္း၊ႂကြယ္
ဝခ်မ္းသာျခင္း၌လည္းေကာင္း အလြန္အားႀကီး ျမင့္ျမတ္
သူအျဖစ္ ဘုရားသခင္ကေကာင္းႀကီးေပး ခ်ီးေျမာက္ေတာ္
မူသည္( ၁:၁-၁၇ )။ က်မ္းျပဳစုသူ၏ အဓိကႏွင့္ အေရးႀကီး
ဆံုးဦးတည္ခ်က္ ရည္ရြယ္ျခင္းမွာ ေယရုရွလင္ၿမိဳ႕ေတာ္တြင္
ဗိမာန္ေတာ္တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ေပၚလြင္ေစခဲ့
သည္( ၂:၁-၇:၂၂) ။ တည္ေဆာက္ျခင္း အစီစဥ္စီမံမႈမ်ား
ႏွင့္ လိမၼာပါးနပ္စြာျဖင့္ တိုင္းတစ္ပါးတို႔ရဲ႕ အကူအညီးရယူ
ျခင္းမ်ား၎ ကုန္သြယ္ကူသန္းမႈမ်ားေၾကာင့္၎ သူ၏ ဘုန္းတန္ခိုး ပိုမိုႀကီးထြားလာခဲ့သည္ ( ၈:၁-၉:၃၂ )။
ေရႈလုမုန္ အနိစၥေရာက္ၿပီး ေႏွာက္ပိုင္းမွ မ်ိဳးႏြယ္စုမ်ား
မ်ား ေယရုရွလင္မွ ခြဲထြက္ၾကေသာ္လည္း က်မ္းေရးသူက
၎တို႔အား သီးျခားတရာဝင္တိုင္းႏိုင္ငံအေနျဖင့္ အသိမွတ္
မျပဳခဲ့ေပ။ေလဝိယဇ္ပုေရာဟိတ္တို႔၏ သြန္သင္မႈအတိုင္း
လိုက္နာသည့္အခ်ိန္ကာလပတ္လံုး တိုင္ျပည္ကို ေကာင္း
မြန္စြာျဖင့္ ေရွာလုမုန္၏သားေတာ္ ေရာေဗာင္အုပ္ခ်ဳပ္ႏိုင္
ခဲ့သည္။ သို႔ေသာ္လည္း တိုင္းတစ္ပါး ဘာသာေရးက်င့္စဥ္
မ်ားကို လိုက္နာလာၾကသည့္အခါ ဘုရားသခင္သည သူတို႔
အား ဒဏ္ခတ္ေတာ္မူခဲ့သည္ ( ၁၀:၁-၁၃:၂၂ )။
ထို႔ေနာင္ အာသမင္းလက္ထက္တြင္ ဘာသာေရးျပဳျပင္
ေျပာင္းလဲမႈမ်ားျပဳခဲ့ေသာ္လည္း ေနာင္အခါတြင္ သူလည္း
ဘုရားသခင္၏ တရားလမ္းမွ ေသြးဖယ္သြားခဲ့ျပန္သည္ ( ၁၄: ၁-၁၆:၁၄ )။ ေႏွာက္ မင္းတစ္ပါးျဖစ္ေသာ ေယရွဖက္
နန္းဆက္ခံလာေသာအခါ သူသည္ ဘုရားသခင္၏ တရား
လမ္းအတိုင္း တိုင္ျပည္ကို ျပန္လည္တည္ေထာင္ခဲ့သည္။
ထိုျပဳျပင္မႈတြင္ ယဇ္ပုေရာဟိတ္ႏွင့္ ေလဝိလူတို႔မွာ အဓိက
က႑မွလုပ္ေဆာင္ပါဝင္ ခဲ့သည္ ( ၁၇:၁-၂၀:၃၇ )။
ေျမာက္ပိုင္းႏိုင္ငံမွ ေယဇေဗလ၏ ဗာလဘုရား ကိုးကြယ္မႈ
ျပန္႔နံ႔လာ၍ ယုဒျပည္တြင္းသို႔ပါ ေရာက္ရွိလာေသာအခါ၌
( ၂၁ :၁-၂၃:၂၁ )၊ ယဇ္ပုေရာဟိတ္မ်ားႏွင့္ ေလဝိလူတို႔
ဥိးေဆာင္၍ တိုက္ဖ်က္ၾကသည္။ ထိအခ်ိန္တြင္ ေယာရွမင္း
အုပ္ခ်ဳပ္လၽွက္ရွိေနစဥ္ျဖစ္သည္ ( ၂၄: ၁-၂၇ )။
ေတာင္ပိုင္းယုဒျပည္ကို ရွင္ဘုရင္ ဩဇမင္းႏွင့္ ေယာယံ
မင္းတို႔ လက္ထက္၌ ႂကြယ္ဝခ်မ္းသာျခင္းရွိၿပီး အာခတ္မင္း
လက္ထက္ေရာက္ေသာအခါ ဒုကၡအတိသို႔ေရာက္ရွိလာကာ
ရႈပ္ေထြးမႈမ်ားႏွင့္ ရင္ဆိုင္ၾကံဳေတြ႕ရသည္( ၂၅:၁-၂၁:၂၇)။
သို႔ေသာ္လည္း ေဟဇကိမင္းနန္းထိုင္ေသာအခါ သူ၏လက္
ထက္တြင္ႏိုင္ငံေရးႏွင့္ ဘာသာေရးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္
မႈ၊ျပဳျပင္ေျပာင္းလဲမႈမ်ား က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္ႏိုင္
ခဲ့သည္။ က်မ္းျပဳစုသူက ေဟဇကိမင္း၏ ဘာသာေရးဆိုင္
ရာ ျပဳျပင္ေျပာင္းလဲမႈမ်ားကို အက်ယ္တစ္ဝင့္ေဖာ္ျပထား
ေသာ္လည္း ( ၂၉:၁-၃၁:၂၁ ) ၊ ႏိုင္ငံေရးဆိုင္ရာ ျပဳျပင္မႈ
မ်ားကို အနည္းငယ္သာေဖာ္ျပထားသည္ ( ၃၂:၁-၃၃ )။
မေနာေရွ မင္း ႏွင့္ အာမုန္မင္းတို႔၏ ဆိုးညစ္ေသာ အုပ္ခ်ဳပ္
ျခင္းၿပီးေႏွာက္တြင္ ( ၃၃:၁-၂၅ ) ၊ ေယာရွိမင္းလက္ထက္၌
ဗိမာန္ေတာ္ကိုလည္း ေနာက္ဆံုးျပဳျပင္မႈကို လုပ္ေဆာင္ခဲ့
သည္။ က်မ္းျပဳစုသူက ဘာသာေရးဆိုင္ရာ ကိုးကြယ္မႈမ်ား
အေပၚ အေလးထားေဖာ္ျပထားျပန္သည္ (၃၄:၁-၃၅:၂၇)။
၅။ နိဂံုး
က်မ္းျပဳစုသူက ေယရုရွလင္ၿမိဳ႕ကိုဗာဗုလုန္တို႔ဖ်က္ဆီး
ျခင္းႏွင့္ဖမ္းဆီးေခၚေဆာင္သြားသည့္ အေၾကာင္းမ်ားကို ေဖာ္ျပထားေသာ္လည္း အေသးစိတ္ေဖာ္ျပထားျခင္းမျပဳပါ။
ဤရာဇဝင္က်မ္းကို ဖတ္ရႈသူအတြက္ အေရးႀကီးဆံုးအေန
ျဖင့္ ကၠသေရလလူတို႔ ခ်ဳပ္ေႏွာင္ျခင္းခံရာမွ လြတ္ေျမာက္
လာျခင္းႏွင့္ မိမိတို႔တိုင္းျပည္သို႔ ျပန္လာျခင္းအေၾကာင္းကို
ရည္ညြန္းေဖာ္ျပနားလည္းရန္သာ ျဖစ္သည္ ( ၃၆:၁-၂၃)။
သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...