ပဋိညာဉ်တရား ခြုံငုံလေ့လာခြင်း- ပဋိညာဉ်ဟောင်းနှင့် ပဋိညာဉ်သစ်
Old Covenant & New Covenant Summary.
Reshare #9Dan Unicode & Zawgyi
================================
လူစုနှစ်စုအကြား ပဋိညာဉ်ပြုချက်သည် သဘောတူ
စည်းကမ်းချက်ထားရှိခြင်းဖြစ်ပြီး၊ ထိုပဋိညာဉ်ကို လိုက်နာ
သူ၊ချိုဖောက်သူတို့အပေါ် အကျုးအမြတိအတွက် အာမခံ
ချက်ပေးစေသည်။သက်သေတစ်မျိုးဖြင့် ချိတ်ပိတ်သိမ်း
ဆည်းထားခြင်းဖြစ်သည် ။
ဘုရားနှင့် လူစပ်ကြားထားရှိသော ပဋိညာဉ်တို့သည်
အဆင့်အတန်းမတူသူတို့ကြား ထားရှိခြင်းဖြစ်သောကြောင့်
လူလူချင်းထားသော ပဋိညာဉ်နှင့်ခြားနားပေသည်။
ဘုရားသခင် အစဉ်ပေးသူဖြစ်ပြီး လူသားသည်လက်ခံသူ
ဖြစ်သည်။ လူ့အနေဖြင့် ဘုရားသခင်နှင့် ညှိနိုင်း၍မရသကဲ့
သို့ ဘုရားသခင်၏ ကတိတော်များသည် သူ့ကျေးဇူးတော်
တစ်ခုတစ်ခုတည်းပေါ်၌သာ မူတည်သည်။ လူ့အနေဖြင့်
ဘုရားသခင်၏ ကျေးဇူးပြုခြင်းနှင့် ညွန်ကြားချက်များကို
လိုက်နာရုံသာဖြစ်ပါသည်။
(က ၂၁:၂၂-၂၃၊၃၁:၄၄-၅၄၊၁ရာ ၁၈:၃-၄၊မာလခိ ၂:၁၄) ။
၁။ လူတစ်ဦးမှ တစ်လောကလုံးသို့
''""""""""""""""""""""""""""""""""""""""""
၁.၁ ဘုရားသခင်နှင့် နောဧမှ တစ်ဆင့်လူတို့ကြား
ပဋိညာဉ်ဟူသည် ဘုစားသခင်၏ကျေးဇူးတော်ကို
အရင်းခံကာ ထိုကျေးဇူးတော်ကို အမှီပြု၍တည်စေခဲ့သည်။
ဘုရားသခင်က "...ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော
သတ္တဝါတို့သည် နောက်တစ်ဖန်မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဖို့ရာ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။..."ဟု
ပဋိညာဉ်ပြုခဲ့ရာမှာ သက်တံ့သည် နိမိတ်လက္ခဏာ (ဝါ)
သက်သေဖြစ်သည် (က ၆:၈-၁၈၊ ၉:၈-၁၇ )။
၁.၂ အာဗြဟံမှ လူသားမျိုးနွယ်သို့
ဘုရားသခင်သည် လူသားတို့အား ကယ်တင်မည့်
အကြံစည်တော်မှာ ကျေးဇူးတော်ကိုအခြေအမြစ်ပြုခဲ့သည်။
မဟာအလိုတော်အရ လူတစ်ဦး အာဗြဟံကို ရွှေးချယ်ပြီး
မြောက်များစွာသောမျိုးနွယ်ပေးနည်ဟု ငတိပေးကာ ထိုလူ
တို့သည် တိုင်းပြည်တစ်ပြည်ဖြစ်လာပြီး ခါနာန်ကို အိမ်ယာ
အဖြစ် လက်ခံရရှိ၍ တစ်ကမ္ဘာလုံးသို့ ဘုရားသခင်၏
ကောင်းကြီးမင်္ဂလာစီးဆင်းရာလမ်းကြောင်းဖြစ်စေသည်။
( က ၁၂:၁-၃၊ ၁၅:၁၈-၂၁၊ ၁၇:၂-၈၊ တ ၃:၂၅)
ဘုရားသခင်သည် အာဗြဟံအာ ကတိပြုခဲ့ခြင်းကို
အတည်ပြုသည့်အနေဖြင့် ပဋိညာဉ်ပြုသော လုပ်ဆောင်မှု
တစ်ခုပြုခဲ့သည်။
အစဉ်အလာအရ လူလူချင်း ပဋိညာဉ်ပြု
မည်ဆိုပါက ပြုမည့်သူနှစ်စုတို့သည် တိရစ္ဆာန်တစ်ကောင်
ကိုသတ်၍ နှစ်ခြမ်းခွဲပြီး ထိုနှစ်ခြမ်းကို မိမိတို့အတွင်းပေးဝေ
ကာ၊ ထိုပပဋိညာဉ်ချိုးဖောက်ပါက အသတ်ခံရသောအ
ကောင်၏ ကြမ္မာကို မိမိတို့အပေါ် ကျရောက်စေမည်ဖြစ်
သည် ( က ၁၅:၉-၁၀၊ ယေ ၃၄:၁၈ )။
သို့သော်လည်း အာဗြဟံနှင့် ပတ်သက်၍
ဘုရားသခင် တစ်ဦးတည်းသာ{ မီးခိုးထွက်နေသော မီးအိုး
နင့်မီးတုတ်အသွင်ဆောင်ကာ}ထိုအကောင်နှစ်ခြမ်းအကြား
ဖြတ်သန်းသွားသည်။ဘုရားသခင်တစ်ဦးတည်းသာ ထို
ပဋိညာဉ်ကို ပြုလုပ်ခဲ့ပြီး၊ပြီးပြည်စုံရန် အာမခံသည်(၁၅:၁၇။
...သို့သော် အာဗြဟံသည် ဘုရားသခင်၏ကျေးဇူးတော်ကို တုန့်ပြန်ရန် တာဝန်ရှိသည်။ လူ့အနေဖြင့်ဘုရားသခင်အား
ယုံကြည်ခြင်းနှင့် နာခံလိုက်လျှောက်ခြင်းတို့ဖြင့်တုံ့ပြန်မှသာ
စစ်မှန်သောဝိညာဉ်ရေးရာ တော်စပ်မှုရှိနိုင်မည်။
အရေဖျားလှီးခြင်းဝတ်ကိစ္စသည် အာဗြဟံနှင့် မိမိ၏သား
စဉ်မြေးဆက်တို့ ယုံကြည်ခြင်းနှင့် နားထောင်ခြင်းပြသရန်
အခွင့်အရေး ဘုရားသခင်ပေးသော ပဋိညာဉ်၏သင်္ကေတ
နှငိ့ တံဆိပ်ရျုက်နှိပ်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏
ကျေးဇူးတော်ကို တုံ့ပြန်၍ အရေဖျားလှီးသူများသည် ပဋိညာဉ်ကိုရရှိကာ မလှီဎဖြတ်သူများမှာ ပဋိညာဉ်မှ ဖြတ်
တောက်ခြင်းခံရသည်။ ပဋိညာဉ်သည် ဘုရားသခင်အပေါ်
မူတည်သည်။ ပဋိညာဉ်အရ ကောင်းချီးမင်္ဂလာခံစားရခြင်း
သည် ဘုရားသခင်စကားတော်ကိုလိုက်နာသောသူများသာ
ခံစားရသည် ( က ၁၇:၉-၁၄ )။
၂။ သွေးသွန်းခြင်း ပဋိညာဉ်
ပဋိညာဉ်နှင့် ဆိုင်သော နှစ်ဦးနှစ်ဘက်သည်
ဘုရားဝတ်နှင့်ဆိုင် သွေးသွန်းခြင်းဝတ်ကိုပြုကာ တစ်ဘက်
နှင့်တစ်ဘက် ချည်နှောင်ထားကြသည်။ သွန်းသောသွေး
တစ်ဝတ်ကို ယဇ်ပလ္လင်( ဘုရားသခင်ကို ကိုယ်စားပြုသည်)
တွင် ပတ်ဖျန်း၍ အခြားတစ်ဝတ်ကို လူတို့အပေါ်ပတ်ဖျန်း
သည် ( ထွက် ၂၃:၃-၈)။
ထိုသကဲ့သို့ ဘုရားဝတ်နှင့်ဆိုင်သော သွေးသွန်ခြင်း
ဝတ်သည် ပဋိညာဉ်အား သစ္စာရှိပါသည်ဟု ဝန်ခံလိုက်
လျောက်သော ထူးခြားသည့်မှတ်သားဖွယ်လုပ်ဆောင်ချက်
ထက်သာလွန်သည်။ ပသခါပွဲသည် က္ကသရေလလူတို့အား
သွေးသည် သေဒဏ်စီရင်ခြင်းခံရသူအား လွတ်ငြိမ်းခွင့်ရ
စေရန်အတွက် စတေးခံသာအသက်ကို ပံဆောင်ကြောင်း
ပြသခဲ့သည် ( ထွက် ၁၂:၁၃ )။ သွေးသည် အပြစ်မှလွတ်
မြောက်ခြင်းနှင့် ဆက်နွယ်နေသည်။ ထိုကြောင့် သိနာတောင်တွင် ပြုလုပ်ခဲ့သည့် ဘုရားနှငိ့ဆိုင်သော
အသွေးသွန်းခြင်းဝတ်သည် က္ကသရေလလူမျိုးတို့အတွက်
ဘုရားသခင်နှငိ့ ပဋိညာဉ်ပြုချက်အရ ဘုရားသခင်၏လူများ
ဖြစ်ကြောင်း ပြသသည့်သန့်ရှင့်သောလအခမ်းအနာတစ်ရပ်
ဖြစ်သည်ကို ပြသခဲ့သည် ( ဟေဗြဲ ၉:၁၉-၂၂ ) ။
ဤအခမ်းအနားပြုလုပ်နည်းသည် ဘုရားသခင်နှင့်
အာဗြဟံတို့ ပဋိညာဉ်ပြုပြီးနှောက် က္ကသရေလလူတို့ကြား
ထားရှိသော ပဋိညာဉ်ကို လေးနက်စေကာ လူတို့၏ကြိုးစား
ခြင်းကြောက့်မဟုတ်ပဲ ကျေးဇူးတော်ကြောင့်သာဖြစ်သည်
(ဂလာတိ ၃:၁၇-၁၈)။ လူသားတို့ဘက်မှလည်း ပဋိညာဉ်ကို
စောင့်ထိန်းဖို့ တာဝန်ဖြစ်ပြီး၊စောင့်ထိန်မှသာ အကျိုးအမြတ်
များ ခံစားကြရမည်ဖြစ်သည် ( ထွက် ၁၉:၅၊ က ၁၇:၁၉)။
၃။ ဒါဝိဒိမင်းကြီးအပေါ် ပဋိညာဉ်
က္ကသရေလပြည်တွင် မေရှိယပေါ်ထွန်းစေရန် ဘုရားသခင်၏ ပြင်ဆင်မှုမှာ ထိုတိုင်းပြည်မှ လူသားတစ်ဥိး
ဖြစ်သော ဒါဝိဒ်မင်းကို ရွေးချယ်ခဲ့ပြီး ထိုမင်းဆက်မှ မေရှိယ
ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်။
ဘုရာသခင်သည် ရှေးယခင်က အာဗြဟံနှင့်လည်းကောင်း
က္ကသရေလပြည်နှင့်လည်းကောင်း ထားရှိခဲ့သော ပဋိညာဉ်
ကတိတော်အဆက်ကို ဒါဝိအားပေးခဲ့သည်။
( ၂ရာ ၇:၂-၁၇ ၊၂၃:၅ ဆာ ၈၉:၃-၄ ;၂၈:-၃၇ )
၄။ ပဋိညာဉ်တရားသစ်အတွက် ကြိုတင်ပြောကြားခြင်း
ဘုရားသခင်က က္ကသရေလလူမျိုးများကို အဲဂုတ္တုပြည်မှ
ခေါ်ဆောင်စဉ်ပေးခဲ့သော ပဋိညာဉ်တရာနှင့် ခြားနားသော
လောကလူသားအားလုံးနှင့်သက်ဆိုင်သည့်ပဋိညာဉ်တရား
သစ်ကိုပေးမည့်အကြောင့် ပရောဖက်ကျမ်းထဲမှာ ကြိုတင်
ဖော်ပြထားကြောင်းလည်းတွေရသည်။
"... ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊
ငါထာဝရဘုရားသည်ငါ့ပညတ်တို့ကို
သူတို့စိတ်ဝိညာဉ်ထဲသို့သွင်းမည်။သူတို့နှလုံးပေါ်မှာ
ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။
သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။...."
( ယေရမိ ၃၁:၃၂-၃၃၊ဇေယ ၃၆:၂၃-၂၇၊ဟေဗြဲ ၈:၈-၁၀ )
၅။ ပဋိညာဉ်တရားသစ် ပြည်စုံလာခြင်း
ယေရှုခရစ်တော်အားဖြင့် ရရှိသော ရွေးနုတ်ခြင်းသည်
ပဋိညာဉ်သစ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ခရစ်တော်အား
ဖြင့် ဘုရားသခင်သည် ပဋိညာဉ်ပြုလုပ်ပြီး ခရစ်တော်၏
အသွေးတော်မားဖြင့် ထိုပဋိညာဉ်ကို တံဆိတ်ခတ်သည်
( ၁ကော ၁၁:၂၅၊ ဟေဗြဲ ၉:၁၅၊ ၁၂: ၂၄ )။ထိုအသွေး
ဆော်အားဖြငိ့ အပြစ်အလုံးစုံကိုလွတ်စေပြီး ဘုရားသခင်၏
လူတို့သည် ထိုပဋိညာဉ်၌ပါဝင်ရာတွင် ရှေးယခင်က
ပဋိညာဉ်ဟောင်းပြုလုပ် သန့်စင်စေခြင်းမဟုတ်ဘဲ အမှန်
တကယ် သန့်စင်ခြင်းဖြစ်သည်(မ၂၆:၂၈၊ဟေဗြဲ၉:၁၉-၂၂)။
ဤ ပဋိညာဉ်သစ်သည် ထာဝရတည်မြဲရခြင်းမှာ နောက်ထပ် အခြားပဋိညာဉ်မရှိတော့စောကြောင့်ဖြစ်သည်။
ပဋိညာဉ်သစ်၏ ကျေးဇူးတော်သည် ပေါ်ထွန်းထင်ရှားပြီး၊
ထာဝရတည်မြဲလျှက်ရှိသည်( ဟေဗြဲ ၁၀:၁၆-၁၈၊၁၃:၂၀)။
✔ ရှင်မာကုခရစ်ဝင် ၁၄:၂၄
ကိုယ်တော်ကလည်း၊ ဤခွက်ကား၊
ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍၊ လူများအဖို့အလိုငှာ သွန်းသောငါ၏အသွေးဖြစ်၏။
✔ ဟေဗြဲဩဝါဒစာ ၁၂:၂၄
ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့လည်းကောင်း၊ အာဗေလ၏အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့လည်းကောင်း ရောက်ကြ၏။
၆။ ပဋိညာဉ်တရားသစ်၏အကျိုးကျေးဇူးများများ
၇.၁) ခရစ်တော်လုပ်ဆောင်ပေးခြင်း
လူသားတွေရဲ့ ကနဦးအပြစ်စတင်ဆင်းသက်စေရာ
ဥယျဉ်အလယ်က သစ်ပင်ရဲ့အသီးစားမိခြင်းကြောင့်ဖြစ်သ
လို ထိုဗီဇအပြစ်မှ ရွှေးနတ်ကယ်တင်ဖို့ရန် ယေရှုခရစ်တော် သည် သစ်တိုင်ပေါ်ချိတ်ဆွဲခြင်းခံကာ အမှုပြီးပြီးဟုကြေညာ
ပေးခဲ့ပြီး၊အသွေးသွန်းလို့ ထိုအသွေးတော်ဖြင့် သန့်ရှင်းရာ
ကောင်ကင်ကိုယ်ထဲသို့ဝင်၍ အမြင့်ဆုံးသောယဇ်ပရေဟိတ်
အဖြစ်နေရာယူကာ လူသားအားလုံးအတွက် အပြစ်ဖြေရာ
ယဇ်ကို ပူဇော်လုပ်ဆောင်ပေးသွားခဲ့သည်။ သုံးရက်မြောက်
သောနေ့၌ ဝိညဏကိုယ်ဖြင့်ရှင်ပြန်ထမြောက်လာခြင်းမှာ
သေခြင်းမာန်ကိုအောင်နိုင်သူအဖြစ်သက်သေပြုခြင်းနှင့်တူ လူသားရဲ့သေခြင်းအမင်္ဂလာအားလုံးတို့အပေါ် အောင်နိုင်
လို့ ကောင်းကြီးမင်္ဂလာအဖြစ်ပြန်၍လုပ်ဆောင်ပေးခြင်းဖြစ်
သည်(ဂလာ ၃:၁၃၊၁ပေ၂:၂၄၊တ ၅:၃၀၊ဟေ ၉:၂၂-၂၆) ။
၆.၂) ခရစ်တော်အားဖြင့်ရရှိသောအကျိုးကျေးဇူး
ယေရှုခရစ်တော်ကို ကယ်တင်သောအရှင်သခင်အဖြစ်
ယုံကြည်၍ လက်ခံသောသူအားလုံး ခံစားရသောအကျိုး။
● အာဒံအားဖြင့်သေရာမှ အသက်ရှင်သူဖြစ်စေတယ်
၁ကော ၁၅:၂၂
● အသစ်ပြုပြင်သော သတ္တဝါဖြစ်စေတယ် ၂ကော ၁:၁၇
● ထာဝရအသက်ပေးတယ် ရောမဩဝါဒစာ ၆:၂၃
● အပြစ်စီရင်ခြင်း ပလ္လင်ဖြူတရားစီရင်ခြင်းနှင့်
ကင်လွှတ်ဖို့ အာမခံချက်ပေးတယ်။ ယော ၃:၁၈,၅:၂၄
● ဘုရားသားအဖြစ် ခံရစေတယ် ဂလာတိ ၃:၂၆
● ကောင်းကင်ဘုံ ဓမ္မမင်္ဂလာအားလုံးကို အမွေခံဖို့
အာမခံချက်ပေးတယ် ဧဖက် ၁:၄၊ ဂလာတိ ၄:၇
● ဖြောင့်မတ်သောသူ၊သန့်ရှင့်မြင့်မြတ်သော၊မင်းစည်းစိမ်
ရှိသောသူအဖြစ်သတ်မှတ်ခြင်းခံစေတယ်။ ၁ပေ ၂:၉
● ဘုရားသခင်ကို တိုက်ရိုက်ကိုးကွယ်ခွင့်ရရှိစေတယ်
ဧဖက်ဩဝါဒစာ ၂:၁၈
● ခရစ်တော်၏ ဒဏ်ချက်တော်အားဖြင့်
အနာရောဂါများကျမ်းမာရသောခွင့်ရှိစေတယ်။
ရောမ ၄:၂၅ ၊၁ပေ ၂:၂၄
●လောကမှာအသက်ရှင်စဉ် လောကမောင်မိုက်တန်ခိုးများ
အပေါ်တိုက်လှန်အောင်မြင်နိုင်သော တန်ခိုးကိုလည်း
နုတ်ကပတ်တော်နှင့် သူနာမကို အသုံးပြုဖို့ပေးအပ်ခဲ့တရ်။
မဿဲ ၂၈: ၁၈-၁၉ ၊ မာကု ၁၆:၁၇-၂၀၊ ယော ၁၄:၁၂-၁၄
၇။ ခရစ်တော်ကို ယုံကြည်လက်ခံသောသူတို့၏
လိုက်လျှောက်ရမည့် သက်သေ၊သင်္ကေအချို့မှာ..
က။ ရေနှစ်ခြင်းခံရမယ်
အချို့လူတွေက ယေရှုကိုယံကြည်ရင်ရပြီမို့လား
ရေနှစ်ခြင်းခံစရာမလိုဘူးလိုတွေးတတ်ကြပါမယ်။ဒါပေမဲ့
ယေရှုကိုယ်တိုင်က တပြည့်တော်တွေဆီမှာ ယုံကြည်သူ
ဖြစ်လာရင် ဗတ္တိဇံပေးဖို့မှာထားတာဟာ လိုအပ်လို့ဖြစ်တရ်။
ပဋိညာဉ်ဟောင်မှာ က္ကသရေလလူမျိုးမှန်ရင် အရေဖျားလှီး
ခြင်းခံယူရတယ်။မခံယူရင် ထိုပဋိညာနှင့်သက်ဆိုင်သော
ကောင်းကြီးမင်္ဂလာနှငိ့သူမပတ်သက်ရာရောက်သွားတယ်။
ပဋိညာဉ်တရားသစ်မှာ ဗတ္တိဇံခံခြင်းသည်သခင်နှင့်အတူ
သင်္ဂြိုဟ်ခြင်း၊သခင်နှင့်အတူ ထမြောက်ခြင်းသို့ ပုံသက်သေ
ဖြစ်ပြီး ခရစ်တော်ကို ယူတင်ဝတ်ဆောင်ခြင်းဖြစ်တယ်လို့
လို့သတ်မှတ်ထားခြင်းဖြစ်ပါတယ် ဂတိ ၃:၁၂၊ကော၂:၁၂။
ယေရှုကိုယုံကြည်လက်ခံသော်လည်း ဗတ္တိဇံမခံသောသူ
တွေရှိလျှင် ထိုသူတို့သည် ခရစ်တော်ကိုယူတင်ဝတ်ဆောင်
ခြင်းမရှိသေးသောကြောင့် ချီဆောင်ခြင်းရောက်လာလျှင်
ထိုသူတို့သည် အာကသကောင်းကင်သို့ မင်္ဂလာဆောင်ပွဲ၊
ခရစ်တော်ရဲ့ဆုချီးမြင့်ခြင်းသို့ ပါဝင်ခွငိ့ရရှိမည်မဟုတ်ပါ။
အကြောင်းမှာ ခရစ်တော်ကိုယူတင်ဝတ်ဆောင်ခြင်းဟူ
သော သူသို့သမီးဝတ်လုံမဝတ်ဆောင်သောကြောင့်ပေ...။
ထိုသူတို့သည် အသက်စာစောင်၌နာမည်ရေးထားခြင်းရှိ
သောကြောင့် ပလ္လဖြူတရားစီးရင်ရာနေ့၌ ပြန်ထမြောက်
လာကြပြီး လွတ်မြောက်ခြင်းအခွင့်တော့ရှိနိုင်ပါလိမ့်မည်။
ဗတ္တိဇံပေးသောသူက ခမည်တော်၊သားတော်၊သန့်ရှင်း
သော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံပေးပါသည်ဟုနုတ်မြတ်
ပြီး ဗတ္တဇံခံယူသူက စိတ်နှလုံးထဲတွင်ခရစ်တော်၏နာမ၌
ကျေနပ်စွာဖြင့်ခံယူရမည်ဖြစ်သည်။ မဿဲ၂၈:၁၉၊တ၂:၃၈။
ခ။ ပွဲတော်မင်္ဂလာပြုလုပ်ရမယ်
ပွဲတော်မင်္ဂလာသည် ယေရှုခရစ်ကိုယုံကြည်သောသူတိုင်း
ယေရှုလုပ်ဆောင်ပေးသောအမှုကို သတိရအောက်မေ့ခြင်း
အနေဖြင့် ကျေးဇူးတော်ချီးမွမ်းကာ ခရစ်တော်ပြန်မကြွလာ
မှီတိုင်အောင် လုပ်ဆောင်ရမည့် သက်သေသင်္ကေတတစ်ခု
ဖြစ်သည်။ ပဋိညာဉ်ဟောင်းခေတ်တွင် က္ကသရေလလူတို့ကို
အဲဂုတ္တုပြည်မှရွေးနုတ်ခေါ်ဆောင်ရာကို အောက်မေ့ကြဖို့
ရန် ပသခါပွဲကျင်ပလေ့ရှိစေသကဲ့သို့ ယခုပဋိညာဉ်တရား
သစ်၌ ယေရှုခရစ်၏အသွေးတာ်ဖြင့်ရွေးနုတ်ကယ်တင်ခြင်း
ကိုအစဉ်သတိရအောက်မေ့ဖို့ ပြုလုပ်ရစေခြင်းဖြစ်သည်။
ထိုပဋိညာဉ်ဟောင်း ပသခါအစားအစာကို တစ်ပါးအမျိုးများ
မစားစေသကဲ့သို့ ပဋိညာဉ်တရားသစ်၌လည်း မယုံကြည်
သေးသောသူများ မစားရပါ။
( ထွက် ၁၂ :၁-၄၃ ၊မဿဲ ၂၆:၂၈၊မာ ၁၄:၂၄၊လု ၂၂:၂၅ ။
ဂ။ ချီးမွမ်-ကိုးကွယ်ခြင်းပြုလုပ်ရမယ်
ပဋိညာဉ်ဟောင်းခေတ်၌ ထာဝရဘုရားကိုသာ ကိုးကွယ်
စေခဲ့သလို ပဋိညာဉ်သစ်၌လည်း ဘုရားသခင်ကိုသာလျှင်
ကိုးကွယ်ရာဖြစ်ပြီး နတ်၊ဝိဇာ ကာလဗေဒင်များမစ၍လုံးဝ
မမှီဝဲဖို့ရန်ဖြစ်သည်။ယေရှုကို ယုံတော့ယုံကြည်တယ် ဒါပေမဲ့ အခြားဘာသာယုံကြည်မှုများလည်း စွန့်ခြင်းမျိုးလုံး
ဝမဖြစ်သင့်ပါ။သခင်နှစ်ဦး၏ အစေကိုအဘယ်သူမျှမခံနိုင်။
ဃ။ ဧဝံဂေလိ သတင်းကောင်းဝေငှရမယ်
ယေရှုခရစ်ကို ယုံကြည်လက်ခံသူတစ်ယောက်ဖြစ်လျှင်
ယေရှုခရစ်အားခြင့် ရှက်ကြောက်ခြင်းမျိုး သူတစ်ပါးရှေ့မှာ
မရှိဘဲ မိမိသည် ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်
ယုံကြည်လက်ခံသောသူဖြစ်ကြောင်း လူရှေ့မှာလည်း ဝန်ခံ
ရဲရမည်ဖြစ်သည်။
င။ ကျမ်းစာဖတ်-လေ့လာ၊ဆုတောင်းခြင်းပြုရမယ်။
ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသောသူအနေ
ဖြင့် ဘုရားသခင်ပေးအပ်ထားသော သမ္မာတရားကိုသိလို
သောစိတ် ဆောင့်တဆာငတ်သောစိတ်ရှိနေရမည်ဖြစ်ပြီး၊
လောကီတရားများစွာထက် သမ္မာတရာပြောသည့်အရာ
ပေါ်ယုံကြည်သက်ဝင် လက်ကိုင်စွဲထားရမည်သာဖြစ်သည်။
ရှင်သန်ရာအသက်တာအတွက် လိုအပ်မှုတွေရှိနေလျှင်
ဘုရားသခင်ထံသို့ ယေရှုနာမဖြင့် ဆုတောင်းခြင်း၊မျော်လင့်
အားထား ကိုးစာနေရမည်ဖြစ်ပြီး အခြားသော တန်ခိုးရှင်
များထံသို့ ဆုတောင်မှီဝဲခြင်းမျိုးလုံးဝ မပြုလုပ်ရန်ဖြစ်သည်။
မှတ်ချက်။ အားလုံးပြည်စုံသည်ဟူ၍ ရှိနိုင်မည်မဟုတ်သေးသော
ကြောင့် လိုအပ်မှုများ ထပ်မံဖြည့်စွပ်ကာ မျှဝေကြပါစို့နော်၊ဟာလေလုယာ...။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
May God Bless You All.
ဖတ်ရှုသူအားလုံး ဘုရားရှင်ကောင်းကြီးပေးပါစေ၊အာမင်း...။
================================
ဆည်းထားခြင်းဖြစ်သည် ။
( က ၁၂:၁-၃၊ ၁၅:၁၈-၂၁၊ ၁၇:၂-၈၊ တ ၃:၂၅)
တစ်ခုပြုခဲ့သည်။
သည် ( က ၁၅:၉-၁၀၊ ယေ ၃၄:၁၈ )။
ခံစားရသည် ( က ၁၇:၉-၁၄ )။
သည် ( ထွက် ၂၃:၃-၈)။
ပြသခဲ့သည် ( ထွက် ၁၂:၁၃ )။ သွေးသည် အပြစ်မှလွတ်