ရောမအင်ပါယာ - Rome Empire
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
မဟာအလက်ဇန္ဒြားမင်းကြီးလက်အောက်တွင်း (၃၃၄-၃၃၁ ဘီစီ) ဂရိ(ဟေလသ)တို့ အင်ပါယာကြီး၏ ကိုလိုနီနယ်များကို ရောမတို့ စတင်ဝင်ရောက်တိုက်ခိုက်နိုင်ပြီး၊ ရောမနိုင်ငံ၏ အစွန်အဖျားနယ်ပယ်အဖြစ် ပြုလုပ်လာနိုင်သည်။ ပါလတိနအရေးကိစ္စတွင် ရောမတို့ထင်ရှားလာခဲ့ခြင်းမှာ ယေရုရှလင်မြို့၏ အုပ်ချုပ်မှုကို ရောမဗိုလ်ချုပ် ပွန်ပေ(Pompey)က သိမ်းပိုက်ပြီး၊ ယုဒပြည်ကို ရောမတို့၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်စေခဲ့သည်(၆၃ ဘီစီ)။
၂။ ရောမအင်ပါယာ
ဂျူးလီယက်(စ်)ဆီဇာ (Julius Caesar)ကို လုပ်ကြံသတ်ဖြတ်ပြီးနောက်(၄၄ ဘီစီ) ရောမနိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်ခြင်း၊ နိုင်ငံရေးရှုပ်ထွေးမှုနှင့် လူမှုရေးကမောက်ကမဖြစ်ခြင်း အစရှိသည့် ဒုက္ခများ ကျရောက်သော အချိန်ကာလနှင့် တွေ့ကြုံရသည်။ ထောင်ပေါင်းများစွာသောသူများ ဆင်းရဲပြီး အလုပ်လက်မဲ့ဖြစ်နေကြသည်။ တရားဥပဒေစိုးမိုးမုမရှိသလောက်ဖြစ်ပြီး အဂတိလိုက်စားမှုများ ပြန့်နံှ့ကာ ရည်မှန်းချက်ကြီးသော စစ်ဗိုလ်ချုပ်ကြီးများက မိမိတို့အာဏာကို ပို၍ကြီးမားလာရန် ကြံစည်လုပ်ဆောင်လာကြသည်။ ထိုသို့မငြိမ်မသက်မှုနှင့် တင်မာမှုဖြစ်နေချိန်တွင် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်၊ပြုပြင်နိုင်သည့် ခေါင်းဆောင်တစ်ဦးပေါ်ထွန်းလာသည်။(၂၇)ဘီစီတွင် ကဲသာဘုရင် ဩဂုတ္တုအမည်ခံယူကာ ရောမအင်ပါယာဟု လူအများသိသောပြည်ကြီး၏ ပထမဆုံးသော ပထမဆုံးသော အုပ်ချုပ်သူဖြစ်လာသည်(လု ၂:၁)။ သူ့အား လူတို့မည်မျှဂုဏ်ပြုခဲ့ကြနည်းဆိုတော် နောင်ရောမအင်ပါယာကြီးကို အုပ်စိုးသူများက ဧကရာဇ်ဘုရင်၏ဘွဲ့နာမကို ကဲသာဘုရင်ဟု မှည့်ခေါ်လာကြသည်(လု ၃:၁၊၂၀:၂၂၊တမန် ၁၇:၇၊၂၅:၁၁၊၂၅)။ ဩဂုတ္တု လုပ်ဆောင်ခဲ့သော ငြိမ်သက်ခြင်းနှင့် အစီအစဉ်တကျရှိခြင်းအပေါ် ကျေးဇူးတင်သော ခံစားမှုများပြန့်နှံ့နေပြီး၊ ၎င်းအား ဘုရားတစ်ဆူသဖွယ် လူတို့ချီးမွမ်းလာကြသည်။ ဤသို့ဖြင့် ဧကရာဇ်ဘုရင်ကို ကိုးကွယ်မှုစတင်ခဲ့ပြီး အင်ပါယာ၏ တရားဝင်ကိုးကွယ်သည့်ဘာသာဖြစ်လာခဲ့သည်။ မိမိတို့အစိုးရထံ အစပြု၍ မှတ်ပုံတင်ထားခဲ့သော အခြားဘာသာများကို ရောမလူတို့ သည်းခံခဲ့ကြသည်။ သို့သော် မည်သည့်ဘာသာဝင်(မှတ်ပုံတင်ပြီး)ဖြစ်စေကာမူ ဧကာရာဇ်ဘုရင်၏ ရုပ်တုကိုကိုးကွယ်ရန် လိုအပ်နေလေသည်။
ယုဒလူတို့အား ထိုဥပဒေကို လိုက်နာရန် ရောမလူတို့က အတင်းအကြပ်မပြုလုပ်ခဲ့ပေ။ ယုဒလူတို့သည် မည်သည့်ရုပ်တုဆင်းတုကိုမျှ ဝတ်ပြုကြမည် မဟုတ်ကြောင်း သိသောကြောင့်ဖြစ်သည်။ ဧကရာဇ်ဘုရင်၏ ရုပ်တုရှေ့တွင် ဝတ်ပြုရန် ခရစ်ယာန်များကလည်း ငြင်းဆိုကြသည်။ သို့သော် ခရစ်ယာန်တို့ကို ယုဒဘာသာအတွင်း ဂိုဏ်ကွဲးတစ်ခုအဖြစ်သာ ရောမအရာရှိများ ယူဆနေသရွေ့ ခရစ်ယာန်တို့အပေါ် မည်သည့်အရေးယူမှုကိုမျှမလုပ်ခဲ့ကြချေ။ သို့သော် ခရစ်ယာန် ခရစ်ယာန်ဘာသာမှာ ယုဒဘာသာနှင့် ကွဲလွဲပြီး၊ ဘာသာအသစ်ဖြစ်ကြောင်း ရောမဥပဒေ၏ အပြင်ဘက်တွင်ရှိနေကြောင်း သိလာသည်နှင့်တစ်ပြိုင်နက် ခရစ်ယာန်တို့ကိုရက်စက်စွာ ညှင်းပန်းနှိပ်စက်ကြတော့သည်။
ညှင်းပန်းနှိပ်စက်မှု အပြင်းထန်ဆုံးဖြစ်ပွားခဲ့သည့် အကြိမ်မှာ ရောမမြို့တွင် အကြီးအကျယ် မီးလောင်နေသည့်အချိန်ဖြစ်သည်( အေဒီ ၆၄ )။ ထိုသို့ဖြစ်ရခြင်းကို ဧကရာဇ်ဘုရင် နေရူး(Nero)က ခရစ်ယာန်တို့အပေါ် အပြစ်ဖို့ခဲ့သည်။ တစ်ချိန်တည်းမှာပင် ယုဒလူတို့အပေါ် ရောမလူတို့စိတ်ရှည်မှုလျှော့နည်းလာသည်။ အထူးသဖြင့် ယေရုရှလင်မြို့ရှိ ယုဒလူတို့အပေါ်ဖြစ်သည်။ ၎င်းတို့၏ အမှုကိစ္စများအပေါ် ရောမမြို့မှ လွဲများစွာ စီမံခဲ့ခြင်းကြောင့် ယုဒလူတို့အမျက်ထွက်ခဲ့စည်။ ဇေလုပ်(သို့မဟုတ် တိုင်းချစ်ပုဂ္ဂုလ်များ)ဟု လူအသိများသော ယုဒနိုင်ငံရေးအုပ်စုက ရောမတို့ကို ဆန့်ကျင်လိုသည် စိတ်ဓာတ်ပြင်းထန်လွန်သောကြောင့် ရောမတို့အား တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ ထိုသို့ဖြစ်ရခြင်း၏ ရလဒ်မှာ ရောမတို့ ရောက်ရှိလာကြပြီး၊ ယုဒတို့၏ ပြင်းထန်သော ခုခံမှုကို ဖြိုခွဲနိုင်ကာ ယေရုရှလင်မြို့ကို အကြင်နာကင်းမဲ့စွာ ဖျက်ဆီးခဲ့ကြသည်( အေဒီ ၇၀)။ ယေရုရှလင်မြို့ ကျဆုံးခြင်းမှာ ယုဒပြည်ကြီးကျဆုံးခြင်းသာမဟုတ်ဘဲ ဘာသာရေးရင်အားဖြစ်သည့် ယုဒဘာသာ၏ ကြီးစိုးမှုချုပ်ငြိမ်းရာလည်းရောက်သည်။
ဤအချိန်တွင် ဥရောပတိုက်၊ အာဖရိကတိုက် မြောက်ဘက်နှင့် အာရှတိုက်၏ အနောက်ပိုင်းတိုင်အောင် ရောမအင်ပါယာကြီးကျယ်ပြန့်ခဲ့သည်။ ထိုအင်ပါယာကြီးသည် နှစ်ပေါင်းသုံးရာမျှ ဆက်လက်တည်ရှိပြီးနောက် ပြိုကွဲစပြုလာသည်။ နောက်ဆုံး အေဒီ ၄၇၆ တွင် ဂျာမာန်တို့က ရောမတို့ကို တွန်းလှန်နိုင်ခဲ့သည်။
၃။ အင်ပါယာ၏ နယ်ပယ်များ
အင်ပါယာကြီး စတင်တည်ထောင်ခဲ့စဉ်ကပင် ရောမတို့သည် မိမိတို့သိမ်းပိုက်နိုင်ခဲ့သော နယ်မြေများတွင် ရောမအုပ်ချုပ်ရေးမှူးတစ်ယောက်စီထားရှိရန် အကြံအစည်ရှိခဲ့သည်။ အေဒီ ၃၇ တွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များကြောင့် ရောမတို့၏ နယ်ပယ်ဖြစ်သော ယုဒပြည်အတွက်( ရှမာရိပြည်ဟု လူအများသိသော နယ်မြေလည်းပါဝင်သည်) သီးခြားအစီအစဉ်ထားခဲ့ရသည်။ ယုဒပြည်ကို အုပ်ချုပ်ရသူမှာ ရောမပြည်သားမဟုတ်ဘဲ ပါလတိပြည်သား( ဟေရုဒ်မင်းကြီး) ဖြစ်ပြီး မိမိကို ယုဒပြည်၏ ဘုရင်အဖြစ်ခန့်ရန် ရောမတို့အား သူဖျောင်းဖျခဲ့သည်။ သူသည် အချုပ်အခြာအာဏာရှိသော မင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အားလုံးအပေါ် အုပ်စိုးချုပ်ကိုင်လျှက်ရှိသော ရောမတို့၏ အောက်တွင် ကျရောက်နေခြင်းကြောင့်ဖြစ်သည်။
(၄) ဘီစီတွင် ဟေရုပ်မင်းကြီး အနိစ္စရောက်သောအခါ သားတော်အာခေလက ထီးနန်းဆက်ခံခဲ့သည်။ အခေလသည် ရက်စက်ကြမ်းကြုတ်ပြီး၊ တရားမျှတမှုမရှိခြင်းကြောင့် အေဒီ(၆) တွင် ဖယ်ရှားကာ၊ ရောမအရာရှိများအားဖြင့် တိုက်ရိုက်အုပ်ချုပ်ရန် ယုဒပြည်ရှိ ယုဒလူတို့က ရောမအာဏာပိုင်တို့ထံတောင်းဆိုခဲ့ကြသည်။ ထိုအချိန်မှစ၍ ယုဒပြည်ကို ရောမဘုရင်ခံ(သို့မဟုတ် မြို့ဝန်)က အုပ်ချုပ်ခဲ့သည်။ ခြွင်းချက်တစ်ခုမှာ အေဒီ ( ၄၁ မှ ၄၄)တိုင် မိမိအဖိုး ဟေရုဒ်မင်းကြီးအုပ်ချုပ်ခဲ့သော နယ်မြေအားလုံးနီးပါးကို ဟေရုဒ်မင်းကြီးအုပ်ချုပ်ခဲ့သော နယ်မြေအားလုံးနီးပါးကို ဟေရုဒ်အဂြိပ္ပမင်း အုပ်ချုပ်ခဲ့သည်(တမန် ၁၂:၁-၄၊၂၀-၂၃)။
သမ္မာကျမ်းအတွင်းဖော်ပြခဲ့သည့် ရောမဘုရင်ခံများမှာ ပုန္တိပိလက်မင်း( အေဒီ ၂၆-၃၆။ လု ၃:၁၊ ၁၃:၁၊၆၊၂၄၊ ယော.၁၈:၂၉-၃၈၊ ၁၉:၃၈)၊ ဖေလဇ်မင်း( အေဒီ ၅၂--၅၉။ တမန် ၂၃:၂၆၊၃၃၊ ၂၄:၂၅) နှင့် ဖေတ္တုမင်း( အေဒီ ၅၉-၆၂။ တမန် ၂၅:၁-၅၊၁၃-၁၄၊၂၆၊၃၃၊ ၂၆:၂၄)တို့ဖြစ်ကြသည်။
မြေထဲပင်လယ်ကမ်းခြေရှိ ဟေရုဒ်မင်းကြီးတည်ဆောက်ခဲ့သော ကဲသရိမြို့သည် ယုဒပြည်နယ်ကို အုပ်ချုပ်ရာ ဗဟိုဌာနဖြစ်ခဲ့သည်။ မြို့ဝန်မင်းသည် ယုဒတို့၏ ပွဲတော်ရက်များအတွင်း ယေရုရှလင်မြို့၌ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားမှုရှိစေရန်အတွက် သွားရောက်ခဲ့သည်(တမန် ၂၃:၃၃၊၂၅:၁-၆ နှင့် မ ၂၇:၁-၂)။
နယ်ပယ်များအတွင်း အဓိကရုဏ်ပေါ်ပေါက်လာနိုင်သည့်အခွင့်လမ်းများ အစဉ်ရှိနေခြင်းကြောင့် ပုန်ကန်မှုစတင်သည်နှင့်တစ်ပြိုင်နက် နှိမ်နှင်းကာကွယ်နိုင်ရန် ရောမအုပ်ချုပ်သူများ အစဉ်အသင့်ရှိကြသည်(ယော ၁၁:၄၈-၅၀၊ တမန် ၁၇:၆-၉၊ ၁၉:၄၀၊ ၂၁:၃၁-၃၆)။ ၎င်းတို့၏ အုခါးတာဝန် ဝတ္တရားမှာ တရားမျှတစွာ အုပ်ချုပ်ရန်နှင့် အခွန်အတုတ်များ ကောက်ခံရန်ဖြစ်သည်(လု ၂:၁၊ တမန် ၁၉:၃၈၊၂၅:၉-၁၀၊ရောမ ၁၃:၁-၇)။ အချို့နယ်မြေတို့၏ အုပ်ချုပ်သူများကို မြို့ဝန်ဟုခေါ်ဝေါ်ကြသည်(တမန် ၁၃:၇၊၁၈:၁၂၊၁၉:၃၈)။ ရောမအင်ပါးတစ်ခုလုံးအတွက် ခရီးလမ်းပန်ကျယ်ပြန့်ခဲ့ကြသည်။ ရောမအင်ပါယာအတွင်း ရောမကိုလိုနီဟုခေါ်ဆိုသော အရပ်ဒေသအနှံ့အပြားတွင် အစိုးရအမှုထမ်း၊ အရာထမ်းများ၊ စီးပွားရေးသမားများနှင့် စစ်သည်အခြေချေခဲ့ကြသည်။ ဤမြို့များသည် ရောမနိုင်ငံမဟုတ်သည့်နယ်ပယ်များတွင် တည်ထောင်ထားပြီး၊ ရောမအသက်ရှင်မှု ဓလေ့ကျင့်သုံးသော ဗဟိုဌာနများဖြစ်ကြသည်။ ထိုဒေသများရှိ လူတို့လည်း ရောမလူတို့၏ အခွင့်အရေးများ ရသည့်အပြင် မိမိတို့ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရကြသည်။ ပိသိဒိပြည်၊ အန္တိအုတ်မြို့၊ လုတ္တရမြို့၊တရောမြို့၊ကောရိန္တုမြို့နှင့် ဖိလိပ္ပိမြို့များလည်း ရောမတို့၏ ကိုလိုနီများဖြစ်ကြသည်(တမန် ၁၆:၁၂)။ ထိုမြို့များမှ အခြားအရေးပါသည့်မြို့များအား၊ ဆက်သွယ်နိုင်ရန်လည်းကောင်း တစ်မြို့နှင့်တစ်မြို့အကြား ဆက်သွယ်နိုင်ရန် လမ်းမကြီးများကို ကျယ်ကျယ်ပြန့်ပြန့်ဖောက်လုပ်ခဲ့ကြသည်။
ရောမတို့အုပ်ချုပ်မှုကြောင့် ရရှိခဲ့သော အခြေအနေတည်ငြိမ်မှုနှင့် အစိုးစ၏တည်ဆောက်မှုလုပ်ငန်းများအားဖြင့် ခရစ်ယာန်ဘာသာပြန့်နှံ့ရန်လည်း အထူးအကျိုးရှိကြောင်း ရှင်ပေါလုကောင်းမွန်စွာနားလည်ခဲ့သည်( ရော ၁၃:၁-၇၊၁ပေ ၂:၁၃-၁၇)။ ရောမတို့ကဲ့သို့ပင် ပေါလု၌ စွန့်စားလိုသည့်စိတ်ဓာတ်၊ စီမံကိန်းချမှတ်တတ်သောအသိနှင့် ကမ္ဘာကြီးအတွက် ရူပါရုံရှိသည်(ရောမ ၁၅:၁၉-၂၀၊ ၂ကော ၁၀:၁၆၊ကော ၁:၆)။ ရောမတို့ တည်ဆောက်ထားသည့်လမ်းများဖြင့် ပြည်နယ်တစ်ခုမှ နောက်တစ်ခုသို့သွားရောက်ကာ မြို့ကြီးများတွင် အသင်းတော်များ တည်ထောင်ရန်ပေါလု ရည်မှန်းခဲ့သည်။ ထိုမြို့ကြီးများတွင် အသင်းတော်များ အင်အားတောင့်တင်းလာပါက မြို့ပတ်ဝန်းကျင်အရပ်ဒေသများသို့ ဝမ်းမြောက်ဖွယ်သတင်း လျင်မြန်စွာပြန့်နှံသွားမည်(တမန် ၁၃:၁၄၊၄၉ ၁၄:၁၊၆၊၇၊၂၀-၂၁၊၂၄)။ အထူးသဖြင့် အင်ပါယာ၏ ဗဟိုဌာနတွင် အင်အားပြည့်ဝသည့် အသင်းတော်ရှိခြင်း၏ အရေးပါမှုကို ရှင်ပေါလုတွေ့မြင်ခဲ့သည်( တမန် ၁၉:၂၁၊ရော ၁:၉-၁၃၊၁၅:၁၄-၁၅၊၂၃-၂၄)။
၄။ ရောမမြို့သားအရာ
မူလအစက ရောမမြို့သားအရာမှာ ရောမမြို့တွင်နေထိုင်သူဖြစ်ပြီး ဧကရာဇ်ဘုရင်က ချပေးခဲ့သည့် အထူးအခွငိ့အရေးများကို ခံစားကြရသည်။ နောက်ပိုင်တွင် ထိုရောမမြို့သားအရာကို အခြားမြို့များနှင့် ပြည်နယ်များတွင် နေထိုင်ကြသူများအား ရောမအစိုးရက တိုးချဲ့အပ်နှင်းခဲ့သည်။ ၎င်းအပြင် အင်ပါယာကြီးအတွက် ထူးကဲစွာ လုပ်ဆောင်ပေးခဲ့သူများအားလည်းကောင်း၊ ထိုမြို့သားအရာကို ဝယ်ယူရန် တတ်နိုင်သူများအားလည်းကောင်း တိုးချဲ့ပေးခဲ့သည်(တမန် ၂၂:၂၈က)။ ထိုရောမမြို့သားအရာကို ထိုသူ၏ သားသမီးများက ဆက်လက်ခံစားခွင့်ရှိကြသည်(တမန် ၂၂:၂၈ခ)။ ရောမသွေးမပါဘဲနှင့် ရောမမြို့သားအရာကို လူတို့ခံစားခွင့်ရှိကြသည်(တမန် ၁၆:၃၇၊ဖိ၃:၅)။
ရောမမြို့သားအရာကို ရထားသူက အခြားမို့သူမြို့သားများ မခံစားရသည့်အခွင့်အရေးများအား ခံစားခွင့်ရှိသည်။ ဒေသခံအာဏာပိုင်များက ထိုသူအား ရိုက်နှက်ခွင့်မရှိသည့်အပြင်(တမန် ၁၆:၃၆-၃၉၊၂၂:၂၅-၂၉)၊ လူအများစုပါဝင်သော အစည်းအဝေးမှ ဆုံးဖြတ်ချက်မရှိဘဲ ထိုသူအား ကွပ်မျက်ခြင်းမပြုနိုင်ပေ။ မိမိအပေါ် ချမှတ်သည့်စီရင်ချက်ကို ထိုသူမကျေနပ်ပါက ဧကရာဇ်မင်းထံသို့ တိုက်ခိုက်အယူခံဝင်ခွင့်ရှိသည်(တမန် ၂၅:၁၀-၁၂၊ ၂၅-၂၇၊ ၂၆:၃၂၊ ၂၇:၁-၂၊ ၂၈:၁၆)။
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်မျာား
၁။ နိဒါန်း
၂။ ရောမအင်ပါယာ
၃။ အင်ပါယာ၏ နယ်ပယ်များ
၎။ ရောမမြို့သားအရာ
May God Bless You All.