0

ဟေရှာယ ကျမ်း ခြုံငုံလေ့လာခြင်း - Book of Isaiah Reshare #9Dan Unicode & Zawgyi

 9Dan
ဟေရှာယ ကျမ်း ခြုံငုံလေ့လာခြင်း - Book of Isaiah
Reshare #9Dan Unicode & Zawgyi
********
၁။ နိဒါန်
ပရောဖက် ဟေရှာယ၏ အချိန်ကာလ၌ က္ကသရေလပြည်
နှစ်ခြမ်းကွဲနေပြီးဖြစ်သည်။ မြောက်ပိုင်း က္ကသရေလပြည်၏
မြို့တော်မှာ ရှာမရိဖြစ်ပြီး၊ တောင်ပိုင်း ယုဒပြည်၏မြို့တော်
မှာ ယေရုရှလင်ဖြစ်သည်။ ဟေရှာယသည် ယေရုရှလင်မြို့
တွင်နေထိုင်းပြီး ယုဒရှင်ဘုရင်၏ အကြံပေးအရာရှိအဖြစ်
အမှုထမ်းရွက်ခဲ့သည် ( ဟေရှာ ၇:၃၊၃၇:၂၊၃၈:၁၊၃၉:၃)။
ယေရှာယမှာ အိမ်ထောင်ရှိပြီး အနည်းဆုံး သားနှစ်ယောက်
ရှိသည် ( ဟေရှာ ၇:၃၊၈:၃,၁၈ )။
ဩဇိမင်းအနိစ္စရောက်သည့် ( ၇၄၀ ) ဘီစီ ခုနှစ်မှစ၍
နောက်ဘုရင်သုံးဆက်ဖြစ်သော ယောသံမင်း၊အာခတ်မင်း
နှင့် ဟေဇကိမင်းတိုင်အောင် ယေရှာယ ဆက်လက်အမှု
ထမ်းဆောင်ခဲ့သည် ( ဟေရှာ ၁:၁၊၆:၁)။ ဟေရှာယသည်
စိတ်ဓာတ်တည်ကြည်သူဖြစ်ပြီး ထိုခေတ်က လူမှုရေးဆိုင်
ရာ မကောင်းမှုများကို ဆန့်ကျင်သူတစ်ဦးဖြစ်သည် ( ၁:၄၊
၁၇၊၃:၉၊၁၄-၁၅၊ ၅:၈-၂၃)။

တိုင်းတစ်ပါး မဟာမိတ်တို့အပေါ် အားထားခြင်းထက်
ဘုရားသခင်အပေါ် ယုံကြည်အားကိုးရန် ယုဒဘုရင်တို့အား
အစဉ်တစိုက် တိုက်တွန်းခဲ့သူဖြစ်သည် ( ၇:၄-၇၊ ၃၀:၁၅၊
၃၇:၆-၇ )။ ထို့အပြင် ယုံကြည်ခြင်းကင်းမဲ့နေစဉ်ကာလ
ဘုရားသခင်အပေါ် ယုံကြည်မှု မြဲမြံစွာ သစ္စာထားရှိရန်
တပြည့်တစ်စုအား သင်ကြားလေ့ကျင့်ပေးပြီး အားပေး
တိုက်တွန်းသည် ( ၈:၁၆-၁၇ )။ဆိုးညစ်သော ယုဒပြည်
မနောရှေမင်း လက်ထက်တွင် ယေရှာယမှာ ကိုယ်နှစ်ပိုင်း
အဖြတ်ခံကာ အသက်ရှုံးခဲ့ရသည် ( ဟေဗြဲ ၁၁:၃၇ )။
နှစ်နှစ်ရာခန့်ကြာမြင့်သော အချိန်ကာလကို ဟေရှာယ
အနာဂတ္တိကျမ်းက ခြုံငုံဖော်ပြသည်။ အထက်ဖော်ပြပါ
မင်းများ အုပ်ချုပ်ကာလအတွင်း အကြောင်းအရာများ
သာမက ယုဒလူများဗာဗုလုန်တို၏ ဖမ်းဆီးခေါ်ဆောင်ခြင်း
ပါလတိနပြည်ကို ပြန်လည်တည်ဆောက်ခြင်းများလည်း
ပါဝင်သည်။ ထိုအချိန်ကာလ ခေတ်အဆက်ဆက်အတွင်း
နိုင်ငံရေး၊ဘာသာရေးနှင့် လူမှုရေး အခြေအနေများ ခြားနား
ပြောင်းလဲခဲ့သည်။ ထိုခေတ်အဆက်ဆက်နောက်ခံ သမိုင်း
အခြေအနေများ ဤကျမ်း၌ ပါရှိသည်။..
၂။ အပြစ်ရှိသူများအား ဘုရားသခင်၏ ခေါ်သံ ( ၁ - ၆ )
ယုဒပြည်၏ တိုးတက်ကြီးပွား၍ ကြာရှည်သော ဩဇိမင်း လက်ထက်တွင် ပြင်းထန်သောလူမှုရေးနှင့် ဘာသာရေး
ပြဿနာများ ပေါ်ပေါက်ခဲ့သည်။ လောဘကြီးခြင်းနှင့် တရားမျှတမှုမရှိခြင်းများ တစ်နေ့ထက်တစ်နေ့ တိုးပွားလာ
ပြီး ဘာသာရေးဆိုင်ရာကျင့်ဝတ်များ လူတို့ဆက်လက်ပြု
လုပ်ကြသော်လည်း စိတ်ရင်း၌ကြည်ညိုလေးမြတ်ခြင်းမျိုး
မရှိဘဲ အမှုအကျင့်အားလုံး ဘုရားမကြိုက်သည့်အရာများ
ဖြစ်နေသည်။
ဟေရှာယ၏ ဟောပြောချက်များမှာ ထိုကဲ့သို့သော ပြဿနာမျိုးနှင့် ရင်ဆိုင်ခဲ့ရစဉ်က မြောက်ပိုင်းနိုင်ငံတွင်
အာမုတ်နှင့် ဟောရှေ ဟောပြောခဲ့သည်များနှင့်ဆင်တူဖြစ်
သည်။ကုန်သွယ်ရောင်ဝယ် ချမ်းသာသာသူတို့၏ အမြတ်
ထုတ်ခြင်းကို ဆင်းရဲသားများဘက်မှနေ၍ ယေရှာယ ခုခံ
ကာကွယ်ခဲ့သည်။ ယုဒပြည်၏ လူမှုရေးချုပ်ချယ်မှုများနှင့်
ဘာသာရေးဖောက်ပြန်မှုများကို အားလျှော့ခြင်းမရှိ ရဲဝံ့စွာ
ပြစ်တင်ပြောဆိုခဲ့သည်။
ယုဒပြည်က မိမိအား ပုန်ကန်သည်ဟူသော ဘုရားသခင်၏ စွပ်စွဲချက်ဖြင့် ယေရှာယအနာဂတ္တကျမ်းကို အစပြုသည်
( ၁:၁-၉ )။ တိုင်ပြည်သည် ဘာသာရေးနှင့် ကိုယ်ကျင့်
တရားတို့တွင် ယိုယွင်းဖောက်ပြန် လျက်ရှိသည်(၁:၁၀-၃၁။
ဘုရားသခင်၏ စိတ်ဆန္ဒ ရည်မှန်းချက်နှငိ့ ဆန့်ကျင်ဘက်
ပြုနေသည်(၂:၁-၂၂)။ထို့ကြောင့် ထိုသို့သော လူမှုအဖွဲ့
စည်းသည် ရှုတ်ချခြင်းခံရမည်။ တရားစီရင်ခြင်းသို့ ဦးတည်
နေသည်( ၃:၁-၄:၁)။ သို့သော်လည်း တရားစီရင်ခြင်းခံရ
ပြီးနောက် က္ကသရေလပြည်သစ် ဖြစ်ထွန်းလာစေမည်။
ထိုအချိန်၌ မိမိလူတို့အား ဘုရားသခင် ကယ်နုတ်၍ သန့်ရှင်းစင်ကြယ်စေတော်မူမည်( ၄:၂-၆ )။
ယေရှာယ၏အချိန်တွင် ဘုရားသခင်၏ သတိပေးခြင်း
မေတ္တာတော်ကို ယုဒပြည်က မထီမဲ့မြင်ပြုခြင်းကြောင့်
တိုင်းတစ်ပါး(အာရှုရိ)လက်အောက်သို့ဖမ်းဆီးချုပ်နှောင်
ခြင်းခံရမည်( ၅:၁-၃၀ )။ဘုရားသခင်အား ပုန်ကန်လိုစိတ်
ရှိနေသောသူတို့ထံသို့ ဘုရားသခင်၏သတင်းစကားကို
ဟေရှာယ သယ်ဆောင်ရန် ခက်ခဲနေမည်။ ထိုသတင်း
စကားကို လူအများက ငြင်းပယ်ကြမည်ဖြစ်သောကြောင့်
ပေ။သို့သော် မိမိအပေါ် သစ္စာရှိသူအချို့ကို ဘုရားသခင်က
စောင့်ရှောက်ထားကာ မိမိအတွက် အသုံးပြုတော်မူပေ
မည်( ၆:၁-၁၃ )။
၃။ အာခတ်မင်းလက်ထက် ယုဒပြည် ( အခန်းကြီး ၇-၁၂ )
ယုဒပြည်ကို အာခတ်မင်း စတင်စိုစံချိန်၌ အနီးနားရှိ
အိမ်နီးချင်းနိုင်ငံ အာရှုရိပြည်မှာ တဖြည်းဖြည်း အင်အား
ကြီးမားလာသည်။ ထို့ကြောင့် မိမိတို့၏ လုံခြုံရေးအတွက်
ပါလတိနပြည်ပတ်ဝန်းကျင်ရှိ တိုင်းပြည်များ အာရှုရိပြည်၏
ရန်မူမှုကို စိုးရိမ်ကြလျက်ရှိသည်။
အာရှုရိတို့၏ရန်မှ ပိုမိုတောင့်တင်းစွာ ခုခံနိုင်ရန်
ယုဒပြည် အာခတ်မင်းကအား မိမိတို့နှင့် ပူးပေါင်းကာ
သုံးနိုင်ငံ မဟာမိတ်ဖွဲ့ရန် ရှုရိပြည်နှင့် က္ကသရေလပြည်မှ မင်းတို့က တိုက်တွန်းခဲ့သည်။ အာခတ်မင်း ငြင်းဆန်ခဲ့သော
အခါ ရှုရိပြည်နှင့် က္ကသရေလပြည်တို့ ပူးပေါင်းကာ (၇၃၅)
ဘီစီတွင် ယေရုရှလင်မြို့ကို တိုက်ခိုက်ပြီး ယုဒထီးနန်းတွင်
မိမိတို့ရွေးချယ်သည့် ဘုရင်ကိုထားကာ ယုဒပြည်နှင့် မဟာမိတ်ဖွဲ့ရန် ကြံစည်ခဲ့သည်။
ထိုကြောင့် အာခတ်မင်းမှာ အလွန်ပင် တုန်လှုပ်ချောက်
ချားသွားသည်။ စိတ်အေးအေးထားပြီး ဘုရားသခင်အပေါ်
ယုံကြည်လျှင် ယေရုရှလင်မြို့ကို ကယ်တင်မည်ဟု ဟေရှာယက အာမခံသည်။သို့သော်လည်း အာခတ်မင်းက
ဘုရားသခင်အပေါ် အားထားမည့်အစား အာရှုရိတို့အား
ခေါ်၍ မိမိတို့ကို ကူညီစေခဲ့သည်။ ထိုသို့ပြုလျှင် ပျက်စီး
မည်ဟု ယေရှာယ ပြောကြားခဲ့သည်။ အာရှုရိအင်အား
အောက်သို့ ယုဒပြည်ကျရောက်မည်ကို သတိပေးသော်
လည်း ယေရှာယ၏ သတိပေးချက်ကို အာခတ်မင်းက
လစ်လျူရှုခဲ့သည်( ဟေရှာ ၇:၁-၂၅/ ၄ရာ ၁၆:၇-၈ )။
ထိုနည်းတူပင် ပြည်သာတို့ကလည်း ဘုရားသခင်အပေါ်
ယုံကြည်အားထားခြင်းကို ပစ်ပယ်ခဲ့ကြသည်။ ထို့ကြောင့်
ယုဒပြည်အပေါ် အာရှုရိတို့အားဖြင့် ဘုရားသခင်၏ အပြစ်
စီရင်ခြင်းကျရောက်ရန် သေချာသည် ( ၈:၁-၂၂ )။
တိုင်းပြည်အပေါ်ကျရောက်မည့် အမှောင်ထုထဲမှ အလင်း၊
ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်း ယူဆောင်လာ
မည့် " မေရှိယ - ကယ်တင်ရှင် " တည်းဟူသော ခေါင်ဆောင်သစ် ပေါ်ထွန်းဦးမည် ( ၉:၁-၇ )။
ထို့နောက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် က္ကသရေလ၏ အခြေအနေကို ဟေရှာယ ဖော်ပြခဲ့သည်။ က္ကသရေလပြည်
တဖြည်းဖြည်း အင်အားလျော့နည်းလာပြီး အာရှုရိတို့၏
တိုက်ခိုက်အောင်မြင်ခြင်းကို ခံရမည်( ၇၂၂ ဘီစီ၊ ၉:၈-
၁၀:၄ )။သို့သော် ဘုရားသခင်၏လူတို့အာ းအာရှုရိလူတို့က
မိမိတို့ထင်သလို လုပ်နိုင်သည်ဟုယဆကာ အလွန်ပင်
ညှင်းပန်းနှိုက်စက် အမှားကိုပြုမိ ခဲ့ကြသည်။ ထို့ကြောင့် အာရှုရိတို့ ဒဏ်ခတ်ခြင်းခံရမည်( ၁၀:၅-၃၄ )။
ထိုအချိန်အတွင်း ယုဒပြည်လည်း အလွန် ဒုက္ခခံနေရပြီး
နောက်ဆုံး ဖျက်ဆီးခြင်းခံရကြမည်။ သို့သော် မိမိအပေါ်
သစ္စာရှိသူ လူအနည်းစုကို ဘုရားသခင် ကာကွယ်မည်။
တိုင်းတစ်ပါးသို့ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူအချို့သည်
မိမိတို့အိမ်ရှိရာမြေသို့ ပြန်လာကြပြီး မေရှိယ၏ နိုင်ငံတော်
တည်ထောင်မည် ( ၁၁:၁-၁၂:၆ )။
၄။ အခြားတိုင်းပြည်များသို့ သတင်းစကား ( ၁၃-၂၁ )
ယုဒပြည်နှင့် က္ကသရေလပြည်သာမက အခြားသော
တိုင်းပြည်များလည်း ဘုရားသခင်၏ထိန်းချုပ်မှုအောက်၌
တည်ရှိကြောင်း ဖော်ပြသည်။ ထိုတိုင်ပြည်တို့၏ တန်ခိုး
အာဏာကြီးမြင့်လာခြင်းနှင့် နှောက်ဆုံးပျက်စီးခြင်းသို့
ရောက်ရန် ဘုရားသခင်ထိန်းချုပ်ထားသည်။
ပရောဖက်ဟောပြောခဲ့သည့်တိုင်းပြည်များတွင် ဗာဗုလုန်တိုင်းပြည်သည် ထိပ်ဆုံးမှဖြစ်ပြီး ထိုအချိန်တွင်
အင်အားမကြီးသေးပေ။ သို့သော်လည်း တန်ခိုးအာဏာ
ကြီးလာသည်နနဲ့အမျှ ပျက်စီးခြင်းသို့ ဦတည်လာနေမည်
ဖြစ်သည်။ ဘုရားသခင်အား မောက်မာစွာ အာခံခြင်းမှာ
ပျက်စီးဆုံးရှုံးရာသို့ ရောက်ရှိစေမည့် အာမခံချက်ဖြစ်ပေ
သည် ( ၁၃:၁-၁၄:၂၃ )။
ဟေရှာယခေတ်တွင် ယုဒပြည်အား ခြိမ်းခြောက်နေ
သည့် အာရှုရိပြည်လည်း စီရင်ခြင်းကို ခံရမည်ဖြစ်ကြောင်း
ဖော်ပြထားသည် ( ၁၄:၂၄-၃၂ )။ မောဘပြည်လည်း
ကျဆုံးရမည် ( ၁၅:၁-၁၆:၁၄ )။ထိုနည်းတူ ယုဒပြည်ကို
ပူးပေါင်းတိုက်ခိုက်မည့် ရှုရိပြည်နှငိ့ က္ကသရေလပြည်တို့
လည်း ကျဆုံးကြမည် ( ၁၇:၁-၁၄ )။
အာရှုရိပြည်အား ခုခံရန်အခြားတိုင်းပြည်တို့နှင့် ယုဒပြည် မဟာမိတ်မဖွဲ့ရ ( ၁၈:၁-၇ )။ အဲဂုတ္တုပြည်အပေါ်
အားကိုးရန်မှာလည်း အချည်းနှီးပင်ဖြစ်မည်။ အကြောင်းမှာ
အဲဂုတ္တုပြည်လည်း သိမ်းပိုက်ခြင်းခံရမည်ဖြစ်သောကြောင့်
ပေ ( ၁၉:၁-၂၅ )။ ယုဒပြည်နှင့် က္ကသရေလပြည်တို့၏
ဘုရားသခင်ကို မအားကိုဘဲ အိမ်နီးချင်းနိုင်ငံများအပေါ်
အားထား မဟာမိတ်ဖွဲ့ခြင်းသည် ဖမ်းဆီချုပ်နှောင်ခြင်း
ခံရန် ဦးတည်နေသည် ( ၂၀:၁-၆ )။
ဗာဗုလုန်ပြည်၊ ဒုမာပြည်နှင့် အာရပ်ပြည်တို့လည်း ဖျက်ဆီးခြင်းခံကြရမည် ( ၂၁:၁-၁၇ ) ။ သိုလသော် ယေရုရှလင်အား ဝိုင်းရံပိတ်ဆို့ မှုခံရသောအခါ ဘုရားသခင်အပေါ် လူအချို့တို့မှာလည်း ဆက်လက်
ယုံကြည်ကိုးစားနေဆဲဖြစ်သည် ( ၂၂:၁-၂၅ )။
ထိုခေတ်ကာလ စီးပွားကူးသန်ရာတွင် အင်အားကြီးခဲ့သည့်
ဖိနိတ်ပြည်လည်း တရားစီရင်ခြင်းကို ခံရမည်ဖြစ်ပေသည်
( ၂၃:၁-၁၈ )။
၅။ နောက်ဆုံးတရားစီရင်ခြင်းနှင့်
ကယ်တင်ခြင်း ( အခန်းကြီး ၂၄ - ၂၇ )
မိမိအချိန်ကာလအတွင်းမှ ဘုရားသခင်၏ တရား
စီရင်ခြင်းခံရသည့် တိုင်ပြည်များမှတစ်ဆင့် တစ်ကမ္ဘာလုံး
အပေါ် ဘုရားသခင်၏ နောက်ဆုံးတရားစီရင်မည့်အပေါ်
ထိုအကြောင်းတရားများကို ဟေရှာယအား ဖော်ပြခဲ့သည်။
ဂုဏ်အသရေနှင့် ရာထူးတို့ကို အခြေခံ၍ ဘုရားသခင်ခွဲခြား
မည်မဟုတ်ကြောင်း ယုံကြည်သောသူတို့သာလျှင် ကယ်
တင်ခြင်းရမည်။ ကျေးဇူးတော်ကြောင့်သာရသည့် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ဂုဏ်တော် ချီးမြောက်ကြရမည် ( ၂၄:၁-၂၅:၁၂ ) ။
ဘုရားသခင်အပေါ် သစ္စာရှိခြင်းကြောင့် နှိပ်စက်ခြင်း
ခံရသော သူတို့သည် နောက်ဆုံး၌ အောင်မြင်ခြင်းရကြ
မည် ( ၂၆ :၁-၂၁ )။ ရှက်ဖွယ်ရာ ပြည်နှင်းခံရခြင်းမှ
ဂုဏ်အသရေ ပြန်လာမြည် ( ၂၇:၁-၁၃ )။
၆။ ဟေဇကိမင်းလက်ထက် ယုဒပြည် ( ၂၈ -၃၉ )
အာခတ်မင်းထံမှ ယုဒပြည်ဘုရင်အဖြစ် ဟေဇကိမင်း
ဆက်ခံခဲ့ပြီးနောက် ယုဒပြည်၏နိုင်ငံရေးဆိုင်ရာ မူဝါဒနှင့်
ဘဘာသာရေးပြုပြင်ပြောင်းလဲမှုများကို ချက်ချက်ပြုလုပ်
ခဲ့သည်။ ထို့နှောက် အာရှုရိတို့အား အခွန်အကောက်ပေး
ရန် ငြင်းဆိုပုန်ကန်ခဲ့သည် ( ၄ရာ ၁၈:၇ )။
ဤသို့ပြုလုပ်ရန် အဲဂုတ္တုတို့၏ စစ်အကူအညီတောင်းဆို
ခဲ့ရာ အာရှုရိတို့အပေါ် အာခတ်မင်းအားကိုခြင်းကို ဟေရှာယ ဆန့်ကျင်ခဲ့သည့်နည်းတူ ယခုတွင်လည်း
ဆန့်ကျင်ပြန်သည်။ ယုဒပြည်၏ လိုအပ်ချက်မှာ တိုင်းတစ်ပါး၏ စစ်ရေးအကူအညီမဟုတ်ဘဲ ဘုရားသခင်
အပေါ် ယုံကြည်ကိုးစားရန်ဖြစ်သည်။
မြို့ရွာအုပ်ချုပ်မှုနှင့် ဘာသာရေးဆိုင်ရာ ခေါင်ဆောင်မှု
ညံ့ဖျင်းခြင်းမှာ ယုဒပြည်ကျဆင်းပြီးနောက် ပြစ်ဒဏ်ခံရ
ခြင်း၏ အကြောင်းရင်းဖြစ်သည် ( ၂၈:၁-၂၉ )။ ယေရုရှလင်မြို့ကို ကာရံပိတ်ဆို့ခြင်းနှင့် ( ၇၀၁ ) ဘီစီတွင်
အံ့ဩဖွယ်ကောင်းသော ကယ်တင်ခြင်းအာဖြင့် ယုဒပြည်
လုံခြုံရေး အာမခံချက်အတွက် နိုင်ငံရေး မဟာမိတ်များ
မလိုကြောင်းကို ဘုရားသခင်က ပြသခဲ့သည် ( ၂၉:၁-၂၄)။
အဲဂုတ္တုပြည်အပေါ် အားကိုးခြင်းမှာ ဘုရားသခင်၏ အမြင်၌
အထူးမျုက်မဲရာကျစေသည် ( ၃၀:၁-၃၁:၉ )။
အာရှုရိတို့လက်မှ ကယ်နုတ်ခြင်းခံရပြီးနောက်
ဖြောင့်မတ်သော ယုဒပြည်အား ဘုရားသခင်၏အလို
အတိုင်း လိုက်လှောက်သော ဘုရင်အုပ်စိုးမည့်အကြောင်း
ပရောဖက်မြင်သည် ( ၃၂:၁-၂၀ )။ အာရှုရိတို့အပေါ်
အောင်မြင်ပြီး ယုဒပြည်ကို ဘုရားသခင် ကောင်းချီးပေး
မည် ( ၃၃:၁-၂၄ )။ တစ်ကမ္ဘာလုံးအပေါ် နောက်ဆုံးကျ
ရောက်မည့် တရားစီရင်ခြင်း၏ အရိပ်နိမိတ်ဖြစ်ကာ ထိုအချိန်တွင် ရန်သူအားလုံးကို ဘုရားသခင်ဖျက်ဆီး၍
( ၃၄:၁-၁၇ ) ယုံကြည်သူတို့အား ကောင်းချီးချပေးမည်
( ၃၅:၁-၁၀ )။
သမိုင်းကောင်းဆိုင်ရာ နောက်ဆက်တွဲတွင်ဖော်ပြခဲ့
သည့် သတင်းစကားများ၏ နောက်ခံသမိုင်းကို အကျဉ်းချုံး
ဖော်ပြထားသည်။ အာရှုရိတို့ ဝင်ရောက်တိုက်ခိုက်ရာ
( ၃၆:၁-၂၂) ၎င်းတို့အား ဘုရားသခင်က ရှုံးနိမ့်စေခဲ့သည်
( ၃၇:၁-၃၈ )။ စောစောပိုင်းက ဟေဇကိမင်း၏ အသက်
ကို ဘုရားသခင်ကာကွယ်စောင့်ရှောက်ပေးခဲ့ရာ အာရှုရိနှင့်
ယုဒတို့ ပဋိပက္ခဖြစ်နေချိန်အတွင်း ဦးဆောင်ရန်ဖြစ်သည်
( ၃၈:၁-၂၂ )။ သို့သော် အာရှုရိကို ဟေဇကိဆန့်ကျင်သည့်
နောက် မဟာမိတ်ဖွဲ့လိုသော ဆွဲဆောင်မှုကို မတားဆီးနိုင်
ခဲ့ပေ။ ယခုအကြိမ်တွင် ဗာဗုလုန်တို့နှင့်ဖြစ်သည်။ထိုသို့ဖြင့်
ဗာဗုလုန်တို့၏ တိုက်ခိုက်အောင်မြင်ခြင်းခံရပြီး နောက်ဆုံး၌
ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည်ဟု
ဟေရှာယအား ဘုရားသခင်က မြင်စေခဲ့သည်(၃၉:၁-၈)။
၇။ ဖမ်းဆီးချုပ်နှောင်ခံရခြင်းနှင့် ပြန်၍လွပ်မြောက်လာ
ရမည့်အကြောင်း ( အခန်းကြီး ၄၀- ၄၁ )။
ဟေရှာယ အခန်းကြီး (၃၉ ) နှင့် ( ၄၀ ) ဖြစ်ရပ်များကြား
တွင်နှစ်ပေါင်း ( ၁၅၀ )ခန့်မှ ဖြစ်ရပ်များ ကျန်လပ်နေသည်။
ဓမ္မပညာရှင့်အချို့သောသူတို့၏အဆိုအရ အခန်းကြီး ၄၀-
၆၆ တို့ကို ဟေရှာယ ရေးခဲ့ခြင်းမဟုတ်ဘဲ နောက်မျိုးဆက်
မှ လူများ ရေးခဲလခြင်းဖြစ်မည်ဟု ရှုမြင်သုံးသပ်ကြသည်။
ထိုအချိန်အတွင်း တွေ့မြင်ရသည့် မြင်ကွင်းမှာ ဟေဇကိ
ခေတ် ယေရုရှလင်မြို့ မဟုတ်ဘဲ ဂျူးတို့ ဖမ်းဆီးချုပ်နှောင်
ခံရချိန် ဗာဗုလုန်ပြည်ဖြစ်သည်။
ထိုကျန်လပ်ခဲ့သည့်နှစ် ( ၁၅၀ ) အတွင်း ဗာဗုလုန်ပြည်
အင်အားကြီးမားလာပြီး ( ၆၁၅ ) ဘီစီတွင် အာရှုရိကို
တိုက်ခိုက်အောင်မြင်ခဲ့သည်။ ထို့နောက် ( ၆၀၅ )ဘီစီမှ
( ၅၈၇ ) ဘီစီအတွင်း ယုဒပြည်ကို အကြိမ်ကြိမ်ဝင်ရောက်
တိုက်ခိုက်ပြီး နောက်ဆုံး၌ ယေရုရှလင်မြို့ကို ဖျက်ဆီးကာ
လူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည် ။အခန်းကြီး ၄၀-၄၈
အတွင်း ကြိုတင်တွေ့ရသည့် အဖြစ်အပျင်များမှာ ဖမ်းဆီး
ချုပ်နှောင်ခံရချိန်အတွင်းဖြစ်သည်။ ထိုဒေသအတွင်းရှိ
တစ်နိုင်ငံပြီး တစ်နိုင်ငံကို ပေရသိဘုရင် ကုရုမင်း နှိမ်နင်း
နိုင်ပြီး ( ၅၃၀ )ဘီစီတွင် ဗာဗုလုန်ကို အောင်မြင်ကာ ဂျူး
တို့အား သူတို့၏ ပြည်တော်သို့ပြန်ခွင့်ပေးမည်။
လူတို့အား မိမိသည်သာ တန်ခိုးကြီးဆုံးဖြစ်ကြောင်း
ဘုရားသခင်က ထပ်မံပြောကြာခဲ့သည်။ သူတို့အား
ဖမ်းဆီးချုပ်နှောင်ရခြင်း အပြစ်ပေးခဲ့ပြီး၊ မိမိတို့ပြည်သို့
အောင်မြင်စွာ ပြန်လည်ခေါ်ဆောငိသွားမည်( ၄၀:၁-၃၁)။
ဗာဗုလုန်ပြည်ကို အောင်မြင်ကာ ဂျူးလူမျိုးတို့ကို လွှတ်ပေး
မည့်သူ ကုရုမင်းအား ပြုပြင်ပျိုးထောင်နေကြောင်းတွေ့ရ
မည် ( ၄၁:၁-၂၉ )။ ဘုရားသခင်၏ စစ်မှန်သော အစေခံ
က္ကသရေလပြည်သစ်အား အခြားတိုင်ပြည်များမှ နှောင်တ
ရသူများကို ဘုရားသခင်ကယ်တင်မည်( ၄၂:၁-၂၅ )။
ထိုအရာအားလုံးမှာ ဘုရားသခင်၏ တန်ခိုးတော်အာဏာ
ကို ပြသခြင်းလည်းဖြစ်သည် (၄၃:၁-၂၈ )။ လူတို့ပြုလုပ်ကြ
သော ရုပ်တုဆင်တုတို့၌ အသက်မရှိဘဲ က္ကသရေလလူတို့
၏ ဘုရားသခင်က အသက်ရှင်လျှက် စိုးမိုးချုပ်ကိုင်သော
အရှင်သခင်ဖြစ်ကြောင်း ထင်ရှားစေသည်( ၄၄;၁-၂၈ )။
ဘုရားသခင်က ကုရုမင်းကို ပြုစုပျိုးထောင်ကာ ဂျူးတို့ကို
လွှတ်မြောက်ခွင့် ပေးစေခဲ့သည် ( ၄၅:၁-၁၉ )။ ဗာဗုလုန်
ပြည် ပျက်ဆီးချိန်တွင် သူတို့ဘုရားများက ကယ်တင်ရန် မည်သို့မျှ မတတ်နိုင်ကြောင်းထင်ရှားစေသည်( ၄၅:၂၀-
၄၆:၁၃ )။ တစ်ချိန်က မောက်မာခဲ့သောပြည်သည် အရှက်
ကွဲကာ သေပွဲဝင်ရမည်ကို ဖော်ပြသည် ( ၄၇:၁-၁၅ )။
မိမိတို့ ယခင်ကအမှားများပြုမိကြရာမှ သင်ခန်းစာယူကာ
ရုပ်တုကိုးကွယ်ခြင်းကို ဂျူးတို့ နောက်ထပ်မပြုလုပ်ကြရ
မည့်ကို ဖော်ပြသည် ( ၄၈:၁-၂၂ )။
၈။ ဘုရားသခင်၏ လူတို့အား ကယ်တင်ခြင်း (၄၉- ၅၅)
က္ကသရေလလူမျိုးတို့အား ဘုရားသခင် ရွေးကောက်ခဲ့
သော်လည်း က္ကသရေလတစ်ပြည်လုံး ကျဆုံးသွားရသည်။
သို့သော်လည်း သစ္စာရှိသူအချို့ရှိနေခြင်းကြောင့် သူတို့
အတွက် ထိုပြည်ကို ဘုရားသခင် ပြန်လည်တည်ဆောက်
စေမည် ( ၄၉:၁-၅၀:၃ ) ။ ဘုရားသခင်၏ စစ်မှန်သော
အစေခံများက မိမိတို့အတွေ့အကြုံအားဖြင့် နာခံတတ်ခြင်း
နှင့် ဇွဲလုံးလရှိခြင်းအကျိုး ရကြမည် ( ၅၀:၄-၁၁ )။
အင်အားကြီးမားသော ဗာဗုလုန်ကိုတွန်းလှန်၍ က္ကသရေလ
ပြည် ပြန်လည်တည်ဆောက်မည်မှာ မဖြစ်နိုင်ဟုထင်ရ
သော်လည်းဘဲ ဘုရားသခင်က တတ်စွမ်းနိုင်တော်မူခဲ့ရာ
ထပ်မံ၍ လုပ်ဆောင်သွားဦးမည် ( ၅၁: ၁-၂၃ )။ မိမိတို့
တိုင်းပြည်သို့ ပြည်နှင်ဒဏ်ခံရသူများ ပြန်ကြဖို့ရန် ပြင်ဆင်
ကြရမည် ( ၅၂:၁-၁၂ )။
အစေခံများ ဝေဒနပြင်းစွာခံစားရခြင်းကို လူတို့မြင်သော
အခါ အထိတ်တလန့်ဖြစ်မိသကဲ့သို့ ကြီးစွာသောဘုန်းအသ
ရေနှင့် တွေ့ရသောအခါတွင်လည်း အလွန်ပင်အံ့ဩထိတ်
လန့်ရကြမည်။ ကျရှုံးနှိပ်စက်ခံရာမှ အောင်မြင်သူဖြစ်လာ
မည် ( ၅၂:၁၃-၅၃:၁၂ )။ ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ခံရသူ
တို့ အကြိုးစားကြဘဲ ယေရုရှလင်မြို့သို့ ပြန်ခြင်းဖြင့်
ပြည့်ဝသောကျေနပ်မှုကို ရကြမည် ( ၅၅:၁-၁၃ )။
၉။ ပစ္စုပ္ပန်ကာလ၌ အရှက်ကွဲခြင်းနှင့် အနာဂတ်၏
ဘုန်းအသရေ ( အခန်းကြီး ၅၆- ၆၆ )
က္ကသရေလလူများ သူတို့ပြည် ယေရုရှလင်မြို့တွင်
ပြန်လည် အခြေချခြင်းနှငိ့ ပတ်သက်၍ " ရွှေခေတ် " မရောက်ရှိသေးကြောင်း ပရောဖက်ကြိုတွေ့ မြင်ရသည်။
သူတို့၏ အသက်တာ၌ လူမှုရေးနှငိ့ ဘာသာရေးအပြစ်များ
ထင်ရှားနေခြင်းကြောင့် အသစ်သော ယေရုရှလင်မြို့ကို
ပရောဖက်စောင့်မျှော်လျှကိသာ နေရစ်ခဲ့ရသည်။
က္ကသရေလလူတို့၏ အမျိုးသားရေဆိုင်ရာ အသက်တာ
သစ်သည် ဘုရားသခင်၏ ဥပဒေပေါ်တွင် အခြေခံရမည်
( ၅၆:၁-၈ ) ။ သို့သော် ရှေုးယခင်ကဲ့သို့ လူမှုရေး၊
ဘာသာရေးနှငိ့ ဆိုင်သော ခေါင်ဆောင်များ ဖောက်ပြန်
ပျက်စီးလျှက်ပင်ရှိသည်( ၅၆:၉-၅၇:၂၁ )။ အခြားသူများကို
ဖိနှိပ်ချုပ်ချယ်လျက် မိမိတို့၏ ဘာသာရေးကျင့်ဝတ်များဖြင့်
ဘုရားသခင် ကျေနပ်မည်ဟု ယူဆသောသူတို့၏ ဝတ်ပြု
ခြင်းကို ဘုရားသခင် ငြင်းပယ်တော်မူသည် ( ၅၈:၁-၁၄ )။
သူတို့၏ နည်းလမ်းများကို မပြောင်းလဲပါက ဘုရားသခင်
စီရင်တော်မူမည် ( ၅၉:၁-၂၁ )။
ဗာဗုလုန်ပြည်၌ ပရောဖက်များရှိနေပြီး၊ မိမိတို့တိုင်းပြည်
သို့ပြန်ရန် မျှော်လင့်နေသူများအကြောင်း ပြောဆိုရာ၌
ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရာတွင် ဂျိူးတို့
နှင့် အတူ တိုင်းတစ်ပါးသားများလည်း ပါဝင်မည်သာမက
ထိုနေရာ၌ ဘုရားသခင်အား အတူတကွ ဝတ်ပြုကိုးကွယ်
ကြလိမ့်မည်( ၆၀:၁-၂ )။ချုပ်နှောင်ခံနေရာမှ ပြန်လာကြသူ
များသည် ပျက်စီးနေသော မြို့ကို တွေ့သောအခါ ငိုကြွေး
မြည်တမ်းကြလိမ့်မည်။ ယခင်ကလုယက်တိုက်ခိုက်မှုကို ခံနေရသူတို့အား ပြန်လည်ပေးလျှော်ပြီးလုးက်သူတို့အား
ဘုရားသခင်က ပြစ်ဒဏ်ခတ်မည် ( ၆၃:၁-၆ )။
၁၀။ နိဂုံး
တိုင်းပြည်၏ကိုယ်စား ပြည်သားတို့၏ အပြစ်များတွက်
ပရောဖက်က ဝန်ချတောင်းပန်သည်။ ဘုရားသခင်ထံမှ
အပြစ်လွှတ်ခြင်း တောင်ခံသည် ( ၆၃:၇-၆၄:၁၂ )။
ဖောက်ပြန်ပျက်စီးမှုများကြားမှ သစ္စာရှိသူ လူနည်းစု
ကျန်ရှိသည်။ သူတို့သည် ဘုရားသခင်၏ စစ်မှန်သော
လူများဖြစ်ပြီး မေရှိယနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြ
သည် ( ၆၅:၁-၂၅ )။ မှန်ကန်သောစိတ်ထားနှင့် မှန်ကန်
သောအပြုအမူမျိုးကိုသာ ဘုစားသခင် အမြဲတောင်ဆိုသည်
( ၆၆:၁-၆ )။ စစ်မှန်သော ဝိညာဉ်အသက်တာရှိသူများသာ
လျှင် ခေတ်ကာလသစ်အတွက် သင့်တော်မည်(၆၆:၇-၂၄)။
၉။ ပစ္စုပ္ပန်ကာလ၌ အရှက်ကွဲခြင်းနှင့် အနာဂတ်၏
ဘုန်းအသရေ ( အခန်းကြီး ၅၆- ၆၆ )
က္ကသရေလလူများ သူတို့ပြည် ယေရုရှလင်မြို့တွင်
ပြန်လည် အခြေချခြင်းနှငိ့ ပတ်သက်၍ " ရွှေခေတ် " မရောက်ရှိသေးကြောင်း ပရောဖက်ကြိုတွေ့ မြင်ရသည်။
သူတို့၏ အသက်တာ၌ လူမှုရေးနှငိ့ ဘာသာရေးအပြစ်များ
ထင်ရှားနေခြင်းကြောင့် အသစ်သော ယေရုရှလင်မြို့ကို
ပရောဖက်စောင့်မျှော်လျှကိသာ နေရစ်ခဲ့ရသည်။
က္ကသရေလလူတို့၏ အမျိုးသားရေဆိုင်ရာ အသက်တာ
သစ်သည် ဘုရားသခင်၏ ဥပဒေပေါ်တွင် အခြေခံရမည်
( ၅၆:၁-၈ ) ။ သို့သော် ရှေုးယခင်ကဲ့သို့ လူမှုရေး၊
ဘာသာရေးနှငိ့ ဆိုင်သော ခေါင်ဆောင်များ ဖောက်ပြန်
ပျက်စီးလျှက်ပင်ရှိသည်( ၅၆:၉-၅၇:၂၁ )။ အခြားသူများကို
ဖိနှိပ်ချုပ်ချယ်လျက် မိမိတို့၏ ဘာသာရေးကျင့်ဝတ်များဖြင့်
ဘုရားသခင် ကျေနပ်မည်ဟု ယူဆသောသူတို့၏ ဝတ်ပြု
ခြင်းကို ဘုရားသခင် ငြင်းပယ်တော်မူသည် ( ၅၈:၁-၁၄ )။
သူတို့၏ နည်းလမ်းများကို မပြောင်းလဲပါက ဘုရားသခင်
စီရင်တော်မူမည် ( ၅၉:၁-၂၁ )။
ဗာဗုလုန်ပြည်၌ ပရောဖက်များရှိနေပြီး၊ မိမိတို့တိုင်းပြည်
သို့ပြန်ရန် မျှော်လင့်နေသူများအကြောင်း ပြောဆိုရာ၌
ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရာတွင် ဂျိူးတို့
နှင့် အတူ တိုင်းတစ်ပါးသားများလည်း ပါဝင်မည်သာမက
ထိုနေရာ၌ ဘုရားသခင်အား အတူတကွ ဝတ်ပြုကိုးကွယ်
ကြလိမ့်မည်( ၆၀:၁-၂ )။ချုပ်နှောင်ခံနေရာမှ ပြန်လာကြသူ
များသည် ပျက်စီးနေသော မြို့ကို တွေ့သောအခါ ငိုကြွေး
မြည်တမ်းကြလိမ့်မည်။ ယခင်ကလုယက်တိုက်ခိုက်မှုကို ခံနေရသူတို့အား ပြန်လည်ပေးလျှော်ပြီးလုးက်သူတို့အား
ဘုရားသခင်က ပြစ်ဒဏ်ခတ်မည် ( ၆၃:၁-၆ )။
၁၀။ နိဂုံး
တိုင်းပြည်၏ကိုယ်စား ပြည်သားတို့၏ အပြစ်များတွက်
ပရောဖက်က ဝန်ချတောင်းပန်သည်။ ဘုရားသခင်ထံမှ
အပြစ်လွှတ်ခြင်း တောင်ခံသည် ( ၆၃:၇-၆၄:၁၂ )။
ဖောက်ပြန်ပျက်စီးမှုများကြားမှ သစ္စာရှိသူ လူနည်းစု
ကျန်ရှိသည်။ သူတို့သည် ဘုရားသခင်၏ စစ်မှန်သော
လူများဖြစ်ပြီး မေရှိယနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြ
သည် ( ၆၅:၁-၂၅ )။ မှန်ကန်သောစိတ်ထားနှင့် မှန်ကန်
သောအပြုအမူမျိုးကိုသာ ဘုစားသခင် အမြဲတောင်ဆိုသည်
( ၆၆:၁-၆ )။ စစ်မှန်သော ဝိညာဉ်အသက်တာရှိသူများသာ
လျှင် ခေတ်ကာလသစ်အတွက် သင့်တော်မည်(၆၆:၇-၂၄)။
#သမ္မာကျမ်းစာ၏ အမွေအနှစ်များ


ေဟရွာယ က်မ္း ျခံဳငံုေလ့လာျခင္း - Book of Isaiah
Reshare #9Dan Unicode & Zawgyi
********
၁။ နိဒါန္
ပေရာဖက္ ေဟရွာယ၏ အခ်ိန္ကာလ၌ ကၠသေရလျပည္
ႏွစ္ျခမ္းကြဲေနၿပီးျဖစ္သည္။ ေျမာက္ပိုင္း ကၠသေရလျပည္၏
ၿမိဳ႕ေတာ္မွာ ရွာမရိျဖစ္ၿပီး၊ ေတာင္ပိုင္း ယုဒျပည္၏ၿမိဳ႕ေတာ္
မွာ ေယရုရွလင္ျဖစ္သည္။ ေဟရွာယသည္ ေယရုရွလင္ၿမိဳ႕
တြင္ေနထိုင္းၿပီး ယုဒရွင္ဘုရင္၏ အၾကံေပးအရာရွိအျဖစ္
အမႈထမ္းရြက္ခဲ့သည္ ( ေဟရွာ ၇:၃၊၃၇:၂၊၃၈:၁၊၃၉:၃)။
ေယရွာယမွာ အိမ္ေထာင္ရွိၿပီး အနည္းဆံုး သားႏွစ္ေယာက္
ရွိသည္ ( ေဟရွာ ၇:၃၊၈:၃,၁၈ )။
ဩဇိမင္းအနိစၥေရာက္သည့္ ( ၇၄၀ ) ဘီစီ ခုႏွစ္မွစ၍
ေနာက္ဘုရင္သံုးဆက္ျဖစ္ေသာ ေယာသံမင္း၊အာခတ္မင္း
ႏွင့္ ေဟဇကိမင္းတိုင္ေအာင္ ေယရွာယ ဆက္လက္အမႈ
ထမ္းေဆာင္ခဲ့သည္ ( ေဟရွာ ၁:၁၊၆:၁)။ ေဟရွာယသည္
စိတ္ဓာတ္တည္ၾကည္သူျဖစ္ၿပီး ထိုေခတ္က လူမႈေရးဆိုင္
ရာ မေကာင္းမႈမ်ားကို ဆန္႔က်င္သူတစ္ဦးျဖစ္သည္ ( ၁:၄၊
၁၇၊၃:၉၊၁၄-၁၅၊ ၅:၈-၂၃)။
တိုင္းတစ္ပါး မဟာမိတ္တို႔အေပၚ အားထားျခင္းထက္
ဘုရားသခင္အေပၚ ယံုၾကည္အားကိုးရန္ ယုဒဘုရင္တို႔အား
အစဥ္တစိုက္ တိုက္တြန္းခဲ့သူျဖစ္သည္ ( ၇:၄-၇၊ ၃၀:၁၅၊
၃၇:၆-၇ )။ ထို႔အျပင္ ယံုၾကည္ျခင္းကင္းမဲ့ေနစဥ္ကာလ
ဘုရားသခင္အေပၚ ယံုၾကည္မႈ ျမဲျမံစြာ သစၥာထားရွိရန္
တျပည့္တစ္စုအား သင္ၾကားေလ့က်င့္ေပးၿပီး အားေပး
တိုက္တြန္းသည္ ( ၈:၁၆-၁၇ )။ဆိုးညစ္ေသာ ယုဒျပည္
မေနာေရွမင္း လက္ထက္တြင္ ေယရွာယမွာ ကိုယ္ႏွစ္ပိုင္း
အျဖတ္ခံကာ အသက္ရွံုးခဲ့ရသည္ ( ေဟျဗဲ ၁၁:၃၇ )။
ႏွစ္ႏွစ္ရာခန္႔ၾကာျမင့္ေသာ အခ်ိန္ကာလကို ေဟရွာယ
အနာဂတၱိက်မ္းက ျခံဳငံုေဖာ္ျပသည္။ အထက္ေဖာ္ျပပါ
မင္းမ်ား အုပ္ခ်ဳပ္ကာလအတြင္း အေၾကာင္းအရာမ်ား
သာမက ယုဒလူမ်ားဗာဗုလုန္တို၏ ဖမ္းဆီးေခၚေဆာင္ျခင္း
ပါလတိနျပည္ကို ျပန္လည္တည္ေဆာက္ျခင္းမ်ားလည္း
ပါဝင္သည္။ ထိုအခ်ိန္ကာလ ေခတ္အဆက္ဆက္အတြင္း
ႏိုင္ငံေရး၊ဘာသာေရးႏွင့္ လူမႈေရး အေျခအေနမ်ား ျခားနား
ေျပာင္းလဲခဲ့သည္။ ထိုေခတ္အဆက္ဆက္ေနာက္ခံ သမိုင္း
အေျခအေနမ်ား ဤက်မ္း၌ ပါရွိသည္။..
၂။ အျပစ္ရွိသူမ်ားအား ဘုရားသခင္၏ ေခၚသံ ( ၁ - ၆ )
ယုဒျပည္၏ တိုးတက္ႀကီးပြား၍ ၾကာရွည္ေသာ ဩဇိမင္း လက္ထက္တြင္ ျပင္းထန္ေသာလူမႈေရးႏွင့္ ဘာသာေရး
ျပႆနာမ်ား ေပၚေပါက္ခဲ့သည္။ ေလာဘႀကီးျခင္းႏွင့္ တရားမၽွတမႈမရွိျခင္းမ်ား တစ္ေန႔ထက္တစ္ေန႔ တိုးပြားလာ
ၿပီး ဘာသာေရးဆိုင္ရာက်င့္ဝတ္မ်ား လူတို႔ဆက္လက္ျပဳ
လုပ္ၾကေသာ္လည္း စိတ္ရင္း၌ၾကည္ညိဳေလးျမတ္ျခင္းမ်ိဳး
မရွိဘဲ အမႈအက်င့္အားလံုး ဘုရားမႀကိဳက္သည့္အရာမ်ား
ျဖစ္ေနသည္။
ေဟရွာယ၏ ေဟာေျပာခ်က္မ်ားမွာ ထိုကဲ့သို႔ေသာ ျပႆနာမ်ိဳးႏွင့္ ရင္ဆိုင္ခဲ့ရစဥ္က ေျမာက္ပိုင္းႏိုင္ငံတြင္
အာမုတ္ႏွင့္ ေဟာေရွ ေဟာေျပာခဲ့သည္မ်ားႏွင့္ဆင္တူျဖစ္
သည္။ကုန္သြယ္ေရာင္ဝယ္ ခ်မ္းသာသာသူတို႔၏ အျမတ္
ထုတ္ျခင္းကို ဆင္းရဲသားမ်ားဘက္မွေန၍ ေယရွာယ ခုခံ
ကာကြယ္ခဲ့သည္။ ယုဒျပည္၏ လူမႈေရးခ်ဳပ္ခ်ယ္မႈမ်ားႏွင့္
ဘာသာေရးေဖာက္ျပန္မႈမ်ားကို အားေလၽွာ့ျခင္းမရွိ ရဲဝံ့စြာ
ျပစ္တင္ေျပာဆိုခဲ့သည္။
ယုဒျပည္က မိမိအား ပုန္ကန္သည္ဟူေသာ ဘုရားသခင္၏ စြပ္စြဲခ်က္ျဖင့္ ေယရွာယအနာဂတၱက်မ္းကို အစျပဳသည္
( ၁:၁-၉ )။ တိုင္ျပည္သည္ ဘာသာေရးႏွင့္ ကိုယ္က်င့္
တရားတို႔တြင္ ယိုယြင္းေဖာက္ျပန္ လ်က္ရွိသည္(၁:၁၀-၃၁။
ဘုရားသခင္၏ စိတ္ဆႏၵ ရည္မွန္းခ်က္ႏွငိ့ ဆန္႔က်င္ဘက္
ျပဳေနသည္(၂:၁-၂၂)။ထို႔ေၾကာင့္ ထိုသို႔ေသာ လူမႈအဖြဲ႕
စည္းသည္ ရႈတ္ခ်ျခင္းခံရမည္။ တရားစီရင္ျခင္းသို႔ ဦးတည္
ေနသည္( ၃:၁-၄:၁)။ သို႔ေသာ္လည္း တရားစီရင္ျခင္းခံရ
ၿပီးေနာက္ ကၠသေရလျပည္သစ္ ျဖစ္ထြန္းလာေစမည္။
ထိုအခ်ိန္၌ မိမိလူတို႔အား ဘုရားသခင္ ကယ္ႏုတ္၍ သန္႔ရွင္းစင္ၾကယ္ေစေတာ္မူမည္( ၄:၂-၆ )။
ေယရွာယ၏အခ်ိန္တြင္ ဘုရားသခင္၏ သတိေပးျခင္း
ေမတၱာေတာ္ကို ယုဒျပည္က မထီမဲ့ျမင္ျပဳျခင္းေၾကာင့္
တိုင္းတစ္ပါး(အာရႈရိ)လက္ေအာက္သို႔ဖမ္းဆီးခ်ဳပ္ေႏွာင္
ျခင္းခံရမည္( ၅:၁-၃၀ )။ဘုရားသခင္အား ပုန္ကန္လိုစိတ္
ရွိေနေသာသူတို႔ထံသို႔ ဘုရားသခင္၏သတင္းစကားကို
ေဟရွာယ သယ္ေဆာင္ရန္ ခက္ခဲေနမည္။ ထိုသတင္း
စကားကို လူအမ်ားက ျငင္းပယ္ၾကမည္ျဖစ္ေသာေၾကာင့္
ေပ။သို႔ေသာ္ မိမိအေပၚ သစၥာရွိသူအခ်ိဳ႕ကို ဘုရားသခင္က
ေစာင့္ေရွာက္ထားကာ မိမိအတြက္ အသံုးျပဳေတာ္မူေပ
မည္( ၆:၁-၁၃ )။
၃။ အာခတ္မင္းလက္ထက္ ယုဒျပည္ ( အခန္းႀကီး ၇-၁၂ )
ယုဒျပည္ကို အာခတ္မင္း စတင္စိုစံခ်ိန္၌ အနီးနားရွိ
အိမ္နီးခ်င္းႏိုင္ငံ အာရႈရိျပည္မွာ တျဖည္းျဖည္း အင္အား
ႀကီးမားလာသည္။ ထို႔ေၾကာင့္ မိမိတို႔၏ လံုျခံဳေရးအတြက္
ပါလတိနျပည္ပတ္ဝန္းက်င္ရွိ တိုင္းျပည္မ်ား အာရႈရိျပည္၏
ရန္မူမႈကို စိုးရိမ္ၾကလ်က္ရွိသည္။
အာရႈရိတို႔၏ရန္မွ ပိုမိုေတာင့္တင္းစြာ ခုခံႏိုင္ရန္
ယုဒျပည္ အာခတ္မင္းကအား မိမိတို႔ႏွင့္ ပူးေပါင္းကာ
သံုးႏိုင္ငံ မဟာမိတ္ဖြဲ႕ရန္ ရႈရိျပည္ႏွင့္ ကၠသေရလျပည္မွ မင္းတို႔က တိုက္တြန္းခဲ့သည္။ အာခတ္မင္း ျငင္းဆန္ခဲ့ေသာ
အခါ ရႈရိျပည္ႏွင့္ ကၠသေရလျပည္တို႔ ပူးေပါင္းကာ (၇၃၅)
ဘီစီတြင္ ေယရုရွလင္ၿမိဳ႕ကို တိုက္ခိုက္ၿပီး ယုဒထီးနန္းတြင္
မိမိတို႔ေရြးခ်ယ္သည့္ ဘုရင္ကိုထားကာ ယုဒျပည္ႏွင့္ မဟာမိတ္ဖြဲ႕ရန္ ၾကံစည္ခဲ့သည္။
ထိုေၾကာင့္ အာခတ္မင္းမွာ အလြန္ပင္ တုန္လႈပ္ေခ်ာက္
ခ်ားသြားသည္။ စိတ္ေအးေအးထားၿပီး ဘုရားသခင္အေပၚ
ယံုၾကည္လၽွင္ ေယရုရွလင္ၿမိဳ႕ကို ကယ္တင္မည္ဟု ေဟရွာယက အာမခံသည္။သို႔ေသာ္လည္း အာခတ္မင္းက
ဘုရားသခင္အေပၚ အားထားမည့္အစား အာရႈရိတို႔အား
ေခၚ၍ မိမိတို႔ကို ကူညီေစခဲ့သည္။ ထိုသို႔ျပဳလၽွင္ ပ်က္စီး
မည္ဟု ေယရွာယ ေျပာၾကားခဲ့သည္။ အာရႈရိအင္အား
ေအာက္သို႔ ယုဒျပည္က်ေရာက္မည္ကို သတိေပးေသာ္
လည္း ေယရွာယ၏ သတိေပးခ်က္ကို အာခတ္မင္းက
လစ္လ်ဴရႈခဲ့သည္( ေဟရွာ ၇:၁-၂၅/ ၄ရာ ၁၆:၇-၈ )။
ထိုနည္းတူပင္ ျပည္သာတို႔ကလည္း ဘုရားသခင္အေပၚ
ယံုၾကည္အားထားျခင္းကို ပစ္ပယ္ခဲ့ၾကသည္။ ထို႔ေၾကာင့္
ယုဒျပည္အေပၚ အာရႈရိတို႔အားျဖင့္ ဘုရားသခင္၏ အျပစ္
စီရင္ျခင္းက်ေရာက္ရန္ ေသခ်ာသည္ ( ၈:၁-၂၂ )။
တိုင္းျပည္အေပၚက်ေရာက္မည့္ အေမွာင္ထုထဲမွ အလင္း၊
ရႊင္လန္းဝမ္းေျမာက္ျခင္းႏွင့္ၿငိမ္သက္ျခင္း ယူေဆာင္လာ
မည့္ " ေမရွိယ - ကယ္တင္ရွင္ " တည္းဟူေသာ ေခါင္ေဆာင္သစ္ ေပၚထြန္းဦးမည္ ( ၉:၁-၇ )။
ထို႔ေနာက္ အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္ ကၠသေရလ၏ အေျခအေနကို ေဟရွာယ ေဖာ္ျပခဲ့သည္။ ကၠသေရလျပည္
တျဖည္းျဖည္း အင္အားေလ်ာ့နည္းလာၿပီး အာရႈရိတို႔၏
တိုက္ခိုက္ေအာင္ျမင္ျခင္းကို ခံရမည္( ၇၂၂ ဘီစီ၊ ၉:၈-
၁၀:၄ )။သို႔ေသာ္ ဘုရားသခင္၏လူတို႔အာ းအာရႈရိလူတို႔က
မိမိတို႔ထင္သလို လုပ္ႏိုင္သည္ဟုယဆကာ အလြန္ပင္
ညႇင္းပန္းႏွိုက္စက္ အမွားကိုျပဳမိ ခဲ့ၾကသည္။ ထို႔ေၾကာင့္ အာရႈရိတို႔ ဒဏ္ခတ္ျခင္းခံရမည္( ၁၀:၅-၃၄ )။
ထိုအခ်ိန္အတြင္း ယုဒျပည္လည္း အလြန္ ဒုကၡခံေနရၿပီး
ေနာက္ဆံုး ဖ်က္ဆီးျခင္းခံရၾကမည္။ သို႔ေသာ္ မိမိအေပၚ
သစၥာရွိသူ လူအနည္းစုကို ဘုရားသခင္ ကာကြယ္မည္။
တိုင္းတစ္ပါးသို႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံရသူအခ်ိဳ႕သည္
မိမိတို႔အိမ္ရွိရာေျမသို႔ ျပန္လာၾကၿပီး ေမရွိယ၏ ႏိုင္ငံေတာ္
တည္ေထာင္မည္ ( ၁၁:၁-၁၂:၆ )။
၄။ အျခားတိုင္းျပည္မ်ားသို႔ သတင္းစကား ( ၁၃-၂၁ )
ယုဒျပည္ႏွင့္ ကၠသေရလျပည္သာမက အျခားေသာ
တိုင္းျပည္မ်ားလည္း ဘုရားသခင္၏ထိန္းခ်ဳပ္မႈေအာက္၌
တည္ရွိေၾကာင္း ေဖာ္ျပသည္။ ထိုတိုင္ျပည္တို႔၏ တန္ခိုး
အာဏာႀကီးျမင့္လာျခင္းႏွင့္ ေႏွာက္ဆံုးပ်က္စီးျခင္းသို႔
ေရာက္ရန္ ဘုရားသခင္ထိန္းခ်ဳပ္ထားသည္။
ပေရာဖက္ေဟာေျပာခဲ့သည့္တိုင္းျပည္မ်ားတြင္ ဗာဗုလုန္တိုင္းျပည္သည္ ထိပ္ဆံုးမွျဖစ္ၿပီး ထိုအခ်ိန္တြင္
အင္အားမႀကီးေသးေပ။ သို႔ေသာ္လည္း တန္ခိုးအာဏာ
ႀကီးလာသည္နနဲ႔အမၽွ ပ်က္စီးျခင္းသို႔ ဦတည္လာေနမည္
ျဖစ္သည္။ ဘုရားသခင္အား ေမာက္မာစြာ အာခံျခင္းမွာ
ပ်က္စီးဆံုးရွံုးရာသို႔ ေရာက္ရွိေစမည့္ အာမခံခ်က္ျဖစ္ေပ
သည္ ( ၁၃:၁-၁၄:၂၃ )။
ေဟရွာယေခတ္တြင္ ယုဒျပည္အား ၿခိမ္းေျခာက္ေန
သည့္ အာရႈရိျပည္လည္း စီရင္ျခင္းကို ခံရမည္ျဖစ္ေၾကာင္း
ေဖာ္ျပထားသည္ ( ၁၄:၂၄-၃၂ )။ ေမာဘျပည္လည္း
က်ဆံုးရမည္ ( ၁၅:၁-၁၆:၁၄ )။ထိုနည္းတူ ယုဒျပည္ကို
ပူးေပါင္းတိုက္ခိုက္မည့္ ရႈရိျပည္ႏွငိ့ ကၠသေရလျပည္တို႔
လည္း က်ဆံုးၾကမည္ ( ၁၇:၁-၁၄ )။
အာရႈရိျပည္အား ခုခံရန္အျခားတိုင္းျပည္တို႔ႏွင့္ ယုဒျပည္ မဟာမိတ္မဖြဲ႕ရ ( ၁၈:၁-၇ )။ အဲဂုတၱဳျပည္အေပၚ
အားကိုးရန္မွာလည္း အခ်ည္းႏီွးပင္ျဖစ္မည္။ အေၾကာင္းမွာ
အဲဂုတၱဳျပည္လည္း သိမ္းပိုက္ျခင္းခံရမည္ျဖစ္ေသာေၾကာင့္
ေပ ( ၁၉:၁-၂၅ )။ ယုဒျပည္ႏွင့္ ကၠသေရလျပည္တို႔၏
ဘုရားသခင္ကို မအားကိုဘဲ အိမ္နီးခ်င္းႏိုင္ငံမ်ားအေပၚ
အားထား မဟာမိတ္ဖြဲ႕ျခင္းသည္ ဖမ္းဆီခ်ဳပ္ေႏွာင္ျခင္း
ခံရန္ ဦးတည္ေနသည္ ( ၂၀:၁-၆ )။
ဗာဗုလုန္ျပည္၊ ဒုမာျပည္ႏွင့္ အာရပ္ျပည္တို႔လည္း ဖ်က္ဆီးျခင္းခံၾကရမည္ ( ၂၁:၁-၁၇ ) ။ သိုလေသာ္ ေယရုရွလင္အား ဝိုင္းရံပိတ္ဆို႔ မႈခံရေသာအခါ ဘုရားသခင္အေပၚ လူအခ်ိဳ႕တို႔မွာလည္း ဆက္လက္
ယံုၾကည္ကိုးစားေနဆဲျဖစ္သည္ ( ၂၂:၁-၂၅ )။
ထိုေခတ္ကာလ စီးပြားကူးသန္ရာတြင္ အင္အားႀကီးခဲ့သည့္
ဖိနိတ္ျပည္လည္း တရားစီရင္ျခင္းကို ခံရမည္ျဖစ္ေပသည္
( ၂၃:၁-၁၈ )။
၅။ ေနာက္ဆံုးတရားစီရင္ျခင္းႏွင့္
ကယ္တင္ျခင္း ( အခန္းႀကီး ၂၄ - ၂၇ )
မိမိအခ်ိန္ကာလအတြင္းမွ ဘုရားသခင္၏ တရား
စီရင္ျခင္းခံရသည့္ တိုင္ျပည္မ်ားမွတစ္ဆင့္ တစ္ကမ႓ာလံုး
အေပၚ ဘုရားသခင္၏ ေနာက္ဆံုးတရားစီရင္မည့္အေပၚ
ထိုအေၾကာင္းတရားမ်ားကို ေဟရွာယအား ေဖာ္ျပခဲ့သည္။
ဂုဏ္အသေရႏွင့္ ရာထူးတို႔ကို အေျခခံ၍ ဘုရားသခင္ခြဲျခား
မည္မဟုတ္ေၾကာင္း ယံုၾကည္ေသာသူတို႔သာလၽွင္ ကယ္
တင္ျခင္းရမည္။ ေက်းဇူးေတာ္ေၾကာင့္သာရသည့္ ကယ္တင္ျခင္းအတြက္ ဘုရားသခင္၏ဂုဏ္ေတာ္ ခ်ီးေျမာက္ၾကရမည္ ( ၂၄:၁-၂၅:၁၂ ) ။
ဘုရားသခင္အေပၚ သစၥာရွိျခင္းေၾကာင့္ ႏွိပ္စက္ျခင္း
ခံရေသာ သူတို႔သည္ ေနာက္ဆံုး၌ ေအာင္ျမင္ျခင္းရၾက
မည္ ( ၂၆ :၁-၂၁ )။ ရွက္ဖြယ္ရာ ျပည္ႏွင္းခံရျခင္းမွ
ဂုဏ္အသေရ ျပန္လာျမည္ ( ၂၇:၁-၁၃ )။
၆။ ေဟဇကိမင္းလက္ထက္ ယုဒျပည္ ( ၂၈ -၃၉ )
အာခတ္မင္းထံမွ ယုဒျပည္ဘုရင္အျဖစ္ ေဟဇကိမင္း
ဆက္ခံခဲ့ၿပီးေနာက္ ယုဒျပည္၏ႏိုင္ငံေရးဆိုင္ရာ မူဝါဒႏွင့္
ဘဘာသာေရးျပဳျပင္ေျပာင္းလဲမႈမ်ားကို ခ်က္ခ်က္ျပဳလုပ္
ခဲ့သည္။ ထို႔ေႏွာက္ အာရႈရိတို႔အား အခြန္အေကာက္ေပး
ရန္ ျငင္းဆိုပုန္ကန္ခဲ့သည္ ( ၄ရာ ၁၈:၇ )။
ဤသို႔ျပဳလုပ္ရန္ အဲဂုတၱဳတို႔၏ စစ္အကူအညီေတာင္းဆို
ခဲ့ရာ အာရႈရိတို႔အေပၚ အာခတ္မင္းအားကိုျခင္းကို ေဟရွာယ ဆန္႔က်င္ခဲ့သည့္နည္းတူ ယခုတြင္လည္း
ဆန္႔က်င္ျပန္သည္။ ယုဒျပည္၏ လိုအပ္ခ်က္မွာ တိုင္းတစ္ပါး၏ စစ္ေရးအကူအညီမဟုတ္ဘဲ ဘုရားသခင္
အေပၚ ယံုၾကည္ကိုးစားရန္ျဖစ္သည္။
ၿမိဳ႕ရြာအုပ္ခ်ဳပ္မႈႏွင့္ ဘာသာေရးဆိုင္ရာ ေခါင္ေဆာင္မႈ
ညံ့ဖ်င္းျခင္းမွာ ယုဒျပည္က်ဆင္းၿပီးေနာက္ ျပစ္ဒဏ္ခံရ
ျခင္း၏ အေၾကာင္းရင္းျဖစ္သည္ ( ၂၈:၁-၂၉ )။ ေယရုရွလင္ၿမိဳ႕ကို ကာရံပိတ္ဆို႔ျခင္းႏွင့္ ( ၇၀၁ ) ဘီစီတြင္
အံ့ဩဖြယ္ေကာင္းေသာ ကယ္တင္ျခင္းအာျဖင့္ ယုဒျပည္
လံုျခံဳေရး အာမခံခ်က္အတြက္ ႏိုင္ငံေရး မဟာမိတ္မ်ား
မလိုေၾကာင္းကို ဘုရားသခင္က ျပသခဲ့သည္ ( ၂၉:၁-၂၄)။
အဲဂုတၱဳျပည္အေပၚ အားကိုးျခင္းမွာ ဘုရားသခင္၏ အျမင္၌
အထူးမ်ဳက္မဲရာက်ေစသည္ ( ၃၀:၁-၃၁:၉ )။
အာရႈရိတို႔လက္မွ ကယ္ႏုတ္ျခင္းခံရၿပီးေနာက္
ေျဖာင့္မတ္ေသာ ယုဒျပည္အား ဘုရားသခင္၏အလို
အတိုင္း လိုက္ေလွာက္ေသာ ဘုရင္အုပ္စိုးမည့္အေၾကာင္း
ပေရာဖက္ျမင္သည္ ( ၃၂:၁-၂၀ )။ အာရႈရိတို႔အေပၚ
ေအာင္ျမင္ၿပီး ယုဒျပည္ကို ဘုရားသခင္ ေကာင္းခ်ီးေပး
မည္ ( ၃၃:၁-၂၄ )။ တစ္ကမ႓ာလံုးအေပၚ ေနာက္ဆံုးက်
ေရာက္မည့္ တရားစီရင္ျခင္း၏ အရိပ္နိမိတ္ျဖစ္ကာ ထိုအခ်ိန္တြင္ ရန္သူအားလံုးကို ဘုရားသခင္ဖ်က္ဆီး၍
( ၃၄:၁-၁၇ ) ယံုၾကည္သူတို႔အား ေကာင္းခ်ီးခ်ေပးမည္
( ၃၅:၁-၁၀ )။
သမိုင္းေကာင္းဆိုင္ရာ ေနာက္ဆက္တြဲတြင္ေဖာ္ျပခဲ့
သည့္ သတင္းစကားမ်ား၏ ေနာက္ခံသမိုင္းကို အက်ဥ္းခ်ံဳး
ေဖာ္ျပထားသည္။ အာရႈရိတို႔ ဝင္ေရာက္တိုက္ခိုက္ရာ
( ၃၆:၁-၂၂) ၎တို႔အား ဘုရားသခင္က ရွံုးနိမ့္ေစခဲ့သည္
( ၃၇:၁-၃၈ )။ ေစာေစာပိုင္းက ေဟဇကိမင္း၏ အသက္
ကို ဘုရားသခင္ကာကြယ္ေစာင့္ေရွာက္ေပးခဲ့ရာ အာရႈရိႏွင့္
ယုဒတို႔ ပဋိပကၡျဖစ္ေနခ်ိန္အတြင္း ဦးေဆာင္ရန္ျဖစ္သည္
( ၃၈:၁-၂၂ )။ သို႔ေသာ္ အာရႈရိကို ေဟဇကိဆန္႔က်င္သည့္
ေနာက္ မဟာမိတ္ဖြဲ႕လိုေသာ ဆြဲေဆာင္မႈကို မတားဆီးႏိုင္
ခဲ့ေပ။ ယခုအႀကိမ္တြင္ ဗာဗုလုန္တို႔ႏွင့္ျဖစ္သည္။ထိုသို႔ျဖင့္
ဗာဗုလုန္တို႔၏ တိုက္ခိုက္ေအာင္ျမင္ျခင္းခံရၿပီး ေနာက္ဆံုး၌
ဗာဗုလုန္ျပည္သို႔ ဖမ္းဆီးေခၚေဆာင္သြားျခင္းခံရမည္ဟု
ေဟရွာယအား ဘုရားသခင္က ျမင္ေစခဲ့သည္(၃၉:၁-၈)။
၇။ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရျခင္းႏွင့္ ျပန္၍လြပ္ေျမာက္လာ
ရမည့္အေၾကာင္း ( အခန္းႀကီး ၄၀- ၄၁ )။
ေဟရွာယ အခန္းႀကီး (၃၉ ) ႏွင့္ ( ၄၀ ) ျဖစ္ရပ္မ်ားၾကား
တြင္ႏွစ္ေပါင္း ( ၁၅၀ )ခန္႔မွ ျဖစ္ရပ္မ်ား က်န္လပ္ေနသည္။
ဓမၼပညာရွင့္အခ်ိဳ႕ေသာသူတို႔၏အဆိုအရ အခန္းႀကီး ၄၀-
၆၆ တို႔ကို ေဟရွာယ ေရးခဲ့ျခင္းမဟုတ္ဘဲ ေနာက္မ်ိဳးဆက္
မွ လူမ်ား ေရးခဲလျခင္းျဖစ္မည္ဟု ရႈျမင္သံုးသပ္ၾကသည္။
ထိုအခ်ိန္အတြင္း ေတြ႕ျမင္ရသည့္ ျမင္ကြင္းမွာ ေဟဇကိ
ေခတ္ ေယရုရွလင္ၿမိဳ႕ မဟုတ္ဘဲ ဂ်ဴးတို႔ ဖမ္းဆီးခ်ဳပ္ေႏွာင္
ခံရခ်ိန္ ဗာဗုလုန္ျပည္ျဖစ္သည္။
ထိုက်န္လပ္ခဲ့သည့္ႏွစ္ ( ၁၅၀ ) အတြင္း ဗာဗုလုန္ျပည္
အင္အားႀကီးမားလာၿပီး ( ၆၁၅ ) ဘီစီတြင္ အာရႈရိကို
တိုက္ခိုက္ေအာင္ျမင္ခဲ့သည္။ ထို႔ေနာက္ ( ၆၀၅ )ဘီစီမွ
( ၅၈၇ ) ဘီစီအတြင္း ယုဒျပည္ကို အႀကိမ္ႀကိမ္ဝင္ေရာက္
တိုက္ခိုက္ၿပီး ေနာက္ဆံုး၌ ေယရုရွလင္ၿမိဳ႕ကို ဖ်က္ဆီးကာ
လူတို႔ကို ဖမ္းဆီးေခၚေဆာင္သြားသည္ ။အခန္းႀကီး ၄၀-၄၈
အတြင္း ႀကိဳတင္ေတြ႕ရသည့္ အျဖစ္အပ်င္မ်ားမွာ ဖမ္းဆီး
ခ်ဳပ္ေႏွာင္ခံရခ်ိန္အတြင္းျဖစ္သည္။ ထိုေဒသအတြင္းရွိ
တစ္ႏိုင္ငံၿပီး တစ္ႏိုင္ငံကို ေပရသိဘုရင္ ကုရုမင္း ႏွိမ္နင္း
ႏိုင္ၿပီး ( ၅၃၀ )ဘီစီတြင္ ဗာဗုလုန္ကို ေအာင္ျမင္ကာ ဂ်ဴး
တို႔အား သူတို႔၏ ျပည္ေတာ္သို႔ျပန္ခြင့္ေပးမည္။
လူတို႔အား မိမိသည္သာ တန္ခိုးႀကီးဆံုးျဖစ္ေၾကာင္း
ဘုရားသခင္က ထပ္မံေျပာၾကာခဲ့သည္။ သူတို႔အား
ဖမ္းဆီးခ်ဳပ္ေႏွာင္ရျခင္း အျပစ္ေပးခဲ့ၿပီး၊ မိမိတို႔ျပည္သို႔
ေအာင္ျမင္စြာ ျပန္လည္ေခၚေဆာငိသြားမည္( ၄၀:၁-၃၁)။
ဗာဗုလုန္ျပည္ကို ေအာင္ျမင္ကာ ဂ်ဴးလူမ်ိဳးတို႔ကို လႊတ္ေပး
မည့္သူ ကုရုမင္းအား ျပဳျပင္ပ်ိဳးေထာင္ေနေၾကာင္းေတြ႕ရ
မည္ ( ၄၁:၁-၂၉ )။ ဘုရားသခင္၏ စစ္မွန္ေသာ အေစခံ
ကၠသေရလျပည္သစ္အား အျခားတိုင္ျပည္မ်ားမွ ေႏွာင္တ
ရသူမ်ားကို ဘုရားသခင္ကယ္တင္မည္( ၄၂:၁-၂၅ )။
ထိုအရာအားလံုးမွာ ဘုရားသခင္၏ တန္ခိုးေတာ္အာဏာ
ကို ျပသျခင္းလည္းျဖစ္သည္ (၄၃:၁-၂၈ )။ လူတို႔ျပဳလုပ္ၾက
ေသာ ရုပ္တုဆင္တုတို႔၌ အသက္မရွိဘဲ ကၠသေရလလူတို႔
၏ ဘုရားသခင္က အသက္ရွင္လၽွက္ စိုးမိုးခ်ဳပ္ကိုင္ေသာ
အရွင္သခင္ျဖစ္ေၾကာင္း ထင္ရွားေစသည္( ၄၄;၁-၂၈ )။
ဘုရားသခင္က ကုရုမင္းကို ျပဳစုပ်ိဳးေထာင္ကာ ဂ်ဴးတို႔ကို
လႊတ္ေျမာက္ခြင့္ ေပးေစခဲ့သည္ ( ၄၅:၁-၁၉ )။ ဗာဗုလုန္
ျပည္ ပ်က္ဆီးခ်ိန္တြင္ သူတို႔ဘုရားမ်ားက ကယ္တင္ရန္ မည္သို႔မၽွ မတတ္ႏိုင္ေၾကာင္းထင္ရွားေစသည္( ၄၅:၂၀-
၄၆:၁၃ )။ တစ္ခ်ိန္က ေမာက္မာခဲ့ေသာျပည္သည္ အရွက္
ကြဲကာ ေသပြဲဝင္ရမည္ကို ေဖာ္ျပသည္ ( ၄၇:၁-၁၅ )။
မိမိတို႔ ယခင္ကအမွားမ်ားျပဳမိၾကရာမွ သင္ခန္းစာယူကာ
ရုပ္တုကိုးကြယ္ျခင္းကို ဂ်ဴးတို႔ ေနာက္ထပ္မျပဳလုပ္ၾကရ
မည့္ကို ေဖာ္ျပသည္ ( ၄၈:၁-၂၂ )။
၈။ ဘုရားသခင္၏ လူတို႔အား ကယ္တင္ျခင္း (၄၉- ၅၅)
ကၠသေရလလူမ်ိဳးတို႔အား ဘုရားသခင္ ေရြးေကာက္ခဲ့
ေသာ္လည္း ကၠသေရလတစ္ျပည္လံုး က်ဆံုးသြားရသည္။
သို႔ေသာ္လည္း သစၥာရွိသူအခ်ိဳ႕ရွိေနျခင္းေၾကာင့္ သူတို႔
အတြက္ ထိုျပည္ကို ဘုရားသခင္ ျပန္လည္တည္ေဆာက္
ေစမည္ ( ၄၉:၁-၅၀:၃ ) ။ ဘုရားသခင္၏ စစ္မွန္ေသာ
အေစခံမ်ားက မိမိတို႔အေတြ႕အၾကံဳအားျဖင့္ နာခံတတ္ျခင္း
ႏွင့္ ဇြဲလံုးလရွိျခင္းအက်ိဳး ရၾကမည္ ( ၅၀:၄-၁၁ )။
အင္အားႀကီးမားေသာ ဗာဗုလုန္ကိုတြန္းလွန္၍ ကၠသေရလ
ျပည္ ျပန္လည္တည္ေဆာက္မည္မွာ မျဖစ္ႏိုင္ဟုထင္ရ
ေသာ္လည္းဘဲ ဘုရားသခင္က တတ္စြမ္းႏိုင္ေတာ္မူခဲ့ရာ
ထပ္မံ၍ လုပ္ေဆာင္သြားဦးမည္ ( ၅၁: ၁-၂၃ )။ မိမိတို႔
တိုင္းျပည္သို႔ ျပည္ႏွင္ဒဏ္ခံရသူမ်ား ျပန္ၾကဖို႔ရန္ ျပင္ဆင္
ၾကရမည္ ( ၅၂:၁-၁၂ )။
အေစခံမ်ား ေဝဒနျပင္းစြာခံစားရျခင္းကို လူတို႔ျမင္ေသာ
အခါ အထိတ္တလန္႔ျဖစ္မိသကဲ့သို႔ ႀကီးစြာေသာဘုန္းအသ
ေရႏွင့္ ေတြ႕ရေသာအခါတြင္လည္း အလြန္ပင္အံ့ဩထိတ္
လန္႔ရၾကမည္။ က်ရွံုးႏွိပ္စက္ခံရာမွ ေအာင္ျမင္သူျဖစ္လာ
မည္ ( ၅၂:၁၃-၅၃:၁၂ )။ ဗာဗုလုန္သို႔ ျပည္ႏွင္ဒဏ္ခံရသူ
တို႔ အႀကိဳးစားၾကဘဲ ေယရုရွလင္ၿမိဳ႕သို႔ ျပန္ျခင္းျဖင့္
ျပည့္ဝေသာေက်နပ္မႈကို ရၾကမည္ ( ၅၅:၁-၁၃ )။
၉။ ပစၥဳပၸန္ကာလ၌ အရွက္ကြဲျခင္းႏွင့္ အနာဂတ္၏
ဘုန္းအသေရ ( အခန္းႀကီး ၅၆- ၆၆ )
ကၠသေရလလူမ်ား သူတို႔ျပည္ ေယရုရွလင္ၿမိဳ႕တြင္
ျပန္လည္ အေျခခ်ျခင္းႏွငိ့ ပတ္သက္၍ " ေရႊေခတ္ " မေရာက္ရွိေသးေၾကာင္း ပေရာဖက္ႀကိဳေတြ႕ ျမင္ရသည္။
သူတို႔၏ အသက္တာ၌ လူမႈေရးႏွငိ့ ဘာသာေရးအျပစ္မ်ား
ထင္ရွားေနျခင္းေၾကာင့္ အသစ္ေသာ ေယရုရွလင္ၿမိဳ႕ကို
ပေရာဖက္ေစာင့္ေမၽွာ္လၽွကိသာ ေနရစ္ခဲ့ရသည္။
ကၠသေရလလူတို႔၏ အမ်ိဳးသားေရဆိုင္ရာ အသက္တာ
သစ္သည္ ဘုရားသခင္၏ ဥပေဒေပၚတြင္ အေျခခံရမည္
( ၅၆:၁-၈ ) ။ သို႔ေသာ္ ေရႈးယခင္ကဲ့သို႔ လူမႈေရး၊
ဘာသာေရးႏွငိ့ ဆိုင္ေသာ ေခါင္ေဆာင္မ်ား ေဖာက္ျပန္
ပ်က္စီးလၽွက္ပင္ရွိသည္( ၅၆:၉-၅၇:၂၁ )။ အျခားသူမ်ားကို
ဖိႏွိပ္ခ်ဳပ္ခ်ယ္လ်က္ မိမိတို႔၏ ဘာသာေရးက်င့္ဝတ္မ်ားျဖင့္
ဘုရားသခင္ ေက်နပ္မည္ဟု ယူဆေသာသူတို႔၏ ဝတ္ျပဳ
ျခင္းကို ဘုရားသခင္ ျငင္းပယ္ေတာ္မူသည္ ( ၅၈:၁-၁၄ )။
သူတို႔၏ နည္းလမ္းမ်ားကို မေျပာင္းလဲပါက ဘုရားသခင္
စီရင္ေတာ္မူမည္ ( ၅၉:၁-၂၁ )။
ဗာဗုလုန္ျပည္၌ ပေရာဖက္မ်ားရွိေနၿပီး၊ မိမိတို႔တိုင္းျပည္
သို႔ျပန္ရန္ ေမၽွာ္လင့္ေနသူမ်ားအေၾကာင္း ေျပာဆိုရာ၌
ေယရုရွလင္ၿမိဳ႕ကို ျပန္လည္တည္ေဆာက္ရာတြင္ ဂ်ိဴးတို႔
ႏွင့္ အတူ တိုင္းတစ္ပါးသားမ်ားလည္း ပါဝင္မည္သာမက
ထိုေနရာ၌ ဘုရားသခင္အား အတူတကြ ဝတ္ျပဳကိုးကြယ္
ၾကလိမ့္မည္( ၆၀:၁-၂ )။ခ်ဳပ္ေႏွာင္ခံေနရာမွ ျပန္လာၾကသူ
မ်ားသည္ ပ်က္စီးေနေသာ ၿမိဳ႕ကို ေတြ႕ေသာအခါ ငိုေႂကြး
ျမည္တမ္းၾကလိမ့္မည္။ ယခင္ကလုယက္တိုက္ခိုက္မႈကို ခံေနရသူတို႔အား ျပန္လည္ေပးေလၽွာ္ၿပီးလုးက္သူတို႔အား
ဘုရားသခင္က ျပစ္ဒဏ္ခတ္မည္ ( ၆၃:၁-၆ )။
၁၀။ နိဂံုး
တိုင္းျပည္၏ကိုယ္စား ျပည္သားတို႔၏ အျပစ္မ်ားတြက္
ပေရာဖက္က ဝန္ခ်ေတာင္းပန္သည္။ ဘုရားသခင္ထံမွ
အျပစ္လႊတ္ျခင္း ေတာင္ခံသည္ ( ၆၃:၇-၆၄:၁၂ )။
ေဖာက္ျပန္ပ်က္စီးမႈမ်ားၾကားမွ သစၥာရွိသူ လူနည္းစု
က်န္ရွိသည္။ သူတို႔သည္ ဘုရားသခင္၏ စစ္မွန္ေသာ
လူမ်ားျဖစ္ၿပီး ေမရွိယႏိုင္ငံေတာ္၏ ႏိုင္ငံသားမ်ားျဖစ္ၾက
သည္ ( ၆၅:၁-၂၅ )။ မွန္ကန္ေသာစိတ္ထားႏွင့္ မွန္ကန္
ေသာအျပဳအမူမ်ိဳးကိုသာ ဘုစားသခင္ အျမဲေတာင္ဆိုသည္
( ၆၆:၁-၆ )။ စစ္မွန္ေသာ ဝိညာဥ္အသက္တာရွိသူမ်ားသာ
လၽွင္ ေခတ္ကာလသစ္အတြက္ သင့္ေတာ္မည္(၆၆:၇-၂၄)။
၉။ ပစၥဳပၸန္ကာလ၌ အရွက္ကြဲျခင္းႏွင့္ အနာဂတ္၏
ဘုန္းအသေရ ( အခန္းႀကီး ၅၆- ၆၆ )
ကၠသေရလလူမ်ား သူတို႔ျပည္ ေယရုရွလင္ၿမိဳ႕တြင္
ျပန္လည္ အေျခခ်ျခင္းႏွငိ့ ပတ္သက္၍ " ေရႊေခတ္ " မေရာက္ရွိေသးေၾကာင္း ပေရာဖက္ႀကိဳေတြ႕ ျမင္ရသည္။
သူတို႔၏ အသက္တာ၌ လူမႈေရးႏွငိ့ ဘာသာေရးအျပစ္မ်ား
ထင္ရွားေနျခင္းေၾကာင့္ အသစ္ေသာ ေယရုရွလင္ၿမိဳ႕ကို
ပေရာဖက္ေစာင့္ေမၽွာ္လၽွကိသာ ေနရစ္ခဲ့ရသည္။
ကၠသေရလလူတို႔၏ အမ်ိဳးသားေရဆိုင္ရာ အသက္တာ
သစ္သည္ ဘုရားသခင္၏ ဥပေဒေပၚတြင္ အေျခခံရမည္
( ၅၆:၁-၈ ) ။ သို႔ေသာ္ ေရႈးယခင္ကဲ့သို႔ လူမႈေရး၊
ဘာသာေရးႏွငိ့ ဆိုင္ေသာ ေခါင္ေဆာင္မ်ား ေဖာက္ျပန္
ပ်က္စီးလၽွက္ပင္ရွိသည္( ၅၆:၉-၅၇:၂၁ )။ အျခားသူမ်ားကို
ဖိႏွိပ္ခ်ဳပ္ခ်ယ္လ်က္ မိမိတို႔၏ ဘာသာေရးက်င့္ဝတ္မ်ားျဖင့္
ဘုရားသခင္ ေက်နပ္မည္ဟု ယူဆေသာသူတို႔၏ ဝတ္ျပဳ
ျခင္းကို ဘုရားသခင္ ျငင္းပယ္ေတာ္မူသည္ ( ၅၈:၁-၁၄ )။
သူတို႔၏ နည္းလမ္းမ်ားကို မေျပာင္းလဲပါက ဘုရားသခင္
စီရင္ေတာ္မူမည္ ( ၅၉:၁-၂၁ )။
ဗာဗုလုန္ျပည္၌ ပေရာဖက္မ်ားရွိေနၿပီး၊ မိမိတို႔တိုင္းျပည္
သို႔ျပန္ရန္ ေမၽွာ္လင့္ေနသူမ်ားအေၾကာင္း ေျပာဆိုရာ၌
ေယရုရွလင္ၿမိဳ႕ကို ျပန္လည္တည္ေဆာက္ရာတြင္ ဂ်ိဴးတို႔
ႏွင့္ အတူ တိုင္းတစ္ပါးသားမ်ားလည္း ပါဝင္မည္သာမက
ထိုေနရာ၌ ဘုရားသခင္အား အတူတကြ ဝတ္ျပဳကိုးကြယ္
ၾကလိမ့္မည္( ၆၀:၁-၂ )။ခ်ဳပ္ေႏွာင္ခံေနရာမွ ျပန္လာၾကသူ
မ်ားသည္ ပ်က္စီးေနေသာ ၿမိဳ႕ကို ေတြ႕ေသာအခါ ငိုေႂကြး
ျမည္တမ္းၾကလိမ့္မည္။ ယခင္ကလုယက္တိုက္ခိုက္မႈကို ခံေနရသူတို႔အား ျပန္လည္ေပးေလၽွာ္ၿပီးလုးက္သူတို႔အား
ဘုရားသခင္က ျပစ္ဒဏ္ခတ္မည္ ( ၆၃:၁-၆ )။
၁၀။ နိဂံုး
တိုင္းျပည္၏ကိုယ္စား ျပည္သားတို႔၏ အျပစ္မ်ားတြက္
ပေရာဖက္က ဝန္ခ်ေတာင္းပန္သည္။ ဘုရားသခင္ထံမွ
အျပစ္လႊတ္ျခင္း ေတာင္ခံသည္ ( ၆၃:၇-၆၄:၁၂ )။
ေဖာက္ျပန္ပ်က္စီးမႈမ်ားၾကားမွ သစၥာရွိသူ လူနည္းစု
က်န္ရွိသည္။ သူတို႔သည္ ဘုရားသခင္၏ စစ္မွန္ေသာ
လူမ်ားျဖစ္ၿပီး ေမရွိယႏိုင္ငံေတာ္၏ ႏိုင္ငံသားမ်ားျဖစ္ၾက
သည္ ( ၆၅:၁-၂၅ )။ မွန္ကန္ေသာစိတ္ထားႏွင့္ မွန္ကန္
ေသာအျပဳအမူမ်ိဳးကိုသာ ဘုစားသခင္ အျမဲေတာင္ဆိုသည္
( ၆၆:၁-၆ )။ စစ္မွန္ေသာ ဝိညာဥ္အသက္တာရွိသူမ်ားသာ
လၽွင္ ေခတ္ကာလသစ္အတြက္ သင့္ေတာ္မည္(၆၆:၇-၂၄)။
#သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...