0
ဓမ္မရာဇဝင် တတိယစောင် ခြုံငုံလေ့လာခြင်း Reshare #9Dan Unicode & Zawgyi
 9Dan
ဓမ္မရာဇဝင် တတိယစောင် ခြုံငုံလေ့လာခြင်း
Reshare #9Dan Unicode & Zawgyi
==========================
၁။ နိဒန်း
ဓမ္မရာဇဝင် တတိယစောင်နှင့် စတ္ထုစောင်မှာ မူရင်း၌
တစ်စောင်တည်းဖြင့်တွေ့ရသည်။ ဤကျမ်းတွင် ဒါဝိဒ်မင်း
ကြီးအုပ်ချုပ်မှု ကုန်ဆုံးချိန်မှ ရာစုနှစ်လေးရာကျော်အတွင်း
ဖြစ်ပျက်သော အကြောင်းအရာအချို့နှင့် ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အချိန်ကာလအတွင်းဖြစ်
စဉ်သမိုင်း က္ကသရေလနိုင်ငံအကြောင်းဖော်ညွန်းထားခြင်း
ဖြစ်သည်။ဤကျမ်းတွင် က္ကသရေလနိုင်ငံကြီး နှစ်ပိုင်းခွဲခြား
ခြင်း၊ သူတို့နှင့်သက်ဆိုင်သော သမိုင်းကြောင်းနှင့် နိုင်ငံ၏
ယိုယွင်းပျက်စီးကျဆုံးခြင်းများကို မှတ်တမ်းပြုထားသည်။
ဖြစ်ပျက်သော ခုနှစ်အချိန်ကာလမှာ ဓမ္မရာဇဝင် တတိယစောင် ၉၇၁-၈၅၂ဘီစီအတွင်းဖြစ်ပြီး၊စတ္ထုစောင်မှာ
၈၅၂-၅၈၇ ဘီစီအတွင်းဖြစ်မည်။ ကျမ်းကိုရေးသားသူ၏
အမည်မှာ အတိအကျဖော်ညွန်းထားခြင်းမရှိသော်လည်း
ပရောဖက်ဟေရှာယနှင့် ယေရမိဖြစ်နိုင်မည်ဟုယူဆသည်။
၂။ ကျမ်း၏အထူး လက္ခဏာများအချို့
ဤကျမ်းနှစ်စောင်တွင် သမိုင်းအကြောင်းရေးသားဖော်
ပြထားသော်လည်း သမိုင်းမှတ်တမ်းအနေဖြင့် သီးသန့်ရေး
ထားခြင်းမျိုးမဟုတ်ပေ။ ပရောဖက်များနှင့် ရှင်ဘုရင်များ၏
မှတ်တမ်းများကို ကျမ်းပြုစုရာ၌ အသုံးပြုခဲ့သည်။ယေရှာယ
နှင့် ယေရမိရေးသားချက်များကိုလည်းတွေ့ရသည်။
ကျမ်းပြုစုသူက က္ကသရေလသမိုင်းအကြောင်း၏ခေတ်
တစ်ခေတ်အတွင်းဖြစ်ပေါ်သည့်အကြောင်းကို မှတ်တမ်ပြု
စုခြင်းမျိုးဖြင့် အဓိကဖော်ညွန်ခြင်းမပြုပဲ ဘာသာတရားပေါ်
အရေးပါမှုကို အလေးထားဖော်ပြသည်။ က္ကသရေလပြည်၏
နှစ်နိုင်ငံခွဲခြားလာခြင်းအပေါ် အစဉ်အဆက်ဘုရင်များ၏
အသက်တာ ထာဝရဘုရားကို ကိုးစားခြင်း၊သစ္စာရှိခြင်းနှင့်
ဘုရားသခင်အပေါ် သစ္စာမဲ့စွာ အခြားဘုရားများကို မှီဝဲ
ကိုးကွယ်ခြင်းဆိုင်ရာ အဓိကျကျောရိုးကိုဖော်ညွန်ခဲ့သည်။
က္ကသရေလပြည်၏ သမိုင်းကြောင်းအတွင်းမှာ ဘုရား
သထင်၏ လုပ်ဆောင်မှုကို စာရှုသူတို့အား ပိုမိုနားလည်ပြီး
မြင်သတ်စေရန် ရည်ရွယ်ရာရောက်သည်။
၃။ တတိယစောင်အတွင်းပါသော အကြောင်းအရာအကျဉ်း
၃.၁ ရှောလုမုန် မင်းပြုခြင်း
ကျမ်း၏အစပိုင်းတွင် ဒါဝိမင်းကြီးသည် အသက်ရွယ်အို
မင်းလာလေသောကြောင့် မင်းကြီးကိုပြုစုရန်အတွက် မိန်းမ
ပျိုငယ်တစ်ဦး ရှုနင်မြို့သူ အဘိရှက်ကို ခန့်အပ်လေသည်။
အဗရှလုံ၏ညီတော်ဖြစ်သူ အဒေါနိယသည် မင်းပြုလုပ်ဖို့ရန်
ယဇ်ပုရောဟိတ်အချို့နှင့် ဘုရင့်သားဆော်အချို့လည်းခေါ်
၍ စားသောက်ပွဲကျင်းပကြလေသည်။ ထိုအကြောင်းကို
နာသန်သည် ရှောလုမုန်မိခင် ဗာသရှေဘထံသို့ပြောလေ
သည်။ ဒါဝိမင်းကြီးလည်း မိဖုရာ ဗာသရှေဘအားဖြင့်ကြား
သိရသောအခါ သူကတိပေးခဲ့သည့်အတိုင်း ဗသရှေဘ၏
သား ရှောလုမုန်ကို မင်းကြီးအရိပ်အရာဆက်ခံဖို့ ဘိသိက်၍
ဘုရင်အဖြစ် ခန့်အပ်ကြောင်း က္ကသရေလတစ်ပြည်လုံးသို့
ကြေညာစေသည်။ထိုသတင်းကိုကြားသော အဒေါနိယနှင့်
အပေါင်းဖော်တို့သည် ထိတ်လန့်၍ တစ်ကွဲတစ်ပြားထွက်
ပြေးကြလေသည်။ ဒါဝိမင်းကြီးသည် အနိစ္စရောက်ချိန်နီး၍
သားတော်ရှောလုမုန်အားခေါ်၍ မောရှေ၏ပညတ္တိကျမ်းများ
ကိုစောင့်လျှောက်၊လိုက်နာရန်မှာကြားတော်မူပြီး နိုင်ငံရေး
အရဆောင်ရွက်ပြုလုပ်သင့်သောအမှုကိစ္စအချို့ကိုလည်း
မှာကြားခဲ့ပြီး ခမည်တော်သည် အနိစ္စရောက်၏၍ ဒါဝိဒ်မြို့၌
သင်္ဂြိုကြလေသည်။
ထို့နောက် အဒေါနိယသည် ရှောလုမုန်၏ မယ်တော်
ဗာသရှေဘထံသို့သွား၍ ဒါဝိဒ်မင်းကြီးကိုပြုစုသော မိန်းမပျို
အဘိရှက်ကို ဆုချရန်တောင်ဆိုမှုပြု၍ ဘုရင်ဖြစ်သော
ညီတော် ရှောလုမုန်ထံလျှောက်တင်ပေးဖို့တောင်ဆိုသည်။ ရှောလုမုန်မင်းကလည်း ကောက်ကျစ်သောစိတ်မျိုးဖြင့်
တောင်ဆိုမှုဖြစ်ကြောင်းကိုသိနားလည်သောကြောင့်
အဒေါနိယကို သတ်စေလေသည်။ထို့အတူ ခမည်တော်ကို
ပုန်ကန်ရာ၌ ရန်သူ့ဘက်သို့ကူညီပေးသောအချို့ကို၎င်း
ထီးနန်ခိုင်မြဲစေရန် ဆန့်ကျင်နိုင်မဲ့သူအားလုံးကိုလည်း
ဖခင်မှာကြားသည့်အတိုင်း ကွက်မျက်၍ သတ်စေသည်။
( ၁:၁-၂:၁-၃၆)။
၃.၂ ဉာဏ်ပညာဆုတောင်းခြင်း
ရှောလုမုန်သည် က္ကသရေလတိုင်ပြည်၏ရှင်ဘုရင်
အဖြစ်နန်ဆက်ဆံပြီး မိမိဉာဏ်စွမ်း၊ကိုယ်စွမ်းအားဖြင့်ဆိုရင်
တိုင်ပြည်တစ်ခုလုံကို အုပ်ချုပ်နိုင်ဖို့မဖြစ်နိုင်ကြောင်း သိမြင်
နာလည်းကာ ထိုသူတို့ကို တရားမျှသစွာဖြင့် စီရင်အုပ်ချုပ်
နိုင်ရန် ဉာဏ်ပညာလိုအပ်သည်ကို သဘောပေါက်ခဲ့သည်။
ထိုဉာဏ်ပညာကိုလည်း ထာဝရဘုရားသခင်ကသာလျှင်
ပေးပိုင်သူဖြစ်သည်ကိုယုံကြည်၍ ဂိဗောင်မြို့တောင်ပေါ်မှာ
မီးရှို့ရာယဇ်တစ်ထောင်ကို ထာဝရဘုရားအာပူဇော်သည်။
ရှောလုမုန်၏ ထိုယဇ်ပူဇော်ခြင်းစိတ်နှလုံးကို ဘုရားသခင်
သည်အလွန်ကျေနပ်နှစ်သက်သောကြောင့် အိမ်မက်ထဲမှ
စကားပြော၍ လိုရာဆုကိုတောင်းလျှောက်ဖို့မိန့်ဆိုသော်
ရှေုလုမုန်ကလည်း က္ကသရေလတစ်ပြည်လုံးသဲလုံးနှင့်အမျှ
လူတို့ကို တရားမျှတစွာဖြင့် စီရင်ဦးဆောင်နိုင်ဖို့ရန် ဉာဏ်
ပညာကိုပေးပါဟု တောင်လျှောက်လေသည်။ထိုသို့အားဖြင့်
ဘုရားသခင်သည် ရှောလုမုန်၏ ဆုတောင်ချက်ကိုနှစ်သက်
အားရတော်မူသောကြောင့် တောင်းလျှောက့်သည့်အတိုင်း ဉာဏ်ပညာကိုပေးမည်၊ထိုမျှမက မတောင်းလှောက်သော
စည်းစိမ်ဥစ္စာနှင့် ဂုဏ်အသရေကိုလည်း ထပ်ပေးမည်ဟု
ကတိပြုခဲ့လေသည်။ထို့သို့သောအားဖြင့် ရှောလုမုန်သည်
ဉာဏ်ပညာအားဖြင့် က္ကသရေလပြည် မိန်မနှစ်ယောက်၏
သားပိုင်ရှင် မိခင်အမှန်ဖော်ထုတ်ရန် ပြဿနာကို အမှန်
အတိုင်ဖော်ထုတ်ပေးနိုင်ခြင်းအမှုကို က္ကသရေလတစ်ပြည်
လုံးကြားသိသောအခါ တရားစီရင်ခြင်းငှာ ဘုရားသခင်
ပေးတော်မူသောဉာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို
သိမြင်၍ ဘုရင်ကို ကြောက်ရွံ့ရိုသေကြသည်(၃:၁-၂၈)။
၃.၃ ရှောလုမုန်မင်း၏ လုပ်ဆောင်မှုအကျဉ်း
ရှောလုမုန်မင်းကြီးသည် တိုင်ပြည်၏အုပ်ချုပ်မှုဖွဲ့စည်း
ပုံကို စနှစ်တကျဖြင့်ကောင်မွန်စွာ ပြန်လည်ဖွဲ့စည်သည်။
သူ၏ဉာဏ်ပညာသည် ထိုခေတ်ကာလ၌ ပညာရှိသောသူ
အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာတွေထက်
သာလွန်စွာ ဉာဏ်ပညာနှင့်ပြည့်စုံသည်။သူ၏ပညာစကား
ကို နားထောင်ရန် ရှင်ဘုရင်အမျိုးမျိုးတို့က စေလွှတ်သည်
( ၄:၁-၃၄)။
ထို့နောက် ရှောလုမုန်မင်းကြီးသည် ကျန်ပြန့်သော
နိုင်ငံတော်တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများနှင့်
အမျိုးမျိုးသော အသိ၊အတတ်ပညာရှင်များကိုလည်း စုဆောင်းပြင်ဆင်သည်။ ခမည်တော် ဒါဝိဒ်နှင့် မိတ်ဆွေဖွဲ့
ခဲ့သော ဟိရံ မင်းကြီးလည်းကူညီ၍ အိမ်တော်ကိုတည်
ဆောက်ရာဖို့လိုအပ်သော သစ်သားများ၊ကျောက်များကို
လည်းပြင်ဆင်ကြသည်(၅:၁-၁၈)။
ထို့သို့သောအားဖြင့် မြို့တော် ယေရုရှလင်မြို့၌ ခမ်းနား
ကြီးကျယ်သော ဗိမာန်တော်ကြီးကို ဘုရားသခင်အဖို့တည်
ဆောက်ခဲ့သည်( ၆:၁-၃၈)။ဆက်လက်ပြီး အစိုးရပိုင်းအုပ်
ချုပ်မှုဆိုင်ရာ ဘုရင့်နန်တော်နှင့် အဆောက်အအုံးများကို
လည်းတည်ဆောက်ခဲ့သည်(၇:၁-၁၂)။
ဗိမာန်တော်ဆောက်လုပ်ပြီးသောအခါ ပဋိသေတ္တာကို
ဗိမာန်တော်အတွင်းသို့ပို့ဆောင်ခဲ့သည်။ထိုသို့ ဗိမာန်တော်
ကြီးကိုလည်း ဘုရားသခင်အား ဆက်ကပ်ပူဇော်ခြင်းပြုလေ
သည်( ၇:၁၃-၅၁၊ ၈:၁-၂၁ ၊၂၂-၉:၉)။ထို့နောက်တွင်အခြား
သော တိုင်ပြည်အတွက် ဆောက်လုပ်ရေးစီမံကိန်းများကို
ချမှတ်လုပ်ဆောင်သည်(၉:၁၀-၂၅။
လိမ္မာပါးနပ်စွာဖြင့် ကုန်သွယ်ခြင်း၊ စီးပွားရေဖွံ့ဖြိုးတိုး
တက်ရန်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်းကြောင့် ကိုယ်ပိုင်
ဥစ္စာစည်စိမ်းများ တိုးပွားလာပြီး၊ သူ၏ ဉာဏ်ပညာကြီးခြင်း
သည်လည်း တိုင်းနိုင်ငံအရပ်ရပ်၌ ပြန့်နံကျော်စော်သည်။
တိုင်းတစ်ပါးမှ ရှေဘမိမိဖုရားကိုယ်တိုင် ရှောလုမုန်၏ဉာဏ်
ပညာကို စမ်းသပ်ရန်ရောက်လာသောအခါ သူမကြားခဲ့
သည့်အရာထက် မြင်တွေ့ရခြင်းဖြင့် ရှောလုမုန်၏ဉာဏ်
ပညာကြီးမြတ်ကြောင်း သိမှတ်ခဲ့ရသည်( ၉:၂၆-၁၀:၂၉)။
ရှောလုမုန်သည် နိုင်ငံရေးအရသော်လည်းကောင်း၊
စီးပွားရေးအရသော်၎င်း၊ပတ်ဝန်းကျင်နိုင်ငံများနှင့်လူမှုရေးရာ ငြိမ်းချမ်းဖို့ မိတ်သဟာယဖွဲခြင်း လက်ခံမှုအပေါ်တွင်
တိုင်းတစ်ပါး ဘုရင်များ၏ သမီးတော်များလက်ခံ ထိပ်မြား
ခဲ့သည်။နိုင်ငံရေးနှင့် လူမျိုးရေးအရ တိုင်းတစ်ပါးမိဖုရားများ
အတွက်လည်း မြင့်သောအရပ်၌ သူတို့ကိုယ်စီ ဘုရားများ
တည်ခွင့်ပေးခဲ့သည်။ထို့သို့အားဖြင့် ဘုရားသခင်သည်
ရှောလုမုန်မင်းကြီးအပေါ် စိတ်နာ၍ ဖခင်ဒါဝိဒ်မျက်နာကို
ထောက်သောအားဖြင့် သူ့လက်ထက်၌ တိုင်းပြည်ကိုဒဏ်
မခတ်သေးဘဲ ရှောလုမုန်သားလက်ထက်၌ နိုင်ငံတော်ကို
နှစ်ခြမ်းခွဲစေမယ်လို့ မိန့်ဆိုချက်ပေးခဲ့သည်။
ယေရောဗောင်သည် ခွန်အားကြီးသောသူဖြစ်ကြောင်း
ရှောလုမုန်သိသောအခါ ယောသပ်အမျိုးကိုအုပ်စိုးရန်ခန့်
ထားခြင်းခံရသူဖြစ်သည်။ ထိုသို့ ထာဝရဘုရားသခင်သည်
က္ကသရေလတိုင်းပြည်ကို ရှောလုမုန်၏သား လက်မှနှစ်ခြမ်း
ခွဲရန်ဖြစ်ကြောင်း ပရောဖက် အဟိယက ယေရောဗောင်ကို
ပြောလေသည်။ရှောလုမုန်သည် ယေရောဗောင်ကို သတ်ဖို့
ကြိုးစားသော် အဲဂုတ္တုပြည်သို့ထွက်ပြေး၍ ရှောလုမုန်သေပြီ
မှ က္ကသရေလပြည်သို့ ယေရောဗောင်ပြန်လာလေသည်။
ရှောလုမုန်သည် က္ကသရေလတစ်နိုင်ငံလုံးကို နှစ်လေးဆယ်
စိုးစံပြီးမှ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြို
ကြလေသည်( ၁၁:၁-၄၁)။ ရှောလုမုန်မင်း သေသောအခါ သူ့၏သားတော် ရောဗောင်က ဘုရင့်နန်ဆက်ဆံလေသည်။
၄။ နိုင်ငံနှစ်ခြမ်းခွဲလာခြင်း အကျဉ်း
ရှောလုမုန်မင်းသေဆုံးပြီးနောက် သူ၏သားတော်
ရောဗောင်သည် ခမည်တော်၏အရာ၌နန်းဆက်ခံသည်။
က္ကသရေလူတို့သည်လာ၍ ဖခင်ထမ်းစေသောဝန်တို့ထက်
ပေါ့သောဝန်ကိုပေးရန်တောင်းလျှောက်လာကြသည်။
ထိုအခါ ရောဗောင်သည် အသက်ကြီးသောသူများထံသို့
မည်ကဲ့သို့တုန်းပြန်ရန် အကြံမေးမြန်သည်။သို့သော်လည်း
သူတို့ပေးသောအကြံကိုမလိုက်ပဲ သူ၏ငယ်ပေါင်းဖော် သူငယ်ချင်းများပေးသောအကြံအတိုင်း ချိန်းချက်ထားသော
သုံးရက်မြောက်သောနေ့၌ ခမည်တော်တင်သောဝန်ထက်
သာ၍ လေးသောဝန်တို့ကို သင်တို့အပေါ် ငါတင်မည်ဟူ၍
ပြောလေသည်။ထိုသို့အားဖြင့် ယုဒခရိုင်ဘက်ရှိသူအားလုံး
ရောဗောင်အပေါ် စိတ်ပျက်ကြသည်။
ထိုစဉ် ယေရောဗောင် သည် အဲဂုတ္တုပြည်မှပြန်လာသည်
ကိုကြားသိကြသောအခါ ခရီးကြို၍ မိမိတို့၏ ဘုရင်အဖြစ် ချီးမြောက်ကြလေသည်။ ထိုမှ က္ကသရေလတိုင်ပြည်နှစ်ခြမ်း
ခွဲသွားရလေသည်။ ရောဗောင်သည် ယုဒပြည်ကိုစစ်ချီသွား
ရန် ပြင်ဆင်ခဲ့သေးသည်။သို့သော်လည်း ဘုရားသခင်၏ ပရောဖက်အားဖြင့် စစ်သွားမချီရန်တာမြတ်၍ စစ်မချီဘဲ
ပြန်နားလေသည်။
ယေရောဗောင်သည် သူ၏လူများ ယဇ်ပူဇော်ဖို့ရန်
က္ကသရေလပြည် ဗိမာန်တော်သို့သွားကြလျှင် သူတို့စိတ်
တွေ ရောဗောင်ဘက်သို့ ပြောင်းသွားကြမည်ကို စိုးရိမ်
သောကြောင့်ယုဒပြည်၌ ရွှေနွားရုပ် နှစ်ကောင် လုပ်သည်။
ဗေသလမြို့၌ ရွှေနွားရုပ်တစ်ကောင်နှင့်ဒန်းမြို့၌ ရွှေနွားရုပ်
တစ်ကောင်ထားပြီး ယဇ်ပူဇော်စေသည်( ၁၂:၁-၃၃)။
၅။ နှစ်နိုင်ငံလုံး ကိုးကွယ်မှုအကျဉ်း
က္ကသရေလပြည် မြောက်ပိုင်းမှ မှားယွင်းသော ကိုးကွယ်
မှုဘာသာရေးကြောင့် မကြာမီအတွင်း ဘုရားသခင်၏ ပြစ်
ဒဏ်ကျရောက်မည့်အကြောင်း ကြေညာချက်ထွက်ပေါ်လာ
သည်( ၁၃:၁-၁၄:၂၀)။ထိုနည်းတူ တောင်ဘက်သို့၌လည်း
ထိုမှားယွင်းသောကိုးကွယ်မှု ပြန့်နံ့လာခဲ့သည်(၁၄:၂၁-၁၅:
၈)။ သို့ဆော် တောင်ဘက်တွင် အာသမင်းပြုလာချိန်တွင်
ပြုပြင်ပြောင်းလဲမှုများရှိခဲ့သည်(၁၅:၉-၂၄)။ထိုချိန်အတွင်း
မြောက်ပိုင်း၌ မင်းဆက်သစ် ဩမရိမင်း မတက်လာခင်ထိ
စစ်မက်ဖြစ်ပွားခြင်းနှင့် လုပ်ကြံသတ်ဖြတ်မှုများကြုံရသည်
(၁၅:၂၅-၁၆:၂၈)။
ဖိနိတ်ပြည်မှ ယေဇဗေလအား ဩမရိမင်း၏သားတော်
ထီးနန်းဆက်ဆံသူ အာဟပ်မင်းက လက်ထပ်ယူခဲ့သော်
ထိုမိဖုရာ ယေဇဗေလအားဖြင့် က္ကသရေလပြည်၌ ဗာလဘု
ရားကိုးကွယ်မှု ပိုမိုပြန့်နံ့လာစေသည်။ထိုအမှုကို ထိန်းသိမ်း
ရန် ဘုရားသခင်က ပရောဖက် ဧလိယအားဖြင့်ဗာလဘုရား
ကိုးကွယ်သောသူတို့အား ပြစ်ဒဏ်ခတ်ခဲ့သည်(၁၆:၂၉-၁၇:
၂၄)။ ကရမေလတောင်ပေါ်တွင် ဗာလဘုရား၏ ပရောဖက်
များအပေါ် ဧလိယအနိုင်ရခဲ့၍ ထိုသူတို့ကို သတ်ဖြတ်လေ
သည်(၁၈:၁-၄၆)။ သို့ရာတွင် အချို့က္ကသရေလလူတို့သည်
ဗာလဘုရားကို မစွန့်ဘဲရှိနေခြင်းကြောင့် ဧလိယပင်
စိတ်ဓာတ် ကျနေခဲ့သည်။သို့သော်လည်း ဘုရားသခင်က
ခွန်အားအသစ်ပေးသည်( ၁၉:၁-၂၁)။ ရှုရိလူတို့၏ တိုက်ခိုက်မှုမှ က္ကသရေလပြည်ကို ဧလိယ၏ အကူအညီဖြင့်
အာဟပ်မင်း ကယ်ဆယ်နိုင်ခဲ့သည်( ၂၀:၁-၄၃)။သို့သော်
အာဟပ်မင်းရဲ့ နာမခံခြင်းကြောင့် ဘုရားသခင်၏ စီရင်မှု
အောက်တွင် ပျက်စီးခြင်းခံရမည်ဖြစ်၍(၂၁:၁-၂၉)၊နောက်
စစ်ပွဲတစ်ခုတွင် သူကျဆုံးလေသည်( ၂၂:၁-၄၀)။ထိုတစ်
ချိန်တည်းအတွင် ဆောင်ပိုင်းယုဒပြည်တွင် ကြီးမားသော
ဘာသာရေးနှင့် နိုင်ငံရေးအပြောင်းအလဲ တိုးတက်ဖွံ့ဖြိုး
မှုကို ယောရှဖတ်မင်းက ဆောင်ရွက်ပြုလုပ်နိုင်ခဲ့လေသည်
( ၂၂:၄၁-၃၅)။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
==========================
၁။ နိဒန်း