0
ကောလောသဲဩဝါဒစာ ခြုံငုံလေ့လာခြင်း Reshare #9Dan Unicode & Zawgyi
ကောလောသဲဩဝါဒစာ ခြုံငုံလေ့လာခြင်း
Reshare #9Dan Unicode & Zawgyi
နိဒါန်း...
ကောလောသဲမြို့သည် ရှုရိပြည်နှင့် ဧဖက်မြို့ကို
ဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တည်ရှိသောမြို့ဖြစ်
သည်။ ကေလောသဲမြို့သည် ရှင်ပေါလု၏ ဒုတိယအကြိမ်
သာသနာပြုခရီးစဉ်တွင် တရားဟောရန် ပိတ်ပင်ခြင်းကို
ခံရသည့် အာရှိပြည်၏ ဒေသတစ်ခုဖြစ်သည်။
ရှင်ပေါလု၏ တတိယသာသနာပြုခရီးအတွင်း
ဧဖက်မြို့တွင်နေထိုင်စဉ် ဧဖက်မြို့မှပြောင်းလဲလာသူများ
အနီးပတ်ဝန်းကျင်းများသို့ ဝမ်းမြောက်ဖွယ်ရာသတင်းကို
ယူဆောင်သွားစဉ် ကောလောသဲအသင်းတော်ကိုစတင်
တည်ထောင်ဖွယ်ရှိသည်{ တ၁၉:၈-၁၀}။
ကေလောသဲမြို့တွင်အသင်းတော်ဖြစ်ပေါ်ရန်
အဓိကတာဝန်ရှိသူမှာ ဧပဖြဖြစ်ပါမည်{ကော ၁:၇}။
ကောလောသဲအသင်းတော်သို့ ရှင်ပေါလု စာရေးနေချိန်
တွင် သူတို့သည် ဖိလိမုန်၏ နေအိမ်၌တွေ့ဆုံခဲ့ကြသည်။
{ ကေ ၄:၉;ဖိလေ ၁-၂,၁၀-၁၂}
က) စာရေးသူ နှင့် လက်ခံသူ
စာရေးသူမှာ ရှင်ပေါလုဖြစ်ကြောင်း ဖော်ပြထားသည်။
စာလက်ခံသူမှာ ကေလောသဲမြို့၌နေသော ယုံကြည်သူ
ညီအစ်ကိုတို့.."ဟု ပေါလုက ပေစာ၌ရေးသားထားသည်။
ကောလောသဲအသင်းတော်သည် ဟေလသလူတို့၏
ပထမအသင်းတော်ဖြစ်ခဲ့ဟန်ရှိသည်။
{ ကော ၁:၂၀က; ၂:၁ ; ၁:၂၀}
ခ) ရေးသာသည့် နေရာ နှင့် ခုနှစ်
ပေါလုသည် ပါလတိနပြည်တွင် မတရားမှုများခံခဲ့
ရကြောင်း ရောမဧကရာဇ်ထံသို့ အယူခံဝင်ပြီးနှောက်
လုကာနှင့် အာရိတ္တာခုတို့လျုက်ပါလာလျှက် ရောမမြို့သို့
ပြန်လာသည်။ အယူခံချက်၏ အဖြေကိုစောင့်နေသည့်
၂နှစ်တာကလ၌ ပေါလုသည် ရောမမြို့တွင် အချုပ်ခံနေ
ရသည်။
ထိုအခချိန်တွင် ကောလောသဲအသင်းတော်ကိုစတင်
တည်ထောင်သူ ဧပဖြသည် ပေါလုထံသို့ အလည်လာ၍
အသင်းတော်အခြေအနေကို တင်ပြခြင်းအားဖြင့် ပေါလု
မှာ ရောမအကျဉ်းထောင်ထဲမှ စာရေးသားပေးပို့ခြင်းဖြစ်
သည်။ ခုနှစ်မှာ အေဒီ ၆၀-၆၂ အတွင်းဖြစ်သည်။
ဂ) ရေးသားရခြင်း၏အခြအနေ၊အကြောင်းအရာ
ကောလောသဲမြို့တွင် မှားယွင်းသောသွန်တင်မှုများ
ခရစ်ယာန်ယုံကြည်ခြင်းနှင့် မိစ္ဆာဒိဌိဒဏ္ဏာရီအယူကိုပေါင်း
စပ်ထားသည့် ရှေးကျသောဘာသာရေးအယူအဆမျိုးဖြစ်
သည်{ Gnosticism}။ယေရှုသည် သာမန်မျသာဖြစ်၍
ကမ္ဘာပေါ်ရှိ မကောင်းမှုများမှ မိမိတို့ ကာကွယ်ပေးနိုင်ရန်
ကောင်းကင်တမန်များအားကိုးကွယ်ခြင်းဖြင့် မစခြင်းခံယူ
ရန်လိုအပ်ကြောင်း..မှားယွင်းစွာသွန်သင်မူ့ရှိသည်။
{ ကော ၂:၈,၁၈}
ဃ) ရည်ရွယ်ချက် နှင့် ဦးတည်ချက်
● ကောလောသဲမြို့ခရစ်ယာန်တို့ကို လမ်းမှားစေအောင်
လှည့်ဖြားနေသော မှားယွင်းသည့် သွန်သင်ချက်များကို
ရှင်ပေလုက ချေပပြီး ခရစ်ယာန်တို့အား ခွန်အားပေးရန်
နှင့် အသက်တာသည် ခရစ်တော်နှင့်စည်းလုံးကာ
အသက်ရှင်ရန် လိုအပ်ကြောင်းကို စစ်မှန်စွာနားလာ်ရန်
လိုအပ်ကြောင်း ခွန်အားပေးရင်း ရေးသားခဲ့ခြင်းဖြစ်သှ်။
● သခင်ခရစ်တော်သည်,,,,,,
အလုံးစုံတို့၏ တန်ခိုးအာဏာအကြီးမြတ်ဆုံးသောသူ။
အလုံးစုံတို့၏ လုံလောက်သော ပမာဏရှိသောသူ။
ပြိုင်ဘက်ကင်း၍လုပ်ဆောင်မှုအားလုံး ပြည့်ဝစုံလင်သော
ပုဂ္ဂိုလ်ဖြစ်သည်။ ကယ်တင်သောအရှင်သခင်ဖြစ်၍ အရာ
အားလုံးဖန်ဆင်းရှင်နှင့် တန်ခိုးတော်အားဖြင့် စင်္ကြာဝဠာ
တစ်ခုလုံးတည်မြဲစေသောသူ။လူတို့၏ လိုအပ်ချက်များ
အရှုပ်အရင်းများအဖြေပေးကာ ထာဝရလည်းလုပ်ပေးသူ။
မှတ်ချက်။ ခရစ်တော်အထဲ၌ရှိသော တန်ခိုးတော်များအား
ယုံကြည်သူများအပေါ် ကိမ်းဝပ်လို့ စီးဆင်းပါစေ။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
နိဒါန်း...
{ ကေ ၄:၉;ဖိလေ ၁-၂,၁၀-၁၂}
{ ကော ၁:၂၀က; ၂:၁ ; ၁:၂၀}
ရသည်။
{ ကော ၂:၈,၁၈}
အသက်ရှင်ရန် လိုအပ်ကြောင်းကို စစ်မှန်စွာနားလ်ာရန်
● သခင်ခရစ်တော်သည်,,,,,,
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...