နာဟုံ ပရောဖက်ကျမ်း- NAHUM
Reshare #9Dan Unicode & Zawgyi
၁။ နိဒန်း
ပရောဖက်နာဟုံအချိန်ကာလတွင်အာရှုရိလူတို့ကသြဇာအာဏာအမြင့်မှားဆ့ုးအချိန်ကို ကျော်လွန်ခဲ့ပြိးနောက်တွင်တန်ခိုးကြီးလာသည့်ဗာဗုလုန်တို့၏အောင်နိုင်ခြင်းအောက်သို့မလွှဲမသွေကျရောက်ရန် ဦးတည်နေချိန်ဖြစ်သည်။ဘုရားသခင်၏ပြောဆိုစေခြင်းအားဖြင့်အာရှုရိလူတို့ပေါ်ထိုက်သင့်သည့်တရားစီရင်ခြင်းကျရောက်မည့်အကြောင်းနာဟုံကြေညှာခဲ့ပြီးမိမိ၏သတင်းစကားကိုအာရှုရိတို့၏မြို့တော်နိနေဝေမြို့ဖျက်ဆီးခံရ မည့်အကြောင်း သရုပ်ဖော်ဖွဲ့နွဲ့ထားသည်။
၂။ ကျမ်း၏နောက်ခံသမိုင်း
လွန်ခဲ့သော ယခင်နှစ်တစ်ရာခန့်က မြောက်ပိုင်းက္ကသရေလနိုင်ငံကို အာရှုရိလူတို့သိမ်းပိုက်ခဲ့ကြပြီး လူတို့ကို ဖမ်းဆီးခေါဆောင်သွားခဲ့ကြသည် ( ၇၂၂ ဘီစီ ။ ၄ရာ ၁ရး၆)။ ထို့နောက် တောင်ပိုင်း ယုဒနိုင်ငံအပေါ
ဖိအားပေးခဲ့ပြန်သည်။ယုဒဘုရင်နောက်တစ်ပါးအုပ်စိုးစဉ်မတွင်းယုဒပြည်နှင့်အာရှုရိပြည်အကြားတိုက်ခိုက်မှုများ ဖြစ်ပေါခဲ့သည် ( ၄ရာ ၁၆း၇-၂၁၊၁၈း၇-၃၇၊၁၉း၁-၃၇။ ၆ရာ ၂၈း၂၀-၂၁၊၃၀း၆၊၃၃း၁၁)။
၆၄၀ ဘီစီတွင် ယုဒပြည်၌ ယောရှိမင်းနန်းတက်လာသောအခါ အာရှုရိတို့အင်အားဆုတ်ယုတ်လာပြီး ယုဒပြည်အတွင်းနိုင်ငံရေးနှင့်ဘာသာရေးပြုပြင်ပြောင်းလဲမှုများကိုယောရှိမင်းကကျယ်ပြန့်စွာလုပ်ဆောင်ခဲ့သည်။ ယောရှိမင်းအုပ်စိုးချိန်ယုဒပြည်တွင်ပရောဖက်ပြုခြင်းနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြန်လည်စတင်လာချိန် တွင် ပရောဖက်များအနက် နာဟုံလည်း တစ်ဦးအပါဝင်ဖြစ်သည်။ အာရှုရိလူတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ထိုနယ်မြေအတွင်းရှိ နိုင်ငံအများ တစ်ချိန်မဟုတ်တစ်ချိန်တွင် ပြန်ခံခဲ့ရမည် (နာ ၃း၁၉ )။ အာရှုရိလူတို့၏ တရားမျှအမှုမရှိခြင်းနှင့်ရက်စက်မှုတို့အပေါကျရောက်မည့်ထိုက်တန်သည့် ဘုရားသခင်၏တရားစီရင်ချက်အ တွက်ကျေနပ်ခဲ့သည်(နာ၂း၁၀၊၁၃၊ ၃း၅-၇၊၁၉)။ ၆၁၂ ဘီစီတွင် ဗာဗုလုန်တပ်တို့၏ အောင်မြင်သိမ်းပိုက်ခြင်းကို နိနေဝေမြို့ခံခဲ့ရသည်။
၃။ ကျမ်း၏အကျဉ်းချုပ်
နာဟုံကျမ်းတွင် ပထမဆုံး ထင်ရှားပြတ်သားစွာ ဖွဲ့နွဲ့မှုဖြင့် ရုပ်ပုံဖော်ပြခြင်းမှာ မိမိအား တိုက်ခိုက်သူတို့ အပေါ ဘုရားသခင်က လက်တုံ့ပြန်ပြစ်ဒဏ်ပေးပြီး ယူံကြည်ကိုးစားသူများအား ကာကွယ်စောင့်ရှောက်မည်ဖြစ် သည် ( နာ ၁း၁-၁၅ )။ ထို့နောက် နိနေဝေမြို့အပေါ်ကျရောက်မည့်တိုက်ခိုက်မှုကိုဖော်ပြခဲ့သည် ( ၂း၁-၉ )။ ထိုမြို့အပြစ်ဒဏ်ခံရခြင်းအကြောင်းရင်းမှာမိမိလက်၌ကျရောက်လာခဲ့သည့်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖျက်ဆီးသောကြောင့်ဖြစ်သည် ( ၂း၁၀-၁၃ )။
၄။ နိဂုံး
အခန်းကြီး၃တွင် နိနေဝေမြို့ဖျက်ဆီးခံရခြင်းအကြောင် ဖွဲ့နွဲ့ဖော်ပြထားသည်။ထိုသို့ဖြစ်ရခြင်းအကြောင်း မှာ ထိုနိုင်ငံက ကြွယ်ဝချမ်းသာမှုနှင့် တံစိုးအာဏာအပေါ် ချုပ်တည်းမှုမရှိသော လောဘကြီးမှုကြောင့်ဖြစ်သည် (၃း၁-၁၉ )။
■သမ္မာကျမ်းစာ၏ အမွေအနှစ်များ
Joseph Thang.
၁။ နိဒန်း
၃။ ကျမ်း၏အကျဉ်းချုပ်
၎။ နိဂုံး
0 comments:
Post a Comment