နေဟမိမှတ်စာ - Nehemiah
Reshare #9Dan Unicode & Zawgyi
+++++++++
၁။ နိဒါန်း
ဗာဗုလုန်ပြည်၌ ချုက်နှောင်ခြင်းခံရပြီးနောက် နေဟမိ
သည် က္ကသရေလပြည်သို့ပြန်ရောက်ကာ ယေရုရှလင်မြို့၏
မြို့ဝန်အဖြစ်၎င်း မြို့ရိုးကိုပြန်လည်တည်ဆောက်ရေးလုပ်
ငန်း ဦးဆောင်သူအဖြစ်နှင့် မှတ်တမ်းပြုစုသူအနေဖြင့် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ( နေ ၁:၁) ။
၂။ ခေတ်အချိန်နှင့်စပ်လျော်သည့် အကြောင်းအရာ
ဗာဗုလုန်ပြည်ကို ပေရသိပြည်က ၅၃၉ ဘီစီတွင်
အောင်နိုင်ခဲ့ပြီး ဂျူးလူမျိုးများစွာကို ပြန်လွတ်ပေးခဲ့ခြင်းဖြစ်
သည်။ရှေးဦးအစပိုင်း၌ ဗိမာန်တော်ပြန်လည်တည်ဆောက်
ရေးကိစ္စကို အဟန့်အတားဖြစ်နေခဲ့သော်လည်း ပြန်လည်
စတင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ထို့နောက်
ပျက်စီးယိုယွင်းလျှက်ရှိနေသော မြို့ရိုးများကိုလည်း ၄၄၅
ဘီစီတွင် နေဟမိဦးဆောင်ပြီး ပြန်လည်တည်ဆောက်ဖြစ်
ခဲ့သည်။ ဗာဗုလုပြည်၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံရာမှ လွှတ်
မြောက်ကြသော ပထမလူစုပြန်ရောက်လာပြီးနှောက် နှစ်
ပေါင်းကိုးဆယ်*၉၀* ကြားပြီးမှဖြစ်သည် ( နေ၂:၁ နှင့်
ဧဇရ ၁:၁-၄ နှိုင်းယှဉ်ခြင်း )။
နေဟမိသည် ဘုရားသခင်ပေးသော ခွန်အားသတ္တိ
ဂုဏ်အဂါၤလက္ခဏာများနှင့် ပြည့်စုံသောသူတစ်ယောက်ဖြစ်
၍ မိမိလူတို့ကိုလည်း လှုံ့ဆော်တိုက်တွန်းနိုင်သူလည်းဖြစ်
သည်။ လူတို့ကို စည်းရုံးနိုင်သူနှင့် ဦးဆောင်နိုင်သူလည်း
ဖြစ်သည်။ထိုသို့ဖြင့် သူသည် ဘုရားတရားကိုင်းရှိုင်းလှသူ၊
ဆုတောင်းခြင်းနှင့် ယုံကြည်ကိုးစားခြင်းအသက်တာရှိပြီး
ဘုရားသခင်ကို ကြောက်ရွံ့စွာ ပညတ်တော်များကိုလည်း
လိုက်လျှောက်သူဖြစ်သည် ( နေ ၁:၄၊ ၂:၄၊၄:၂၀၊ ၅:၁၅၊
၆:၁၁၊ ၇:၂၊ ၁၃:၁၇,၂၅,၃၀) ။ သူ၏လုပ်ဆောင်မှုတို့အပေါ်
ဆန့်ကျင်မှုပြုသူများအား ရဲဝံ့ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်
နိုင်သူဖြစ်ပြီး ( နေ ၄:၁၄,၂၀ ၊ ၆:၈,၁၁ ၊ ၁၃:၈ )၊ အကူညီ
လိုအပ်နေသူများအပေါ်မှာလည်း သနားကြင်နာမှုနှင့် အနှစ်နာခံတတ်သူဖြစ်သည် ( နေ ၅:၁၁,၁၄-၁၈ )။
နေဟမိရေးသားခဲ့သော မှတ်စာအများစုမှာ
ယေရုရှလင်မြို့၌ သူမြို့ဝန်ဖြစ်စဉ် ကိုယ်ပိုင်မှတ်တမ်းပြုစု
ခဲ့ခြင်းများဖြစ်သည်။နေဟမိသည် ယေရုရှလင်မြို့၏ မြို့ဝင်
အဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ရသည်။
ပထမအကြိမ်မှာ တစ်ဆယ့်နှစ်နှစ်ကြာခဲ့ပြီး၊ နှောက်တစ်
ကြိမ်၌ မည်မျှကြာမြင့်ကြောင်း ဖော်ပြခြင်းမရှိပါ( နေ ၅:၁၄၊
၁၃:၆-၇ )။
၃။ နေဟမိမှတ်စာပါ အကျဉ်း
ယေရုရှလင်မြို့မှ ပေရသိပြည်သို့ ဂျိုးလူမျိုးတစ်ချို့၏
သွားရောက်ခဲ့ခြင်းကြောင့် နေဟမိသည် ယေရုရှလင်မြို့ဝန်
ဖြစ်လာခဲ့သည်။ ထိုအချိန်က ပေရသိပြည်နန်းတော်အတွင်း ယုံကြည်စိတ်ချရသည့် ရာထူးနေရာကို နေဟမိရထားခဲ့ပြီး
ဂျိုးလူမျိုးတို့အပေါ် ဆန်ကျင်တိုက်ခိုက်မှု ပြုနေကြသည့်
အမှုကိစ္စကို ကိုင်တွယ်ဖြေရှင်နိုင်ရန် ဘုရားသခင်၏မစခြင်း
ဖြင့် ပေရသိရှင်ဘုရင်အား ဖျောင်ဖျနိုင်ခဲ့သည်။ ဘုရင့်ထံမှ
အကူအညီမတောင်ခံမီ လေးလခန့်မျှ နေဟမိ ဆုတောင်
ပတ္ထနာပြုခဲ့ခြင်းဖြစ်သည်။ထို့သို့အားဖြင့် ဘုရင်၏စိတ်တော်
တွေ့ပြီး ယေရုရှလင်မြို့ရိုးများ ပြန်လည်တည်ဆောက် ပြင်
ဆင်ရန် အခွင့်တော်နှင့်၎င်း လိုအပ်မည့် ပစ္စည်းကိရိယာ၊
ငွေကြေးများလည်း အထောက်အပံ့ ပေးသည် ( ၁:၄၊၂:၁၀။
ထိုအချိန်အတွင်းပင် နေဟမိအား အုပ်ချုပ်သူအဖြစ်ခန့်အပ်
ထားခြင်းဖြစ်နိုင်သည်။
နေဟမိသည် မြို့ရိုးများပျက်ဆီးယိုယွင်းနေသည့် အခြေ
အနေများကို လေ့လာသုံးသပ်ပြီး မိမိအကြံအစည်များကို
မိမိလူတို့အာချပြခဲ့ပြီး သူတို့၏သဘောတူညီထောက်ခံမှုကို
လည်းရရှိသည်။ ထို့နှောက် တည်ဆောက်မှုအတွက် ကိစ္စ
အသေးစိတ်မှ လူများနေရာခွဲခန့် တာဝန်ချမှတ်ပြီး လုပ်ငန်း
စတင်ကြသည် ( ၂:၁၁-၃:၃၂ )။ လုပ်ငန်းရပ်ဆိုင်းရန် ဆန့်
ကျင်မှုအဟန့်အတားပြုသူများရှိလာသောအခါ ဘုရားသခင်
ထံ နေဟမိ ဆုတောင်းအပ်နှံပြီး တစ်ချိန်တည်းမှာ မြို့ကို
ခုခံကာကွယ်ရန် အားအင်ဖြည့်တင်းနိုင်ခဲ့သည် ( ၄:၁-၂၃)။
လက်ရှိအခြေအနေကြောင့် ဆင်းရဲသားများအပေါ်ချမ်းသာ
သူများက အခွင့်အရေအနိုင်ထက်မပြုနိုင်ရန် နေဟမိက
ပြတ်သားစွာ လုပ်ဆောင်ခဲ့သည် ( ၅:၁-၁၉ )။ လုပ်ငန်းကို
မအောင်မြင်ပဲ ရပ်တန့်သွားအောင်ပြင်ပမှ နည်းမျိုးစုံသုံး၍
ကြိုးစားကြသော်လည်း မအောင်မြင်ကြဘဲ နှောက်ဆုံး၌
မြို့ရိုးတည်ဆောက်မှု လုပ်ငန်းကို အောင်မြင်စွာပြီးမြောက်
ခွင့် ဘုရားသခင်ပေးခဲ့သည် ( ၆:၁-၇:၇၃ )။
မြို့ရိုးတည်ဆောက်မှုပြီးပြီ ဆက်ကပ်ခြင်းမပြုခင်မှာ
မောရှေ၏ ပညတ်အစိတ်အပိုင်းတချို့ကို ဧဇရက ဖတ်ရွက်
ပြီး ရှင်းလင်းမှုများပြုခဲ့သည်။ပထမတွင် လူများ၊နောက်တွင်
ခေါင်ဆောင်များအား ဖော်ပြခြင်းပြုသည်။ ထို့နောက် တဲတော်နှင့် ဆိုင်သည့်ပွဲတော်ကို လူအပေါင်းတို့ ပါဝင်ဆင်
နွဲခဲ့ကြသည် ( ၈: ၁-၁၈ )။
လူထုအားလုံး ဘုရားသခင်ထံသို့ အပြစ်ဝန်ချတောင်း
ပန်မှုများ ပြုလုပ်ခဲ့ကြပြီး ဘုရားသခင်၏ ပညတ်တော်များ
ကို နာခံလိုက်နာပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုခြင်းကိုပြု၍
စာချုပ်လည်း ရေးထားလျှက် ၎င်းတို့၏ခေါင်ဆောင်များက
သူတို့ကိုယ်စား တံဆိပ်ခတ်ကြသည် ( ၉:၁-၁၀:၃၉ )။
ဆက်ကပ်ခြင်းအခမ်းအနားမကျင်ပမီ ယေရုရှလင်မြို့၏
လုံခြုံရေးအတွက် မြို့စောင့်လူဦးရေကို တိုးမြင့်စေသည်။
မြို့အတွင်း ကျေးလက်ဒေသမှ လူအမြောက်အများလည်း
လာရောက်နေထိုင်ခဲ့ကြသည်( ၁၁:၁-၁၂:၂၆ ) ။ထို့နောက်
လူတို့အဖို့ မှတ်သားဖွယ်ရာကောင်းသော ဆက်ကပ်ခြင်း
အခမ်းအနားကို ဧဇရနှင့် နေဟမိတို့ ဦးဆောင်ခဲ့ကြသည်
( ၁၂:၂၇-၁၃:၃ )။
၄။ နိဂုံး
နေဟမိသည် နှစ်ပေါင်း တစ်ဆယ့်နှစ်နှစ်ပြည့် လုပ်
အောင်ခဲ့ပြီးနောက် ပေရသိပြည်သို့ အခိုက်အတန့်ပြန်သွား
ခဲ့သည်။ ထိုအချိန်အတွင်း ထက်မြတ်သောခေါင်ဆောင်မရှိ
ခြင်းကြောင့် ယေရုရှလင်မြို့တွင်း၌ ရန်သူတို့၏လွှမ်းမိုးမှုကို
ခံရပြန်သည်။ ထို့နောက် ယေရုရှလင်မြို့သို့ နေဟမိပြန်
လည်ရောက်ရှိလာသောအခါ ရန်သူများအပေါ် ကြောက်ရွံ့
ခြင်းကင်းမဲ့စွာ ရင်ဆိုင်ဖြေရှင်နိုင်ခဲ့သည် ( ၁၃:၄-၉ ) ။
ထိုသို့ဖြင့် ယေရုရှလင်မြို့၏ လူနေမှုနှင့် ဘာသာရေးရာ
ကမောက်ကမဖြစ်မှုများကို သူ၏တိကျပြတ်သားမှုဖြင့်
ပြုပြင်ခဲ့သည် ( ၁၃:၁၀-၃၁ ) ။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
နေဟမိမှတ်စာ - Nehemiah
+++++++++
၁။ နိဒါန်း
ဂုဏ်အဂါင်္လက္ခဏာများနှင့် ပြည့်စုံသောသူတစ်ယောက်ဖြစ်
၁၃:၆-၇ )။
၃။ နေဟမိမှတ်စာပါ အကျဉ်း