ဗာဗုလုန်သမိုင်းအကျဉ်း သမ္မာကျမ်းစာအရ Babylon
Reshare #9Dan Unicode & Zawgyi
------------------------
၁။ နိဒါန်း
တစ်ခေတ်နှင့်တစ်ခေတ် နယ်နိမိတ်ကွာခြားသော်လည်း ဗာဗုလုန်သည် မေသာပေါတာမိ( Mesopotamia) နှင့် တိုက်ဂရစ်(Tigris)မြစ်ဝှမ်းဒေသဖြစ်သည်။ ဤအရပ်သည် သမ္မာကျမ်းစာတွင်ပါရှိသည့် ကမ္ဘာဦးလူသားတို့နေထိုငိသော ဧဒင်ဥယျဉ်တည်ရှိရာ အရပ်ဒေသဖြစ်သည်( ကဘ ၂:၁၀-၁၄)။ရှေးကာလက မြောက်ဘက်ပိုင်းကို များသောအားဖြင့် အက္ကဒ်ဟုခေါ်သည်(ကဘ ၁၀:၁၀)။ တောင်ဘက်ပိုင်းကို ဆူမာ( Sumer) ထို့နောက် ရှိနာ၊နောက်တစ်ဖန် ခါလဒဲဟု ခေါ်တွင်းကြသည်( ကဘ ၁၀:၁၀၊၁၁:၂၊၂၈၊ ယေဇ ၁၂:၁၃၊ ၂၃:၁၅)။ ရှေးက ဗာဗယ်၊ ထို့နောကိ ဗာဗုလုန်ဟုခေါ် တွင်ကြသည်( ကဘ ၁၁:၉၊ ယေ ၅၁:၃၁)။
၂။ ဗာဗယ် - Babel
ဗာဗယ်သည် ရှိနာပြည်တွင် အားကြီးသော မုဆိုးနိမ်ရောဒ တည်ထောင်ခဲ့သည့် အရေးပါသော မြို့သုံးမြို့အနက် တစ်မြို့ဖြစ်သည်။ အခြားနှစ်မြို့မှာ ဧရက်နှင့် အက္ကဒ်မြို့ဖြစ်သည်။ ရှိနာပြည်သည် ဗာဗုလုန် သို့မဟုတ် ဘေဗုလုန် နီးယာ၏ ရှေးဟောင်းနာမည်ဖြစ်သည်။ ဗာဗယ်သည် ဗာဗုလုန်မြို့၏ ရှေးနာမည်ဖြစ်ပြီး နောင်အခါ၌ ဗာဗုလုန်တို့၏ မြို့တော်ဖြစ်လာသည်( ကဘ ၁၀:၈-၁၀)။ ဗာဗယ်မြို့ဝန်းကျင်၌ ရှေးဦးစွာ နေထိုင်ခဲ့သူတို့သည် မိမိတို့၏ ဉာဏ်စွမ်းရည်နှင့် လူစွမ်းအားကို အခြေခံလျှင် တိုးတက်နိုင်ကြောင်း သိရှိလာသည်။ သို့သော် မိမိတို့၏ တိုတက်မှုတွင် ထူးခြားသူများကို အားကိုးဖို့မလိုဟု မောက်မာထောင်လွှားသောစိတ်ဝင်လာသည်။ ထိုသူတို့သည် မိမိတို့ပတ်ဝန်းကျင်ရှိလူများထက် လူမှုရေးနှင့် နည်းပညာပိုင်တွင် သာလွန်သည်ဟု ယူဆကြသည်။ ထို့ကြောင့် သူတို့၏ အောင်မြင်မှု အထိမ်းအမှတ်မြင့်မားသော အဆောက်အအုံတစ်ခုကို မြို့တွင်း၌ တည်ဆောက်ခဲ့သည်။ ထိုအဆောက်အအုံသည် ရဲတိုက်ဖြစ်နိုင်သော်လည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သွားသော ဗိမာန်တစ်ခုပို၍ ဖြစ်နိုင်ပြီး ဆူမာရီးယာန်း( Sumerian) လူတို့၏ ရစ်ဂူရတ်(Siggurats) နှင့်အလားသဏ္ဌာန်တူသည်။ မည်သည့်အရာဖြစ်စေ ဘုရားသခင်ရှေ့တော်၌ ကိုယ်တော်ကို အားကိုးရန်မလိုဟူသော လူတို့၏မာနကို ပြသခြင်းသာဖြစ်သည်။ လူတို့သည် မိမိတို့၏ စုပေါင်းစွမ်းရည်အားဖြင့် ဘုရားသခင်ကို အန်တုခဲ့သောကြောင့် ဘုရားသခင်သည် လူတို့၏ ဘုရားမဲ့စည်းလုံးမှုအပေါ် ပြတ်သားစွာ ချေမှုန်းခြင်းဖြင့် တုန့်ပြန်၍ ထိုအဆောက်အအုံကြီး ဆက်လက်မလုပ်ဆောင်နိုင်ကြရန် ခြားနားသော စကားအသီးသီးကွဲပြားစေတော်မူခဲ့သည်။ ထိုနေ့မှ လောကလူသားတို့၏ ဘာသာစကားအမျိုးမျိုးခြားနားမှု ဖြစ်ထွန်းလာရခြင်း၏ အရင်းမြစ်နေရာဖြစ်သည်။
၃။ ရှေးဦးသမိုင်း
ဗာဗုလုန်၌ အဦးဆုံးနေထိုင်သူများမှာ ( Sumerians)များဖြစ်သည်။ ထိုသူတို့၏ ယဉ်ကျေးမှုသည် ၎င်းတို့နောက်မှ လာရောက်နေထိုင်ကြသော ဗာဗုလုန်တို့၏ ယဉ်ကျေးမှု ကျောရိုးဖြစ်ခဲ့သည်။( Sumerians) လူတို့သည် နောင်အခါထိုဒေသသို့ ဝင်ရောက်လာသော အာမောရိလူ(Amorites) Semites တို့နှင့် ရောနှောသွားကြသည်။ Semites လူတို့သည် နောဧ၏သားတစ်ယောက်ဖြစ်သော ရှေမ(Shem)မှ ဆင်းသက်ကြသည်(ကဘ ၁၀:၁၊၂၁-၃၁)။ ဤလူမျိုးများ၏သွေးနှောမူရလဒ်မှာ Sumerians လူများသည် တဖြည်းဖြည်းနှင့် လူမျိုးတစ်စုအဖြစ်မှ လုံးဝပျောက်ကွယ်သွားသည်။ သို့သော် ၎င်းတို့၏ ယျဉ်ကျေးမှုကား ဗာဗုလုန်သမိုင်းတစ်လျှောက်သာမက မျက်မှောက်ခေတ်တိုင်အောင် ဆက်လက်လွှမ်းမိုးလျက်ရှိသည်။
(၂၀၀၀) ဘီစီခန့်တွင် အာမောရိလူမျိုးသည် ဗာဗုလုန်လူမျိုးစုများထဲတွင် လူမျိုးကြီးတစ်ခုဖြစ်လာခဲ့သည်။ ဥရမြို့( Ur )တွင်
အုပ်စိုးနေသော တန်ခိုးကြီးသည့် Sumerian မင်းဆက်ကို တွန်းလှန်ဖြိုဖျက်ပြီးနောက် မေသာပေါတာမိအောက်ပိုင်း၊ အထက်ပိုင်းနှင့် အနောက်ပိုင်းတစ်လျှောက်လုံးကို အုပ်ချုပ်ခဲ့သည်။ ဥရမြို့သည် ထိုအချိန်က ဗာဗုလုန်၏ မြို့ကြီးဖြစ်ခဲ့သည်။ အာဗြဟံသည် ထိုအချိန်ကာလတွင် ဥရမြို့မှ ခါနာန်ပြည်သို့ ရွှေ့ပြောင်းခဲ့သည်(ကဘ ၁၁:၃၁)။ Sumerian ဗာဗုလုန်များ ရှုံးနိမ့်ပြီးနောက် အာမောရိ ဗာဗုလုန်တို့သည် ဗာဗုလုန်မြို့ကို ဗဟိုပြုလျှက် နိုင်ငံသစ် တည်ဆောက်ခဲ့သည်။ ဤသည်ကား ပထမဗာဗုလုန်မင်းဆက်၏ အစဟု သိရသည်။ ထိုမင်းဆက်၏မင်းများအနက် တန်ခိုးအကြီးဆုံးမင်းမှာ ဟာမူရာဘီဖြစ်ပြီး(၁၈)ရာစု၏ ပထမတစ်ဝက်ခန့်အထိ စိုးစံခဲ့သည်။ ထိုအချိန်ကရှိခဲ့သော ဥပဒေကျမ်းများထက် သာလွန်ကောင်းမွန်သည့် ဥပဒေကျမ်းကို ရေးသားပြုစုခဲ့သောကြောင့် ထင်ပေါ်ကျော်ကြားခဲ့သည်။ ဗာဗုလုန်ပြည်သူပြည်သားများ ယခင်ကသိရှိခဲ့သော တရားစီရင်ခြင်းဆိုင်ရာ စံနှုန်းထက်သာလွန်ပြီး တရားမဝင်ရေး၊ ရာဇဝတ်မှုရေး၊ လူမှုရေး၊ ကူးသန်းရောင်ဝယ်ရေးနှင့် ဆိုင်သည့် တရားစီရင်ခြင်းဆိုင်ရာ ဥပဒေစံနှုန်းဖြစ်သည်။ ဗာဗလုန်သမိုင်းအကြောင်း၏ အစမှအဆုံးတိုင် ဗာဗုလုန်လူမျိုးတို့၏ အဓိကဘုရားမှာ မေရောဒပ်(Merodach)ဖြစ်သည်။(Sumerian) ဘုရားဗာလသည် နောင်အခါ၌ (Marduk) ဟု လူသိများလာသည်။ အခြားဘုရားဖြစ်သော နောဗော(Nebo)သည် Marcuk သားဟု ယူဆခဲ့ကြသည်(ဟေရှာ ၄၆:၁။ ယေ ၅၀:၂၊ ယောရှု ၂၄:၂)။
၄။ ယူဒပြည်နှင့် ပါဝင်ပတ်သက်မှု
ပထမဗာဗုလုန်မင်းဆက် တည်ဆောက်၍ အနှစ်တစ်ထောင်ကြာပြီးနောက် ဗာဗုလုန်တို့သည် ယူဒပြည်တွင်းရေး၌ စတင်ပတ်သက်မှုရှိလာသည်။ ထိုသိုဝင်ရောက်စွက်ဖက်နေသည့်နှစ်ကာလများအတွင်း ဗာဗုလုန်သည် တန်ခိုးအာဏာကျဆင်းနေပြီး ရာစုနှစ်အတော်ကြာ အားနည်းနေခဲ့သည်။ ( ၇၄၀ ) ဘီစီခန့်တွင် ဗာဗုလုန်အတွက် မျော်လင့်ချက်အသစ်ပေါ်လာပြီး၊ တိုင်းပြည်အနေနှင့် တန်ခိုးအာဏာပြန်လည်ကြီးမားလာခဲ့သည်။ ယူဒရှင်ဘုရင် ဟေဇကိ( ၇၁၆ - ၆၈၇ ဘီစီ) မင်းပြုသည့်အချိန်တွင် ဗာဗုလုန်တို့က ယူဒပြည်အား မိမိတို့နှင့် ပူးပေါင်း၍ အာရှုရိတို့ကို တွန်းလှန်ရန်သွေးဆောင်ခဲ့သည်။ ထိုခေတ်က အာရှုရိတို့ တန်ခိုးကြီးထွားချိန်ဖြစ်သည်။ ဘုရားသခင်၏ ပရောဖက် ဟေရှာယသည် ဘုရားမဲ့တိုင်းပြည်နှင့် ပူးပေါင်းမှုကို ဆန့်ကျင်ခဲ့သည်( ၄ရာ ၂၀:၁၂-၁၉)။ ထိုအချိန်က အာရှုရိတို့သည် တန်ခိုးကြီးဆဲဖြစ်သောကြောင့် ဗာဗုလုန်တို့သည် အခြားတိုင်းပြည်၏ အကူအညီမပါဘဲ နှင့် မတွန်းလှန်နိုင်ချေ။ အာရှုရိတပ်များသည် ဗာဗုလုန်မြို့တော်ကို အခိုက်အတန့် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်( ၆ရာ ၃၃:၁၁)။
အာရှုရိတို့၏ အုပ်စိုးမှုကို ဗာဗုလုန်တို့သည် ဆယ်စုနှစ်အတော်များများ ခံခဲ့ရပြီးနောက်၊ အာရှုရိတို့တဖြည်းဖြည်း အင်အားဆုတ်လျော့လာရာ၊ ဗာဗုလုန်တို့ ပြန်လည်ခိုင်မာစပြုလာသည်။ ဗာဗုလုန်အင်ပါယာသစ်ဟု ယခုသိမှတ်သော ဗာဗုလုန်ခေတ်သစ်ကို ( ၆၂၆ ) ဘီစီတွင် ( Nabopolassar )က တည်ထောင်၍ ကျယ်ကျယ်ပြန့်ပြန့်အုပ်စိုးခဲ့သည်။ Nabopolassar သည် အာရှုရိတို့အား တဖြည်းဖြည်းတွန်းလှန်၍ ( ၆၁၂ ) ဘီစီတွင် အပြီးအပိုင် တွန်းလှန်နိုင်ခဲ့သည်။ အာရှုရိတို့၏ အင်ပါယာကြီး ဆုံးခန်းတိုင်သွားခဲ့သည။
၅။ ဗာဗုလုန်တို့၏ တန်ခိုးအာဏာ
ကျယ်ပြန့်လာသော ဗာဗုလုန်တို့၏ အင်အားကို ခံနိုင်ရန်အတွက် အဲဂုတ္တုတို့သည် မြောက်ဘက်သို့ ပြောင်းရွှေ့ခဲ့သည်။ ယုဒ နှင့် ရှုရိတို့ကို ချုပ်ကိုင်ပြီးနောက် ဥဖရက်မြစ်ကမ်း၌ရှိသော ကာခေမိတ်မြို့ကို အခိုင်အမာပြုပြီး ဗာဗုလုန်တို့ နောက်ထပ်ရှေ့မတိုးနိုင်ရန် အားထုတ်ခဲ့သည်။ သို့သော် ( ၆၀၅ ) ဘီစီ ၌ Nabopolassar၏သား နေဗုခဒ်နေဇာမင်း၏ တပ်များသည် ကာခေမိတ်စစ်ပွဲ၌ အဲဂုတ္တုတို့ကို အောင်နိုင်ခဲ့သည်( ၄ရာ ၂၄:၇၊ ယေ ၄၆:၂-၁၂)။ ယုဒပြည်၌ ဗာဗုလုန်၏ အုပ်ချုပ်မှုအောက်သို့ရောက်ရှိပြီး အောင်နိုင်သူတို့ ဗာဗုလုန်သို့အပြန်တွင် တိုက်ခိုက်အောင်မြင်ခဲ့သည့်ပြည်မှ သုံ့ပန်းများကိုခေါ်ဆောင်သွားရာ ယေရုရှလင်မြို့၏ အမျိုးကြီး လူကုံထံအိမ်ထောင်များမှ လူငယ်များပါဝင်၏ ထိုလူငးများအထဲတွင် ဒံယေလဟုခေါ်သော လူငယ်လည်းပါသွားသည်( ဒံ ၁:၁-၆ )။
နောက်သုံးနှစ်ကြာသောအခါ ယုဒဘုရင်သည် ဗာဗုလုန်ကို ပုန်ကန်ခဲ့သည်။ နေဗုခဒ်နေဇာ သည် အခြားစစ်ပွဲများနှင့် မအားမလပ်ဖြစ်နေစဉ်တွင် မိမိတို့အား တုံ့ပြန်နိုင်မည်မဟုတ်ဟု ယုဒဘုရင်က ယူဆသောကြောင့် ပုန်ကန်ခြင်းဖြစ်သည်။ ယုဒဘုရင်က အဲဂုတ္တုတို့သည် မိမိတို့၏ ပုန်ကန်မှုကို ကူညီမည်ဟုယုံကြည်ခဲ့၏ ဘုရားသခင်၏ ပရောဖက်ယေရမိက ထိုမူဝါဒကို ဆန့်ကျင်ခဲ့သည်(ယေရ ၂:၁၈၊၃၆)။ နေဗုခဒ်နေဇာသည် အခြားပုန်ကန်မှုများကို နှိမ်နှင်းပြီးနောက် မိမိတပ်များအား ယေရုရှလင်မြို့ကို ဝန်းရံပိတ်ဆို့စေခဲ့သည်။ ပိတ်ဆို့မှု၏ သုံးလအကြာ ( ၅၉၇ ) ဘီစီတွင် ယေရုရှလင်မြို့ လက်နက်ချခဲ့၏။ ဗာဗုလုန်တပ်များ အိမ်အပြန်တွင် ယူဒပြည်၏ ဥစ္စာဓနတို့ကို သယ်ဆောင်သွားသည့်အပြင် လူတော်လူကောင်းအများအပြားတို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်။ ထိုလူများထဲတွင် ယေဇကျေလအမည်ရှိသူ လူငယ်လည်းပါသွားသည်( ၄ရာ ၂၄:၁-၁၇။ ယေဇ ၁:၁-၂)။
ဗာဗုလုန်တို့က ဇေဒကိအား ယုဒ၏ ဘုရင်သစ်အဖြစ်ခန့်အပ်သော်လည်း၊ များမကြာမီပင် အဲဂုတ္တု၏အကူအညီကို မျှော်မှန်းလျက် ဗာဗုလုန်အား ပုန်ကန်ခဲ့ကြပြန်သည်။ ယေရမိက ထိုပုန်ကန်မှုကို ဆန့်ကျင်မြဲဆန့်ကျင်၍ ဘုရားသခင်၏အလိုတော်အတိုင်း ယုဒသည် ဗာဗုလုန်လက်အောက်ခံဖြစ်ခြင်းကို လက်ခံရန်အကြံပြုခဲ့သည်( ၄ရာ ၂၄:၁၈-၂၀။ ၆ရာ ၃၆:၁၁-၁၄၊ ယေ ၂၁:၁-၁၀၊ ၂၇:၁၂-၂၂၊၃၇:၆-၁၁)။ သို့သော် ဇေဒကိက စိတ်မလျှော့ဘဲ ပုန်ကန်လျက်ရှိသောကြောင့် နေဗုခဒ်နေဇာ၏တပ်များ ပြန်လည် ဝင်ရောက်လာသည်။ ဤအကြိမ်တွင် ဗာဗုလုန်တို့သည် ယေရုရှလင်မြို့ကို လုးက်တိုက်ခိုက်မီးရှို့ပြီး ပုန်ကန်မှုခေါင်းဆောင်များအား သတ်ဖြတ်ကာ မိမိတို့အတွက် အသုံးမဝင်သူများမှအပ အခြားသူအားလုံးကို သုံ့ပန်းအဖြစ် ဗာဗုလုန်သို့ ခေါ်ဆောင်သွားသည်( ၄ရာ ၂၅:၁-၂၁၊ ၆ရာ ၃၆:၁၁-၂၁၊ ယေ ၃၉:၁-၁၀ )။
ဗာဗုလုန်သို့မပြန်မီ နေဗုခဒ်နေဇာသည် ယုဒပြည်၌ကျန်ကြွင်းခဲ့သောသူတို့ကို အုပ်ချုပ်ဖို့ရန် ဂေဒလိအမည်ရှိ ယုဒအရာရှိတစ်ဦးအား မင်းအရာ၌ ခန့်ထားသည်။ ဂေဒလီလုပ်ကြံသတ်ဖြတ်ခြင်းခံရသည့်အခါ ကျန်ကြွင်းခဲ့သော ယုဒလူတို့သည် နေဗုခဒ်နေဇာ၏ ကလဲ့စားစားချေတိုက်ခိုက်မည်ကိုကြောက်၍ အသက်ဘေးမှလွတ်ရန် အဲဂုတ္တုပြည်သို့ ထွက်ပြေးကြသည်( ၄ရာ ၂၅:၂၂-၂၆ ၊ ယေ ၄၀:၁၃-၄၃:၇ )။ ( ၅၈၂ ) ဘီစီတွင် ယုဒပြည်သည် ပြန်လည်တိုက်ခိုက်ခြင်းခံရသည်( ယေ ၅၂:၃၀ )။ လွတ်မြောက်ရန် အဲဂုတ္တုသိူ့ ထွက်ပြေးသူတို့သည် ဗာဗုလုန်၏ရန်မှ အခိုက်အတန့်သာ ရှောင်တိမ်းနိုင်ခဲ့သည်( ယေ ၄၂:၁၅-၁၇၊ ၄၃:၈-၁၃)။
ဗာဗုလုန်၏အရှိန်အဝါသည် အထွတ်အထိပ်သို့ရောနေချိန်ဖြစ်ပြီး နေဗုခဒ်နေဇာသည် ရပ်နီးရပ်ဝေးနိုင်ငံများမှ လာရောက်ဂါဝရပြုခြင်းခံခဲ့ရသည်( ဒံ ၂:၃၇-၃၈၊ ၄:၂၀-၂၂)။ ကျမ်းစာဖော်ပြချက်အရ သူအောင်မြင်သိမ်းပိုက်ခဲ့သော နယ်မြေများမှာ ဖိလိတ္တိပြည်၊ ဇိဒုန်မြို့၊ တုရမြို့၊ မောဘပြည်နှငိ့ အာရပ်ပြည်တိုင်အောင်ဖြစ်သည်( ယေ ၂၇:၃-၆၊ ၄၇:၄-၅၊၄၈:၁-၂၊၄၉:၂၊၁၇၊၂၈-၃၀။ ယေဇ၂၆:၇၊၂၈:၂၊၂၁)။ ထို့နောက် ( ၅၆၈ ) ဘီစီတွင် ပရောဖက် တို့ကြိုတင်ဟောထားသည့်အတိုင်း အဲဂုတ္တုပြည်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်( ယေ ၄၃:၈-၁၃၊ ၄၆:၁၃-၁၉၊၂၅-၂၆၊ ယေဇ ၂၉:၁၇-၂၀၊ ၃၀:၁၀၊၂၄-၂၆၊ ၃၂:၂၊၁၁)။
၆။ နိဂုံး
နေဗုခဒ်နေဇာဘုရင် နန်းတက်စအချိန် အကြီးမားဆုံးဆောင်ရွက်ချက်မှာ ဗာဗုလုန်မြို့ကို အသစ်ပြန်လည်တည်ဆောက်ခဲ့ခင်းဖြစ်သည်။ ဤလုပ်ဆောင်မှုကြီးသည် ထိုအချိန်အခါအတွက် ပြယုဂ်ကြီးတစ်ခုဖြစ်ခဲ့သည်(ဒံယေ ၄:၂၉-၃၀)။သို့သော် ဘုရားသခင်၏ ပရောဖက်များအမြင်မှာ မြို့တောိသည် ဗာဗုလုန်၏ မာနထောင်လွှားမူမှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်ဖြစ်သည်။ ဘုရင်နှင့်မြို့တော်နှစ်ပါးလုံးသည် ပျက်စီးခြင်းအပြစ်ဒဏ်စီရင်ခံရမည်( ဟေရှာ ၁၃:၁-၁၁၊၁၉၊ ၁၄:၄-၂၅၊၄၇:၁-၅။ ယေ ၅၀:၁၃-၁၆၊၅၁:၆၄)။
ဗာဗုလုန်မြို့ကြီး ပျက်စီးသွားသော်လည်း ဘုရားသခင်၏ လူတို့စိတ်အတွင်း၌ လူသည် မိမိမာနကြီးခြင်းနှင့် ဥစ္စာရတတ်ခြင်းကြောင့် ဘုရားကို မောက်မာစွာ အန်တုတတ်ကြောင်း အမှတ်လက္ခဏာအဖြစ် ကျန်ရစ်ခဲ့သည်။ ဓမ္မသစ်ခေတ်ခရစ်ယာန်များသည် အဖက်ဖက်မှ တန်ခိုးကြီးထွား၍ ဘုရားသခင်အား ဆန့်ကျင်သော ရောမအင်ပါယာကြီးကို ဗာဗုလုန်နှင့် နှိုင်းယှဉ်းရှုမြင်ကြသည်(၁ပေ ၅:၁၃။ ဗျာ ၁၇:၁-၁၄၊၁၈)။ ဗျာဒိတ်ကျမ်းအရ ကမ္ဘာအနံှ့မှ လူတို့ပျက်စီးရခြင်းသည် ဘုရားသခင်အားဆန့်ကျင်ခြင်းကြောင့် မာနထောင်လွှား၍ မောက်မာသော ဗာဗုလုန်မြို့ကြီး၏ ပျက်စီးခြင်းနှငိ့တူကြောင်းဖော်ပြခဲ့သည်( ဗျာ ၁၆:၁၉၊၁၈:၁-၂၄)။ တစ်ဖန် ဘုရားသခင်က မိမိနိုင်ငံတော်သည် အလုံးစုံအပေါ်အုပ်စိုး၍ မိမိသည်သာ အခြားခြားသောလူတို့တည်ထောင်မည့် တိုင်းနိုင်ငံများအပေါ် အုပ်ချုပ်သူဖြစ်ကြောင်း ပြသခဲ့သည်( ဗျာ ၁၉:၁-၅၊ ဒံ ၂:၄၄၊ ၄:၁၇ )။
May God Bless You All.
သမ္မားကျမ်းစာ၏ အမွေအနှစ်များ
ဗာဗုလုန္သမိုင္းအက်ဥ္း သမၼာက်မ္းစာအရ Babylon
Reshare #9Dan Unicode & Zawgyi
------------------------
၁။ နိဒါန္း
တစ္ေခတ္ႏွင့္တစ္ေခတ္ နယ္နိမိတ္ကြာျခားေသာ္လည္း ဗာဗုလုန္သည္ ေမသာေပါတာမိ( Mesopotamia) ႏွင့္ တိုက္ဂရစ္(Tigris)ျမစ္ဝွမ္းေဒသျဖစ္သည္။ ဤအရပ္သည္ သမၼာက်မ္းစာတြင္ပါရွိသည့္ ကမ႓ာဦးလူသားတို႔ေနထိုငိေသာ ဧဒင္ဥယ်ဥ္တည္ရွိရာ အရပ္ေဒသျဖစ္သည္( ကဘ ၂:၁၀-၁၄)။ေရွးကာလက ေျမာက္ဘက္ပိုင္းကို မ်ားေသာအားျဖင့္ အကၠဒ္ဟုေခၚသည္(ကဘ ၁၀:၁၀)။ ေတာင္ဘက္ပိုင္းကို ဆူမာ( Sumer) ထို႔ေနာက္ ရွိနာ၊ေနာက္တစ္ဖန္ ခါလဒဲဟု ေခၚတြင္းၾကသည္( ကဘ ၁၀:၁၀၊၁၁:၂၊၂၈၊ ေယဇ ၁၂:၁၃၊ ၂၃:၁၅)။ ေရွးက ဗာဗယ္၊ ထို႔ေနာကိ ဗာဗုလုန္ဟုေခၚ တြင္ၾကသည္( ကဘ ၁၁:၉၊ ေယ ၅၁:၃၁)။
၂။ ဗာဗယ္ - Babel
ဗာဗယ္သည္ ရွိနာျပည္တြင္ အားႀကီးေသာ မုဆိုးနိမ္ေရာဒ တည္ေထာင္ခဲ့သည့္ အေရးပါေသာ ၿမိဳ႕သံုးၿမိဳ႕အနက္ တစ္ၿမိဳ႕ျဖစ္သည္။ အျခားႏွစ္ၿမိဳ႕မွာ ဧရက္ႏွင့္ အကၠဒ္ၿမိဳ႕ျဖစ္သည္။ ရွိနာျပည္သည္ ဗာဗုလုန္ သို႔မဟုတ္ ေဘဗုလုန္ နီးယာ၏ ေရွးေဟာင္းနာမည္ျဖစ္သည္။ ဗာဗယ္သည္ ဗာဗုလုန္ၿမိဳ႕၏ ေရွးနာမည္ျဖစ္ၿပီး ေနာင္အခါ၌ ဗာဗုလုန္တို႔၏ ၿမိဳ႕ေတာ္ျဖစ္လာသည္( ကဘ ၁၀:၈-၁၀)။ ဗာဗယ္ၿမိဳ႕ဝန္းက်င္၌ ေရွးဦးစြာ ေနထိုင္ခဲ့သူတို႔သည္ မိမိတို႔၏ ဥာဏ္စြမ္းရည္ႏွင့္ လူစြမ္းအားကို အေျခခံလၽွင္ တိုးတက္ႏိုင္ေၾကာင္း သိရွိလာသည္။ သို႔ေသာ္ မိမိတို႔၏ တိုတက္မႈတြင္ ထူးျခားသူမ်ားကို အားကိုးဖို႔မလိုဟု ေမာက္မာေထာင္လႊားေသာစိတ္ဝင္လာသည္။ ထိုသူတို႔သည္ မိမိတို႔ပတ္ဝန္းက်င္ရွိလူမ်ားထက္ လူမႈေရးႏွင့္ နည္းပညာပိုင္တြင္ သာလြန္သည္ဟု ယူဆၾကသည္။ ထို႔ေၾကာင့္ သူတို႔၏ ေအာင္ျမင္မႈ အထိမ္းအမွတ္ျမင့္မားေသာ အေဆာက္အအံုတစ္ခုကို ၿမိဳ႕တြင္း၌ တည္ေဆာက္ခဲ့သည္။ ထိုအေဆာက္အအံုသည္ ရဲတိုက္ျဖစ္ႏိုင္ေသာ္လည္း တစ္ဆင့္ၿပီးတစ္ဆင့္ ျမင့္တက္သြားေသာ ဗိမာန္တစ္ခုပို၍ ျဖစ္ႏိုင္ၿပီး ဆူမာရီးယာန္း( Sumerian) လူတို႔၏ ရစ္ဂူရတ္(Siggurats) ႏွင့္အလားသဏၭာန္တူသည္။ မည္သည့္အရာျဖစ္ေစ ဘုရားသခင္ေရွ႕ေတာ္၌ ကိုယ္ေတာ္ကို အားကိုးရန္မလိုဟူေသာ လူတို႔၏မာနကို ျပသျခင္းသာျဖစ္သည္။ လူတို႔သည္ မိမိတို႔၏ စုေပါင္းစြမ္းရည္အားျဖင့္ ဘုရားသခင္ကို အန္တုခဲ့ေသာေၾကာင့္ ဘုရားသခင္သည္ လူတို႔၏ ဘုရားမဲ့စည္းလံုးမႈအေပၚ ျပတ္သားစြာ ေခ်မႈန္းျခင္းျဖင့္ တုန္႔ျပန္၍ ထိုအေဆာက္အအံုႀကီး ဆက္လက္မလုပ္ေဆာင္ႏိုင္ၾကရန္ ျခားနားေသာ စကားအသီးသီးကြဲျပားေစေတာ္မူခဲ့သည္။ ထိုေန႔မွ ေလာကလူသားတို႔၏ ဘာသာစကားအမ်ိဳးမ်ိဳးျခားနားမႈ ျဖစ္ထြန္းလာရျခင္း၏ အရင္းျမစ္ေနရာျဖစ္သည္။
၃။ ေရွးဦးသမိုင္း
ဗာဗုလုန္၌ အဦးဆံုးေနထိုင္သူမ်ားမွာ ( Sumerians)မ်ားျဖစ္သည္။ ထိုသူတို႔၏ ယဥ္ေက်းမႈသည္ ၎တို႔ေနာက္မွ လာေရာက္ေနထိုင္ၾကေသာ ဗာဗုလုန္တို႔၏ ယဥ္ေက်းမႈ ေက်ာရိုးျဖစ္ခဲ့သည္။( Sumerians) လူတို႔သည္ ေနာင္အခါထိုေဒသသို႔ ဝင္ေရာက္လာေသာ အာေမာရိလူ(Amorites) Semites တို႔ႏွင့္ ေရာေႏွာသြားၾကသည္။ Semites လူတို႔သည္ ေနာဧ၏သားတစ္ေယာက္ျဖစ္ေသာ ေရွမ(Shem)မွ ဆင္းသက္ၾကသည္(ကဘ ၁၀:၁၊၂၁-၃၁)။ ဤလူမ်ိဳးမ်ား၏ေသြးေႏွာမူရလဒ္မွာ Sumerians လူမ်ားသည္ တျဖည္းျဖည္းႏွင့္ လူမ်ိဳးတစ္စုအျဖစ္မွ လံုးဝေပ်ာက္ကြယ္သြားသည္။ သို႔ေသာ္ ၎တို႔၏ ယ်ဥ္ေက်းမႈကား ဗာဗုလုန္သမိုင္းတစ္ေလၽွာက္သာမက မ်က္ေမွာက္ေခတ္တိုင္ေအာင္ ဆက္လက္လႊမ္းမိုးလ်က္ရွိသည္။
(၂၀၀၀) ဘီစီခန္႔တြင္ အာေမာရိလူမ်ိဳးသည္ ဗာဗုလုန္လူမ်ိဳးစုမ်ားထဲတြင္ လူမ်ိဳးႀကီးတစ္ခုျဖစ္လာခဲ့သည္။ ဥရၿမိဳ႕( Ur )တြင္
အုပ္စိုးေနေသာ တန္ခိုးႀကီးသည့္ Sumerian မင္းဆက္ကို တြန္းလွန္ၿဖိဳဖ်က္ၿပီးေနာက္ ေမသာေပါတာမိေအာက္ပိုင္း၊ အထက္ပိုင္းႏွင့္ အေနာက္ပိုင္းတစ္ေလၽွာက္လံုးကို အုပ္ခ်ဳပ္ခဲ့သည္။ ဥရၿမိဳ႕သည္ ထိုအခ်ိန္က ဗာဗုလုန္၏ ၿမိဳ႕ႀကီးျဖစ္ခဲ့သည္။ အာျဗဟံသည္ ထိုအခ်ိန္ကာလတြင္ ဥရၿမိဳ႕မွ ခါနာန္ျပည္သို႔ ေရႊ႕ေျပာင္းခဲ့သည္(ကဘ ၁၁:၃၁)။ Sumerian ဗာဗုလုန္မ်ား ရွံုးနိမ့္ၿပီးေနာက္ အာေမာရိ ဗာဗုလုန္တို႔သည္ ဗာဗုလုန္ၿမိဳ႕ကို ဗဟိုျပဳလၽွက္ ႏိုင္ငံသစ္ တည္ေဆာက္ခဲ့သည္။ ဤသည္ကား ပထမဗာဗုလုန္မင္းဆက္၏ အစဟု သိရသည္။ ထိုမင္းဆက္၏မင္းမ်ားအနက္ တန္ခိုးအႀကီးဆံုးမင္းမွာ ဟာမူရာဘီျဖစ္ၿပီး(၁၈)ရာစု၏ ပထမတစ္ဝက္ခန္႔အထိ စိုးစံခဲ့သည္။ ထိုအခ်ိန္ကရွိခဲ့ေသာ ဥပေဒက်မ္းမ်ားထက္ သာလြန္ေကာင္းမြန္သည့္ ဥပေဒက်မ္းကို ေရးသားျပဳစုခဲ့ေသာေၾကာင့္ ထင္ေပၚေက်ာ္ၾကားခဲ့သည္။ ဗာဗုလုန္ျပည္သူျပည္သားမ်ား ယခင္ကသိရွိခဲ့ေသာ တရားစီရင္ျခင္းဆိုင္ရာ စံႏႈန္းထက္သာလြန္ၿပီး တရားမဝင္ေရး၊ ရာဇဝတ္မႈေရး၊ လူမႈေရး၊ ကူးသန္းေရာင္ဝယ္ေရးႏွင့္ ဆိုင္သည့္ တရားစီရင္ျခင္းဆိုင္ရာ ဥပေဒစံႏႈန္းျဖစ္သည္။ ဗာဗလုန္သမိုင္းအေၾကာင္း၏ အစမွအဆံုးတိုင္ ဗာဗုလုန္လူမ်ိဳးတို႔၏ အဓိကဘုရားမွာ ေမေရာဒပ္(Merodach)ျဖစ္သည္။(Sumerian) ဘုရားဗာလသည္ ေနာင္အခါ၌ (Marduk) ဟု လူသိမ်ားလာသည္။ အျခားဘုရားျဖစ္ေသာ ေနာေဗာ(Nebo)သည္ Marcuk သားဟု ယူဆခဲ့ၾကသည္(ေဟရွာ ၄၆:၁။ ေယ ၅၀:၂၊ ေယာရႈ ၂၄:၂)။
၄။ ယူဒျပည္ႏွင့္ ပါဝင္ပတ္သက္မႈ
ပထမဗာဗုလုန္မင္းဆက္ တည္ေဆာက္၍ အႏွစ္တစ္ေထာင္ၾကာၿပီးေနာက္ ဗာဗုလုန္တို႔သည္ ယူဒျပည္တြင္းေရး၌ စတင္ပတ္သက္မႈရွိလာသည္။ ထိုသိုဝင္ေရာက္စြက္ဖက္ေနသည့္ႏွစ္ကာလမ်ားအတြင္း ဗာဗုလုန္သည္ တန္ခိုးအာဏာက်ဆင္းေနၿပီး ရာစုႏွစ္အေတာ္ၾကာ အားနည္းေနခဲ့သည္။ ( ၇၄၀ ) ဘီစီခန္႔တြင္ ဗာဗုလုန္အတြက္ ေမ်ာ္လင့္ခ်က္အသစ္ေပၚလာၿပီး၊ တိုင္းျပည္အေနႏွင့္ တန္ခိုးအာဏာျပန္လည္ႀကီးမားလာခဲ့သည္။ ယူဒရွင္ဘုရင္ ေဟဇကိ( ၇၁၆ - ၆၈၇ ဘီစီ) မင္းျပဳသည့္အခ်ိန္တြင္ ဗာဗုလုန္တို႔က ယူဒျပည္အား မိမိတို႔ႏွင့္ ပူးေပါင္း၍ အာရႈရိတို႔ကို တြန္းလွန္ရန္ေသြးေဆာင္ခဲ့သည္။ ထိုေခတ္က အာရႈရိတို႔ တန္ခိုးႀကီးထြားခ်ိန္ျဖစ္သည္။ ဘုရားသခင္၏ ပေရာဖက္ ေဟရွာယသည္ ဘုရားမဲ့တိုင္းျပည္ႏွင့္ ပူးေပါင္းမႈကို ဆန္႔က်င္ခဲ့သည္( ၄ရာ ၂၀:၁၂-၁၉)။ ထိုအခ်ိန္က အာရႈရိတို႔သည္ တန္ခိုးႀကီးဆဲျဖစ္ေသာေၾကာင့္ ဗာဗုလုန္တို႔သည္ အျခားတိုင္းျပည္၏ အကူအညီမပါဘဲ ႏွင့္ မတြန္းလွန္ႏိုင္ေခ်။ အာရႈရိတပ္မ်ားသည္ ဗာဗုလုန္ၿမိဳ႕ေတာ္ကို အခိုက္အတန္႔ ဝင္ေရာက္သိမ္းပိုက္ႏိုင္ခဲ့သည္( ၆ရာ ၃၃:၁၁)။
အာရႈရိတို႔၏ အုပ္စိုးမႈကို ဗာဗုလုန္တို႔သည္ ဆယ္စုႏွစ္အေတာ္မ်ားမ်ား ခံခဲ့ရၿပီးေနာက္၊ အာရႈရိတို႔တျဖည္းျဖည္း အင္အားဆုတ္ေလ်ာ့လာရာ၊ ဗာဗုလုန္တို႔ ျပန္လည္ခိုင္မာစျပဳလာသည္။ ဗာဗုလုန္အင္ပါယာသစ္ဟု ယခုသိမွတ္ေသာ ဗာဗုလုန္ေခတ္သစ္ကို ( ၆၂၆ ) ဘီစီတြင္ ( Nabopolassar )က တည္ေထာင္၍ က်ယ္က်ယ္ျပန္႔ျပန္႔အုပ္စိုးခဲ့သည္။ Nabopolassar သည္ အာရႈရိတို႔အား တျဖည္းျဖည္းတြန္းလွန္၍ ( ၆၁၂ ) ဘီစီတြင္ အၿပီးအပိုင္ တြန္းလွန္ႏိုင္ခဲ့သည္။ အာရႈရိတို႔၏ အင္ပါယာႀကီး ဆံုးခန္းတိုင္သြားခဲ့သည။
၅။ ဗာဗုလုန္တို႔၏ တန္ခိုးအာဏာ
က်ယ္ျပန္႔လာေသာ ဗာဗုလုန္တို႔၏ အင္အားကို ခံႏိုင္ရန္အတြက္ အဲဂုတၱဳတို႔သည္ ေျမာက္ဘက္သို႔ ေျပာင္းေရႊ႕ခဲ့သည္။ ယုဒ ႏွင့္ ရႈရိတို႔ကို ခ်ဳပ္ကိုင္ၿပီးေနာက္ ဥဖရက္ျမစ္ကမ္း၌ရွိေသာ ကာေခမိတ္ၿမိဳ႕ကို အခိုင္အမာျပဳၿပီး ဗာဗုလုန္တို႔ ေနာက္ထပ္ေရွ႕မတိုးႏိုင္ရန္ အားထုတ္ခဲ့သည္။ သို႔ေသာ္ ( ၆၀၅ ) ဘီစီ ၌ Nabopolassar၏သား ေနဗုခဒ္ေနဇာမင္း၏ တပ္မ်ားသည္ ကာေခမိတ္စစ္ပြဲ၌ အဲဂုတၱဳတို႔ကို ေအာင္ႏိုင္ခဲ့သည္( ၄ရာ ၂၄:၇၊ ေယ ၄၆:၂-၁၂)။ ယုဒျပည္၌ ဗာဗုလုန္၏ အုပ္ခ်ဳပ္မႈေအာက္သို႔ေရာက္ရွိၿပီး ေအာင္ႏိုင္သူတို႔ ဗာဗုလုန္သို႔အျပန္တြင္ တိုက္ခိုက္ေအာင္ျမင္ခဲ့သည့္ျပည္မွ သံု႔ပန္းမ်ားကိုေခၚေဆာင္သြားရာ ေယရုရွလင္ၿမိဳ႕၏ အမ်ိဳးႀကီး လူကံုထံအိမ္ေထာင္မ်ားမွ လူငယ္မ်ားပါဝင္၏ ထိုလူငးမ်ားအထဲတြင္ ဒံေယလဟုေခၚေသာ လူငယ္လည္းပါသြားသည္( ဒံ ၁:၁-၆ )။
ေနာက္သံုးႏွစ္ၾကာေသာအခါ ယုဒဘုရင္သည္ ဗာဗုလုန္ကို ပုန္ကန္ခဲ့သည္။ ေနဗုခဒ္ေနဇာ သည္ အျခားစစ္ပြဲမ်ားႏွင့္ မအားမလပ္ျဖစ္ေနစဥ္တြင္ မိမိတို႔အား တံု႔ျပန္ႏိုင္မည္မဟုတ္ဟု ယုဒဘုရင္က ယူဆေသာေၾကာင့္ ပုန္ကန္ျခင္းျဖစ္သည္။ ယုဒဘုရင္က အဲဂုတၱဳတို႔သည္ မိမိတို႔၏ ပုန္ကန္မႈကို ကူညီမည္ဟုယံုၾကည္ခဲ့၏ ဘုရားသခင္၏ ပေရာဖက္ေယရမိက ထိုမူဝါဒကို ဆန္႔က်င္ခဲ့သည္(ေယရ ၂:၁၈၊၃၆)။ ေနဗုခဒ္ေနဇာသည္ အျခားပုန္ကန္မႈမ်ားကို ႏွိမ္ႏွင္းၿပီးေနာက္ မိမိတပ္မ်ားအား ေယရုရွလင္ၿမိဳ႕ကို ဝန္းရံပိတ္ဆို႔ေစခဲ့သည္။ ပိတ္ဆို႔မႈ၏ သံုးလအၾကာ ( ၅၉၇ ) ဘီစီတြင္ ေယရုရွလင္ၿမိဳ႕ လက္နက္ခ်ခဲ့၏။ ဗာဗုလုန္တပ္မ်ား အိမ္အျပန္တြင္ ယူဒျပည္၏ ဥစၥာဓနတို႔ကို သယ္ေဆာင္သြားသည့္အျပင္ လူေတာ္လူေကာင္းအမ်ားအျပားတို႔ကိုလည္း ဖမ္းဆီးသြားခဲ့သည္။ ထိုလူမ်ားထဲတြင္ ေယဇေက်လအမည္ရွိသူ လူငယ္လည္းပါသြားသည္( ၄ရာ ၂၄:၁-၁၇။ ေယဇ ၁:၁-၂)။
ဗာဗုလုန္တို႔က ေဇဒကိအား ယုဒ၏ ဘုရင္သစ္အျဖစ္ခန္႔အပ္ေသာ္လည္း၊ မ်ားမၾကာမီပင္ အဲဂုတၱဳ၏အကူအညီကို ေမၽွာ္မွန္းလ်က္ ဗာဗုလုန္အား ပုန္ကန္ခဲ့ၾကျပန္သည္။ ေယရမိက ထိုပုန္ကန္မႈကို ဆန္႔က်င္ျမဲဆန္႔က်င္၍ ဘုရားသခင္၏အလိုေတာ္အတိုင္း ယုဒသည္ ဗာဗုလုန္လက္ေအာက္ခံျဖစ္ျခင္းကို လက္ခံရန္အၾကံျပဳခဲ့သည္( ၄ရာ ၂၄:၁၈-၂၀။ ၆ရာ ၃၆:၁၁-၁၄၊ ေယ ၂၁:၁-၁၀၊ ၂၇:၁၂-၂၂၊၃၇:၆-၁၁)။ သို႔ေသာ္ ေဇဒကိက စိတ္မေလၽွာ့ဘဲ ပုန္ကန္လ်က္ရွိေသာေၾကာင့္ ေနဗုခဒ္ေနဇာ၏တပ္မ်ား ျပန္လည္ ဝင္ေရာက္လာသည္။ ဤအႀကိမ္တြင္ ဗာဗုလုန္တို႔သည္ ေယရုရွလင္ၿမိဳ႕ကို လုးက္တိုက္ခိုက္မီးရွို႔ၿပီး ပုန္ကန္မႈေခါင္းေဆာင္မ်ားအား သတ္ျဖတ္ကာ မိမိတို႔အတြက္ အသံုးမဝင္သူမ်ားမွအပ အျခားသူအားလံုးကို သံု႔ပန္းအျဖစ္ ဗာဗုလုန္သို႔ ေခၚေဆာင္သြားသည္( ၄ရာ ၂၅:၁-၂၁၊ ၆ရာ ၃၆:၁၁-၂၁၊ ေယ ၃၉:၁-၁၀ )။
ဗာဗုလုန္သို႔မျပန္မီ ေနဗုခဒ္ေနဇာသည္ ယုဒျပည္၌က်န္ႂကြင္းခဲ့ေသာသူတို႔ကို အုပ္ခ်ဳပ္ဖို႔ရန္ ေဂဒလိအမည္ရွိ ယုဒအရာရွိတစ္ဦးအား မင္းအရာ၌ ခန္႔ထားသည္။ ေဂဒလီလုပ္ၾကံသတ္ျဖတ္ျခင္းခံရသည့္အခါ က်န္ႂကြင္းခဲ့ေသာ ယုဒလူတို႔သည္ ေနဗုခဒ္ေနဇာ၏ ကလဲ့စားစားေခ်တိုက္ခိုက္မည္ကိုေၾကာက္၍ အသက္ေဘးမွလြတ္ရန္ အဲဂုတၱဳျပည္သို႔ ထြက္ေျပးၾကသည္( ၄ရာ ၂၅:၂၂-၂၆ ၊ ေယ ၄၀:၁၃-၄၃:၇ )။ ( ၅၈၂ ) ဘီစီတြင္ ယုဒျပည္သည္ ျပန္လည္တိုက္ခိုက္ျခင္းခံရသည္( ေယ ၅၂:၃၀ )။ လြတ္ေျမာက္ရန္ အဲဂုတၱဳသိူ႔ ထြက္ေျပးသူတို႔သည္ ဗာဗုလုန္၏ရန္မွ အခိုက္အတန္႔သာ ေရွာင္တိမ္းႏိုင္ခဲ့သည္( ေယ ၄၂:၁၅-၁၇၊ ၄၃:၈-၁၃)။
ဗာဗုလုန္၏အရွိန္အဝါသည္ အထြတ္အထိပ္သို႔ေရာေနခ်ိန္ျဖစ္ၿပီး ေနဗုခဒ္ေနဇာသည္ ရပ္နီးရပ္ေဝးႏိုင္ငံမ်ားမွ လာေရာက္ဂါဝရျပဳျခင္းခံခဲ့ရသည္( ဒံ ၂:၃၇-၃၈၊ ၄:၂၀-၂၂)။ က်မ္းစာေဖာ္ျပခ်က္အရ သူေအာင္ျမင္သိမ္းပိုက္ခဲ့ေသာ နယ္ေျမမ်ားမွာ ဖိလိတၱိျပည္၊ ဇိဒုန္ၿမိဳ႕၊ တုရၿမိဳ႕၊ ေမာဘျပည္ႏွငိ့ အာရပ္ျပည္တိုင္ေအာင္ျဖစ္သည္( ေယ ၂၇:၃-၆၊ ၄၇:၄-၅၊၄၈:၁-၂၊၄၉:၂၊၁၇၊၂၈-၃၀။ ေယဇ၂၆:၇၊၂၈:၂၊၂၁)။ ထို႔ေနာက္ ( ၅၆၈ ) ဘီစီတြင္ ပေရာဖက္ တို႔ႀကိဳတင္ေဟာထားသည့္အတိုင္း အဲဂုတၱဳျပည္ကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့သည္( ေယ ၄၃:၈-၁၃၊ ၄၆:၁၃-၁၉၊၂၅-၂၆၊ ေယဇ ၂၉:၁၇-၂၀၊ ၃၀:၁၀၊၂၄-၂၆၊ ၃၂:၂၊၁၁)။
၆။ နိဂံုး
ေနဗုခဒ္ေနဇာဘုရင္ နန္းတက္စအခ်ိန္ အႀကီးမားဆံုးေဆာင္ရြက္ခ်က္မွာ ဗာဗုလုန္ၿမိဳ႕ကို အသစ္ျပန္လည္တည္ေဆာက္ခဲ့ခင္းျဖစ္သည္။ ဤလုပ္ေဆာင္မႈႀကီးသည္ ထိုအခ်ိန္အခါအတြက္ ျပယုဂ္ႀကီးတစ္ခုျဖစ္ခဲ့သည္(ဒံေယ ၄:၂၉-၃၀)။သို႔ေသာ္ ဘုရားသခင္၏ ပေရာဖက္မ်ားအျမင္မွာ ၿမိဳ႕ေတာိသည္ ဗာဗုလုန္၏ မာနေထာင္လႊားမူမွာ ဘုရင္မင္းျမတ္ကိုယ္ေတာ္တိုင္ျဖစ္သည္။ ဘုရင္ႏွင့္ၿမိဳ႕ေတာ္ႏွစ္ပါးလံုးသည္ ပ်က္စီးျခင္းအျပစ္ဒဏ္စီရင္ခံရမည္( ေဟရွာ ၁၃:၁-၁၁၊၁၉၊ ၁၄:၄-၂၅၊၄၇:၁-၅။ ေယ ၅၀:၁၃-၁၆၊၅၁:၆၄)။
ဗာဗုလုန္ၿမိဳ႕ႀကီး ပ်က္စီးသြားေသာ္လည္း ဘုရားသခင္၏ လူတို႔စိတ္အတြင္း၌ လူသည္ မိမိမာနႀကီးျခင္းႏွင့္ ဥစၥာရတတ္ျခင္းေၾကာင့္ ဘုရားကို ေမာက္မာစြာ အန္တုတတ္ေၾကာင္း အမွတ္လကၡဏာအျဖစ္ က်န္ရစ္ခဲ့သည္။ ဓမၼသစ္ေခတ္ခရစ္ယာန္မ်ားသည္ အဖက္ဖက္မွ တန္ခိုးႀကီးထြား၍ ဘုရားသခင္အား ဆန္႔က်င္ေသာ ေရာမအင္ပါယာႀကီးကို ဗာဗုလုန္ႏွင့္ ႏွိုင္းယွဥ္းရႈျမင္ၾကသည္(၁ေပ ၅:၁၃။ ဗ်ာ ၁၇:၁-၁၄၊၁၈)။ ဗ်ာဒိတ္က်မ္းအရ ကမ႓ာအႏံွ႔မွ လူတို႔ပ်က္စီးရျခင္းသည္ ဘုရားသခင္အားဆန္႔က်င္ျခင္းေၾကာင့္ မာနေထာင္လႊား၍ ေမာက္မာေသာ ဗာဗုလုန္ၿမိဳ႕ႀကီး၏ ပ်က္စီးျခင္းႏွငိ့တူေၾကာင္းေဖာ္ျပခဲ့သည္( ဗ်ာ ၁၆:၁၉၊၁၈:၁-၂၄)။ တစ္ဖန္ ဘုရားသခင္က မိမိႏိုင္ငံေတာ္သည္ အလံုးစံုအေပၚအုပ္စိုး၍ မိမိသည္သာ အျခားျခားေသာလူတို႔တည္ေထာင္မည့္ တိုင္းႏိုင္ငံမ်ားအေပၚ အုပ္ခ်ဳပ္သူျဖစ္ေၾကာင္း ျပသခဲ့သည္( ဗ်ာ ၁၉:၁-၅၊ ဒံ ၂:၄၄၊ ၄:၁၇ )။
May God Bless You All.
သမၼားက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:
Post a Comment