အသွေးရဲ့ တန်ဖိုး
Reshare #9Dan Unicode & Zawgyi
❤❤❤❤❤
၁။ အသွေးရဲ့ တန်ဖိုး ပထမပိုင်း
ဘုရားသခင်သည် သက်ရှိ/သက်မဲ့အရာ အားလုံးတို့ကို
ဖန်ဆင်းသော အရှင်ဖြစ်တယ်။
သက်ရှိသတ္တဝါတွေထဲမှာ တရိစ္ဆာန် တွေနှင့် လူသားတို့ရဲ့
အသက်ဟာ အသွေး၌တည်ရှိနေစေပြီး၊အသွေးကို အလေး
နက်ထားခဲ့တယ်။
သက်ရှိသတ္တဝါတွေမှာ တရိစ္ဆာန်တွေနှင့် သက်ရှိလူသားတွေ
နှစ်မျိုးရှိပြီး သက်ရှိချင်တူပေမဲ့ လူသားတွေဟာ သာ၍မွန်မြတ်၊
ဘုန်းကြီးပါတယ်။
ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရပြီး၊
ထာဝရအသက်ရင်သန်နိုင်မဲ့ ဇီဝအသက်ကို မှုတ်သွင်းခြင်းဖြင့်
အသက်ရှင် သတ္တဝါဖြစ်လာသောကြောင့် ဖြစ်သည်။
လူသားတွေနှင့် ဘုရားသခင်စပ်ကြား သင့်မြတ်စေရာဖို့
လူသားတွေအတွက် သက်ရှိတရိစ္ဆာန်တွေရဲ့ အသွေးကို
ကိုယ်စားအသုံး ပြုစေတယ်။
ထို့ကြောင့် တရိစ္ဆာန်တွေရဲ့အသွေးကို လူသားတွေက
မစားကြဖို့ ဘုရားသခင်က ပညတ်ထားခဲ့တယ်။....
ကမ္ဘာဦးကျမ်း ၄:၁၀/ ကမ္ဘာဦးကျမ်း ၉:၄/ကမ္ဘာဦး ၉:၅
ထွက်မြောက်ရာကျမ်း ၁၂:၁၃
၂။ အသွေးရဲ့ တန်ဖိုး ဒုတိယပိုင်း
ဓမ္မဟောင်း ယဇ်ပူဇော်ခြင်း ၅ မျိုး မှာ
ယဇ်ပူဇော်ဖို့ရန် ဘုရားသခင်တောင်းဆိုရခြင်းအဓိကမှာ
လူသားတွေနှင့် ဘုရားသခင်ရဲ့ စပ်ကြား ဆက်ဆံမှုအတွက်
အဓိကရည်စူးခြင်းဖြစ်သည်။
...လူသားတွေအနေဖြင့် မသိ၍ဖြစ်စေ၊သိလျှက်ဖြစ်စေ
ပြုမှားမိသော အပြစ်တွေအတွက် ဘုရားသခင်ထံတော်မှ
ခွင့်လွှတ်ခြင်းပြန်ရရန် ယဇ်ပူဇော်ရခြင်း...
.... လူသားတွေအနေဖြင့် ဘုရားသခင်ပေးတော်မူသော
ကောင်းကြီး မင်္ဂလာအဖြာဖြားကြောင့် ကျေးဇူးတင်ကြောင်း
အလိုအလျှောက် ဘုရားသခင်အား ပြသခြင်း၌လည်း၎င်း
ယဇ်ပူဇော်ခြင်းကို ပြုလုပ်စေသည်။
....အခါမလည်သော တရိစ္ဆာန်ထဲမှ အသွေးကိုသာလျှင်
အသုံးပြုရ၍ အပြစ်အနာစာလည်း မရှိသော အကောင်ဖြစ်
စေတယ်။
၁။ မီးရှို့ရာယဇ်
ဝတ်ပြုရာကျမ်း ၁ ၃-၁၇၊ ၆:၈-၁၃ / ယော ၁:၅ /က ၈:၂၀
၂။ ဘောဇဉ်ပူဇော်သက္ကာ
ဝတ်ပြုရာကျမ်း ၂: ၂-၁၄ / ကဘ ၄:၄
၃။ မိတ်သဟာယယဇ်
ဝတ်ပြုရာကျမ်း ၃:၁-၁၂
၄။ အပြစဖြေရာယဇ်
ဝတ်ပြုရာကျမ်း ၄:၂-၃၊ ၄:၁၃-၁၄၊၄:၂၂-၂၃၊၄:၂၅-၂၆၊
၅:၁-၅
၅။ ဒုစရိုက်ဖြေရာယဇ်
ဝတ်ပြုရာကျမ်း ၅: ၁၅-၁၉
၃။ အသွေး၏ တန်ဖိုး အပိုင်းသုံး
က) သိုးသူငယ်အဖြစ်
ယဇ်ကောင်၏အသွေးကိုသွန်း၍ အပြစ်ရှိသောလူသား
တွက်ကိုယ်စားအပြစ်ဖြေရာတွင် ထာဝရတွက်မလုံလောက်
နိုင်သောကြောင့် အပြစ်မဲ့ အနာစာကင်းစင်သောခရစ်တော်
ကိုယ်တိုင်လူ့ဇာတိ အသွေးအသားခံယူကာ ကြွဆင်းလာရ
ခြင်းဖြစ်သည်။ ဟေဗြဲ ၉:၂၂ ; ၁၀:၄
မည်သည့်ယဇ်ကောင်းမျှ မတတ်နိုင်သည့်အမှုကို
ဘုရားသခင်၏ သိုးသူငယ်ဖြစ်တော်မူသော ယေရှုခရစ်က
ပြုလုပ်ခဲ့သည်။အပြစ်သားများအတွက် ကြီးမြတ်တော်မူတဲ့
ချစ်ခြင်းဖြင့် အသက်ပေးလှူခဲ့ပြီး အပြစ်များကိုဖယ်ရှာသည်
{ ယော၁:၂၉ ; တ ၈:၃၂ ; ၁ပေ ၁:၁၈ -၁၉ }
ဗျာဒိတ်ကျမ်းရူပါရုံအရ သိုးသူငယ်မှာ ယေရှုခရစ်ကို
ပုံဆောင်သည်။လူတို့အပြစ်တွက် အသေခံတော်မူခဲ့ပြီး
နှောက် သုံးရက်မြောင်သောနေ့၌ သေခြင်းကိုအောင်မြင်စွာ
ရှင်ပြန်တော်မူခဲ့၍ ထာဝရအသက်နှင့် ကယ်တင်ခြင်းရဲ့
အရှင်ဖြစ်တော်မူသည်။ ဗျာ ၅:၆,၉-၁၂; ၇:၁၄ ;၁၂:၁၁
စာတန်အပေါ်အေင်မြင်သူဖြစ်၍ လူသားတို့အား
တရားစီရင်မဲ့သူနှင့် ဘုရင်တကားတို့ရဲ့ဘုရင်ဖြစ်တော်မူ၍
ကောင်းကင်ဗိုလ်ခြေတို့ကိုးကွယ်ရာဖြစ်တော်မူသည်။
ဗျာ ၁၄:၁,၁၀; ၁၇:၁၄ ;၁၉:၇ ;၂၁:၂၃ ; ၂၂:၁၃..
ခ) သစ်တိုင်
ဓမ္မဟောင်းခေတ် က္ကသရေလလူမျိုးတို့သည်
ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်သူတို့အား ကျောက်ခဲ့နှင့် ပစ်
ပေါက်၍သတ်ခဲ့သည်။ ထိုသို့သတ်ပြီးနှောက် အလောင်းကို
သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲကာ ထိုသေသောသူသည်
ဘုရားသခင်၏ အပြစ်စီရင်ခင်းနှင့် ကျိန်ခြင်းခံရသူဖြစ်သည်
ဟု လူအများကိုသိစေသည်{တရာ ၂၁:၂၂-၂၃}။
ယေရှုကို လက်ဝါးကပ်တိုင်ပေါ်ချိတ်ဆွဲထား
ခြင်းသည် သစ်ပင်ပေ်၌ချိတ်ဆွဲထားသည့် အဓိပ္ပါယ်သက်
ရောက်သည်ဟု ဂျူးတို့ စဉ်းစာဆင်ခြင်မိကြသည်။
ထို့ကြောင့်သူသည် ဘုရားသခင်၏ကျိန်ခြင်းကို ခံရသူဟူ၍
မှတ်ယူကြသည်။ အမှန်စင်စစ် ယေရှုသည်လည်း ဘုရားသခင်၏ကျိန်ခြင်းကိုခံရသည်။ သို့သော်လည်း
မိမိကိုယ်တိုင်အပြစ်ပြုခြင်းကြောင့်မဟုတ်ပဲ အပြစ်သားတို့
ကိုယ်စားခံယူခြင်းဖြစ်သည်{တ၅:၃၀;၁၀:၃၉;ဂလာ၃:၁၀-၃
၁ပေ ၂:၂၄}။
....ခရစ်တော်သည် လူသားတို့အပြစ်ဖြေရာယဇ်ပူဇော်ပေး
ခြင်းငှာ အသွေးအသားရှိလူသားအဖြစ်ခံယူတော်မူခဲ့သည်။
ဟေဗြဲဩဝါဒစာ ၁၀:၄-၅
...သစ်တိုင်းပေါ်မှ သွန်းသောအပြစ်ကင်းစင်သည့် ယေရှု၏
အသွေးတော်ဖြင့် ရန်ကိုငြိမ်းစေ၍ ဘုရားသခင်နှင့်ပြန်လည်
သင့်မြတ်စေတော်မူသည်။ ကောလောသဲဩဝါဒစာ ၁:၂၀
.... ယေရှုခရစ်တော်၏ သွန်းသော အသွေးတော်သည်
ပဋိညာဉ်တရား သစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှာ ဖြစ်သည်။ ရှင်မဿဲခရစ်ဝင် ၂၆:၂၈
.....အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်ရမည်ဖြစ်
သည် ။ ရောမဩဝါဒစာ ၅:၉
ဂ) ယဇ်ပုရောဟိတ် ( ဟေဗြဲဩဝါဒစာ ၉: ၁၁-၁၆ )
ခရစ်တော်သည် လူ့ခန္ဓာကိုယ်ကို သဂြိုလ်ခြင်းခံနေစဉ်
အထက်ကောင်းကင်ကိုယ်ထဲသို့ ဝိညာဏကိုယ်ဖြင့်ဝင်၍
သူ၏အသွးယူဆောင်သွားပြီး ယဇ်ပုရောဟိတ်အဖြစ်
လူသားအားလုံးအတွက် အပြစ်ဖြေရာယဇ်ကို ပူဇော်ပေး
ခဲ့သည်။
...ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့် ရှိသဖြင့်လည်းကောင်း... ဟေဗြဲဩဝါဒစာ ၁၀:၂၀
...ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ကတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။
ဟေဗြဲဩဝါဒစာ ၉:၁၅
May God Bless you all.Amen.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
အသွေးရဲ့ တန်ဖိုး
❤❤❤❤❤
နက်ထားခဲ့တယ်။
ဘုန်းကြီးပါတယ်။
စေတယ်။
၁။ မီးရှို့ရာယဇ်
၂။ ဘောဇဉ်ပူဇော်သက္ကာ
ဝတ်ပြုရာကျမ်း ၂: ၂-၁၄ / ကဘ ၄:၎
၃။ မိတ်သဟာယယဇ်
ဝတ်ပြုရာကျမ်း ၃:၁-၁၂
၎။ အပြစဖြေရာယဇ်
၅:၁-၅
၅။ ဒုစရိုက်ဖြေရာယဇ်
ဝတ်ပြုရာကျမ်း ၅: ၁၅-၁၉
က) သိုးသူငယ်အဖြစ်
ခြင်းဖြစ်သည်။ ဟေဗြဲ ၉:၂၂ ; ၁၀:၎
{ ယော၁:၂၉ ; တ ၈:၃၂ ; ၁ပေ ၁:၁၈ -၁၉ }
အရှင်ဖြစ်တော်မူသည်။ ဗျာ ၅:၆,၉-၁၂; ၇:၁၄ ;၁၂:၁၁
ခ) သစ်တိုင်
၁ပေ ၂:၂၄}။
ဟေဗြဲဩဝါဒစာ ၁၀:၄-၅
သင့်မြတ်စေတော်မူသည်။ ကောလောသဲဩဝါဒစာ ၁:၂၀
သည် ။ ရောမဩဝါဒစာ ၅:၉
ခဲ့သည်။
ဟေဗြဲဩဝါဒစာ ၉:၁၅