0

ဗုဒ္ဓဘာသာနှင့်မဆိုင်ပါ။ အောက်ပါ စာအုပ်များမှ မေးလာသည့်အတွက် ရှင်းပြရခြင်းပါ။ Reshare #9Dan Unicode & Zawgyi

 
ဗုဒ္ဓဘာသာနှင့်မဆိုင်ပါ။
အောက်ပါ စာအုပ်များမှ
မေးလာသည့်အတွက် ရှင်းပြရခြင်းပါ။

Reshare #9Dan Unicode & Zawgyi
ယေရှုသည် တိဘက်ဘုန်းကြီးထံတွင်တပည့်ခံခဲ့ခြင်းကြောင့် ယေရှု ဟောသောတရားက ဗုဒ္ဓဟောသောတရားနှင့် ဆင်တူနေသည် ဟုတ်ပါသလား? ဟု ဆိုခြင်းကြောင့် ဗုဒ္ဓနှင့် ယေရှုခရစ်တော်၏ ပုဂ္ဂိုလ်ချင်းနှိုင်းယှဉ်ချက်ကို ဖေါ်ပြပေးလိုပါသည်။

၁) ဗုဒ္ဓသည် ဘီစီ ၅၆၀ တွင် လံမနီအင်ကြင်း ဥယျာဉ်၌ လူ့ဇာတိသဘာဝအတိုင်း ပဋ္ဋိသန္ဓေယူ၍ ဖွားမြင် ခဲ့သည်။
ယေရှုခရစ်တော်သည် ဘီစီ ၄- ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် အပျိုကညာ မယ်တော်မာရိ၏ ဝမ်းတွင် ပဋ္ဋိသန္ဓေယူ၍ ဖွားမြင်ခဲ့သည်။ ယနေ့ လူက ဖန်ပြွန်သန္ဓေသားပင် လုပ်နိုင်သည်သို့ပင်။
0

မြန်မာပြည်မှာ အရောင်းရဆုံးစာအုပ်တဲ့လား Reshare #9Dan Unicode & Zawgyi

 
မြန်မာပြည်မှာ အရောင်းရဆုံးစာအုပ်တဲ့လား

Reshare #9Dan Unicode & Zawgyi
______________________________
______________________________
# By Aungline Daitu

များမကြာမှီက သူငယ်ချင်း တစ်ယောက်စာအုပ်တစ်အုပ် ယူလာပါတယ်။ စာအုပ်ခေါင်းစဉ်ကတော့ ဖန်ဆင်းရှင်မရှိသော စကြာဝဠာနှင့် ဘုန်းကြီးဝတ်ခဲ့သော ယေရှု ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ နာမည်နဲ့ထုတ်တာပါ။
စာအုပ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခရစ်ယာန်ဘာသာကို တိုက်ခိုက်တာပါ။ ရေးတဲ့ ပုဂ္ဂိုလ်က ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးနာမည်ခံထားပါတယ်။
အဲဒီစာအုပ်က အရောင်းရဆုံးပြောကြလို့ စာပေဝါသနာပါသူမို့လှန်လျောကြည့်ပါတယ်။ ပြောစရာနည်းနည်းရှိတာကို တွေ့ရပါတယ်။ စာရေးသူဘယ်သူဆိုတာ မသိတဲ့အတွက် စာရေးသူရဲ့ academic credibilty ကိုထောက်ပြရတာ လွယ်ပါတယ်။ ပုဂ္ဂိုလ်ရေးမထိခိုက်ဘဲ ရေးလို့ရတာပေါ့။
ခရစ်ယာန်ဘာသာကို ဝေဖန်တာက ကောင်းတဲ့ အပြုမူပါ။ ဘာသာတရားဆိုတာ အဝေဖန်ခံမှ ကောင်းမှာ။ ဒါပေမယ့် စာရေးသူက ခရစ်ယာန်ဆိုတာ အတွေးခေါ်အယူအဆမှားပြီး ညာဏ်မမှီသူတွေက ကိုးကွယ်တဲ့ ပုံစံရေးလို့ သူ့စာအုပ်ရဲ့ အားနည်းချက်ကို သုံးသပ်တာပါ။
0

ကျောက်ကွင်းဝါဒပြိုင်ပွဲ အနှစ်ချုပ် Reshare #9Dan Unicode & Zawgyi

 
ကျောက်ကွင်းဝါဒပြိုင်ပွဲ အနှစ်ချုပ်

Reshare #9Dan Unicode & Zawgyi
ကျောက်ကွင်းဝါဒပြိုင်ပွဲ အကြောင်း အနှစ်ချုပ်ဖေါ်ပြလိုပါသည်။ အကြောင်းမှာ အလင်းကိုဆောင့်မည့် မေးခွန်းများ ၂၅ ချက်သည် ကျောက်ကွင်းဝါဒပြိုင်ပွဲပါ ကြောင်းအရာများသာဖြစ်ပါသည်။

ကျောက်ကွင်းဝါဒပြိုင်ပွဲပါ အကြောင်းအရာ အနှစ်ချုပ်ကို ဖေါ်ပြပေးရပါက ကျောက်ကွင်း ရွာလေးတွင် ရွာလူကြီးသည် ဗုဒ္ဓဘာသာ၀င်ဖြစ်ပြီး ဇနီးဖြစ်သူမှာ ခရစ်ယာန် ဘာသာ၀င်ဖြစ်ပါသည်။ တစ်နေ့ လင်မယားခြင်း ဘာသာရေးဆွေးနွေးရမှ အဖြေမရ နိုင်ပဲ ရွာတွင်းရှိ ဘုန်းကြီးနှင့် သင်းအုပ်ဆရာအထိ ဆွေးနွေးဖို့ ဖြစ်လာသည်။ ထို့နောက် ရွာတွင်းရှိ ခရစ်ယာန်များက မိမိပြည်တွင်းရှိ အကောင်းဆုံး ဆရာကို ခေါ်ယူ ဆွေးနွေးစေရန်နှင့် ဗုဒ္ဓဘာသာဘက်မှလည်း အတော်ဆုံး ဘုန်းကြီး တစ်ပါးပါးကို ပင့်ဖိတ်ဆွေးနွေးစေဖို့ သဘောတူခဲ့သည်။ ထိုအတိုင်း ခရစ်ယာန်ဘက်မှ ဦးသာဒင်၊ ဗုဒ္ဓဘာသာဘက်မှ သျှင်ဥက္ကဌက ဆွေးနွေးခဲ့ကြပါသည်။ ၁၉၃၆ ခုနှစ်တွင် အမှန်တကယ်အကြီးအကြယ်ဖြစ်ခဲ့ပြီး အပြုသဘော နှင့် ဆွေးနွေးလျက် ပြီးဆုံးခဲ့ခြင်းသာလျှင်ဖြစ်ပါသည်။ ၁၉၆၀ ခန့်မှ သခင်မြတ်ဆိုင်က ထိုအကြောင်းအရာကို ပြန်လည်ရေးသားစာအုပ်ထုတ်ခဲ့ပြီး ၄င်းစာအုပ်ပါအတိုင်း ဘာသာကူးပြောင်းသွားကြသည် ဆိုသည့်တိုင် မဖြစ်ခဲ့ပါ။

၂။ (ခ) ကျောက်ကွင်းဝါဒပြိုင်ပွဲအား ပြန်လည်သုံးသပ်ခြင်း
0

ဒီရက်ပိုင်း မေတ္တာ ဖြင့် ဖြေရှင်းပေးခဲ့သော အကြောင်းအရာများ အနှစ်ချုပ်။ Reshare #9Dan Unicode & Zawgyi

 
ဒီရက်ပိုင်း မေတ္တာ ဖြင့် ဖြေရှင်းပေးခဲ့သော အကြောင်းအရာများ အနှစ်ချုပ်။

Reshare #9Dan Unicode & Zawgyi
ကျောက်ကွင်း။ တိဘက် ။ ဓမ္မ စသဖြင့်

ကိုဗစ်က သေပြီးသချိုင်းအထိသာ။ မုသာတရားက သေပြီး ငရဲပို့ပါလိမ့်မည်။
မေတ္တာ ဖြင့် -

၁. အပြုသဘောနှင့်သာ ၁၉၃၆ တွင် ဘာသာရေး ဆွေးနွေးခဲ့ကြသည်ကို ၁၉၆၀ တွင် လိုရာပြန်ဆွဲရေးသားထားသော ကျောက်ကွင်းဝါဒပြိုင်ပွဲ။
၂. ဓမ္မ ဆိုသောစကားက ဘယ်က။ ဘာလဲ။
၃. အေဒီ ၃၀ တွင်ပေါ်ထွန်းခဲ့သော ယေရှုက အေဒီ ၇၀၀ ကျော်မှ တည်ထောင်သော တိဘက်တိုင်းပြည်တွင် ပညာသွားသင်သော အကြောင်း

၁. ကျောက်ကွင်းဝါဒပြိုင်ပွဲ အနှစ်ချုပ်ပါ။
0

အားလုံးကိုလေးစားပါတယ်။ Reshare #9Dan Unicode & Zawgyi

 
အားလုံးကိုလေးစားပါတယ်။

Reshare #9Dan Unicode & Zawgyi

(၁) ဓမ္မဆိုသောစကားသည် ဘယ်ဘာသာရဲ့ Language လဲ?
(၂) ဓမ္မဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်က ဘာလဲ? ဟု
မိတ်ဆွေတစ်ဦးက ထပ်ဆင့်၍ မေးလာလို့ အနှစ်ချုပ်ကို ဗဟုသုတရရန် မေတ္တာဖြင့် ဖြေပေးလိုပါတယ်...
(ဘာသာတစ်ခု၏ ကိုယ်ပိုင်စကားလုံးကို အခြားဘာသာက ယူသုံးသည်ဟု ဆိုခြင်း)

(၁) ဓမ္မဆိုတာ ပါဠိ (သို့) မဂဓ (Magadhan) ဆိုသည့်ဟင်ဒီအခေါ်အဝေါ် ဘာသာစကားက ဖြစ်သည်။
- အန္ဒိယတိုက်ငယ်အတွင်းရှိ (ဘီစီ ၅၀၀ နှင့် အေဒီ ၁၀၀) တွင် ထွန်းကားခဲ့သော အလယ်အင်ဒို အာရိယန်တို့ မှဆင်းသက်လာသည့် တိုင်းရင်းသား လူမျိုးတို့၏မိခင်ဘာစကားဖြစ်သည်။
- ထိုဘာသာစကားဖြင့်ရေးသားထားသောစာပေများကို အာသောကမင်းလက်ထက် ကျောက်စာများတွင်တွေ့ရသည်။ ( ဘီစီ ၃၀၀ -၂၃၂) ၊
0

လူသည် ဘယ်ကဆင်းသက်လာပြီး ဘယ်ကိုပြန်သွားရမှာပါလဲ? Reshare #9Dan Unicode & Zawgyi

လူသည် ဘယ်ကဆင်းသက်လာပြီး ဘယ်ကိုပြန်သွားရမှာပါလဲ?
Reshare #9Dan Unicode & Zawgyi
လူသားအစကို သိဖို့ ဦးစွာ ကမ္ဘာကြီးတစ်ခုလုံးကို ရေတစ်ကြိမ်လွှမ်းမိုးခဲ့သည် ဆိုသည့် ခိုင်လုံသော သက်သေများ ဖေါ်ပြပေးလိုပါသည်။
၁၉၂၉ အီရတ်ရှိ ဥရမြို့ကိုတူးဖေါ်ကြည့်ရာ မြေအောက်တွင် နုံးမြေတစ်လွှာရှိပြီး ထိုနုံးမြေထဲတွင် ငါးအရိုးစုများ တွေ့ရကာ ၎င်းအောက်တွင် မြေအိုး မြေခွက်များဖြင့် လူတို့နေထိုင်ခဲ့သော ရေမလွှမ်းမှီခေတ် လူသားများ၏ အသုံးဆောင်များအရ ကမ္ဘာကြီးကို ရေမလွှမ်းမိုးမှီ။ ရေလွှမ်းမိုးခြင်းနှင့် ရေလွှမ်းမိုးပြီးခေတ်ဟူ၍ ခေတ်သုံးခေတ်ရှိကြောင်း တွေ့ရပါသည်။
၎င်းအပြင် နောဧသင်္ဘောကို တူရကီရှိ အာရရတ်တောင် (ပေ ၁၆၈၀ဝ) အမြင့်တွင် သိုးထိန်း တစ်ဦးက တွေ့ရှိသည်ဟု ဆိုခြင်းကြောင့် ၁၈၃၃ နှင့် ၁၈၉၂ ခုနှစ်များတွင် လေ့လာရေးအဖွဲ့များဖွဲ့၍ သွားရောက် လေ့လာခဲ့ကြပါသည်။
0

“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၁ )Unicode & Zawgyi

 
 
 
“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၁ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reshare #9Dan Unicode & Zawgyi
သာသနာပြု ဆရာကြီးယုဒသန်နှင့်သူ၏ဇနီး အဲန်းယုဒသန်တို့ မြန်မာပြည်သို့ (၁၈၁၃) ခုနှစ် ၊ ဇူလိုင်လ ( ၁၃ ) ရက်နေ့တွင် ရန်ကုန် ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် ဘုရားသခင်၏ ကယ်တင်ခြင်းသတင်းကောင်းကိုဝေမျှရန် မိမိတို့၏ ငယ်ရွယ်နုပျိုလှသောအသက်တာကို ဆက်ကပ်လျက် လာရောက်ကြခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် သာသနာပြုခဲ့သော ကာလ တစ်လျှောက်လုံးမိသားစုအခက်အခဲများ၊ ဘာသာစကားအခက်အခဲများ ၊ ယဉ်ကျေး မှုမတူညီခြင်း ၊ ကိုးကွယ်ယုံကြည်မှုမတူညီခြင်း ၊ ကျန်းမာရေး၊ ရာသီဥတုနှင့် နိုင်ငံရေး ပြဿနာများကြားထဲတွင် မိမိ ကိုယ်ကိုဆက်ကပ်လျက် မြန်မာနိုင်ငံသားတို့ ကယ်တင်ခြင်း ရရှိရန်ဆက်ကပ်အစေခံခဲ့ပေသည်
ယနေ့ကျွန်ုပ်တို့ ဤနေရာတွင်စုရုံးရောက်ရှိနေခြင်းမှာ ဆရာယုဒသန်နှင့် အတူ အဲန်းယုဒသန် ၊ စာရာယုဒသန်နှင့် အဲန်းမလီယုဒသန်တို့ကိုအောက်မေ့လျက် သူတို့ အားလုံး၏ဆက်ကပ်အစေခံခြင်းကို ပြန်လည်သတိရလျက် လာမည့်အနာဂါတ်သာသနာကို တိုး၍ဆက်ကပ်ကြရန်ဖြစ်ပေသည်။
0

“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၂ )

 
“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၂ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reshare #9Dan Unicode & Zawgyi
အင်းဝသို့ပြောင်းရွှေ့ခြင်း
~~~~~~~~~~~~~~~~
ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်သော ရေကြောင်းခရီးပြုပြီးနောက် ဆရာ ယုဒသန်တို့ အင်းဝသို့ရောက်ရှိလာခဲ့ကြသည်။ အင်းဝသို့ရောက်ရှိပြီးမကြာမီမှာပင် တိုင်း ပြည် အခြေ အနေနှင့်နိုင်ငံရေးအခြေအနေတို့ပြောင်းလဲလာခဲ့သည်။ အင်္ဂလိပ်နှင့်စစ်ရေးအရ တင်းမာမှု များရှိလာခဲ့ရာ အင်းဝရှိ မျက်နျာဖြူနိုင်ငံခြားသားတို့၏ဘဝမျာလုံခြုံမှုမရှိတော့ပေ။ ထိုစဉ်အတွင်း ဆရာယုဒသန်က ဆက်လက်ဘာသာပြန်ဆိုနေပြီး မမယုဒသန်မှာမူ ကျောင်း ဖွင့်လျက် စာသင်ကြားခြင်းကိုဆောင်ရွက်လျက်ရှိပေသည်။
0

“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၃ )

 
“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၃ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reshare #9Dan Unicode & Zawgyi
အောက်မြန်မာပြည်သို့ပြောင်းရွှေ့ခြင်း
~~~~~~~~~~~~~~~~~~~
ရန္တပိုစာချုပ်ချုပ်ဆိုပြီးနောက် အကျဉ်းသားဘဝမှ အပြီးတိုင်လွတ်မြောက်လာခဲ့ရာ ရန်ကုန်မှ တဆင့် ကျိုက္ခမီသို့ပြောင်းရွှေ့၍ သာသနာလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။ တစ်ဖန်အင်းဝသို့ ခရီးတစ်ခုဖြင့်ရောက်ရှိနေချိန် မမယုဒသန်ခေါ်တော်မူခြင်းခံရကြောင်း သတင်းကို တစ်လကြာမြင့်ပြီးမှ ရရှိခဲ့သည်။ မမယုဒသန်သည် (၁၈၂၆) ခု၊ အောက်တိုဘာ (၂၄) ရက်၊ ည (၈ း ၀၀) နာရီအချိန်တွင်ခေါ်တော်မူခြင်းခံရသည်။ လွန်ခဲ့သော (၂) နှစ်ကတည်းက (ဆရာ ယုဒသန်ဖမ်းဆီးခြင်းခံရစဉ်ကာလ) သူမခံစားနေရသည့် ဆင်းရဲ ဒုက္ခများ ၊ ရောဂါဘယများ၊ အာဟာရချို့တဲ့မှုများကြောင့် ဤနောက်ဆုံးရောဂါဆိုးကြီး ( ဦးနှောက်အမြှေးပါးရောင်) ကို ခုခံနိုင်ရန် သူမ၌လုံးဝခွန်အားမရှိတော့ဘဲ အသက်ဆုံးရှုံး ခဲ့ရသည်။
0

ဆရာယုဒသန် နှင့် သမ္မာကျမ်းစာ - အင်္ဂလိပ်-မြန်မာ အဘိဓာန်

 
ဆရာယုဒသန် နှင့် သမ္မာကျမ်းစာ - အင်္ဂလိပ်-မြန်မာ အဘိဓာန်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reshare #9Dan Unicode & Zawgyi
ဆရာယုဒသန်သည် သာသနာပြုရန် ၁၈၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ် မြို့မှ သင်္ဘောဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်၏။ အမည်အရင်းမှာ ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင် (Dr Adoniram Judson) ဖြစ်သော်လည်း မြန်မာတို့က “ဂျပ်ဆင်” ကို အသံဖလှယ်ပြီး ခေါ်ဆိုရာမှ ယုဒသန်ဟု အမည်တွင်လာခြင်း ဖြစ်သည်။

သူ၏ မူလ ရည်မှန်းချက်မှာ ဗြိတိသျှ ကိုလိုနီ အိန္ဒိယ နိုင်ငံတွင်သာသာနာပြုရန် ဖြစ်သော်လည်း အမေရိကန်နှင့် ဗြိတိသျှတို့ ဆက်ဆံရေး မပြေလည်သည့် ကာလဖြစ်သည့်အတွက် အိန္ဒိယ အာဏာပိုင်တို့က လက်မခံခဲ့ရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိ လာခြင်း ဖြစ်၏။
0

ယုဒသန်နေ့ရက်များ (၁၇၈၈-၁၈၅ဝ)

 
ယုဒသန်နေ့ရက်များ (၁၇၈၈-၁၈၅ဝ)
~~~~~~~~~~~~~~~~~~~~~~~~
Reshare #9DanUnicode & Zawgyi
ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် (၇၀၀၀) ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘဝခရီးစဉ်၊ သူ၏ ဘဝဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့် အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧဝံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။
0

ဘီလီဂရေဟမ် တရားဟောချက်များ (၃၀)ခု။

 
ဘီလီဂရေဟမ် တရားဟောချက်များ (၃၀)ခု။
===========================
.Reshare #9Dan Unicode & Zawgyi
၁။ ကယ်တင်ခြင်း
အဓိကအချက်။ ကျေးဇူးတော်ကြောင့် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရသည်။
.
နိဒါန်း။ ။ ယုံကြည်သူတိုင်း ကယ်တင်ခြင်းအဓိပ္ပါယ် နားလည်ရမည်။ အသက်ရှင်ရမည်၊ သူ့တပါးကို ဝေငှရမည်။ ခရစ်တော်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း မှ ကယ်တင်ခြင်း ဆုကျေးဖူးကို ကျွန်ုပ်တို့အား ပေးသည်။ သို့မှသာ ကျွန်ုပ်တို့သည် မည်သည့်အရပ်မှာလာသည်။ မည်သည့်အရပ်ကို သွားနေသည်ကို သိရှိပါမည်။
.
၁။ ကယ်တင်ခြင်းအဖိုးအခ
အခမဲ့ဖြစ်သည်။ သို့ရာတွင် စျေးမပေါ။ စဉ်စားမရနိုင်သော သခင်ဘုရား၏ အသွေးတော်များ၊ လက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်၏စွန့်လွှတ်အသေခံခြင်းသည် လျှို့ဝှက်ချက်ဖြစ်သည်။ ထိုအချက်ဖြင့် အနာဂါတ် မျော်လင့်ခြင်းကို ရှင်သန်စေသည်။
0

ရှေးဦးဒေါလြာ။ (အားပေးစကား၊ ၁၂-၅-၂၀၂၀)

ရှေးဦးဒေါလြာ။
(အားပေးစကား၊ ၁၂-၅-၂၀၂၀)
Reshare #9Dan Unicode & Zawgyi
ကိုးလဂြိတြ(Colgate) သှားတိုကဆြေးကိုသုံးစှဲဖူးကှမှာပါ။ ကွှနတြောကြတော့ ကွှနတြောြ၏မှငဆြရာဖှဈခဲ့သော အမွိုးသားစာပဆေုရ စာရေးဆရာဒေါကတြာထှနြးမှတအြေးသညြ ငယစြဉကြမမှေို့ ကိုးလဂြိတအြထကတြနြးကွောငြး မှာပညာသငခြဲ့သညကြိုမကှာခဏ ဂုဏယြူစှာပှောပှသဖှင့ကြိုးလဂြိတကြိုသှားတိုကဆြေးကုမျပဏီတဈခုအဖှဈထကပြို၍သိခဲ့ရပါသညြ။ လှနသြှားပှီဖှဈသော ဆရာဒေါကတြာထှနြးမှတအြေးပှောပှခဲ့တာလေးကို အားပေးစကားအဖှဈတဆင့ပြှနပြှောပှခငွလြို့ပါ။
ကိုးလဂြိတြ
0

သင့်ရဲ့အပြစ်ကြွေးရှိသမျှကို ယေရှခရစ်တော်က ဆပ်ပေးပြီးပြီ ယုံကြရင် ထာဝရ အသက်ရမယ်

0

ဆာလံ ၂၃-Psalm 23-Akuk

0

ကျေးဇူးတော်နေမဝင်သေးခင်-စံပီး

0

ခရစ်တော်တိဘက်သွားပါသလား?

 

Unicode & Zawgyi Reshare-#9Dan ခရစ်တော်တိဘက်သွားပါသလား?
ခရစ်ယာန်ဘာသာ၏ ဘုရားရှင် ယေရှု ဘုရားသခင်သည် လူသားတိုင်း၏ အပြစ်တို့ကို ဆေးကြောရွေးနှုတ်ကယ်တင်ရန်အတွက် လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်က လူသားဇာတိအဖြစ် ခံယူကာ လူသားအဖြစ်မွေးဖွားလာခဲ့သည်။ သူ၏ ဘဝအသက်တာလမ်းကြောင်း ကို ခရစ်ယာန်တို့၏ သမ္မာကျမ်းစာတွင် အနည်းအကျဉ်းမျှသာ ဖော်ပြခဲ့သည်။ ထူးခြားမှု အနေဖြင့် သူ၏ ဘဝ ကို ၁၂ မှပြီး အသက် ၃၀ အထိ သမ္မာကျမ်းစာတွင် ဖော်ပြမှု မရှိ။ ယင်းသည် အများစုအတွက် စိတ်ဝင်စားစရာဖြစ်သော ၁၈ နှစ်တာကာလဖြစ်သည်။ ဝေဖန်ထောက်ပြလိုသူအတွက် ယင်းသည် ထောက်ပြစရာဖြစ်လာသည်။ ယေရှု သည် လူသားတို့၏ အပြစ်အလုံးစုံကို ဖြေလွှတ်ကယ်တင်ရန်ဆင်းသက်လာသူ ဘုရားမှန်ပါက ဤ မျှအဖိုးတန်သောနှစ်တို့တွင် မည်သည့်အရာကို ပြု လုပ်နေပါသနည်း? အချို့တို့က ယေရှု သည် တိဘက်သို့သွားပြီး ဗုဒ္ဓဘာသာ ကို သင်ယူသည်ဟူ၍ လည်းကောင်း အိန္ဒိယသို့သွားသည် ဂျပန်သို့သွားသည် အင်္ဂလန်သို့သွားသည် စသည်ဖြင့် အမျို းမျို းသုံးသပ်ဝေဖန်ကြလေသည်။ ထိုသို့သုံးသပ်ဝေဖန်ထောက်ပြမှုများတွင် တိဘက်သို့သွား၍ ဗုဒ္ဓဘာသာကိုသင်ယူသည်ဆိုသည်က လူအများစု စိတ်အဝင်စားဆုံးဖြစ်သောကြောင့် ယေရှု သည် တိဘက်သို့သွား၍ ဗုဒ္ဓဘာသာကိုသင့်ယူလေ့လာပြီး အမှန်တကယ် ရဟန်းဝတ်ခဲခြင်း ရှိမရှိကို ဤဆောင်းပါးတွင် အချက်အလက်များဖြင့် ဆွေးနွေးပေးသွားပါမည်။
0

- ဓမ္မဆရာတွေကို ဝေဖန်ခြင်းက အပြစ်လား ? Unicode & Zawgyi Reshare-#9Dan

 
- ဓမ္မဆရာတွေကို ဝေဖန်ခြင်းက အပြစ်လား ?
================================
Unicode & Zawgyi Reshare-#9Dan
- ကျွန်တော်တို့ ကမ္ဘာကြီးက Postmodernism လို့ခေါ်ကြတဲ့ ခေတ်ရေစီးကြောင်း တော်လှန်မှု
အယူဝါဒတွေ အောက်မှာသွားနေရတဲ့ ခေတ်ကို ရောက်နေပါပြီ။ ဒါကြောင့် ဒီခေတ်မှာ အမှန်တ
ရားပါဆိုပြီး ဝေဖန်သုံးသပ်မှုတွေ ဆန့်ကျင်လာတဲ့သူ များလာပြီး အမှန်တရား သိပ်မထွန်းကား
တော့ပါဘူး။ နားလည်အောင် အရပ်စကားဖြင့်
ပြောရင် "လုံးဝမှန်ပါတယ် (Absolutely Truth) ဆိုတာ မရှိဘူး၊ မင်းအမြင်အရ မင်းမှန်တယ်၊ သူလည်း သူ့အမြင်အရတော့ သူမှန်ပါတယ်၊ဒါကြောင့် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို
ဝေဖန်ပြောနေစရာ မလိုဘူး။" စတဲ့ အန္တရာယ်များတဲ့ တွေးခေါ်မှုတွေ လွှမ်းမိုးနေတဲ့ခေတ်ပါ။
ဒါကြောင့် ဒီခေတ်က ကိုယ်စီးတဲ့ မြင်းကအထီးလား၊ အမလားဆိုတာ မသိကြတော့သလိုပါပဲ အမှား၊အမှန် မခွဲခြားနိုင်ကြတဲ့ ခေတ်လိုဖြစ်နေပါတယ်။
0

သမ္မာကျမ်းစာသင်ခန်းစာ “ယေရှုခရစ်၏ဘုရားဇာတိ” The Deity of Jesus Christ သင်ခန်းစာ အမှတ် (၁)

 သမ္မာကျမ်းစာသင်ခန်းစာ “ယေရှုခရစ်၏ဘုရားဇာတိ” The Deity of Jesus Christ

သင်ခန်းစာ အမှတ် (၁)
Unicode & Zawgyi Reshare-#9Dan
သမ္မာကျမ်းစာသင်ခန်းစာ

“ယေရှုခရစ်၏ဘုရားဇာတိ” The Deity of Jesus Christ

“နိဒါန်း”

“ခရစ်ယာန်ဘာသာ” တစ်ခုလုံးသည် ခိုင်မာသော အဆိုတစ်ရပ်အပေါ်၌အခြေပြုရပ်တည်လျက်ရှိသည်။ ၎င်းအဆိုပါ “ယေရှုခရစ်”သည် ဘုရားသခင်၏သားဖြစ်တော်မူ၍၊ ဘုရားနှင့် စပ်ဆိုင်သောဂုဏ်အင်္ဂါရပ်များနှင့် စီရင်ခွင့် ရှိသမျှတို့ကို ပိုင်သတော်မူသော အနန္တတန်ခိုးရှင်ဖြစ်သည်။
0

သင်ခန်းစာ အမှတ် (၂) စာတန် (SATAN) အမှန်ရှိခြင်း၊ မူလဇစ်မြစ်၊ တန်ခိုးနှင့်သွားရာလမ်း

သင်ခန်းစာ အမှတ် (၂) စာတန် (SATAN) အမှန်ရှိခြင်း၊ မူလဇစ်မြစ်၊ တန်ခိုးနှင့်သွားရာလမ်း

သင်ခန်းစာ အမှတ် (၂)
Unicode & Zawgyi Reshare-#9Dan
စာတန် (SATAN) အမှန်ရှိခြင်း၊ မူလဇစ်မြစ်၊ တန်ခိုးနှင့်သွားရာလမ်း

His Reality,Orign,Power and Destiny

“နိဒန်း”

ဤစင်္ကြာဝဠာကြီးတွင် စာတန်သည် ဘုရားသခင်ပြီးလျှင် တန်ခိုးအကြီးဆုံးဖြစ်ကြောင်း သမ္မာကျမ်းစာကဖော် ပြထားသည်။ ယနေ့မြောက်များစွာသော လူတို့သည်စာတန်၏ အကြောင်းကိုရယ်ရွှင်ဖွယ်ရာ များအဖြစ်၎င်း ဟာသ ပေါင်းများပြုလုပ်ရာအဖြစ်၎င်း ထင်မှတ်နေကြသည်။ သို့သော် စာတန်သည် ရယ်ရွှင်ဖွယ် ကိစ္စမဟုတ်ပါ။ စာတန်သည် အမှန်ပင်ရှိနေသည် သာမက လူသားတို့၏အသက်တာတွင် စာတန်သည်တနည်းမဟုတ်တနည်း ဖြင့်သြဇာလွှမ်းမိုး လျက်ပင်ရှိနေပါသည်။ ဤအရေးကြီးသော လေ့လာမူသည် စာတန်ကိုသတိပြုမိရန်နှင့်စာတန်ကိုမည်ကဲ့သို့ အောင်နိုင် ရမည်ကို သင့်အားသွန်သင်ပေးပါလိမ့်မည်။
0

သင်ခန်းစာ အမှတ် (၃) နတ်ဆိုး၊ ဝိညာဉ်ဆိုးအကြောင်း Unicode & Zawgyi Reshare-#9Dan

 သင်ခန်းစာ အမှတ် (၃) နတ်ဆိုး၊ ဝိညာဉ်ဆိုးအကြောင်း

Unicode & Zawgyi Reshare-#9Dan
“နိဒါန်း”

ဝိညာဉ်လောကနှင့်ဆိုင်သောအရာများကို လက်မခံသူများသည်နတ်ဆိုး၊ ဝိညာဉ်ဆိုးများရှိကြောင်းကို ငြင်းဆို ကြပါသည်။ ခရစ်တော်သည်နတ်ဆိုးတို့အား နှင်ထုတ်ခဲ့သည်မှာလည်း ဆိုးသွမ်းမှုအပေါ်အနိုင်ယူခြင်းကို ဖော်ပြသော လက္ခဏာသာဖြစ်သည်ဟု အချို့ပြောကြပါသည်။ ဘာသာရေးအယူသီးနေသူတို့၏ခံယူချက်ကို သက်သာမှုဖြစ်စေရန် ခရစ်တော်က ဆောင်ရွက်လိုက်ခြင်းသာဖြစ်သည်ဟု သွန်သင်သူများလည်း ရှိပါသည်။
0

သင်ခန်းစာ အမှတ် (5) ငရဲ Unicode & Zawgyi Reshare-#9Dan

 သင်ခန်းစာ အမှတ် (5) ငရဲ

Unicode & Zawgyi Reshare-#9Dan
“နိဒန်း”

ငရဲအကြောင်း ယုံကြည်ချက်နှင့် ကတ်သက်၍ လေ့လာခြင်းကဲ့သို့ အခြားအကြောင်းအရာ လေ့လာခြင်းသည် ကျွနု်ပ်တို့အား စိတ်အားငယ်မှု ဝမ်းနည်းမှု၏ တစ်ခါတစ်ရံမျက်ရည်ကျလျက် ငိုကြွေးမှုအထိဖြစ် စေနိုင်မည်မဟုတ်ပါ။ အကယ်၍ ခရစ်တော်ကို မယုံကြည်သောသူများ ငြင်းပယ်သောသူများတို့အား ထာဝရကာလတွင် ပြင်းထန်ဆိုးရွားစွာစံ စားမှုပေးနိုင်သော နေရာရှိသည်မှန်လျှင် ကျွနု်ပ်တို့ဘဝ တစ်ခုလုံးတွင်တွေ့ကြုံရသော မည်သူကမျှ ဤယုံကြည်ချက်ကို သင်ကြားပို့ချဟောပြောရာတွင် ရှိ၍ သာသင်ခြင်း၏ စိတ်အရင်း၌မပါပဲ သင်ကြားခြင်းမပြုပဲ၊ သနားခြင်းဂရုဏာအကြီး ဆုံး၊ အရေးအကြီးဆုံးထား၍ သင်ကြမည်သာဖြစ်ပါသည်။ ဤအမှန်တရားနှင့် ပတ်သက်၍ သမ္မာကျမ်းစာ၏ဖော်ပြချက် ကိုရှင်းရှင်းလင်းလင်းတိတိကျကျဖော်ပြနိုင်ရန် ရည်ရွယ်ထားပါသည်။ ဘုရားသခင်သည် သိနိုင်သောဉာဏ်ပညာနှင့် သဘောပေါက်နိုင်သော နှလုံးသားကို သင့်အားပေးတော်မူပါစေသော်ဝ်။
0

သင်ခန်းစာ အမှတ် (၁၄) ပညတ်တရားနှင့် ကျေးဇူးတရား (ယုံကြည်ခြင်းတရားနှင့်အကျင့်တရား) Unicode & Zawgyi Reshare-#9Dan

 သင်ခန်းစာ အမှတ် (၁၄) ပညတ်တရားနှင့် ကျေးဇူးတရား (ယုံကြည်ခြင်းတရားနှင့်အကျင့်တရား)

Unicode & Zawgyi Reshare-#9Dan
သင်ခန်းစာ အမှတ် (၁၄)

ပညတ်တရားနှင့် ကျေးဇူးတရား (ယုံကြည်ခြင်းတရားနှင့်အကျင့်တရား)

“နိဒန်း”

ခရစ်ယာန်အသက်တာတွင် ယုံကြည်ခြင်းသည်လည်းကောင်း၊ အကျင့်သည်လည်းကောင်း၊ မိမိတို့သက်ဆိုင် ရာကဏ္ဍအသီးသီးရှိကြကြောင်းကို အငြင်းပွားရန်မလိုပါ။ ယုံကြည်သူသည် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအား ဖြင့် ဖြောင့်မတ်ရာသို့ရောက်ရပ်သည် ထိုသူသည် မိမိကျင့်သောအကျင့်နှင့်အညီ ဆုချီးမြှင့်ခြင်းကိုခံရမည်။
0

သင်ခန်းစာ အမှတ် (6) ခရစ်တော်သည် အပျိုကညာဝမ်းမှ မွေးဖွားခြင်း Unicode & Zawgyi Reshare-#9Dan

 သင်ခန်းစာ အမှတ် (6) ခရစ်တော်သည် အပျိုကညာဝမ်းမှ မွေးဖွားခြင်း

Unicode & Zawgyi Reshare-#9Dan
“နိဒန်း”

ခရစ်ယာန်အသိုင်းအဝိုင်းတွင် ခရစ်တော်သည် အပျိုကညာဝမ်းမှ မွေးဖွားသည်ဟူသော ကိစ္စသည် လွယ်လင့် တကူလက်ခံသောကိစ္စတရပ်သာဖြစ်ပါသည်။ သို့ရာတွင် ကနဦးအသင်းတော်ကပင်ထိုအကြောင်းအရာနှင့် ပတ်သက် ၍ တိုက်ရိုက်ငြင်းခုံခဲ့ကြပါသည်။ ဂျူးခရစ်ယာန်အနွယ်ဖြစ်သော Eborites များက ငြင်းပယ်ပြီးခရစ်တော်၏ဘုရားဖြစ် ခြင်းနှင့် ပတ်သက်၍ အပျိုကညာဝမ်းမှ မွေးဖွားခြင်းသည် မရှိမဖြစ်မဟုတ်ကြောင်းပြောပါသည်။ Gnestic ဂိုဏ်းဝင်များ အထူးသဖြင့် Cerinthus ၏တပည့်များကမူ ယေရှုနှစ်ခြင်းမင်္ဂလာခံယူစဉ် ခရစ်တော်ဝင်လာပြီး လက်ဝါးကပ်တိုင်တွင် သေခံစဉ် ယေရှုထံမှ ခရစ်တော်ထွက်ခွာသွားသည်ဟုဆိုပါသည်။ အခြား Gnostic များကမူ ငြင်းပါယ်ထားပါသည်။
0

သင်ခန်းစာ အမှတ် (၇) ခရစ်တော်၏လက်ဝါးကပ်တိုင် Unicode & Zawgyi Reshare-#9Dan

 သင်ခန်းစာ အမှတ် (၇) ခရစ်တော်၏လက်ဝါးကပ်တိုင်

Unicode & Zawgyi Reshare-#9Dan
“နိဒန်း”

ခရစ်တော်၏လက်ဝါးကပ်တိုင်သည် ခရစ်ယာန်တို့၏ အခြေခံပုံသေ ယုံကြည်ချက်အားလုံးတို့၏ ပေါက်ဖွားရာ အရပ်နှင့် အခြေခံရှုမြင်ရသောအရာပင်ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာနှင့် ခရစ်ယာန်ယဉ်ကျေးမှုတို့၏ လက္ခဏာနှင့် မူလအမြစ်ပင်ဖြစ်ပါသည်။

လူ့သမိုင်း၏ လည်ပတ်ရာဝင်ရိုးဖြစ်ပါသည်။ ပထမနှစ်ပေါင်းလေးထောင်သည် ကရာနီကုန်းပေါ်၌ ဖြစ်ပေါ် လာမည့်အရာကိုပုံဆောင်ခြင်း၊ အရိပ်ပေးခြင်း၊ ကြိုတင်ဟောချက်ထုတ်ခြင်းကိုသာပြုခဲ့ပါသည်။ နှစ်ပေါင်းနှစ်ထောင် ကာလအတွင်းလူသားကမ္ဘာသည် ထိုလက်ဝါးကပ်တိုင်၏ အောင်မြင်မှုအရသာကိုထိတွေ့ခံစားနေရပါသည်။
0

သင်ခန်းစာ အမှတ် (၈) သခင်ယေရှုခရစ် အသွေးတော်၏တန်ခိုး Unicode & Zawgyi Reshare-#9Dan

သင်ခန်းစာ အမှတ် (၈) သခင်ယေရှုခရစ် အသွေးတော်၏တန်ခိုး

Unicode & Zawgyi Reshare-#9Dan
“နိဒန်း”

သမ္မာကျမ်းစာသည် “အသွေးနှင့်ပြည့်စုံသောစာအုပ်” bloody book ဖြစ်ကြောင်း ခေတ်ပေါ်လွှတ်လပ်ရေးဝါဒီ တရားဟောဆရာများ(liberal teachers) ကပြောဆိုတတ်ကြပါသည်။ တနည်းအားဖြင့် အမှန်ပင်ဖြစ်ပါသည်။ အာဒံနှင့် ဧဝတို့၏အပြစ်ကြောင့် ရှက်ကြောက်နေမှုကို အကာအကွယ်ပေးရန် သိုးငယ်တစ်ကောင်ကို သတ်၍အသွေးသွန်းခဲ့ရ သော ကမ္ဘာဦးကျမ်း ၃း၂၁ မှ စ၍ သန့်ရှင်းသူတို့သည် စာတန်အား “သိုးငယ်၏အသွေးအားဖြင့်”အောင်မြင်ကြောင်း ဖော်ပြထားသော ဗျာဒိတ်ကျမ်း ၁၂း၁၁ တိုင်အောင်သမ္မာကျမ်းစာသည် အသွေးသွန်းခြင်းအကြောင်း မှတ်မှတ်ရရ ဖော်ပြသော စာအုပ်ဖြစ်ပါသည်။
0

သင်ခန်းစာ အမှတ် (9) ယေရှုခရစ်၏ ရှင်ပြန်ထမြောက်တော်မူခြင်း ၎င်း၏ခိုင်လုံသောအထောက်အထား တန်ခိုးနှင့် ရည်ရွယ်ချက်

 သင်ခန်းစာ အမှတ် (9) ယေရှုခရစ်၏ ရှင်ပြန်ထမြောက်တော်မူခြင်း ၎င်း၏ခိုင်လုံသောအထောက်အထား တန်ခိုးနှင့် ရည်ရွယ်ချက်
Unicode & Zawgyi Reshare-#9Dan
“နိဒန်း”

သခင်ယေရှုခရစ်သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်တော်၏ကောင်းမြတ်သောအသက်တာကြောင့် ပေါ်လွင်လာခြင်းမဟုတ်ဘဲ၊ ခရစ်တော်၏ကောင်းမြတ်သောအသက်တာသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း ကြောင့်ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ ပြင်သစ်ပြည်သား … ခေါ်ဘုရားရှိ၊ မရှိသံသယရှိသူတစ်ဦးက “မင်းတို့ခရစ်ယာန် တွေဟာအလောင်းကောင်မရှိတော့တဲ့သင်္ချိုင်းဂူရဲ့အနံ့နဲ့ အသက်ရှင်နေကြတာပဲ”ဟုပြောဘူးပါသည်။ တမန်တော်များ ၏သွန်သင်ချက်များတွင် ဤအချက်၏စစ်မှန်မှုနှင့် ထူးခြားမှုကိုအလေးအနက်ထားပြီးသဘောပေါက်အောင် လေ့လာ ထားရန် လိုအပ်ပါသည်။
0

The Light of the World ပန်းချီကားအဓိပ္ပါယ်ဖွင့်ဆိုခြင်း Unicode & Zawgyi Reshare-#9Dan

 
The Light of the World ပန်းချီကားအဓိပ္ပါယ်ဖွင့်ဆိုခြင်း

Unicode & Zawgyi Reshare-#9Dan
The Light of the World (1853-54)
William Holman Hunt ရေးဆွဲခဲ့သော ပန်းချီကားဖြစ်သည်။ ဗျာဒိတ်ကျမ်း ၃း၂၀ ဖေါ်ပြသည်။ မူလပန်းချီကားမှာ Keble College, Oxford ဘုရားကျောင်းတွင်ရှိသည်။ ထပ်မံဆွဲထားသည့် ပန်းချီကားကြီးကို စိန့်ပေါဘုရားကျောင်း၊ လန်ဒန်တွင် ပြသထားသည်။

ခရစ်တော်ကို ပုံဖေါ်ရာ၌ ကိုယ်တော့်လက်တော် တစ်ဖက်တွင် မီးထွန်းထားသည့် မီးအိမ်ကိုကိုင်ထားပြီး၊ စပျစ်နွယ်ပင်နှင့် ဖုံးနေသော တစ်ထပ်တိုက်ပုလေး၏ တံခါးကိုခေါက်နေသည်။ သို့ရာတွင် ဤပန်းချီကားကို ဒုတိယအကြိမ်ထပ်ကြည့်သော် မြက်ပင်ပေါင်းပင်များ အဝင်တံခါးရှေ့၌ ပေါက်လျှက်နေသည်ကိုလည်းကောင်း၊ ၊ တံခါးမင်းတုံးကို အတွင်းဖက်မှသာ ဖွင့်နိုင်သည်ကိုလည်းကောင်း မြင်ရသည်။
0

မခွဲမခွာအမြဲသာ ဘုရားရှင်တောင်းဆိုသောပူဇော်သက္ကာ Unicode & Zawgyi Reshare-#9Dan

 မခွဲမခွာအမြဲသာ ဘုရားရှင်တောင်းဆိုသောပူဇော်သက္ကာ

Unicode & Zawgyi Reshare-#9Dan
လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်တွဲဖက် ထမ်းပိုးတင်တော်မူသော အရာကို လူတို့မခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။ (ရှင်မာကု ၁၀း၉)

မခွဲမခွာအမြဲသာ
ကွာရှင်းပြတ်စဲရန် တောင်းခံလာသော ဇနီးမောင်နှံကို သင်းအုပ်ဆရာက ငေးကြည့်နေပါသည်။ ငါတို့က လက်ထပ်ပေးဖို့ပဲ တာဝန်ရှိတာလေ ..ဆိုသောအခါ ..ကွာရှင်းပြတ်စဲဖို့တော့ လုပ်ပေးလို့လဲ ရရမှာပေါ့၊ ဆရာပဲ ကျွန်တော်တို့ကို ပေးစားတာလေ..ဟု အတင်းတရားခံလုပ်ပါလေ၏။ ဆရာတော်က မတတ်နိုင်တော့သဖြင့် ..ဒါဆိုလည်း ဒီနေ့တော့မအားဘူး၊ နက်ဖြန်မှလာခဲ့၊ လုပ်ပေးမယ်။ ဒီစာရွက်တရွက်စီကို ယူသွားပြီး အလွတ်ကျက်ခဲ့၊ အလွတ်ရပြီဆိုရင် နက်ဖန်လာခဲ့ ...ဟု စာတစ်ရွက်စီပေးလိုက်ပါသတဲ့။ အိမ်သို့ရောက်လျှင် ယောင်္ကျားက စာကျက်ရန်ဖွင့်လိုက်ပါ၏။
0

သင်ခန်းစာ အမှတ် (၁၀) အသစ်မွေးဖွားခြင်းဆိုင်ရာသြဝါဒ အသစ်သောမွေးဖွားခြင်း၊ ၎င်း၏သတင်း၊ အဓိပ္ပါယ်၊ မလွှဲမသွေးလိုအပ်ချက်၊ လက္ခဏာနှင့် နည်းစနစ်

  သင်ခန်းစာ အမှတ် (၁၀) အသစ်မွေးဖွားခြင်းဆိုင်ရာသြဝါဒ အသစ်သောမွေးဖွားခြင်း၊ ၎င်း၏သတင်း၊ အဓိပ္ပါယ်၊ မလွှဲမသွေးလိုအပ်ချက်၊ လက္ခဏာနှင့် နည်းစနစ်
 Unicode & Zawgyi Reshare-#9Dan
(The New Birth: Its MESSAGE, MEANING, MUST, MARK AND METHOD.)

“နိဒန်း”

ကျွန်ုပ်တို့၏ကမ္ဘာလောကကြီးသည် ဘာသာတရားများဖြင့် ပြည့်နှက်လျှက်ရှိနေပါသည်။ အမေရိကန် ပြည်ထောင်စုတစ်ခုတည်း၌ပင် ဂိုဏ်းဂဏပေါင်း ၃၀၀ ကျော်နှင့် အဖွဲ့အစည်းပေါင်း ၅၀၀၀ ကျော်ရှိပါသည်။ ဤအဖွဲ့ အစည်းများတို့သည် ဘာသာရေးအသွင်အပြင်ဖြစ်ပါသည်။ သို့ရာတွင် အဖွဲ့အစည်းများအနက် အနည်းငယ်တို့ကသာ အသစ်သောမွေးဖွားခြင်းခံယူလိုကြကြောင်း ပြောပါသည်။ ဒုတိယမွေးခြင်းကိုခံရမည်။
0

ထာဝရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး

 ထာဝရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး

Unicode & Zawgyi Reshare-#9Dan
ယောရှုမှတ်စာ (၅း၁၄) တဖန်ပြန်လည်တွေ့ဆုံဝေငှရခြင်းအတွက် ကျေးဇူးတော်ကိုချီးမွမ်းပါသည်၊ ညီအစ်ကိုများအသင်းတော် ကို အထူးကျေးဇူးတင်ပါသည်။ မဟာချိုင်မှအပြန်တွင် ဆရာတူးဂျာခေါ်၍ လာခဲ့ပါသည်။ ဘန်ကောက် တရုပ်အသင်းတော်တွင်လည်း ဟောကြားရန်ရှိပါသေးသည်။
ဆုတောင်းကြပါစို့။
0

သင်ခန်းစာ အမှတ် (၁၁) ကယ်တင်ခြင်းနည်းလမ်း (The way of salvation)

 သင်ခန်းစာ အမှတ် (၁၁) ကယ်တင်ခြင်းနည်းလမ်း (The way of salvation)

Unicode & Zawgyi Reshare-#9Dan
“နိဒန်း”

ဤလောကကြီးတွင် သမ္မာကျမ်းစာကို စေ့စပ်သေချာစွာ ပိုင်းခြားနားလည်လိုသော ဓမ္မပညာရှင်များအတွက် “ကယ်တင်ခြင်းနည်းလမ်း” သည် ခပ်သိမ်းသောအရာတို့ထက်သာ၍ အရေးကြီးလျှက်ရှိကြောင်း နားလည်သဘော ပေါက်ကြပေလိမ့်မည်။

သင်ခန်းစာအရေးကြီးပုံ (Importance of this lesson)
0

အဘယ့်ကြောင့် ဘုရားသခင်သည် ဧဒင်ဥယျာဉ် အလယ်၌ ကောင်းမကောင်းသိကျွမ်းရာအပင်ကိုထားခဲ့ သနည်း။ - Nathan Gorrel

 
အဘယ့်ကြောင့် ဘုရားသခင်သည် ဧဒင်ဥယျာဉ် အလယ်၌ ကောင်းမကောင်းသိကျွမ်းရာအပင်ကိုထားခဲ့ သနည်း။ - Nathan Gorrel

Unicode & Zawgyi Reshare-#9Dan
လွန်ခဲ့သောစက်တင်ဘာလ ၂၀၁၂ တွင် မယုံကြည်သူ လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် အလုပ်ကိစ္စ ခရီးထွက်ခဲ့ဖူးပါသည်။ တညဉ့်တွင် သူ့ဘာသာနှင့် ကိုယ့်ဘာသာ အကြောင်း အချင်းချင်း မျှဝေကြပြီး အထက်ကမေးခွန်း ပုံစံ မေးခွန်းတစ်ခုမေးခဲ့သည်။ မေးခွန်းမှာ “ဘုရားသခင်ဟာလူတွေကိုချစ်လျှက်နှင့် ဘာကြောင့် ဒီလူတွေကို ဒုက္ခရောက်စေတဲ့အသီးကို ဥယျဉ်မှာထည့်ခဲ့သလဲ?” တော်တော် ခေါင်းစားသောမေးခွန်းဖြစ်ပါသည်း။ ဘုရားသခင်ကို စိတ်ထဲတွင်ဆုတောင်းပြီး မည်သို့ ဖြေခဲ့သည်ကိုပင် သတိမရမိတော့ပါ။ သို့သော် ဤမေးခွန်း၏ အဖြေမှန်ကို နှုတ်ကပတ်တော်၌ရှာဖွေ၍၎င်း၊ ဘုရားသခင်အားဆုတောင်း ခြင်းအားဖြင့်၎င်း အမြဲမေးခွန်းထုတ်ခဲ့ပါသည်။ ထိုမေးခွန်းအကြောင်းအား သန့်ရှင်းသော ဝိညာဉ်တော်ဖွင့်ပြသကဲ့သို့ ယုံကြည်သူအချင်းချင်းတို့အား ပြန်လည်မျှဝေလိုပါသည်။
0

ခရစ်တော်ပျောက်နေသူများအတွက် ခရစ်စမတ်

 ခရစ်တော်ပျောက်နေသူများအတွက် ခရစ်စမတ်

Unicode & Zawgyi Reshare-#9Dan
(လှမင်းသူ)
ခရစ်စမတ်အချိန်ရာက်ပြီ။ ဒီနှစ်မှာလည်း ခရစ်စမတ်ရှိသည်။ မနှစ်ကလည်း ခရစ်စမတ် ရှိခဲ့သည်။ တနှစ်ကလည်း ခရစ်စမတ် ရှိခဲ့သည်။ ခရစ်စမတ် ပေါင်းများစွာရှိခဲ့သည်။ နောက်နှစ်မှာလည်း ခရစ်စမတ် ရှိဦးမည်။ နောက်တနှစ်မှာလည်း ခရစ်စမတ် ရှိဦးမည်။ ခရစ်စမတ်ပေါင်းများစွာ ရှိဦးမည်။
0

သင်ခန်းစာ အမှတ် (၁၂)ရွေးနှုတ်ခြင်း (REDEMPTION)

 သင်ခန်းစာ အမှတ် (၁၂)ရွေးနှုတ်ခြင်း (REDEMPTION)

Unicode & Zawgyi Reshare-#9Dan
“နိဒန်း”

ရွေးနှုတ်ခြင်းသည် သမ္မာကျမ်းစာတွင်ပါဝင်သော သစ္စာတရားဖြစ်၍ သဘောပေါက်နားလည်ခြင်းထက် ကိုယ်တွေ့ ခံစားရသော်သာ၍ မင်္ဂလာရှိသောအရာဖြစ်ပသါည်။ အခြေခံအဓိပ္ပါယ်မှာ “အဖိုးကိုပေး၍ ရွေးနှုတ်ကယ်တင် ခြင်း”ဖြစ်ပါသည်။ သင်နှင့် ကျွန်ုပ်သည် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုသွန်းတော်မူသော အသွေးတော်နှင့် သန့်ရှင်း သောဝိညာဉ်တော်တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် အပြစ်တရား၏ လက်မှလည်းကောင်း၊ စာတန်၏အုပ်စိုးခြင်းနှင့် တန်ခိုးတော်မှလည်ကေင်း၊ ဤလောကနှင့် ပျက်စီးခြင်းမှလည်းကောင်း၊ လွှတ်မြောက်ခြင်း အခွင့်ကိုလက်တွေ့ခံစားနိုင်ကြပြီးဖြစ်သည်။
0

ခရစ်တော်ပျောက်နေသူများအတွက် ခရစ်စမတ် (လှမင်းသူ)

 
ခရစ်တော်ပျောက်နေသူများအတွက် ခရစ်စမတ် (လှမင်းသူ)

Unicode & Zawgyi Reshare-#9Dan
Murann Ezine hours ago ·
ခရစ်စမတ်အချိန်ရာက်ပြီ။ ဒီနှစ်မှာလည်း ခရစ်စမတ်ရှိသည်။ မနှစ်ကလည်း ခရစ်စမတ် ရှိခဲ့သည်။ တနှစ်ကလည်း ခရစ်စမတ် ရှိခဲ့သည်။ ခရစ်စမတ် ပေါင်းများစွာရှိခဲ့သည်။ နောက်နှစ်မှာလည်း ခရစ်စမတ် ရှိဦးမည်။ နောက်တနှစ်မှာလည်း ခရစ်စမတ် ရှိဦးမည်။ ခရစ်စမတ်ပေါင်းများစွာ ရှိဦးမည်။

ခရစ်စမတ်ပေါင်းများစွာကို ကျင်းပသည်။ တနှစ်နှင့်တနှစ်မတူအောင် ကျင်းပသည်။ လူမျိုးတမျိုးနှင့်တမျိုးမတူအောင်ကျင်းပသည်။ တနိုင်ငံနှင့်တနိုင်ငံ မတူအောင်ကျင်းပသည်။ စင်္ကာပူမှာလည်း ခရစ်စမတ်ကို ကျင်းပသည်။ စင်္ကာပူမှာ ဒီဇင်ဘာလဆန်းကတည်းက ခရစ်စမတ်သီချင်းများ ကြားရသည်။ ခရစ်စမတ်သီချင်းများသည် စတိုးဆိုင်များ၊ကုန်စုံဆိုင်များ၊ရှော့ပင်းစင်တာများတွင် ကြိုတင်ကာ ပျံ့လွင့်နေသည်။ ခရစ်စမတ်သစ်ပင်များကိုလည်း အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံ စပြီးတွေ့ရသည်။ တတောင်အမြင့်ကနေ၊ ပေငါးဆယ်ထက်မနည်းမြင့်သည်အထိ အရွယ်အစားစားရှိသည်။ အောက်ခြေကား၊ အောက်ခြေဝိုင်း၊ အောက်ခြေပြား၊ ထိပ်ချွန်၊ထိပ်ကား၊ထိပ်ပြားဖြင့် ပုံစံစုံသည်။ ဆင်ယင်ခြယ်သမှုများကလည်း သူ့ထက်ငါအပြိုင်အဆိုင်။ မီးပြေးတွေကို ပုံစံအမျိုးမျိုးလုပ်သည်။ အရောင်အမျိုးမျိုးဆင်သည်။ မီးပန်းဆိုင်းတွေ၊ မီးရှုးပန်းတွေ၊အလှချယ်မီးလုံးတွေကို နေရာတိုင်းမှာ တွေ့ရသည်။ စင်တာကလော့အရုပ်၊ ရေခဲရုပ်၊ ခရစ်စမတ်ကာတွန်းအရုပ်များကို နေရာများစွာမှာ တွေ့ရသည်။ အရုပ်ဝတ်စုံများကို လူတချို့က ဝတ်ဆင်ကာ လူများကို ဆွဲဆောင်ကြသည်။ ကလေးတွေအတွက်လည်း ခရစ်စမတ် ပျော်ပွဲရွင်ပွဲများကိုလည်း ကျင်းပပေးသည်။ လက်ဆောင်များကိုလည်း အလကားပေးသည်။
0

သတိရပါတယ် ဂျီးဇက်ရယ်

  သတိရပါတယ် ဂျီးဇက်ရယ်
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဒီဇင်ဘာ ၂၃၊ ၂၀၁၂

Unicode & Zawgyi Reshare-#9Dan
ဂျီးဇက် (Jesus) အရှင်ရယ်
သင့်ရဲ့ (God) ဘုရားသခင်ကို
ကျုပ်ရဲ့ ဖန်ဆင်းရှင်ပါလို့
မယုံကြည်နိုင်ပေမဲ့
ကျေးဇူးတော် အနန ္တပါလို့
ပြောပေးပါနော်။
ကျုပ်တို့ဘာသာဝင် အချင်းချင်းကြား
မထားနိုင်ကြတဲ့ မေတ္တာတရားများ
အသင့်ရဲ့ တပည့်တွေ ရင်မှာ
ပြည့်နက်ကာ ပွားနေကြတာ တွေ့တော့
အလွန့်အလွန်ကို လေးစားမိတယ်။
0

မာသာထရီဇာ - myworldtolivein

 
မာသာထရီဇာ - myworldtolivein

Unicode & Zawgyi Reshare-#9Dan
လူ့လောကကြီးနဲ့လူသားတွေအတွက်အသက်ရှင်ပြီးအကျိုးဆောင်ခဲ့သူတွေအနက် မာသာထရီဇာဟာတစ်ဦးအပါအဝင်ပါ။ရှိရှိသမျှကိုယ်ကျိုးစွန့်ပြီးအငယ်ဆုံးသောသူတွေအတွက်
တတ်စွမ်းသလောက်လုပ်ဆောင်သွားခဲ့သူဖြစ်ပါတယ်။ဒီလိုလူတွေအတွက်လုပ်ဆောင်ရခြင်းအတွက်
ဘာကိုမှလည်းမတောင်းဆိုခဲ့သလို၊လုပ်ပေးရလောက်အောင်တန်ကောတန်ရဲ့လားလို့
သံသယလည်းမဖြစ်ခဲ့ပါဘူး။သူမဆီကခွန်အားရယူကြပါစို့။
0

သင်ခန်းစာ (၂၉) ခေတ်ကာလကြီးများကိုလေ့လာခြင်း

  သင်ခန်းစာ (၂၉) ခေတ်ကာလကြီးများကိုလေ့လာခြင်း

Unicode & Zawgyi Reshare-#9Dan
နိဒါန်း

သမ္မာကျမ်းစာလေ့လာရာတွင် သမ္မာကျမ်းစာ၏ မူလစကားလုံးကိုပြောင်းလဲစေခြင်းမပြုလျှင် (သို့မဟုတ်) ဆိုလိုရင်းကိုမပြောင်းလဲစေလျင်၊ နားလည်လွယ်သောသဘော၊ ပို၍လွယ်သောအဓိပ္ပါယ်ဖြင့်လေ့လာနိုင်ပါသည်။ သမ္မာကျမ်းစာကို ခေတ်ကာလအပိုင်းအခြားအလိုက်ခွဲခြားလေ့လာရာတွင်လည်းဝေဖန်သူများရှိပါသည်။ အထူးသဖြင့် Liberal ခေါ်လူတို့၏ဉာဏ်ဖြင့်အနက်ဖွင့်လိုသူများ၊ အနှစ်တထောင်မရှိဝါဒီများ၊ ကတိတော်ဝါဒီများထံမှဝေဖန်မှုခံရ မည်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များ၏ဝေဖန်ချက်များကိုလည်းကြိုးစား၍အဖြေပေးသွားပါမည်။


ခေတ်ကာလဖြင့်လေ့လာမှုကိုလက်ခံသူများသည် သမ္မကျမ်းစာကိုစကားလုံးအတိုင်းတိုက်ရိုက် အမြင်အတိုင်း လက်ခံကြသည်။ သမ္မာကျမ်းစာကိုခေတ်ကာလခွဲခြား၍လေ့လာခြင်းအားဖြင့်သမ္မကျမ်းစာကိုမလွဲမသွေပိုမိုနားလည် စေနိုင်သည်ဟုလည်းယုံကြည်လက်ခံထားပါသည်။

0

ခရစ်ယာန် သမ္မာဟောင်းကျမ်းထဲက သား တရား စီရင်ခန်း

 
ခရစ်ယာန် သမ္မာဟောင်းကျမ်းထဲက သား တရား စီရင်ခန်း

Unicode & Zawgyi Reshare-#9Dan
ဈာန်
ဘီစီ တစ်ထောင်ခန့်က အီစ္စရေးလူမျိုးတွေကို အုပ်ချုပ်ခဲ့တဲ့ ရှောလမုန် (King Solomon) မင်းကြီး လက်ထက် ဖြစ်ပါတယ်။

ပြည့်တန်ဆာမ နှစ်ယောက်ဟာ တစ်အိမ်ထဲမှာ နေပြီး ကလေးမွေးကြတယ်။ တစ်ယောက်သောသူဟာ ညအိပ်နေချိန် ကလေးကို ဖိနင်းမိပြီး မွေးကင်းစ ကလေးလေး ဆုံးသွားတော့ သူ့ကလေးကို အခြားတစ်ယောက်သောသူရဲ့ ကလေး အရှင်နဲ့ တိတ်တစိတ် လဲှလှယ်ထားလိုက်တယ်။

ကလေး အရှင်ရဲ့မိခင် မနက်နိုးလာပြီး သူ့သားကို နို့တိုက်မယ် လုပ်တော့ ကလေးလေးက အသေကောင် ဖြစ်နေတယ်။ ကောင်းကောင်း ကြည့်လိုက်တော့ သူ့သား မဟုတ်မှန်း သိသွားတယ်။ သူ့သား အရှင်ကိုတော့ သူ့ တအိမ်ထဲနေ မိတ်ဆွေ အမျိုးသမီးရဲ့ရင်ခွင် မှာ တွေ့လိုက်တယ်။
0

ချစ်စမ်းမောင် သက်သေခံခြင်း

 
Iron Cross နဲ့ ချစ်စမ်းမောင်
Thursday, 15 November 2012 20:31 ချစ်စမ်းမောင်

Unicode & Zawgyi Reshare-#9Dan
ချစ်စမ်းမောင် သက်သေခံခြင်း
TKBC , Tokyo-Japan
ရှေးဦးစွာ ဘုရားသခင်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
မမျှော်လင့်ပဲနဲ့ လူဒီလောက်များမယ် မမျှော်လင့်ဘူး။ ကချင်လူမျိုးတွေ နဲ့ မိတ်သဟာရဖွဲ့ခွင့်ရတဲ့အတွက် ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ကျွန်တော်ကတော့ အမ်ဝိုင်စီ MYC (Myanmar Young Crusader) ကပါ။ ဘိန်းစားတော့ မဟုတ်ပါဘူး (ရယ်သံများ)။
ဒါပေမဲ့ ဝိုင်စီနဲ့ရှိတဲ့အချိန်မှာ ဘိန်းစားတွေနဲ့ အတူနေခဲ့ပါတယ်။ သူတို့နဲ့ အရမ်းရင်းနှီးသွားတဲ့အခါ သူတို့ဘဝကို နားလည်ရပါတယ်။ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ဝိုင်စီမှာ နေခဲ့တဲ့အခါတော့ ကချင်လူမျိုးတွေနဲ့ မစိမ်းပါဘူး။ အားလုံးက ကိုယ့်ဘေးနားမှာ ကချင်တွေချည်ပဲ ဖြစ်နေတယ်။ ကျွန်တော် ဂျပန်နိုင်ငံကို အခုရောက်လာတာ ၃ခေါက်မြောက် ဖြစ်ပါတယ်။ ပထမဆုံးကတော့ ဂျပန်နိုင်ငံကနေ အာစီယံမြူးဇစ်အနေနဲ့ ဖိတ်ကြားခြင်းခံရပြီး ရောက်ခဲ့ပါတယ်။ နောက် တခါ ဂျေအာစိယံ အနေနဲ့ ၂၀၀၃ဒီဇင်ဘာမှာ ထပ်မံရောက်ခဲ့ပါတယ်။ အရင်အခေါက်တွေတုန်းက မြန်မာအသိုင်းအဝိုင်းများထဲ မရောက်ခဲ့ပေမဲ့ အခုအခေါက်မှာတော့ မြန်မာအသိုင်းအဝိုင်းများနဲ့ နွေးထွေးစွာနဲ့ ဖြေဖျော်ခွင့်ရပါတယ်။
0

ဦးကျော်ဝင်း၏ "အောင်မြင်ခြင်းသော့ချက်" သက်သေခံချက် (Rev. U Khaw Win, Dr , Ph.D)

ဦးကျော်ဝင်း၏ "အောင်မြင်ခြင်းသော့ချက်" သက်သေခံချက် (Rev. U Khaw Win, Dr , Ph.D)

Unicode & Zawgyi Reshare-#9Dan
ဆရာဦးကျော်ဝင်းသည် ဘုရားဘုန်းတော်ထင်ရှားစေသောမြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာပြည်တွင် ၁၉၉၀နောက်ပိုင်း လူတိုင်းအမေရိကန်ဒေါ်လာဘဏ်စာရင်းဖြင့် နိုင်ငံခြားငွေ US$ dollar a/c ဖွင့်နိုင်သော ပထမဆုံးပုဂ္ဂလိကဘဏ် (မေဖလားဝါးဘဏ်) ဖြစ်သည်။ ရန်ကုန်တွင် ATM ပထမဆုံးစတင်ခဲ့ပြီး၊ တစ်နိုင်ငံလုံး ဘဏ်ခွဲပေါင်း ၃၀၀ကျော်ဖွင့်နိုင်ခဲ့သည်။ ရန်ကုန်လေကြောင်းဖြင့် ပထမဆုံး လေယာဉ်ပိုင်သူဖြစ်ခဲ့သည်။ ။ မြန်မာပြည်အစိုးရသစ် ပြုပြင်ပြောင်းလဲရေးတွင်၊ မြန်မာခရစ်ယာန်လူငယ်များ တတပ်တစ်အား ပါဝင်နိုင်ရေး စံနမူနာယူနိုင်ရန် ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။ ကျေးဇူးတော်ချီးမွမ်းခြင်း
ဘုရားသခင်သည် ကြွယ်ဝသောဘုရားသခင် ဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ကောင်းကြီးပေးတဲ့ ဘုရာဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ယခုဘဝ၊ နောင်ဘဝ၊ ဘဝနဲ့ စပ်ဆိုင်တဲ့ ဂတိတော်ကို ပေးနေသော ဘုရားဖြစ်ကြောင်း၊ သက်သေခံဝေငှခွင့် ရတဲ့အတွက် ဘုရားသခင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ အသက်ရှင်တဲ့ အကြောင်းနဲ့ ကျွန်တော့်စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ ဘုရားသခင် မည်ကဲ့သို့ ကောင်းကြီးပေး၍ လမ်းပြခဲ့တဲ့ အကြောင်းများကို သက်သေခံ၊ မဝေငှခင် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံ ဆုဆောင်းကြပါစို့...။
Back to Top Related Posts Plugin for WordPress, Blogger...