0

နောက်ထပ် မာကုပညာရှိကြီးတစ်ပါးအကြောင်း

နောက်ထပ် မာကုပညာရှိကြီးတစ်ပါးအကြောင်း
Unicode & Zawgyi Reshare-#9Dan
Murann Ezine
Options for this story
နောက်ထပ် မာကုပညာရှိကြီးတစ်ပါးအကြောင်း
ခရစ်ယန်ကျမ်းစာအရ အရှေ့တိုင်းက မာကုပညာရှိများ (၃)ပါး၊ လောဗန်၊ မုရန် နဲ့ ရွှေ၊ (၃)မျိုး သူငယ်တော်ကို ဖူးမြင်၊ ပူဇော်၊ လက်ဆောင် ပေးခဲ့တယ် လို့ သိရပါတယ်။ စတ္တုထမြောက် ပညာရှိတစ်ပါး ရှိသေးကြောင်းကို သမိုင်းဆရာတွေ မသေချာလို့ ကျန်ခဲ့ရ ဖြစ်သွားရပါတယ်။ ကျမ်းစာမှာလည်း အတိကျ ရေးမထားပါဘူး။ ကံအားလျှော်စွာ လွန်ခဲ့သော အနှစ်၁၀၀ကျော်လောက်မှ နောက်ထပ် ပညာရှိတစ်ပါးကို လူတွေ သိရှိခဲ့ရပါတယ်။
အဲဒီ ပညာရှိကြီး ၄ပါးဟာ ယုဒလူမျိုးတွေရဲ့ ဘုရင် ဖွားမြင်ပြီလို့ သိပြီး သူငယ်တော် ဖွားမြင်ရာ ယုဒပြည်ကို သွားဖို့ချိန်းဆို လိုက်ပါတယ်။ ၄ယောက်မြောက် ပညာရှိကြီးက သူငယ်တော်အတွက် ပူဇော်သက္ကာ၊ လက်ဆောင်အဖြစ် အလွန်အဖိုးထိုက်တန်တဲ့ နီလာ၊ ပတ္တမြားနဲ့ မဟာပုလဲရတနာ (၃)မျိုးကို ယူဆောင်လာခဲ့ပါတယ်။

သို့သော်လည်း လမ်းခုလပ်မှာ သေခါနီး၊ ဒုက္ခရောက်နေတဲ့၊ လူတစ်ဦး ကယ်သူမဲ့ဖြစ်နေပါတယ်။ ပစ်မထားရက်ပဲ၊ အဲဒီလူကို အသက်ကယ်ဆယ် ပြုစုနေရတာကြောင့် ပညာရှိ၃ဦးနဲ့ ချိန်းထားတဲ့ ကာရာဗင်အရပ်မှာ ဆုံတွေ့ဖို့ နောက်ကျသွားခဲ့ပါတယ်။ ပညာရှိ၃ဦးက မစောင့်နိုင်တော့ပဲ၊ အရင်ထွက်သွားနှင့်ကြတယ်။ သူတို့မှာ ကြမ်းတမ်းတဲ့ သဲကန္တာရကြီးကို ဖြတ်သန်းသွားဖို့ ရိက္ခာ၊ ရေနဲ့ ကုလားအုပ်များနဲ့ သွားရပါတယ်။ စတ္တုထမြောက် ပညာရှိကြီးခမြာ ချိန်းထားတဲ့နေရာမှ နောက်ကျရောက်လာပြီး၊ လွဲသွားပေမဲ့ ထွန်းလင်းတောက်ပတဲ့ ကြယ်ကြီးလမ်းညွှန်ရာ ဆက်လိုက်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဒါပေမဲ့ သူက မြင်းစီးပြီး လာခဲ့သူဖြစ်တော့ သဲကန္တာရခရီးရှည်ကို သွားဖို့ ကုလားအုတ် မပါပဲ မသွားနိုင်ပါဘူး။ ကုလားအုတ်နဲရိက္ခာပစ္စည်းများ ဝယ်ဖို့ လက်ဆောင်ရတနာ ၃ခုထဲက တစ်ခုကို ရောင်ချ လိုက်ရရှာတယ်။
ဒါနဲပဲ ကြယ်လမ်းညွှန်ရာ လိုက်ရင်း သူငယ်တော်ယေရှုမွေးတဲ့ ဘက်လင်မြို့ရောက်တဲ့အချိန်မှာ တော်တော် နောက်ကျသွားပါပြီ။ ဟေရုဒ်မင်းက ကလေးအားလုံး သတ်မိန့်ပေးထားတဲ့အတွက် ယောသပ်၊ မာရိနဲ့ သူငယ်တော်ယေရှုတို့လဲ အဲဂတ္တုပြည်ကို ရှောင်တိမ်း ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။
ပညာရှိကြီး ဘက်လင်မြို့ရောက်ချိန်မှာ ဟေရုဒ်မင်းရဲ့ စစ်သားများ အပြစ်မဲ့ ကလေးငယ်တစ်ဦး၊ သတ်ဖို့လုပ်နေပါတယ်။ ငိုကြွေးနေတဲ့ ကလေးမိခင်နဲ့ မမျှော်လင့်ပဲ ကြုံလိုက်ရတဲ့အချိန်မှာ၊ သူ့နှလုံးသားဟာ ကြေမွသွားပါတယ်။ သတ်ခံရမဲ့ ကလေးငယ်ကို ကယ်တင်ဖို့ ကြိုစားရင် သူ့ရဲ့ ရတနာတစ်ခု ရောင်းချ၊ သုံးစွဲလိုက်ရပါတယ်။
အဲဒီနောက် အဲဂုတ္တုပြည်ကို လိုက်သွားပြီး သူငယ်တော်ကို ရှာဖွေပါတယ်။ မေးမြန်းစုံစမ်းခြင်းများစွာ ကြိုစားပေမဲ့မတွေ့ပါ။ အခြားနိုင်ငံများစွာကိုလည်း လှည့်လည်သွားလာ ရှာဖွေပါတယ်။ ရောက်တဲ့ မြို့ရွာတိုင်းမှာ သူတတ်ကြွမ်းတဲ့ ပညာနဲ့ လုပ်ကိုင်စားသောက်ရင်း၊ ဆင်းရဲသားများ၊ ဒုက္ခရောက်သူများ၊ နာမကျန်းသူများကို ကူညီ၊ လှုဒါန်းခြင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလိုနဲ့ နှစ်ပေါင်း ၃၃နှစ် ကြာညောင်းသွားပါတယ်။ နည်းမျိုးစုံနဲ့ ရှာဖွေသော်လည်း ယေရှုကို မတွေ့တော့ပါဘူး။ ခရီးသွား ပညာရှိကြီး Artaban က ဇွဲမလျှော့ပေမဲ့ အသက်ရွယ် တော်တော် ကြီးရင့်နေပါပြီ။ အရင်ကလို မသွားမလာနိုင်တဲ့ အဖိုးအိုဘဝ ရောက်နေပြီဖြစ်ပါတယ်။
နောက်ဆုံးတော့ အဲဒီလို အိုမင်းနေတဲ့ ပညာရှိကြီးဟာ သတင်းရပါတယ်။ ယေရုဆလင်မြို့မှာ သခင်ယေရှုကို ကားတိုင်ပေါ် အသေသတ်မယ်ဆိုတဲ့ သတင်းဆိုး ပါပဲ။ ကြားသိလိုက်တာနဲ့ မီလောက်မယ်ဆိုပြီး ကာရာနီကုန်းဆီကို အမြန်ဆုံးနည်းနဲ့ လိုက်ပါတော့တယ်။
အဲဒီအချိန်မှာ မမျှော်လင့်ပဲ အပြစ်မဲ့ ငိုယိုကျေကွဲနေတဲ့၊ မိန်းမငယ်တစ်ဦးကို ကျွန်အဖြစ် ရောင်းချနေခြင်နဲ့ ဆုံလိုက်ရပါတယ်။ ကယ်ဆယ်၊ ရွေးနှုတ်ပေးဖို့ဖြစ်လာပါတယ်။ နောက်ဆုံး သူ့လက်ထဲ ကျန်တဲ့ မဟာပုလဲရတနာကို အသုံးပြုပြီး၊ မိန်းမငယ်လေးကို ကယ်ဆယ်လိုက်ရရှာတယ်။
ကာရာနီကုန်းကို သူဆက်သွားမဲ့အချိန်မှာ....
အလွန်ကြီးမားတဲ့ တော်လဲသံကြီးပေါ်ထွက်လာပြီး၊ မြေငလျှင်လှုပ်ခြင်းဖြစ်ပေါ်လာပါတယ်။ သူဟာ ဗိမာန်တော်ကြီး တစ်ခုထဲမှာ ပိတ်မိနေပါတော့တယ်။ ဗိမာန်တော် ကန့်လန်ကာ နှစ်ခြမ်းကွဲသွားပြီး အမိုးပြိုကျလာတဲ့အခါ လူများ ရုတ်ရင်းဆန်ခါ အသက်လု ပြေးလွှားရကြရတယ်။ သူကိုယ်တိုင် သေဘေးက သီသီကလေး လွတ်လာခဲ့ပါတယ်။
နမိတ်လက္ခဏာများဟာ၊ ကာရာနီကုန်း၊ ကားတိုင်ပေါ်မှာ သခင်ယေရှု သေဆုံးသွားပြီ..ဆိုတာ ဖေါ်ပြပါတယ်။ သခင်ယေရှုရဲ့ အလောင်းတော်ကို သယ်ဆောင်လာကြတာကိုပဲ ပညာရှိကြီးခမြာ အလွန်ဝမ်းနည်းစွာနဲ့ ဖူးမြင်ရရှာပါတယ်။
အဲဒီအချိန်မှာ စတ္တုထမြောက် ပညာရှိကြီး ဘဝတသက်တာ ကြိုးစားမှုကြီးဟာ မအောင်မြင်ပဲ အရှုံးနဲ့ အဆုံးသတ်လိုက်ရပြီဖြစ်ကြောင်း သိလိုက်ပါပြီ။ သူ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးပြီပဲ ဆိုပြီး၊ ဘုရားသခင်ထံကို တမ်းတလိုက်ပါတယ်။ အလွန်ဝမ်းနည်းကျေကွဲနေပါတယ်။ အဲဒီအချိန်မှာ အသံတစ်ခု သူကြားလိုက်ပါတယ်။
" Verily I say unto thee, Inasmuch as thou hast done it unto one of the least of these my brethren, thou hast done it unto me,"
" ငါအမှန် ဆိုသည်ကား.. သင်သည် ညီအစ်ကို သုံးဦးပေါ်တွင် သနား ကြင်နာစွာဖြင့်၊ ပြုစုခဲ့သည်မှာ ငါ့အပေါ်၊ ပြုသကဲ့သို့ပင်တည်း..." .. ဆိုတဲ့ အသံကို နားနဲ့ဆတ်ဆတ် ကြားလိုက်ရပါတယ်။
အံ့သြ၊ ဝမ်းမြောက်၊ ကျေနပ်ခြင်း အပြည့်နဲ့ ပညာရှိကြီးလည်း ဘုရားသခင်ကို ကျယ်လောင်စွာ ချီးမွမ်းပြီး သေဆုံးသွားပါတယ်။ သူငယ်တော်ယေရှုကို ပူဇော်ပသဖို့ သူ ယူဆောင်လာတဲ့ လက်ဆောင်များကို ဘုရားသခင်က လက်ခံကြောင်း၊ ကောင်းကင်ဘုံ ရှင်ဘုရင်ကို အသက်ရှင်လျှက် (၃)ကြိမ်တိုင်အောင် တွေ့ခဲ့ပြီး သူယူဆောင်လာတဲ့ နီလာ၊ ပတ္တများ နဲ့ မဟာပုလဲရတနာ တို့နဲ့ ပူဇော် ပေးအပ်နိုင်ခဲ့ကြောင်းကို သူမသေခင် သိရှိ သွားခဲ့ပါတယ်။
ချစ်မိတ်ဆွေ ... သခင်ယေရှုကို ဒီလောကမှာ မြင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သခင်ယေရှုဟာ ဆင်းရဲ၊ ဒုက္ခရောက်သူများ၊ ဖျားနာသေအံဆဲ လူမမာများ၊ မုဆိုးမကြီးများ၊ စသည့် အသွင် သဏ္ဍန်များနဲ့ပဲ ကျွန်ုပ်တို့ထံကို လာလေ့ရှိပါတယ်။ ပင်ပမ်း၍ ဝန်လေးသောသူများ တွေ့ရင် ကူညီဖို့ မမေ့ပါနဲ့...။
x x x x x x x x x x
အခြားပညာရှိတဦး ဆိုတဲ့ ဒီစာအုပ်လေးကို ဟင်နရီ ဗန်ဒါကီ Henry Van Dyre ဆိုသူက ၁၈၉၅ ခုနှစ်မှာ ရေးသား၊ ထုတ်ဝေခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါတယ်။ ၁၉၉၆မှာ လည်း ပုံနှိပ်ခဲ့ပါတယ်။ ရုပ်ရှင်၊ ပြဇတ်၊ ဗွီဒီယိုဇတ်လမ်း အကြမ်များစွာ ဖန်တီး ပြသခဲ့ပါပြီ။ ပညာရှိ ဘယ်နှစ်ဦးလို့ ရှင်မဿဲကျမ်းစာမှာ အတိကျ မရေးထားပေမဲ့၊ လောဗန်၊ မုရန်၊ ရွှေ (၃)မျိုး ဆိုတော့ ပညာရှိ(၃)ပါးလို့ မှတ်တမ်းတင်ခဲ့ပါတယ်။ နောက်ထပ် ပညာရှိတစ်ပါး ဆိုတာ တကယ့်အဖြစ်ပျက်လား လို့ မပြောနိုင်ပေမဲ့ လူသားများအတွက် လက်ဆောင်မွန် ပုံပမာလေးဖြစ်ပါတယ်။ ခရစ်စမတ် မှာ နောက်ထပ်ပညာရှိကြီးတစ်ဦး ဖြစ်ရပ်ဟာ ကျွန်ုပ်တို့ရဲ့ နှလုံးသား ရဲ့ လိုအပ်တဲ့ လက်ဆောင်မွန် ဖြစ်ပါတယ်။ မုရန်
ေနာက္ထပ္ မာကုပညာရွိၾကီးတစ္ပါးအေၾကာင္း
Unicode & Zawgyi Reshare-#9Dan
Murann Ezine
Options for this story
ေနာက္ထပ္ မာကုပညာရွိၾကီးတစ္ပါးအေၾကာင္း
ခရစ္ယန္က်မ္းစာအရ အေရွ႕တိုင္းက မာကုပညာရွိမ်ား (၃)ပါး၊ ေလာဗန္၊ မုရန္ နဲ႔ ေရႊ၊ (၃)မ်ိဳး သူငယ္ေတာ္ကို ဖူးျမင္၊ ပူေဇာ္၊ လက္ေဆာင္ ေပးခဲ့တယ္ လို႕ သိရပါတယ္။ စတၱဳထေျမာက္ ပညာရွိတစ္ပါး ရွိေသးေၾကာင္းကို သမိုင္းဆရာေတြ မေသခ်ာလို႕ က်န္ခဲ့ရ ျဖစ္သြားရပါတယ္။ က်မ္းစာမွာလည္း အတိက် ေရးမထားပါဘူး။ ကံအားေလွ်ာ္စြာ လြန္ခဲ့ေသာ အႏွစ္၁၀၀ေက်ာ္ေလာက္မွ ေနာက္ထပ္ ပညာရွိတစ္ပါးကို လူေတြ သိရွိခဲ့ရပါတယ္။
အဲဒီ ပညာရွိၾကီး ၄ပါးဟာ ယုဒလူမ်ိဳးေတြရဲ့ ဘုရင္ ဖြားျမင္ျပီလို႕ သိျပီး သူငယ္ေတာ္ ဖြားျမင္ရာ ယုဒျပည္ကို သြားဖို႕ခ်ိန္းဆို လိုက္ပါတယ္။ ၄ေယာက္ေျမာက္ ပညာရွိၾကီးက သူငယ္ေတာ္အတြက္ ပူေဇာ္သကၠာ၊ လက္ေဆာင္အျဖစ္ အလြန္အဖိုးထိုက္တန္တဲ့ နီလာ၊ ပတၱျမားနဲ႕ မဟာပုလဲရတနာ (၃)မ်ိဳးကို ယူေဆာင္လာခဲ့ပါတယ္။
သို႕ေသာ္လည္း လမ္းခုလပ္မွာ ေသခါနီး၊ ဒုကၡေရာက္ေနတဲ့၊ လူတစ္ဦး ကယ္သူမဲ့ျဖစ္ေနပါတယ္။ ပစ္မထားရက္ပဲ၊ အဲဒီလူကို အသက္ကယ္ဆယ္ ျပဳစုေနရတာေၾကာင့္ ပညာရွိ၃ဦးနဲ႕ ခ်ိန္းထားတဲ့ ကာရာဗင္အရပ္မွာ ဆံုေတြ႕ဖို႕ ေနာက္က်သြားခဲ့ပါတယ္။ ပညာရွိ၃ဦးက မေစာင့္ႏိုင္ေတာ့ပဲ၊ အရင္ထြက္သြားႏွင့္ၾကတယ္။ သူတို႕မွာ ၾကမ္းတမ္းတဲ့ သဲကႏၱာရၾကီးကို ျဖတ္သန္းသြားဖို႕ ရိကၡာ၊ ေရနဲ႕ ကုလားအုပ္မ်ားနဲ႕ သြားရပါတယ္။ စတၱဳထေျမာက္ ပညာရွိၾကီးချမာ ခ်ိန္းထားတဲ့ေနရာမွ ေနာက္က်ေရာက္လာျပီး၊ လြဲသြားေပမဲ့ ထြန္းလင္းေတာက္ပတဲ့ ၾကယ္ၾကီးလမ္းညႊန္ရာ ဆက္လုိက္ဖို႕ ဆံုးျဖတ္ ခဲ့ပါတယ္။ ဒါေပမဲ့ သူက ျမင္းစီးျပီး လာခဲ့သူျဖစ္ေတာ့ သဲကႏၱာရခရီးရွည္ကို သြားဖို႕ ကုလားအုတ္ မပါပဲ မသြားႏိုင္ပါဘူး။ ကုလားအုတ္နဲရိကၡာပစၥည္းမ်ား ဝယ္ဖို႕ လက္ေဆာင္ရတနာ ၃ခုထဲက တစ္ခုကို ေရာင္ခ် လိုက္ရရွာတယ္။
ဒါနဲပဲ ၾကယ္လမ္းညႊန္ရာ လိုက္ရင္း သူငယ္ေတာ္ေယရႈေမြးတဲ့ ဘက္လင္ျမိဳ႕ေရာက္တဲ့အခ်ိန္မွာ ေတာ္ေတာ္ ေနာက္က်သြားပါျပီ။ ေဟရုဒ္မင္းက ကေလးအားလံုး သတ္မိန္႕ေပးထားတဲ့အတြက္ ေယာသပ္၊ မာရိနဲ႔ သူငယ္ေတာ္ေယရႈတို႕လဲ အဲဂတၱဳျပည္ကို ေရွာင္တိမ္း ထြက္ေျပးသြားၾကျပီ ျဖစ္ပါတယ္။
ပညာရွိၾကီး ဘက္လင္ျမိဳ႕ေရာက္ခ်ိန္မွာ ေဟရုဒ္မင္းရဲ့ စစ္သားမ်ား အျပစ္မဲ့ ကေလးငယ္တစ္ဦး၊ သတ္ဖို႕လုပ္ေနပါတယ္။ ငိုေၾကြးေနတဲ့ ကေလးမိခင္နဲ႕ မေမွ်ာ္လင့္ပဲ ၾကံဳလိုက္ရတဲ့အခ်ိန္မွာ၊ သူ႕ႏွလံုးသားဟာ ေၾကမြသြားပါတယ္။ သတ္ခံရမဲ့ ကေလးငယ္ကို ကယ္တင္ဖို႕ ၾကိဳစားရင္ သူ႕ရဲ့ ရတနာတစ္ခု ေရာင္းခ်၊ သံုးစြဲလိုက္ရပါတယ္။
အဲဒီေနာက္ အဲဂုတၱဳျပည္ကို လိုက္သြားျပီး သူငယ္ေတာ္ကို ရွာေဖြပါတယ္။ ေမးျမန္းစံုစမ္းျခင္းမ်ားစြာ ၾကိဳစားေပမဲ့မေတြ႕ပါ။ အျခားႏိုင္ငံမ်ားစြာကိုလည္း လွည့္လည္သြားလာ ရွာေဖြပါတယ္။ ေရာက္တဲ့ ျမိဳ႕ရြာတိုင္းမွာ သူတတ္ၾကြမ္းတဲ့ ပညာနဲ႕ လုပ္ကိုင္စားေသာက္ရင္း၊ ဆင္းရဲသားမ်ား၊ ဒုကၡေရာက္သူမ်ား၊ နာမက်န္းသူမ်ားကို ကူညီ၊ လႈဒါန္းျခင္းမ်ားစြာ လုပ္ေဆာင္ခဲ့ပါတယ္။
ဒီလိုနဲ႕ ႏွစ္ေပါင္း ၃၃ႏွစ္ ၾကာေညာင္းသြားပါတယ္။ နည္းမ်ိဳးစံုနဲ႕ ရွာေဖြေသာ္လည္း ေယရႈကို မေတြ႕ေတာ့ပါဘူး။ ခရီးသြား ပညာရွိၾကီး Artaban က ဇြဲမေလွ်ာ့ေပမဲ့ အသက္ရြယ္ ေတာ္ေတာ္ ၾကီးရင့္ေနပါျပီ။ အရင္ကလို မသြားမလာႏိုင္တဲ့ အဖိုးအိုဘဝ ေရာက္ေနျပီျဖစ္ပါတယ္။
ေနာက္ဆံုးေတာ့ အဲဒီလို အိုမင္းေနတဲ့ ပညာရွိၾကီးဟာ သတင္းရပါတယ္။ ေယရုဆလင္ျမိဳ႕မွာ သခင္ေယရႈကို ကားတိုင္ေပၚ အေသသတ္မယ္ဆိုတဲ့ သတင္းဆိုး ပါပဲ။ ၾကားသိလိုက္တာနဲ႕ မီေလာက္မယ္ဆိုျပီး ကာရာနီကုန္းဆီကို အျမန္ဆံုးနည္းနဲ႕ လိုက္ပါေတာ့တယ္။
အဲဒီအခ်ိန္မွာ မေမွ်ာ္လင့္ပဲ အျပစ္မဲ့ ငိုယိုေက်ကြဲေနတဲ့၊ မိန္းမငယ္တစ္ဦးကို ကြ်န္အျဖစ္ ေရာင္းခ်ေနျခင္နဲ႕ ဆံုလိုက္ရပါတယ္။ ကယ္ဆယ္၊ ေရြးႏႈတ္ေပးဖို႕ျဖစ္လာပါတယ္။ ေနာက္ဆံုး သူ႕လက္ထဲ က်န္တဲ့ မဟာပုလဲရတနာကို အသံုးျပဳျပီး၊ မိန္းမငယ္ေလးကို ကယ္ဆယ္လိုက္ရရွာတယ္။
ကာရာနီကုန္းကို သူဆက္သြားမဲ့အခ်ိန္မွာ....
အလြန္ၾကီးမားတဲ့ ေတာ္လဲသံၾကီးေပၚထြက္လာျပီး၊ ေျမငလွ်င္လႈပ္ျခင္းျဖစ္ေပၚလာပါတယ္။ သူဟာ ဗိမာန္ေတာ္ၾကီး တစ္ခုထဲမွာ ပိတ္မိေနပါေတာ့တယ္။ ဗိမာန္ေတာ္ ကန္႕လန္ကာ ႏွစ္ျခမ္းကြဲသြားျပီး အမိုးျပိဳက်လာတဲ့အခါ လူမ်ား ရုတ္ရင္းဆန္ခါ အသက္လု ေျပးလႊားရၾကရတယ္။ သူကိုယ္တိုင္ ေသေဘးက သီသီကေလး လြတ္လာခဲ့ပါတယ္။
နမိတ္လကၡဏာမ်ားဟာ၊ ကာရာနီကုန္း၊ ကားတိုင္ေပၚမွာ သခင္ေယရႈ ေသဆံုးသြားျပီ..ဆိုတာ ေဖၚျပပါတယ္။ သခင္ေယရႈရဲ့ အေလာင္းေတာ္ကို သယ္ေဆာင္လာၾကတာကိုပဲ ပညာရွိၾကီးချမာ အလြန္ဝမ္းနည္းစြာနဲ႕ ဖူးျမင္ရရွာပါတယ္။
အဲဒီအခ်ိန္မွာ စတၱဳထေျမာက္ ပညာရွိၾကီး ဘဝတသက္တာ ၾကိဳးစားမႈၾကီးဟာ မေအာင္ျမင္ပဲ အရံႈးနဲ႕ အဆံုးသတ္လိုက္ရျပီျဖစ္ေၾကာင္း သိလိုက္ပါျပီ။ သူ အေကာင္းဆံုး လုပ္ေဆာင္ခဲ့ျပီးျပီပဲ ဆိုျပီး၊ ဘုရားသခင္ထံကို တမ္းတလိုက္ပါတယ္။ အလြန္ဝမ္းနည္းေက်ကြဲေနပါတယ္။ အဲဒီအခ်ိန္မွာ အသံတစ္ခု သူၾကားလိုက္ပါတယ္။
" Verily I say unto thee, Inasmuch as thou hast done it unto one of the least of these my brethren, thou hast done it unto me,"
" ငါအမွန္ ဆိုသည္ကား.. သင္သည္ ညီအစ္ကို သံုးဦးေပၚတြင္ သနား ၾကင္နာစြာျဖင့္၊ ျပဳစုခဲ့သည္မွာ ငါ့အေပၚ၊ ျပဳသကဲ့သို႕ပင္တည္း..." .. ဆိုတဲ့ အသံကို နားနဲ႕ဆတ္ဆတ္ ၾကားလိုက္ရပါတယ္။
အံ့ၾသ၊ ဝမ္းေျမာက္၊ ေက်နပ္ျခင္း အျပည့္နဲ႕ ပညာရွိၾကီးလည္း ဘုရားသခင္ကို က်ယ္ေလာင္စြာ ခ်ီးမြမ္းျပီး ေသဆံုးသြားပါတယ္။ သူငယ္ေတာ္ေယရႈကို ပူေဇာ္ပသဖို႕ သူ ယူေဆာင္လာတဲ့ လက္ေဆာင္မ်ားကို ဘုရားသခင္က လက္ခံေၾကာင္း၊ ေကာင္းကင္ဘံု ရွင္ဘုရင္ကို အသက္ရွင္လွ်က္ (၃)ၾကိမ္တိုင္ေအာင္ ေတြ႕ခဲ့ျပီး သူယူေဆာင္လာတဲ့ နီလာ၊ ပတၱမ်ား နဲ႔ မဟာပုလဲရတနာ တို႕နဲ႔ ပူေဇာ္ ေပးအပ္ႏိုင္ခဲ့ေၾကာင္းကို သူမေသခင္ သိရွိ သြားခဲ့ပါတယ္။
ခ်စ္မိတ္ေဆြ ... သခင္ေယရႈကို ဒီေလာကမွာ ျမင္ရဖို႕ဆိုတာ မျဖစ္ႏိုင္ပါဘူး။ သခင္ေယရႈဟာ ဆင္းရဲ၊ ဒုကၡေရာက္သူမ်ား၊ ဖ်ားနာေသအံဆဲ လူမမာမ်ား၊ မုဆိုးမၾကီးမ်ား၊ စသည့္ အသြင္ သ႑န္မ်ားနဲ႔ပဲ ကြ်ႏ္ုပ္တို႕ထံကို လာေလ့ရွိပါတယ္။ ပင္ပမ္း၍ ဝန္ေလးေသာသူမ်ား ေတြ႕ရင္ ကူညီဖို႕ မေမ့ပါနဲ႕...။
x x x x x x x x x x
အျခားပညာရွိတဦး ဆိုတဲ့ ဒီစာအုပ္ေလးကို ဟင္နရီ ဗန္ဒါကီ Henry Van Dyre ဆိုသူက ၁၈၉၅ ခုႏွစ္မွာ ေရးသား၊ ထုတ္ေဝခဲ့ပါတယ္။ အၾကိမ္ေပါင္းမ်ားစြာ ပံုႏွိပ္ခဲ့ရပါတယ္။ ၁၉၉၆မွာ လည္း ပံုႏွိပ္ခဲ့ပါတယ္။ ရုပ္ရွင္၊ ျပဇတ္၊ ဗြီဒီယိုဇတ္လမ္း အၾကမ္မ်ားစြာ ဖန္တီး ျပသခဲ့ပါျပီ။ ပညာရွိ ဘယ္ႏွစ္ဦးလို႕ ရွင္မႆဲက်မ္းစာမွာ အတိက် မေရးထားေပမဲ့၊ ေလာဗန္၊ မုရန္၊ ေရႊ (၃)မ်ိဳး ဆိုေတာ့ ပညာရွိ(၃)ပါးလို႕ မွတ္တမ္းတင္ခဲ့ပါတယ္။ ေနာက္ထပ္ ပညာရွိတစ္ပါး ဆိုတာ တကယ့္အျဖစ္ပ်က္လား လို႕ မေျပာႏိုင္ေပမဲ့ လူသားမ်ားအတြက္ လက္ေဆာင္မြန္ ပံုပမာေလးျဖစ္ပါတယ္။ ခရစ္စမတ္ မွာ ေနာက္ထပ္ပညာရွိၾကီးတစ္ဦး ျဖစ္ရပ္ဟာ ကြ်ႏ္ုပ္တို႕ရဲ့ ႏွလံုးသား ရဲ့ လိုအပ္တဲ့ လက္ေဆာင္မြန္ ျဖစ္ပါတယ္။ မုရန္

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...