0
သမ္မာကျမ်းစာအုပ်အကြောင်း (၁) ယနေ့ကမ္ဘာမှာလက်ခံအသုံးပြုနေသောသမ္မာကျမ်းစာဖြစ်ပေါ်လာရန်အတွက်
သမ္မာကျမ်းစာအုပ်အကြောင်း (၁)
ယနေ့ကမ္ဘာမှာလက်ခံအသုံးပြုနေသောသမ္မာကျမ်းစာဖြစ်ပေါ်လာရန်အတွက်
Unicode & Zawgyi Reshare-#9Dan
ဘုရားသခင်သည်လူတစ်ယောက်တည်းမဟုတ်ဘဲ လူအတော်များများကိုအသုံးပြုကာ
ရေးသားစေခဲ့ပြီး၊ ကျမ်းစာတစ်အုပ်လုံးကိုပြီးစီးရန်အတွက် နှစ်ပေါင်း ၂ဝဝဝ ပတ်ဝန်းကျင်ခန့် ကြာမြင့်ခဲ့တယ်။ များသောအားဖြင့်သမ္မာကျမ်းစာအုပ်ကို စာအုပ်တစ်အုပ်အနေဖြင့်လူအများက
ထင်ကြပေမဲ့၊ အမှန်တကယ်မှာတော့တစ်အုပ်ထဲမဟုတ်ပါ။ စာအုပ်ပေါင်း (၆၆) အုပ်ကိုတွဲထားခြင်း ဖြစ်ပါတယ်။ အဲဒီ ၆၆ အုပ်တွေဟာ သမိုင်း၊ ပုံပြင်၊ သီချင်း၊ ကဗျာ၊
ဥပဒေသများနှင့် စည်းမျဉ်းစည်းကမ်းများ၊ တရားဟောချက်များ၊ ပေးစာ (letters) များနှင့်
အနာဂတ်အကြောင်းကို ကြိုတင်ဟောထားသည့်အကြောင်းအရာတို့ ပါဝင်ပါတယ်။
သမ္မာကျမ်းစာအုပ်ရဲ့အဓိကထူးခြားချက်တွေကို ဖော်ပြရမယ်ဆိုရင်-
ကမ္ဘာမှာပထမဦးဆုံးပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်ဖြစ်ခြင်း။
ပုံနှိပ်ထုတ်ဝေချိန်မှစပြီးယနေ့ထိတိုင်အောင် (Best Sellers) လို့ခေါ်တဲ့အရောင်းရဆုံး စံချိန်ကိုဆက်လက်ပြီးတော့ ထိမ်းသိမ်းထားဆဲဖြစ်ခြင်း။ (မှတ်ချက်။ ၁၈၁၅ ခုနှစ်မှ၁၉၇၅ ခုနှစ် အတွင်းအုပ်ရေသန်းပေါင်း ၂၅၀၀ ကျော်ဖြန့်ဝေခဲ့ရပြီး Bible Society အဖွဲ့၏ အစီရင်ခံစာအရ နှစ်စဉ်တစ်နှစ်လျှင်အုပ်ရေ ၁ဝ သန်းခန့် ဖြန့်ဝေသို့မဟုတ်ရောင်းချရသည်)
ဂူတင်ဘဂ်မြို့မှာ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာက ပုံနှိပ်ထုတ်ဝေခဲ့တဲ့သမ္မာကျမ်းစာအုပ်ကလေး တစ်အုပ်ကို ၁၉၇၈ ခုနှစ်အောက်တိုဘာလ (၂၂) ရက်နေ့တွင် ဂျပန်နိုင်ငံသား အိချိ ကိုဘာရာရှိ ဆိုသူက မူလပိုင်ရှင် Maruzen ကုပ္ပဏီထံမှ 5.4 Million နှင့် ဝယ်ယူခဲ့ပြီး ကမ္ဘာ့စာပေသမိုင်းမှာ ဈေးအကြီးဆုံးစာအုပ်ဆိုတဲ့ စံချိန်ကိုတင်ထားခြင်း။ <New World Encyclopedia>
ဘာသာစကားပေါင်းအများဆုံးနှင့်ဘာသာပြန်ခြင်းခံရသောစာအုပ်ဖြစ်ခြင်း၊ (ဘာသာစကားအမျိုးပေါင်း ၂၀၀၀ ခန့်နှင့်ဘာသာပြန်ဆိုထားသည်)
ကမ္ဘာ့သမိုင်းကြောင်းကိုဖော်ပြထားတဲ့ ရှေးအကျဆုံးနှင့်အဦးဆုံးသောစာအုပ်ဖြစ်ခြင်း၊ စသည်တို့ဖြစ်ပါတယ်။
Gutenberg Bible of the New York Public Library, bought by
James Lenox in 1847. The first to come to the USA, national
folklore has it that the officers at the New York Customs House
removed their hats on seeing it.
၁၉၇၆ ခုနှစ် Good news Bible ကိုပုံနှိပ် ထုတ်ဝေခဲ့စဉ်ကဝယ်လိုအားများ
လွန်းသောကြောင့်ထိုနှစ်အတွင်းပင် ၂၁ ကြိမ်ပြန်လည်ပြီးတော့ပုံနှိပ်ထုတ်ဝေခဲ့ရ
တယ်။ အဲသည်ကျမ်းစာအုပ်ဟာ ၁၉၇၉ ခုနှစ်မှာအုပ်ရေသန်းပေါင်း ၆ဝ ပုံနှိပ်ထုတ်
ဝေခဲ့ပြီး စံသစ်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။
ဘာဖြစ်လို့များ ဒီသမ္မာကျမ်းစာအုပ်ကို လူတွေဒီလောက်တောင် စိတ်ဝင်တစားဖြစ် နေကြရပါလိမ့်။ ဒီစာအုပ်ထဲမှာဘယ်လိုအကြောင်းအရာတွေကို ရေးသားထားပြီး၊ လူတွေရဲ့ဘဝနဲ့ ဘယ်လိုပတ်သက်ဆက်နွယ်နေပါလိမ့်၊ စဉ်းစားကြည့်ဘူးပါသလား . . .မိတ်ဆွေ ?
အဓိကအားဖြင့်သမ္မာကျမ်းစာကို နှစ်ပိုင်းခွဲထားပါတယ်။ အဲသည်နှစ်ပိုင်း
ကိုဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းလို့ ခေါ်ပါတယ်။ အချိန်ကာလအပိုင်းအခြား
အားဖြင့်တွက်မယ်ဆိုရင် ဓမ္မဟောင်းကျမ်းစာကာလဟာ ဓမ္မသစ်ကျမ်းစာကာလထက်
နှစ်ဆခန့် ပိုရှည်ပြီးတော့ ဘုရားသခင်ရွေးကောက်တော်မူတဲ့လူတွေရဲ့ အကြောင်းများနှင့်
အစ္စရေးလ်လူမျိုးတို့ရဲ့အကြောင်းများကို အဓိက ဖော်ပြထားတယ်ဆိုတာကိုတွေ့ရပါတယ်။
ကမ္ဘာနှင့်လူသားကိုဘုရားရှင်ကစတင်ဖန်တီးခဲ့တဲ့အချိန်ကာလကစပြီးတော့၊ ဝမ်းနည်း
ကြေကွဲဘွယ်ကောင်းသောနေ့ရက်သမိုင်းရာဇဝင်များအကြောင်းကို ရာစုနှစ်နဲ့ချီအောင် ဖော်ပြထားပါတယ်။ ပြီးတော့ ဘေဘီလုံနိုင်ငံ သိမ်းပိုက်ခံရတဲ့အကြောင်းအရာများ၊ နောက်ဆုံး ဘေဘီလုံနိုင်ငံမှ အစ္စရေးလ်လူမျိုးအားလုံးကို ပြည်တော်ပြန်ခွင့်ပေးလိုက်တဲ့အတွက် ဂျေရုရှလင်မြို့ကို ပြန်လည်တည်ထောင်တဲ့အထိ ရေးသားထားပြီး နောက်ပိုင်း
ရာစုနှစ်အနည်းငယ် ခန့်အတွင်းမှာ ဘာတွေဖြစ်တယ်ပျက်တယ်ဆိုတဲ့အကြောင်း မည်သည့်
မှတ်တမ်း တစ်စုံတစ်ခုကိုမျှမတွေ့ရပါ။ အမှောင်ချထားသောထိုကာလအပိုင်းအခြား<dark age> ကိုကျော်လွန်လာပြီးတဲ့နောက် ဓမ္မသစ်ကျမ်းစာရဲ့ကာလအပိုင်းအခြားကိုရောက်လာပါတယ်။
ဓမ္မသစ်ကျမ်းစာမှာ သခင်ယေရှုရဲ့မွေးဖွားခြင်းနှင့် သူရဲ့သက်တော်စဉ် အကြောင်း၊ ခရစ်ယာန်ဘာသာ စတင်ပြန့်နံ့ပုံနှင့် ကနဦးအသင်းတော်များအကြောင်းကို ရေးသားထားပါတယ်။ အနည်းငယ်အသေးစိတ်လေ့လာကြည့် မယ်ဆိုရင် -
(ဆက်လက်ဖော်ပြပါမည်)
နာမတော်မြတ်၌
သောင်းနိုး
မှတ်ချက် (internet မှ website နှင့် e-mail များ၊ Wikipedia၊ Bible Society၊ New World Encyclopedia ၊ သမ္မာကျမ်းစာအုပ် များမှကောက်နှုတ် ကိုးကားတင်ပြထားပါသည် )
သမ္မာကျမ်းစာအုပ်အကြောင်း (၂) >>>>