0

သင်ခန်းစာ အမှတ် (၈) သခင်ယေရှုခရစ် အသွေးတော်၏တန်ခိုး Unicode & Zawgyi Reshare-#9Dan

သင်ခန်းစာ အမှတ် (၈) သခင်ယေရှုခရစ် အသွေးတော်၏တန်ခိုး

Unicode & Zawgyi Reshare-#9Dan
“နိဒန်း”

သမ္မာကျမ်းစာသည် “အသွေးနှင့်ပြည့်စုံသောစာအုပ်” bloody book ဖြစ်ကြောင်း ခေတ်ပေါ်လွှတ်လပ်ရေးဝါဒီ တရားဟောဆရာများ(liberal teachers) ကပြောဆိုတတ်ကြပါသည်။ တနည်းအားဖြင့် အမှန်ပင်ဖြစ်ပါသည်။ အာဒံနှင့် ဧဝတို့၏အပြစ်ကြောင့် ရှက်ကြောက်နေမှုကို အကာအကွယ်ပေးရန် သိုးငယ်တစ်ကောင်ကို သတ်၍အသွေးသွန်းခဲ့ရ သော ကမ္ဘာဦးကျမ်း ၃း၂၁ မှ စ၍ သန့်ရှင်းသူတို့သည် စာတန်အား “သိုးငယ်၏အသွေးအားဖြင့်”အောင်မြင်ကြောင်း ဖော်ပြထားသော ဗျာဒိတ်ကျမ်း ၁၂း၁၁ တိုင်အောင်သမ္မာကျမ်းစာသည် အသွေးသွန်းခြင်းအကြောင်း မှတ်မှတ်ရရ ဖော်ပြသော စာအုပ်ဖြစ်ပါသည်။


သခင်ယေရှုခရစ်တော်၏ အသွေးတော်သွန်းခြင်း၏ အဓိပ္ပါယ် ရည်ရွယ်ချက်နှင့်တန်ခိုးတော်တို့ကို လူသန်း ပေါင်းများစွာတို့သည် သဘောပေါက်နားလည်နိုင်ခြင်းမရှိကြောင်းကို ဖော်ပြသည့် အရာများကိုမြင်တွေ့ရသောအခါ ထိုမိုက်မဲသော အရာကိုစဉ်စား၍ပင်မရပါ။ ဤသင်ခန်းစာတွင် အဘိုးမဖြတ်နိုင်သော ထိုအသွေး၏တန်ဖိုးနှင့် တန်ခိုး အကြောင်းကိုလည်း နားလည်နိုင်စေရန် ပြင်ဆင်ထားပါသည်။

ဤသင်ခန်းစာ အရေးကြီးပုံ။


အစ္စရေးပြည်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီးနောက် သွေးသွန်းခြင်းအားဖြင့် ကျွနု်ပ်သည်အသက်ပြန်ရှင်လာ ရပါသည်။ သွေးလှုရှင်မှာ ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ ကျွန်ုပ်သည် လူငယ်ဘဝကပင်အပြစ်များကို နောင်တရလျက် ဘုရားသခင်ဘက်သို့ ဦးလှည့်ပြီး ခရစ်တော်အားမိမိကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ်လက်ခံခဲ့ပါသည်။ ကျွန်ုပ်အား သန့်ရှင်းစေခြင်း၊ အပြစ်ဖြေလွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို အသွေးတော်အားဖြင့် ပေးခဲ့ပါသည်။ ကျွန်ုပ်သည် ကိုယ်ခန္ဓာ အားဖြင့်လည်းကောင်း၊ ဝိညာဉ်အားဖြင့်လည်းကောင်း၊ ထာဝရကာလ၌ အသွေးအားဖြင့်ကယ်တင်ခြင်းသို့ရောက်ရပါ သည်။ ထိုအလှူရှင်မှာလည်း ဂျူးလူမျိုးတစ်ဦးပင်ဖြစ်ပါသည်။ သွေးသွန်းခြင်းကို တစ်ချိန်က ရိုင်းစိုင်းကြမ်းတမ်းသည် ဟု ယူဆခဲ့ကြပါသည်။ ယနေ့အသွေးသွန်းခြင်းသည် ရွှေထက်ပင် အဖိုးထိုက်တန်နေပါသည်။ ယနေ့ဆေးရုံများ၊ သွေးလှူဘဏ်များ၊ သွေးလှူဘဏ်ကားများဖြင့် သွေးများတောင်းခံနေချိန်တွင် အသက်ကယ်သောသွေး၊ အဖိုးမဖြတ် နိုင်သောသွေးအဖြစ အများအားဖြင့်လက်ခံနေကြပြီးဖြစ်ပါသည်။ တမန်တော်ကြီးရှင်ပေတရုက “ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့အား ရွေးတော်မူသည်မဟုတ် ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေး တော်မူသည်ကို သိမှတ်ကြလော့”ဟု ရေးသားထားပါသည်။ ၁ပေ ၁း၁၈-၁၉။

အပြစ်ဖြေလွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းသည် အသွေးသွန်းခြင်းအားဖြင့် ဖြစ်သည်မှန်လျှင် ဧ ၁း၇။ ဟေ ၉း၂၂။ ဗျာ ၅း၉။ ကမ္ဘာနှင့် စင်္ကြာဝဠာတွင် အပြစ်ဖြေလွှတ်ခြင်းအတွက် အခြားအသွေးသွန်းမှု၊ ပူဇော်သက္ကာပြုမှုမရှိသည်မှန် လျှင် ဟေ ၁၀း၂၆။ အသွေးတော်၏ တန်ဖိုးနှင့် တန်ခိုးတော်အကြောင်းအလေးအနက် သဘောပေါက်အောင် လေ့လာရခြင်းသည် သင့်အတွက် အဓိကကျသော ပြုသင့်ပြုထိုက်သည့်အမှုဖြစ်နေပေလိမ့်မည်။



သင်ခန်းစာ

၁။ အသွေးသွန်းခြင်း၏ ကျမ်း (၂)ပိုဒ်။

(က) ဝတ် ၁ရး၁၁။ အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသော အပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကိုယဇ်ပလ္လင်ပေါ်မှာငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။

(၁) လူ၏အသက်သည် အသွေး၌ရှိကြောင်း သတိပြုရပါမည်။ ခရစ်တော်သည် ကျွန်ုပ်တို့အား သူ၏အသက်ကိုပေးသည် (မာ၊ ၁၀း၄၅၊ ယော ၁၁း၁၇-၁၈) ဟု သမ္မာကျမ်းစာက ဖော်ပြ ထားရာတွင် ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသွေးသွန်းတော်မူခြင်း ဖြစ်ပါသည်။

(၂) တစ်စုံတစ်ခုသောအသွေး၏တန်ဖိုးကို တိုင်းတာရာတွင် ထိုသွေးပိုင်ရှင်၏ အသက်တာ တန်ဖိုးဖြင့် ချိန်ဆရပါသည်။ ခရစ်တော်သွန်းတော်မူသော အသွေးသည် မည်မျှအဖိုးထိုက် တန်သောအရာဖြစ်ပါသနည်း။

(၃) ဤသင်ခန်းစာတွင် ဣသရေလလူမျိုးတို့၏ အပြစ်ကိုဖြေရာတွင် တိရိစ္ဆာန်တစ်ကောင် သေရခြင်းကြောင့် အပြစ်ဖြေလွှတ်ခြင်းခံစားရသည်မဟုတ်ဘဲ ယဇ်ပလ္လင်ပေါ်တွင် အသွေး သွန်းခြင်းကြောင့် ဖြစ်သည်ကို သတိပြုရပါမည်။ ခရစ်တော်၏ကောင်းမြတ်သော အသက် တာ၊ စံပြအသက်ရှင်ခဲ့မှုကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ရသည် ဟု ဖော်ပြသောကျမ်းချက် တစ်စုံတစ်ရာ မတွေ့ရှိရပါ။ သို့ရာတွင် ကရာနီကုန်းကို ယဇ်ပလ္လင် ပြု၍ သွန်းတော်မူသောအသွေးတော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်ရကြောင်း ဖော်ပြ ထား ပါသည်။ ဧ ၁း၇ ။ ၁ပေ ၁း၁၈-၁၉။

(၄) ဤနေရာတွင် အသတ်ခံရ၍ အသွေးသွန်းခြင်းခံရသော တိရစ ္ဆာန်သည် အပြစ်ရှိသော ဣသရေလလူ၏နေရာတွင် လူစားဝင်ရခြင်းဖြစ်ပါသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ကိုယ်စားအသွေးသွန်းခြင်းဖြစ်၍ “မိမိကိုယ်ကို အပ်နှံတော်မူ”ခြင်းဖြစ်ပါသည်။ ဂလ ၂း၂၀။ ဂလ ၁း၄။ တိ ၂း၁၄။

(၅) တိရစ ္ဆာန်၏အသွေးသွန်းခြင်းသည် ပညတ်တရားအရ၊ ဖြောင့်မတ်သော စီရင်တော်မူချက် ကိုပြညွှန်လျက်ရှိပါသည်။ (ယေဇ ၁၈း၄) ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်းကို ကျေနပ် မှုရရှိစေလျက် တရားတော်မူကြောင်းကိုလည်း ထင်ရှားစေပါသည်။

(ခ) ဟေ ၉း၂၂။ “ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်ဖြေလွှတ်ခြင်းမရှိ။

(၁) ခရစ်တော်၏ခန္ဓာကိုယ်သွေးကြောထဲ၌ရှိသော အသွေးသည် အပြစ်ဖြေလွှတ်ခြင်းကိုမပြု။ ရွေးနှုတ်ခြင်းကိုလည်းမပြု။ သွန်းတော်မူသော အသွေးသည်သာ ထိရောက်ပါသည်။

(၂) သွန်းလောင်းသောတိရိစ ္ဆာန်၏ အသွေးသည်အပြစ်ကိုဖုံးလွှမ်းခြင်း၊ ဖုံးအုပ်ခြင်းကိုသာပြု လုပ်နိုင်ပါသည်။ သွန်းတော်မူသော ခရစ်တော်၏အသွေးတော်သည်သာ အပြစ်ကို ပယ်ရှင်း သုတ်သင်နိုင်ပါသည်။ ဟေ ၉း၂၆။

၂။ အပြစ်မဲ့သူ၏အသွေးသွန်းခြင်းအကြောင်း သမ္မာကျမ်းစာဖော်ပြထားချက်များမှ သင်ခန်းစာများ။

(က) အပြစ်မဲ့သောသူ၏ အသွေးသွန်းခြင်းကို ပထမဦးစွာကမ္ဘာဦး ၃း၂၁တွင် တွေ့ရှိရပါသည်။ “ထာဝရ အရှင်ဘုရားသခင်သည် လူလင်မယားတို့သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။

(ခ) သင်ခန်းစာရယူနိုင်သောအချက်များ

(၁) အာဒံသည် မိမိအပြစ်နှင့်အရှက်ကိုဖုံးရန် ကြိုးစားလုပ်ဆောင်ချက်များသည် မတတ်စွမ်းနိုင် သာမကအချည်းနှီးသာဖြစ်ပါသည်။ က ၃း၇-၈။ ထို့အတူလူသားများအနေဖြင့် မိမိတို့ အပြစ် ကိုငြင်းပယ်ဖုံးကွယ်ရန်ပြုလုပ်သောအရာအားလုံးတို့သည်လည်း အာဒံနည်းတူ သင်္ဘောသဖန်းပင်၏အရွက်တို့ဖြင့် ချုပ်စပ်ထားသောအဝတ်များသာဖြစ်ပါသည်။ ဘုရား သခင်ရှေ့ တော်၌ ပုန်းကွယ်၍မရပါ။

(၂) ဘုရားသခင်သည် တရားတော်မူသည်ဖြစ်၍ သူ၏တရားတော်မူခြင်းသည် ကျေနပ်မှုမရမီ ဘုရားသခင်သည် အာဒံအား ကရုဏာမသက်နိုင်။ သင်သည်ကယ်တင်ခြင်းသို့ မရောက်မီ သင်၏အပြစ်များကို ပထမဆုံးစီရင်ရမည်သာ ဖြစ်ပါသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် ကျွန်ုပ်တို့ကိုယ်စား အသေခံတော်မူခဲ့ပါသည်။ ဂလာ ၁း၄။ ၂း၂၀။ ဘုရားသခင်၏တရားတော်မူခြင်းကြောင့် ကျွန်ုပ်တို့ခံထိုက်သောအပြစ်ဒဏ်ပေးပြီးဖြစ်၍ ဘုရားသခင်ကျေနပ်တော်မူသည်။

(၃) အာဒံအတွက်အဖုံးအကာပြုလုပ်နိုင်ရန် တိရိစ္ဆာန်တစ်ကောင်သည် အသတ်ခံရလျက် အသွေးသွန်းရရှာပါသည်။ အပြစ်၏အခ ဒါဏ်သည် သေခြင်းဖြစ်သည်။ ရောမ ၆း၂၃၊ ယေဇကျေလ ၁၈း၄၊ ၂၀တို့ကိုဖတ်ပါ။ ဘာသာရေးအရ လုပ်ဆောင်ခြင်း၊ ကောင်းသော အကျင့် ကို ကျင့်ခြင်းသည် လူတို့၏ အပြစ်ကိုဖုံကွယ်ခြင်းငှာ လုံးဝမတတ်နိုင်။

(၄) ကိုယ်စားပြုပူဇော်သက္ကာပြုခြင်း၏သရုပ်ကို ပထမဦးစွာ ဖော်ပြခြင်းဖြစ်ပါသည်။ အာဒံ (သို့မဟုတ်) အာဒံကိုယ်စား တစ်စုံတစ်ယောက်သောသူသည် အပြစ်အတွက် အသေခံရ မည် ဖြစ်ပါသည်။ ဘုရားသခင်သည် မိမိသနားခြင်းကရုဏာတော်နှင့်အညီ အာဒံကိုယ်စား အသေခံမည့်သူကိုရွေးချယ်လျက် အသေခံစေပါသည်။ ခရစ်တော်သည် ကမ္ဘာဦးကပင် ရွေးချယ်ခြင်းခံရလျက် ကွက်မျက်ခံရသောသူဖြစ်ပါသည်။ ဗျာ ၁၃း၈။ ဘုရာသခင်ပြဋ္ဌာန်း တော်မူသောအလိုတော်အားဖြင့်” (တ ၂း၂၃)ဖြစ်ပါသည်။ ထို့ကြောင့် ပေါလုသည် “ငါ့ကို ချစ်၍ငါ့အဘို့ ကိုယ်ကိုစွန့်တော်မူ၏” (ဂလ ၂း၂၀)ဟုရေးထားနိုင်ခြင်းဖြစ်ပါသည်။

၃။ ခရစ်တော်သွန်းသောအသွေး၌ တန်ခိုးရှိသည်။

(က) ဘုရားသခင်၏တရားတော်မူခြင်း၊ သန့်ရှင်းတော်မူခြင်းကို ကျေနပ်စေနိုင်သောတန်ခိုး။

(၁) က ၃း၂၁ တွင်တွေ့ရှိခဲ့သည့်အတိုင်း အာဒံ၏အပြစ်ကိုစီရင်၍ အပြစ်ဒါဏ်ပေးဆောင်ခြင်း မပြုမီ ဘုရားသခင်သည် ကရုဏာတော်အားဖြင့် အာဒံအား မဆက်ဆံနိုင်။

(၂) ဘုရားသခင်၏ ကရုဏာတော်သည် အားကြီးပေသည်။ ဆာ ၁၀၃း၁၁။ ကရုဏာတော်ကို ဖော်ပြတော်မူခြင်းငှာလည်း အလိုတော်ရှိပါသည်။ တိ ၃း၅-၆ သို့ရာတွင် ဘုရားသခင်သည် အလွန်သန့်ရှင်းတော်မူ၏။ မတရားသောအမှုကို သူတစ်ပါးထက်ပို၍မြင်သူ၊ အဓမ္မ အမှုကို လုံးဝမမြင်လိုသူဖြစ်ပါသည်။ ဟဗက္ကုက် ၁း၃။

(၃) ဘုရားသခင်သည်အပြစ်နှင့် ပတ်သက်လာလျှင် လွန်၍မသွားတတ်၊ သည်းမခံတတ်၊ အချည်းနှီးမကြည့်တတ်၊ ဘုရားသခင်၏ သန့်ရှင်ေးတာ်မူခြင်းပေါ်လွင်ပြီးသောအခါ တရား တော်မူကြောင်း ကျေနပ်ဘွယ်ရှိပြီးသောအခါမှ သာသနားခြင်းကရုဏာတော်နှင့်အညီ ကျွန်ုပ်တို့အား ဆက်ဆံနိုင်သောဘုရားဖြစ်ပါသည်။

(၄) ခရစ်တော်သွန်းတော်မူသောအသွေးအားဖြင့် ကျွန်ုပ်တို့၏အပြစ်များသည် စီရင်ခြင်းခံရ လျက် ဖယ်ရှားခြင်း ခံရပြီးဖြစ်ပါသည်။ ဟေ ၉း၂၆။ ၂၈။ ဟေ ၁၀း၁၂ ဘုရားသခင်သည် တိုင်းဆ၍မရသောကျေးဇူးတော်အားဖြင့် ဧဖက် ၂း၈-၉ ကျွန်ုပ်တို့၏အပြစ်များကို ခရစ်တော်အပေါ်၌တင်တော်မူပြီ။ ၂ကော ၅း၂၁။ ဘုရားသခင်၏ တရားတော်မူခြင်း ပေါ်လွင်လျက်၊ သန့်ရှင်းတော်မူခြင်း၌ကျေနပ်မှုရှိပြီးဖြစ်ပါသဖြင့် ယခုကိုယ်တော်သည် တရားတော်မူသောသူဖြစ်လျက် ယုံကြည်သမျှသောသူတို့အားလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူသောသူ ဖြစ်လာပါသည်။ ရော ၃း၂၆။

(ခ) ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဝတ်လုံကို ပေးနိုင်သောတန်ခိုး

(၁) က ၃း၂၁ ကိုပြန်ကြည့်လျှင် “ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏” ဟုတွေ့ရပါသည်။ဘုရား သခင်သည် လူတို့၏ အပြစ်ကိုဖုံးခြင်းဌါ ဝတ်လုံကိုပေးတော်မူခြင်း၏ ပထမဆုံးသော ကျမ်းညွှန်းဖြစ် ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပုံဆောင်ခြင်းဖြစ်ပါသည်။

(၂) ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ဝတ်လုံကဲ့သို့ မကြာခဏဖော်ပြထား ကြောင်းတွေ့ရပါသည်။

(က) ယောဘ ၂၉း၁၄။ “ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ငါဝတ်ဆင်၏”

(ခ) ဟေရှာ ၆၁း၁၀။ “ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကိုဝတ်ဆင်စေ၍၊ဖြောင့်မတ် ခြင်းဝတ်လုံနှင့်ခြုံတော်မူပြီး။”

(ဂ) ဆာ ၁၃၂း၉။ “ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းတန်ဆာကိုဆင် ၍”

(၃) ယုံကြည်သောသူ အပေါင်းတို့အား ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းသည် ပညတ် တရားနှင့်မစပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဖြစ်လျှင် (ရော ၃း၂၁-၂၂) ဘုရားသခင် ဝတ်ဆင်စေ သောအရာသာဖြစ်ပါသည်။ မာတင်လုသာသည် ၂ ကော ၅း၂၁ ကို ဆင်ခြင်လျှက် ဘုရားသခင်ဝတ် ဆင်စေသော ဖြောင့်မတ်ခြင်နှင့် ပတ်သက်၍ ဤသို့ရေးသားခဲ့ပါသည်။

မည်သူပြုသော အပြစ်ကိုမဆို ကျွနု်ပ်ဖြစ်စေ၊ သင်ဖြစ်စေ၊ ကျွန်ုပ်တို့အားလုံးပြုခဲ့သော အပြစ်များဖြစ်စေ၊ နောင်၌ပြုဦးမည့်အပြစ်များဖြစ်စေ၊ ထိုအပြစ်များအားလုံးကို ခရစ်တော်၌ ကယ်တင်တော်မူလျှက် ခရစ်တော်၏ အပြစ် ဖြစ်စေသည်။ သူကိုယ်တိုက်ပြစ်မှားမိသကဲ့သို့ ဖြစ်စေ သည်။ထို့အတူ ခရစ်တော်၏ဖြောင့်မတ်ခြင်းကိုလည်း ကျွန်ုပ်တို့ကိုယ်တိုင် ဖြောင့်မတ်နေဘိသကဲ့သို့ ၎င်း၊ ခရစ်တော်ဖြောင့်မတ်သကဲ့သို့ အစဉ်ဖြောင့်မတ်သောသူအဖြစ်၌၎င်း တည်စေပါသည်။

(၄) ဘုရားသခင်သည် ထိုဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့အပေါ်၌ တင်တော်မူသည်ဖြစ်၍ ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်းသည် ခရစ်တော် ကိုယ်တော်တိုင်၏ဖြောင့်မတ်ခြင်းဖြစ်ပါသည်။ ၁ ကော ၁၀း၃၀။ ရော ၁၀း၄။ ဖိ ၃း၉။

(၅) ဤအရာများအားလုံးသည် ဖြောင့်မတ်ခြင်းရရှိနိုင်ရန် လူတို့ပြုသောကြိုးစားခြငး၊ မိမိကိုမိမိ အပြစ်မှကယ်တင်နိုငရန် လုပ်ဆောင်ချက်အားလုံးသည် အချည်းနှီးသက်သက်ဖြစ်ကြောင်း ဖော်ပြ လျက်ရှိပါသည်။ က ၃း၂၁တွင် အာဒံ လုံးဝမတတ်စွမ်းနိုင်ကြောင်း တွေ့ရှိရပါသည်။ အာဒံ၏ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကဲ့သို့ပင်ကျေးဇူးတော်အားဖြင့် ဖြစ်လျက် သွန်းသော အသွေးအားဖြင့် ၎င်း၊ ကိုယ်စားဝင်ရောက်ခံစားရသော ပူဇော်သက္ကာအားဖြင့် ၎င်း၊ ပညတ်တရား မပါအကျင့်တရားမပါဘဲ ဘုရားသခင်ဝတ်ဆင်စေတော်မူသောကြောင့် ဖြောင့်မတ်ခြင်းအားဖြင့်သာ ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ရော ၃း၂၁၊ ၂၂း၄း၅။ ဂလာ ၂း၁၆။ ဟေရှာ ၆၄း၆။ စသည် …..။

(ဂ) သန့်ရှင်းသောဘုရား၏မျက်မှောက်တော်တွင် သန့်ရှင်းရာ၌တည်စေတော်မူသော တန်ခိုးတော်

(ရော ၅း၉။ ၃း၂၄-၂၆)

(၁) အပြစ်မရှိ ဖြောင့်မတ်သည်ဟု ဖြောင့်မတ်ရာ၌တည်စေသည်။ (Justified) စကားလုံးသည် ဖြောင့်မတ်ခြင်း (righteousness) နှင့် လုံး၀ ဆက်စပ်လျက်ရှိပါသည်။ ဂရိဘာသာစကား dikaioo မှ ဆင်းသက်သော စကားများဖြစ်ပါသည်။

(၂) နေ့စဉ်အသုံးအနှုန်းအရ “အမှန်ပေးသည်”ဟုဖြစ်ပါမည်။ ကျမ်းစာအရ ဘုရားသခင်၏ မျက်မှောက် တော်တွင် “အပြစ်အနာအဆာမရှိ၊ အပြစ်ကင်းသည်”ဟု အမိန့်ချမှတ်ဆုံးဖြတ်ပေးခြင်းဖြစ်ပါသည်။

(၃) Justification ဆိုသည်မှာ တရားရုံး၌အသုံးပြုသောစကားဖြစ်ပါသည်။ ဖြောင့်မတ်ရာ၌တည်စေ သည်။ ဖြောင့်မတ်သည်ဟု မှတ်ယူသည်ဆိုသည်မှာ တရားရုံးနှင့်သက်ဆိုင်ပါသည်။ သင်သည် ခရစ်တော်ကို ယုံကြည်သောအခါ သင်သည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းဖြင့် ခြုံလွှမ်းဝတ်ဆင် လျက် ရှိပါသည်။ ဖိ ၃း၉။ ရော၃း၂၂ ယုံကြည်သူ အပြစ်သားသည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို ဝတ်ခြုံဆင်မြန်းသောအခါ သင်သည် စင်္ကြာဝဠာကိုအုပ်စိုးစီရင်တော်မူသော တရားသူကြီးသည် ဘုရားသခင်၏ရုံးတော်၌ “အပြစ်မရှိ”ဟူသောစီရင်ချက်ကိုကြားနာရန်သာဖြစ်ပါသည်။

(၄) ဖြောင့်မတ်ရာ၌တည်စေခြင်း Justification သည် အပြစ်ဒါဏ်မှ ကင်းလွတ်ခြင်းသက်သက်မဟုတ် ပါ။ ဘုရားသခင်က ကျွန်ုပ်တို့အားအပြစ်မရှိ၊ အပြစ်နှင့်မသက်ဆိုင်၊ အနာအဆာမရှိ၊ အစွန်း အထင်း မရှိ၊ ပြစ်တင်ရှုံ့ချစရာမရှိဟု စီရင်ချက် ချမှတ်ပေးခြင်းဖြစ်ပါသည်။ ရော ၈း၁။ တစ်ကြိမ်တစ်ခါမျှ အပြစ် မပြုဘူးခဲ့သကဲ့သု့ိပင်ဖြစ်ပါသည်။

(၅) ကျွန်ုပ်တို့ကိုဖြောင့်မတ်ရာ၌ တည်စေခြင်းငှာပြုသောအခွင့်အာဏာတန်ခိုး၏ ဇစ်မြစ်သည်ဘုရား သခင်ပင်ဖြစ်ပါသည်။ ရော ၃း၂၆၊ ၃၀။ ရော ၈း၃၉။ ထိုအခွင့်အရေးကိုလက်ခံရရှိစေသော နည်းလမ်းသည် ယုံကြည်ခြင်းဖြစ်ပါသည်။ ရော ၅း၁။ ဤအခွင့်အရေးပေးရခြင်း၏ အကြောင်းပြ ချက်သည် ကျေးဇူးတော်ဖြစ်ပါသည်။ ရော ၃း၂၄။ ကျွန်ုပ်တို့ဖြောင့်မတ်ရာ၌တည်နေခြင်း၏ အာမခံချက်သည် ခရစ်သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြစ်ပါသည်။ ရော ၄း၂၅။ ထိုသို့ဖြစ်နိုင်ရန် ဆောင်ရွက်သောတန်ခိုးနှင့် ပေးချေသော အဖိုးအခသည် သွန်းတော်မူသော ခရစ်တော်၏ အသွေးတော် ဖြစ်သည်။ ရော ၅း၉။ ၃း၂၃။

(ဃ) သင့်အားအပြစ်နှင့်အပြစ်၏ကျွန်ဘဝမှ ရွေးနုတ်သောတန်ခိုးတော်။ (၁ပေ ၁း၁၈-၁၉။ ဂလာ ၃း၁၃။ ဧ ၁း၇။ ရော ၃း၂၄။)

ရွေးနှုတ်ခြင်းနှင့် ပတ်သက်၍ သင်ခန်းစာ (၁၃)ကိုပြန်ကြည့်ပါ အပြည့်အစုံဖော်ပြထားပါသည်။

(၁) သမ္မာကျမ်းစာတွင် သင်နှင့် ကျွန်ုပ်တို့အား အပြစ်၏ကျေးကျွန်အဖြစ်ရှုမြင်ထားပါသည်။ ယော ၈း၃၄။ ရော ၆း၁၆၊ ရး၁၄။ ဘုရားသခင်၏ပညတ်တော်တို့ကိုချိုးဖောက်ထားသူများဖြစ်၍ သေဒါဏ် စီရင်ထားပြီးဖြစ်ပါသည်။ ရော၊ ၆း၁၆-၂၃။ ၅း၁၂။

(၂) ကျွန်ုပ်တို့ထံမှ ဒုစရိုက်ကိုဖယ်ရှားပေးလျက် အပြစ်၏ကျေးကျွန်ဘဝမှ လွတ်မြောက်မှုပေးနိုင်ရန် အတွက် ပေးဆောင်ရမည့် အဖိုးအခများကိုပေးချေပေးရန် ခရစ်တော်ကလိုလားလျက်ရှိပါသည်။ တ ၂၀း၂၈။ တိ၊ ၂း၁၄။ ထိုပေးချေရသောအဖိုးအခသည် သွန်းလောင်းသော ခရစ်တော်၏အသွေး ဖြစ်ပါသည်။ ၁ပေ ၁း၁၈၊ ၁၉။ ၁ကော ၆း၂၀၊ ၂၃။ ရော ၈း၁။

(၃) ရွေးနှုတ်ခြင်းအယူအဆသည် သင့်အားရွေးနုတ်ဝယ်ယူရန်သာမဟုတ်ဘဲ “အပြစ်၏ကျေးကျွန်၊ ကျွန် ရောင်းရာဈေးကွက်” မှ ရွေးနှုတ်ခေါ်ထုတ်ရန်ဖြစ်ပါသည်။ ဂလာ ၂း၁၃။ ၄း၅ ရွေးနှုတ် Redeem ဟူသော စကားသည် ဝယ်ယူထုတ်ဆောင်လာသည်။ (to buy out from) ဟုအဓိပ္ပါယ်ရပါသည် ထိုစကားအားဖြင့်နောက်ထပ်အရောင်းမခံရတော့ရန်၊ ထိုကျွန်ဈေးမှ ဖယ်ရှားခြင်း၊ အရောင်းအဝယ် လုပ်ခြင်း၊ လက်ပြောင်းလက်လွှဲ၏နောက်ဆုံးအဆင့်သို့ရောက်ရှိပြီး လွတ်မြောက်စေခြင်းကို ဖော် ပြ ပါသည်။

(၄) ခရစ်တော်၌ ယုံကြည်ပြီးသူအား အပြစ်သည် နောက်နောင်တွင်ကျွန်မပြုနိုင်၊ ပညတ်တရားသည် လည်း ကျွန်ရောင်းရာဈေးသို့ နောက်ထပ်မပို့နိုင်။

(၅) ဓမ္မသစ်ကျမ်းပါ ရွေးနှုတ်ခြင်းသည် ထို့တက်ပင် လေးနက်နေပါသေးသည်။ ကျွန်ုပ်တို့အား ဝယ်ယူ၍ ကျွန်ဈေးမှဝယ်ထုတ်ပြီးသည်သာမက ကျွန်ုပ်တို့အား လွတ်လပ်ခွင့်ပေးထားပြီး ဖြစ်ပါသည်။ “lutroo” ဟူသောစကားလုံးဖြစ်လျက် “အဖိုးအခကိုပေးချေ၍လွတ်မြောက်စေသည်”ဟု အဓိပ္ပါယ်ရှိ ပါသည်။

(က) တိ၊ ၂း၁၄ “ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကိုရွေးနုတ်ခြင်းငှာလည်းကောင်း “ဤနေရာတွင် ကျွန်ုပ်တို့ကို အပြစ်ပြုတတ်သော မိမိလိုအင်ဆန္ဒမျာမှလည်း ရွေးနုတ် (လွတ်မြောက်စေ) တော်မူပါ သည်။

(ခ) ၁ပေ ၁း၁၈-၁၉။ “အချည်းနှီးကျင့်ကြံပြုမူခြင်းမှ” ကျွန်ုပ်တို့ကိုရွေးနုတ် (လွတ်မြောက်စေ) တော်မူပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့အား ဘာသာရေးအထုံးအဖွဲ့များမှ လွတ်မြောက် စေပါသည်။

(၆) ဆက်စပ်သောစကားလုံးမှာ lutronဖြစ်ပါသည်။ “ပြန်ပေးငွေ ပေးချေခြင်း” (သို့မဟုတ်) လွှတ်မြောက် စေခြင်းဟု အဓိပ္ပါယ်ရှိပါသည်။

(က) ၁တိ ၂း၆။ လူအပေါင်းတို့ကိုရွေးအံ့သောငှာ ကိုယ့်ကိုကိုယ်စွန့်တော်မူပြီ။

(ခ) မာ ၁၀း၄၅။ လူသားသည် မိမိအသက်ကို စွန့်၍ လူများကိုရွေးခြင်းငှာ ကြွလာသတည်း။

(၇) ခရစ်တော်သည် ကျွန်ုပ်တို့ကို ဝယ်ယူရန်ကြွလာတော်မူရာတွင် အောက်ဖော်ပြပါများထဲမှ ရွေးနုတ် ဝယ်ယူလျက်လွှတ်မြောက်ခြင်းကို ပေးတော်မူပါသည်-

(က) ပညတ်တရား၏ ချည်နှောင်ခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာမှ ဂလ ၃း၁၂။

(ခ) အပြစ်တရား၏ တန်ခိုးနှင့် အုပ်စိုးခြင်းမှ ရော ၈း၂။

(ဂ) စာတန်၏အုပ်စိုးခြင်းနှင့် တန်ခိုးမှ ဟေဗြဲ ၂း၁၅။

(ဃ) ဤလောက၏ ပျက်စီးခြင်းနှင့် ကျွန်ဖမ်းခြင်း၊ ကျွန်ပြုခြင်းမှ

(ဤဆောင်ရွက်တော်မူချက်တို့သည် သွန်းတော်မူသောအသွေးတော်၏ အံ့သြဘွယ်သော တန်ခိုးတော်အားဖြင့်သာ ဖြစ်ပါသည်။ ဟေ ၉း၁၂)

(င) သေစားသေပေးမည့်အစား ထိုပုဂ္ဂိုလ်ရရှိစေသော တန်ခိုး (Propitiation) ရော ၃း၁၂။ ၁ယော ၄း၁၀ နှင့် ၁ယော ၂း၂။

(၁) ကျွန်ုပ်တို့၏ကိုယ်စား၊ အစားထိုးအသေခံမည့်ပုဂ္ဂိုလ်ကို သခင်ယေရှုခရစ်၌ “ယေရှုခရစ်၏ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်” (ရော ၃း၂၆)ရရှိကြောင်းကို သတိပြုရပါမည်။

(၂) ၁ယော ၂း၂တွင် “ထိုသခင်သည် ငါတို့၏အပြစ်ပြေစရာအကြောင်းဖြစ်တော်မူ၏”ဟု ဖော်ပြရာတွင် လူစားဝင်ရကြောင်းနှင့် ၁ယော ၄း၁၀တွင် ဘုရားသခင်သည် ခရစ်တော်ကို ဤလောကသို့စေလွှတ်တော်မူခြင်းသည် ကျွန်ုပ်တို့၏ “အပြစ်ဖြေစရာအကြောင်းဖြစ်စေ ခြင်းငှာ”စေလွှတ်တော်မူခြင်းဖြစ်ကြောင်း ဖော်ပြရာတွင် ကျွန်ုပ်တို့ကိုယ်စား အသေခံရန် ဖြစ်ကြောင်းသတိပြုရပါမည်။

(၃) ခရစ်တော်သည် ယုံကြည်သူတို့၏ ကိုယ်စားအသေခံရန် ကြွလာတော်မူခြင်းဖြစ်လျက် ဘုရားသခင်သည် ခရစ်တော်ကို ဤလောကသို့ စေလွှတ်တော်မူရာ၌လည်း ထိုအကြောင်း အရာအတွက်ပင်ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ထိုအကြောင်းအရာကို ကျွန်ုပ်တို့သည် သိရုံမျှဖြင့် ရပ်တံ့သွားရန်မဟုတ်ဘဲ ထိုအကြောင်းအရာပေါ်တွင် အထူး ဝမ်းမြောက်ကြရမည်ဖြစ်ပါသည်။

(၄) အဓိပ္ပါယ်ကို ကျွန်ုပ်ရိုးရိုးသားသားဖော်ပြနိုင်သမျှဖော်ပြရပါလျှင် -

(က) ဟေဗြဲ ၉း၅ တွင်လည်းကောင်း၊ Septuagint သို့မဟုတ် ဂရိဓမ္မဟောင်းကျမ်းတွင် လည်းကောင်း၊ Propitiation ကို “အပြစ်ဖြေရာပလ္လင်၊ ကျေးဇူးတော်ပလ္လင်”ဟု ဘာသာပြန်ထားပါသည်။

(ခ) ကျေးဇူးတော်ပလ္လင်ဆိုသည်မှာ ကန္တာရထဲ၌ တဲတော်ရှိ သန့်ရှင်းရာ၏ သန့်ရှင်း ရာ အသန့်ရှင်းဆုံးဌာနတော်တွင်ထားရှိသော ပဋိညာဉ်ကျောက်ပြားထည့်ထား သော သေတ္တာအဖုံးဖြစ်ပါသည်။

(ဂ) တစ်နှစ်လျှင်တစ်ကြိမ် အပြစ်ဖြေရာနေ့ရက်၌ ဝက်၊ ၁၆း၁၄ နှင့် ဟေဗြဲ ၉း၇။ ဣသရေလတို့၏ယဇ်ပုရောဟိတ်မင်းသည် ထိုကျေးဇူးတော်ပလ္လင်၏ အစွန်း လေးဘက်တို့၌ အသွေးကိုပက်ဖျန်းရပါသည်။

(ဃ) ဤသို့လျှင် သန့်ရှင်းရာဌာနနှင့် ကျေးဇူးတော်ပလ္လင်တို့သည် လူနှင့် ဘုရားဆက် သွယ်ရာဌာနဖြစ်လာရပါသည်။ ထွ ၂၅း၂၁-၂၂။ ဘုရားသခင်သည် ထိုပက်ဖျန်း ထားသော အသွေးကိုမြင်တော်မူသောအခါ ဣသရေလလူမျိုးတို့၏အပြစ်များကို ဝန်ချတောင်းပန်ပြီးဟု မှတ်ယူသည်။ ချိုးဖောက်ခြင်းခံရသော ပဋိညာဉ်တရား တော်အတိုင်းပြန်လည် တည့်မတ်နေပြီဟုလည်း မှတ်ယူသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် ကျေနပ်မှုရရှိပြီးဖြစ်သည် ဘုရားသခင်၏တရားတော်မူခြင်းမှာ လည်းထင်ရှား ပေါ်လွင်ပြီးဖြစ်သည်။ ထိုအခါတရားစီရင်ရာ၊ ပလ္လင်ဖြစ်မည့် ထိုပလ္လင်သည် ကျေးဇူးတော်ပလ္လင်ဖြစ်လာရပါသည်။ ယခုအခါ ဘုရားသခင် သည် ဣသရေလလူတို့၏ ယဇ်ပုရောဟိတ်မင်းနှင့် နှစ်သက်ဘွယ်မိသဟာယဖွဲ့ နိုင်ပြီးဖြစ်ပါသည်။ ဟေဗြဲ ၉း၁၀-၁၅ကိုဖတ်ပါ။

(င) ကျွန်ုပ်တို့နှင့် ပတ်သက်၍ ပြောရလျှင် ဤစင်္ကြာဝဠာ၌အလွန်သန့်ရှင်းတော် မူသော ဘုရားသခင်နှင့် မထိုက်မတန်အပြစ်များလှသော သင်နှင့် ကျွန်ုပ်ကဲ့သို့ သောအပြစ်သားတို့ ရင်းနှီးချိုသာစွာ မိတ်သဟာယဖွဲ့နိုင်သော အရပ်တစ်နေရာ သာရှိပါသည်။ ထိုအရပ်သည် လက်ဝါးကပ်တိုင်ဖြစ်ပါသည်။

(စ) ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော် ဟေဗြဲ ၉း၁၁သည် လက်ဝါး ကပ်တိုင်ပေါ်၌ မိမိအသွေးကိုသွန်းတော်မူသောအခါ ၁ယော ၄း၁၀ သူသည် ကျွန်ုပ်တို့၏ ကျေးဇူးတော်ပလ္လင်ဖြစ်လာရပါသည်။

(ဆ) Propitiation ကိုယ်စားဝင်၍အသေခံခြင်းသည် ခရစ်တော်အနေဖြင့် ကျွန်ုပ်တို့ ကိုယ်စားဘုရားသခင်အတွက် ဆောင်ရွက်တော်မူသောအမှုဖြစ်ပါသည်။ အသွေး ကိုသွန်းတော်မူသောအမှုဖြစ်ပါသည်။ အသွေးကိုသွန်းတော်မူသောအခါ အပြစ် ၏အခ၊ အပြစ်ဒါဏ်ကို ပြည့်စုံစွာပေးဆောင်ပြီဟု ဘုရားသခင်ကလက်ခံတော်မူ သည်။ ချိုးဖောက်ခြင်းခံရသောပညတ်တော်သည်လည်း ပြည့်စုံခြင်းသို့ရောက်ရ သည်။ ကိုယ်တော်၏သန့်ရှင်းခြင်းသည် ကျွန်ုပ်တို့အပြစ်နှင့် ပတ်သက်၍ ကျေနပ်မှုရရှိသည်။ ဘုရားသခင်တရားတော်မူကြောင်းကိုလည်း ပေါ်လွင်စေပါ သည်။

(ဇ) ထို့ကြောင့် နောင်တရလျက် သခင်ယေရှုခရစ်တော်ကို ယုံကြည်သောအပြစ်သား သည် သခင်ယေရှုသွန်းတော်မူသော အသွေးတော်ကြောင့် ထိုလက်ဝါးကပ်တိုင် ၌ အတိုင်းအဆမရှိ သန့်ရှင်းတော်မူသောဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခွင့် ရရှိပါသည်။

(စ) ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေသောတန်ခိုး (Reconicilation)

ကော ၁း၂၀-၂၁။ ရော ၅း၁၀။ ၂ကော ၅း၁၈-၁၉။ ဧ ၂း၁၆။ ဟေ ၂း၁၇ တို့ကို သေချာစွာဖတ်ပါ။

(၁) ဘုရားသခင်အား ကျွန်ုပ်တို့နှင့် ပြန်လည်သင့်မြတ်စေသည်ဟုမည်သည့်အခါမျှမသုံး ကြောင်းကို သတိပြုရပါမည်။ ဘုရားသခင်သည် ဘယ်သောအခါမျှကျွန်ုပ်တို့၏ ရန်သူ မဖြစ်ခဲ့ပါ။ တစ်ခါမျှအပြစ်မပြုဘူးချေ။ သင်နှင့် ကျွန်ုပ်သည်သာ ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ရန်လိုနေပါသည်။ ၂ကော ၅း၁၉ ကော ၁း၂၁။

(၂) ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သင့်မြတ်မှုရရှနိုင်ရန်ဘာမျှပြုလုပ်နိုင်ခြင်းမရှိကြောင်းကို သတိပြုရပါမည်။ ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသော ခရစ်တော်သည် ထိုအမှုကိုဆောင်ရွက်ပေးပါသည်။ ဟေ ၂း၁၇။

(၃) Reconcilation ပြန်လည်သင့်မြတ်ခြင်းသည် Propitition ကိုယ်စားအသေခံခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အပြစ်ရှိသောလူသားတို့၏ ကိုယ်စားအစာထိုးဝင်ရောက်၍ အသေခံခြင်းသည် ထိုအပြစ်သားများအတွက် ဘုရားသခင်ထံသို့ ခရစ်တော်ဆောင်ရွက် ပေးသောအမှုဖြစ်ပါသည်။ Reconcilation ပြန်လည်သင့်မြတ်ခြင်းသည် ဘုရားသခင် ကိုယ်စားလူသားတို့ထံခရစ်တော်ကဆောင်ရွက်ပေးသောအမှုဖြစ်ပါသည်။ ဘုရားသခင် တောင်းဆိုသော အရာများကိုပြီးပြည့်စုံအောင်ပေးဆပ်ခြင်းကို ပထမဆောင်ရွက်လျက် ဒုတိယတွင် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပါသည်။

(၄) ပြန်လည်သင့်မြတ်စေခြင်းဖြင့် စိတ်နှလုံးထဲ၌ ရန်သူဖြစ်ခြင်းကို ဖယ်ရှား၍ ရော ၅း၁၀၊ ကော ၁း၂၁။ ဧ ၃း၁၆။ အပြစ်ကိုအမြစ်မှဆွဲနှုတ်၍ အဖိုးအခပေးရန်ရှိသည်များပေးချေပြီး သုတ်သင်ပယ်ရှင်းတော်မူသည်။ ၂ကော ၅း၁၉။ ဟေ ၉း၂၆။ ၁း၃။ တံတိုင်းသဖွယ် ဖြစ်နေသော အဆီးအတားများကို ကြိုဖျက်တော်မူပြီး ဧ၂း၁၄။ တစ်ချိန်က ဘုရားသခင်နှင့် ဝေးကွာလျက်ဘုရားသခင်ကို ရန်ဘက်ပြုနေသော သင်နှင့် ကျွန်ုပ်သည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်မှုရရှိပါသည်။ ကော ၁း၁၉။ စစ်ပွဲပြီးဆုံးပြီးဖြစ်သည်။ ခရစ်တော်၏ အသွေးတော်အားဖြင့် စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုပြီး ဖြစ်ပါသည်။ ကော ၁း၂၀။

(ဆ) ပြည့်စုံသောဆေးကြောခြင်းနှင့် အပြစ်ဖြေလွှတ်ခြင်းရရှိစေသောတန်ခိုး။

ဧ ၁း၇။ မ ၂၆း၂၈။ ၁ယော ၁း၇-၉

(၁) အသွေးမသွန်းလောင်းဘဲ အပြစ်ဖြေလွှတ်ခြင်းမရှိဟု ဟေဗြဲ ၉း၂၂ တွင် ပြတ်သားစွာ ဖော်ပြထားပါသည်။ သင်သည် ဘုရားသခင်စေလွှတ်တော်မူသော ခရစ်တော်ကို ယုံကြည်လက်ခံသောအခါ ဘုရားသခင်သည် သင်၏အပြစ်များကို အဝေးသို့ပို့လွှတ်၍ ထိုအပြစ်များကို သင်နှင့်ဝေးစေပါသည်။

(၂) အပြစ်ဖြေလွှတ်ခြင်း၏ ဝမ်းမြောက်ခြင်းဆိုသည်မှာ သင်နှင့်အပြစ်များ သင့်၌ မရှိတော့ ကြောင်းသိရှိသောအခါ သင်ရရှိသောဝမ်းမြောက်ခြင်းဖြစ်ပါသည်။ ထိုအပြစ်များ “သုတ်သင်ပယ်ရှင်း”ပြီးဖြစ်ပါသည်။ ဟေ ၉း၂၆။ “ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တိ့ု၏အပြစ်ကို လွှတ်တော်မူ”ပြီ။ ဧ ၄း၃၂။

(၃) လူသားတို့၏အပြစ်ဖြေလွှတ်ခြင်းနှင့် ဘုရားသခင်၏အပြစ်ဖြေလွှတ်ခြင်းတို့သည် များစွာ ခြားနားနေပါသည်။ လူသားတို့၏အပြစ်ဖြေလွှတ်ခြင်းတွင် အပြစ်ဒါဏ်ကိုခံယူစေခြင်းမပြု ဘဲ ဖယ်ရှားထားပါသည်။ အပြစ်အတွက် အပြစ်ဒါဏ်ကို မပေးဘဲထားပါသည်။ ထို့ကြောင့် အပြစ်သည် စီရင်ခြင်းမခံရဘဲရှိနေပါသည်။ သို့သော် ကျူးလွန်ခြင်းအမှုကို ဘယ်တော့မှ မမေ့နိုင်ကြပါ။ ဘုရားသခင်သည် သင်နှင့် အကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်သောအခါ ထိုသို့မဟုတ် လုံးဝကွဲပြားခြားနားပါသည်။ ဓမ္မသစ်ကျမ်းစာတွင်ဖြစ်စေ၊ ဓမ္မဟောင်းကျမ်း တွင်ဖြစ်စေ၊ အပြစ်၏အဖိုးအခကို ပြေလည်အောင်မပေးဆပ်မီတိုင်အောင်လည်းကောင်း၊ အပြစ်ကိုမဖယ်ရှားမီလည်းကောင်း ဘုရားသခင်သည် ဘယ်သောအခါမှ အပြစ်ဖြေလွတ် ခြင်းမပြုပါ။ အပြစ်ဖြေလွှတ်ပြီးသောအခါ ကျူးလွန်ခဲ့သောအပြစ်ကို၊ မမှတ်သားတော့ပါ။ ဟေ ၁၀း၁၇-၁၈။ ဘုရားသခင်၏အပြစ်ဖြေလွှတ်ခြင်းသည် အသွေးသွန်းခြင်း၌ အခြေခံပါ သည်။

(၄) သင်နှင့်ကျွန်ုပ်တို့သည် အပြစ်ရှိသောသူ၊ မရေရာသောသူအားကိုးရန်မရှိ၊ ဘုရားသခင် ရှေ့၌ မျက်နှာသာရရန် မတတ်စွမ်းနိုင်သူအပြစ်သားများဖြစ်ကြပါသည်။ အပြစ်ဖြေ လွှတ် ခြင်း ရရှိရန် ကုသိုလ်မပြုနိုင်သူများဖြစ်ပါသည်။ တိ ၃း၅-၆။ ဧ ၂း၈-၉။ ဘုရားသခင်သည် သနားခြင်းကရုဏာတော်နှင့်အညီ ခရစ်တော်ကို စေလွှတ်တော်မူလျက် ထိုခရစ်တော် သည် မိမိအသွေးသွန်းတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်များကို သုတ်သင်ဖယ်ရှင်း တော်မူပြီး ဖြစ်သည်။ ထိုအပြစ်များသည် မည်သည့်အခါမျှ ပြန်လည်သတိရတော့မည် မဟုတ်ပါ။ ဟေရှာ ၃၈း၁၇။ ၄၄း၂၂။ ဟေဗြဲ ၈း၁၂။ ၁၁း၁၇။

(၅) ကျွန်ုပ်တို့၏ အပြစ်များအားလုံး၊ လုံးဝအပြစ်လွှတ်ပြီးသည်သာမက ခရစ်တော်၏ အဖိုး ထိုက်လှသော အသွေးတော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်များ အမြစ်မှဆွဲနုတ်ဖယ်ရှင်းလျက် ဆေးကြောသန့်စင်ထားပါသဖြင့် သန့်ရှင်းတော်မူသော ဘုရားသခင်ရှေ့တော်၌ သန့်ရှင်း စင်ကြယ်လျက်ရှိနေပါသည်။

(က) ဟေ ၁း၃ “ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှားပြီး လျှင်”

(ခ) ဗျာ ၁း၅။ “ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍”

(ဂ) ၁ကော ၆း၁၁။ “ဆေးကြောသန့်စင်၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ”။

(ဃ) ဗျာ ရး၁၇။ “မိမိဝတ်လုံကို သိုးသငယ်၏အသွေး၌လျော်၍ ဖြူစေသောသူဖြစ်ကြ သတည်း။

(၆) ဘုရားသခင်သည် မှတ်တမ်းကိုလုံးဝအမှတ်မရှိအောင် ဖျက်ပြီးဖြစ်၍ တစ်နေ့ သောအခါ “သန့်ရှင်းလျက်အပြစ်ကင်းလျက်ရှိသည်ဖြစ်၍ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်း” မရှိဘဲ ခရစ်တော်အားဆက် သခြင်း ခံရမည်ဖြစ်ပါသည်။ ဧ ၅း၂၇။

(ဇ) စာတန်၏ဉာဏ်နီဉာဏ်နက်နှင့် တန်ခိုးတို့ကို အောင်နိုင်သော တန်ခိုး။ ဗျာ ၁၂း၀၀-၁၁ကိုဖတ်ပါ။

(၁) စာတန်အားမိမိနေရင်း အရပ်မှသူ၏ ပုန်ကန်မှုကြောင့် ဖယ်ရှားနှင်ထုတ်ခဲ့သော်လည်း ဟေ ၁၆း၁၂-၁၅။ ယေဇ ၂၈း၁၅-၁၇။ သူသည် ဆက်လက်အသက်ရှင်လျက် လောကတွင် ကောင်းစွာလှုပ်ရှားလျက်ပင်ရှိနေပါသည်။ ယောဘ ၁း၆-၇။

(၂) စာတန်သည် ယနေ့တိုင်အောင် -

(က) ဤလောက၏ ဘုရားဖြစ်လျက်၊ ဧဝံဂေလိတရား၏ အလင်းကို မမြင်စေခြင်းငှာ ဉာဏ်မျက်စိကို ကွယ်စေပါသည်။ ၂ကော ၄း၄။

(ခ) ဤလောကကို အစိုးရသော မင်းဖြစ်လျက် လောက၏အုပ်စိုးမှုစနစ်အားလုံးကို ချုပ်ကိုင်သောသူဖြစ်ပါသည်။ ယော ၁၄း၃၀။ ၁၂း၃၁။

(ဂ) သန့်ရှင်းသူတို့အား ဆန်ခါချ၍ စကော၌ လှိမ့်နေဆဲပင်ဖြစ်သည်။ လု ၂၂း၃၁။

(ဃ) အဘယ်သူကို ဝါးမျိုရမည်နည်းဟု ရှာဖွေနေသည်။

အင်အားကြီးမားလှသော ငါတို့၏ရန်သူဖြစ်ပါသည်။ ၁ပေ ၅း၈။

အသေးစိတ်လေ့လာနိုင်ရန် သင်ခန်းစာ (၅)ကို ပြန်ကြည့်ပါ။

(၃) စာတန်သည် တစ်ချိန်တည်းတွင် နေရာတိုင်း၌ မရှိနိုင်သော်လည်း တန်ခိုးရှိလျက် လှည့်ဖြားတတ် သော သဘောနှင့် ပြည့်စုံ (၂သက် ၂း၉-၁၀၊ ဗျာ ၁၂း၉) သော်လည်း ခရစ်တော်၏အသွေးတော်ကို မယှဉ်နိုင်ပါ။ ခရစ်တော် ပူဇော်သက္ကာအားဖြင့် ယုံကြည်သူတို့အတွက် စာတန်၏ တန်ခိုးသည် ချေဖျက်ခံရပြီးဖြစ်ပါသည်။ ဟေ ၂း၁၄-၁၅ သွန်းတော်မူသော အသွေးတော်အားဖြင့် ရရှိသော အောင်မြင်ခြင်းကိုစွဲကိုင်လျက် ယုံကြည်သူသည် အောင်မြင်စွာ အသက်ရှင်နိုင်ပါသည်။

ဗျာ ၁၂း၁၀-၁၁။ ဧ ၆း၁၆။ ၁ယော ၄း၄။ ၁ယော ၃း၈။ ယာ ၄း၇။

(ဈ) ဘုရားသခင်၏အထံတော်သို့ တိုက်ရိုက်ဆက်ဆံနိုင်သောလမ်းဖွင့်ပေးသောတန်ခိုး။ ဟေ ၁၀း၁၉။

(၁) ယခု ကျွန်ုပ်တို့သည် ကျေးဇူးတော်ပလ္လင်သို့ ရဲရင့်စွာဝင်ရသောအခွင့်ရှိပြီးဖြစ်ပါသည်။

ဟေ ၁၀း၁၉-၂၀။

(၂) ကိုယ်ခန္ဓာတည်းဟူသော ကန့်လန့်ကာအားဖြင့် အသက်လမ်းသစ်တွင် ငါတို့သည် သန့်ရှင်းရာဌာနထဲသို့ဝင်ရကြပြီ။ ဟေ ၁၀း၂၀။

(၃) ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိစေရန် အတားအဆီးအားလုံး ခရစ်တော်၏ အသွေးတော်အားဖယ်ရှားပြီးဖြစ်ပါသည်။ ထို့ကြောင့်ယခုလိုအပ်သော အချိန်တွင် ကျေးဇူး တော်အားဖြင့် ကျေးဇူးတော်ပလ္လင်တော်သို့ တိုက်ရိုက် ဝင်ရသောအခွင့်ရရှိပါသည်။ ဟေ၊ ၄း၁၆။

(ည) ခရစ်တော်၏အသွေးတော်သည် ကျွန်ုပ်တို့အား နေ့စဉ်ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လျက် အသက်ရှင်နေရန်တန်ဘိုးရှိပါသည်။ ၁ယော ၁း၇။

(၁) ကျွန်ုပ်တို့အား ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန်အသွေးတော်အားဖြင့် ပို့ဆောင်သည် သာမက။ ဧ ၂း၁၃။ ထိုအသွေးတော်သည်ပင်လျှင် ဘုရားသခင်နှင့် အစဉ်မိတ်သဟာယ ဖွဲ့နိုင်ရန်မစလျက်၊ ထိုမိတ်သဟာယဖွဲ့ခြင်း၌တည်စေတော်မူပါသည်။ (၁ယော ၁း၇)

(၂) အကယ်၍ ယုံကြည်သူသည် ချော်လဲ၍ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့နိုင်ခဲ့သော် ဆက်ဆံရေးသည် ယာယီပျက်ပြားလျက်ရှိနေပါမည်။ ခရစ်တော်သည် အမှုဆောင်သခင် (ရှေ့နေ) အဖြစ်ဆောင်ရွက်ပေးတော်မူသဖြင့် ထိုဆက်ဆံရေးနှင့် မိတ်သဟာယဖွဲ့မှုသည် ပြန်လည်တည်ဆောက်မှုရှိပါမည်။

(ခရစ်တော်သည် သွန်းတော်မူသောအသွေးတော်ဖြင့် ခမည်းတော်ထံ၌ အယူခံဝင်ခြင်း) နှင့် ယုံကြည်သူသည် မိမိအပြစ်များကို ဝန်ချတောင်းပန်ခြင်း။ ၁ယော ၁း၆-၂း၁ဖြင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ကောင်းမွန်ခြင်းဖြစ်ပါသည်။

၄။ နိဂုံး။

ဤသင်ခန်းစာတွင် ခရစ်တော်အသွေး၏တန်ခိုးတော်နှင့် အဖိုးထိုက်သောထိုအသွေးတော်၏ တန်ခိုးတော်ကို သိရှိနိုင်ရန် ကြိုးစား၍ဖော်ပြထားပါသည်။ သမ္မာကျမ်းစာ၌ ပါသောအသွေးသွန်းခြင်းဆိုင်ရာ မူလကျမ်းချက်များကို စိစစ်သည်သာမက အဓိကကျသောကျမ်းချမက်များကိုလည်း စိစစ်ထားပါသည်။ သခင်ခရစ်တော်၏ အသွေးတော်က သင့်အတွက်ဆောင်ရွက်ပေးသောအချက် (၁၀)ချက်ကို အံ့သြဘွယ်ရာတွေ့ရှိရပါသည်။ လေ့လာပါ။ ပိုင်နိုင်အောင် ပြုလုပ်ပါ။ ရှင်ပေတရုအတွက် ထိုအသွေးသည် အဖိုးမဖြတ်နိုင်သကဲ့သို့ သင့်အတွက်လည်း၊ တန်ဖိုးရှိပါမည်။ ၁ပေ ၁း၁၈-၁၉။ သင်၏ခရစ်ယာန်အသက်တာတွင် နေ့စဉ်အသွေးတော်၏တန်ခိုးကို အသုံးပြုလျက် ထိတွေ့ခံစားနိုင်ပါစေဟု ဆုတောင်းပါသည်။



မေးခွန်းများ

၁။ ဝတ်ပြုရာကျမ်း ၁ရး၁၁ နှင့် ပတ်သက်၍ အောက်ပါမေးခွန်းများကို ဖြေဆိုပါ။

(က) လူ၏အသက်သည် အဘယ်မှာရှိသနည်း။

(ခ) ခရစ်တော်သည် မိမိ၏အသက်ကိုကျွန်ုပ်တို့အားပေးတော်မူသည်ဟု သမ္မာကျမ်းစာကဖော်ပြရာတွင် မည်သို့ဆိုလိုပါသနည်း။

(ဂ) ခရစ်တော်၏ကောင်းသောအကျင့်စာရိတ္တနှင့် စံနမူနာအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ရသည်မဟုတ်ကြောင်း၊ ဤကျမ်းချက်တွင်မည်သည့်စကားလုံးများက ဖော်ပြပါသနည်း။

(ဃ) အပြစ်မဲ့သော တိရစ္ဆာန်၏အသွေးသွန်းခြင်းသည် မည်သည့်အချက်များကို ဖော်ပြပါသနည်း။

၂။ သမ္မာကျမ်းစာတွင်အပြစ်ကင်းမဲ့သူ၏ အသွေးသွန်းခြင်းကို ပထမဦးစွာ ဖော်ပြခဲ့သောကျမ်းချက် (က ၃း၂၁) မှ အောက်ပါမေးခွန်းများကိုဖြေပါ။

(က) လူတို့သည် မိမိတို့၏အပြစ်များကို ဖုံးကွယ်ရန်နှင့် ဒုစရိုက်ကို ဖျောက်ဖျက်ရန်ကြိုးစားလုပ်ဆောင် ခြင်းသည် အချည်းနှီးဖြစ်ကြောင်းကို မည်သို့ထောက်ပြပါသနည်း။

(ခ) အပြစ်ကင်းမဲ့သော တိရိစ္ဆာန်ကို သတ်ခြင်းမပြုဘဲ ဘုရားသခင်သည် အဘယ်ကြောင့် အာဒံ၏ အပြစ်ကိုဖြေလွှတ်ပြီဟု မပြောနိုင်သနည်း။

(ဂ) အပြစ်အတွက် ပေးဆောင်ရမည့်ဒါဏ်သည် သေဒါဏ်ဖြစ်ကြောင်းဖော်ပြသော ကျမ်းညွှန်း(၂)ခု (သို့) (၃)ခုကိုဖောပြပါ။

(ဃ) ဤနေရာတွင် အပြစ်မဲ့သော တိရစ္ဆာန်သည် ကိုယ်စားသေရန်ဝင်ရောက်သော ခရစ်တော်၏ ပူဇော်သက္ကာကိုပုံဆောင်ကြောင်းနည်းလမ်း (၂)ခုကိုဖော်ပြပါ။

၃။ ဤသင်ခန်းစာအရ ခရစ်တော်၏ အသွေးတော်သည် သင့်အတွက် (၁၀)မျိုးကိုဆောင်ရွက်ရန် တန်ခိုးရှိတော် မူကြောင်း အတည်ပြုထားပါသည်။ စိတ်နှလုံးရိုးသားစွာ လေ့လာပြီနောက် ထိုတန်ခိုးတော်တို့၏ အမည်ကိုဖော်ပြပါ။

၄။ သင်၏အပြစ်များနှင့် ပတ်သက်၍ ဘုရားသခင်၏တရားတော်မူခြင်းနှင့် သန့်ရှင်းတော်မူခြင်းတို့သည် ခရစ်တော် အသေခံတော်မူခြင်းကြောင့် မည်ကဲ့သို့ ကျေနပ်မှုရရှိနိုင်ပါသနည်း။

၅။ ခရစ်တော်၏ အသွေး၏တန်ခိုးတော်အားဖြင့် ဖြောင့်မတ်ခြင်းဝတ်လုံကို ဝတ်ဆင်စေခြင်းနှင့် ပတ်သက်၍ အောက်ပါမေးခွန်းများကိုဖြေပါ။

(က) ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဝတ်လုံကဲ့သို့မြင်စေသော ကျမ်းချက်အနည်းဆုံး (၂)ခုကို ဖော်ပြပါ။

(ခ) ၂ကော ၅း၂၁ကို အခြေခံလျက် ယူတင်ဝတ်ဆောင်ခြင်း အခြေခံပုံသေယုံကြည်ချက် Inputation Doctrine ကိုရှင်းပြပါ။

(ဂ) က၊ ၃း၂၁ တွင် အာဒံသည် မိမိကိုယ် မိမိကယ်တင်ရန်လုံးဝမတတ်နိုင်ဘဲရှိနေသကဲ့သို့၊ လူတို့သည် မိမိကိုယ်မိမိဖြောင့်မတ်သောသူဖြစ်သည်ဟု သတ်မှတ်နိုင်ရန် ကြိုးစားမှုများသည် ချည်းနှီးဖြစ် နေ ကြောင်း ဘုရားသခင် မည်သို့ဖော်ပြပါသနည်း။ သင်ကိုယ်တိုင်၏ ကယ်တင်ခြင်းနှင့် ပတ်သက်၍ ဤအချက်သည် မည်သို့ပတ်သက်နေပါသ နည်း။

၆။ သန့်ရှင်းသောဘုရားသခင်၏ရှေ့တွင် ခရစ်တော်၏အသွေးတော်က သင့်အားဖြောင့်မတ်ရာ၌ တည်စေခြင်း တန်ခိုးနှင့် ပတ်သက်၍ အောက်ပါမေးခွန်းများကိုဖြေပါ။

(က) အပြစ်ဒါဏ်စီရင်ခြင်းမခံသင့် pardon အပြစ်ဒါဏ်မှလုံးဝကင်းလွတ်ခွင့်ပြုသည်ဟူသော စကားလုံး နှင့် မည်သို့ကွာခြားပါသနည်း။

(ခ) အောက်ပါတို့ကို စကားလုံးတစ်လုံးနှစ်လုံးဖြင့်ဖြေပါ။

(၁) ဖြောင့်မတ်ရာ၌တည်စေနိုင်သောအခွင့်အာဏာရှိသူ။

(၂) မည်သည့်နည်းလမ်းဖြင့် ပေးနိုင်ပါသနည်း။

(၃) ထိုသို့ တည်စေရခြင်း၏အကြောင်းပြချက်။

(၄) ထိုတည်စေခြင်း၏ အာမခံချက်။

(၅) ထိုအမှုအတွက် ပေးရသော တန်ဖိုးနှင့် ထိုသို့ဖြစ်စေနိုင်သောတန်ခိုး။

၇။ ခရစ်တော်သွန်းခဲ့သော အသွေးသည် ကျွန်ုပ်တို့အား ရွေးနုတ်ပိုင်သော တန်ခိုးရှိသည်။

(က) ရွေးနုတ်ခြင်း Redemption နှင့် ပတ်သက်၍ အခြေခံသဘောတရား (၃)မျိုးရှိပါသည်။ ၎င်း (၃)မျိုးကိုဖော်ပြပါ။

(ခ) ခရစ်တော်သည် ကျွန်ုပ်တို့အား အရာလေးပါးတိ့ုမှ လွှတ်မြောက်ခြင်းပေးရန် အသွေးသွန်းတော်မူခဲ့ ပါသည်။ ထိုအရာများကို ရေတွက်လျက် ကျမ်းညွှန်းဖြင့်ပြပါ။

၈။ Propitiation လူစားဝင်ရောက်အသေခံခြင်း၏ အဓိပ္ပါယ်ကိုနားလည်ရန် အဘယ့်ကြောင့် အရေးကြီးပါ သနည်း။

၉။ Propitiation လူစားဝင်ရောက်အသေခံခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်း မည်သို့ကွာခြားပါသနည်း။

၁၀။ တဲတော်ထဲရှိ ကျေးဇူးတော်ပလ္လင်သည် မည်ကဲ့သို့ ခရစ်တော်၏ လက်ဝါးကပ်တိုင်နှင့် တူပါသနည်း။

၁၁။ ဘုရားသခင်အား ကျွန်ုပ်တို့နှင့် ပြန်လည်သင့်မြတ်သည်ဟုအဘယ့်ကြောင့် မသုံးပါသနည်း။

၁၂။ ပြန်လည်သင့်မြတ်ခြင်းဆိုရာတွင် ဝိညာဉ်ရေးရာသဘောအရ အဘယ့်ကြောင့် စစ်ပြေငြိမ်းခြင်းကဲ့သို့ ဖြစ်သနည်း။ ကျမ်းညွှန်းမျာကိုပြပါ။

၁၃။ လူသားတို့၏ အပြစ်ဖြေလွှတ်ခြင်းနှင့် ဘုရားသခင်၏အပြစ်ဖြေလွှတ်ခြင်းမတူ၊ ခြားနားကြောင်းရှင်းပြပါ။

၁၄။ အပြစ်ဖြေလွှတ်ခြင်းအတွက် ခရစ်တော်သွန်းတော်မူသော အသွေးတော်လိုအပ်ကြောင်းကိုဖော်ပြသော ကျမ်းညွှန်း (၂)ခုကိုဖော်ပြပါ။

၁၅။ ခရစ်တော်၏အသွေးတော်၌ ကျွန်ုပ်တို့အား ဆေးကြောလျက်သန့်ရှင်းရာသို့ရောက်စေကြောင်း ဖော်ပြထား သောကျမ်းညွှန်း (၂)ခုကိုပြပါ။

၁၆။ ခရစ်တော်၏အသွေးတော်အားဖြင့် စာတန်ကိုလုံးဝအောင်မြင်နေပြီးဖြစ်၍ သင်ကိုယ်တိုင်စာတန်အား အသွေး တော်၌လည်းကောင်း၊ အသွေးတော်အားဖြင့်လည်းကောင်း အနိုင်ယူနိုင်ကြောင်းကို ကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ကျမ်းညွှန်းဖြင့်ဖြေပါ။

၁၇။ သင်အလိုရှိသောကျေးဇူးတော်နှင့် ကရုဏာတော်ကို ဘုရားသခင်အထံတော်ပါးသို့ သင်ကိုယ်တိုင်ဝင်၍ တောင်းခံရယူနိုင်ကြောင်းကို မည်သည့်ကျမ်းချက်က ရှင်းလင်းစွာသွန်သင်ထားပါသနည်း။

၁၈။ အပြစ်သားအား မည်သည့်နည်းဖြင့် ဘုရားသခင်ထံတော်သို့ခေါ်ဆောင်ပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ စေနိုင်ပါသနည်း။ ထိုမိတ်သဟာယသည် မည်ကဲ့သို့ တည်မြဲနေပါသနည်း။

၁၉။ ခရစ်တော်သွန်းတော်မူသော အသွေးတော်နှင့် ပတ်သက်၍လည်းကောင်း၊ ဤသင်ခန်းစာနှင့် ပတ်သက် ၍လည်းကောင်း သင့်တွင် မည်ကဲ့သို့ခံစားရကြောင်းကို အကျဉ်းချုံး၍ဖော်ပြပါ။



အမည် ______________________________ ရက်စွဲ။ _____________________

လိပ်စာ ______________________________

______________________________



LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL

Prepared by William S. H. Piper (D.D)

မှတ်ချက်။ စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ (အခန်း ၈) ဖြစ်ပါသည်။
http://www.murann.com/ezine/index.php?option=com_content&view=article&id=1525:-8-&catid=9:bible-study&Itemid=10

 သင္ခန္းစာ အမွတ္ (၈) သခင္ေယ႐ႈခရစ္ အေသြးေတာ္၏တန္ခိုး

Unicode & Zawgyi Reshare-#9Dan
“နိဒန္း”

သမၼာက်မ္းစာသည္ “အေသြးႏွင့္ျပည့္စုံေသာစာအုပ္” bloody book ျဖစ္ေၾကာင္း ေခတ္ေပၚလႊတ္လပ္ေရး၀ါဒီ တရားေဟာဆရာမ်ား(liberal teachers) ကေျပာဆိုတတ္ၾကပါသည္။ တနည္းအားျဖင့္ အမွန္ပင္ျဖစ္ပါသည္။ အာဒံႏွင့္ ဧ၀တို႔၏အျပစ္ေၾကာင့္ ရွက္ေၾကာက္ေနမႈကို အကာအကြယ္ေပးရန္ သိုးငယ္တစ္ေကာင္ကို သတ္၍အေသြးသြန္းခဲ့ရ ေသာ ကမၻာဦးက်မ္း ၃း၂၁ မွ စ၍ သန္႔ရွင္းသူတို႔သည္ စာတန္အား “သိုးငယ္၏အေသြးအားျဖင့္”ေအာင္ျမင္ေၾကာင္း ေဖာ္ျပထားေသာ ဗ်ာဒိတ္က်မ္း ၁၂း၁၁ တိုင္ေအာင္သမၼာက်မ္းစာသည္ အေသြးသြန္းျခင္းအေၾကာင္း မွတ္မွတ္ရရ ေဖာ္ျပေသာ စာအုပ္ျဖစ္ပါသည္။

သခင္ေယ႐ႈခရစ္ေတာ္၏ အေသြးေတာ္သြန္းျခင္း၏ အဓိပၸါယ္ ရည္ရြယ္ခ်က္ႏွင့္တန္ခိုးေတာ္တို႔ကို လူသန္း ေပါင္းမ်ားစြာတို႔သည္ သေဘာေပါက္နားလည္ႏိုင္ျခင္းမရွိေၾကာင္းကို ေဖာ္ျပသည့္ အရာမ်ားကိုျမင္ေတြ႔ရေသာအခါ ထိုမိုက္မဲေသာ အရာကိုစဥ္စား၍ပင္မရပါ။ ဤသင္ခန္းစာတြင္ အဘိုးမျဖတ္ႏိုင္ေသာ ထိုအေသြး၏တန္ဖိုးႏွင့္ တန္ခိုး အေၾကာင္းကိုလည္း နားလည္ႏိုင္ေစရန္ ျပင္ဆင္ထားပါသည္။

ဤသင္ခန္းစာ အေရးႀကီးပံု။


အစၥေရးျပည္တြင္ ျပင္းထန္စြာ ဒဏ္ရာရရွိၿပီးေနာက္ ေသြးသြန္းျခင္းအားျဖင့္ ကၽြႏု္ပ္သည္အသက္ျပန္ရွင္လာ ရပါသည္။ ေသြးလႈရွင္မွာ ဂ်ဴးလူမ်ဳိးတစ္ဦးျဖစ္ပါသည္။ ကၽြႏ္ုပ္သည္ လူငယ္ဘ၀ကပင္အျပစ္မ်ားကို ေနာင္တရလ်က္ ဘုရားသခင္ဘက္သို႔ ဦးလွည့္ၿပီး ခရစ္ေတာ္အားမိမိကယ္တင္ရွင္ႏွင့္ အရွင္သခင္အျဖစ္လက္ခံခဲ့ပါသည္။ ကၽြႏ္ုပ္အား သန္႔ရွင္းေစျခင္း၊ အျပစ္ေျဖလႊတ္ျခင္းႏွင့္ ေရြးႏႈတ္ျခင္းကို အေသြးေတာ္အားျဖင့္ ေပးခဲ့ပါသည္။ ကၽြႏ္ုပ္သည္ ကိုယ္ခႏၶာ အားျဖင့္လည္းေကာင္း၊ ၀ိညာဥ္အားျဖင့္လည္းေကာင္း၊ ထာ၀ရကာလ၌ အေသြးအားျဖင့္ကယ္တင္ျခင္းသို႔ေရာက္ရပါ သည္။ ထိုအလွဴရွင္မွာလည္း ဂ်ဴးလူမ်ိဳးတစ္ဦးပင္ျဖစ္ပါသည္။ ေသြးသြန္းျခင္းကို တစ္ခ်ိန္က ႐ိုင္းစိုင္းၾကမ္းတမ္းသည္ ဟု ယူဆခဲ့ၾကပါသည္။ ယေန႔အေသြးသြန္းျခင္းသည္ ေရႊထက္ပင္ အဖိုးထိုက္တန္ေနပါသည္။ ယေန႔ေဆး႐ံုမ်ား၊ ေသြးလွဴဘဏ္မ်ား၊ ေသြးလွဴဘဏ္ကားမ်ားျဖင့္ ေသြးမ်ားေတာင္းခံေနခ်ိန္တြင္ အသက္ကယ္ေသာေသြး၊ အဖိုးမျဖတ္ ႏိုင္ေသာေသြးအျဖစ အမ်ားအားျဖင့္လက္ခံေနၾကၿပီးျဖစ္ပါသည္။ တမန္ေတာ္ႀကီးရွင္ေပတ႐ုက “ေရႊေငြအစရွိေသာ ေဖာက္ျပန္ပ်က္စီးတတ္ေသာဥစၥာႏွင့္ သင္တို႔အား ေရြးေတာ္မူသည္မဟုတ္ ခရစ္ေတာ္၏အေသြးေတာ္ျမတ္ႏွင့္ ေရြး ေတာ္မူသည္ကို သိမွတ္ၾကေလာ့”ဟု ေရးသားထားပါသည္။ ၁ေပ ၁း၁၈-၁၉။

အျပစ္ေျဖလႊတ္ျခင္းႏွင့္ ေရြးႏႈတ္ျခင္းသည္ အေသြးသြန္းျခင္းအားျဖင့္ ျဖစ္သည္မွန္လွ်င္ ဧ ၁း၇။ ေဟ ၉း၂၂။ ဗ်ာ ၅း၉။ ကမၻာႏွင့္ စႀကၤာ၀ဠာတြင္ အျပစ္ေျဖလႊတ္ျခင္းအတြက္ အျခားအေသြးသြန္းမႈ၊ ပူေဇာ္သကၠာျပဳမႈမရွိသည္မွန္ လွ်င္ ေဟ ၁၀း၂၆။ အေသြးေတာ္၏ တန္ဖိုးႏွင့္ တန္ခိုးေတာ္အေၾကာင္းအေလးအနက္ သေဘာေပါက္ေအာင္ ေလ့လာရျခင္းသည္ သင့္အတြက္ အဓိကက်ေသာ ျပဳသင့္ျပဳထိုက္သည့္အမႈျဖစ္ေနေပလိမ့္မည္။



သင္ခန္းစာ

၁။ အေသြးသြန္းျခင္း၏ က်မ္း (၂)ပိုဒ္။

(က) ၀တ္ ၁၇း၁၁။ အေၾကာင္းမူကား၊ ကိုယ္ခႏၶာအသက္သည္ အေသြး၌တည္၏။ သင္တို႔ျပဳေသာ အျပစ္ကို ေျဖေစျခင္းငွာ၊ ထိုအေသြးကိုယဇ္ပလႅင္ေပၚမွာငါေပးၿပီ။ လူအျပစ္ကိုေျဖေသာအရာကား၊ အေသြးျဖစ္သတည္း။

(၁) လူ၏အသက္သည္ အေသြး၌ရွိေၾကာင္း သတိျပဳရပါမည္။ ခရစ္ေတာ္သည္ ကၽြႏ္ုပ္တို႔အား သူ၏အသက္ကိုေပးသည္ (မာ၊ ၁၀း၄၅၊ ေယာ ၁၁း၁၇-၁၈) ဟု သမၼာက်မ္းစာက ေဖာ္ျပ ထားရာတြင္ ခရစ္ေတာ္သည္ ကၽြႏ္ုပ္တို႔အတြက္ အေသြးသြန္းေတာ္မူျခင္း ျဖစ္ပါသည္။

(၂) တစ္စံုတစ္ခုေသာအေသြး၏တန္ဖိုးကို တိုင္းတာရာတြင္ ထိုေသြးပိုင္ရွင္၏ အသက္တာ တန္ဖိုးျဖင့္ ခ်ိန္ဆရပါသည္။ ခရစ္ေတာ္သြန္းေတာ္မူေသာ အေသြးသည္ မည္မွ်အဖိုးထိုက္ တန္ေသာအရာျဖစ္ပါသနည္း။

(၃) ဤသင္ခန္းစာတြင္ ဣသေရလလူမ်ိဳးတို႔၏ အျပစ္ကိုေျဖရာတြင္ တိရိစၦာန္တစ္ေကာင္ ေသရျခင္းေၾကာင့္ အျပစ္ေျဖလႊတ္ျခင္းခံစားရသည္မဟုတ္ဘဲ ယဇ္ပလႅင္ေပၚတြင္ အေသြး သြန္းျခင္းေၾကာင့္ ျဖစ္သည္ကို သတိျပဳရပါမည္။ ခရစ္ေတာ္၏ေကာင္းျမတ္ေသာ အသက္ တာ၊ စံျပအသက္ရွင္ခဲ့မႈေၾကာင့္ ကၽြႏ္ုပ္တို႔သည္ ကယ္တင္ျခင္းသို႔ ေရာက္ရသည္ ဟု ေဖာ္ျပေသာက်မ္းခ်က္ တစ္စံုတစ္ရာ မေတြ႔ရွိရပါ။ သို႔ရာတြင္ ကရာနီကုန္းကို ယဇ္ပလႅင္ ျပဳ၍ သြန္းေတာ္မူေသာအေသြးေတာ္အားျဖင့္ ကယ္တင္ျခင္းသို႔ေရာက္ရေၾကာင္း ေဖာ္ျပ ထား ပါသည္။ ဧ ၁း၇ ။ ၁ေပ ၁း၁၈-၁၉။

(၄) ဤေနရာတြင္ အသတ္ခံရ၍ အေသြးသြန္းျခင္းခံရေသာ တိရစ ၦာန္သည္ အျပစ္ရွိေသာ ဣသေရလလူ၏ေနရာတြင္ လူစား၀င္ရျခင္းျဖစ္ပါသည္။ ခရစ္ေတာ္သည္ ကၽြႏ္ုပ္တို႔၏ ကိုယ္စားအေသြးသြန္းျခင္းျဖစ္၍ “မိမိကိုယ္ကို အပ္ႏွံေတာ္မူ”ျခင္းျဖစ္ပါသည္။ ဂလ ၂း၂၀။ ဂလ ၁း၄။ တိ ၂း၁၄။

(၅) တိရစ ၦာန္၏အေသြးသြန္းျခင္းသည္ ပညတ္တရားအရ၊ ေျဖာင့္မတ္ေသာ စီရင္ေတာ္မူခ်က္ ကိုျပညႊန္လ်က္ရွိပါသည္။ (ေယဇ ၁၈း၄) ဘုရားသခင္၏ သန္႔ရွင္းေတာ္မူျခင္းကို ေက်နပ္ မႈရရွိေစလ်က္ တရားေတာ္မူေၾကာင္းကိုလည္း ထင္ရွားေစပါသည္။

(ခ) ေဟ ၉း၂၂။ “ပညတ္တရားအတိုင္း ခပ္သိမ္းေသာအရာတို႔ကို ကုန္မတတ္အေသြးအားျဖင့္ စင္ၾကယ္ေစတတ္၏။ အေသြးမသြန္းေလာင္းဘဲ အျပစ္ေျဖလႊတ္ျခင္းမရွိ။

(၁) ခရစ္ေတာ္၏ခႏၶာကိုယ္ေသြးေၾကာထဲ၌ရွိေသာ အေသြးသည္ အျပစ္ေျဖလႊတ္ျခင္းကိုမျပဳ။ ေရြးႏႈတ္ျခင္းကိုလည္းမျပဳ။ သြန္းေတာ္မူေသာ အေသြးသည္သာ ထိေရာက္ပါသည္။

(၂) သြန္းေလာင္းေသာတိရိစ ၦာန္၏ အေသြးသည္အျပစ္ကိုဖံုးလႊမ္းျခင္း၊ ဖံုးအုပ္ျခင္းကိုသာျပဳ လုပ္ႏိုင္ပါသည္။ သြန္းေတာ္မူေသာ ခရစ္ေတာ္၏အေသြးေတာ္သည္သာ အျပစ္ကို ပယ္ရွင္း သုတ္သင္ႏိုင္ပါသည္။ ေဟ ၉း၂၆။

၂။ အျပစ္မဲ့သူ၏အေသြးသြန္းျခင္းအေၾကာင္း သမၼာက်မ္းစာေဖာ္ျပထားခ်က္မ်ားမွ သင္ခန္းစာမ်ား။

(က) အျပစ္မဲ့ေသာသူ၏ အေသြးသြန္းျခင္းကို ပထမဦးစြာကမၻာဦး ၃း၂၁တြင္ ေတြ႔ရွိရပါသည္။ “ထာ၀ရ အရွင္ဘုရားသခင္သည္ လူလင္မယားတို႔သားေရျဖင့္ ၀တ္လံုကိုလုပ္၍ ၀တ္ၿခံဳေစေတာ္မူ၏။

(ခ) သင္ခန္းစာရယူႏိုင္ေသာအခ်က္မ်ား

(၁) အာဒံသည္ မိမိအျပစ္ႏွင့္အရွက္ကိုဖံုးရန္ ႀကိဳးစားလုပ္ေဆာင္ခ်က္မ်ားသည္ မတတ္စြမ္းႏိုင္ သာမကအခ်ည္းႏွီးသာျဖစ္ပါသည္။ က ၃း၇-၈။ ထို႔အတူလူသားမ်ားအေနျဖင့္ မိမိတို႔ အျပစ္ ကိုျငင္းပယ္ဖံုးကြယ္ရန္ျပဳလုပ္ေသာအရာအားလံုးတို႔သည္လည္း အာဒံနည္းတူ သေဘၤာသဖန္းပင္၏အရြက္တို႔ျဖင့္ ခ်ဳပ္စပ္ထားေသာအ၀တ္မ်ားသာျဖစ္ပါသည္။ ဘုရား သခင္ေရွ႕ ေတာ္၌ ပုန္းကြယ္၍မရပါ။

(၂) ဘုရားသခင္သည္ တရားေတာ္မူသည္ျဖစ္၍ သူ၏တရားေတာ္မူျခင္းသည္ ေက်နပ္မႈမရမီ ဘုရားသခင္သည္ အာဒံအား က႐ုဏာမသက္ႏိုင္။ သင္သည္ကယ္တင္ျခင္းသို႔ မေရာက္မီ သင္၏အျပစ္မ်ားကို ပထမဆံုးစီရင္ရမည္သာ ျဖစ္ပါသည္။ ခရစ္ေတာ္သည္ ကၽြႏ္ုပ္တို႔၏ အျပစ္မ်ားေၾကာင့္ ကၽြႏ္ုပ္တို႔ကိုယ္စား အေသခံေတာ္မူခဲ့ပါသည္။ ဂလာ ၁း၄။ ၂း၂၀။ ဘုရားသခင္၏တရားေတာ္မူျခင္းေၾကာင့္ ကၽြႏ္ုပ္တို႔ခံထိုက္ေသာအျပစ္ဒဏ္ေပးၿပီးျဖစ္၍ ဘုရားသခင္ေက်နပ္ေတာ္မူသည္။

(၃) အာဒံအတြက္အဖံုးအကာျပဳလုပ္ႏိုင္ရန္ တိရိစၦာန္တစ္ေကာင္သည္ အသတ္ခံရလ်က္ အေသြးသြန္းရရွာပါသည္။ အျပစ္၏အခ ဒါဏ္သည္ ေသျခင္းျဖစ္သည္။ ေရာမ ၆း၂၃၊ ေယဇေက်လ ၁၈း၄၊ ၂၀တို႔ကိုဖတ္ပါ။ ဘာသာေရးအရ လုပ္ေဆာင္ျခင္း၊ ေကာင္းေသာ အက်င့္ ကို က်င့္ျခင္းသည္ လူတို႔၏ အျပစ္ကိုဖံုကြယ္ျခင္းငွာ လံုး၀မတတ္ႏိုင္။

(၄) ကိုယ္စားျပဳပူေဇာ္သကၠာျပဳျခင္း၏သ႐ုပ္ကို ပထမဦးစြာ ေဖာ္ျပျခင္းျဖစ္ပါသည္။ အာဒံ (သို႔မဟုတ္) အာဒံကိုယ္စား တစ္စံုတစ္ေယာက္ေသာသူသည္ အျပစ္အတြက္ အေသခံရ မည္ ျဖစ္ပါသည္။ ဘုရားသခင္သည္ မိမိသနားျခင္းက႐ုဏာေတာ္ႏွင့္အညီ အာဒံကိုယ္စား အေသခံမည့္သူကိုေရြးခ်ယ္လ်က္ အေသခံေစပါသည္။ ခရစ္ေတာ္သည္ ကမာၻဦးကပင္ ေရြးခ်ယ္ျခင္းခံရလ်က္ ကြက္မ်က္ခံရေသာသူျဖစ္ပါသည္။ ဗ်ာ ၁၃း၈။ ဘုရာသခင္ျပ႒ာန္း ေတာ္မူေသာအလိုေတာ္အားျဖင့္” (တ ၂း၂၃)ျဖစ္ပါသည္။ ထို႔ေၾကာင့္ ေပါလုသည္ “ငါ့ကို ခ်စ္၍ငါ့အဘို႔ ကိုယ္ကိုစြန္႔ေတာ္မူ၏” (ဂလ ၂း၂၀)ဟုေရးထားႏိုင္ျခင္းျဖစ္ပါသည္။

၃။ ခရစ္ေတာ္သြန္းေသာအေသြး၌ တန္ခိုးရွိသည္။

(က) ဘုရားသခင္၏တရားေတာ္မူျခင္း၊ သန္႔ရွင္းေတာ္မူျခင္းကို ေက်နပ္ေစႏိုင္ေသာတန္ခိုး။

(၁) က ၃း၂၁ တြင္ေတြ႔ရွိခဲ့သည့္အတိုင္း အာဒံ၏အျပစ္ကိုစီရင္၍ အျပစ္ဒါဏ္ေပးေဆာင္ျခင္း မျပဳမီ ဘုရားသခင္သည္ က႐ုဏာေတာ္အားျဖင့္ အာဒံအား မဆက္ဆံႏိုင္။

(၂) ဘုရားသခင္၏ က႐ုဏာေတာ္သည္ အားႀကီးေပသည္။ ဆာ ၁၀၃း၁၁။ က႐ုဏာေတာ္ကို ေဖာ္ျပေတာ္မူျခင္းငွာလည္း အလိုေတာ္ရွိပါသည္။ တိ ၃း၅-၆ သို႔ရာတြင္ ဘုရားသခင္သည္ အလြန္သန္႔ရွင္းေတာ္မူ၏။ မတရားေသာအမႈကို သူတစ္ပါးထက္ပို၍ျမင္သူ၊ အဓမၼ အမႈကို လံုး၀မျမင္လိုသူျဖစ္ပါသည္။ ဟဗကၠဳက္ ၁း၃။

(၃) ဘုရားသခင္သည္အျပစ္ႏွင့္ ပတ္သက္လာလွ်င္ လြန္၍မသြားတတ္၊ သည္းမခံတတ္၊ အခ်ည္းႏွီးမၾကည့္တတ္၊ ဘုရားသခင္၏ သန္႔ရွင္ေးတာ္မူျခင္းေပၚလြင္ၿပီးေသာအခါ တရား ေတာ္မူေၾကာင္း ေက်နပ္ဘြယ္ရွိၿပီးေသာအခါမွ သာသနားျခင္းက႐ုဏာေတာ္ႏွင့္အညီ ကၽြႏ္ုပ္တို႔အား ဆက္ဆံႏိုင္ေသာဘုရားျဖစ္ပါသည္။

(၄) ခရစ္ေတာ္သြန္းေတာ္မူေသာအေသြးအားျဖင့္ ကၽြႏ္ုပ္တို႔၏အျပစ္မ်ားသည္ စီရင္ျခင္းခံရ လ်က္ ဖယ္ရွားျခင္း ခံရၿပီးျဖစ္ပါသည္။ ေဟ ၉း၂၆။ ၂၈။ ေဟ ၁၀း၁၂ ဘုရားသခင္သည္ တိုင္းဆ၍မရေသာေက်းဇူးေတာ္အားျဖင့္ ဧဖက္ ၂း၈-၉ ကၽြႏ္ုပ္တို႔၏အျပစ္မ်ားကို ခရစ္ေတာ္အေပၚ၌တင္ေတာ္မူၿပီ။ ၂ေကာ ၅း၂၁။ ဘုရားသခင္၏ တရားေတာ္မူျခင္း ေပၚလြင္လ်က္၊ သန္႔ရွင္းေတာ္မူျခင္း၌ေက်နပ္မႈရွိၿပီးျဖစ္ပါသျဖင့္ ယခုကိုယ္ေတာ္သည္ တရားေတာ္မူေသာသူျဖစ္လ်က္ ယံုၾကည္သမွ်ေသာသူတို႔အားလည္း ေျဖာင့္မတ္ရာ၌ တည္ေစေတာ္မူေသာသူ ျဖစ္လာပါသည္။ ေရာ ၃း၂၆။

(ခ) ဘုရားသခင္၏ ေျဖာင့္မတ္ျခင္း၀တ္လံုကို ေပးႏိုင္ေသာတန္ခိုး

(၁) က ၃း၂၁ ကိုျပန္ၾကည့္လွ်င္ “၀တ္လုံကိုလုပ္၍ ၀တ္ၿခံဳေစေတာ္မူ၏” ဟုေတြ႔ရပါသည္။ဘုရား သခင္သည္ လူတို႔၏ အျပစ္ကိုဖုံးျခင္းဌါ ၀တ္လုံကိုေပးေတာ္မူျခင္း၏ ပထမဆုံးေသာ က်မ္းၫႊန္းျဖစ္ ပါသည္။ ဘုရားသခင္၏ ေျဖာင့္မတ္ျခင္းကို ပုံေဆာင္ျခင္းျဖစ္ပါသည္။

(၂) ဘုရားသခင္၏ ေျဖာင့္မတ္ျခင္းကို ၀တ္လုံကဲ့သို႔ မၾကာခဏေဖာ္ျပထား ေၾကာင္းေတြ႔ရပါသည္။

(က) ေယာဘ ၂၉း၁၄။ “ေျဖာင့္မတ္ျခင္းပါရမီကို အ၀တ္လုပ္၍ငါ၀တ္ဆင္၏”

(ခ) ေဟရွာ ၆၁း၁၀။ “ကယ္တင္ျခင္းအ၀တ္တန္ဆာႏွင့္ ငါ့ကို၀တ္ဆင္ေစ၍၊ေျဖာင့္မတ္ ျခင္း၀တ္လုံႏွင့္ၿခံဳေတာ္မူၿပီး။”

(ဂ) ဆာ ၁၃၂း၉။ “ကိုယ္ေတာ္၏ ယဇ္ပုေရာဟိတ္တို႔သည္ ေျဖာင့္မတ္ျခင္းတန္ဆာကိုဆင္ ၍”

(၃) ယုံၾကည္ေသာသူ အေပါင္းတို႔အား ဘုရားသခင္ေပးေတာ္မူေသာ ေျဖာင့္မတ္ျခင္းသည္ ပညတ္ တရားႏွင့္မစပ္ဆိုင္ေသာ ေျဖာင့္မတ္ျခင္းတရားျဖစ္လွ်င္ (ေရာ ၃း၂၁-၂၂) ဘုရားသခင္ ၀တ္ဆင္ေစ ေသာအရာသာျဖစ္ပါသည္။ မာတင္လုသာသည္ ၂ ေကာ ၅း၂၁ ကို ဆင္ျခင္လွ်က္ ဘုရားသခင္၀တ္ ဆင္ေစေသာ ေျဖာင့္မတ္ျခင္ႏွင့္ ပတ္သက္၍ ဤသို႔ေရးသားခဲ့ပါသည္။

မည္သူျပဳေသာ အျပစ္ကိုမဆို ကၽြႏု္ပ္ျဖစ္ေစ၊ သင္ျဖစ္ေစ၊ ကၽြႏ္ုပ္တို႔အားလုံးျပဳခဲ့ေသာ အျပစ္မ်ားျဖစ္ေစ၊ ေနာင္၌ျပဳဦးမည့္အျပစ္မ်ားျဖစ္ေစ၊ ထိုအျပစ္မ်ားအားလုံးကို ခရစ္ေတာ္၌ ကယ္တင္ေတာ္မူလွ်က္ ခရစ္ေတာ္၏ အျပစ္ ျဖစ္ေစသည္။ သူကိုယ္တိုက္ျပစ္မွားမိသကဲ့သို႔ ျဖစ္ေစ သည္။ထို႔အတူ ခရစ္ေတာ္၏ေျဖာင့္မတ္ျခင္းကိုလည္း ကၽြႏ္ုပ္တို႔ကိုယ္တိုင္ ေျဖာင့္မတ္ေနဘိသကဲ့သို႔ ၎၊ ခရစ္ေတာ္ေျဖာင့္မတ္သကဲ့သို႔ အစဥ္ေျဖာင့္မတ္ေသာသူအျဖစ္၌၎ တည္ေစပါသည္။

(၄) ဘုရားသခင္သည္ ထိုေျဖာင့္မတ္ျခင္းကို ကၽြႏ္ုပ္တို႔အေပၚ၌ တင္ေတာ္မူသည္ျဖစ္၍ ကၽြႏ္ုပ္တို႔ ေျဖာင့္မတ္ျခင္းသည္ ခရစ္ေတာ္ ကိုယ္ေတာ္တိုင္၏ေျဖာင့္မတ္ျခင္းျဖစ္ပါသည္။ ၁ ေကာ ၁၀း၃၀။ ေရာ ၁၀း၄။ ဖိ ၃း၉။

(၅) ဤအရာမ်ားအားလံုးသည္ ေျဖာင့္မတ္ျခင္းရရွိႏိုင္ရန္ လူတို႔ျပဳေသာႀကိဳးစားျခငး၊ မိမိကိုမိမိ အျပစ္မွကယ္တင္ႏိုငရန္ လုပ္ေဆာင္ခ်က္အားလံုးသည္ အခ်ည္းနွီးသက္သက္ျဖစ္ေၾကာင္း ေဖာ္ျပ လ်က္ရွိပါသည္။ က ၃း၂၁တြင္ အာဒံ လံုး၀မတတ္စြမ္းႏိုင္ေၾကာင္း ေတြ႔ရွိရပါသည္။ အာဒံ၏ ကယ္တင္ျခင္းသည္ ကၽြႏ္ုပ္တို႔၏ကယ္တင္ျခင္းကဲ့သို႔ပင္ေက်းဇူးေတာ္အားျဖင့္ ျဖစ္လ်က္ သြန္းေသာ အေသြးအားျဖင့္ ၎၊ ကိုယ္စား၀င္ေရာက္ခံစားရေသာ ပူေဇာ္သကၠာအားျဖင့္ ၎၊ ပညတ္တရား မပါအက်င့္တရားမပါဘဲ ဘုရားသခင္၀တ္ဆင္ေစေတာ္မူေသာေၾကာင့္ ေျဖာင့္မတ္ျခင္းအားျဖင့္သာ ျဖစ္ေၾကာင္းေတြ႔ရွိရပါသည္။ ေရာ ၃း၂၁၊ ၂၂း၄း၅။ ဂလာ ၂း၁၆။ ေဟရွာ ၆၄း၆။ စသည္ …..။

(ဂ) သန္႔ရွင္းေသာဘုရား၏မ်က္ေမွာက္ေတာ္တြင္ သန္႔ရွင္းရာ၌တည္ေစေတာ္မူေသာ တန္ခိုးေတာ္

(ေရာ ၅း၉။ ၃း၂၄-၂၆)

(၁) အျပစ္မရွိ ေျဖာင့္မတ္သည္ဟု ေျဖာင့္မတ္ရာ၌တည္ေစသည္။ (Justified) စကားလံုးသည္ ေျဖာင့္မတ္ျခင္း (righteousness) ႏွင့္ လံုး၀ ဆက္စပ္လ်က္ရွိပါသည္။ ဂရိဘာသာစကား dikaioo မွ ဆင္းသက္ေသာ စကားမ်ားျဖစ္ပါသည္။

(၂) ေန႔စဥ္အသံုးအႏႈန္းအရ “အမွန္ေပးသည္”ဟုျဖစ္ပါမည္။ က်မ္းစာအရ ဘုရားသခင္၏ မ်က္ေမွာက္ ေတာ္တြင္ “အျပစ္အနာအဆာမရွိ၊ အျပစ္ကင္းသည္”ဟု အမိန္႔ခ်မွတ္ဆံုးျဖတ္ေပးျခင္းျဖစ္ပါသည္။

(၃) Justification ဆိုသည္မွာ တရား႐ံုး၌အသံုးျပဳေသာစကားျဖစ္ပါသည္။ ေျဖာင့္မတ္ရာ၌တည္ေစ သည္။ ေျဖာင့္မတ္သည္ဟု မွတ္ယူသည္ဆိုသည္မွာ တရား႐ံုးႏွင့္သက္ဆိုင္ပါသည္။ သင္သည္ ခရစ္ေတာ္ကို ယံုၾကည္ေသာအခါ သင္သည္ ခရစ္ေတာ္၏ ေျဖာင့္မတ္ျခင္းျဖင့္ ၿခံဳလႊမ္း၀တ္ဆင္ လ်က္ ရွိပါသည္။ ဖိ ၃း၉။ ေရာ၃း၂၂ ယံုၾကည္သူ အျပစ္သားသည္ ခရစ္ေတာ္၏ ေျဖာင့္မတ္ျခင္းကို ၀တ္ၿခံဳဆင္ျမန္းေသာအခါ သင္သည္ စႀကၤာ၀ဠာကိုအုပ္စိုးစီရင္ေတာ္မူေသာ တရားသူႀကီးသည္ ဘုရားသခင္၏႐ံုးေတာ္၌ “အျပစ္မရွိ”ဟူေသာစီရင္ခ်က္ကိုၾကားနာရန္သာျဖစ္ပါသည္။

(၄) ေျဖာင့္မတ္ရာ၌တည္ေစျခင္း Justification သည္ အျပစ္ဒါဏ္မွ ကင္းလြတ္ျခင္းသက္သက္မဟုတ္ ပါ။ ဘုရားသခင္က ကၽြႏ္ုပ္တို႔အားအျပစ္မရွိ၊ အျပစ္ႏွင့္မသက္ဆိုင္၊ အနာအဆာမရွိ၊ အစြန္း အထင္း မရွိ၊ ျပစ္တင္႐ႈံ႕ခ်စရာမရွိဟု စီရင္ခ်က္ ခ်မွတ္ေပးျခင္းျဖစ္ပါသည္။ ေရာ ၈း၁။ တစ္ႀကိမ္တစ္ခါမွ် အျပစ္ မျပဳဘူးခဲ့သကဲ့သု႔ိပင္ျဖစ္ပါသည္။

(၅) ကၽြႏ္ုပ္တို႔ကိုေျဖာင့္မတ္ရာ၌ တည္ေစျခင္းငွာျပဳေသာအခြင့္အာဏာတန္ခိုး၏ ဇစ္ျမစ္သည္ဘုရား သခင္ပင္ျဖစ္ပါသည္။ ေရာ ၃း၂၆၊ ၃၀။ ေရာ ၈း၃၉။ ထိုအခြင့္အေရးကိုလက္ခံရရွိေစေသာ နည္းလမ္းသည္ ယံုၾကည္ျခင္းျဖစ္ပါသည္။ ေရာ ၅း၁။ ဤအခြင့္အေရးေပးရျခင္း၏ အေၾကာင္းျပ ခ်က္သည္ ေက်းဇူးေတာ္ျဖစ္ပါသည္။ ေရာ ၃း၂၄။ ကၽြႏ္ုပ္တို႔ေျဖာင့္မတ္ရာ၌တည္ေနျခင္း၏ အာမခံခ်က္သည္ ခရစ္ေသျခင္းမွရွင္ျပန္ထေျမာက္ျခင္းျဖစ္ပါသည္။ ေရာ ၄း၂၅။ ထိုသို႔ျဖစ္ႏိုင္ရန္ ေဆာင္ရြက္ေသာတန္ခိုးႏွင့္ ေပးေခ်ေသာ အဖိုးအခသည္ သြန္းေတာ္မူေသာ ခရစ္ေတာ္၏ အေသြးေတာ္ ျဖစ္သည္။ ေရာ ၅း၉။ ၃း၂၃။

(ဃ) သင့္အားအျပစ္ႏွင့္အျပစ္၏ကၽြန္ဘ၀မွ ေရြးႏုတ္ေသာတန္ခိုးေတာ္။ (၁ေပ ၁း၁၈-၁၉။ ဂလာ ၃း၁၃။ ဧ ၁း၇။ ေရာ ၃း၂၄။)

ေရြးႏႈတ္ျခင္းႏွင့္ ပတ္သက္၍ သင္ခန္းစာ (၁၃)ကိုျပန္ၾကည့္ပါ အျပည့္အစံုေဖာ္ျပထားပါသည္။

(၁) သမၼာက်မ္းစာတြင္ သင္ႏွင့္ ကၽြႏ္ုပ္တို႔အား အျပစ္၏ေက်းကၽြန္အျဖစ္႐ႈျမင္ထားပါသည္။ ေယာ ၈း၃၄။ ေရာ ၆း၁၆၊ ၇း၁၄။ ဘုရားသခင္၏ပညတ္ေတာ္တို႔ကိုခ်ိဳးေဖာက္ထားသူမ်ားျဖစ္၍ ေသဒါဏ္ စီရင္ထားၿပီးျဖစ္ပါသည္။ ေရာ၊ ၆း၁၆-၂၃။ ၅း၁၂။

(၂) ကၽြႏ္ုပ္တို႔ထံမွ ဒုစ႐ိုက္ကိုဖယ္ရွားေပးလ်က္ အျပစ္၏ေက်းကၽြန္ဘ၀မွ လြတ္ေျမာက္မႈေပးႏိုင္ရန္ အတြက္ ေပးေဆာင္ရမည့္ အဖိုးအခမ်ားကိုေပးေခ်ေပးရန္ ခရစ္ေတာ္ကလိုလားလ်က္ရွိပါသည္။ တ ၂၀း၂၈။ တိ၊ ၂း၁၄။ ထိုေပးေခ်ရေသာအဖိုးအခသည္ သြန္းေလာင္းေသာ ခရစ္ေတာ္၏အေသြး ျဖစ္ပါသည္။ ၁ေပ ၁း၁၈၊ ၁၉။ ၁ေကာ ၆း၂၀၊ ၂၃။ ေရာ ၈း၁။

(၃) ေရြးႏႈတ္ျခင္းအယူအဆသည္ သင့္အားေရြးႏုတ္၀ယ္ယူရန္သာမဟုတ္ဘဲ “အျပစ္၏ေက်းကၽြန္၊ ကၽြန္ ေရာင္းရာေစ်းကြက္” မွ ေရြးႏႈတ္ေခၚထုတ္ရန္ျဖစ္ပါသည္။ ဂလာ ၂း၁၃။ ၄း၅ ေရြးႏႈတ္ Redeem ဟူေသာ စကားသည္ ၀ယ္ယူထုတ္ေဆာင္လာသည္။ (to buy out from) ဟုအဓိပၸါယ္ရပါသည္ ထိုစကားအားျဖင့္ေနာက္ထပ္အေရာင္းမခံရေတာ့ရန္၊ ထိုကၽြန္ေစ်းမွ ဖယ္ရွားျခင္း၊ အေရာင္းအ၀ယ္ လုပ္ျခင္း၊ လက္ေျပာင္းလက္လႊဲ၏ေနာက္ဆံုးအဆင့္သို႔ေရာက္ရွိၿပီး လြတ္ေျမာက္ေစျခင္းကို ေဖာ္ ျပ ပါသည္။

(၄) ခရစ္ေတာ္၌ ယံုၾကည္ၿပီးသူအား အျပစ္သည္ ေနာက္ေနာင္တြင္ကၽြန္မျပဳႏိုင္၊ ပညတ္တရားသည္ လည္း ကၽြန္ေရာင္းရာေစ်းသို႔ ေနာက္ထပ္မပို႔ႏိုင္။

(၅) ဓမၼသစ္က်မ္းပါ ေရြးႏႈတ္ျခင္းသည္ ထို႔တက္ပင္ ေလးနက္ေနပါေသးသည္။ ကၽြႏ္ုပ္တို႔အား ၀ယ္ယူ၍ ကၽြန္ေစ်းမွ၀ယ္ထုတ္ၿပီးသည္သာမက ကၽြႏ္ုပ္တို႔အား လြတ္လပ္ခြင့္ေပးထားၿပီး ျဖစ္ပါသည္။ “lutroo” ဟူေသာစကားလံုးျဖစ္လ်က္ “အဖိုးအခကိုေပးေခ်၍လြတ္ေျမာက္ေစသည္”ဟု အဓိပၸါယ္ရွိ ပါသည္။

(က) တိ၊ ၂း၁၄ “ခပ္သိမ္းေသာဒုစ႐ိုက္မွ ငါတို႔ကိုေရြးႏုတ္ျခင္းငွာလည္းေကာင္း “ဤေနရာတြင္ ကၽြႏ္ုပ္တို႔ကို အျပစ္ျပဳတတ္ေသာ မိမိလိုအင္ဆႏၵမ်ာမွလည္း ေရြးႏုတ္ (လြတ္ေျမာက္ေစ) ေတာ္မူပါ သည္။

(ခ) ၁ေပ ၁း၁၈-၁၉။ “အခ်ည္းႏွီးက်င့္ႀကံျပဳမူျခင္းမွ” ကၽြႏ္ုပ္တို႔ကိုေရြးႏုတ္ (လြတ္ေျမာက္ေစ) ေတာ္မူပါသည္။ ဤေနရာတြင္ ကၽြႏ္ုပ္တို႔အား ဘာသာေရးအထံုးအဖြဲ႔မ်ားမွ လြတ္ေျမာက္ ေစပါသည္။

(၆) ဆက္စပ္ေသာစကားလံုးမွာ lutronျဖစ္ပါသည္။ “ျပန္ေပးေငြ ေပးေခ်ျခင္း” (သို႔မဟုတ္) လႊတ္ေျမာက္ ေစျခင္းဟု အဓိပၸါယ္ရွိပါသည္။

(က) ၁တိ ၂း၆။ လူအေပါင္းတို႔ကိုေရြးအံ့ေသာငွာ ကိုယ့္ကိုကိုယ္စြန္႔ေတာ္မူၿပီ။

(ခ) မာ ၁၀း၄၅။ လူသားသည္ မိမိအသက္ကို စြန္႔၍ လူမ်ားကိုေရြးျခင္းငွာ ႂကြလာသတည္း။

(၇) ခရစ္ေတာ္သည္ ကၽြႏ္ုပ္တို႔ကို ၀ယ္ယူရန္ႂကြလာေတာ္မူရာတြင္ ေအာက္ေဖာ္ျပပါမ်ားထဲမွ ေရြးႏုတ္ ၀ယ္ယူလ်က္လႊတ္ေျမာက္ျခင္းကို ေပးေတာ္မူပါသည္-

(က) ပညတ္တရား၏ ခ်ည္ေႏွာင္ျခင္းႏွင့္ က်ိန္ျခင္းအမဂၤလာမွ ဂလ ၃း၁၂။

(ခ) အျပစ္တရား၏ တန္ခိုးႏွင့္ အုပ္စိုးျခင္းမွ ေရာ ၈း၂။

(ဂ) စာတန္၏အုပ္စိုးျခင္းႏွင့္ တန္ခိုးမွ ေဟၿဗဲ ၂း၁၅။

(ဃ) ဤေလာက၏ ပ်က္စီးျခင္းႏွင့္ ကၽြန္ဖမ္းျခင္း၊ ကၽြန္ျပဳျခင္းမွ

(ဤေဆာင္ရြက္ေတာ္မူခ်က္တို႔သည္ သြန္းေတာ္မူေသာအေသြးေတာ္၏ အံ့ၾသဘြယ္ေသာ တန္ခိုးေတာ္အားျဖင့္သာ ျဖစ္ပါသည္။ ေဟ ၉း၁၂)

(င) ေသစားေသေပးမည့္အစား ထိုပုဂၢိဳလ္ရရွိေစေသာ တန္ခိုး (Propitiation) ေရာ ၃း၁၂။ ၁ေယာ ၄း၁၀ ႏွင့္ ၁ေယာ ၂း၂။

(၁) ကၽြႏ္ုပ္တို႔၏ကိုယ္စား၊ အစားထိုးအေသခံမည့္ပုဂၢိဳလ္ကို သခင္ေယ႐ႈခရစ္၌ “ေယ႐ႈခရစ္၏ အေသြးေတာ္ကို ယံုၾကည္ျခင္းအားျဖင့္” (ေရာ ၃း၂၆)ရရွိေၾကာင္းကို သတိျပဳရပါမည္။

(၂) ၁ေယာ ၂း၂တြင္ “ထိုသခင္သည္ ငါတို႔၏အျပစ္ေျပစရာအေၾကာင္းျဖစ္ေတာ္မူ၏”ဟု ေဖာ္ျပရာတြင္ လူစား၀င္ရေၾကာင္းႏွင့္ ၁ေယာ ၄း၁၀တြင္ ဘုရားသခင္သည္ ခရစ္ေတာ္ကို ဤေလာကသို႔ေစလႊတ္ေတာ္မူျခင္းသည္ ကၽြႏ္ုပ္တို႔၏ “အျပစ္ေျဖစရာအေၾကာင္းျဖစ္ေစ ျခင္းငွာ”ေစလႊတ္ေတာ္မူျခင္းျဖစ္ေၾကာင္း ေဖာ္ျပရာတြင္ ကၽြႏ္ုပ္တို႔ကိုယ္စား အေသခံရန္ ျဖစ္ေၾကာင္းသတိျပဳရပါမည္။

(၃) ခရစ္ေတာ္သည္ ယံုၾကည္သူတို႔၏ ကိုယ္စားအေသခံရန္ ႂကြလာေတာ္မူျခင္းျဖစ္လ်က္ ဘုရားသခင္သည္ ခရစ္ေတာ္ကို ဤေလာကသို႔ ေစလႊတ္ေတာ္မူရာ၌လည္း ထိုအေၾကာင္း အရာအတြက္ပင္ျဖစ္သည္မွာ အမွန္ပင္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ထိုအေၾကာင္းအရာကို ကၽြႏ္ုပ္တို႔သည္ သိ႐ံုမွ်ျဖင့္ ရပ္တံ့သြားရန္မဟုတ္ဘဲ ထိုအေၾကာင္းအရာေပၚတြင္ အထူး ၀မ္းေျမာက္ၾကရမည္ျဖစ္ပါသည္။

(၄) အဓိပၸါယ္ကို ကၽြႏ္ုပ္႐ိုး႐ိုးသားသားေဖာ္ျပႏိုင္သမွ်ေဖာ္ျပရပါလွ်င္ -

(က) ေဟၿဗဲ ၉း၅ တြင္လည္းေကာင္း၊ Septuagint သို႔မဟုတ္ ဂရိဓမၼေဟာင္းက်မ္းတြင္ လည္းေကာင္း၊ Propitiation ကို “အျပစ္ေျဖရာပလႅင္၊ ေက်းဇူးေတာ္ပလႅင္”ဟု ဘာသာျပန္ထားပါသည္။

(ခ) ေက်းဇူးေတာ္ပလႅင္ဆိုသည္မွာ ကႏၱာရထဲ၌ တဲေတာ္ရွိ သန္႔ရွင္းရာ၏ သန္႔ရွင္း ရာ အသန္႔ရွင္းဆံုးဌာနေတာ္တြင္ထားရွိေသာ ပဋိညာဥ္ေက်ာက္ျပားထည့္ထား ေသာ ေသတၱာအဖံုးျဖစ္ပါသည္။

(ဂ) တစ္ႏွစ္လွ်င္တစ္ႀကိမ္ အျပစ္ေျဖရာေန႔ရက္၌ ၀က္၊ ၁၆း၁၄ ႏွင့္ ေဟၿဗဲ ၉း၇။ ဣသေရလတို႔၏ယဇ္ပုေရာဟိတ္မင္းသည္ ထိုေက်းဇူးေတာ္ပလႅင္၏ အစြန္း ေလးဘက္တို႔၌ အေသြးကိုပက္ဖ်န္းရပါသည္။

(ဃ) ဤသို႔လွ်င္ သန္႔ရွင္းရာဌာနႏွင့္ ေက်းဇူးေတာ္ပလႅင္တို႔သည္ လူႏွင့္ ဘုရားဆက္ သြယ္ရာဌာနျဖစ္လာရပါသည္။ ထြ ၂၅း၂၁-၂၂။ ဘုရားသခင္သည္ ထိုပက္ဖ်န္း ထားေသာ အေသြးကိုျမင္ေတာ္မူေသာအခါ ဣသေရလလူမ်ိဳးတို႔၏အျပစ္မ်ားကို ၀န္ခ်ေတာင္းပန္ၿပီးဟု မွတ္ယူသည္။ ခ်ိဳးေဖာက္ျခင္းခံရေသာ ပဋိညာဥ္တရား ေတာ္အတိုင္းျပန္လည္ တည့္မတ္ေနၿပီဟုလည္း မွတ္ယူသည္။ ဘုရားသခင္၏ သန္႔ရွင္းျခင္းသည္ ေက်နပ္မႈရရွိၿပီးျဖစ္သည္ ဘုရားသခင္၏တရားေတာ္မူျခင္းမွာ လည္းထင္ရွား ေပၚလြင္ၿပီးျဖစ္သည္။ ထိုအခါတရားစီရင္ရာ၊ ပလႅင္ျဖစ္မည့္ ထိုပလႅင္သည္ ေက်းဇူးေတာ္ပလႅင္ျဖစ္လာရပါသည္။ ယခုအခါ ဘုရားသခင္ သည္ ဣသေရလလူတို႔၏ ယဇ္ပုေရာဟိတ္မင္းႏွင့္ ႏွစ္သက္ဘြယ္မိသဟာယဖြဲ႔ ႏိုင္ၿပီးျဖစ္ပါသည္။ ေဟၿဗဲ ၉း၁၀-၁၅ကိုဖတ္ပါ။

(င) ကၽြႏ္ုပ္တို႔ႏွင့္ ပတ္သက္၍ ေျပာရလွ်င္ ဤစႀကၤာ၀ဠာ၌အလြန္သန္႔ရွင္းေတာ္ မူေသာ ဘုရားသခင္ႏွင့္ မထိုက္မတန္အျပစ္မ်ားလွေသာ သင္ႏွင့္ ကၽြႏ္ုပ္ကဲ့သို႔ ေသာအျပစ္သားတို႔ ရင္းႏွီးခ်ိဳသာစြာ မိတ္သဟာယဖြဲ႔ႏိုင္ေသာ အရပ္တစ္ေနရာ သာရွိပါသည္။ ထိုအရပ္သည္ လက္၀ါးကပ္တိုင္ျဖစ္ပါသည္။

(စ) ကၽြႏ္ုပ္တို႔၏ယဇ္ပုေရာဟိတ္မင္းျဖစ္ေသာ ခရစ္ေတာ္ ေဟၿဗဲ ၉း၁၁သည္ လက္၀ါး ကပ္တိုင္ေပၚ၌ မိမိအေသြးကိုသြန္းေတာ္မူေသာအခါ ၁ေယာ ၄း၁၀ သူသည္ ကၽြႏ္ုပ္တို႔၏ ေက်းဇူးေတာ္ပလႅင္ျဖစ္လာရပါသည္။

(ဆ) Propitiation ကိုယ္စား၀င္၍အေသခံျခင္းသည္ ခရစ္ေတာ္အေနျဖင့္ ကၽြႏ္ုပ္တို႔ ကိုယ္စားဘုရားသခင္အတြက္ ေဆာင္ရြက္ေတာ္မူေသာအမႈျဖစ္ပါသည္။ အေသြး ကိုသြန္းေတာ္မူေသာအမႈျဖစ္ပါသည္။ အေသြးကိုသြန္းေတာ္မူေသာအခါ အျပစ္ ၏အခ၊ အျပစ္ဒါဏ္ကို ျပည့္စံုစြာေပးေဆာင္ၿပီဟု ဘုရားသခင္ကလက္ခံေတာ္မူ သည္။ ခ်ိဳးေဖာက္ျခင္းခံရေသာပညတ္ေတာ္သည္လည္း ျပည့္စံုျခင္းသို႔ေရာက္ရ သည္။ ကိုယ္ေတာ္၏သန္႔ရွင္းျခင္းသည္ ကၽြႏ္ုပ္တို႔အျပစ္ႏွင့္ ပတ္သက္၍ ေက်နပ္မႈရရွိသည္။ ဘုရားသခင္တရားေတာ္မူေၾကာင္းကိုလည္း ေပၚလြင္ေစပါ သည္။

(ဇ) ထို႔ေၾကာင့္ ေနာင္တရလ်က္ သခင္ေယ႐ႈခရစ္ေတာ္ကို ယံုၾကည္ေသာအျပစ္သား သည္ သခင္ေယ႐ႈသြန္းေတာ္မူေသာ အေသြးေတာ္ေၾကာင့္ ထိုလက္၀ါးကပ္တိုင္ ၌ အတိုင္းအဆမရွိ သန္႔ရွင္းေတာ္မူေသာဘုရားသခင္ႏွင့္ မိတ္သဟာယဖြဲ႔ခြင့္ ရရွိပါသည္။

(စ) ဘုရားသခင္ႏွင့္ ျပန္လည္သင့္ျမတ္ေစေသာတန္ခိုး (Reconicilation)

ေကာ ၁း၂၀-၂၁။ ေရာ ၅း၁၀။ ၂ေကာ ၅း၁၈-၁၉။ ဧ ၂း၁၆။ ေဟ ၂း၁၇ တို႔ကို ေသခ်ာစြာဖတ္ပါ။

(၁) ဘုရားသခင္အား ကၽြႏ္ုပ္တို႔ႏွင့္ ျပန္လည္သင့္ျမတ္ေစသည္ဟုမည္သည့္အခါမွ်မသံုး ေၾကာင္းကို သတိျပဳရပါမည္။ ဘုရားသခင္သည္ ဘယ္ေသာအခါမွ်ကၽြႏ္ုပ္တို႔၏ ရန္သူ မျဖစ္ခဲ့ပါ။ တစ္ခါမွ်အျပစ္မျပဳဘူးေခ်။ သင္ႏွင့္ ကၽြႏ္ုပ္သည္သာ ဘုရားသခင္ႏွင့္ ျပန္လည္ သင့္ျမတ္ရန္လိုေနပါသည္။ ၂ေကာ ၅း၁၉ ေကာ ၁း၂၁။

(၂) ကၽြႏ္ုပ္တို႔သည္ ဘုရားသခင္ႏွင့္ သင့္ျမတ္မႈရရွႏိုင္ရန္ဘာမွ်ျပဳလုပ္ႏိုင္ျခင္းမရွိေၾကာင္းကို သတိျပဳရပါမည္။ ကၽြႏ္ုပ္တို႔၏ယဇ္ပုေရာဟိတ္မင္းျဖစ္ေတာ္မူေသာ ခရစ္ေတာ္သည္ ထိုအမႈကိုေဆာင္ရြက္ေပးပါသည္။ ေဟ ၂း၁၇။

(၃) Reconcilation ျပန္လည္သင့္ျမတ္ျခင္းသည္ Propitition ကိုယ္စားအေသခံျခင္း၏ ဆန္႔က်င္ဘက္ျဖစ္ပါသည္။ အျပစ္ရွိေသာလူသားတို႔၏ ကိုယ္စားအစာထိုး၀င္ေရာက္၍ အေသခံျခင္းသည္ ထိုအျပစ္သားမ်ားအတြက္ ဘုရားသခင္ထံသို႔ ခရစ္ေတာ္ေဆာင္ရြက္ ေပးေသာအမႈျဖစ္ပါသည္။ Reconcilation ျပန္လည္သင့္ျမတ္ျခင္းသည္ ဘုရားသခင္ ကိုယ္စားလူသားတို႔ထံခရစ္ေတာ္ကေဆာင္ရြက္ေပးေသာအမႈျဖစ္ပါသည္။ ဘုရားသခင္ ေတာင္းဆိုေသာ အရာမ်ားကိုၿပီးျပည့္စံုေအာင္ေပးဆပ္ျခင္းကို ပထမေဆာင္ရြက္လ်က္ ဒုတိယတြင္ ကၽြႏ္ုပ္တို႔၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးပါသည္။

(၄) ျပန္လည္သင့္ျမတ္ေစျခင္းျဖင့္ စိတ္ႏွလံုးထဲ၌ ရန္သူျဖစ္ျခင္းကို ဖယ္ရွား၍ ေရာ ၅း၁၀၊ ေကာ ၁း၂၁။ ဧ ၃း၁၆။ အျပစ္ကိုအျမစ္မွဆြဲႏႈတ္၍ အဖိုးအခေပးရန္ရွိသည္မ်ားေပးေခ်ၿပီး သုတ္သင္ပယ္ရွင္းေတာ္မူသည္။ ၂ေကာ ၅း၁၉။ ေဟ ၉း၂၆။ ၁း၃။ တံတိုင္းသဖြယ္ ျဖစ္ေနေသာ အဆီးအတားမ်ားကို ႀကိဳဖ်က္ေတာ္မူၿပီး ဧ၂း၁၄။ တစ္ခ်ိန္က ဘုရားသခင္ႏွင့္ ေ၀းကြာလ်က္ဘုရားသခင္ကို ရန္ဘက္ျပဳေနေသာ သင္ႏွင့္ ကၽြႏ္ုပ္သည္ ဘုရားသခင္ႏွင့္ ျပန္လည္သင့္ျမတ္မႈရရွိပါသည္။ ေကာ ၁း၁၉။ စစ္ပြဲၿပီးဆံုးၿပီးျဖစ္သည္။ ခရစ္ေတာ္၏ အေသြးေတာ္အားျဖင့္ စစ္ေျပၿငိမ္းစာခ်ဳပ္ခ်ဳပ္ဆိုၿပီး ျဖစ္ပါသည္။ ေကာ ၁း၂၀။

(ဆ) ျပည့္စံုေသာေဆးေၾကာျခင္းႏွင့္ အျပစ္ေျဖလႊတ္ျခင္းရရွိေစေသာတန္ခိုး။

ဧ ၁း၇။ မ ၂၆း၂၈။ ၁ေယာ ၁း၇-၉

(၁) အေသြးမသြန္းေလာင္းဘဲ အျပစ္ေျဖလႊတ္ျခင္းမရွိဟု ေဟၿဗဲ ၉း၂၂ တြင္ ျပတ္သားစြာ ေဖာ္ျပထားပါသည္။ သင္သည္ ဘုရားသခင္ေစလႊတ္ေတာ္မူေသာ ခရစ္ေတာ္ကို ယံုၾကည္လက္ခံေသာအခါ ဘုရားသခင္သည္ သင္၏အျပစ္မ်ားကို အေ၀းသို႔ပို႔လႊတ္၍ ထိုအျပစ္မ်ားကို သင္ႏွင့္ေ၀းေစပါသည္။

(၂) အျပစ္ေျဖလႊတ္ျခင္း၏ ၀မ္းေျမာက္ျခင္းဆိုသည္မွာ သင္ႏွင့္အျပစ္မ်ား သင့္၌ မရွိေတာ့ ေၾကာင္းသိရွိေသာအခါ သင္ရရွိေသာ၀မ္းေျမာက္ျခင္းျဖစ္ပါသည္။ ထိုအျပစ္မ်ား “သုတ္သင္ပယ္ရွင္း”ၿပီးျဖစ္ပါသည္။ ေဟ ၉း၂၆။ “ဘုရားသခင္သည္ ခရစ္ေတာ္ေၾကာင့္ သင္တိ႔ု၏အျပစ္ကို လႊတ္ေတာ္မူ”ၿပီ။ ဧ ၄း၃၂။

(၃) လူသားတို႔၏အျပစ္ေျဖလႊတ္ျခင္းႏွင့္ ဘုရားသခင္၏အျပစ္ေျဖလႊတ္ျခင္းတို႔သည္ မ်ားစြာ ျခားနားေနပါသည္။ လူသားတို႔၏အျပစ္ေျဖလႊတ္ျခင္းတြင္ အျပစ္ဒါဏ္ကိုခံယူေစျခင္းမျပဳ ဘဲ ဖယ္ရွားထားပါသည္။ အျပစ္အတြက္ အျပစ္ဒါဏ္ကို မေပးဘဲထားပါသည္။ ထို႔ေၾကာင့္ အျပစ္သည္ စီရင္ျခင္းမခံရဘဲရွိေနပါသည္။ သို႔ေသာ္ က်ဴးလြန္ျခင္းအမႈကို ဘယ္ေတာ့မွ မေမ့ႏိုင္ၾကပါ။ ဘုရားသခင္သည္ သင္ႏွင့္ အကၽြႏ္ုပ္တို႔၏အျပစ္မ်ားကို ေျဖလႊတ္ေသာအခါ ထိုသို႔မဟုတ္ လံုး၀ကြဲျပားျခားနားပါသည္။ ဓမၼသစ္က်မ္းစာတြင္ျဖစ္ေစ၊ ဓမၼေဟာင္းက်မ္း တြင္ျဖစ္ေစ၊ အျပစ္၏အဖိုးအခကို ေျပလည္ေအာင္မေပးဆပ္မီတိုင္ေအာင္လည္းေကာင္း၊ အျပစ္ကိုမဖယ္ရွားမီလည္းေကာင္း ဘုရားသခင္သည္ ဘယ္ေသာအခါမွ အျပစ္ေျဖလြတ္ ျခင္းမျပဳပါ။ အျပစ္ေျဖလႊတ္ၿပီးေသာအခါ က်ဴးလြန္ခဲ့ေသာအျပစ္ကို၊ မမွတ္သားေတာ့ပါ။ ေဟ ၁၀း၁၇-၁၈။ ဘုရားသခင္၏အျပစ္ေျဖလႊတ္ျခင္းသည္ အေသြးသြန္းျခင္း၌ အေျခခံပါ သည္။

(၄) သင္ႏွင့္ကၽြႏ္ုပ္တို႔သည္ အျပစ္ရွိေသာသူ၊ မေရရာေသာသူအားကိုးရန္မရွိ၊ ဘုရားသခင္ ေရွ႕၌ မ်က္ႏွာသာရရန္ မတတ္စြမ္းႏိုင္သူအျပစ္သားမ်ားျဖစ္ၾကပါသည္။ အျပစ္ေျဖ လႊတ္ ျခင္း ရရွိရန္ ကုသိုလ္မျပဳႏိုင္သူမ်ားျဖစ္ပါသည္။ တိ ၃း၅-၆။ ဧ ၂း၈-၉။ ဘုရားသခင္သည္ သနားျခင္းက႐ုဏာေတာ္ႏွင့္အညီ ခရစ္ေတာ္ကို ေစလႊတ္ေတာ္မူလ်က္ ထိုခရစ္ေတာ္ သည္ မိမိအေသြးသြန္းေတာ္မူျခင္းအားျဖင့္ ကၽြႏ္ုပ္တို႔၏ အျပစ္မ်ားကို သုတ္သင္ဖယ္ရွင္း ေတာ္မူၿပီး ျဖစ္သည္။ ထိုအျပစ္မ်ားသည္ မည္သည့္အခါမွ် ျပန္လည္သတိရေတာ့မည္ မဟုတ္ပါ။ ေဟရွာ ၃၈း၁၇။ ၄၄း၂၂။ ေဟၿဗဲ ၈း၁၂။ ၁၁း၁၇။

(၅) ကၽြႏ္ုပ္တို႔၏ အျပစ္မ်ားအားလံုး၊ လံုး၀အျပစ္လႊတ္ၿပီးသည္သာမက ခရစ္ေတာ္၏ အဖိုး ထိုက္လွေသာ အေသြးေတာ္အားျဖင့္ ကၽြန္ုပ္တို႔၏အျပစ္မ်ား အျမစ္မွဆြဲႏုတ္ဖယ္ရွင္းလ်က္ ေဆးေၾကာသန္႔စင္ထားပါသျဖင့္ သန္႔ရွင္းေတာ္မူေသာ ဘုရားသခင္ေရွ႕ေတာ္၌ သန္႔ရွင္း စင္ၾကယ္လ်က္ရွိေနပါသည္။

(က) ေဟ ၁း၃ “ငါတို႔အျပစ္မ်ားကို ကိုယ္ေတာ္တိုင္အားျဖင့္ သုတ္သင္ပယ္ရွားၿပီး လွ်င္”

(ခ) ဗ်ာ ၁း၅။ “ငါတို႔ကိုခ်စ္၍ မိမိအေသြးႏွင့္ ငါတို႔အျပစ္မ်ားကို ေဆးေၾကာေတာ္မူ၍”

(ဂ) ၁ေကာ ၆း၁၁။ “ေဆးေၾကာသန္႔စင္၍ ေျဖာင့္မတ္ရာသို႔ ေရာက္ၾကၿပီ”။

(ဃ) ဗ်ာ ၇း၁၇။ “မိမိ၀တ္လံုကို သိုးသငယ္၏အေသြး၌ေလ်ာ္၍ ျဖဴေစေသာသူျဖစ္ၾက သတည္း။

(၆) ဘုရားသခင္သည္ မွတ္တမ္းကိုလံုး၀အမွတ္မရွိေအာင္ ဖ်က္ၿပီးျဖစ္၍ တစ္ေန႔ ေသာအခါ “သန္႔ရွင္းလ်က္အျပစ္ကင္းလ်က္ရွိသည္ျဖစ္၍ အညစ္အေၾကးတင္ျခင္း၊ အေရတြန္႔ျခင္း” မရွိဘဲ ခရစ္ေတာ္အားဆက္ သျခင္း ခံရမည္ျဖစ္ပါသည္။ ဧ ၅း၂၇။

(ဇ) စာတန္၏ဥာဏ္နီဥာဏ္နက္ႏွင့္ တန္ခိုးတို႔ကို ေအာင္ႏိုင္ေသာ တန္ခိုး။ ဗ်ာ ၁၂း၀၀-၁၁ကိုဖတ္ပါ။

(၁) စာတန္အားမိမိေနရင္း အရပ္မွသူ၏ ပုန္ကန္မႈေၾကာင့္ ဖယ္ရွားႏွင္ထုတ္ခဲ့ေသာ္လည္း ေဟ ၁၆း၁၂-၁၅။ ေယဇ ၂၈း၁၅-၁၇။ သူသည္ ဆက္လက္အသက္ရွင္လ်က္ ေလာကတြင္ ေကာင္းစြာလႈပ္ရွားလ်က္ပင္ရွိေနပါသည္။ ေယာဘ ၁း၆-၇။

(၂) စာတန္သည္ ယေန႔တိုင္ေအာင္ -

(က) ဤေလာက၏ ဘုရားျဖစ္လ်က္၊ ဧ၀ံေဂလိတရား၏ အလင္းကို မျမင္ေစျခင္းငွာ ဥာဏ္မ်က္စိကို ကြယ္ေစပါသည္။ ၂ေကာ ၄း၄။

(ခ) ဤေလာကကို အစိုးရေသာ မင္းျဖစ္လ်က္ ေလာက၏အုပ္စိုးမႈစနစ္အားလံုးကို ခ်ဳပ္ကိုင္ေသာသူျဖစ္ပါသည္။ ေယာ ၁၄း၃၀။ ၁၂း၃၁။

(ဂ) သန္႔ရွင္းသူတို႔အား ဆန္ခါခ်၍ စေကာ၌ လွိမ့္ေနဆဲပင္ျဖစ္သည္။ လု ၂၂း၃၁။

(ဃ) အဘယ္သူကို ၀ါးမ်ိဳရမည္နည္းဟု ရွာေဖြေနသည္။

အင္အားႀကီးမားလွေသာ ငါတို႔၏ရန္သူျဖစ္ပါသည္။ ၁ေပ ၅း၈။

အေသးစိတ္ေလ့လာႏိုင္ရန္ သင္ခန္းစာ (၅)ကို ျပန္ၾကည့္ပါ။

(၃) စာတန္သည္ တစ္ခ်ိန္တည္းတြင္ ေနရာတိုင္း၌ မရွိႏိုင္ေသာ္လည္း တန္ခိုးရွိလ်က္ လွည့္ျဖားတတ္ ေသာ သေဘာႏွင့္ ျပည့္စံု (၂သက္ ၂း၉-၁၀၊ ဗ်ာ ၁၂း၉) ေသာ္လည္း ခရစ္ေတာ္၏အေသြးေတာ္ကို မယွဥ္ႏိုင္ပါ။ ခရစ္ေတာ္ ပူေဇာ္သကၠာအားျဖင့္ ယံုၾကည္သူတို႔အတြက္ စာတန္၏ တန္ခိုးသည္ ေခ်ဖ်က္ခံရၿပီးျဖစ္ပါသည္။ ေဟ ၂း၁၄-၁၅ သြန္းေတာ္မူေသာ အေသြးေတာ္အားျဖင့္ ရရွိေသာ ေအာင္ျမင္ျခင္းကိုစြဲကိုင္လ်က္ ယံုၾကည္သူသည္ ေအာင္ျမင္စြာ အသက္ရွင္ႏိုင္ပါသည္။

ဗ်ာ ၁၂း၁၀-၁၁။ ဧ ၆း၁၆။ ၁ေယာ ၄း၄။ ၁ေယာ ၃း၈။ ယာ ၄း၇။

(စ်) ဘုရားသခင္၏အထံေတာ္သို႔ တိုက္႐ိုက္ဆက္ဆံႏိုင္ေသာလမ္းဖြင့္ေပးေသာတန္ခိုး။ ေဟ ၁၀း၁၉။

(၁) ယခု ကၽြႏ္ုပ္တို႔သည္ ေက်းဇူးေတာ္ပလႅင္သို႔ ရဲရင့္စြာ၀င္ရေသာအခြင့္ရွိၿပီးျဖစ္ပါသည္။

ေဟ ၁၀း၁၉-၂၀။

(၂) ကိုယ္ခႏၶာတည္းဟူေသာ ကန္႔လန္႔ကာအားျဖင့္ အသက္လမ္းသစ္တြင္ ငါတို႔သည္ သန္႔ရွင္းရာဌာနထဲသို႔၀င္ရၾကၿပီ။ ေဟ ၁၀း၂၀။

(၃) ဘုရားသခင္၏ေရွ႕ေတာ္ေမွာက္သို႔ ေရာက္ရွိေစရန္ အတားအဆီးအားလံုး ခရစ္ေတာ္၏ အေသြးေတာ္အားဖယ္ရွားၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ယခုလိုအပ္ေသာ အခ်ိန္တြင္ ေက်းဇူး ေတာ္အားျဖင့္ ေက်းဇူးေတာ္ပလႅင္ေတာ္သို႔ တိုက္႐ိုက္ ၀င္ရေသာအခြင့္ရရွိပါသည္။ ေဟ၊ ၄း၁၆။

(ည) ခရစ္ေတာ္၏အေသြးေတာ္သည္ ကၽြန္ုပ္တို႔အား ေန႔စဥ္ဘုရားသခင္ႏွင့္ မိတ္သဟာယဖြဲ႔လ်က္ အသက္ရွင္ေနရန္တန္ဘိုးရွိပါသည္။ ၁ေယာ ၁း၇။

(၁) ကၽြႏ္ုပ္တို႔အား ဘုရားသခင္ႏွင့္ မိတ္သဟာယဖြဲ႔ရန္အေသြးေတာ္အားျဖင့္ ပို႔ေဆာင္သည္ သာမက။ ဧ ၂း၁၃။ ထိုအေသြးေတာ္သည္ပင္လွ်င္ ဘုရားသခင္ႏွင့္ အစဥ္မိတ္သဟာယ ဖြဲ႔ႏိုင္ရန္မစလ်က္၊ ထိုမိတ္သဟာယဖြဲ႔ျခင္း၌တည္ေစေတာ္မူပါသည္။ (၁ေယာ ၁း၇)

(၂) အကယ္၍ ယံုၾကည္သူသည္ ေခ်ာ္လဲ၍ဘုရားသခင္ႏွင့္ မိတ္သဟာယမဖြဲ႔ႏိုင္ခဲ့ေသာ္ ဆက္ဆံေရးသည္ ယာယီပ်က္ျပားလ်က္ရွိေနပါမည္။ ခရစ္ေတာ္သည္ အမႈေဆာင္သခင္ (ေရွ႕ေန) အျဖစ္ေဆာင္ရြက္ေပးေတာ္မူသျဖင့္ ထိုဆက္ဆံေရးႏွင့္ မိတ္သဟာယဖြဲ႔မႈသည္ ျပန္လည္တည္ေဆာက္မႈရွိပါမည္။

(ခရစ္ေတာ္သည္ သြန္းေတာ္မူေသာအေသြးေတာ္ျဖင့္ ခမည္းေတာ္ထံ၌ အယူခံ၀င္ျခင္း) ႏွင့္ ယံုၾကည္သူသည္ မိမိအျပစ္မ်ားကို ၀န္ခ်ေတာင္းပန္ျခင္း။ ၁ေယာ ၁း၆-၂း၁ျဖင့္ ဆက္ဆံေရးျပန္လည္တည္ေဆာက္ေကာင္းမြန္ျခင္းျဖစ္ပါသည္။

၄။ နိဂံုး။

ဤသင္ခန္းစာတြင္ ခရစ္ေတာ္အေသြး၏တန္ခိုးေတာ္ႏွင့္ အဖိုးထိုက္ေသာထိုအေသြးေတာ္၏ တန္ခိုးေတာ္ကို သိရွိႏိုင္ရန္ ႀကိဳးစား၍ေဖာ္ျပထားပါသည္။ သမၼာက်မ္းစာ၌ ပါေသာအေသြးသြန္းျခင္းဆိုင္ရာ မူလက်မ္းခ်က္မ်ားကို စိစစ္သည္သာမက အဓိကက်ေသာက်မ္းခ်မက္မ်ားကိုလည္း စိစစ္ထားပါသည္။ သခင္ခရစ္ေတာ္၏ အေသြးေတာ္က သင့္အတြက္ေဆာင္ရြက္ေပးေသာအခ်က္ (၁၀)ခ်က္ကို အံ့ၾသဘြယ္ရာေတြ႔ရွိရပါသည္။ ေလ့လာပါ။ ပိုင္ႏိုင္ေအာင္ ျပဳလုပ္ပါ။ ရွင္ေပတ႐ုအတြက္ ထိုအေသြးသည္ အဖိုးမျဖတ္ႏိုင္သကဲ့သို႔ သင့္အတြက္လည္း၊ တန္ဖိုးရွိပါမည္။ ၁ေပ ၁း၁၈-၁၉။ သင္၏ခရစ္ယာန္အသက္တာတြင္ ေန႔စဥ္အေသြးေတာ္၏တန္ခိုးကို အသံုးျပဳလ်က္ ထိေတြ႔ခံစားႏိုင္ပါေစဟု ဆုေတာင္းပါသည္။



ေမးခြန္းမ်ား

၁။ ၀တ္ျပဳရာက်မ္း ၁၇း၁၁ ႏွင့္ ပတ္သက္၍ ေအာက္ပါေမးခြန္းမ်ားကို ေျဖဆိုပါ။

(က) လူ၏အသက္သည္ အဘယ္မွာရွိသနည္း။

(ခ) ခရစ္ေတာ္သည္ မိမိ၏အသက္ကိုကၽြႏ္ုပ္တို႔အားေပးေတာ္မူသည္ဟု သမၼာက်မ္းစာကေဖာ္ျပရာတြင္ မည္သို႔ဆိုလိုပါသနည္း။

(ဂ) ခရစ္ေတာ္၏ေကာင္းေသာအက်င့္စာရိတၱႏွင့္ စံနမူနာအားျဖင့္ ကၽြႏ္ုပ္တို႔သည္ ကယ္တင္ျခင္းသို႔ ေရာက္ရသည္မဟုတ္ေၾကာင္း၊ ဤက်မ္းခ်က္တြင္မည္သည့္စကားလံုးမ်ားက ေဖာ္ျပပါသနည္း။

(ဃ) အျပစ္မဲ့ေသာ တိရစာၦန္၏အေသြးသြန္းျခင္းသည္ မည္သည့္အခ်က္မ်ားကို ေဖာ္ျပပါသနည္း။

၂။ သမၼာက်မ္းစာတြင္အျပစ္ကင္းမဲ့သူ၏ အေသြးသြန္းျခင္းကို ပထမဦးစြာ ေဖာ္ျပခဲ့ေသာက်မ္းခ်က္ (က ၃း၂၁) မွ ေအာက္ပါေမးခြန္းမ်ားကိုေျဖပါ။

(က) လူတို႔သည္ မိမိတို႔၏အျပစ္မ်ားကို ဖံုးကြယ္ရန္ႏွင့္ ဒုစ႐ိုက္ကို ေဖ်ာက္ဖ်က္ရန္ႀကိဳးစားလုပ္ေဆာင္ ျခင္းသည္ အခ်ည္းႏွီးျဖစ္ေၾကာင္းကို မည္သို႔ေထာက္ျပပါသနည္း။

(ခ) အျပစ္ကင္းမဲ့ေသာ တိရိစာၦန္ကို သတ္ျခင္းမျပဳဘဲ ဘုရားသခင္သည္ အဘယ္ေၾကာင့္ အာဒံ၏ အျပစ္ကိုေျဖလႊတ္ၿပီဟု မေျပာႏိုင္သနည္း။

(ဂ) အျပစ္အတြက္ ေပးေဆာင္ရမည့္ဒါဏ္သည္ ေသဒါဏ္ျဖစ္ေၾကာင္းေဖာ္ျပေသာ က်မ္းၫႊန္း(၂)ခု (သို႔) (၃)ခုကိုေဖာျပပါ။

(ဃ) ဤေနရာတြင္ အျပစ္မဲ့ေသာ တိရစာၦန္သည္ ကိုယ္စားေသရန္၀င္ေရာက္ေသာ ခရစ္ေတာ္၏ ပူေဇာ္သကၠာကိုပံုေဆာင္ေၾကာင္းနည္းလမ္း (၂)ခုကိုေဖာ္ျပပါ။

၃။ ဤသင္ခန္းစာအရ ခရစ္ေတာ္၏ အေသြးေတာ္သည္ သင့္အတြက္ (၁၀)မ်ိဳးကိုေဆာင္ရြက္ရန္ တန္ခိုးရွိေတာ္ မူေၾကာင္း အတည္ျပဳထားပါသည္။ စိတ္ႏွလံုး႐ိုးသားစြာ ေလ့လာၿပီေနာက္ ထိုတန္ခိုးေတာ္တို႔၏ အမည္ကိုေဖာ္ျပပါ။

၄။ သင္၏အျပစ္မ်ားႏွင့္ ပတ္သက္၍ ဘုရားသခင္၏တရားေတာ္မူျခင္းႏွင့္ သန္႔ရွင္းေတာ္မူျခင္းတို႔သည္ ခရစ္ေတာ္ အေသခံေတာ္မူျခင္းေၾကာင့္ မည္ကဲ့သို႔ ေက်နပ္မႈရရွိႏိုင္ပါသနည္း။

၅။ ခရစ္ေတာ္၏ အေသြး၏တန္ခိုးေတာ္အားျဖင့္ ေျဖာင့္မတ္ျခင္း၀တ္လံုကို ၀တ္ဆင္ေစျခင္းႏွင့္ ပတ္သက္၍ ေအာက္ပါေမးခြန္းမ်ားကိုေျဖပါ။

(က) ဘုရားသခင္၏ေျဖာင့္မတ္ျခင္းကို ၀တ္လံုကဲ့သို႔ျမင္ေစေသာ က်မ္းခ်က္အနည္းဆံုး (၂)ခုကို ေဖာ္ျပပါ။

(ခ) ၂ေကာ ၅း၂၁ကို အေျခခံလ်က္ ယူတင္၀တ္ေဆာင္ျခင္း အေျခခံပံုေသယံုၾကည္ခ်က္ Inputation Doctrine ကိုရွင္းျပပါ။

(ဂ) က၊ ၃း၂၁ တြင္ အာဒံသည္ မိမိကိုယ္ မိမိကယ္တင္ရန္လံုး၀မတတ္ႏိုင္ဘဲရွိေနသကဲ့သို႔၊ လူတို႔သည္ မိမိကိုယ္မိမိေျဖာင့္မတ္ေသာသူျဖစ္သည္ဟု သတ္မွတ္ႏိုင္ရန္ ႀကိဳးစားမႈမ်ားသည္ ခ်ည္းႏွီးျဖစ္ ေန ေၾကာင္း ဘုရားသခင္ မည္သို႔ေဖာ္ျပပါသနည္း။ သင္ကိုယ္တိုင္၏ ကယ္တင္ျခင္းႏွင့္ ပတ္သက္၍ ဤအခ်က္သည္ မည္သို႔ပတ္သက္ေနပါသ နည္း။

၆။ သန္႔ရွင္းေသာဘုရားသခင္၏ေရွ႕တြင္ ခရစ္ေတာ္၏အေသြးေတာ္က သင့္အားေျဖာင့္မတ္ရာ၌ တည္ေစျခင္း တန္ခိုးႏွင့္ ပတ္သက္၍ ေအာက္ပါေမးခြန္းမ်ားကိုေျဖပါ။

(က) အျပစ္ဒါဏ္စီရင္ျခင္းမခံသင့္ pardon အျပစ္ဒါဏ္မွလံုး၀ကင္းလြတ္ခြင့္ျပဳသည္ဟူေသာ စကားလံုး ႏွင့္ မည္သို႔ကြာျခားပါသနည္း။

(ခ) ေအာက္ပါတို႔ကို စကားလံုးတစ္လံုးႏွစ္လံုးျဖင့္ေျဖပါ။

(၁) ေျဖာင့္မတ္ရာ၌တည္ေစႏိုင္ေသာအခြင့္အာဏာရွိသူ။

(၂) မည္သည့္နည္းလမ္းျဖင့္ ေပးႏိုင္ပါသနည္း။

(၃) ထိုသို႔ တည္ေစရျခင္း၏အေၾကာင္းျပခ်က္။

(၄) ထိုတည္ေစျခင္း၏ အာမခံခ်က္။

(၅) ထိုအမႈအတြက္ ေပးရေသာ တန္ဖိုးႏွင့္ ထိုသို႔ျဖစ္ေစႏိုင္ေသာတန္ခိုး။

၇။ ခရစ္ေတာ္သြန္းခဲ့ေသာ အေသြးသည္ ကၽြႏ္ုပ္တို႔အား ေရြးႏုတ္ပိုင္ေသာ တန္ခိုးရွိသည္။

(က) ေရြးႏုတ္ျခင္း Redemption ႏွင့္ ပတ္သက္၍ အေျခခံသေဘာတရား (၃)မ်ိဳးရွိပါသည္။ ၄င္း (၃)မ်ိဳးကိုေဖာ္ျပပါ။

(ခ) ခရစ္ေတာ္သည္ ကၽြႏ္ုပ္တို႔အား အရာေလးပါးတိ႔ုမွ လႊတ္ေျမာက္ျခင္းေပးရန္ အေသြးသြန္းေတာ္မူခဲ့ ပါသည္။ ထိုအရာမ်ားကို ေရတြက္လ်က္ က်မ္းၫႊန္းျဖင့္ျပပါ။

၈။ Propitiation လူစား၀င္ေရာက္အေသခံျခင္း၏ အဓိပၸါယ္ကိုနားလည္ရန္ အဘယ့္ေၾကာင့္ အေရးႀကီးပါ သနည္း။

၉။ Propitiation လူစား၀င္ေရာက္အေသခံျခင္းႏွင့္ ျပန္လည္သင့္ျမတ္ျခင္း မည္သို႔ကြာျခားပါသနည္း။

၁၀။ တဲေတာ္ထဲရွိ ေက်းဇူးေတာ္ပလႅင္သည္ မည္ကဲ့သို႔ ခရစ္ေတာ္၏ လက္၀ါးကပ္တိုင္ႏွင့္ တူပါသနည္း။

၁၁။ ဘုရားသခင္အား ကၽြႏ္ုပ္တို႔ႏွင့္ ျပန္လည္သင့္ျမတ္သည္ဟုအဘယ့္ေၾကာင့္ မသံုးပါသနည္း။

၁၂။ ျပန္လည္သင့္ျမတ္ျခင္းဆိုရာတြင္ ၀ိညာဥ္ေရးရာသေဘာအရ အဘယ့္ေၾကာင့္ စစ္ေျပၿငိမ္းျခင္းကဲ့သို႔ ျဖစ္သနည္း။ က်မ္းၫႊန္းမ်ာကိုျပပါ။

၁၃။ လူသားတို႔၏ အျပစ္ေျဖလႊတ္ျခင္းႏွင့္ ဘုရားသခင္၏အျပစ္ေျဖလႊတ္ျခင္းမတူ၊ ျခားနားေၾကာင္းရွင္းျပပါ။

၁၄။ အျပစ္ေျဖလႊတ္ျခင္းအတြက္ ခရစ္ေတာ္သြန္းေတာ္မူေသာ အေသြးေတာ္လိုအပ္ေၾကာင္းကိုေဖာ္ျပေသာ က်မ္းၫႊန္း (၂)ခုကိုေဖာ္ျပပါ။

၁၅။ ခရစ္ေတာ္၏အေသြးေတာ္၌ ကၽြႏ္ုပ္တို႔အား ေဆးေၾကာလ်က္သန္႔ရွင္းရာသို႔ေရာက္ေစေၾကာင္း ေဖာ္ျပထား ေသာက်မ္းၫႊန္း (၂)ခုကိုျပပါ။

၁၆။ ခရစ္ေတာ္၏အေသြးေတာ္အားျဖင့္ စာတန္ကိုလံုး၀ေအာင္ျမင္ေနၿပီးျဖစ္၍ သင္ကိုယ္တိုင္စာတန္အား အေသြး ေတာ္၌လည္းေကာင္း၊ အေသြးေတာ္အားျဖင့္လည္းေကာင္း အႏိုင္ယူႏိုင္ေၾကာင္းကို က်မ္းစာက ရွင္းလင္းစြာ ေဖာ္ျပထားပါသည္။ က်မ္းၫႊန္းျဖင့္ေျဖပါ။

၁၇။ သင္အလိုရွိေသာေက်းဇူးေတာ္ႏွင့္ က႐ုဏာေတာ္ကို ဘုရားသခင္အထံေတာ္ပါးသို႔ သင္ကိုယ္တိုင္၀င္၍ ေတာင္းခံရယူႏိုင္ေၾကာင္းကို မည္သည့္က်မ္းခ်က္က ရွင္းလင္းစြာသြန္သင္ထားပါသနည္း။

၁၈။ အျပစ္သားအား မည္သည့္နည္းျဖင့္ ဘုရားသခင္ထံေတာ္သို႔ေခၚေဆာင္ၿပီး ဘုရားသခင္ႏွင့္ မိတ္သဟာယဖြဲ႔ ေစႏိုင္ပါသနည္း။ ထိုမိတ္သဟာယသည္ မည္ကဲ့သို႔ တည္ၿမဲေနပါသနည္း။

၁၉။ ခရစ္ေတာ္သြန္းေတာ္မူေသာ အေသြးေတာ္ႏွင့္ ပတ္သက္၍လည္းေကာင္း၊ ဤသင္ခန္းစာႏွင့္ ပတ္သက္ ၍လည္းေကာင္း သင့္တြင္ မည္ကဲ့သို႔ခံစားရေၾကာင္းကို အက်ဥ္းခ်ံဳး၍ေဖာ္ျပပါ။



အမည္ ______________________________ ရက္စြဲ။ _____________________

လိပ္စာ ______________________________

______________________________



LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL

Prepared by William S. H. Piper (D.D)

မွတ္ခ်က္။ စာေပးစာယူ၊ အေ၀းသင္ဒီပလိုမာက်မ္းစာသင္ခန္းစာမ်ား (အခန္း ၈) ျဖစ္ပါသည္။
http://www.murann.com/ezine/index.php?option=com_content&view=article&id=1525:-8-&catid=9:bible-study&Itemid=10

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...