0

အသက်ကို ရင်းပြီးပြန်ဆိုရသော ဘာသာပြန်ဆရာကြီးများ

 
အသက်ကို ရင်းပြီးပြန်ဆိုရသော ဘာသာပြန်ဆရာကြီးများ

Unicode & Zawgyi Reshare-#9Dan
New Covenant
အသက်ကို ရင်းပြီးပြန်ဆိုရသော ဘာသာပြန်ဆရာကြီးများ
လေးစားရတဲ့သူတွေထဲမှာ ဘာသာပြန်စာရေးဆရာကြီးတွေလဲပါ ပါတယ်။
ဘာသာပြန်တယ်ဆိုတာ ပြန်ဆိုခံ ဘာသာစာပေနဲ့ ပြန်ဆိုရမယ့် ဘာသာစာပေတို့ကို
တတ်ကျွမ်းရ တယ်လို့ ဘာသာပြန် စာပေပညာရှင် ကြီးတွေပြောတာ
မှတ်သားရဖူးပါတယ်။

ဘာသာပြန်စာပေ စာတမ်း ဖတ်ပွဲမှာ တင်သွင်းတဲ့စာတမ်းတွေ ကို လက်လှမ်းတစ်မီ

ဖတ်ကြည့်မှ ဘာသာပြန်နိုင်ဖို့၊ ဘာသာပြန်ရတာ ဘယ်လောက်ခဲယဉ်းတယ်သိလိုက်ရ

ပါတယ်။ ဒီတော့မှလဲ ဘာသာပြန် စာရေးဆရာတွေ ကြီး၊ လတ်၊ ငယ် အားလုံးကို ကျေးဇူးတင်ရလှပါ တယ်။

ဆရာကြီးတွေရဲ့ ဘာသာပြန် လက်ရာတွေဖတ်ရ၊ ခံစားရပြန်တော့ လဲ ပြန်တတ်လိုက်ပလေ။ ရေးတတ် လိုက်ပလေလို့ ပီတိဖြစ်ရပါတယ်။

အင်္ဂလိပ်စာကို သေစာရှင်စာ သာတတ်သူအဖို့ စစ်နဲ့ ငြိမ်းချမ်းရေး လို ကမ္ဘာ့

ဂန္ထဝင်ကြီးဖတ်ရတာမျိုး ဟာ ဘာသာပြန်ဆရာကြီးတွေ ဘာ သာပြန်လို့သာ ဖတ်ရတာ ပါ။ ကျေးဇူးကြီးလှပါပေတယ်။

ဘာသာပြန်တဲ့ကိစ္စ တွေးတော့ ကမ္ဘာမှာ -

(က) ပုံနှိပ်ထုတ်ဝေရတဲ့ စောင်ရေ အများဆုံး။

(ခ) ပုံနှိပ်ထုတ်ဝေရတဲ့ အကြိမ်ရေ အများဆုံး။

(ဂ) တစ်မူတည်းကိုပဲ ပြန်ဆိုရတဲ့ ဘာသာအများဆုံး။

(ဃ) ဖတ်၊ လေ့လာသူ အများဆုံး။

(င) ဖြန့်ချိတဲ့နိုင်ငံ အများဆုံးဆိုတဲ့ စာအုပ်တစ်အုပ်ကို သူတို့ဘယ်လိုများ ဘာသာပြန်ခဲ့တာပါလိမ့်လို့ သိချင်မိ လာပါတယ်။

ထရံပေါက်က အသာလှမ်း ကြည့်လိုက်ပါတယ်။

အချက် ငါး ချက်နဲ့ ညီတဲ့စာအုပ်ကတော့ဆရာ ယုဒသန် မြန်မာနာမည်ပေးထားတဲ့ သမ္မာကျမ်း တဲ့။

အင်္ဂလိပ် နာမည် ကဖြင့် Bibliograph ဆို စကား ကယူထားတဲ့ Bible ပါပဲ။
အမှန် က ခရစ်မတိုင်မီ Hebrew ဘာသာနဲ့ ရေးခဲ့တဲ့ စာစောင်ပေါင်း ၃၉ စောင်နဲ့ ခရစ်တော်ပေါ်ထွန်းပြီးမှ Greek ဘာ သာစကားနဲ့ ရေးထားတဲ့ စာစောင် ပေါင်း ၁၂၇ စောင်။ ဒါတွေကို သင့်ရာ ပေါင်းစုလိုက်တော့ စာစုပေါင်း ၆၆ စောင်ရပါတယ်။
ဒီလို စုပေါင်းထား တာမို့ Bibliograph- စာဟောင်းပေ ဟောင်း စုစည်းမှုအတတ် ဆိုစကား နဲ့ဆီလျော်ပါတယ်။ စာစောင်တစ် စောင်ချင်းမှာ သီးခြား ခေါင်းစဉ်တွေ ရှိပါတယ်။ စုပေါင်းပြီး တစ်အုပ် တည်းဖြစ်အောင် လုပ်လိုက်တော့ စာ စောင်ပေါင်း- Bible လို့ပေးလိုက်တာ ပါ။ ဘာသာပြန်ဆရာ့လက်ရာပါ။
အခု ပြောမှာက ဒီကျမ်း အကြောင်းမဟုတ်ပါဘူး။
ဒီကျမ်းကို ဘာသာပြန်ကြတဲ့အကြောင်းပါ။ ပြော ခဲ့သလို။

ဒီကျမ်း (စာစောင် ၆၆ စောင်)ကို မူလက Hebrew ဘာသာ၊ Greek ဘာသာနဲ့ ရေးခဲ့ကြတာ။ ဥရောပမှာ ခရစ်ယာန်ဘာသာ ထွန်း ကားပြန့်ပွားတဲ့ ခေတ်ဦးကာလမှာ ၆၆ စောင်လုံးကို လက်တင်ဘာသာနဲ့ ပြန်ဆိုခဲ့ပါတယ်။ ဒီအခါက လက် တင်ဘာသာကို တော်ဝင်ဘာသာ စကားလို့ သတ်မှတ်ထားကြတာ ကိုး။ ပညာတတ် အထက်တန်းလွှာ တွေသာတတ်တဲ့စာပေါ့။ အင်္ဂလိပ် စကားပြော အင်္ဂလန်မှာ ခရစ်ယာန် ဘာသာဝင် အင်္ဂလိပ်တွေ နေ့စဉ် ဆုတောင်းကြတော့ အင်္ဂလိပ်စကားနဲ့ ပါ။ ဘုရားကျောင်းတွေမှာ ဝတ်ပြု ဆုတောင်းပွဲအခမ်းအနားကြီးတွေ ကျင်းပတဲ့အခါကျမှ လက်တင်ဘာ သာသုံးပါတယ်။ အများလူထု နား မလည်နိုင်ရှာကြပါဘူး။
ဒါကို သိမြင် ပြုပြင်ချင်တဲ့သူက အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီး John Wycliffe တဲ့။ လက်တင်ဘာသာစာ၊ စကား ကျွမ်း ကျင်နှံ့စပ်သူ။ လက်တင်နဲ့ရှိတဲ့ ကျမ်း စာစောင်တွေကို အင်္ဂလိပ်စာနဲ့ ပြန် ဆိုဖို့ သူနဲ့ စိတ်သဘောတူသူတွေစု ပြီး ကျမ်းစာဘာသာပြန်အဖွဲ့ကလေး တစ်ဖွဲ့ ဖွဲ့ကြပါတယ်။

အဲဒီကာလရဲ့ အင်မတန် သြဇာကြီးလှတဲ့ ခရစ်ယာန်ဂိုဏ်း ကျောင်းတော်ကြီးက ဘာသာပြန်မှာကို လက်မခံနိုင်ပါဘူး။ Wycliffe တို့ အပေါ် သြဇာသုံး၊ အရှိန်အဝါသုံးပြီး ဆန့်ကျင်ဖိနှိပ်တော့တာ။
ချက်ချင်းပဲ ရဟန်းမင်း Gregory XI က ဘာသာ ပြန်မှာကို ဆန့်ကျင်တဲ့အချက် ငါးချက်
ထုတ်ပြန်ပါတယ်။ ဘာ ကြောင့် ဆန့်ကျင်ရတယ်ဆိုတာကို The Mysteries of the
Vitican စာအုပ်မှာရှင်းပြထားတာရှိပါတယ်။ ခုရေးနေတဲ့ စာနဲ့မဆိုင်လို့ ချန်ထားခဲ့ပါ မယ်။ ဆန့်ကျင်နှိပ်ကွပ်မှု ပြင်းလွန်း လို့ ဘာသာပြန်စာမူ တစ်ခုလုံးပြီးစီး ဖို့ နှစ် ၂ဝ ကြာခဲ့ရတာသာ တွေးပါ တော့။

စာတစ်အုပ်ဘာသာပြန်ချိန် အရှည်ကြာဆုံး ကမ္ဘာ့စံချိန်ပါပဲ။ Wycliffe မသေမီကလေး ၁၃၈၂ ခုနှစ် မှာမှ ဘာသာပြန်စာမူချော ထွက် လာပါတယ်။ ပုံနှိပ်စက် မပေါ်သေး တော့ လက်ရေးနဲ့ပဲ မူပွားရတာပေါ့။ လက်ရေးမူ တစ်မူရဖို့ ဆယ်လ ကြာ သတဲ့။

Wycliffe ကွယ်လွန်ပြီး ၁ဝ နှစ် ကြာတော့ သူ့အပေါင်းပါအဖွဲ့ဝင် တစ် ဦးက မူလ ဘာသာပြန်ကို အချော ကိုင်တည်းဖြတ်လိုက်တာကြောင့် ဖတ်ရသူအဖို့ ပိုလွယ်တဲ့မူတစ်မူ ရ လာပါတယ်။ ဒီလိုဘာသာပြန်ကြတာ ကို ဆန့်ကျင်ဖိနှိပ်မှုက ဘာသာပြန်သူ ဆုံးပါးတာတောင် အတောမသတ် ပါဘူး။

ဘာသာပြန်ဆရာ Wycliffe ဆုံးပါးတာ နှစ် ၄ဝ ကျော် ကြာ သွားချိန်မှာ ရဟန်းမင်းကောင်စီ - Papal Council ရဲ့ အမိန့်နဲ့ Wycliffe ရဲ့ ရုပ်အလောင်းကို ပြန်တူးဖော်ယူ၊ ပြာကျအောင်မီးရှို့၊ အရိုးပြာကို မြစ်ထဲ စွန့်ပစ်လိုက်ကြသေးတာ။ စာတစ် အုပ်ဘာသာပြန်ရတာ သေပြီးတာ တောင် အာဃာတမီး၊ ပကတိ မီး လောင်ကျွမ်းခံရရှာတယ်။ ဒါပေမယ့် ဘာသာပြန်ဆရာတွေဟာ ဒုက္ခပင် လယ်ကို ကလောင်တစ်ချောင်း ဖက် တွယ်ကူးရဲသူတွေပါ။

ဒီကျမ်းစာကိုပဲ Wycliffe လွန် နှစ် ၂ဝဝ အကြာ၊ ၁၆ ရာစုမှာ ထပ်ပြီး ဘာသာပြန်ဖို့ဖြစ်လာရပြန်တယ်။ Wycliffe ရဲ့ မူက ၁၄ ရာစုသုံး အင်္ဂ လိပ်စာ။ ၁၆ ရာစုမှာ ဖတ်နိုင်သူ၊ နားလည်သူ နည်းသွားပြီ။ ခေတ် ကုန်သွားတဲ့ သဘောပေါ့။ ခရစ်ယာန် ဘာသာဝင် အင်္ဂလိပ် အများစုက ကျမ်းစာကို နားလည်ရ ခက်တာ ကြောင့် စိတ်ပျက်၊ ညည်းတွားလာ ကြတယ်။ ဒီအခြေအနေကို သတိ ထားမိ၊ ပြုပြင်မှ ဖြစ်မယ်တွေးသူက ဘရစ္စတိုမြို့အနီးက လူငယ်ဓမ္မဆရာ William Tyndale ပါ။ Wycliffe ဘာသာပြန်ခဲ့တာက လက်တင်ဘာ သာနဲ့ရေးထားတဲ့ကျမ်း။ Tyndale က မူရင်း Hebrew နဲ့ Greek ကနေ အင်္ဂလိပ်လို့ဘာသာပြန်တာပါ။ Wycliffe ခေတ်က ပုံနှိပ်စက်မပေါ်သေး ဘူး။ Tyndale လက်ထက်မှာ ပုံနှိပ် စက်ရှိပြီ။ ဒီလို မတူကြပေမယ့် ဘာ သာပြန်တာကို ဆန့်ကျင်ဖိနှိပ်ခံရမှု ကတော့ မခြားလှဘူးဆိုနိုင်ပါတယ်။ ပိုလို့တောင် ဆိုးတယ် ပြောမယ်ဆို ပြောလောက်ပါတယ်။
ဘာသာပြန်ဖို့ အင်္ဂလန်မှာ အတားအဆီး အားကြီးလှလို့ ၁၅၄၂ ခုနှစ်မှာ ဂျာမနီကိုထွက်သွားခဲ့တယ်။ ဘာသာပြန်ပြီး စာမူရလာတော့ ပုံနှိပ် ဖို့ Cologne မြို့က ပုံနှိပ်စက်မှာ အပ်လိုက်တယ်။

ကျောင်းတော်ကြီး က ဒီသတင်းရတာနဲ့ Cologne မြို့ လွှတ်တော်- Senate ကို Tyndale ရဲ့ ဘာသာပြန်မူတွေကို သိမ်းယူဖျက် ဆီးဖို့ ချဉ်းကပ် ကြိုးပမ်းပါရော။ Tyndale လဲ Cologne မှာ မနေဝံ့ တော့ဘဲ Worms မြို့ဆီ တိမ်းရှောင် ရတော့တယ်။ ကလောင်ကို ဖက် တွယ်မိမှတော့ ဒုက္ခပင်လယ်နက် ကျယ်ကျယ်ကို ကူးရဲပြီ။ Tyndale က သူ့အလုပ် ဆက်လုပ်တာပါပဲ။ မကြာလှပါဘူး။ Tyndale ဘာသာ ပြန်ကျမ်းစာစောင်တွေကို အင်္ဂလန်ကို လျှို့ဝှက်တင်ပို့နိုင်ခဲ့တယ်။ ရောင်းကောင်းလိုက်ပုံဖြင့် ခြောက်လအတွင်း စောင်ရေ ထောင်ချီပါရော။ အဲဒီ ကာလက စောင်ရေ ထောင်ချီတယ် ဆိုတာ အင်မတန်များတာ။ ပုံနှိပ် ပညာက သွက်သွက်လက်လက် မဖြစ်သေးဘူး။

ကျောင်းတော်ကြီးက ယမ်းပုံ မီးကျပေါ့။ အရေးပေါ် အစည်းအဝေး ကျင်းပပြီး Tyndale ဘာသာပြန်မူ တွေ မီးရှို့ပစ်ဖို့ အမိန့်ထုတ်ပြန်ပါ တယ်။ လူထုက နှစ်ခြိုက်လက်ခံ တာကို အမိန့်အာဏာ လက်နက်နဲ့ ဖြိုဖျက်လို့ ရစကောင်းတာမှ မဟုတ် တာ။ ဒီတော့တစ်မျိုး ကြံပြန်တယ်။

လန်ဒန်ဂိုဏ်းချုပ်ကြီးက Sir Thomas More ကို Tyndale ရဲ့ ကလောင်ကို ကလောင်နဲ့
ဝေဖန် တိုက်ခိုက်စေပါတယ်။ Tyndale ဘာ သာပြန်တာမှာ ပြန်ဆိုတဲ့ စကားလုံး

တွေကို မကြိုက်တဲ့အကြောင်းနဲ့ ဘာ ကြောင့် မကြိုက်ရတယ်ဆိုတာကို If God Spare

Mylife စာအုပ်မှာ ဝေ ဖန်ခဲ့ပါတယ်။ ဥပမာ Greek စကားလုံး A GA' PE (a-ga pe )

ကို မူလ က အလှူဒါနလို့ပြန်ခဲ့တာ။ Tyndale က မေတ္တာ-Love လို့ ပြန်ပါတယ်။ ဒီစာနဲ့

မသက်ဆိုင်လို့ စကားလုံး ကွဲလွဲမှုကို အကျယ် မရေးတော့ပါ။ ညွှန်းစာအုပ်မှာ
ဖတ်ကြည့်ပါရော့။

မိစ္ဆာအယူ ယူသူ ယုံကြည်သူ တွေကို မီးရှို့သတ်ဖို့ မီးရှို့ပြစ်ဒဏ် More က

အားပေးအားမြှောက် လုပ်ခဲ့တာပါ။ မြန်မာရာဇဝင်မှာ ပန်းပဲ မောင်တင့်တယ်၊

မိဖုရားစောလုံ တို့ကို ဖိုကျင်ထိုး သတ်သလိုမျိုးပေါ့။ ၁၅၃၆ ခုနှစ်၊ အောက်တိုဘာလမှာ

ကျမ်းစာတစ်အုပ် ဘာသာပြန်တဲ့ အတွက် ပြစ်ဒဏ်က Tydale ကို လည်မြို

ညှစ်သတ်ပြီး သစ်တိုင် - Stake ပေါ်မှာ ခန္ဓာကိုယ်ရုပ် အလောင်း
ကိုမီးရှို့ခံခဲ့ရရှာတယ်။ ကမ္ဘာ့ဘာသာ ပြန်သမိုင်းမှာ စံချိန်တင်ရမယ့် ပြစ် ဒဏ်ပါပဲ။ ဒီနေရာမှာ သံဝေဂရစရာ ကတော့ ကြမ္မာရဟတ် တစ်ပတ်လည်တဲ့အခါမှာတော့ More လဲ ဘုရင့်အမိန့်နဲ့ ခေါင်းဖြတ် ကွပ်မျက်ခံရပါတယ်။

ကျောင်းတော်ကြီးက ဒီဘက် ခေတ် ၂ဝ ရာစုထဲကျမှ ၁၉၃၅ ခုနှစ် မှာ More ကို သန့်ရှင်းသူအဖြစ် အသိ အမှတ်ပြုခဲ့ရုံမက ၂ဝဝဝ ပြည့်နှစ်မှာ Pope John Paul II က More ကို နိုင်ငံအကျိုးသယ်ပိုးသူတို့ရဲ့ ကျေးဇူးရှင် သူတော်စင် - Patron Saint of Politicians အဖြစ် ဂုဏ်ပြုခဲ့သေးတယ်။ ဘာသာပြန်ဆရာ Tyndale ကလဲ သူ့မူကို ဖတ်မှတ်လေ့လာသူ တွေရဲ့ စိတ်နှလုံးသရဖူကို ရခဲ့တယ် ဆိုချင်ပါတယ်။

ဒါဟာ စာရေးဆရာ အနုပညာသမားတွေသာ ရနိုင်တဲ့ ဆုလာဘ်ပါ။
အသက်ကို ဖက်နဲ့ထုပ် ဒုက္ခ ပင်လယ်ထဲ ကလောင်တစ်ချောင်းနဲ့ ကူးရဲသူ နောက်တစ်ဦးက Robert Morrison ပါ။ အင်္ဂလိပ်လူမျိုး ခရစ် ယာန် သာသနာပြုတစ်ဦးပါ။ ရာဇ ဝတ်အိုးကို ကလောင်နဲ့ ထိုးတဲ့သူ။

Morrison က ခရစ်ယာန် ကျမ်းစာ ကို တရုတ်ဘာသာပြန်ချင်လွန်းလှတဲ့ သူ။ တရုတ်ဧကရာဇ်က နိုင်ငံခြား သားကို တရုတ်စာ၊ စကား သင် ကြားပေးတဲ့ တရုတ်ကို သေဒဏ်ချ မှတ်မယ် အမိန့်ထုတ်ပြန်ထားကြောင်း Morrison ရဲ့ မိသားစု၊ ရင်းနှီးတဲ့ မိတ်ဆွေတွေက တားကြပေမယ့် ၁၈ဝ၇ ခုနှစ်မှာ Morrison တရုတ် ပြည်ဆီ ထွက်သွားတော့တယ်။ ရောက်မဆိုက်ဘဲ တရုတ်စကား၊ စာ သင်ယူတော့တာပဲ။ ပုန်းလျှိုးကွယ် လျှိုးနေ လျှို့ဝှက်သင်ယူရတာပါ။ ဧကရာဇ်ရဲ့ နားပေါက်ကြားလို့ဖြင့် သင်ကြားပေးသူ၊ သင်ယူသူ၊ အတူ သေကြရမှာ။ ဒါကြောင့် နှစ်နှစ်နီး နီး အိမ်တွင်းအောင်းပြီး နေခဲ့ရတယ်။ နှစ်နှစ်ကြာတဲ့အခါ Morrison တစ် ယောက် တရုတ်ရုံးသုံး မန်ရဒင်းစကား၊ စာနဲ့ ရပ်ရွာသုံး တရုတ်စကား၊ စာတစ်မျိုးမက ပြော၊ ဖတ်၊ ရေး တတ်သွားပြီ။
ပြောနိုင်၊ ဖတ်နိုင်၊ ရေးနိုင်ပြီမို့ ဘာသာပြန်လုပ်ရုံပေါ့။ ပုံနှိပ်ဖြန့်ချိ မယ်ပေါ့။ ဒါပေမယ့် လောကဓံ တရားလှည့်စားပြန်တယ်။ ခရစ်ယာန် အဆိုနဲ့တော့ စုံစမ်း နှောင့်ယှက် ခံရတယ်ပေါ့။ ခရစ်ယာန်ဘာသာစာ ပေတွေ ပုံနှိပ်ထုတ်ဝေတာဟာ သေဒဏ်ထိုက်သင့်တဲ့ ပြစ်မှုဖြစ်တယ်လို့ ဧကရာဇ်က အမိန့်ထုတ်ပြန်ပါတယ်။ Morrison ကလဲ သူ့ကလောင်ကို ရပ်မထားပါဘူး။ ကလောင်ကို တကယ်ချစ်မိပြီဆိုမှဖြင့် သေဒဏ် ဆိုတာလဲ ဆုလာဘ်တစ်ခု ဖြစ်သွားတာလေ။ ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှာ Morrison ရဲ့ ခရစ်ယာန် ကျမ်းစာစောင် တရုတ် ဘာသာပြန်မှု ပြီးစီးပါပြီ။ ၁၈၃၆ ခုနှစ်မှာတော့ တရုတ်ဘာသာပြန် ခရစ်ယာန်ကျမ်း ဟောင်း၊ သစ် ၂ဝဝဝ အုပ်၊ ကျမ်း အသစ် (မူရင်း Greek ဘာသာရေးမူ) တရုတ် ဘာသာပြန်စာစောင် ၁ဝဝဝဝ၊ ကျမ်းစာ ကောက်နုတ် အပိုင်း ၃ဝဝဝဝ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တယ်။ လည်ကုပ်ပေါ် ဓားသွားထက်ထက် တင်ထားလျက်က ဘာသာပြန် စာမူ တစ်ခုပြီးအောင် ပြန်ဆိုပုံနှိပ်ထုတ်ဝေ နိုင်ခဲ့တာ။

မိတ်ဆွေတို့ သမ္မာတရားက ဘယ်တော့မှပျောက်ကွယ်မသွားပါဘူး။ ဒီနှုတ်ကပတ်တော် သမ္မာတရားက သန့်ရှင်းသောဝိညာဉ်တန်ခိုးအားဖြင့် အမြဲယခုအချိန်ထိ ခွန်အားယူနေရတုန်းပါပဲ။
သမ္မာတရားက စာမဟုတ်ပါဘူး။ အသက်ရှင်တယ်။ ထို့ကြောင့် သမ္မာတရားသည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် လူမျိုးများစွာ၊ တိုင်းနိုင်ငံများစွာကို ပြောင်းလဲစေတယ်။ သမ္မာကျမ်းစာ သည် ယေရှုကိုပဲ ဖော်ညွန်းပြသပါသည်။

နိုးထပါတော့ ယုံကြည်သူတို့... သင်တို့တွေရဲ့ ဗီဒိုထဲမှာ ဖုန်တက်အောင် ထားတဲ့ အရာက ဘယ်လောက် အဖိုးအခ တန်ဖိုးရှိတယ်ဆိုတာ သတိရကြပါ။

ယေရှုကို ချစ်ရင် တကယ်ချစ်ရင်...သင်က နှုတ်ကပတ်တော်ကို ဆာငင်စွာ ဖတ်ရှုမှာပါ...

ပဋိညာဉ်တရားသစ်(New Covenant)

အသက္ကို ရင္းျပီးျပန္ဆုိရေသာ ဘာသာျပန္ဆရာႀကီးမ်ား

Unicode & Zawgyi Reshare-#9Dan
New Covenant
အသက္ကို ရင္းျပီးျပန္ဆုိရေသာ ဘာသာျပန္ဆရာႀကီးမ်ား
ေလးစားရတဲ႕သူေတြထဲမွာ ဘာသာျပန္စာေရးဆရာႀကီးေတြလဲပါ ပါတယ္။
ဘာသာျပန္တယ္ဆုိတာ ျပန္ဆုိခံ ဘာသာစာေပနဲ႔ ျပန္ဆုိရမယ့္ ဘာသာစာေပတုိ႔ကုိ
တတ္ကြၽမ္းရ တယ္လုိ႔ ဘာသာျပန္ စာေပပညာရွင္ ႀကီးေတြေျပာတာ
မွတ္သားရဖူးပါတယ္။

ဘာသာျပန္စာေပ စာတမ္း ဖတ္ပြဲမွာ တင္သြင္းတဲ့စာတမ္းေတြ ကို လက္လွမ္းတစ္မီ

ဖတ္ၾကည့္မွ ဘာသာျပန္ႏုိင္ဖုိ႔၊ ဘာသာျပန္ရတာ ဘယ္ေလာက္ခဲယဥ္းတယ္သိလုိ္က္ရ

ပါတယ္။ ဒီေတာ့မွလဲ ဘာသာျပန္ စာေရးဆရာေတြ ႀကီး၊ လတ္၊ ငယ္ အားလုံးကုိ ေက်းဇူးတင္ရလွပါ တယ္။

ဆရာႀကီးေတြရဲ႕ ဘာသာျပန္ လက္ရာေတြဖတ္ရ၊ ခံစားရျပန္ေတာ့ လဲ ျပန္တတ္လုိက္ပေလ။ ေရးတတ္ လုိက္ပေလလုိ႔ ပီတိျဖစ္ရပါတယ္။

အဂၤလိပ္စာကို ေသစာရွင္စာ သာတတ္သူအဖုိ႔ စစ္နဲ႔ ၿငိမ္းခ်မ္းေရး လုိ ကမၻာ့

ဂႏၳဝင္ႀကီးဖတ္ရတာမ်ဳိး ဟာ ဘာသာျပန္ဆရာႀကီးေတြ ဘာ သာျပန္လုိ႔သာ ဖတ္ရတာ ပါ။ ေက်းဇူးႀကီးလွပါေပတယ္။

ဘာသာျပန္တဲ့ကိစၥ ေတြးေတာ့ ကမၻာမွာ -

(က) ပုံႏွိပ္ထုတ္ေဝရတဲ့ ေစာင္ေရ အမ်ားဆုံး။

(ခ) ပုံႏွိပ္ထုတ္ေဝရတဲ့ အႀကိမ္ေရ အမ်ားဆုံး။

(ဂ) တစ္မူတည္းကုိပဲ ျပန္ဆုိရတဲ့ ဘာသာအမ်ားဆုံး။

(ဃ) ဖတ္၊ ေလ့လာသူ အမ်ားဆုံး။

(င) ျဖန္႔ခ်ိတဲ့ႏုိင္ငံ အမ်ားဆုံးဆိုတဲ့ စာအုပ္တစ္အုပ္ကုိ သူတို႕ဘယ္လုိမ်ား ဘာသာျပန္ခဲ့တာပါလိမ့္လုိ႔ သိခ်င္မိ လာပါတယ္။

ထရံေပါက္က အသာလွမ္း ၾကည့္လိုက္ပါတယ္။

အခ်က္ ငါး ခ်က္နဲ႔ ညီတဲ့စာအုပ္ကေတာ့ဆရာ ယုဒသန္ ျမန္မာနာမည္ေပးထားတဲ့ သမၼာက်မ္း တဲ့။

အဂၤလိပ္ နာမည္ ကျဖင့္ Bibliograph ဆုိ စကား ကယူထားတဲ့ Bible ပါပဲ။
အမွန္ က ခရစ္မတုိင္မီ Hebrew ဘာသာနဲ႔ ေရးခဲ့တဲ့ စာေစာင္ေပါင္း ၃၉ ေစာင္နဲ႔ ခရစ္ေတာ္ေပၚထြန္းၿပီးမွ Greek ဘာ သာစကားနဲ႔ ေရးထားတဲ့ စာေစာင္ ေပါင္း ၁၂၇ ေစာင္။ ဒါေတြကို သင့္ရာ ေပါင္းစုလိုက္ေတာ့ စာစုေပါင္း ၆၆ ေစာင္ရပါတယ္။
ဒီလို စုေပါင္းထား တာမုိ႔ Bibliograph- စာေဟာင္းေပ ေဟာင္း စုစည္းမႈအတတ္ ဆုိစကား နဲ႔ဆီေလ်ာ္ပါတယ္။ စာေစာင္တစ္ ေစာင္ခ်င္းမွာ သီးျခား ေခါင္းစဥ္ေတြ ရွိပါတယ္။ စုေပါင္းၿပီး တစ္အုပ္ တည္းျဖစ္ေအာင္ လုပ္လိုက္ေတာ့ စာ ေစာင္ေပါင္း- Bible လို႕ေပးလုိက္တာ ပါ။ ဘာသာျပန္ဆရာ့လက္ရာပါ။
အခု ေျပာမွာက ဒီက်မ္း အေၾကာင္းမဟုတ္ပါဘူး။
ဒီက်မ္းကို ဘာသာျပန္ၾကတဲ့အေၾကာင္းပါ။ ေျပာ ခဲ့သလုိ။

ဒီက်မ္း (စာေစာင္ ၆၆ ေစာင္)ကုိ မူလက Hebrew ဘာသာ၊ Greek ဘာသာနဲ႔ ေရးခဲ့ၾကတာ။ ဥေရာပမွာ ခရစ္ယာန္ဘာသာ ထြန္း ကားျပန္႔ပြားတဲ့ ေခတ္ဦးကာလမွာ ၆၆ ေစာင္လုံးကုိ လက္တင္ဘာသာနဲ႔ ျပန္ဆုိခဲ့ပါတယ္။ ဒီအခါက လက္ တင္ဘာသာကို ေတာ္ဝင္ဘာသာ စကားလို႕ သတ္မွတ္ထားၾကတာ ကုိး။ ပညာတတ္ အထက္တန္းလႊာ ေတြသာတတ္တဲ့စာေပါ့။ အဂၤလိပ္ စကားေျပာ အဂၤလန္မွာ ခရစ္ယာန္ ဘာသာဝင္ အဂၤလိပ္ေတြ ေန႔စဥ္ ဆုေတာင္းၾကေတာ့ အဂၤလိပ္စကားနဲ႔ ပါ။ ဘုရားေက်ာင္းေတြမွာ ဝတ္ျပဳ ဆုေတာင္းပြဲအခမ္းအနားႀကီးေတြ က်င္းပတဲ့အခါက်မွ လက္တင္ဘာ သာသုံးပါတယ္။ အမ်ားလူထု နား မလည္ႏုိင္ရွာၾကပါဘူး။
ဒါကုိ သိျမင္ ျပဳျပင္ခ်င္တဲ့သူက အဂၤလိပ္လူမ်ဳိး ဘုန္းေတာ္ႀကီး John Wycliffe တဲ့။ လက္တင္ဘာသာစာ၊ စကား ကြၽမ္း က်င္ႏွံ႕စပ္သူ။ လက္တင္နဲ႔ရွိတဲ့ က်မ္း စာေစာင္ေတြကုိ အဂၤလိပ္စာနဲ႔ ျပန္ ဆုိဖုိ႔ သူနဲ႔ စိတ္သေဘာတူသူေတြစု ၿပီး က်မ္းစာဘာသာျပန္အဖြဲ႕ကေလး တစ္ဖြဲ႕ ဖြဲ႕ၾကပါတယ္။

အဲဒီကာလရဲ႕ အင္မတန္ ၾသဇာႀကီးလွတဲ့ ခရစ္ယာန္ဂုိဏ္း ေက်ာင္းေတာ္ႀကီးက ဘာသာျပန္မွာကုိ လက္မခံႏုိင္ပါဘူး။ Wycliffe တုိ႔ အေပၚ ၾသဇာသုံး၊ အရွိန္အဝါသုံးၿပီး ဆန္႔က်င္ဖိႏွိပ္ေတာ့တာ။
ခ်က္ခ်င္းပဲ ရဟန္းမင္း Gregory XI က ဘာသာ ျပန္မွာကုိ ဆန္႔က်င္တဲ့အခ်က္ ငါးခ်က္
ထုတ္ျပန္ပါတယ္။ ဘာ ေၾကာင့္ ဆန္႔က်င္ရတယ္ဆုိတာကို The Mysteries of the
Vitican စာအုပ္မွာရွင္းျပထားတာရွိပါတယ္။ ခုေရးေနတဲ့ စာနဲ႔မဆုိင္လုိ႔ ခ်န္ထားခဲ့ပါ မယ္။ ဆန္႔က်င္ႏွိပ္ကြပ္မႈ ျပင္းလြန္း လုိ႔ ဘာသာျပန္စာမူ တစ္ခုလုံးၿပီးစီး ဖုိ႔ ႏွစ္ ၂ဝ ၾကာခဲ့ရတာသာ ေတြးပါ ေတာ့။

စာတစ္အုပ္ဘာသာျပန္ခ်ိန္ အရွည္ၾကာဆုံး ကမၻာ့စံခ်ိန္ပါပဲ။ Wycliffe မေသမီကေလး ၁၃၈၂ ခုႏွစ္ မွာမွ ဘာသာျပန္စာမူေခ်ာ ထြက္ လာပါတယ္။ ပုံႏွိပ္စက္ မေပၚေသး ေတာ့ လက္ေရးနဲ႔ပဲ မူပြားရတာေပါ့။ လက္ေရးမူ တစ္မူရဖုိ႔ ဆယ္လ ၾကာ သတဲ့။

Wycliffe ကြယ္လြန္ၿပီး ၁ဝ ႏွစ္ ၾကာေတာ့ သူ႔အေပါင္းပါအဖြဲ႕ဝင္ တစ္ ဦးက မူလ ဘာသာျပန္ကုိ အေခ်ာ ကုိင္တည္းျဖတ္လုိက္တာေၾကာင့္ ဖတ္ရသူအဖုိ႔ ပုိလြယ္တဲ့မူတစ္မူ ရ လာပါတယ္။ ဒီလိုဘာသာျပန္ၾကတာ ကုိ ဆန္႔က်င္ဖိႏွိပ္မႈက ဘာသာျပန္သူ ဆုံးပါးတာေတာင္ အေတာမသတ္ ပါဘူး။

ဘာသာျပန္ဆရာ Wycliffe ဆုံးပါးတာ ႏွစ္ ၄ဝ ေက်ာ္ ၾကာ သြားခ်ိန္မွာ ရဟန္းမင္းေကာင္စီ - Papal Council ရဲ႕ အမိန္႔နဲ႔ Wycliffe ရဲ႕ ႐ုပ္အေလာင္းကို ျပန္တူးေဖာ္ယူ၊ ျပာက်ေအာင္မီး႐ႈိ႕၊ အ႐ုိးျပာကုိ ျမစ္ထဲ စြန္႔ပစ္လုိက္ၾကေသးတာ။ စာတစ္ အုပ္ဘာသာျပန္ရတာ ေသၿပီးတာ ေတာင္ အာဃာတမီး၊ ပကတိ မီး ေလာင္ကြၽမ္းခံရရွာတယ္။ ဒါေပမယ့္ ဘာသာျပန္ဆရာေတြဟာ ဒုကၡပင္ လယ္ကုိ ကေလာင္တစ္ေခ်ာင္း ဖက္ တြယ္ကူးရဲသူေတြပါ။

ဒီက်မ္းစာကုိပဲ Wycliffe လြန္ ႏွစ္ ၂ဝဝ အၾကာ၊ ၁၆ ရာစုမွာ ထပ္ၿပီး ဘာသာျပန္ဖုိ႔ျဖစ္လာရျပန္တယ္။ Wycliffe ရဲ႕ မူက ၁၄ ရာစုသုံး အဂၤ လိပ္စာ။ ၁၆ ရာစုမွာ ဖတ္ႏုိင္သူ၊ နားလည္သူ နည္းသြားၿပီ။ ေခတ္ ကုန္သြားတဲ့ သေဘာေပါ့။ ခရစ္ယာန္ ဘာသာဝင္ အဂၤလိပ္ အမ်ားစုက က်မ္းစာကို နားလည္ရ ခက္တာ ေၾကာင့္ စိတ္ပ်က္၊ ညည္းတြားလာ ၾကတယ္။ ဒီအေျခအေနကုိ သတိ ထားမိ၊ ျပဳျပင္မွ ျဖစ္မယ္ေတြးသူက ဘရစၥတိုၿမဳိ႕အနီးက လူငယ္ဓမၼဆရာ William Tyndale ပါ။ Wycliffe ဘာသာျပန္ခဲ့တာက လက္တင္ဘာ သာနဲ႕ေရးထားတဲ့က်မ္း။ Tyndale က မူရင္း Hebrew နဲ႔ Greek ကေန အဂၤလိပ္လို႕ဘာသာျပန္တာပါ။ Wycliffe ေခတ္က ပုံႏွိပ္စက္မေပၚေသး ဘူး။ Tyndale လက္ထက္မွာ ပုံႏွိပ္ စက္ရွိၿပီ။ ဒီလုိ မတူၾကေပမယ့္ ဘာ သာျပန္တာကို ဆန္႔က်င္ဖိႏွိပ္ခံရမႈ ကေတာ့ မျခားလွဘူးဆုိႏုိင္ပါတယ္။ ပုိလုိ႔ေတာင္ ဆုိးတယ္ ေျပာမယ္ဆုိ ေျပာေလာက္ပါတယ္။
ဘာသာျပန္ဖုိ႔ အဂၤလန္မွာ အတားအဆီး အားႀကီးလွလုိ႔ ၁၅၄၂ ခုႏွစ္မွာ ဂ်ာမနီကုိထြက္သြားခဲ့တယ္။ ဘာသာျပန္ၿပီး စာမူရလာေတာ့ ပုံႏွိပ္ ဖုိ႔ Cologne ၿမဳိ႕က ပုံႏွိပ္စက္မွာ အပ္လုိက္တယ္။

ေက်ာင္းေတာ္ႀကီး က ဒီသတင္းရတာနဲ႔ Cologne ၿမဳိ႕ လႊတ္ေတာ္- Senate ကို Tyndale ရဲ႕ ဘာသာျပန္မူေတြကုိ သိမ္းယူဖ်က္ ဆီးဖုိ႔ ခ်ဥ္းကပ္ ႀကဳိးပမ္းပါေရာ။ Tyndale လဲ Cologne မွာ မေနဝံ့ ေတာ့ဘဲ Worms ၿမဳိ႕ဆီ တိမ္းေရွာင္ ရေတာ့တယ္။ ကေလာင္ကုိ ဖက္ တြယ္မိမွေတာ့ ဒုကၡပင္လယ္နက္ က်ယ္က်ယ္ကုိ ကူးရဲၿပီ။ Tyndale က သူ႔အလုပ္ ဆက္လုပ္တာပါပဲ။ မၾကာလွပါဘူး။ Tyndale ဘာသာ ျပန္က်မ္းစာေစာင္ေတြကို အဂၤလန္ကုိ လွ်ဳိ႕ဝွက္တင္ပုိ႔ႏုိင္ခဲ့တယ္။ ေရာင္းေကာင္းလုိက္ပုံျဖင့္ ေျခာက္လအတြင္း ေစာင္ေရ ေထာင္ခ်ီပါေရာ။ အဲဒီ ကာလက ေစာင္ေရ ေထာင္ခ်ီတယ္ ဆိုတာ အင္မတန္မ်ားတာ။ ပုံႏွိပ္ ပညာက သြက္သြက္လက္လက္ မျဖစ္ေသးဘူး။

ေက်ာင္းေတာ္ႀကီးက ယမ္းပုံ မီးက်ေပါ့။ အေရးေပၚ အစည္းအေဝး က်င္းပၿပီး Tyndale ဘာသာျပန္မူ ေတြ မီး႐ႈိ႕ပစ္ဖုိ႔ အမိန္႔ထုတ္ျပန္ပါ တယ္။ လူထုက ႏွစ္ၿခဳိက္လက္ခံ တာကို အမိန္႔အာဏာ လက္နက္နဲ႔ ၿဖဳိဖ်က္လုိ႔ ရစေကာင္းတာမွ မဟုတ္ တာ။ ဒီေတာ့တစ္မ်ဳိး ႀကံျပန္တယ္။

လန္ဒန္ဂုိဏ္းခ်ဳပ္ႀကီးက Sir Thomas More ကုိ Tyndale ရဲ႔ ကေလာင္ကုိ ကေလာင္နဲ႔
ေဝဖန္ တုိက္ခုိက္ေစပါတယ္။ Tyndale ဘာ သာျပန္တာမွာ ျပန္ဆုိတဲ့ စကားလုံး

ေတြကုိ မႀကဳိက္တဲ့အေၾကာင္းနဲ႔ ဘာ ေၾကာင့္ မႀကဳိက္ရတယ္ဆုိတာကုိ If God Spare

Mylife စာအုပ္မွာ ေဝ ဖန္ခဲ့ပါတယ္။ ဥပမာ Greek စကားလုံး A GA' PE (a-ga pe )

ကုိ မူလ က အလွဴဒါနလုိ႔ျပန္ခဲ့တာ။ Tyndale က ေမတၱာ-Love လုိ႔ ျပန္ပါတယ္။ ဒီစာနဲ႔

မသက္ဆုိင္လုိ႔ စကားလုံး ကြဲလြဲမႈကုိ အက်ယ္ မေရးေတာ့ပါ။ ၫႊန္းစာအုပ္မွာ
ဖတ္ၾကည့္ပါေရာ့။

မိစၧာအယူ ယူသူ ယုံၾကည္သူ ေတြကုိ မီး႐ႈိ႕သတ္ဖုိ႔ မီး႐ႈိ႕ျပစ္ဒဏ္ More က

အားေပးအားေျမႇာက္ လုပ္ခဲ့တာပါ။ ျမန္မာရာဇဝင္မွာ ပန္းပဲ ေမာင္တင့္တယ္၊

မိဖုရားေစာလုံ တုိ႔ကုိ ဖုိက်င္ထုိး သတ္သလုိမ်ဳိးေပါ့။ ၁၅၃၆ ခုႏွစ္၊ ေအာက္တုိဘာလမွာ

က်မ္းစာတစ္အုပ္ ဘာသာျပန္တဲ့ အတြက္ ျပစ္ဒဏ္က Tydale ကုိ လည္ၿမဳိ

ညႇစ္သတ္ၿပီး သစ္တုိင္ - Stake ေပၚမွာ ခႏၶာကုိယ္႐ုပ္ အေလာင္း
ကိုမီး႐ႈိ႕ခံခဲ့ရရွာတယ္။ ကမၻာ့ဘာသာ ျပန္သမုိင္းမွာ စံခ်ိန္တင္ရမယ့္ ျပစ္ ဒဏ္ပါပဲ။ ဒီေနရာမွာ သံေဝဂရစရာ ကေတာ့ ၾကမၼာရဟတ္ တစ္ပတ္လည္တဲ့အခါမွာေတာ့ More လဲ ဘုရင့္အမိန္႔နဲ႔ ေခါင္းျဖတ္ ကြပ္မ်က္ခံရပါတယ္။

ေက်ာင္းေတာ္ႀကီးက ဒီဘက္ ေခတ္ ၂ဝ ရာစုထဲက်မွ ၁၉၃၅ ခုႏွစ္ မွာ More ကုိ သန္႔ရွင္းသူအျဖစ္ အသိ အမွတ္ျပဳခဲ့႐ုံမက ၂ဝဝဝ ျပည့္ႏွစ္မွာ Pope John Paul II က More ကို ႏုိင္ငံအက်ဳိးသယ္ပိုးသူတို႕ရဲ႕ ေက်းဇူးရွင္ သူေတာ္စင္ - Patron Saint of Politicians အျဖစ္ ဂုဏ္ျပဳခဲ့ေသးတယ္။ ဘာသာျပန္ဆရာ Tyndale ကလဲ သူ႔မူကုိ ဖတ္မွတ္ေလ့လာသူ ေတြရဲ႕ စိတ္ႏွလုံးသရဖူကုိ ရခဲ့တယ္ ဆုိခ်င္ပါတယ္။

ဒါဟာ စာေရးဆရာ အႏုပညာသမားေတြသာ ရႏုိင္တဲ့ ဆုလာဘ္ပါ။
အသက္ကုိ ဖက္နဲ႔ထုပ္ ဒုကၡ ပင္လယ္ထဲ ကေလာင္တစ္ေခ်ာင္းနဲ႔ ကူးရဲသူ ေနာက္တစ္ဦးက Robert Morrison ပါ။ အဂၤလိပ္လူမ်ဳိး ခရစ္ ယာန္ သာသနာျပဳတစ္ဦးပါ။ ရာဇ ဝတ္အုိးကုိ ကေလာင္နဲ႔ ထုိးတဲ့သူ။

Morrison က ခရစ္ယာန္ က်မ္းစာ ကုိ တ႐ုတ္ဘာသာျပန္ခ်င္လြန္းလွတဲ့ သူ။ တ႐ုတ္ဧကရာဇ္က ႏုိင္ငံျခား သားကုိ တ႐ုတ္စာ၊ စကား သင္ ၾကားေပးတဲ့ တ႐ုတ္ကုိ ေသဒဏ္ခ် မွတ္မယ္ အမိန္႔ထုတ္ျပန္ထားေၾကာင္း Morrison ရဲ႕ မိသားစု၊ ရင္းႏွီးတဲ့ မိတ္ေဆြေတြက တားၾကေပမယ့္ ၁၈ဝ၇ ခုႏွစ္မွာ Morrison တ႐ုတ္ ျပည္ဆီ ထြက္သြားေတာ့တယ္။ ေရာက္မဆုိက္ဘဲ တ႐ုတ္စကား၊ စာ သင္ယူေတာ့တာပဲ။ ပုန္းလွ်ဳိးကြယ္ လွ်ဳိးေန လွ်ဳိ႕ဝွက္သင္ယူရတာပါ။ ဧကရာဇ္ရဲ႕ နားေပါက္ၾကားလုိ႔ျဖင့္ သင္ၾကားေပးသူ၊ သင္ယူသူ၊ အတူ ေသၾကရမွာ။ ဒါေၾကာင့္ ႏွစ္ႏွစ္နီး နီး အိမ္တြင္းေအာင္းၿပီး ေနခ့ဲရတယ္။ ႏွစ္ႏွစ္ၾကာတဲ့အခါ Morrison တစ္ ေယာက္ တ႐ုတ္႐ုံးသုံး မန္ရဒင္းစကား၊ စာနဲ႔ ရပ္ရြာသုံး တ႐ုတ္စကား၊ စာတစ္မ်ဳိးမက ေျပာ၊ ဖတ္၊ ေရး တတ္သြားၿပီ။
ေျပာႏုိင္၊ ဖတ္ႏုိင္၊ ေရးႏုိင္ၿပီမုိ႔ ဘာသာျပန္လုပ္႐ုံေပါ့။ ပုံႏွိပ္ျဖန္႔ခ်ိ မယ္ေပါ့။ ဒါေပမယ့္ ေလာကဓံ တရားလွည့္စားျပန္တယ္။ ခရစ္ယာန္ အဆုိနဲ႔ေတာ့ စုံစမ္း ေႏွာင့္ယွက္ ခံရတယ္ေပါ့။ ခရစ္ယာန္ဘာသာစာ ေပေတြ ပုံႏွိပ္ထုတ္ေဝတာဟာ ေသဒဏ္ထုိက္သင့္တဲ့ ျပစ္မႈျဖစ္တယ္လုိ႔ ဧကရာဇ္က အမိန္႔ထုတ္ျပန္ပါတယ္။ Morrison ကလဲ သူ႔ကေလာင္ကုိ ရပ္မထားပါဘူး။ ကေလာင္ကုိ တကယ္ခ်စ္မိၿပီဆုိမွျဖင့္ ေသဒဏ္ ဆုိတာလဲ ဆုလာဘ္တစ္ခု ျဖစ္သြားတာေလ။ ၁၉၁၉ ခုႏွစ္၊ ႏုိဝင္ဘာလ ၂၅ ရက္မွာ Morrison ရဲ႕ ခရစ္ယာန္ က်မ္းစာေစာင္ တ႐ုတ္ ဘာသာျပန္မႈ ၿပီးစီးပါၿပီ။ ၁၈၃၆ ခုႏွစ္မွာေတာ့ တ႐ုတ္ဘာသာျပန္ ခရစ္ယာန္က်မ္း ေဟာင္း၊ သစ္ ၂ဝဝဝ အုပ္၊ က်မ္း အသစ္ (မူရင္း Greek ဘာသာေရးမူ) တ႐ုတ္ ဘာသာျပန္စာေစာင္ ၁ဝဝဝဝ၊ က်မ္းစာ ေကာက္ႏုတ္ အပုိင္း ၃ဝဝဝဝ ပုံႏွိပ္ထုတ္ေဝနုိင္ခဲ့တယ္။ လည္ကုပ္ေပၚ ဓားသြားထက္ထက္ တင္ထားလ်က္က ဘာသာျပန္ စာမူ တစ္ခုၿပီးေအာင္ ျပန္ဆုိပုံႏွိပ္ထုတ္ေဝ ႏုိင္ခဲ့တာ။

မိတ္ေဆြတုိ႕ သမၼာတရားက ဘယ္ေတာ့မွေပ်ာက္ကြယ္မသြားပါဘူး။ ဒီႏႈတ္ကပတ္ေတာ္ သမၼာတရားက သန္႕ရွင္းေသာ၀ိညာဥ္တန္ခုိးအားျဖင့္ အျမဲယခုအခ်ိန္ထိ ခြန္အားယူေနရတုန္းပါပဲ။
သမၼာတရားက စာမဟုတ္ပါဘူး။ အသက္ရွင္တယ္။ ထုိ႕ေၾကာင့္ သမၼာတရားသည္ သန္႕ရွင္းေသာ၀ိညာဥ္ေတာ္တန္ခုိးျဖင့္ လူမ်ဳိးမ်ားစြာ၊ တုိင္းႏုိင္ငံမ်ားစြာကုိ ေျပာင္းလဲေစတယ္။ သမၼာက်မ္းစာ သည္ ေယရႈကုိပဲ ေဖာ္ညြန္းျပသပါသည္။

ႏုိးထပါေတာ့ ယုံၾကည္သူတုိ႕... သင္တုိ႕ေတြရ႕ဲ ဗီဒုိထဲမွာ ဖုန္တက္ေအာင္ ထားတဲ႕ အရာက ဘယ္ေလာက္ အဖုိးအခ တန္ဖုိးရွိတယ္ဆုိတာ သတိရၾကပါ။

ေယရႈကုိ ခ်စ္ရင္ တကယ္ခ်စ္ရင္...သင္က ႏႈတ္ကပတ္ေတာ္ကုိ ဆာငင္စြာ ဖတ္ရႈမွာပါ...

ပဋိညာဥ္တရားသစ္(New Covenant)

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...