0

ခေါင်းဆောင်နှင့် ဆရာကြီး

 
ခေါင်းဆောင်နှင့် ဆရာကြီး

Unicode & Zawgyi Reshare-#9Dan
ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုရရင် ခေါင်းဆောင်ဖြစ်ပါ ဆရာကြီးမလုပ်ပါနဲ့ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ခေါင်းဆောင်ဆိုတာ ရှေ့ကနေတယ်၊ ဆရာကြီးကတော့ နောက်ကနေတတ်တယ်။ ခေါင်းဆောင်ဆိုတာအောက်ကနေတယ်၊ ဆရာကြီးကတော့အထက်မှာနေတာ အဓိပ္ပါယ်က အဲဒီလိုကွာပါ တယ်။
ခေါင်းဆောင်ရဲ့အရည်အသွေးက "ဟေ့အားလုံးအပေါ်ရောက်ပြီလား၊ လူစစ်ရအောင်" လူစုံပြီဆိုမှ ကားပေါ်နောက်ဆုံးတက်တဲ့လူ။ "ဟေ့ အားလုံးစားပြီးပြီလား၊ လောက်ငှရဲ့လား အားလုံးဝပြီ "ဆိုမှသူစားတတ်တယ်။ မပိုရင်မကျန်ရင် သူမစားဘူးအငတ်ခံတယ်။ အားလုံးအိပ်ပြီဆိုမှ သူအိပ်တယ်၊ဘယ်သူမှမနိုးခင် သူအရင်ထတယ်။ဆရာကြီးကတော့ "ဟေ့ ခေါင်းခန်းကငါ့နေရာပြောထားစမ်း ဘယ်သူမှ အဲဒီမှာမထိုင်စေနဲ့" ဆိုပြီးအခန့်သား တက်ထိုင်နေတတ်သူ။ အိမ်ဦးခေါင်းဆောင်နှင့် ဆရာကြီးခန်းမှာနေရာပေးပြီး စားဦးစားဖျားကျွေးမှကျေနပ်တတ်သူ။ ငါအိပ်နေရင် ဘယ်သူမှလာ
မနှောက်ယှက်စေနှင့် မနက် ၈ နာရီမှငါ့ကိုလာနိုးစမ်းလို့ အမိန့်မျိုးတွေ ပေးတတ်သူပေါ့ (အသက်ကြီးသူတွေအတွက် ချွင်းချက်ရှိပေမဲ့ လူငယ်လရွယ်တွေအတွက်မှာတော့ ဒီစရိုက်တွေရှိနေရင်အလားအလာမကောင်းဘူးပေါ့)။

သာမာန် ရဲဘော်လေးဘဝကနေ ခေါင်းဆောင်ကြီးဖြစ်လာခဲ့တဲ့ဧကရာဇ် နပိုလီယံဘိုနာဘတ်(၁၇၉၆-၁၈၂၁) က Soldiers Win Battles and Generals Get Credits "စစ်သားများသည်စစ်ပွဲများအောင်နိုင်ကြပြီး ဗိုလ်ချုပ်ကြီးများသည်ဂုဏ်ကိုရရှိကြသည်" လို့ပြောခဲ့ပါတယ်။ သူဘာကြောင့် ဒီလိုပြောသလဲဆိုတော့ သူဟာ တိုက်ပွဲတွေမှာရှေ့ကဦးစီးပြီးကိုယ်တိုင်ခေါင်းဆောင်အဖြစ်နှင့် တိုက်ခိုက်ခဲ့လို့ပါဘဲ။ ကမ္ဘာတစ်ခြမ်းနီးပါးကို သူသိမ်းပိုက်နိုင်ခဲ့ဘူးပါတယ်။ဒီသဘောမျိုးကိုဘဲ အမေရိကန် ဘဏ်လုပ်
ငန်းရှင်ကြီး ရစ်ချတ်ပီကူးလေး(၁၉၂၃- )က "Leadership is an action. Not a word "(ခေါင်းဆောင်မှုသည်အလုပ်တစ်ခုဖြစ်သည်၊စကားတစ်လုံးမဟုတ်ပေ)လို့ ရှင်းပြခဲ့ဘူးတယ်။ ကဲအနာဂတ်ရဲ့သာသနာဟာလူငယ်တွေရဲ့လက်ထဲမှာလုံးလုံးရှိနေတယ်လို့ကြွေးကျော်နေကြတဲ့ ယနေ့ခေတ်လူငယ်တွေ၊ "ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုတော့ကာ အခုကတည်းက ဒီအဓိပ္ပါယ်နှစ်ခုကို ကွဲကွဲပြားပြားခွဲခြားတတ်ပြီး နားလည်ထားဘို့တော့ လို ပါလိမ့်မယ်။ငယ်စဉ်ဘဝကတည်းက ရေသာခိုအချောင်လိုက်တဲ့စိတ်ဓါတ်ရှိသူတွေဟာကြီးလာတဲ့အခါမှာလည်း တာဝန်ယူတတ်တဲ့စိတ်မရှိဘဲ ခေါင်းရှောင်တတ်တဲ့လူစားမျိုးဖြစ်လို့နေတတ်သလို၊ ဖြစ်ကတတ်ဆန်းနေတတ်တဲ့ကလေးမျိုးဟာဘယ်အရာပေါ်မှာမှလေးနက်မှုမရှိသ့ူဖြစ်လာတတ်ပါတယ်။
လူပေါ်လူဇော်လုပ်တတ်တဲ့ဗီဇစရိုက်ပါတဲ့သူငယ်တွေဟာကြီးလာတော့ဆရာကြီးပဲလုပ်ချင်တဲ့လူပေါ်ကြော့တွေဖြစ်လာခဲ့ရတာပေါ့။သာသနာလောကကိုသုံးသပ်မယ်ဆိုရင်ဘာသာ ရေးလောကမှာ လူပေါ်လူတော်လုပ်ချင်လို့ကြိုးစားတဲ့လူမျိုးနှင့်ခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပြီးခရစ်တော်ကိုချစ်လို့ကြိုးစားတဲ့ လူမျိုးဆိုပြီးနှစ်မျိုးတွေ့ရလိမ့်မယ်။ ကြိုးစားအားထုတ်ကြတာချင်း တော့တူပါတယ်၊ ဒါပေမဲ့ရည်ရွယ်ချက်ကမတူပါဘူး။ တစ်ယောက်ကဆရာကြီးလိုင်း၊ တစ်ယောက်က ခေါင်းဆောင်လိုင်းပေါ့။ ဒီလိုဆို ဆရာသမား ဆိုတာမျိုး မရှိရတော့ ဘူးလားလို့ မေးစရာရှိမယ်။(ရှိ ပါတယ်)ရှိရပါမယ်။ သမားဂုဏ်မြောက်တဲ့ အရည်အသွေးမျိုးရှိဘို့ မကျိုးစားဘဲနဲ့ ဆရာကြီးလုပ်ချင်တဲ့စိတ်ဓါတ်မျိုးကိုသာ ပြောတာပါ။
သမ္မာကျမ်းစာထဲမှာခရစ်တော်က ခေါင်းဆောင်ကောင်းတစ်ယောက်ပီသစွာ ဘယ်လို နေထိုင်ပြုမူအသက်ရှင်ရသလဲဆိုတာကို ကိုယ်တိုင်ကမ္ဘာလောကထဲ လူ့ဇာတိခံယူဆင်းတက်လာပြီး သရုပ်ပြ သွားခဲ့တာကို အတိအလင်းတွေ့နိုင်ပါတယ်။ ဒါကြောင့် ဘုရားမဲ့ဝါဒီတွေဖြစ်တဲ့ ကွန်မြူနစ်တွေကတောင် သခင်ယေရှုကို ဒီလိုထောက်ခံ
ခဲ့ပါတယ်"အပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့ ရဲဘော်ယေရှု ကိုတော့ကျုပ်တို့လေးစားတယ်ဗျာ"တဲ့။ သူတို့ဟာ သခင်ယေရှုကိုဘာ့ကြောင့် လေးစားပြီးအမှတ်ပြုရသလဲဆိုတော့ ဂုဏ်ယူ လေးစားအတုယူဖွယ်ကောင်းသော လုပ်ဆောင် မှုတွေကို ကိုယ်တိုင်လက်တွေ့သက်သေပြသ သွားခဲ့လို့ဘဲပေါ့။ သခင်ယေရှုရဲ့အဆိုအမိန့်က

ရှင်မဿဲ၂၀း၂၅-၂၈မှာ
"လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့ မပြုကြနှင့် လူသားသည် သူများကိုစေစား
ခြင်းငှာမလာ သူတစ်ပါးကိုအစေခံခြင်းငှာ၎င်း၊မိမိ အသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ၎င်း ကြွလာသည်ဖြစ်၍ "
ဒီ အဆိုအမိန့်ဟာ ရာစုပေါင်း (၂၁) ရာစုထိတိုင်ခဲ့ပြီဖြစ်ပေမဲ့ အသက်ဝင်နေဆဲ ကမ္ဘာကျော်နေဆဲဖြစ်တဲ့ မေတ္တာနှင့်စပ်ဆိုင်သော ခေါင်းဆောင်ကောင်း ခရစ်တော်ရဲ့ မိန့်ခွန်းတစ်ခုပါဘဲ။ ဒါကြောင့်အနာဂတ်သာသနာကိုခေါင်းဆောင်မဲ့ (ယနေ့ခရစ်ယာန်လူငယ်တွေ)ခေါင်းဆောင်နှင့် ဆရာကြီးဆိုတာ ဆင်သယောင်နှင့်မတူကြောင်း လွန်စွာကွဲပြားခြားနားကြောင်းကို
သဘောပေါက်သင့်လှပါတယ်။လူ့သဘာဝစိတ်မှာ ဩဇာပေးမဲ့သူကို ဘယ်သူမှအလိုမရှိ ၊ ခေါင်းဆောင်ကောင်းကိုတော့ လူတိုင်းအလိုရှိကြပါတယ်။ ဒီသဘောကိုသိတဲ့
ခရစ်တော်က
ယော ၁၃း၁၄-၁၇ မှာ
"ငါသည် သခင်ဖြစ်လျှက် အရှင်ဘုရားလည်းဖြစ်လျှက်နှင့် သင်တို့၏ခြေကိုဆေးလျှင်"
သူ့နောက်လိုက်တပည့်တော်တွေကို သူဖြစ်စေချင်တဲ့ပုံစံဟာ ဘာလဲဆိုတာကို ပါးစပ်နှင့်မပြော(အမိန့်မပေးဘဲ) ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ပြရင်း ခေါင်းဆောင် သင်ခန်းစာကို သွန်သင်ခဲ့ပါတယ်။
ဒါကြောင့် ....
ဆရာကြီးဆိုတာ အရာရာမှာသူကျွမ်းတယ်
ခေါင်းဆောင်က အမှားကိုဝန်ခံတယ်။
ဆရာကြီးက လုပ်ရမှာကိုပြောတယ်
ခေါင်းဆောင်က လုပ်ပြတယ်။
ဆရာကြီးက အပြစ်ရှာတယ်
ခေါင်းဆောင်က အကြံပြုတယ်။
ဆရာကြီးက အပြောနဲ့စတယ်
ခေါင်းဆောင်က နားထောင်ခြင်းနဲ့စတယ်။
ဆရာကြီးက အမိန့်ပေးတယ်
ခေါင်းဆောင်က လမ်းညွန်ပြတယ်။
ဆရာကြီးက အရိုအသေကြိုက်တယ်
ခေါင်းဆောင်က ရိုသေထိုက်တယ်။
ဆရာကြီးက စည်းမျဉ်းနှင့်အုပ်ချုပ်တယ်
ခေါင်းဆောင်က မေတ္တာဂရုဏာကိုရှေးရှုတယ်။
ဒီတော့- ခေါင်းဆောင်လုပ်ပါ ဆရာကြီးမလုပ်ချင်ပါနှင့်။
တင်အောင်လွင်(Exodus)
ဝန်ခံချက်။ ။ Aroma မဂ္ဂဇင်းမှ ကောက်နုတ်ချက်၊၊ JBC ဝိညာဉ်သစ် ၂၀၀၉ မှတဆင့် ထပ်မံဖေါ်ပြပါသည်။--
With Faithfully
Zaw Aung

ေခါင္းေဆာင္ႏွင့္ ဆရာၾကီး

Unicode & Zawgyi Reshare-#9Dan
ဒီေဆာင္းပါးရဲ႕ ေခါင္းစဥ္ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုရရင္ ေခါင္းေဆာင္ျဖစ္ပါ ဆရာႀကီးမလုပ္ပါနဲ ့ဆိုတဲ့အဓိပၸါယ္ေပါ့။ ေခါင္းေဆာင္ဆိုတာ ေရွ႕ကေနတယ္၊ ဆရာႀကီးကေတာ့ ေနာက္ကေနတတ္တယ္။ ေခါင္းေဆာင္ဆိုတာေအာက္ကေနတယ္၊ ဆရာၾကီးကေတာ့အထက္မွာေနတာ အဓိပၸါယ္က အဲဒီလိုကြာပါ တယ္။
ေခါင္းေဆာင္ရဲ႕အရည္အေသြးက "ေဟ့အားလံုးအေပၚေရာက္ၿပီလား၊ လူစစ္ရေအာင္" လူစံုၿပီဆိုမွ ကားေပၚေနာက္ဆံုးတက္တဲ့လူ။ "ေဟ့ အားလံုးစားၿပီးၿပီလား၊ ေလာက္ငွရဲ႕လား အားလံုးဝၿပီ "ဆိုမွသူစားတတ္တယ္။ မပိုရင္မက်န္ရင္ သူမစားဘူးအငတ္ခံတယ္။ အားလံုးအိပ္ၿပီဆိုမွ သူအိပ္တယ္၊ဘယ္သူမွမႏိုးခင္ သူအရင္ထတယ္။ဆရာႀကီးကေတာ့ "ေဟ့ ေခါင္းခန္းကငါ့ေနရာေျပာထားစမ္း ဘယ္သူမွ အဲဒီမွာမထိုင္ေစနဲ႔" ဆိုၿပီးအခန္႔သား တက္ထိုင္ေနတတ္သူ။ အိမ္ဦးေခါင္းေဆာင္ႏွင့္ ဆရာႀကီးခန္းမွာေနရာေပးၿပီး စားဦးစားဖ်ားေကြ်းမွေက်နပ္တတ္သူ။ ငါအိပ္ေနရင္ ဘယ္သူမွလာ
မေနွာက္ယွက္ေစႏွင့္ မနက္ ၈ နာရီမွငါ့ကိုလာနိုးစမ္းလို႔ အမိန္႔မ်ိဳးေတြ ေပးတတ္သူေပါ့ (အသက္ႀကီးသူေတြအတြက္ ခြ်င္းခ်က္ရွိေပမဲ့ လူငယ္လရြယ္ေတြအတြက္မွာေတာ့ ဒီစရိုက္ေတြရွိေနရင္အလားအလာမေကာင္းဘူးေပါ့)။

သာမာန္ ရဲေဘာ္ေလးဘဝကေန ေခါင္းေဆာင္ႀကီးျဖစ္လာခဲ့တဲ့ဧကရာဇ္ နပိုလီယံဘိုနာဘတ္(၁၇၉၆-၁၈၂၁) က Soldiers Win Battles and Generals Get Credits "စစ္သားမ်ားသည္စစ္ပြဲမ်ားေအာင္ႏိုင္ၾကၿပီး ဗိုလ္ခ်ဳပ္ႀကီးမ်ားသည္ဂုဏ္ကိုရရွိၾကသည္" လို႔ေျပာခဲ့ပါတယ္။ သူဘာေၾကာင့္ ဒီလိုေျပာသလဲဆိုေတာ့ သူဟာ တိုက္ပြဲေတြမွာေရွ႕ကဦးစီးၿပီးကိုယ္တိုင္ေခါင္းေဆာင္အျဖစ္ႏွင့္ တိုက္ခိုက္ခဲ့လို႔ပါဘဲ။ ကမာၻတစ္ျခမ္းနီးပါးကို သူသိမ္းပိုက္နိုင္ခဲ့ဘူးပါတယ္။ဒီသေဘာမ်ိဳးကိုဘဲ အေမရိကန္ ဘဏ္လုပ္
ငန္းရွင္ႀကီး ရစ္ခ်တ္ပီကူးေလး(၁၉၂၃- )က "Leadership is an action. Not a word "(ေခါင္းေဆာင္မႈသည္အလုပ္တစ္ခုျဖစ္သည္၊စကားတစ္လံုးမဟုတ္ေပ)လို႔ ရွင္းျပခဲ့ဘူးတယ္။ ကဲအနာဂတ္ရဲ႕သာသနာဟာလူငယ္ေတြရဲ႕လက္ထဲမွာလံုးလံုးရွိေနတယ္လို ့ေၾကြးေက်ာ္ေနၾကတဲ့ ယေန႔ေခတ္လူငယ္ေတြ၊ "ယေန႔လူငယ္ ေနာင္ဝယ္လူၾကီး" ဆိုေတာ့ကာ အခုကတည္းက ဒီအဓိပၸါယ္ႏွစ္ခုကို ကြဲကြဲျပားျပားခြဲျခားတတ္ၿပီး နားလည္ထားဘို႔ေတာ့ လို ပါလိမ့္မယ္။ငယ္စဥ္ဘဝကတည္းက ေရသာခိုအေခ်ာင္လိုက္တဲ့စိတ္ဓါတ္ရွိသူေတြဟာၾကီးလာတဲ့အခါမွာလည္း တာဝန္ယူတတ္တဲ့စိတ္မရွိဘဲ ေခါင္းေရွာင္တတ္တဲ့လူစားမ်ိဳးျဖစ္လို႔ေနတတ္သလို၊ ျဖစ္ကတတ္ဆန္းေနတတ္တဲ့ကေလးမ်ိဳးဟာဘယ္အရာေပၚမွာမွေလးနက္မႈမရွိသ့ူျဖစ္လာတတ္ပါတယ္။
လူေပၚလူေဇာ္လုပ္တတ္တဲ့ဗီဇစရိုက္ပါတဲ့သူငယ္ေတြဟာႀကီးလာေတာ့ဆရာႀကီးပဲလုပ္ခ်င္တဲ့လူေပၚေၾကာ့ေတြျဖစ္လာခဲ့ရတာေပါ့။သာသနာေလာကကိုသံုးသပ္မယ္ဆိုရင္ဘာသာ ေရးေလာကမွာ လူေပၚလူေတာ္လုပ္ခ်င္လို႔ႀကိဳးစားတဲ့လူမ်ိဳးႏွင့္ခရစ္ေတာ္ကိုကယ္တင္ပိုင္ရွင္အျဖစ္လက္ခံၿပီးခရစ္ေတာ္ကိုခ်စ္လို႔ႀကိဳးစားတဲ့ လူမ်ိဳးဆိုၿပီးႏွစ္မ်ိဳးေတြ႕ရလိမ့္မယ္။ ႀကိဳးစားအားထုတ္ၾကတာခ်င္း ေတာ့တူပါတယ္၊ ဒါေပမဲ့ရည္ရြယ္ခ်က္ကမတူပါဘူး။ တစ္ေယာက္ကဆရာႀကီးလိုင္း၊ တစ္ေယာက္က ေခါင္းေဆာင္လိုင္းေပါ့။ ဒီလိုဆို ဆရာသမား ဆိုတာမ်ိဳး မရွိရေတာ့ ဘူးလားလို႔ ေမးစရာရွိမယ္။(ရွိ ပါတယ္)ရွိရပါမယ္။ သမားဂုဏ္ေျမာက္တဲ့ အရည္အေသြးမ်ိဳးရွိဘို႔ မက်ိဳးစားဘဲနဲ႔ ဆရာၾကီးလုပ္ခ်င္တဲ့စိတ္ဓါတ္မ်ိဳးကိုသာ ေျပာတာပါ။
သမၼာက်မ္းစာထဲမွာခရစ္ေတာ္က ေခါင္းေဆာင္ေကာင္းတစ္ေယာက္ပီသစြာ ဘယ္လို ေနထိုင္ျပဳမူအသက္ရွင္ရသလဲဆိုတာကို ကိုယ္တိုင္ကမာၻေလာကထဲ လူ႔ဇာတိခံယူဆင္းတက္လာၿပီး သရုပ္ျပ သြားခဲ့တာကို အတိအလင္းေတြ႕ႏိုင္ပါတယ္။ ဒါေၾကာင့္ ဘုရားမဲ့ဝါဒီေတြျဖစ္တဲ့ ကြန္ျမဴနစ္ေတြကေတာင္ သခင္ေယရႈကို ဒီလိုေထာက္ခံ
ခဲ့ပါတယ္"အေျပာနဲ႔အလုပ္ တစ္ထပ္တည္းက်တဲ့ ရဲေဘာ္ေယရႈ ကိုေတာ့က်ဳပ္တို႔ေလးစားတယ္ဗ်ာ"တဲ့။ သူတို႔ဟာ သခင္ေယရႈကိုဘာ့ေၾကာင့္ ေလးစားၿပီးအမွတ္ျပဳရသလဲဆိုေတာ့ ဂုဏ္ယူ ေလးစားအတုယူဖြယ္ေကာင္းေသာ လုပ္ေဆာင္ မႈေတြကို ကိုယ္တိုင္လက္ေတြ႕သက္ေသျပသ သြားခဲ့လို႔ဘဲေပါ့။ သခင္ေယရႈရဲ႕အဆိုအမိန္႔က

ရွင္မႆဲ၂၀း၂၅-၂၈မွာ
"ေလာကီမင္းတို႔သည္ အစိုးတရျပဳတတ္ၾက၏ အကဲအမွဴးတို႔သည္ အာဏာထားတတ္ၾက၏။ သင္တို႔မူကား ထိုသို႔ မျပဳၾကႏွင့္ လူသားသည္ သူမ်ားကိုေစစား
ျခင္းငွာမလာ သူတစ္ပါးကိုအေစခံျခင္းငွာ၄င္း၊မိမိ အသက္ကိုစြန္႔၍ လူမ်ားကိုေရြးျခင္းငွာ၄င္း ၾကြလာသည္ျဖစ္၍ "
ဒီ အဆိုအမိန္႔ဟာ ရာစုေပါင္း (၂၁) ရာစုထိတိုင္ခဲ့ျပီျဖစ္ေပမဲ့ အသက္ဝင္ေနဆဲ ကမာၻေက်ာ္ေနဆဲျဖစ္တဲ့ ေမတၲာႏွင့္စပ္ဆိုင္ေသာ ေခါင္းေဆာင္ေကာင္း ခရစ္ေတာ္ရဲ႕ မိန္႔ခြန္းတစ္ခုပါဘဲ။ ဒါေၾကာင့္အနာဂတ္သာသနာကိုေခါင္းေဆာင္မဲ့ (ယေန႔ခရစ္ယာန္လူငယ္ေတြ)ေခါင္းေဆာင္ႏွင့္ ဆရာႀကီးဆိုတာ ဆင္သေယာင္ႏွင့္မတူေၾကာင္း လြန္စြာကြဲျပားျခားနားေၾကာင္းကို
သေဘာေပါက္သင့္လွပါတယ္။လူ႔သဘာဝစိတ္မွာ ဩဇာေပးမဲ့သူကို ဘယ္သူမွအလိုမရွိ ၊ ေခါင္းေဆာင္ေကာင္းကိုေတာ့ လူတိုင္းအလိုရွိၾကပါတယ္။ ဒီသေဘာကိုသိတဲ့
ခရစ္ေတာ္က
ေယာ ၁၃း၁၄-၁၇ မွာ
"ငါသည္ သခင္ျဖစ္လွ်က္ အရွင္ဘုရားလည္းျဖစ္လွ်က္ႏွင့္ သင္တို႔၏ေျခကိုေဆးလွ်င္"
သူ႔ေနာက္လိုက္တပည့္ေတာ္ေတြကို သူျဖစ္ေစခ်င္တဲ့ပံုစံဟာ ဘာလဲဆိုတာကို ပါးစပ္ႏွင့္မေျပာ(အမိန္႔မေပးဘဲ) ကိုယ္တိုင္လက္ေတြ႕လုပ္ေဆာင္ျပရင္း ေခါင္းေဆာင္ သင္ခန္းစာကို သြန္သင္ခဲ့ပါတယ္။
ဒါေၾကာင့္ ....
ဆရာႀကီးဆိုတာ အရာရာမွာသူကြ်မ္းတယ္
ေခါင္းေဆာင္က အမွားကိုဝန္ခံတယ္။
ဆရာႀကီးက လုပ္ရမွာကိုေျပာတယ္
ေခါင္းေဆာင္က လုပ္ျပတယ္။
ဆရာႀကီးက အျပစ္ရွာတယ္
ေခါင္းေဆာင္က အႀကံျပဳတယ္။
ဆရာႀကီးက အေျပာနဲ႔စတယ္
ေခါင္းေဆာင္က နားေထာင္ျခင္းနဲ႔စတယ္။
ဆရာႀကီးက အမိန္႔ေပးတယ္
ေခါင္းေဆာင္က လမ္းညြန္ျပတယ္။
ဆရာႀကီးက အရိုအေသႀကိဳက္တယ္
ေခါင္းေဆာင္က ရိုေသထိုက္တယ္။
ဆရာႀကီးက စည္းမ်ဥ္းႏွင့္အုပ္ခ်ဳပ္တယ္
ေခါင္းေဆာင္က ေမတၲာဂရုဏာကိုေရွးရႈတယ္။
ဒီေတာ့- ေခါင္းေဆာင္လုပ္ပါ ဆရာႀကီးမလုပ္ခ်င္ပါႏွင့္။
တင္ေအာင္လြင္(Exodus)
၀န္ခံခ်က္။ ။ Aroma မဂၢဇင္းမွ ေကာက္ႏုတ္ခ်က္၊၊ JBC ၀ိညာဥ္သစ္ ၂၀၀၉ မွတဆင့္ ထပ္မံေဖၚျပပါသည္။--
With Faithfully
Zaw Aung
Mobile: Singapore +65 93360662, Vietnam: +84 1217046721
Email: uzawaung@gmail.com

Grace be with you all

Source... http://www.lubo601.com/2012/07/blog-post_1684.html#more

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...