သင်၏ယုံကြည်ခြင်း ဘယ်မှာ ရှိပါသနည်း။
Unicode & Zawgyi Reshare-#9Dan
ဘုရားသခင်၏ကျမ်းစာ
Options for this story
သင်၏ယုံကြည်ခြင်း ဘယ်မှာ ရှိပါသနည်း။
ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်းစိတ်သည် အဘယ်မှာရှိသနည်း ဟု မေးတော်မူလျှင်၊ (လုကာ ၈း၂၅)
တပည့်တော်များသည် ဂါလိလဲအိုင်ကို ဖြတ်သန်းနေစဉ် ကြီစွာသော မုန်တိုင်းနှင့် တွေ့ကြုံခဲ့ရပါသည်။ ထိုအချိန်တွင် ယေရှုကိုယ်တော် မှာ လှေပေါ်တွင် အနားယူနေချိန်ဖြစ်ပါသည်။ ထိုမုန်တိုင်းကြီးကြောင့် တပည့်တော်တို့သည် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရှိသွားမည်ကို အလွန် စိုးရိမ်နေခဲ့ပါသည်။ ထိုကြောင့် သူတို့သည် ကိုယ့်တော်ထံသို့ ဆိုးရွားလှသည့် ထိုသတင်းကို တင်ပြခဲ့ပါသည်။ ယေရှုသည် ထိုမုန်တိုင်းနှင့် လေကို ဆုံးမ ၍ ငြိမ်သက်စေခဲ့ပါသည်။
ဤနေရာတွင် တပည့်တော်တို့သည် ယေရှုနှင့် အတူ ရှိနေကြသော် လည်း ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားနေရသည်။ ထိုတပည့်တော်တို့တွင် မုန်တိုင်းမှန်သမျှထက်ပိုမိ ု တန်ခိုးကြီးသော ယေရှုအပေါ်တွင် ပိုမို ယုံကြည်ခြင်း ရှိသင့်ကြပါသည်။
ထိုနေရာတွင် ကျွန်တော်တို့ကိုယ်တိုင် တပည့်တော်များ၏ နေရာတွင် ရှိနေ မည်ဆိုပါက မည်ကဲ့သို့ ကျွန်တော်တို့ ခံစားကြပါလိမ့်မည်နည်း။ ထိုကဲ့သို့ပင် အကြောက်တရားနှင့် တုန့်ပြန်ကြမှာ သေချာပါသည်။ ထိုအကြောက် တရားသည် ကို ဘယ်နှစ်ခါလောက် ခံစားဘူးပါသနည်း။ မကြာခဏ ခံစားဘူးကြပေလိမ့်မည်။
ကျွန်တော်တို့၏ အသက်တာထဲက မုန်တိုင်းတွေကို ကိုယ်တော်က ငြိမ်သက် သွားစေရန် ကိုယ်တော်က ပြုလုပ်ပေးနိုင် ပါသည်။ သို့သော် ကျွန်တော်တို့က မည်သည့် ပြဿနာ အခက်အခဲ ရှိနေသည်ဖြစ်စေ၊ ယုံကြည်ခြင်းနှင့် တုန့်ပြန်စေချင် သည်။ ကျွန်တော်တို့ထံတွင် မည်မျှ အကြောက်တရား ကြီးစိုးနေကြောင်း ကိုယ်တော်သိပါသည်။
ကိုယ်တော်က ပြဿနာတွေကို ငြိမ်သက်စေခဲ့သည်။ အခြေအနေ အမျိုးမျိုးမှာ ယုံကြည်ခြင်းနှင့် အသက်ရှင်စေချင်သည်။ အဘယ်ကြောင့် ဆိုသော် သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် ရှိနေသောကြောင့် ဖြစ်ပါသည်။
သင်၏ ယုံကြည်ခြင်း ဘယ်မှာ ရှိပါသနည်း။
ဘုရားသခင်၏ကျမ်းစာ
Options for this story
ဘုရားသခင်၏ကျမ်းစာ
Options for this story
သင်၏ယုံကြည်ခြင်း ဘယ်မှာ ရှိပါသနည်း။
ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်းစိတ်သည်
တပည့်တော်များသည် ဂါလိလဲအိုင်ကို ဖြတ်သန်းနေစဉ် ကြီစွာသော မုန်တိုင်းနှင့် တွေ့ကြုံခဲ့ရပါသည်။ ထိုအချိန်တွင် ယေရှုကိုယ်တော် မှာ လှေပေါ်တွင် အနားယူနေချိန်ဖြစ်ပါသည်။ ထိုမုန်တိုင်းကြီးကြောင့် တပည့်တော်တို့သည် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရှိသွားမည်ကို အလွန် စိုးရိမ်နေခဲ့ပါသည်။ ထိုကြောင့် သူတို့သည် ကိုယ့်တော်ထံသို့ ဆိုးရွားလှသည့် ထိုသတင်းကို တင်ပြခဲ့ပါသည်။ ယေရှုသည် ထိုမုန်တိုင်းနှင့် လေကို ဆုံးမ ၍ ငြိမ်သက်စေခဲ့ပါသည်။
ဤနေရာတွင် တပည့်တော်တို့သည် ယေရှုနှင့် အတူ ရှိနေကြသော် လည်း ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားနေရသည်။ ထိုတပည့်တော်တို့တွင် မုန်တိုင်းမှန်သမျှထက်ပိုမိ
ထိုနေရာတွင် ကျွန်တော်တို့ကိုယ်တိုင် တပည့်တော်များ၏ နေရာတွင် ရှိနေ မည်ဆိုပါက မည်ကဲ့သို့ ကျွန်တော်တို့ ခံစားကြပါလိမ့်မည်နည်း။ ထိုကဲ့သို့ပင် အကြောက်တရားနှင့် တုန့်ပြန်ကြမှာ သေချာပါသည်။ ထိုအကြောက် တရားသည် ကို ဘယ်နှစ်ခါလောက် ခံစားဘူးပါသနည်း။ မကြာခဏ ခံစားဘူးကြပေလိမ့်မည်။
ကျွန်တော်တို့၏ အသက်တာထဲက မုန်တိုင်းတွေကို ကိုယ်တော်က ငြိမ်သက် သွားစေရန် ကိုယ်တော်က ပြုလုပ်ပေးနိုင် ပါသည်။ သို့သော် ကျွန်တော်တို့က မည်သည့် ပြဿနာ အခက်အခဲ ရှိနေသည်ဖြစ်စေ၊ ယုံကြည်ခြင်းနှင့် တုန့်ပြန်စေချင် သည်။ ကျွန်တော်တို့ထံတွင် မည်မျှ အကြောက်တရား ကြီးစိုးနေကြောင်း ကိုယ်တော်သိပါသည်။
ကိုယ်တော်က ပြဿနာတွေကို ငြိမ်သက်စေခဲ့သည်။ အခြေအနေ အမျိုးမျိုးမှာ ယုံကြည်ခြင်းနှင့် အသက်ရှင်စေချင်သည်။ အဘယ်ကြောင့် ဆိုသော် သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် ရှိနေသောကြောင့် ဖြစ်ပါသည်။
သင်၏ ယုံကြည်ခြင်း ဘယ်မှာ ရှိပါသနည်း။
ဘုရားသခင်၏ကျမ်းစာ
Options for this story
0 comments:
Post a Comment