လူသည် ဘယ်ကဆင်းသက်လာပြီး ဘယ်ကိုပြန်သွားရမှာပါလဲ?
Reshare #9Dan Unicode & Zawgyi
လူသားအစကို သိဖို့ ဦးစွာ ကမ္ဘာကြီးတစ်ခုလုံးကို ရေတစ်ကြိမ်လွှမ်းမိုးခဲ့သည် ဆိုသည့် ခိုင်လုံသော သက်သေများ ဖေါ်ပြပေးလိုပါသည်။
၁၉၂၉ အီရတ်ရှိ ဥရမြို့ကိုတူးဖေါ်ကြည့်ရာ မြေအောက်တွင် နုံးမြေတစ်လွှာရှိပြီး ထိုနုံးမြေထဲတွင် ငါးအရိုးစုများ တွေ့ရကာ ၎င်းအောက်တွင် မြေအိုး မြေခွက်များဖြင့် လူတို့နေထိုင်ခဲ့သော ရေမလွှမ်းမှီခေတ် လူသားများ၏ အသုံးဆောင်များအရ ကမ္ဘာကြီးကို ရေမလွှမ်းမိုးမှီ။ ရေလွှမ်းမိုးခြင်းနှင့် ရေလွှမ်းမိုးပြီးခေတ်ဟူ၍ ခေတ်သုံးခေတ်ရှိကြောင်း တွေ့ရပါသည်။
၎င်းအပြင် နောဧသင်္ဘောကို တူရကီရှိ အာရရတ်တောင် (ပေ ၁၆၈၀ဝ) အမြင့်တွင် သိုးထိန်း တစ်ဦးက တွေ့ရှိသည်ဟု ဆိုခြင်းကြောင့် ၁၈၃၃ နှင့် ၁၈၉၂ ခုနှစ်များတွင် လေ့လာရေးအဖွဲ့များဖွဲ့၍ သွားရောက် လေ့လာခဲ့ကြပါသည်။
၁၉၇၀ ဧပြီ ၁၁ ရက်ထုတ် ( Choil News) သတင်းစာပါ ဖေါ်ပြချက် အရ ဂြိုလ်တုမှနေပြီး နောဧသင်္ဘောကို ဓါတ်ပုံရိုက်ပြီး လေ့လာခဲ့ပါသည်။ ထိုဓါတ်ပုံအရ သမ္မာကျမ်းမှ ဖေါ်ပြထားသော သင်္ဘောအရွယ်အစားအတိုင်း အတိအကျကို ရရှိခဲ့ပါသည်။ အရှည်၊ အကျယ်၊ အမြင့် (၁၃၇_ ၄၅_၂၂) မီတာ ရှိကြောင်းသိရပါသည်။
၁၉၈၄ ဩဂုတ် ၂၇ ရက်နေ့တွင် အမေရိကန်ရှာဖွေရေးအဖွဲ့က သင်္ဘောကို သွားရောက်လေ့လာခဲ့ပြီး ၎င်းအဖွဲ့မှ ( James Erwin) ဆိုသူက သင်္ဘောသည် အာရရတ်တောင်၏ အမြင့် ၅၁၆၅ မီတာအမြင့်တွင် ရှိကြောင်း ဖေါ်ပြခဲ့ပါသည်။
ပီကင်းနှင့် ဟောင်ကောင်မှ ရှေးဟောင်း သုတေသနာပညာရှင်းများကလည်း သွားရောက်လေ့လာခဲ့ပြီး သင်္ဘောအတွင်း ထိပင်ရောက်ရှိလေ့လာခဲ့ကာ သင်္ဘောတွင်းမှ ရုပ်ကြွင်း ပစ္စည်းများကို ယူဆောင်ဓါတ်ခွဲစမ်းသပ်မှုများပြုခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲ၌ (BTV) ရုပ်သံမှတဆင့် သမ္မာကျမ်းစာ၏ ဖေါ်ပြချက် များသည် အံ့ဩဖွယ်ကောင်းလောက်အောင် မှန်ကန်ကြောင်း ဆိုခဲ့ကြပါသည်။
တောင်အမေရိကတိုက်၏ ဘိုလေးဗီးယားနိုင်ငံရှိ မီတာ ၄၀ဝ၀ မြင့်သောတောင်ပေါ်တွင် ငါးများ၏ ရုပ်ကြွင်းများနှင့် ၎င်းတောင်ပေါ်တွင် လေးနာရီမျှ ကားမောင်း၍ ဖြတ်သန်းသွား ရသော ဆားလွင်ပြင် ကျယ်ကြီးတစ်ခုရှိနေပါသည်။
ရော့ကီးတောင်တန်းတွင် ပင်လယ်ပြင်ထဲ၌သာတွေ့ရတတ်သည့် သန္တာနှင့် အလွန်မာကျောသော ရေ သတ္တဝါ၏ အခွံများ အရိုးစုများကို တွေ့ရပါသည်။
ချွန်နန်းဒေသ ဂျင်းကျွန်းရှိ တောင်ပေါ်တွင်လည်း ပင်လယ်သတ္တဝါ မျိုးစုံ၏ အရိုးစုများတွေ့ရခြင်းနှင့် အခြားသော သက်သေများစွာ တို့အရ ကမ္ဘာကြီးကို ရေလွှမ်းခဲ့ဖူးကြောင်း သိရှိရ ပါသည်။
ရှေးဟောင်း တူးဖေါ်တွေ့ရှိချက်များနှင့် အခြားတွေ့ရှိရသော အထောက် အထား တို့အရ ဓမ္မဟောင်းကျမ်းသည် မှန်ကန်၍ ယုတ္တိရှိ ကြောင်း ဖေါ်ပြနေ ပါသည်။
ကမ္ဘာကြီးက သက်တမ်းရလာပြီး လူတို့၏ ရှာဖွေတွေ့ရှိချက်များ တိုးလာလေ သမ္မာကျမ်းသည် မှန်ကန်ကြောင်း သက်သေ ခိုင်လုံလာလျက် ရှိလာလေပင်ဖြစ်ပါသည်။ ထိုမှန်ကန်မှုတို့အရ သမ္မာကျမ်းကို ဘုရားကိုယ်တော် တိုင်က ရေးသားထားကြောင်း သက်သေခိုင်လုံလာ လျက်ရှိပါသည်။ ဘုရားရေး သည့်စာအုပ် မဟုတ်ပါက ဘာသာစကား ပေါင်း ၂၅၀ဝ ကျော်ဖြင့် ဘာသာပြန် ဆိုရလောက်သည်အထိ အနှိုင်းမဲ့သော စာအုပ်အဖြစ် ပေါက်မြောက်ရန် အကြောင်း မရှိပါ။
ဆက်လက်ပြီးလေ့လာလိုသူတို့အတွက် ဖေါ်ပြရပါက -
သမ္မာကျမ်းတွင် လူကို ဘယ်နှစ်ခုနှစ်မှာ ဖန်ဆင်းသည်ဟု မပါရှိသော် လည်း အပြစ်တရား လောကသို့ ဝင်ရောက်လာပြီးချိန်မှစ၍ လူတို့၏ အကြောင်း ကို နှစ်အပိုင်း အခြားအလိုက် ဖေါ်ပြထားသည့် အတွက် တွက်ချက်၍ ဖေါ်ပြနိုင် ခြင်းဖြစ်ပါသည်။ နှစ်ငါးရာခန့်ဖြင့် လေ့လာနိုင်ရန် ဖေါ်ပြပေးလိုပါသည်။
လူသားအားလုံး၏ ဖခင် အာဒံကိုဖန်ဆင်းပြီး အာဒံအပြစ်ကို ကျူးလွန် ခဲ့သောအချိန်မှာ-
- ဘီစီ ၄၀ဝ၀ ခန့်က ဖြစ်ပါသည်။
- ဘီစီ ၃၅၀ဝ တွင် ဘုရားနှင့် အတူ သွားလာတတ်သောဧနောက်ပေါ်ထွန်းခဲ့
- ဘီစီ ၃၀ဝ၀ တွင် နောဧပေါ်ထွန်းခဲ့
- ဘီစီ ၂၅၀ဝ တွင် ကမ္ဘာကြီးကို ရေလွှမ်းမိုးခဲ့
- ဘီစီ ၂၀ဝ၀ တွင် ဂျူး ခရစ်ယာန်နှင့် အစ္စလမ်တို့၏ လေးမြတ်ရာ ယုံကြည်ခြင်းဖခင် အာဗြဟံပေါ်ထွန်းခဲ့
-ဘီစီ ၁၅၀ဝ တွင် ပညတ်တော်ဆယ်ပါးကို ဘုရားထံမှ ယူဆောင်လာသော မောရှေပေါ်ထွန်းခဲ့
- ဘီစီ ၁၀ဝ၀ တွင် ဂျူးတို့၏ ဒုတိယဘုရင် ဒါဝိဒ်ပေါ်ထွန်းခဲ့ ( ဟိန္ဒူဘာသာ ပေါ်ထွန်း ။ ယနေ့ ဘာသာဝင် သန်းကိုးရာခန့် )
- ဘီစီ ၅၀ဝ ဘုရားစကားကို နားမထောင်သော ဂျူးတို့၏တိုင်းပြည် ပျောက်ခဲ့ (ဗုဒ္ဓပေါ်ထွန်း ။ ကိုးကွယ်သူ သန်း သုံးရာခန့် )
- အေဒီနှင့် ဘီစီ ကူးပြောင်းချိန်တွင် ယေရှုပေါ်ထွန်းခဲ့ ( သန်း ၂၁၀၀ ကျော် )
- အေဒီ ၅၀ဝ ခန့်တွင်ခရစ်ယာန်ဂိုဏ်းငယ်မှ ဘာသာကြီးဖြစ်လာခဲ့ (မိုဟာမက်ပေါ်ထွန်း ။ သန်း ၁၅၀၀ ခန့်)
- အေဒီ ၁၀ဝ၀ ခန့်တွင် မွတ်ဆလင်နှင့် ခရစ်ယာန်ဘာသာရေးစစ်ဖြစ်ခဲ့
- အေဒီ ၁၅၀ဝ ခန့်တွင် ခရစ်ယာန်ဘာသာကိုြုပပြင်ခဲ့သော မာတင်လုသာ ပေါ်ထွန်းခဲ့
ယခု အေဒီ ၂၀၀၀ ကျော်လာပါပြီ သမ္မာကျမ်းအဆိုအရ လူသာတို့အပြစ်အတွက် အသေခံပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော ယေရှုဘုရား လောကသို့ ဒုတိယအကြိမ် ကြွဆင်းလာချိန်လည်းနီးနေပါပြီ။
ပိုမိုသိရှိလိုပါက သိလိုသော အဖြေများအတွက် ခိုင်လုံသော အကြောင်းအကျိုး သက်သေများဖြင့်
(အလင်းကိုဆောင်မည့် မေးခွန်းများ) page ကို add ပြီး ဖတ်နိုင်ဖို့ ခေါ်ဖိတ်လိုပါသည်။
https://my.pcloud.com/publink/show…
မေတ္တာဖြင့်
ရွှေပေး
၁၉၈၄ ဩဂုတ် ၂၇ ရက်နေ့တွင် အမေရိကန်ရှာဖွေရေးအဖွဲ့က သင်္ဘောကို သွားရောက်လေ့လာခဲ့ပြီး ၄င်းအဖွဲ့မှ ( James Erwin) ဆိုသူက သင်္ဘောသည် အာရရတ်တောင်၏ အမြင့် ၅၁၆၅ မီတာအမြင့်တွင် ရှိကြောင်း ဖေါ်ပြခဲ့ပါသည်။
တောင်အမေရိကတိုက်၏ ဘိုလေးဗီးယားနိုင်ငံရှိ မီတာ ၄၀ဝ၀ မြင့်သောတောင်ပေါ်တွင် ငါးများ၏ ရုပ်ကြွင်းများနှင့် ၄င်းတောင်ပေါ်တွင် လေးနာရီမျှ ကားမောင်း၍ ဖြတ်သန်းသွား ရသော ဆားလွင်ပြင် ကျယ်ကြီးတစ်ခုရှိနေပါသည်။
- အေဒီ ၁၅၀ဝ ခန့်တွင် ခရစ်ယာန်ဘာသာကြိုပပြင်ခဲ့သော မာတင်လုသာ ပေါ်ထွန်းခဲ့
မေတ္တာဖြင့်
ရွှေပေး