သင်ခန်းစာ အမှတ် (၁၀) အသစ်မွေးဖွားခြင်းဆိုင်ရာသြဝါဒ အသစ်သောမွေးဖွားခြင်း၊ ၎င်း၏သတင်း၊ အဓိပ္ပါယ်၊ မလွှဲမသွေးလိုအပ်ချက်၊ လက္ခဏာနှင့် နည်းစနစ်
Unicode & Zawgyi Reshare-#9Dan
(The New Birth: Its MESSAGE, MEANING, MUST, MARK AND METHOD.)
“နိဒန်း”
ကျွန်ုပ်တို့၏ကမ္ဘာလောကကြီးသည် ဘာသာတရားများဖြင့် ပြည့်နှက်လျှက်ရှိနေပါသည်။ အမေရိကန် ပြည်ထောင်စုတစ်ခုတည်း၌ပင် ဂိုဏ်းဂဏပေါင်း ၃၀၀ ကျော်နှင့် အဖွဲ့အစည်းပေါင်း ၅၀၀၀ ကျော်ရှိပါသည်။ ဤအဖွဲ့ အစည်းများတို့သည် ဘာသာရေးအသွင်အပြင်ဖြစ်ပါသည်။ သို့ရာတွင် အဖွဲ့အစည်းများအနက် အနည်းငယ်တို့ကသာ အသစ်သောမွေးဖွားခြင်းခံယူလိုကြကြောင်း ပြောပါသည်။ ဒုတိယမွေးခြင်းကိုခံရမည်။
(ယော ၃း၃-၈)ဟု သခင်ယေရှုကိုယ်တိုင်အတိအကျပြောထားသော်လည်း ယေဘုယျအားဖြင့် မေ့ထားကြ သည်မှာ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသော ထိုသွန်သင်မှုကို ထင်ထင်ရှားရှားလွှဲမှားမှု မရှိ အောင် ပေါ်လွင်သည်ထိ ဖော်ပြရန် ဤသင်ခန်းစာကိုပြုစုထားပါသည်။ ဤသင်ခန်းစာကို လေ့လာသူအားလုံးသည် အမှန်ပင် ဒုတိယမွေးခြင်းကိုခံရ၍ အသစ်မွေးဖွားလာသူများဖြစ်စေရန် ရည်ရွယ်၍ဆုတောင်းခြင်းဖြင့် ဤသင်ခန်းစာကို ပြင်ဆင်ထားပါသည်။
သင်ခန်းစာအရေးကြီးပုံ
ဘာသာရေးတစ်ခုတည်းဖြင့်သာ လုံလောက်မှုမရှိကြောင်း သိရှိမြင်တွေ့ခြင်းသည်ပင်လျှင် ဤသင်ခန်းစာ၏ အရေးကြီးချက်ဖြစ်ပါသည်။ သန်းပေါင်းများစွာသော အသင်းသားများနှင့် နောက်လိုက်များသည် အသစ်သော မွေးဖွား ခြင်းကို မရခဲ့ကြကြောင်းတွေ့ရှိရပါသည်။ ဒုတိယမွေးဖွားခြင်း (အသစ်သောမွေးဖွားခြင်း)မရှိသော်လည်း အသင်းတော် တွင် နှစ်ခြင်းမင်္ဂလာခံယူခြင်း၊ အသင်းသားအဖြစ်ခံယူခြင်း၊ ပွဲတော်မင်္ဂလာဝင်ရောက်သုံးဆောင်ခြင်း၊ ဆယ်ဘို့တဘို့ ပေးခြင်း စသည်များကိုပြုလုပ်နိုင်ပါသည်။ မကြာမီနှစ်ကာလများအတွင်း ယုံကြည်ခြင်းတစ်ခုသာဟူသော ဟောပြော ချက်များကြောင့် အမေရိကန်ပြည်ထောင်စုအသင်းတော်များသည် ပြဿနာများရင်ဆိုင်ခဲ့ရပါသည်။ ဤသွန်သင်ချက် များကြောင့် ဧဝံဂေလိတရားတော်ကို အပေါ်ယံမျှသာ ယုံကြည်၍ ဒုတိယမွေးခြင်းအတွေ့အကြုံမရှိသော သူများစွာ အသင်းတော်သို့ဝင်လာပါသည်။ ထိုမေ့လျော့ထားသော အလေးပေးမခံရသော ဤဝါဒကိုအထင်အရှား ဖော်ပြရန်အ ထူး လိုအပ်နေပါသည်။ အကြောင်းမှာ ဒုတိယမွေးခြင်း (အသစ်သောမွေးခြင်း) မခံရလျှင် ကောင်းကင်နိုင်ငံကို မမြင်ရ။ မဝင်ရသည်ဖြစ်၍ ဤသင်ခန်းစာထက် အရေးကြီးသောသင်ခန်းစာရှိမည်မဟုတ်ပေ။
သင်ခန်းစာ
၁။ ဒုတိယမွေးဖွားခြင်း တနည်း အသစ်သောမွေးဖွားခြင်းသည် သမ္မာကျမ်းစာ ခံယူချက်ဖြစ်ပါသည်။ (Regeneration of the New Birth is a Bible Concept)
က။ သခင်ယေရှုကရှင်းလင်းစွာပြောကြားခဲ့ရာတွင် -
၁။ ယော ၁း၁၃။ “….. လူမျိုးနှင့် စပ်ဆိုင်၍သွားသောသားမဟုတ် မေထုံသံဝါဒအားဖြင့် ဖွားသောသားမဟုတ်၊ လူအလိုအလျောက်ဖွားသောသားမဟုတ် ဘုရားသခင်ဖြစ်သွား တော်မူသောသားဖြစ်သည်။
၂။ ယော၃း၃-၈။ “……ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ။.. ရေနှင့် ဝိညာဉ်တော်မမွေးသော သူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်သို့မဝင်ရ။ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည်ဝိညာဉ်ဖြစ်၏။ ဒုတိယမွေးခြင်းကိုခံရမည်ဟု ပြောခြင်းကိုအံ့သြခြင်း မရှိနှင့်။
ခ။ ဓမ္မသစ်ကျမ်းစာပါသြဝါဒများရေးသားသော ပုဂ္ဂိုလ်အားလုံးသည် ဒုတိယမွေးခြင်းခံယူရန် လိုအပ် ကြောင်း ပြောပါသည်။
၁။ ယာကုပ် ၁း၁၈။ “….သမ္မာတရားစကားတော်အားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကိုဖြစ်ဘွားစေ တော်မူ၏။
၂။ ၁ပေ ၁း၂၃။ “…. ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ် မဖောက်ပြန် မပျက်စီးတတ်သောမျိုးစေ့တည်းဟူသော … ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွားသောကြောင့်
၃။ ၁ယော၂း၂၉။“…. ဖြောင့်မတ်ခြင်းတရားတော်ကို ကျင့်သောသူမည်သည်ကား ဘုရားသခင် ဖြစ်ပွား စေတော်မူသောသူဖြစ်၏။”
၄။ ပေါလုသည် ဤသမ္မာတရားအတွက် မိမိကိုယ်ပိုင်ဝေါဟာရကိုသုံးထားပါသည်။
က။ ရော ၆း၄။ ငါတို့သည် အသစ်သောအသက်၌ ကျင်လည်ကြရသတည်း။
ခ။ ၂ကော ၅း၁၇။ လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။
၂။ ဤအကြောင်းအရာနှင့် စပ်ဆိုင်သော အထက်ပါကျမ်းချက်များ၏ဆိုလိုရင်း အဓိပ္ပါယ်မှာမည်သို့နည်း။ (What is the message of these related texts?)
က။ အသစ်သောမွေးခြင်းဆိုသည်မှာ အမှန်ပင်ရှိပါသလော - ဒုတိယအကြိမ်မွေး၍ရပါသလော။ မွေးဖွားခြင်းမှန်သော်လည်း သဘာဝများအားဖြင့် မွေးဖွားခြင်းနှင့် လုံးဝမတူ၊ အသစ်သော မွေးဖွားခြင်း၊ အထက်ကောင်း ကင်ဆိုင်ရာမွေးခြင်း၊ ဝိညာဉ်မွေးဖွားခြင်းဖြစ်ပါသည်။
ခ။ ကယ်တင်ခြင်းမရသေးသော ဒုတိယမွေးခြင်းမခံရသေးသော ခရစ်တော်၏အပြင်ဘက်တွင် ရှိနေ သော လူသားအားလုံးတို့အား ဘုရားသခင်သည် လူသေများဟုသာ သတ်မှတ်ပါသည်။ (ဧဖက် ၂း၁-၅) သူတို့ အသက်ကို ရရန် အထူးလိုအပ်နေကြပါသည်။ ၁ယော ၅း၁၂။
ဂ။ လူအပေါင်းတို့သည် အသစ်မွေးဖွားခြင်းကိုခံနိုင်ပါသည်။ ထို့ကြောင့်မလွှဲမသွေခံယူရမည်ဖြစ်ပါ သည်။
ဃ။ လူတိုင်းအသက်တာသစ်ကိုရရှိရန်လမ်းရှိပါသည်။
င။ လူတို့၏ စိတ်ထဲသို့ ယေရှုခရစ်ဝင်ရောက်ခြင်းမရှိလျှင် အသက်တာသစ်တို့မရနိုင်ကြောင်း ကျမ်းစာ အားဖြင့်သိနိုင်ရန်။
စ။ ထို့အပြင် ဤကျမ်းချက်များအရ ခရစ်ယာန်ဖြစ်ခြင်းသည် မည်ကဲ့သို့ဖြစ်ကြောင်းထင်ရှားစွာသိနိုင်ရန်
ခရစ်ယာန်ဖြစ်ခြင်းသည် Christianity is
၁။ ပုံသေယုံကြည်ချက်စာရင်းမဟုတ် (Not a List of Dogmas)
၂။ ကျင့်စဉ်တစ်ခုမဟုတ် (Not a system of ethics)
၃။ ကောင်းမြတ်ခြင်းအတိုင်းအတာမဟုတ် (Not Degress of goodness)
၄။ စိတ်မပါ၊ ပေါ့ရွှတ်သောသန့်ရှင်ခြင်းမဟုတ် (Not a passionless purity)
၅။ မိမိ၏အသင်းတော်၊ အဖွဲ့၏သြဝါဒမှ မှန်ကန်သည်ဟု ခံယူ၍ အငြင်းပွားတိုက်ခိုက်နေခြင်း မျိုးမဟုတ် (Not a fighting fundamentalism)
၆။ ရှေးအစဉ်အဆက်မှ ခံယူလုပ်ဆောင်မှုတို့အား လက်ဆင့်ကမ်းခံယူလိုက်လျှောက်နေခြင်း မဟုတ်။ (Not a militant orthodoxy)
၇။ သုံးပါးတစ်ဆူယုံကြည်ချက်လည်းမဟုတ်။ (Not a triune theology)
သို့သော် ခရစ်ယာန် ဖြစ်ခြင်းဆိုသည်မှာ “အသက်” ဖြစ်ပါသည်။ အသစ်သောမွေးဖွားခြင်း ဆိုသည်မှာ အသက်သစ် (New life) ဖြစ်ပါသည်။ သခင်ယေရှုကသင်တို့သည် အသက်နှင့်ပြည့်စုံခြင်း ငှာလာသည်ဟု မိန့်ကြားခဲ့ပါသည်။ (ယော ၁၀း၁၀)
၃။ အဓိပ္ပါယ် အသစ်မွေးဖွားခြင်းဆိုသည်မှာအဘယ်နည်း (The meaning)
က။ ယော ၁း၁၃ကိုရှေးဦးစွာကြည့်ပါ။ မဟုတ်ကိန်းသုံးခု (Three negatives) ကိုအထင်အရှားတွေ့ရပါ မည်။ အသစ်မွေးခြင်း၏မဟုတ်ကိန်းသုံးခုဖြစ်ပါသည်။
(၁) လူမျိုးနှင့်သက်ဆိုင်၍ဖွားသောသားမဟုတ်၊ ယုဒလူမျိုးများသည် မိမိတို့၏ဘိုးဘေးများ အပေါ်ဂုဏ်ယူဝင့်ကြွားနေသူများဖြစ်၏။ မျိုးရိုးစဉ်ဆက် သွေးအစဉ်အဆက်အပေါ်ဝါကြွား ကြ၏။ သူတို့က ငါတို့သည် အာဗြံဟံအမျိုးဖြစ်၏ (ယော ၈း၃၃)အာဗြံဟံသည်ငါတို့အဘ ဖြစ်၏။ (ယော ၈း၃၉) ယနေ့တွင်ပင်သန်းပေါင်းများစွာ သောသူတို့သည် မိမိတို့၏ ဘိုးဘေးအမျိုးအနွယ်အပေါ်ဂုဏ်ယူနေကြသည်။ ဆွေစဉ်မျိုးဆက်အမွေအနှစ်များသည် မိမိ တို့အား အထူးအခွင့်အရေးနှင့် အထူးအဆင့်အတန်းကို ပေးသည်ဟု လက်ခံထား ကြပါသည်။ ဤနေရာတွင် သခင်ဘုရားက သင်သည် မည်သည့်အမျိုးအနွယ်မှ ဆင်းသက်လာသည်ဖြစ်ပါစေ၊ လူမှုအသိုင်းအဝိုင်းတွင် မည်သည့် အဆင့်ရှိနေပါစေ၊ မည်သည့်အဆင့်အတန်းဖြစ်ဖြစ် သင်သည် ဒုတိယမွေးဖွားခြင်းခံရမည်ဟု မိန့်တော်မူခဲ့ ပါသည်။ သင် ဆင်းသက်လာသော မြင့်မြတ်သည့် မျိုးနွယ်မွေးဖွားလာသော မြင့်မြတ် သော အရပ်တို့သည် အရာမရောက်ပေ။
(၂) မေထုန်သံဝါသအားဖြင့် မွေးဖွားသည်မဟုတ် Not of the will of the flesh
က။ ယော ၃း၆တွင် ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။
ခ။ ရောမ၊ ၈း၈တွင် ဇာတိပကတိ၌ကျင်လည်သောသူတို့သည် ဘုရားသခင်၏စိတ် တော်နှင့် မတွေ့နိုင်ကြ။
ဂ။ သို့ဖြစ်၍ “ဇာတိပကတိ” ဟူသော ဝေါဟာရကို ခရစ်တော်မပါဘဲ လူတို့လုပ်သမျှ ကိုရည်ညွှန်းနေကြောင်းတွေ့ရပါသည်။ ဇာတိပကတိအားဖြင့် လူတစ်ယောက် သည် အမြောက်အများကို ဆောင်ရွက် နိုင်ပါသည်။ ထိုသူသည် နာမည်ကျော် စာရေးဆရာ၊ ထင်ရှားသောအားကစားသမား၊ နံမည်ကျော်ပန်းချီဆရာ၊ ကျော် ကြားသော ဂီတပညာရှင်၊ နိုင်ငံရေးအကျော်အမော်၊ အောင်မြင်သော စီးပွားရေး သမား၊ သန်းကြွယ်သော သူဌေး ဖြစ်နေသော်လည်း ဒုတိယမွေးခြင်း မခံရသေး သူ ဖြစ်နိုင်သေးပါသည်။ ထိုသူသည် ဇာတိပကတိ၌ရှိနေသေးသောကြောင့် ဇာတိပကတိသဘောသည် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။
(၃) လူအလိုအလျောက် ဖွားသောသား မဟုတ် (Not of the will of man)
တနည်းအားဖြင့်ဆိုသော် အသစ်သောမွေးဖွားခြင်းသည် လူသားအားဖြင့်ဖြစ်ပွားသည် မဟုတ်ဘဲ ဘုရားသခင်အားဖြင့်သာဖြစ်ရပါသည်။ မည်သည့်ဘုန်းတော်ကြီး ၊ မည်သည့် သင်းအုပ်ဆရာကမျှ သင့်ကိုမကယ်နိုင်။ သိက္ခာတင်ခြင်းဖြင့် သင်သည် ဒုတိယမွေးခြင်း ကို မခံယူနိုင်။ နှစ်ခြင်းမင်္ဂလာခံယူခြင်း၊ ပွဲတော်မင်္ဂလာဝင်ခြင်း သို့မဟုတ် လူတို့ ဆောင်ရွက်ပေးသော မည်သည့်အမှုနှင့်မျှ ဒုတိယမွေးခြင်းကို မခံယူနိုင်ပါ။ လူသည် သင့်ကို ကယ်တင်ခြင်းမပေးနိုင်။
ခ။ မဟုတ်ကိန်းအားဖြင့်ကြည့်လျှင် အောက်ပါအချက်များအားဖြင့် အသစ်သောမွေးဖွားခြင်း ဒုတိယမွေးဖွားခြင်း တို့ကိုမရနိုင်။
(၁) ဘာသာရေးတွင်ပါဝင်လှုပ်ရှားခြင်း
(၂) မိမိ၏ပြင်းထန်သော အလေးအနက်စဉ်းစားဆုံးဖြတ်ချက်ချမှု
(၃) ဆုတောင်းခြင်း၊ အလှူတော်ငွေပေးခြင်း၊ မိမိကိုယ်ကိုငြင်းပါယ်ခြင်း၊ အသင်းတော်တွင် ပါဝင်ခြင်း စသည့် ဘာသာရေးလုပ်ရှားမှုများ
(၄) ဘာသာရေးဆိုင်ရာပွဲများ ထုံးတမ်းစဉ်လာများ၊ အခမ်းအနားများ
(၅) အသက်တာတွင် စာမျက်နှာသစ်ဖွင့်ခြင်း - အသက်တာ၌ အကျင့်ကိုပြုပြင်ခြင်း၊ ပြောင်းလဲပေးခြင်း။
လိုအပ်သောအရာသည် အသစ်သောအသက်ဖြစ်ပါသည်။ စာမျက်နှာသစ်မဟုတ်ပါ။
ဂ။ အမှန်အားဖြင့် ပြောရလျှင် အသစ်သောမွေးဖွားခြင်းသည် -
(၁) ဘုရားသခင်ပြုတော်မူသောအမှုဖြစ်ပါသည်။ ယော ၁း၁၆ “ဘုရားသခင်ဖွားတော်မူသောသားဖြစ် သတည်း”။
မှတ်ချက်။ ၁ယော ၅း၁ တွင် “ယေရှုသည် ခရစ်တာ်ဖြစ်တော်မူသည်ကို ယုံကြည် သောသူမူ ကား ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏။ (အသစ်မွေးဖွားသော သူဖြစ်၏။ အသစ်သော မွေးဖွားခြင်းကိုခံယူရရှိခြင်းသည် - ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်အတွက် တစ်စုံတစ်ခု ကိုပြုလုပ် လိုက်ခြင်းကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ကျွန်ုပ်တို့အတွက် လုပ်ဆောင်တော်မူခြင်း သက်သက် သာ ဖြစ်ပါသည်။)
(၂) ဝိညာဉ် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြစ်ပါသည်။ ယော ၃း၆။ ၆း၅၃။ ယော ၆း၄။ ဧဖက် ၂း၂၊၅ တို့ကိုဖတ်ပါ။
မှတ်ချက်။ ။ ကျွန်ုပ်တို့အထဲတွင် အသစ်သောမွေးဖွားခြင်းကို ခံသောသူသည် ကျွန်ုပ်တို့၏ဝိညာဉ် ဖြစ်ပါသည်။
မှတ်ချက် ။ ။ အသစ်သောမွေးဖွားခြင်းသည် ကျွန်ုပ်တို့အထဲ၌ သေနေသောအရာကို အသက် ပြန်သွင်းခြင်းဖြစ်ပါသည်။ “သေလျက်ရှိသော သင်တို့ကိုပင် ဘုရားသခင်သည် အသက် ရှင်စေတော်မူပြီ” (ဧဖက် ၂း၂)
မှတ်ချက်။ ။ ဇာတိပကတိလူတွင် သေနေသောသူသည် ထိုသူ၏ဝိညာဉ်ဖြစ်ပါသည်။ ဝိညာဉ်သည် လူ၏အထဲတွင် ပိုင်းခြားနားလည်ခြင်းရှိသောအရာ ဖြစ်ပါသည်။ ၁ ကော ၂း၁၁-၁၄ ကိုဖတ်ပါ။ လူသည်ဝိညာဉ်အားဖြင့် အသေဖြစ်ပါသည်။ ဧ ၂း၅ ထို့ကြောင့်ဝိညာဉ် အရာကို မမြင်နိုင်။ နားမလည်နိုင်။ ယော ၃း၃-၅နှင့် ၁ ကော ၂း၁၄။
မှတ်ချက်။ ။ ထို့ကြောင့် အသစ်သောမွေးဖွားခြင်းသည် ဘုရားသခင်၏ တန်ခိုးတော်နှင့်ဆောင်ရွက် တော်မူခြင်းဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဆောင်ရွက်တော်မူခြင်းကြောင့် ကျွန်ုပ်တို့၏ဝိညာဉ်များကို “အသက်ရှင်စေတော်မူလျှက်” ဝိညာဉ်ရေးရာနားလည်မှု အသစ်ကို ရပါသည်။ ကိုယ်တော်ကို သိ၍ချစ်မြတ်နိုးစွာ အမူတော်ဆောင်စေပါသည်။
(၃) ဖန်ဆင်းခြင်းအမူဖြစ်ပါသည်။
ကျွနု်ပ်တို့ပိုင်ဆိုင်မူမရှိခဲ့သော အသက်သစ်ကို ကျွန်ုပ်တို့အထဲ၌ ဖန်ဆင်းပေးတော်မူခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ ဧဖက် ၂း၁၀ ကောင်းသောအကျင့်တို့ကို ကျင့်ရမည့်အကြောင်း ယေရှုခရစ်၌ပြုပြင် “ဖန်ဆင်း” တော်မူရာဖြစ်သတည်း။ ဧဖက် ၄း၂၄။ မှန်သောဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့်အတူ အမျှဖန် ဆင်းသော လူသစ်ကိုယူတင်ဝတ်ဆောင် မည့်အကြောင်း ၂ ကော ၅း၁၇ လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်(ဖန်ဆင်း) တော်မူရာဖြစ်သတည်း။ (အင်္ဂလိပ် ကျမ်းစာ၌ =ဖန်ဆင်းရာ ဟု ရေးသားထား၏)
(၄) ဘုရားပကတိကို လက်ခံရယူခြင်းနှင့် ဆက်ဆံခြင်းဖြစ်သည်။
မှတ်ချက်။ ။ ၂ ပေ ၁း၄ ထိုသို့သောအားဖြင့် ဘုရားပကတိကို ဆက်ဆံရသောသူဖြစ်မည် အကြောင်းတည်း။ ဂလာ ၂း၂၁ ငါသည်ကိုယ်တိုင်မရှင် ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ဧဖက် ၃း၁၇ ခရစ်တော်သည်သင်တို့၏ စိတ်နှလုံးထဲ၌ ကျိမ်းဝပ်တော်မူမည်အကြောင်း
မှတ်ချက်။ ။ အသစ်သော မွေးခြင်းသည် ဘုရားသခင်၏ အံ့သြဘွယ်တန်ခိုးတော်အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့၏ အထဲ၌ ဖြစ်ပွားတည်ရှိနေခြင်းပင် ဖြစ်ပါသည်။
(၅) အသက်
အသစ်သောမွေးဖွားခြင်းသည် အသက်ဖြစ်ပါသည်။ အသက်စစ်ဖြစ်ပါသည။ စစ်မှန်သောအသက်၊ ထာဝရအသက်၊ ဘုန်းကျက်သရေရှိသောအသက်၊ ဘုရားအသက်ဖြစ်ပါသည်။ လုံးဝအသက် ဖြစ်လျှက် အံ့သြဘွယ် အသစ်ဖြစ်သော အရာများဖြင့် ထင်ရှားပေါ်လွင်လျှက်ရှိပါသည်။
မှတ်ချက်။ ။ ၁ ယော ၅း၁၂ သားတော်ကိုရသောသူသည် အသက်ကိုရ၏ ယော ၂၀း၃၁ ထိုသို့ ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း ယော ၁၀း၁၀ ငါမူကား-------- အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။
၄။ “မလွှဲရှောင်နိုင်သောလိုအပ်ချက်” (THE MUST)
“ဒုတိယမွေးခြင်းကိုခံရမည်” (ယော ၃း၃-၇)၌ သခင်ယေရှုကမိန့်တော်မူခဲ့သည် အဘယ်ကြောင့် နည်း။
(က) ဒုတိယမွေးခြင်းမှ တပါး အခြားအရာတို့သည် မလုံလောက်ခြင်းကြောင့် ဖြစ်ပါသည်။
(၁) ခရစ်တော်မရသော ဘာသာရေးဆောင်ရွက်မူ။
ဒုတိယမွေးခြင်းမပါသော ဘာသာရေးဆောင်ရွက်မူသည် ကယ်တင်ခြင်းစိတ်ချမူ မရသော ကြောင့် ထိုသူ၌ငြိမ်သက်ခြင်း မရနိုင်ဘဲ၊ ထိုသူသည် ဘာသာရေးတရားလိုက်နာ သကဲ့သို့ ပင်ပန်းစွာ လုပ်ဆောင်နေစေပါသည်။ ထိုသူ၌ သက်သာခြင်းမရှိ၊ မှန်ကန်သောငြိမ်သက်မူမရ၊ ဒုတိယမွေးခြင်းမှတပါး လုံခြုံစိတ်ချမူမရှိပါ။ ထို့ကြောင့် ဓမ္မသီချင်းရေး ဆရာ တပါး က - နည်းလမ်းထောင်းသောင်း ၊ ကြိုးစားခဲ့လည်း ၊ ကြောက်စိတ်မပျယ် ၊ မြော်မြင်ထိုးရန် ၊ ငါ့လိုအပ်ချက် ၊ ကျမ်းစာဖော်ပြ ၊ ယေရှုဘုရား။
(၂) ယုံကြည်စိတ်ချလောက်သောအရာကို မည်သည့်အရာကမှ မပေးနိုင်။ ဘာသာရေး သက်သက် သည် လူ၏ ကြိုးစားလုပ်ဆောင်မှုနှင့် ပါရမီသာဖြစ်သည်။ ဒုတိယမွေးခြင်းသည် နှုတ်ကပတ် တော် ကို ယုံကြည် နာခံခြင်း၌သာ တည်ပါသည်။
(၃) လွန်ခဲ့သော အပြစ်များကိုဖယ်ရှားရန် ဒုတိယမွေးခြင်းမှတပါး အခြားနည်းလမ်းမရှိပါ။ ပြုပြင် ပြင်ဆင်ခြင်းသည် တစုံတယောက်သောသူအား ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်သော်လည်း အသစ်သော မွေးဖွားခြင်းသည်သာ ပြစ်မှားမိခဲ့သော အပြစ်များကိုဖယ်ရှားစေလျှက် အပြစ်၏ ခွင့်လွတ်ခြင်းကို ရစေပါသည်။ ဟေဗြဲ ၉း၂၆။ ဧ ၁း၇။
(၄) ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်းသည် တစုံတယောက်သောသူ၏ အပေါ်ယံအပြုအမူတို့ကို ပြင်ဆင်နိုင် သော်လည်း ဒုတိယမွေးခြင်းကသာ စိတ်နှလုံးကိုပြောင်လဲစေနိုင်ပါသည်။
မှတ်ချက်။ ။ ရေပုပ်အိုင်အနီးတွင် လှပသောပန်းများစိုက်ထားသော်လည်း ရေပုပ်ကို မသန့် ရှင်း စေနိုင်ပါ။ ခြကိုက်၍ ဆွေးမြေ့နေသော အိမ်သည်ဆေးသုပ်ရုံဖြင့် ပြန်၍မ ကောင်းနိုင်ပါ။
(ခ) ဒုတိယမွေးခြင်းမှတပါး အခြားသောအရာကို အားကိုး ရပ်တည်နေမိခြင်းသည် အလွန်ပင် အန္တရာယ် ကြီးပြီး ပျက်ဆီးခြင်း လမ်းသို့ပို့ဆောင်နေပါသည်။
(၁) ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်းကို အလေးမထားသော အရာမှန်သမျှ ဟေဗြဲ ၁၂း ၁၄။
(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စစ်မှန်မှုကို သံသယရှိသော အသိအမှတ် မပြုသော အရာမှန်သမျှ
(၃) မိမိအသက်ရှင်ခြင်းသို့ ရောက်မည့်အကြောင်း ခရစ်တော်ကကိုယ်စား အသေခံပေးရသော လက်ဝါးကပ်တိုင်တော်ကို ပျက်ရယ်ပြုခြင်း မှန်သမျှ ဂလာ ၁း၄။
(၄) မိမိတို့ကို အသစ်သောမွေးဖွားခြင်းရရှိစေသည့် သန့်ရှင်းသောဝိညာဉ်တော်အားလည်း ကောင်း၊
အမှုတော်အားလည်းကောင်း ငြိင်းပယ်ခြင်း အသိအမှတ်မပြုခြင်း ယော၃း၅-၈။ ၆း၆၃။ ၁ ပေ ၁း၂၂-၂၃
(၅) ခရစ်တော်နှင့်ကင်းလျှင် လူ၏ဇာတိပကတိသည် မည်ကဲ့သို့ဖြစ်သည်ကိုမသိခြင်း၊ အသိအမှတ် မပြုခြင်းမှန်သမျှ
(က) ကျွန်ုပ်တို့၏ စိတ်ဆန္ဒများသည် အလိုတော်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။ ရော ၈း၇ ၁း၂၁
(ခ) ကျွန်ုပ်တို့နှစ်သက်သော အရာများသည်ပျက်စီးခြင်းသာဖြစ်သည်။ ယော ၃း၁၉
(ဂ) ကျွနု်ပ်တို့ဉာဏ်မျက်စိသည်လည်း အလင်းကွယ်နေပါသည်။ ဧ ၄း၁၈။ ၁ ကော ၂း၉-၁၄
(၆) ထောင်လွှားခြင်းကိုဖြစ်စေသောအရာမှန်သမျှ-
မှတ်ချက်။ ။ ကာဣန - မိမိအကျင့်ကိုငြင်းပယ်ခြင်း ခံရသောအခါ ထောင်လွှား သောအခါ ထောင်လွှားသောစိတ်နှင့်ဒေါသစိတ်ဖြင့် ညီဖြစ်သောသူ အာဗေလကို သတ်ခဲ့ ပါသည်။
(ဂ) ခရစ်တော်သည် ဒုတိယမွေးခြင်းကို တောင်းခံခဲ့ပါသည်။ ယော ၃း၃-၈
မှတ်ချက်။ ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသောအရာများသည် မတော်တဆမှု တိုက်ဆိုင်မှုဟူ၍ မရှိပါ။ သခင်ယေရှုသည် ဒုတိယမွေးခြင်းအကြောင်းကို သင်ပေးရန် “နိကောဒင်” ကိုရွှေးခြင်းမှာ မတော်တဆ တိုက်ဆိုင်မှု မဟုတ်ပါ။ နိကောဒင်သည် “သာမန်အပြစ်သား” မဟုတ်ပါ။ လူသားတို့တွင် အကောင်းဆုံးအဆင့်ရှိသူ ဖြစ်ပါသည်။ နိကောဒင်သည် ငယ်ရွယ်စဉ်ကပင် သွန်သင်ခြင်းကို ခံခဲ့ရပါသည်။ ပညာတတ်ဖြစ်သည်။ ဘာသာရေးကို အထူးလေးစားလျှက် ရိုးသားသောသူဖြစ်ပါသည်။ နိကောဒင်သည် အရာရှိ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဘာသာရေး လူကြီးဖြစ်လျှက် သြဇာတက္ကိမကြီး မားသောသူဖြစ်ပါသည်။ သူသည်လူတို့တွင် စံပြလူသားဖြစ်ပါသည်။ ဇာတိပကတိအားဖြင့် ရနိုင်သော အရာအားလုံးကို ပိုင်ဆိုင်သူဖြစ်ပါသည်။ သို့ရာတွင် သခင်ယေရှုက ထိုသူအား “သင်သည်ဒုတိယမွေးခြင်းကိုခံရမည်။” ဟုပြောပါသည်။ ဤအရာကိုကြည့်သောအခါ နိကောဒင်ကဲ့သို့ ပုဂ္ဂိုလ်သည် ဒုတိယမွေးခြင်းကို ခံရန်လိုအပ်ပါလျှင် ဤလောက၌ ရှိသမျှ သောလူသားအားလုံးတို့သည် မွေးဖွားခြင်းကိုခံရန် လိုအပ်ပါသည်။
၅။ အမှတ်အသား - သက်သေလက္ခဏာ (THE MARKS)
ဒုတိယမွေးခြင်းခံရကြောင်း အမှတ်လက္ခဏာ အဖြစ်မည်သည့် အမှတ်အသားများရှိရပါ မည်နည်း။ အမှတ်လက္ခဏာ သက်သေအမြောက်အများရှိသော်လည်း ခြောက်ခုကိုသာ ဖော်ပြပါမည်။
က။ နာခံခြင်းလက္ခဏာ ၁ ယော ၂း၃။ ဘုရားသခင်၏ စကားတော်ကိုနားထောင် လိုသော ဆန္ဒပေါ်ပေါက်လာလျှင် အလိုတော်လိုက်ရန်ဆုံးဖြတ်ချက် ရှိလာပါမည်။ ခရစ်တော်၏ နာခံခြင်း နမူနာကို လေ့လာပါ။ ဖိ ၂း၅-၈။
ခ။ သီးသန့်ရှိခြင်း လက္ခဏာ - ယော ၂း၁၅-၁၇၊ လောကကြီးထဲတွင် အသက်ရှင်နေ သော်လည်း ဤလောကနှင့် မဆိုင်တော့ကြောင်း သဘောပေါက်လျှင် လောက၏အချည်း နှီးဖြစ်သော အပြစ်ပြုရာများနှင့် ရောနှောခြင်း မပြု သီးသန့် နေလိုစိတ်ရှိရမည်။ ယော ၁၂း၁-၂။ယော ၊ ၁၅း၁၈-၁၉။
ဂ။ ဆက်လက်ရှင်သန်ခြင်း လက္ခဏာ - ၁ ယော ၂း၁၉။ ယုံကြည်ခြင်း၌ ဆက်လက် ရှင်သန်နေခြင်းသည် စစ်မှန်သောပြောင်းလဲခြင်း၏ သက်သေဖြစ်ပါသည်။ တ ၂း၄၂။ ယော ၈း၃၂။
ဃ။ လက်တွေ့ဖြောင့်မတ်ခြင်းနှင့် ရှင်သန်ခြင်းလက္ခဏာ - ၁ ယော ၂း၂၉-၃း၆။ ဒုတိယ မွေးခြင်း ခံရသူသည် မှန်သောအရာကိုပြုလုပ်လိမ့်မည်။ အငယ် (၆) တွင် “ဒုစရိုက် ပြုတတ်သောသူ”ဆိုသည်မှာ အပြစ်ကိုဆက်လက်လုပ်နေကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။ ဒုတိယမွေးခြင်းခံပြီးသူသည် တခါတရံ ချော်လဲ၍အပြစ်ပြုမိသော်လည်း အပြစ်၌ဆက် လက် ကျင်လည်ခြင်း မပြုတော့ပါ။
င။ ချစ်တတ်သောလက္ခဏာ - ၁ ယော ၃း၁၄။ ၁ ပေ ၁း၂၂။ ဂလာ ၂း၂၂။ ယော ၁၃း၃၅ အခြားသောခရစ်ယာန်များအပေါ်ချစ်ခြင်း၊ ဝိညာဉ်များကို ချစ်ခြင်းတို့သည် ဒုတိယ မွေးခြင်းကိုခံယူကြောင်း လက္ခဏာဖြစ်ပါသည်။
စ။ အသက်တာသစ်လက္ခဏာ - ၂ ကော ၁၅း၁၇။ ရော ၆း၄။ ဒုတိယမွေးခြင်းခံယူ ပြီးသူသည် တန်ဘိုးထားတတ်မှု၊ လှုပ်ရှားမှုအမှုအရာ၊ သစ္စာထားမှု။ ခံယူချက်၊ မေတ္တာ၊ အမြင်တို့တွင် ယခင်နှင့် မတူ အသစ်အဆန်းဖြစ်နေပါသည်။ အကျင့်၊ ရည်မှန်းချက်၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းခွန်အား တို့တွင်လည်း အသစ်ဖြစ်နေပါမည်။ အမှန်ပင် ဟောင်းသော အရာတို့သည် ကွယ်သွားလျှက် ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပါလိမ့် မည်။
၆။ နည်းလမ်း (THE METHOD)
ဒုတိယမွေးခြင်း မည်သည့်အချိန်တွင် မည်ကဲ့သို့ လူတို့၏ စိတ်နှလုံးထဲ အသက်တာထဲဝင် ရောက် လာ ပါသနည်။
က။ ရှေးဦးစွာ ဘုရားသခင်သည် ကျွနု်ပ်တို့အားဤ အခြေအနေသို့ခေါ်ဆောင်တော် မူပါသည်။ အရာနှစ်ပါးကိုလည်း အသုံးပြုပါသည်။
၁။ သန့်ရှင်းသော ဝိညာဉ်တော် သေချာစွာဖတ်ပါ။
မှတ်ချက်။ ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွနု်ပ်တို့ဒုတိယ မွေးခြင်းရမည့် အကြောင်း အဓိက ဆောင်ရွက်ပေးတော်မူပါသည်။
(က) ကျွနု်ပ်တို့ကို အပြစ်သားဖြစ်ကြောင်းသိစေပါသည်။
(ခ) ခရစ်တော်သည်သာ ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်ဖြစ်ကြောင်း ဖော်ပြတော် မူပါသည်။
(ဂ) နောင်တရစေပါသည်။ တ ၂း၃၇-၃၈။
၂။ နှုတ်ကပတ်တော်။ ရော ၁၀း၁၇။ ယာ ၁း၁၈။ ၁ ပေ ၁း၂၂-၂၃။ ဟေဗြဲ ၄း၁၂။ မာ ၄း၂၀ တို့ကိုသေချာဖတ်ပါ။
မှတ်ချက်။ ။ နှုတ်ကပတ်တော်ကို သွန်သင်ခြင်း ဟောပြောခြင်းကိုအသုံးပြုလျှက် သန့်ရှင်းသော ဝိညာဉ်တော်သည် အပြစ်ကိုဖော်ပြခြင်း၊ ခရစ်တော်ကိုသိစေခြင်း၊ အသက် ကိုပေးခြင်းနှင့် ကယ်တင်ခြင်းကို စိတ်ချစေခြင်းများကို ပြုလုပ်ပေးပါသည်။ ယော ၃း၅။ ရော ၈း၁၆။
ခ။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုးတော်အားဖြင့် လူအားအပြစ်ရှိကြောင်းကို သိစေ၍ အပြစ်ကိုလည်းကောင်း၊ ခရစ်တော်ကိုလည်းကောင်း မြင်စေသည်နှင့်အညီ လူသည် လုပ်ဆောင် လာပါသည်။
(၁) ကျွနု်ပ်တို့နောင်တရရန် လိုအပ်ပါသည်။ (စိတ်နှလုံးကို အသေးစိတ်ပြောင်းလဲပစ်ရန် လိုအပ်ပါသည်။) ဘုရားသခင်ထံတော်သို့ လာရန်လိုအပ်ပါသည်။ ( လု ၁၃း၃။ တ ၁ရး၃၀။မ ၉း၁၃။ လု ၆း၃၂-၂၄-၁၇။တ ၂၀း၂၁ နှင့် ၂၆း၂၀)
(၂) ခရစ်တော်ထံသို့လာနေစဉ် ကျွန်ုပ်တို့၏ စိတ်အလိုဆန္ဒကိုလည်းကျင့်သုံးပါမည်။
(က) သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့လာခြင်းဌါ အလိုမရှိကြ။(ယော ၅း၄၀)
(ခ) သူ၏အလိုတော်ကို လိုက်ချင်သောသူမည်သည်ကား ဒေသနာကို ပိုင်းခြား၍ သိ လိမ့်မည်။ (ယော ရး၁၇)
(ဂ) အလိုရှိသောသူသည် အဘိုးကိုမပေးဘဲအသက်ရေကို ယူပါစေ။ (ဗျာ ၂၂း၁၇)
(၃) ခရစ်တော်ကိုလည်းကောင်း၊ ကယ်တင်ခြင်းပေးမည်ဟူသောကတိတော်များကိုလည်း ကောင်း၊ ယုံကြည်လက်ခံရမည်။
(က) ခရစ်တော်သည် ကျွန်ုပ်တို့စိတ်နှလုံးထဲတွင် ယုံကြည်ခြင်းအားဖြင့် လာရောက် ကိန်းဝပ်တာ်မူပါသည်။ (ဧ ၃း၁၇)
(ခ) သခင်ယေရှုကိုယုံကြည်လော့။ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ (တ ၁၆း၃၀)
(ဂ) ပေါလုသည် “ဘုရားသခင်ရှေ့တော်၌ နောင်တရခြင်းတရားတော်ကိုလည်း ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းတရားကိုလည်းကောင်း” ဟော ပြောခဲ့ပါသည်။ (တ ၂၀း၂၁)
(ဃ) ယော ၆း၄၇၊ ရော ၁၅း၁၊ ယော ၃း၁၆၊ ၃၆ ဖတ်ပါ။
(၄) နောင်တရခြင်း၊ ယုံကြည်ခြင်းအားဖြင့် နှုတ်ကပတ်တော်ကိုလက်ခံသောအခါ ကျွန်ုပ်တို့ သည် ဒုတိယမွေးဖွားခြင်းကိုရရှိပါသည်။
မှတ်ချက် ။ ။ မာ ၄း၂၀ ကောင်းသောမြေ၌ကျသောမျိုးစေ့၊ ခရစ်ယာန်စစ်တို့ သည် တရားစကားကိုကြား၍ “ခံယူ”သောသူများဖြစ်ပါသည်။
မှတ်ချက်။ ။ တ ၂း၄၁ ထိုစကားကိုသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံ ကို ခံကြသည်။
မှတ်ချက် ။ ။ ယော ၁း၁၂ “ထိုသူကိုလက်ခံသမျှသောသူ “ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်တည်းဟူသောသမ္မာကျမ်းစာကိုလက်ခံယုံကြည်သည်သာမက အသက်ရှင်သော နုတ်ကပတ်တော်ဖြစ်တော်မူ သော ယေရှုကိုလည်း လက်ခံယုံကြည်ခြင်းဖြစ်လျှက် ဒုတိယမွေး ဖွားခြင်းကို လက်ခံရရှိခြင်းဖြစ်ပါသည်။
နိဂုံး
သင်သည်သင့်အပြစ်ကို နောင်တရပြီး ဘုရားသခင်ထံတော်သို့ပြန်လာခြင်းမပြုခဲ့ပါလျှင် သခင်ယေရှု နှင့် နှုတ်ကပတ်တော်ကိုလက်ခံခြင်းမပြုခဲ့ပါလျှင် ယခုခေါင်းငုံ့လျှက်ဆုတောင်းပါ။ ခရစ်တော်အားဖြင့်ရရှိသော အသက်တာသစ်ကိုလက်ခံအသက်ရှင်ပါ။
သင်ခန်းစာ မေးခွန်းများ
(အဖြေကို ပေးထားသော သီးခြားစာရွက်တွင်ဖြေပါ။)
၁။ ဤသင်ခန်းစာသည် အလွန်အရေးကြီးကြောင်းရှင်းလင်းစွာ အတိုချုပ်ရေးပါ။
၂။ ယော ၃း၃-၈ ကိုအလွတ်ကျက်၍ရေးပါ။
၃။ ရှင်ယာကုပ်၊ ရှင်ပေတရု၊ ရှင်ယောဟန်၊ ရှင်ပေါလုတို့ရေးထားသော စာများထဲမှ ဒုတိယမွေးခြင်းသည် သမ္မာကျမ်းစာ၏ အလိုဖြစ်ကြောင်းဖော်ပြသော ကျမ်းများ တစ်ခုစီ စာရင်းပြုပါ။
၄။ ထိုကျမ်းချက်များ၏ ဖော်ပြချက်အရ ဒုတိယမွေးခြင်းကို မည်သို့ဖော်ပြထားပါသနည်း။ အထက် (၃) ချက် ဖြင့် ဖြေပါ။
၅။ ခရစ်ယာန်ဖြစ်ခြင်းသည် မည်သည့်အရာများမဟုတ်ကြောင်း (၄)ချက်ဖော်ပြပါ။
၆။ ယော ၁း၁၃တွင် လူမျိုးနှင့် စပ်ဆိုင်၍ ဖွားသောသားမဟုတ်၊ မေထုန်သံဝါသအားဖြင့် မွေးသောသား မဟုတ်၊ လူအလိုအားဖြင့်ဖွားသောသားမဟုတ်ဟု ဖော်ပြခြင်းသည် မည်သို့ဆိုလိုပါသနည်း။
၇။ အသစ်မွေးခြင်းသည် မည်သို့ဖြစ်သည်ဟု ဤသင်ခန်းစာတွင် ဖော်ပြထားချက် (၅)ချက်ကို ကျမ်းညွှန်း တစ်ခုစီနှင့် ဖော်ပြပါ။
၈။ လူတိုင်းတို့သည် ဒုတိယမွေးခြင်းကိုမလွဲမရှောင်သာခံယူရန်လိုအပ်ကြောင်း အချက် (၃)ချက်ကို ဖော်ပြပြီး အတိုကောက်ရှင်းပြပါ။
၉။ ဒုတိယမွေးခြင်း၏ အမှတ်လက္ခဏာ (၄)ခုကို ဖော်ပြပြီးကျမ်းညွှန်းများကိုဖော်ပြပါ။
၁၀။ ဘုရားသခင်သည် ဒုတိယမွေးခြင်းတည်းဟူသော အံ့ဘွယ်နိမိတ်လက္ခဏာကိုပေးရန်မည်သည့် အရာ (၂) ပါး ကို သုံးပါသနည်း။ ကျမ်းညွှန်းဖြင့်ဖော်ပြပါ။
၁၁။ လူဖက်မှ တာဝန် (၃)ရပ်ကို ကျမ်းညွှန်းဖြင့် ဖော်ပြပါ။
၁၂။ မိမိ ဘယ်အချိန်တွင် ဒုတိယမွေးခြင်းဖြစ်လာကြောင်းကိုမိမိကိုယ်ပိုင်စာသားဖြင့်ရေးပါ။ (သင်ခန်းစာကို အခြေခံပါ။)
၁၃။ သင်သည် ဒုတိယမွေးခြင်းကိုခံယူပြီးပြီလား။ ခံယူပြီးလျှင် သက်သေခံချက်အတိုကိုရေးသားပေးပါ။ မခံယူ ရသေးပါက သင့်အတွက် အတားအဆီးဖြစ်နေသောအရာများနှင့် နားမလည်မှုများကို တင်ပြ ဆွေးနွေး နိုင်ပါသည်။
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
မှတ်ချက်။ စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ (အခန်း ၁၁) ဖြစ်ပါသည်။
သင်ခန်းစာ အမှတ် (၁၀) အသစ်မွေးဖွားခြင်းဆိုင်ရာသြ၀ါဒ အသစ်သောမွေးဖွားခြင်း၊ ၄င်း၏သတင်း၊ အဓိပ္ပါယ်၊ မလွှဲမသွေးလိုအပ်ချက်၊ လက္ခဏာနှင့် နည်းစနစ်
“နိဒန်း”
သင်ခန်းစာ