0

နောက်ဆုံးသောကာလနှင့် ယေရုဆလင်ဗိမာန်တော်

နောက်ဆုံးသောကာလနှင့် ယေရုဆလင်ဗိမာန်တော်
Saturday, 13 August 2011 00:32 ဇော်အောင် (မုံရွာ)
ယေရုဆလင်ဗိမာန်တော်
JERUSALEM TEMPLE
Unicode & Zawgyi Reshare-#9Dan
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလ မုန်မင်းနန်း စံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကိုတည်စပြုတော်မူ၏။
1 King 6 : 1

ဇဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက်နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်း တို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊ ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။ ထိုနှစ်စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာ အာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ ခါလဒဲလူတို့သည် မြို့ရိုးကိုဖြိုဖောက်၍ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညဉ့်အခါပြေး၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နား တံခါးဝဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။ ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကိုလိုက်၍ ယေရိခေါလွင် ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။ ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏ အမှုကိုစစ်ကြော စီရင်သည်အတိုင်း၊ ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားကြ၏။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ်ကိုးနှစ်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံ တော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီးရှို့လေ၏။ ကိုယ်ရံတော်မှူး၌ ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုး ရှိသမျှတို့ကို ဖြိုဖျက်ကြ၏။ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွားလေ၏။ သို့ရာတွင် စပျစ်ဥယျာဉ်ကို ပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။
2 King 25 : 1
ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ထာဝရ ဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကိုငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့် အတူဘုရားသခင်ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့သွား၍ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားသခင်၏ လူတည်းခိုရာ အရပ်ရပ်၌နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသောအလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုးသူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင်နှိုးဆော်တော်မူသော သူအပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ရှိတော်မူသော ထာဝရဘုရား ၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါထကြ၏။ အိမ်နီးချင်းရှိသမျှတို့သည်၊ အလိုလိုလှူသောအလှူမှတပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။ ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာသိမ်းသွား၍၊ မိမိဘုရားတို့ ဗိမာန်၌ သွင်းထားသော ဗိမာန်တော်တန်ဆာ တို့ကို၊ ၈ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်း ရှေရှဗာဇ၌ ရေတွက်လျက် အပ်တော်မူ၏။
Ezra 1:1-4
ဟေရုပ်မင်းကြီးသည် ဒုတိယဗိမာန်တော်ကို ကြီးကျယ်ခန်းနားစွာ ဆောက်လုပ်ခဲ့သည်။ ဟေရုပ်ဗိမာန်တော် Herod's Temple ဟု ခေါ်တွင်ခဲ့သည်။ ကျောက်တုံးကြီးများမှာ ၂၄တန်ခန့် ရှိပြီး၊ အကြီးဆုံး ကျောက်တုံးကြီးများမှာ ပေ၁၀၀ပတ်လည်၊ တန်ချိန်၁၀၀ရှိသည်။ ခရစ်တော်မမွေးဖွားချိန်မှ စတင်ဆောက်လုပ်ခဲ့ရာ ခရစ်တော် ကားတိုင်တက်သေဆုံးသည့်တိုင်အောင် ဗိမာန်တော် မပြီးသေးပါ။ 70 CE (March - September) တွင် ရောမဘုရင်ဖြစ်မည် တိတပ်စ် Titus စစ်တပ်ကြီးက ယေရုဆလင်မြို့ကို ဝိုင်းဝန်းပြီး အောင်နိုင်ခဲ့သည်။ ဂျူး-ရောမ သမိုင်းပညာရှင် Josephus အဆိုအရ ၁သန်းကျော် 1,100,000 people အသက်ဆုံးရှုံးခဲ့ရာ ဂျူးအများစုဖြစ်ကြသည်။ 97,000 ကျွန်အဖြစ်ဖမ်းဆီးခံခဲ့ရသည်။ သခင်ယေရှုက ယေရှုဆလင်ဗိမာန်တော် မပျက်စီးမှီ စွန့်ခွာရန် နိမိတ်ဖတ်ပြောခဲ့သည်ကို လိုက်နာသူ ဂျူးများမှာ အသက်ဘေးမှ လွတ်ခဲ့ကြသည်။
၇လကြာအောင် ရောမစစ်တပ်မှ ဝိုင်းရံ၊ ရိက္ခာဖျက်ထားသောကြောင့် မြို့တွင်းဂျူးများမှာ ကလေးများကိုပင် ပြုတ်ပြီးစားသောက်ခြင်းများ ရှိခဲ့သည်။ မြိုရိုးကျိုးပေါက်ပြီး စစ်ရှုံးချိန်တွင် ဂျူးလူမျိုး ၅၀၀၀ ခန့် ဗိမာန်တော်တွင်း ဝင်ရောက်ခိုလှုံနေချိန်၊ စစ်သွေးကြွနေသော ရောမစစ်သားများက ဗိမာန်တော်ကို မီးရှို့ပစ်လိုက်ခြင်းဖြင့် အားလုံးသေကြေ၊ ဗိမာန်တော်လည်း ပြာကျ၊ဖျက်ဆီးခံလိုက်ရသည်။
ထိုအချိန်မှစပြီး ဂျူးလူမျိုးများ၏ ယေရုဆလင်မြိုသည် နှစ်ပေါင်း ၂၀၀၀ခန့် တပါးအမျိုးသားများလက်အောက်တွင် ကျရောက်ခဲ့ရသည်။
ယေရုဆလင်မြို့ ရောမတို့ တိုက်ခိုက်ဖျက်ဆီးပြီးသည့် 70 CE နောက်တွင် နှစ်ပေါင်းများစွာ ဗိမာန်တော်ပျောက်ဆုံးခဲ့ရသည်။ မူဆလင်ဘုရင်များ ယေရုဆလင်ကို သိမ်းပိုက်ပြီး 691 CE ၌ ဗိမာန်တော်နေရာတွင် Doom of the Rock ကိုဆောက်လုပ်ခဲ့သည်။ ကရုးဆိတ်စစ်ပွဲများတွင် ခရစ်ယာန်များက ပြန်လည်သိမ်းပိုက်ပြီး 1099 CE ဗိမာန်တော်အဖြစ်ပြန်လည်မွမ်းမံခဲ့ကြသည်။ မူဆလင်များက ပြန်လည် သိမ်းပိုက်သောအခါ 1187 CE ခရစ်ယန်ဗိမာန်မှ မူဆလင်ဗလီအဖြစ် ပြောင်းရပြန်သည်။ ထိုသို့ ဖြင့် ယေရုဆလင်မြိုမှာ အော်တိုမန် တူရကီအင်ပါယာ လက်အောက်မှာ ဗြိတိလျှတို့ 1917 တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။
ထိုအချိန်မှစပြီး ဂျူးလူမျိုးများ ယေရှုဆလင်သို့ ရွှေ့ပြောင်းနေထိုင်ကြရာ အင်္ဂလိပ်က အစ္စရေးနိုင်ငံသစ် ထူထောင်ပေးသော 1948 ခုတွင် ယေရုဆလင်လူဦးရေ 160,000 တသိန်းခြောက်သောင်းရှိလာသည်။ သုံးပုံနှစ်ပုံမှာ ဂျူးလူမျိုး၊ သုံးပုံတစ်ပုံ အာရပ်လူမျိုးများဖြစ်ကြသည်။ 1948 အာရပ်-အစ္စရေးစစ်ပွဲအပြီး ယေရှုဆလင်အနောက်ခြမ်းကို အစ္စရေးက အုပ်ချုပ်ရန်နှင့် ယေရုဆလင်အရှေ့ခြမ်းကို ဂျောဒန်နိုင်ငံက အုပ်ချုပ်ရန် ကုလသမဂ္ဂမှ ဆုံးဖြတ်ပေးခဲ့သည်။ သန့်ရှင်းရာ နယ်မြေဖြစ်သော Temple Mount မှာ ဂျော်ဒန်ပိုင်မြေအဖြစ်ရှိနေပြီး 1967 ခု အာရပ်-အစ္စရေး စစ်ပွဲတွင် ယေရုဆလင်တခုလုံးကို အစ္စရေးမှ သိမ်းယူနိုင်ခဲ့သည်။ ကုလသမဂ္ဂဆုံးဖြက်ချက်ကို အစ္စရေးက လစ်လျူပြီး အပြီးအပိုင်သိမ်းပိုက်ခဲ့သည်။ Temple Mount သန့်ရှင်းရာနယ်မြေကို ဂျူး နှင့် ခရစ်ယာန်များအတွက် ဖွင့်ပေးခဲ့သည်။ Doom of the Rock မှာ မူဆလင်ဘာသာရေးအဖွဲ့ပိုင်အဖြစ် ဆက်လက်ထားရှိသည်။ 1993 တွင် ဂျော်ဒန်ဘုရင်မှ မတည်ငွေဖြင့် Doom of the Rock ကို ရွှေရောင်အဖြစ် ပြောင်းလဲခဲ့ကြသည်။
ယနေ့ကာလ 2011 အထိ ယေရုဆလင်မြို့၊ သန့်ရှင်းရာနေရာ Temple Mount သည် အစ္စရေး-ပါလစ်စတိုင်း ပြသနာ၏ အဓိက အငြင်းပွားနေရာအဖြစ် ရှိနေဆဲဖြစ်ပါသည်။ သမ္မာကျမ်းစာအရဆိုလျှင် ဗိမာန်တော်နေရာကို ဂျူးလူမျိုးများ ပြန်လည်မရနိုင်ဟု ဆိုပါသည်။ ယေရုဆလင်နှင့် ဗိမာန်တော်နေရာဟောင်းကို အစ္စရေးများ ပြန်လည်သိမ်းပိုက်နိုင်သော်လည်း ဗိမာန်တော်နေရာမှာ မူဆလင် Doom of the Rock အဖြစ်ရှိနေဆဲဖြစ်ပါသည်။ ခရစ်ယာန်များက Temple of the Rock ကို ယေရှုဆလင်ဗိမာန်တော် ဗိသုကာအတိုင်း ဟု ယုံကြည်ကြပါသည်။
အလွန်လှပသော ယေရုဆလင် ဗိမာန်တော် ပျက်စီးခြင်းဖြစ်သည်။ အစ္စရေးလူမျိုးများက ဘုရားသခင်ကျိန်းဝတ်ရာဗိမာန်ကို ရန်သူများလက်မှာ ကာကွယ်ပေးမည်းဟု မိုက်မဲသောအတွေးဝင်ခဲ့ကြသည်။ ပရောဖက် ယေရမိက အပြစ်များကို ထောက်ပြခဲ့သည်။ ယေ ၃ း ၉၊ ၁၀ ဝတ်ပြုကိုးကွယ်ရန်လာသူတို့၏ နှလုံးသားမလှပလျှင် လှပခန့်ငြားသော ဘုရားကျောင်းကို ဘုရားသခင်အသိအမှတ်မပြုပါ။ (နေ့စဉ်ခွန်အား ၁၄ သြဂုတ် ၂၀၁၁)
နောက်ဆုံးသောကာလနှင့် ဗိမာန်တော်အသစ်
ရှင်မဿဲ ၂၄ း ၁၅ ၊ "ထိုကြောင့် ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သောရွံရှာဘွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည် ပါစေ။ " ဒံယေလ၊ ၂သက်သာလောနိ ၂၊ ဗျာဒိတ်ကျမ်း ၁၃ ကျမ်းစာများအရလည်း အနာဂါတ် ယေရုဆလင်ဗိမာန်တော် ပြန်လည်တည်ဆောက်ခြင်း ခန့်မှန်းချက်များရှိပါသည်။ အစ္စရေးတို့၏ Mosaic System ကို လိုက်နာမည်ဆိုပါက ယေရုဆလင်ဗိမာန်တော်အသစ်ကို ဆောက်ရန်နေရာမှာ ယေရှုဆလင်ဗိမာန်တော်ဟောင်းနေရာမှလွဲပြီး အခြားနေရာမရှိပါ။ ထိုအချိန်သည် နောက်ဆုံးသောကာလ အချိန်ပင်ဖြစ်ပေတော့မည်။
သန့်ရှင်းရာနေရာသို့အလည်တစ်ခေါက် - လှမင်းသူဆောင်းပါးများတွင် ဂျူးနှင့်ခရစ်ယာန်သမိုင်းဝင်နေရာများအကြောင်း လေ့လာဖတ်ရှုနိုင်ပါသည်။
Murann Link (Click Here)
ကောင်းကင်သစ်နှင့်မြေကြီးသစ်
ကောင်းကင်ဘုံသည်၊ ဝမ်းမြောက်ရွင်လန်းရာ နေရာဖြစ်သည်။ ထိုနေရာကို မိမိတို့ ယခု လူ့ဘဝရှိစဉ်တွင်ပင် ဘုရားသခင်နှင့်ဆက်သွယ်ပြီး ခရစ်ယာန်အသက်တာလျှောက်လှမ်းခြင်းဖြင့်၊ ခံစား၊ ရယူနိုင်ပါသည်။ ဗျာဒိတ်ကျမ်း ၂၁၊ ၂၂ အဆုံးသပ်တွင် တမန်တော်ရှင်ယောဟန် ရူပါရုံ၊ အလျှား၊ အနံ၊ အမြင့် ၁၃၆၃မိုင်ရှိသော ဗဟုတုံးသဏ္ဍန်ရှိပြီး၊ အမေရိကန်ပြည်ထောင်စု အရွယ်အစားရှိမည့် ဘုရားသခင်ဘုန်းတော်အလင်းထွန်းတောက်သော ကောင်းကင်သစ်နှင့်မြေကြီးသစ် အကြောင်းကိုဖတ်ရှုရန်လိုသူများ အောက်ပါလင့်ခ်များတွင် ဖတ်ရှုကြပါရန်။
http://www.truthnet.org/endtimes/13/
http://en.wikipedia.org/wiki/New_Jerusalem
ဇော်အောင် (မုံရွာ)
ဆရာမျိုးသူ Matthew Ku Ku ၏ July 2011 ယေရုဆလင်ဗိမာန်တော် ဒေသနာများမှ၎င်း၊ ကောင်းကင်သစ်နှင့်မြေကြီးသစ် ဗိမာန်တော်၊ ဆရာအောင်နိုင် (Grace Church & HCF Singapore) ၏ ငရဲနှင့်ကောင်းကင်ဘုံ ကျမ်းစာလေ့လာခြင်းများမှ ကောက်နုတ်ဖေါ်ပြပါသည်။
ေနာက္ဆံုးေသာကာလႏွင့္ ေယရုဆလင္ဗိမာန္ေတာ္
Saturday, 13 August 2011 00:32 ေဇာ္ေအာင္ (မံုရြာ)
ေယရုဆလင္ဗိမာန္ေတာ္
JERUSALEM TEMPLE
Unicode & Zawgyi Reshare-#9Dan
ဣသေရလအမ်ိဳးသားတို႔သည္ အဲဂုတၱဳျပည္မွထြက္ေသာ သကၠရာဇ္ေလးရာရွစ္ဆယ္ျပည့္၊ ေရွာလ မုန္မင္းနန္း စံေလးႏွစ္၊ ဇိဖအမည္ရွိေသာ ဒုတိယလတြင္၊ ထာဝရဘုရား၏အိမ္ေတာ္ကိုတည္စျပဳေတာ္မူ၏။
1 King 6 : 1
ဇဒကိမင္းနန္းစံကိုးႏွစ္၊ ဒသမလဆယ္ရက္ေန႔တြင္ ဗာဗုလုန္ရွင္ဘုရင္ ေနဗုခဒ္ေနဇာသည္ ဗိုလ္ေျခအေပါင္း တို႔ႏွင့္တကြ ေယရုရွလင္ၿမိဳ႔သို႔ စစ္ခ်ီသျဖင့္၊ ၿမိဳ႔ပတ္လည္၌တပ္ခ်၍ ေျမကတုပ္တို႔ကို တူးလုပ္ၿပီးမွ၊ ေဇဒကိမင္း နန္းစံတဆယ္တႏွစ္တိုင္ေအာင္ ၿမိဳ႔ကိုဝိုင္းထားေလ၏။ ထိုႏွစ္စတုတၳလ ကိုးရက္ေန႔တြင္၊ ၿမိဳ႔ထဲမွာ အလြန္အစာ အာဟာရေခါင္းပါးသျဖင့္၊ ၿမိဳ႔သူၿမိဳ႔သားတို႔သည္ စားစရာမရွိေသာအခါ၊ ခါလဒဲလူတို႔သည္ ၿမိဳ႔ရိုးကိုၿဖိဳေဖာက္၍ ၿမိဳ႔ကိုလည္း ဝိုင္းေနေသာေၾကာင့္၊ ၿမိဳ႔သားစစ္သူရဲအေပါင္းတို႔သည္ ညဥ့္အခါေျပး၍ ၿမိဳ႔ရိုးႏွစ္ထပ္စပ္ၾကား ဥယ်ာဥ္ ေတာ္နား တံခါးဝျဖင့္ထြက္ၿပီးမွ လြင္ျပင္သို႔သြားၾက၏။ ခါလဒဲစစ္သူရဲတို႔သည္ ရွင္ဘုရင္ကိုလုိက္၍ ေယရိေခါလြင္ ျပင္၌ မွီသျဖင့္၊ ေဇဒကိမင္း၏ စစ္သူရဲအေပါင္းတို႔သည္ လြင့္ေျပးၾက၏။ ရန္သူတို႔သည္ ရွင္ဘုရင္ကို ဘမ္းဆီး၍ ဗာဗုလုန္ရွင္ဘုရင္ရွိရာ ရိဗလၿမိဳ႔သို႔ ေဆာင္သြားၾက၏။ ဗာဗုလုန္ရွင္ဘုရင္သည္ ေဇဒကိမင္း၏ အမႈကိုစစ္ေၾကာ စီရင္သည္အတိုင္း၊ ေဇဒကိမင္း၏ သားတို႔ကို အဘမ်က္ေမွာက္၌ သတ္ၾက၏။ ေဇဒကိမ်က္စိကိုလည္း ေဖာက္ၿပီးမွ၊ သူ႔ကို ေၾကးဝါႀကိဳးႏွင့္ ခ်ည္ေႏွာင္၍ ဗာဗုလုန္ၿမိဳ႔သို႔ ယူသြားၾက၏။
ဗာဗုလုန္ရွင္ဘုရင္ ေနဗုခဒ္ေနဇာနန္းစံ ဆယ္ကိုးႏွစ္၊ ပဥၥမလ ခုနစ္ရက္ေန႔တြင္၊ အမႈေတာ္ထမ္း ကိုယ္ရံ ေတာ္မွဴး ေနဗုဇာရဒန္သည္ ေယရုရွလင္ၿမိဳ႔သို႔လာ၍၊ ဗိမာန္ေတာ္၊ နန္းေတာ္၊ မင္းအိမ္၊ ဆင္းရဲသားအိမ္ ရွိသမွ် တို႔ကို မီးရႈိ႔ေလ၏။ ကိုယ္ရံေတာ္မွဴး၌ ပါေသာ ခါလဒဲစစ္သူရဲ အေပါင္းတို႔သည္ ေယရုရွလင္ၿမိဳ႔ရိုး ရွိသမွ်တို႔ကို ၿဖိဳဖ်က္ၾက၏။ ထိုအခါ ကိုယ္ရံေတာ္မွဴး ေနဗုဇာရဒန္သည္ ၿမိဳ႔ထဲမွာ က်န္ၾကြင္းေသာသူ၊ ဗာဗုလုန္ရွင္ဘုရင္ ဘက္သို႔ ကူးသြားႏွင့္ေသာသူ၊ ၾကြင္းသမွ်ေသာသူတို႔ကို သိမ္းသြားေလ၏။ သို႔ရာတြင္ စပ်စ္ဥယ်ာဥ္ကို ျပဳစု၍ လယ္လုပ္ ေစျခင္းငွါ၊ ဆင္းရဲသားအခ်ိဳ႔တို႔ကို ထားခဲ့ေလ၏။
2 King 25 : 1
ေပရသိရွင္ဘုရင္ ကုရုမင္းမိန္႔ေတာ္မူသည္ကား၊ ေကာင္းကင္ဘံု၏အရွင္ ဘုရားသခင္ထာဝရ ဘုရားသည္ ေျမႀကီးေပၚမွာ တုိင္းႏုိင္ငံရွိသမွ်တို႔ကုိ ငါ့အားေပးေတာ္မူသည္ျဖစ္၍၊ ယုဒျပည္ေယရုရွလင္ၿမိဳ႔၌ အိမ္ေတာ္ကိုငါတည္ေဆာက္ရမည္အေၾကာင္း မွာထားေတာ္မူၿပီ။ သင္တို႔တြင္ အဘယ္သူသည္ ဘုရားသခင္၏လူ ျဖစ္သနည္း။ ထုိသူႏွင့္ အတူဘုရားသခင္ရွိေတာ္မူပါေစေသာ။ ယုဒျပည္ ေယရုရွလင္ၿမိဳ႔သို႔သြား၍ ဣသေရလအမ်ဳိး ၏ဘုရားသခင္ ထာဝရဘုရား၏ အိမ္ေတာ္ကို တည္ေဆာက္ေစ။ ေယရုရွလင္ၿမိဳ႔၌ရွိေတာ္မူေသာ ဘုရားသည္ ဘုရားသခင္ျဖစ္ေတာ္မူ၏။ ဘုရားသခင္၏ လူတည္းခိုရာ အရပ္ရပ္၌ေနေသာသူတို႔သည္၊ ေယရုရွလင္ၿမိဳ႔မွာ ရွိေတာ္မူေသာ ဘုရားသခင္၏ အိမ္ေတာ္အဘုိ႔ အလုိလိုလွဴေသာအလွဴမွတပါး၊ ေရႊ၊ ေငြ၊ ဥစၥာ၊ တိရစာၦန္ႏွင့္ မစေစဟု မိန္႔ေတာ္မူ၏။
ထုိအခါ ယုဒအေဆြအမ်ဳိးႏွင့္ ဗယၤာမိန္အေဆြအမ်ဳိးသူႀကီးမ်ား၊ ယဇ္ပုေရာဟိတ္၊ ေလဝိသားမ်ားႏွင့္ တကြ၊ ဘုရားသခင္ႏႈိးေဆာ္ေတာ္မူေသာ သူအေပါင္းတို႔သည္၊ ေယရုရွလင္ၿမိဳ႔၌ရွိေတာ္မူေသာ ထာဝရဘုရား ၏ အိမ္ေတာ္ကို တည္ေဆာက္ျခင္းငွါထၾက၏။ အိမ္နီးခ်င္းရွိသမွ်တို႔သည္၊ အလုိလိုလွဴေသာအလွဴမွတပါး၊ ေငြတန္ဆာႏွင့္ ေရႊအစရွိေသာ ဥစၥာမ်ား၊ တိရစာၦန္မ်ား၊ အဘုိးထုိက္ေသာ အရာတို႔ႏွင့္ မစၾက၏။ ထုိမွတပါး၊ ေယရုရွလင္ၿမိဳ႔မွ ေနဗုခဒ္ေနဇာသိမ္းသြား၍၊ မိမိဘုရားတို႔ ဗိမာန္၌ သြင္းထားေသာ ဗိမာန္ေတာ္တန္ဆာ တို႔ကုိ၊ ၈ေပရသိရွင္ဘုရင္ ကုရုသည္ ေရႊတုိက္စိုး မိသေရဒတ္လက္ျဖင့္ ထုတ္၍၊ ယုဒမင္း ေရွရွဗာဇ၌ ေရတြက္လ်က္ အပ္ေတာ္မူ၏။
Ezra 1:1-4
ေဟရုပ္မင္းၾကီးသည္ ဒုတိယဗိမာန္ေတာ္ကို ၾကီးက်ယ္ခန္းနားစြာ ေဆာက္လုပ္ခဲ့သည္။ ေဟရုပ္ဗိမာန္ေတာ္ Herod's Temple ဟု ေခၚတြင္ခဲ့သည္။ ေက်ာက္တံုးၾကီးမ်ားမွာ ၂၄တန္ခန္႔ ရွိျပီး၊ အၾကီးဆံုး ေက်ာက္တံုးၾကီးမ်ားမွာ ေပ၁၀၀ပတ္လည္၊ တန္ခ်ိန္၁၀၀ရွိသည္။ ခရစ္ေတာ္မေမြးဖြားခ်ိန္မွ စတင္ေဆာက္လုပ္ခဲ့ရာ ခရစ္ေတာ္ ကားတိုင္တက္ေသဆံုးသည့္တိုင္ေအာင္ ဗိမာန္ေတာ္ မျပီးေသးပါ။ 70 CE (March - September) တြင္ ေရာမဘုရင္ျဖစ္မည္ တိတပ္စ္ Titus စစ္တပ္ၾကီးက ေယရုဆလင္ျမိဳ႔ကို ၀ိုင္း၀န္းျပီး ေအာင္ႏိုင္ခဲ့သည္။ ဂ်ဴး-ေရာမ သမိုင္းပညာရွင္ Josephus အဆိုအရ ၁သန္းေက်ာ္ 1,100,000 people အသက္ဆံုးရႈံးခဲ့ရာ ဂ်ဴးအမ်ားစုျဖစ္ၾကသည္။ 97,000 ကြ်န္အျဖစ္ဖမ္းဆီးခံခဲ့ရသည္။ သခင္ေယရႈက ေယရႈဆလင္ဗိမာန္ေတာ္ မပ်က္စီးမီွ စြန္႔ခြာရန္ နိမိတ္ဖတ္ေျပာခဲ့သည္ကို လိုက္နာသူ ဂ်ဴးမ်ားမွာ အသက္ေဘးမွ လြတ္ခဲ့ၾကသည္။
၇လၾကာေအာင္ ေရာမစစ္တပ္မွ ၀ိုင္းရံ၊ ရိကၡာဖ်က္ထားေသာေၾကာင့္ ျမိဳ႔တြင္းဂ်ဴးမ်ားမွာ ကေလးမ်ားကိုပင္ ျပဳတ္ျပီးစားေသာက္ျခင္းမ်ား ရွိခဲ့သည္။ ျမိဳရိုးက်ိဳးေပါက္ျပီး စစ္ရံႈးခ်ိန္တြင္ ဂ်ဴးလူမ်ိဳး ၅၀၀၀ ခန္႔ ဗိမာန္ေတာ္တြင္း ၀င္ေရာက္ခိုလႈံေနခ်ိန္၊ စစ္ေသြးၾကြေနေသာ ေရာမစစ္သားမ်ားက ဗိမာန္ေတာ္ကို မီးရိႈ႔ပစ္လိုက္ျခင္းျဖင့္ အားလံုးေသေၾက၊ ဗိမာန္ေတာ္လည္း ျပာက်၊ဖ်က္ဆီးခံလိုက္ရသည္။
ထိုအခ်ိန္မွစျပီး ဂ်ဴးလူမ်ိဳးမ်ား၏ ေယရုဆလင္ျမိဳသည္ ႏွစ္ေပါင္း ၂၀၀၀ခန္႔ တပါးအမ်ိဳးသားမ်ားလက္ေအာက္တြင္ က်ေရာက္ခဲ့ရသည္။
ေယရုဆလင္ျမိဳ႔ ေရာမတို႔ တိုက္ခိုက္ဖ်က္ဆီးျပီးသည့္ 70 CE ေနာက္တြင္ ႏွစ္ေပါင္းမ်ားစြာ ဗိမာန္ေတာ္ေပ်ာက္ဆံုးခဲ့ရသည္။ မူဆလင္ဘုရင္မ်ား ေယရုဆလင္ကို သိမ္းပိုက္ျပီး 691 CE ၌ ဗိမာန္ေတာ္ေနရာတြင္ Doom of the Rock ကိုေဆာက္လုပ္ခဲ့သည္။ ကရုးဆိတ္စစ္ပြဲမ်ားတြင္ ခရစ္ယာန္မ်ားက ျပန္လည္သိမ္းပိုက္ျပီး 1099 CE ဗိမာန္ေတာ္အျဖစ္ျပန္လည္မြမ္းမံခဲ့ၾကသည္။ မူဆလင္မ်ားက ျပန္လည္ သိမ္းပိုက္ေသာအခါ 1187 CE ခရစ္ယန္ဗိမာန္မွ မူဆလင္ဗလီအျဖစ္ ေျပာင္းရျပန္သည္။ ထိုသို႔ ျဖင့္ ေယရုဆလင္ျမိဳမွာ ေအာ္တိုမန္ တူရကီအင္ပါယာ လက္ေအာက္မွာ ျဗိတိလွ်တို႔ 1917 တြင္ တိုက္ခိုက္သိမ္းယူႏိုင္ခဲ့သည္။
ထိုအခ်ိန္မွစျပီး ဂ်ဴးလူမ်ိဳးမ်ား ေယရႈဆလင္သို႔ ေရႊ႔ေျပာင္းေနထိုင္ၾကရာ အဂၤလိပ္က အစၥေရးႏိုင္ငံသစ္ ထူေထာင္ေပးေသာ 1948 ခုတြင္ ေယရုဆလင္လူဦးေရ 160,000 တသိန္းေျခာက္ေသာင္းရွိလာသည္။ သံုးပံုႏွစ္ပံုမွာ ဂ်ဴးလူမ်ိဳး၊ သံုးပံုတစ္ပံု အာရပ္လူမ်ိဳးမ်ားျဖစ္ၾကသည္။ 1948 အာရပ္-အစၥေရးစစ္ပြဲအျပီး ေယရႈဆလင္အေနာက္ျခမ္းကို အစၥေရးက အုပ္ခ်ဳပ္ရန္ႏွင့္ ေယရုဆလင္အေရွ႔ျခမ္းကို ေဂ်ာဒန္ႏိုင္ငံက အုပ္ခ်ဳပ္ရန္ ကုလသမဂၢမွ ဆံုးျဖတ္ေပးခဲ့သည္။ သန္႔ရွင္းရာ နယ္ေျမျဖစ္ေသာ Temple Mount မွာ ေဂ်ာ္ဒန္ပိုင္ေျမအျဖစ္ရွိေနျပီး 1967 ခု အာရပ္-အစၥေရး စစ္ပြဲတြင္ ေယရုဆလင္တခုလံုးကို အစၥေရးမွ သိမ္းယူႏိုင္ခဲ့သည္။ ကုလသမဂၢဆံုးျဖက္ခ်က္ကို အစၥေရးက လစ္လ်ဴျပီး အျပီးအပိုင္သိမ္းပိုက္ခဲ့သည္။ Temple Mount သန္႔ရွင္းရာနယ္ေျမကို ဂ်ဴး ႏွင့္ ခရစ္ယာန္မ်ားအတြက္ ဖြင့္ေပးခဲ့သည္။ Doom of the Rock မွာ မူဆလင္ဘာသာေရးအဖြဲ႔ပိုင္အျဖစ္ ဆက္လက္ထားရွိသည္။ 1993 တြင္ ေဂ်ာ္ဒန္ဘုရင္မွ မတည္ေငြျဖင့္ Doom of the Rock ကို ေရႊေရာင္အျဖစ္ ေျပာင္းလဲခဲ့ၾကသည္။
ယေန႔ကာလ 2011 အထိ ေယရုဆလင္ျမိဳ႔၊ သန္႔ရွင္းရာေနရာ Temple Mount သည္ အစၥေရး-ပါလစ္စတိုင္း ျပသနာ၏ အဓိက အျငင္းပြားေနရာအျဖစ္ ရွိေနဆဲျဖစ္ပါသည္။ သမၼာက်မ္းစာအရဆိုလွ်င္ ဗိမာန္ေတာ္ေနရာကို ဂ်ဴးလူမ်ိဳးမ်ား ျပန္လည္မရႏိုင္ဟု ဆိုပါသည္။ ေယရုဆလင္ႏွင့္ ဗိမာန္ေတာ္ေနရာေဟာင္းကို အစၥေရးမ်ား ျပန္လည္သိမ္းပိုက္ႏိုင္ေသာ္လည္း ဗိမာန္ေတာ္ေနရာမွာ မူဆလင္ Doom of the Rock အျဖစ္ရွိေနဆဲျဖစ္ပါသည္။ ခရစ္ယာန္မ်ားက Temple of the Rock ကို ေယရႈဆလင္ဗိမာန္ေတာ္ ဗိသုကာအတိုင္း ဟု ယံုၾကည္ၾကပါသည္။
အလြန္လွပေသာ ေယရုဆလင္ ဗိမာန္ေတာ္ ပ်က္စီးျခင္းျဖစ္သည္။ အစၥေရးလူမ်ိဳးမ်ားက ဘုရားသခင္က်ိန္း၀တ္ရာဗိမာန္ကို ရန္သူမ်ားလက္မွာ ကာကြယ္ေပးမည္းဟု မိုက္မဲေသာအေတြး၀င္ခဲ့ၾကသည္။ ပေရာဖက္ ေယရမိက အျပစ္မ်ားကို ေထာက္ျပခဲ့သည္။ ေယ ၃ း ၉၊ ၁၀ ၀တ္ျပဳကိုးကြယ္ရန္လာသူတို႔၏ ႏွလံုးသားမလွပလွ်င္ လွပခန္႔ျငားေသာ ဘုရားေက်ာင္းကို ဘုရားသခင္အသိအမွတ္မျပဳပါ။ (ေန႔စဥ္ခြန္အား ၁၄ ၾသဂုတ္ ၂၀၁၁)
ေနာက္ဆံုးေသာကာလႏွင့္ ဗိမာန္ေတာ္အသစ္
ရွင္မႆဲ ၂၄ း ၁၅ ၊ "ထိုေၾကာင့္ ပေရာဖက္ဒံေယလေဟာသည္အတိုင္း၊ ဖ်က္ဆီးတတ္ေသာရြံရွာဘြယ္အရာသည္ သန္႔ရွင္းေသာအရပ္ဌာန၌ စိုက္ေနသည္ကို သင္တို႔ျမင္ရလွ်င္၊ က်မ္းစာကိုၾကည့္ေသာသူသည္ နားလည္ ပါေစ။ " ဒံေယလ၊ ၂သက္သာေလာနိ ၂၊ ဗ်ာဒိတ္က်မ္း ၁၃ က်မ္းစာမ်ားအရလည္း အနာဂါတ္ ေယရုဆလင္ဗိမာန္ေတာ္ ျပန္လည္တည္ေဆာက္ျခင္း ခန္႔မွန္းခ်က္မ်ားရွိပါသည္။ အစၥေရးတို႔၏ Mosaic System ကို လိုက္နာမည္ဆိုပါက ေယရုဆလင္ဗိမာန္ေတာ္အသစ္ကို ေဆာက္ရန္ေနရာမွာ ေယရႈဆလင္ဗိမာန္ေတာ္ေဟာင္းေနရာမွလြဲျပီး အျခားေနရာမရွိပါ။ ထိုအခ်ိန္သည္ ေနာက္ဆံုးေသာကာလ အခ်ိန္ပင္ျဖစ္ေပေတာ့မည္။
သန္႔ရွင္းရာေနရာသို႔အလည္တစ္ေခါက္ - လွမင္းသူေဆာင္းပါးမ်ားတြင္ ဂ်ဴးႏွင့္ခရစ္ယာန္သမိုင္း၀င္ေနရာမ်ားအေၾကာင္း ေလ့လာဖတ္ရႈႏိုင္ပါသည္။
Murann Link (Click Here)
ေကာင္းကင္သစ္ႏွင့္ေျမၾကီးသစ္
ေကာင္းကင္ဘံုသည္၊ ၀မ္းေျမာက္ရြင္လန္းရာ ေနရာျဖစ္သည္။ ထိုေနရာကို မိမိတို႔ ယခု လူ႔ဘ၀ရွိစဥ္တြင္ပင္ ဘုရားသခင္ႏွင့္ဆက္သြယ္ျပီး ခရစ္ယာန္အသက္တာေလွ်ာက္လွမ္းျခင္းျဖင့္၊ ခံစား၊ ရယူႏိုင္ပါသည္။ ဗ်ာဒိတ္က်မ္း ၂၁၊ ၂၂ အဆံုးသပ္တြင္ တမန္ေတာ္ရွင္ေယာဟန္ ရူပါရံု၊ အလွ်ား၊ အနံ၊ အျမင့္ ၁၃၆၃မိုင္ရွိေသာ ဗဟုတံုးသ႑န္ရွိျပီး၊ အေမရိကန္ျပည္ေထာင္စု အရြယ္အစားရွိမည့္ ဘုရားသခင္ဘုန္းေတာ္အလင္းထြန္းေတာက္ေသာ ေကာင္းကင္သစ္ႏွင့္ေျမၾကီးသစ္ အေၾကာင္းကိုဖတ္ရႈရန္လိုသူမ်ား ေအာက္ပါလင့္ခ္မ်ားတြင္ ဖတ္ရႈၾကပါရန္။
http://www.truthnet.org/endtimes/13/
http://en.wikipedia.org/wiki/New_Jerusalem
ေဇာ္ေအာင္ (မံုရြာ)
ဆရာမ်ိဳးသူ Matthew Ku Ku ၏ July 2011 ေယရုဆလင္ဗိမာန္ေတာ္ ေဒသနာမ်ားမွ၄င္း၊ ေကာင္းကင္သစ္ႏွင့္ေျမၾကီးသစ္ ဗိမာန္ေတာ္၊ ဆရာေအာင္ႏိုင္ (Grace Church & HCF Singapore) ၏ ငရဲႏွင့္ေကာင္းကင္ဘံု က်မ္းစာေလ့လာျခင္းမ်ားမွ ေကာက္ႏုတ္ေဖၚျပပါသည္။
Source... http://www.murann.com/ezine/index.php…

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...