0

ခရစ်တော်တိဗက်ကိုမသွားခဲ့ပါ။


ခရစ်တော်တိဗက်ကိုမသွားခဲ့ပါ

Unicode & Zawgyi Reshare-#9Dan
Aung Aung
ခရစ်တော်တိဗက်ကိုမသွားခဲ့ပါ
??????????????????????
ဝင်းမော်ဦးစာပေမှထုတ်ဝေခဲ့ဖူးသော စာအုပ်တစ်အုပ်၌မူ အိန္နိယနိုင်ငံ၊ ဘုံဘေမြို့ အယ်လိဖင့်စတုန်းကောလိပ်မှာ အင်္ဂလိပ်စာပါမောက္ခ ခရစ်ယာန်ဘုန်းတော်ကြီး
J Wilson MA Oxford University ၏ အမေးနှင့်အဖြေကဏ္ဍတွင် သက်တော်စဉ်၏ အပိုင်းအစ တချို့ကို မှားယွင်းကောက်ချက်ချထားသည်ကိုတွေ့ရသည်၊ ၁၈ နှစ်ကာလအတွင်း ယေရှုခရစ်တော်သည် တိဘက်ပြည်ကိုသွား၍ ... ဆိုသော အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု ချီကာကိုမြို့ ကမ္ဘာကျော်ခရီးလည့်လည်သူ သုတေသနပုဂ္ဂိုလ် ဂိုးရစ်ခ် ရဲ့ မှတ်တမ်းအရ .. ဟု ကိုးကားဖေါ်ပြခဲ့ပါတယ်။ ဂိုးရစ်ခ်၏ မှတ်တမ်းဆိုသော်လည်း စာအုပ်ထုတ်ဝေမှု ပုံနှိပ်မှတ်တမ်း မှီငြမ်းပြုသည့် အချက်အလက်မပါပဲ နှုတ်စကားမှီငြမ်းသဖြင့် ပညာရှင်မဆန်ပါ၊ ယုံကြည်လောက်ဖွယ်ရာ အထောက်အထား အားနည်းခဲ့ပါတယ်။


The Unknown Life of Christ ဆိုတဲ့ စာအုပ်တစ်အုပ်အတွက်နဲ့ ယုံကြည်မှုရေးရာမှာ အတော်ကလေး ကသောင်းကနင်းနိုင်ခဲ့ပါတယ်။စာရေးဆရာတစ်ယောက်ဟာ သူ့ကလောင်ကို ပွဲဆူဖို့သက်သက်အသုံးပြုတဲ့အခါအလွန်စိတ်ပျက်စရာ
ဖြစ်လာပါတယ်။ ကြောင်းကျိုးမခိုင်လုံပဲ ရေးသားချက်တွေကြောင့် အပေါ်ယံရှပ်ကြည့် ရင်တော့ ဟုတ်တုတ်တုတ်ပါပဲ။
တိဗက်ကို သွားမသွား ....
ပါမောက္ခဂိုးရစ်ခ်က ယေရှုခရစ်တော်ဟာ သက်တော် (၁၂)နှစ်မှ (၃၀)နှစ်အတွင်း တိဗက်ပြည်ကိုသွားပြီ ဘာသာတစ်ခုကို လေ့လာဆည်းပူးခဲ့တယ်လို့ ဆိုပါတယ်။
R.W.F Wootoon ကတော့ သူ့ရဲ့ Christian Worship စာအုပ်မှာ "But we do not know of any other visit in the first 30 years of His life (Pg-41)" လို့ ဖေါ်ပြထားပါတယ်။
တကယ်စဉ်းစားကြည့်တော့ အေဒီ-၃၀ ခုနှစ်ပတ်ဝန်းကျင်မှာ ခရီးလမ်းပန်းဟာ ခက်ခဲလှပါတယ်။ တိဗက်နဲ့ ပါလက်စတိုင်းဟာ မိုင်ပေါင်း ၄၀၀၀ မက ကွာဝေးမယ်။ ခြေကျင်ခရီးကို (ဂိုးရစ်ခ်ရဲ့ အဆိုအရ လေးလကြာ ခရီးနှင်ပြီး) သွားတယ်ဆိုတာ ဖြစ်နိုင်စရာမရှိပါဘူး။ သူဘာအတွက် သွားသလဲဆိုတာကလည်း ရှိသေးတယ်။ ဘာသာတရားတစ်ခုကို သွားရောက်ဆည်းဖူးတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဂိုးရစ်ခ်ရဲ့ ပြဿနာကတော့ အဲဒီအချိန်မှာ ဘာသာတရားဟာ တိဗက်ကို မရောက်သေးဘူးဆိုတာ မသိတဲ့ပြဿနာပဲ။ သမိုင်းကျမ်းအဆူဆူအရ ယေရှုခရစ်တော် သွားရောက်လေ့လာတဲ့ ဘာသာတရားဟာ တိဗက်ကို (A.D 645-650) လောက်မှ ရောက်တာပါ။ ယေရှုခရစ်တော်သွားခဲ့တယ်ဆိုတဲ့ A.D (14-32) ကတော့ အဲဒီမှာ ဒီဘာသာတရားကို မပြန့်ပွားသေးတာပါပဲ။ ရိုးရိုးစဉ်းစားရင်ကို အဖြေပေါ်ပါတယ်။ ဘာသာတရားကို မသင်ကြား မလေ့လာခဲ့ပါဘူး။

ခရစ္ေတာ္တိဗက္ကိုမသြားခဲ့ပါ

Unicode & Zawgyi Reshare-#9Dan
Aung Aung
ခရစ္ေတာ္တိဗက္ကိုမသြားခဲ့ပါ
??????????????????????
၀င္းေမာ္ဦးစာေပမွထုတ္ေ၀ခဲ့ဖူးေသာ စာအုပ္တစ္အုပ္၌မူ အိႏိၷယႏိုင္ငံ၊ ဘံုေဘျမိဳ႔ အယ္လိဖင့္စတုန္းေကာလိပ္မွာ အဂၤလိပ္စာပါေမာကၡ ခရစ္ယာန္ဘုန္းေတာ္ၾကီး
J Wilson MA Oxford University ၏ အေမးႏွင့္အေျဖက႑တြင္ သက္ေတာ္စဥ္၏ အပိုင္းအစ တခ်ိဳ႔ကို မွားယြင္းေကာက္ခ်က္ခ်ထားသည္ကိုေတြ႔ရသည္၊ ၁၈ ႏွစ္ကာလအတြင္း ေယရႈခရစ္ေတာ္သည္ တိဘက္ျပည္ကိုသြား၍ ... ဆိုေသာ အေၾကာင္းအရာမ်ားကို အေမရိကန္ျပည္ေထာင္စု ခ်ီကာကိုျမိဳ႔ ကမၻာေက်ာ္ခရီးလည့္လည္သူ သုေတသနပုဂၢိဳလ္ ဂိုးရစ္ခ္ ရဲ့ မွတ္တမ္းအရ .. ဟု ကိုးကားေဖၚျပခဲ့ပါတယ္။ ဂိုးရစ္ခ္၏ မွတ္တမ္းဆိုေသာ္လည္း စာအုပ္ထုတ္ေ၀မႈ ပံုႏွိပ္မွတ္တမ္း မီွျငမ္းျပဳသည့္ အခ်က္အလက္မပါပဲ ႏႈတ္စကားမွီျငမ္းသျဖင့္ ပညာရွင္မဆန္ပါ၊ ယံုၾကည္ေလာက္ဖြယ္ရာ အေထာက္အထား အားနည္းခဲ့ပါတယ္။
The Unknown Life of Christ ဆိုတဲ့ စာအုပ္တစ္အုပ္အတြက္နဲ႔ ယံုၾကည္မႈေရးရာမွာ အေတာ္ကေလး ကေသာင္းကနင္းႏိုင္ခဲ့ပါတယ္။စာေရးဆရာတစ္ေယာက္ဟာ သူ႔ကေလာင္ကို ပြဲဆူဖို႔သက္သက္အသံုးျပဳတဲ့အခါအလြန္စိတ္ပ်က္စရာ
ျဖစ္လာပါတယ္။ ေၾကာင္းက်ိဳးမခိုင္လံုပဲ ေရးသားခ်က္ေတြေၾကာင့္ အေပၚယံရွပ္ၾကည့္ ရင္ေတာ့ ဟုတ္တုတ္တုတ္ပါပဲ။
တိဗက္ကို သြားမသြား ....
ပါေမာကၡဂိုးရစ္ခ္က ေယရႈခရစ္ေတာ္ဟာ သက္ေတာ္ (၁၂)ႏွစ္မွ (၃၀)ႏွစ္အတြင္း တိဗက္ျပည္ကိုသြားျပီ ဘာသာတစ္ခုကို ေလ့လာဆည္းပူးခဲ့တယ္လို႔ ဆိုပါတယ္။
R.W.F Wootoon ကေတာ့ သူ႔ရဲ့ Christian Worship စာအုပ္မွာ "But we do not know of any other visit in the first 30 years of His life (Pg-41)" လို႔ ေဖၚျပထားပါတယ္။
တကယ္စဥ္းစားၾကည့္ေတာ့ ေအဒီ-၃၀ ခုႏွစ္ပတ္၀န္းက်င္မွာ ခရီးလမ္းပန္းဟာ ခက္ခဲလွပါတယ္။ တိဗက္နဲ႔ ပါလက္စတိုင္းဟာ မိုင္ေပါင္း ၄၀၀၀ မက ကြာေ၀းမယ္။ ေျခက်င္ခရီးကို (ဂိုးရစ္ခ္ရဲ့ အဆိုအရ ေလးလၾကာ ခရီးႏွင္ျပီး) သြားတယ္ဆိုတာ ျဖစ္ႏိုင္စရာမရွိပါဘူး။ သူဘာအတြက္ သြားသလဲဆိုတာကလည္း ရွိေသးတယ္။ ဘာသာတရားတစ္ခုကို သြားေရာက္ဆည္းဖူးတာလို႔ ဆိုပါတယ္။ ဒါေပမယ့္ ဂိုးရစ္ခ္ရဲ့ ျပႆနာကေတာ့ အဲဒီအခ်ိန္မွာ ဘာသာတရားဟာ တိဗက္ကို မေရာက္ေသးဘူးဆိုတာ မသိတဲ့ျပႆနာပဲ။ သမိုင္းက်မ္းအဆူဆူအရ ေယရႈခရစ္ေတာ္ သြားေရာက္ေလ့လာတဲ့ ဘာသာတရားဟာ တိဗက္ကို (A.D 645-650) ေလာက္မွ ေရာက္တာပါ။ ေယရႈခရစ္ေတာ္သြားခဲ့တယ္ဆိုတဲ့ A.D (14-32) ကေတာ့ အဲဒီမွာ ဒီဘာသာတရားကို မျပန္႔ပြားေသးတာပါပဲ။ ရိုးရိုးစဥ္းစားရင္ကို အေျဖေပၚပါတယ္။ ဘာသာတရားကို မသင္ၾကား မေလ့လာခဲ့ပါဘူး။

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...