သင်ခန်းစာ အမှတ် (6) ခရစ်တော်သည် အပျိုကညာဝမ်းမှ မွေးဖွားခြင်း
Unicode & Zawgyi Reshare-#9Dan
“နိဒန်း”
ခရစ်ယာန်အသိုင်းအဝိုင်းတွင် ခရစ်တော်သည် အပျိုကညာဝမ်းမှ မွေးဖွားသည်ဟူသော ကိစ္စသည် လွယ်လင့် တကူလက်ခံသောကိစ္စတရပ်သာဖြစ်ပါသည်။ သို့ရာတွင် ကနဦးအသင်းတော်ကပင်ထိုအကြောင်းအရာနှင့် ပတ်သက် ၍ တိုက်ရိုက်ငြင်းခုံခဲ့ကြပါသည်။ ဂျူးခရစ်ယာန်အနွယ်ဖြစ်သော Eborites များက ငြင်းပယ်ပြီးခရစ်တော်၏ဘုရားဖြစ် ခြင်းနှင့် ပတ်သက်၍ အပျိုကညာဝမ်းမှ မွေးဖွားခြင်းသည် မရှိမဖြစ်မဟုတ်ကြောင်းပြောပါသည်။ Gnestic ဂိုဏ်းဝင်များ အထူးသဖြင့် Cerinthus ၏တပည့်များကမူ ယေရှုနှစ်ခြင်းမင်္ဂလာခံယူစဉ် ခရစ်တော်ဝင်လာပြီး လက်ဝါးကပ်တိုင်တွင် သေခံစဉ် ယေရှုထံမှ ခရစ်တော်ထွက်ခွာသွားသည်ဟုဆိုပါသည်။ အခြား Gnostic များကမူ ငြင်းပါယ်ထားပါသည်။
အပျိုကညာဝမ်းမှ မွေးဖွားသည့်အယူအဆသည် ရောမ။ ဂရိသို့မဟုတ် ဗာဗုလုံဒဏ္ဍာရီမှဆင်းသက်လာခြင်း ဖြစ်သည်ဟု ယုံကြည်နေသူအများအပြားရှိနေပါသည်။ အပျိုကညာဝမ်းမှ မွေးဖွားခြင်းယုံကြည်ချက်ကို တိုက်ခိုက်နေ သူအများအပြားယခုခေတ်တွင် ရှိနေပါသဖြင့် ဧဝံဂေလိတရားတော်ကို ယုံကြည်၍ ကာကွယ်လိုသူတို့သည် ခရစ်ယာန် ဘာသာ၏အခြေခံနှင့် မရှိမဖြစ်သောယုံကြည်ချက်ဖြစ်သည့် အပျိုကညာဝမ်းမှ မွေးဖွားခြင်းယုံကြည်ချက်ကို ကာကွယ် ရန်ပြင်ဆင်ထားရပါမည်။
ဤသင်ခန်းစာ၏အရေးကြီးပုံ
အပျိုကညာဝမ်းမှ မွေးဖွားခြင်းသည် လူဉာဏ်ဖြင့် မမီသောဘုရားသခင်နှင့် စပ်ဆိုင်သည့်နက်နဲသော အရာ တစ်ခုဖြစ်သည်။ ခရစ်တော်၏ဘုရားဖြစ်ခြင်း၊ သမ္မာကျမ်းစာ၏မှန်ကန်မှုလမ်းညွှန်နိုင်မှုနှင့် ကယ်တင်ခြင်းစီမံကိန်းကြီး တစ်ရပ်လုံးသည် အပျိုကညာဝမ်းမှ မွေးဖွားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ အကယ်၍ ခရစ်တော်သည် ထူးဆန်းအံ့သြဘွယ်ကောင်းအောင်သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အပျိုကညာဝမ်း၌ ပဋိသန္ဓေတည်တော်မမူခဲ့ပါ လျှင် ကိုယ်တော်သည် သာမန်လူသားကဲ့သို့ လူမျိုးစေ့မှ မွေးဖွားပြီး၊ အပြစ်မျိုးဆက်ဖြစ်သော အာဒံအမျိုးအနွယ်သာ ဖြစ်နေပါမည်။ ထိုသို့ဖြစ်လျှင် ကိုယ်တော်၌ ကမ္ဘာမတည်မရှိမှီရှိနေခြင်း မရှိသည်သာမက၊ ဘုရား၏သားတော်လူဇာတိ ကိုခံယူခြင်းအပြည့်အ၀ မဖြစ်နိုင်ချေ။ အပြစ်ကင်းမဲ့သောသိုးသူငယ်လည်း မဖြစ်နိုင်။ အပြစ်သား၏ကယ်တင်ရှင်လည်း မဖြစ်နိုင်ပါ။ အပျိုကညာဝမ်းမှ မွေးဖွားခြင်းသည် ခရစ်တော်၏ ဧဝံဂေလိတရား၏အဓိကနှင့် မရှိမဖြစ် အရေးကြီးသော အစိတ်အပိုင်းဖြစ်လျက်ကျွန်ုပ်တို့၏ ကယ်တင်ခြင်းနှင့် မျှော်လင့်ခြင်းသည် ထိုအရာ၌ တည်မှီနေပေသည်။ ဤအချက် သည် အလွန်အရေးကြီးသည်ဖြစ်သောကြောင့် အပျိုကညာဝမ်းမှ မွေးဖွားခြင်း၏ အထောက်အထား သက်သေ သာဓကများ ကို ယုံကြည်သူခရစ်ယာန်များမှ မွေးဖွားခြင်း၏ အထောက်အထားသက်သေသာဓကများကို ယုံကြည်သူ ခရစ်ယာန်များ အနေဖြင့် အပိုင်အနိုင်လေ့လာထားရပါမည်။ အပျိုကညာဝမ်းမှ မွေးဖွားခြင်းကို ငြင်းပယ်ခြင်းသည် ကျမ်းစာကို ပုန်ကန်ခြင်း၊ တမန်တော်၏လက်ထက်မှစ၍အသင်းတော်၏ တဆက်တည်းသော သက်သေခံချက်ကို ဆန့်ကျင်ခြင်း၊ လူဇာတိခံယူခြင်းဆိုင်ရာ ယုံကြည်ချက်ကိုပေါ့ပျက်စေခြင်း၊ ခရစ်တော်သည် လူသား သာမည ဖြစ်သည် ထူးခြားမှုမရှိဟု ယူဆ နသောဆန့်ကျင်ဘက်အတွေးအခေါ်သမားများအောက်သို့ လက်နက်ချ အညံ့ခံခြင်းသာ ဖြစ်သည်”ဟူ ( )ကဆိုပါသည်။
အနန္တတန်ခိုးရှင်ဖြစ်သော ဘုရားရှင်အနေဖြင့် လူ့ဇာတိခံယူခြင်းသည် ခက်ခဲသောအရာမဟုတ်ပဲ သာမန်လူ သားတစ်ဦးအနေဖြင့် ဘုရားဇာတိကို ခံယူနိုင်ခြင်းမှာမူ လုံးဝမဖြစ်နိုင်ပေ။
သင်ခန်းစာ
သင်ခန်းစာကို ခေါင်းစဉ် (၄)မျိုးဖြင့် တင်ပြပါမည်။ ၎င်းတို့မှာ - အခြေခံရည်ရွယ်ချက်၊ ပရောဖက်တို့၏ ကြိုတင်ပြောဟောချက်၊ ကမ္ဘာမတည်မရှိမီ ခရစ်တော်ရှိနေတော်မူခြင်းနှင့် အထောက်အထားများဖြစ်ပါသည်။
၁။ အခြေခံရည်ရွယ်ချက်များ
က။ ရှင်မာကု၊ ရှင်ယောဟန်နှင့် ရှင်ပေါလုတို့ရေးသားထားသော မှတ်တမ်းများတွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်းမပြုဘဲ ရေငုံနှုတ်ပိတ်နေခြင်းမှ ပေါ်ပေါက်လာသော အငြင်းပွားမှု။
(၁) အဖြေ။ ဤအချက်ကို လျှို့ဝှက်ချက်အဖြစ် သိမ်းမထားပါ။
(က) ဗတ္တိဇံဆရာယောဟန်၏ မိခင်ဖြစ်သူ ဧလိရှဖက်သည် မယ်တော်မာရိအား “အကျွန်ုပ် သခင်၏ မယ်တော်”ဟု နှုတ်ဆက်ခဲ့ပါသည်။ (လု ၁း၄၃)
(ခ) သိုးထိန်းတို့သည် သူငယ်ကိုမြင်ရသောအခါ … “ခရစ်တော်အရှင်”ဖြစ်ကြောင်းသိရှိ၍ ဝမ်းမြောက်ကြပါသည်။ (လု ၂း၂၀)
(ဂ) ဗိမာန်တော်၌ရှိနေကြသောသူအများတို့သည် ရှုမောင်နှင့် အန္နတို့က ယေရှုကို “ထာဝရ ဘုရား၏ခရစ်တော်”ဖြစ်ကြောင်း ပြောကြားချက်ကိုကြားသိထားကြပါသည်။ (လု ၂း၂၅-၂၈)
(ဃ) ယော ၈း၁၄၊ ၂၃၊ ၅၈ ကဲ့သို့သော ကျမ်းချက်များကို ထောက်လျှင် ခရစ်တော်ကိုယ်တိုင် မိမိ၏မူလနှင့် မွေးဖွားခြင်းကိုသိရှိထားကြောင်း ထင်ရှားစွာနေပါသည်။
(င) မယ်တော်မာရိနှင့် ယောသပ်တို့သည် ခရစ်တော်၏ စာရိတ္တနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အတွေ့ အကြုံများကို လက်ဆင့်ကမ်းခဲ့ကြပါသည်။ အထူးသဖြင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်သည့် ရှုမောင်၊ အန္န၊ ဧလိရှဖက်နှင့် အခြားပုဂ္ဂိုလ်များအား ပြောပြခဲ့သည်မှာ သေချာလှ ပါသည်။
(၂) ရှင်မာကုရေငုံနုတ်ပိတ်နေခြင်း။ စာရေးသူ၏ ရည်ရွယ်ချက်ကို သိရှိရန်လိုအပ်ပါသည်။ ရှင်မာကု သည် ခရစ်တော်၏အမှုတော်ဆောင်ခြင်းများကို အဓိကထား၍ ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ဗတ္တိဇံယောဟန်၏ နှစ်ခြင်း ပေးခြင်းနှင့် အစပြုခဲ့ပါသည်။ ရှင်မာကုသည် ဧဝံဂေလိကျမ်းကို ရေးသားရာတွင် ယေရှုအား “ဘုရားသခင်၏သားတော် ယေရှု”ဟူသော စကားဖြင့် အစပြုခဲ့ပါသည်။ (မာ ၁း၁) ခရစ်တော်၏ငယ်စဉ်နှင့် ရှေ့ပိုင်းကိုဖော်ပြခြင်းမပြုခဲ့ပါ။ ရှင်မာကု ခရစ်ဝင်ကျမ်းသည် ရှင်မဿဲနှင့် ရှင်လုကာကိုရေးပြီးမှ ရေးခြင်းဖြစ်၍ ထိုကျမ်းများတွင် မည်သို့ဖော်ပြထား သည်ကို သိထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ထိုအကြောင်းများကို ထပ်ရေးရန်သော်လည်းကောင်း ငြင်းပယ် ရန် သော်လည်း ကောင်း မတွေ့ရှိ၍ မဖော်ပြခြင်းဖြစ်ပါသည်။
(၃) ရှင်ယောဟန်ရေငုံနုတ်ပိတ်နေခြင်း။ သမ္မာကျမ်းစာတွင် ပါဝင်သော စာများအနက် ရှင်ယောဟန် ရေးသားထားသောစာများသည် နောက်ဆုံးရေးသားသော စာများဖြစ်ပါသည်။ ဤစာများ ရေးချိန် တွင် ရှင်ယောဟန်သည် ရှင်မဿဲနှင့် ရှင်လုကာကို ရေးသားသောကျမ်းစာများကို ဖတ်ရှုခဲ့ရသည် သာမက၊ ခရစ်ယာန်အသင်းတော်များ တွင် ခရစ်တော်သည် အပျိုကညာဝမ်းမှ မွေးဖွားခဲ့သည် ဟူ သောအချက်သည် အသင်းတော်များယုံကြည်ချက်အဖြစ် ရပ်တည်နေပြီး ဖြစ်ပါသည်။ ထို အချက် များကို ငြင်းပယ်ခြင်းတစ်စုံတစ်ရာမပြုလုပ်ခဲ့ပါ။ မယ်တော်မာရိသည် သေသည့်တိုင်အောင် ရှင်ယောဟန်၏ အိမ်၌နေထိုင်ခဲ့ကြောင်း သတိပြုသင့်ပါသည်။ (ယော ၁၉း၂၆) ဝမ်းမြောက်ဘွယ် ဧဝံဂေလိသတင်းတော်နှင့်ပတ်သက်၍ ဝေငှပြောဆိုကြသည်မှာ အမှန်ပင်ဖြစ်ကြပါသည်။ ရှင်ယောဟန် သည် အပျိုကညာ၏ ဝမ်းမှမွေးဖွားခြင်းကို ငြင်းပယ်ကြသော ဆန့်ကျင်ဘက်များ၏ တပည့်ဂိုဏ်းဝင်များကပြောသည် ယေရှု၏သာမန်မွေးဖွားခြင်းများတို့ကို ဆန့်ကျင်ဟောပြောခဲ့ ပါ သည်။ ယော ၁း၁၃ သည် ခရစ်တော်၏ဖွားမြင်ခြင်းကိုရည်ညွှန်းသည်ဟု ယူဆထားသူ အမြောက် အများရှိပါသည်။ ဒုတိယမွေးဖွားခြင်းခံရသော ယုံကြည်သူများသည် ဘုရားသခင်ဖြစ်ပွားစေသည် မှန်လျှင် ခရစ်တော်သည်လည်း ဘုရားသခင်ဖြစ်ပွားစေတော်မူသော သူဖြစ်ပါသည်။ ယော ၃း၅-၆တွင် သခင်ယေရှုက “ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိ ဖြစ်၏။ ဒုတိယမွေးခြင်း ကို ခံရမည်”ဟု မိန့်ကြားခဲ့ပါသည်။ ထို့ကြောင့် ယေရှုသည် ဇာတိပကတိ အားဖြင့် မွေးဖွားခဲ့ပါမူ၊ သူသည်လည်း အပြစ်သားဖြစ်၍ သူကိုယ်တိုင်ဒုတိယမွေးဖွားခြင်း ခံယူ ရန်လိုအပ်ပါသည်။
(၄) ပေါလုရေငုံနုတ်ပိတ်နေခြင်း။ ပေါလုသည် မယ်တော်မာရိအကြောင်းကိုပင်ဖော်ပြခြင်းမရှိပါ။ စာရေး သူ၏ရည်ရွယ်ချက်ကိုသိရှိရန်လိုအပ်ပါသည်။ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူ၍ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ဘုန်းတော်ထင်ရှားလျက် နောက်တစ် ဖန်ပြန်လည်၍ကြွလာတော်မူအံ့သော သူ၏အကြောင်းကိုထင်ရှားစွာ ဟောပြောသက်သေခံရန်မှာ ပေါလု၏ဆန္ဒဖြစ်ပါသည်။ အပျိုကညာ ဝမ်းမှမွေးဖွားခံတော်မူခြင်းသည် ရှေးဦးခရစ်တော်တိ့ု၏ ယုံကြည်ချက်ဖြစ်၍ ပေါလုသည် ငြင်းပယ် ထောက်ပြခြင်းမပြုပါ။ ခရစ်တော်၏အသက်တာ၊ ပြုတော်မူသောအမှု၊ အသေခံတော်မူခြင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကို ထောက်၍ လူသားအဖြစ်ခံယူတော်မူကြောင်း အထောက်အထားသည် ပေါလုအတွက် ခိုင်လုံနေပြီးဖြစ်ပါသည်။ ရှင်လုကာသည် ရှင်ပေါလုနှင့် နှစ်ပေါင်းများစွာ သာသနာပြုခရီးအတူထွက်ခဲ့ကြောင်းကို သတိပြုရမည်ဖြစ်ပါသည်။ ထိုသူနှစ် ယောက်အတူသွားလာနေစဉ်အပျိုကညာဝမ်းမှ ဖွားမြင်ခြင်းကို မပြောပဲနေကြမည်မဟုတ်ပါ။
ပေါလုသည် အပျိုကညာဝမ်းမှ မွေးဖွားခြင်းအကြောင်းကို ရေးသားခြင်းမပြုခဲ့သော်လည်း သူ၏ ရေးသားချက်များတွင် ခရစ်တော်နှင့်ပတ်သက်၍ -
(က) “ဒုတိယလူမူကား ကောင်းကင်ဘုံကဖြစ်တော်မူသောသခင်ဖြစ်သတည်း”
(၁ကော ၁၅း၄၇)
(ခ) “လူကဲ့သို့သော ဖွားမြင်ခြင်းကိုခံတော်မူကြောင်း” မိမိစိတ်သဘောအတိုင်း လူအဖြစ်ကို ခံယူတော်မူကြောင်း (ဖိ ၂း၅-၈)
(ဂ) အပြစ်နှင့် ပြည့်စုံသောဇာတိပကတိ၏သဏ္ဍာန်ကိုဆောင်သော မိမိ၏သားတော်
(ရော ၈း၃)
(ဃ) မိန်းမ၏ဝမ်း၌ ပဋိသန္ဓေယူ၍ …ဖွားမြင်ရသော သား (ဂလာ ၄း၄-၅)
မှတ်ချက် ။ ။ မဿဲ ၁၁း၁၁၊ လုကာ ၆း၂၈၊ စသည်များသည် “မိန်းမမှဖွားမြင်သူတို့ကို ရည်ညွှန်းထားပါသည်။ ပေါလုသည် ရောမနှင့် ဂလာတိသြဝါဒစာတို့တွင် အခြားဝေါဟာရကို အသုံးပြုထားပါသည်။ ဖွားမြင်ခြင်းအစား အပြစ်ခံယူသည်ကို အသုံးပြုထားပါသည်။
(ခ) အပျိုကညာဝမ်းမှ မွေးဖွားခြင်းသည် ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသော ပရောဖက်ပြုထားခြင်း သို့မဟုတ် တစ်ပါးအမျိုးသားတို့၏ ဒဏ္ဍာရီပုံပြင်များမှ ယူလာခြင်းဖြစ်သည်ဟူသော ယူဆချက် -
(၁) ဓမ္မဟောင်းကျမ်းမှ ပရောဖက်ပြုထားခြင်းကိုဒဏ္ဍာရီပုံပြင်သဖွယ် မှတ်ယူထားသူမျာအတွက် အဖြေ-
(က) အဓိကဝေဖန်ချက်သည် ဟေရှာယ ရး၁၄တွင် ပါသော အပျိုကညာဟူသောစကားမှာ "Almah" ဖြစ်ပြီး၊ အိမ်ထောင်မပြုရသေးသောမိန်းမငယ်ဟုဝေဖန်ကြပါသည်။ ထိုစကားသည် အပျိုစင်ဖြစ်ရန်မလိုပါဟု ဆိုကြသည်။ သို့ရာတွင် ဓမ္မဟောင်းကျမ်းတွင် ဤစကားလုံးကို (၆)ကြိမ်မှအသုံးပြုခဲ့ပြီး အပျိုကညာဟူသောအဓိပ္ပါယ် ပင်ဖြစ်ပါသည်။ "Almah" ကိုမှားယွင်းမှုပြုပြီးသော အမျိုးသမီး၌ မည်သည့်အခါမှ မသုံးခဲ့ပါ။ သို့ရာတွင် ခရစ်တော် ကြွလာသောကာလ၌ ထိုစကားသည် မေရှိယကြွလာခြင်းနှင့် စပ်ဆိုင်မည်ဟု ယူဆသူဂျူးလူမျိုး၊ ကျမ်းတတ်ပုဂ္ဂိုလ်များ တစ်ဦးမျှမရှိ ခဲ့ပါ။ "Almah"၏ အဓိပ္ပါယ်မှာ အိမ်ထောင်မပြုဘူးသော မိန်းမငယ်ကိုဆိုလိုသည်။
(၂) တစ်ပါးအမျိုးသားတို့၏ဒဏ္ဍာရီပုံပြင်မှ မွေးစားခဲ့ယူခြင်းအယူအဆများ-
(က) ရောမ၊ ခေါမနှင့် ဗာဗေလုံရှေးဟောင်းဒဏ္ဍာရီပုံပြင်များတွင် သာမန်မဟုတ်သော ထူးဆန်း သည့်မွေးဖွားခြင်းအမြောက်အမြားတွေ့နိုင်ပါသည်။
(ခ) ရှေးဦးအသင်းတော်ခေါင်းဆောင်ကြီးများသည် အပျိုကညာဝမ်းမှဖွားမြင်တော်ခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာရှိလျှင် တစ်ပါးအမျိုးသားတို့ကသာထုတ်ကြရန်ခံယူထား သည်။ အကြောင်းမှာ ထိုသူတို့၏ ဒဏ္ဍာရီများတွင် ထိုသို့သော မွေးဖွားခြင်း များစွာရှိခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။ နတ်ဘုရားနှင့် နတ်ဘုရားမတို့ မှမွေးဖွားခြင်း။ ရှေးဦးအသင်းတော် ခေါင်းဆောင်များသည် ထိုကဲ့သို့ အရာများကိုလုပ်ဇာတ် သက်သက်အဖြစ်လက်ခံထားပါ သည်။
(၁) Ceasar Augustus ကသာ ဘုရင်သြရတ္တုသည် မိမိမွေးဖွားခြင်းနှင့် ပတ်သက်၍ အပိုလိုနတ်ဘုရားသည် သူ၏ဖခင်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
(၂) Alexander the Great သည်လည်း သူသည် နတ်မင်း၏သားဖြစ်ကြောင်း၊ သူ၏ မိခင်သည်မြွေကြီးအသွင်ဆောင်သော နတ်မင်းနှင့်အတူနေပြီးနောက်ဖွားမြင် လာခြင်းဖြစ်ကြောင်း စသည်ဖြင့် သတင်းဖြန့်ခဲ့ပါသည်။
(ဂ) တပါးအမျိုးသားတို့၏ဒဏ္ဍာရီပုံပြင်များသည် သမိုင်းအထောက်အထားခိုင်လုံမှု မရှိပါ။ ဧဝံဂေလိတရားနှင့် စပ်ဆိုင်သောအဖြစ်အပျက်များသည် ပုဂ္ဂိုလ်၊ အချိန်၊ အဖြစ်အပျက်၊ နေရာ၊ ရက်စွဲမှစ၍ အချက်အလက်အပြည့်အစုံရှိပါသည်။ လူတို့၏ ဒဏ္ဍာရီများသည် မရေမရာဖြစ်သည်သာမက၊ ပုံစံမရှိ၊ အချိန်မရှိကြောင်း တွေ့ရှိရပါသည်။
(ဃ) ဒဏ္ဍာရီပုံပြင်များတွင် ခရစ်တော်၏ အပျိုကညာဝမ်းမှမွေးဖွားခြင်းနှင့် နှိုင်းပြနိုင် သောပုံပြင်၊ နှိုင်းယှဉ်နိုင်သော ဝတ္တုမရှိပါ။ လူသားမျိုးနွယ်စုတစ်ရပ်လုံးအား အပြစ်မှကယ်တင်ရန် လောကသို့ အပျိုကညာဝမ်းမှမွေးဖွားခြင်းနည်းလမ်းကို ရွေးချယ်သောဘုရားသခင်ကိုယ်တော်တိုင်နှင့် ပြိုင်နှိုင်းနိုင်သောသူမရှိပါ။
(င) အရှေ့တိုင်းမှလာသော ဒဏ္ဍာရီများသည် အပျိုကညာဝမ်းမှ မွေးဖွားခြင်း အကြောင်းလုံးဝမရှိပါ။
(စ) တပါးအမျိုးသားတို့၏ ပုံပြင်များသည် ကနဦးခရစ်ယာန်များအတွက် တီထွင်မှု တရပ်သာဖြစ်ပါသည်။ ထို့ကြောင့်ကျမ်းစာရေးသူများသည် ဒဏ္ဍာရီပုံပြင်များထဲမှ ယူ၍ရေးသည်ဟုဆိုခြင်းမှာ ယုတ္တိမရှိပါ။
၂။ ပရောဖက်တို့၏ကြိုတင်ဟောပြောချက်။
မှတ်ချက်။ ကနဦးအသင်းတော်လူကြီးများနှင့် အသင်းတော်ယုံကြည်ချက်ကိုခုခံကာကွယ် သူ များသည် ခရစ်တော်၏မေရှိယဖြစ်ခြင်းနှင့် အပျိုကညာဝမ်းမှမွေးဖွားခြင်းတို့ကို ဖော်ထုတ်ရာတွင် ရှေးပရောဖက်တို့၏ ကြိုတင်ဟောပြောချက်များကို အမှီပြုခဲ့ကြပါသည်။ ဝေဖန်သူများသည် ဤနည်းလမ်းကို အပြင်းအထန်တိုက်ခိုက်ခဲ့ကြလျှက် အပျိုကညာဝမ်းမှမွေးဖွားခြင်းသည် နောက်မှ ထပ်ဖြည့်ခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ ကျွန်ုပ်တို့သည် ပင်လျှင် ထိုပရောဖက်တို့၏ ကြိုတင်ဟော ပြောချက်များနှင့် ပတ်သက်၍ ဝမ်းမြောက်စွာအားထားနေရဦးမည်ဖြစ်ပါသည်။
(က) ကမ္ဘာဦး ၃း၁၅။ သင်နှင့် မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို ၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ မိန်းမ၏အမျိုးသည်စာတန်၏ခေါင်းကိုချေလျှက် ကျွန်ုပ်တို့ အတွက်ကယ်တင်ခြင်းကိုဖြစ်စေမည်။
(ခ) ဟေရှာ ရး၁၄။ “သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍သားယောကျ်ားကို ဘွားမြင် လတ္တံ့” ဤကတိတော်ကို “ဒါဝိဒ်အမျိုးသား”တို့အား ပေးထားပါသည်။ (ငယ် ၁၃)။ မေရှိယသခင်သည် ဒါဝိဒ်မင်းမျိုးမှဖြစ်ရမည်။ (၂ရာ ၂း၁၆၊ ရော ၁း၃)
(ဂ) ဟေရှာ ၉း ၆-၇ ။ အပျိုကညာဝမ်းမှ မွေးဖွားခြင်းနှင့် ခရစ်တော်၏ဘုရားဖြစ်ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်သည် မည်မျှအလေးပေးထေားသည်ကို သတိပြုသင့်ပါသည်။ “ငါတို့အဘို့ သူငယ်တော်ကိုပေးတော်မူ၏၊ ငါတို့အားသားကိုသနားတော်မူ၏” “သူငယ် တော်ယေရှုဖွားမြင်သည်။ သို့သော်ကောင်းကင်မှလာသောသားတော်ဖြစ်ပါသည်။ ထိုနည်း တူ လု ၂း၁၁တွင်လည်း “ခရစ်တော်တည်းဟူသောကယ်တင်သောအရှင်သည် သင်တို့ အဘို့အလို့ငှာဖွားမြင်ခြင်းကိုခံတော်မူသည်။ သို့သော် သခင်ခရစ်တော်ကြွလာတော်မူ သည်။
(ဃ) ဟေရှာ ၄၉း ၁-၅၊ ခရစ်တော်ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူလျှက်ခေါ်တော်မူသည်။ ခရစ်တော်သည် ကောင်းကင်နိုင်ငံမှဆင်းသက်၍ မယ်တော်မာရိ၏ဝမ်း၌ ပဋိပန္ဓေစွဲတော် မူ၏။
(င) ယောသပ်သားကား ယေရှုဟု ဂရိကျမ်းစာထဲ၌ ဖော်ပြထားခြင်းမရှိ။
(စ) မ ၁း၂၂-၂၃ ထိုအကြောင်းအရာမူကား ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူ သော ဗျာဒိတ်တော်ပြည့်စုံမည့်အကြောင်းတည်း။
(ဆ) လု ၁း၃၅ “ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ် သမုတ် ခြင်းကိုခံရလိမ့်မည်။
(ဇ) အပျိုကညာဝမ်းမှမွေးဖွားခြင်း အတွေးအခေါ် တည်ဆောက်ရာတွင် ခိုင်ခန့်မှုရှိမည့်အ ကြောင်းကိုပရောဖက်တို့၏ဟောပြောချက်များကို နောက်ထပ် ထပ်ဖြည့်သည်ဟု ဝေဖန်သူ များကပြောထားပါသည်။ ထိုသူများအတွက်အဖြေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) တမန်တော်တို့၏ ယုံကြည်ချက်ကိုမကျင့်သုံးမှီ အေဒီ ၁၀၀ခန့်ကပေါ်ခဲ့သော ယုံကြည်ချက်တွက် “သန့်ရှင်းသောဝိညာဉ်တော်နှင့် မာရိတို့မှ မွေးဖွားသော” ဟုပါရှိပါသည်။
(၂) “ယုံကြည်ခြင်းစည်းမျဉ်း”ခေါ် ဗတ္တိဇံမင်္ဂလာမခံမီ ဝန်ခံရသော ယုံကြည်ခြင်းတွင် ပုံစံအမျိုးမျိုးကွဲပြားခဲ့သော်လည်း အပျိုကညာဝမ်းမှမွေးဖွားခြင်းအကြောင်းကို သဘောတူညီကြပါသည်။
(၃) အေဒီ ၁၀၀တွင် အသင်းတော်သည် ခရစ်တော်၏သေခြင်းဖြင့် ကိုယ်ခန္ဓာအား ဖြင့်ခွဲခွာပြီးနောက်နှစ်ပေါင်း (၇၀)သာရှိပါသေးသည်။ ဧဝံဂေလိတရားတော်မှတ် တမ်းများလက်ဝယ်ရောက်ရှိလာသည်မှာနှစ်ပေါင်း (၃၀)မျှရှိနေပြီးဖြစ်သည်။ သာသနာကို ဦးဆောင်သူများ တစ်ယောက်နောက်တစ်ယောက် ပြောင်းလဲ လာခဲ့ပြီး ဖြစ်သည်။ အသင်းတော်များသည် တစ်ပါးနှင့်တစ်ပါး ဆက်သွယ်မိ ပြီး ဖြစ်သည်။ အသင်းတော်တိုင်းသည် ယုံကြည်ချက်အားဖြင့် သန့်ရှင်းတည်တန့် ရေးနှင့် တမန်တော်တို့၏ သြဇာတည်မြဲရေးကို လိုလားနေကြပါသည်။ တမန် တော်ကြီးရှင်ယောဟန်သည် ဤခေတ်ကာလ တလျှောက်လုံး အသက် ရှင် လျက်ပင်ရှိနေပါသည်။ ထို့ကြောင့်ထိုခေတ်တွင် အခြေအမြစ် မရှိသော အယူ အဆ တစ်ခုကို အသင်းတော်သို့သွတ်သွင်းရန်မဖြစ်နိုင်၊ အပျိုကညာ ဝမ်းမှ မွေးဖွားခြင်းကို နောက်မှသွတ်သွင်းခြင်းမဖြစ်နိုင်။ ယုဒခရစ်ယာန်ဂိုဏ်းများ ဖြစ် သော Eblorites များနှင့် Gnostics များမှတစ်ပါး အခြားခရစ်ယာန် အသင်း တော်များက လက်ခံထားသည်ကိုထောက်လျှင် အပျိုကညာဝမ်းမှ မွေးဖွားခြင်း သည် ခိုင်မာသော အထောက်အထားရှိသည်ဟု ယူဆလက်ခံရမည် ဖြစ်ပါသည်။
၃။ ကမ္ဘာမတည်မရှိမှီတည်ရှိတော်မူခြင်း။
ခရစ်တော်သည် အပျိုကညာဝမ်းမှမွေးဖွားခြင်း ခံတော်မူခဲ့ကြောင်းအခိုင်ခန့်ဆုံးသော အထောက်အထားမှာ ကမ္ဘာမတည်မရှိမှီ တည်ရှိတော်မူခြင်းဖြစ်ပါသည်။
က။ မိက္ခာ ၅း၂၊ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။
ခ။ ဟေဗြဲ ၁၀း၅-၉ အိုဘုရားသခင် ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာ ကို အလိုတော် မရှိသည်ဖြစ်၍၊ အကျွန်ုပ်တို့အဘို့ ကိုယ်ခန္ဓာကိုပြင်ဆင်တော်မူပြီ။
ဂ။ ယော ၁ရး၅ “အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းအသရေ”
ဃ။ ယော ၁း၁၂-၁၄ ”အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကိုခံယူ၍”
င။ ယော ၈း၅၇-၅၉ “အာဗြံဟံမဖြစ်မှီငါဖြစ်၏”
စ။ ကော ၁း၁၇။ “သားတော်သည် ခပ်သိမ်းသောအရာမဖြစ်မှီဖြစ်တော်မူ၍။
ဆ။ ဖိ ၂း၅-၈ “ထိုသခင်သည် ဘုရားသခင်၏သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။
ဇ။ ကြွလာတော်မူခြင်း။ ကမ္ဘာပေါ်တွင် ဘာသာတရားမြောက်များစွာရှိသည်အနက် ထိုဘာသာတို့ကိုခေါင်းဆောင်တည်ထောင်ကြသော သူတို့အထဲတွင် ငါသည် ဘုရားသခင် ဖြစ်၍ လူတို့ကို အပြစ်မှကယ်တင်ခြင်းငှာ ငါလာသည်ဟု ဆိုသော ပုဂ္ဂိုလ်မှာ ခရစ်တော် တစ်ပါးတည်းသာရှိပါသည်။
၁။ ဟေဗြဲ ၁၀း၇-၉ “ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ”
၂။ ယော ၁း၁၁ “သူသည် မိမိလူတို့ထံသို့ကြွလာသော်လည်း”
၃။ မာ ၁၉း၄၅ “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ ကြွလာသတည်း”
၄။ ၁တိ ၁း၁၅ “ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ ဤ လောကသို့ကြွလာတော်မူသည်”
၅။ ယော ၁၈း၃၇။ “သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ ငါသည် မွေးဖွာခြင်းကို ခံ၍ ဤလောကသို့ကြွလာပြီ”
၆။ ယော ၆း၃၈-၅၁ “ငါသည်ကောင်းကင်မှဆင်းသက်” ခရစ်တော်သည် လူတို့ကို အပြစ်မှကယ်တင်ရန်မိမိစိတ်ဆန္ဒအလျောက် ကြွလာတော်မူခြင်းဖြစ်ပါသည်။ ဤဆောင် ရွက်တော်မူခြင်းသည် မိမိသဘော၊ မိမိစိတ်ဆန္ဒ သက်သက်သာ ဖြစ်ပါသည်။ H.C.G MOULE
ဈ။ ကိုယ်တော်ကိုစေလွှတ်တော်မူသည်
ခရစ်တော်အား အဘခမည်းတော်သည် ကောင်းကင်မှစေလွှတ်တော်မူ၍ ကြွလာ တော်မူ ခြင်းဖြစ်ပါသည်။
၁။ ဂလာ ၄း၄-၅ “အချိန်ကာလစေ့သောအခါ သားတော်ကိုဘုရားသခင်သည် စေလွှတ်တော်မူ၏။
၂။ ယော ၃း၁၇ “လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း (ဘုရားသခင်သည် သားတော်ကို ဤလောကသို့) စေလွှတ်တော်မူ၏။
၃။ ၁ယော ၄း၁၄ “လောကီသားတို့ကိုကယ်တင်သော သခင်ဖြစ်စေခြင်းငှာ၊ ခမည်း တော်သည် သားတော်ကို စေလွှတ်တော်မူသည်”
၄။ ယော ၂၀း၂၁ “ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်”
မှတ်ချက်။ ။ ဘုရားဖြစ်ခြင်းကိုလုပ်ယူ၍သော်လည်းကောင်း၊ ဖျက်သိမ်း၍သော် လည်းကောင်း၊ မပြုလုပ်နိုင်။ ခရစ်တော်သည် ယခုတွင် ဘုရားဖြစ် နေပါလျှင် ဘုရားအစဉ်ဖြစ်နေပါသည်။ ခရစ်တော်သည် လူသား အဖြစ်ဖွားမြင်တော်မူခြင်းသည် သူ့ဘဝအစပြုခြင်းမဟုတ်။ လူ့ဘ၀ သို့ဝင်ရောက်ခြင်းသက်သက်သာဖြစ်သည်။ Dr. James orr
မှတ်ချက်။ ခရစ်တော်ဘုရားဖြစ်ခြင်းနှင့် ကမ္ဘာမတည်မရျှိမှီ တည်ရှိတော်မူခြင်း အတွက်ထူးဆန်းသောဖွားမြင်ခြင်းလိုအပ်ပါသည်။ သို့တည်းမဟုတ် သူသည်အပြစ်၌ သန္ဓေတည်၍ အခြားလူသားများကဲ့သို့ ပျက်စီး စေတတ်သော ပုဂ္ဂိုလ်ဖြစ်လျက်၊ ဘုရားဖြစ်ခြင်း၌ ဆက်လက်ရပ် တည်နိုင်မည် မဟုတ်ပေ။
၄။ သက်သေများ
ခရစ်တော်သည်အပျိုကညာဝမ်းမှ မွေးဖွားခြင်းခံတော်မူကြောင်းနောက်ထပ် အထောက်အထားနှင့် နောက်ဆုံးသက်သေများကို အောက်ပါအတိုင်း စာရင်းပြု နိုင်ပါသည်။
က။ အကယ်၍ မာရိသည် အကျင့်ပျက်ပြားသူဖြစ်ခဲ့ပါလျှင်၊ သူမအား သေဒဏ်စီရင်ပြီးဖြစ်ပါလိမ့်မည်။ (မဿဲ ၁း၁၉)
ခ။ မာရိနှင့် ယောသပ်နှစ်ဦးလုံးသည် ဒါဝိဒ်မင်းမျိုးမင်းနွယ်များဖြစ်ကြပါ သည်။ အကယ်၍ ခရစ်တော်သည် ယောသပ်အားဖြင့်ဖွားမြင်ခဲ့ပါလျှင် ယေခေါနိအားဘုရားသခင်ပြုတော်မူသော ကျိန်ခြင်းအမင်္ဂလာရှိ၍ မည်သည့်နည်းနှင့်မျှ မေရှိယဖြစ်လာမည်မဟုတ်ပါ။ (မဿဲ ၁း၁၁နှင့် ယေရမိ ၂၂း၂၄-၃၀)ယှဉ်ကြည့်ပါ။
ဂ။ ခရစ်တော်၏အပြစ်ကင်းမဲ့သော အသက်တာ၊ သမာရိုးကျမဟုတ် သော သေခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်လာခြင်း၊ နောက်ထပ်တဖန်ကြွလာတော်မူ မည်ဖြစ်ကြောင်း ကတိတော်များသည် ဓမ္မသစ်ကျမ်းစာကိုရေးသော ပုဂ္ဂိုလ်များအား ခရစ်တော်သည်ဘုရားစစ်စစ်ဖြစ်သည်ပါ အပြည့်အ၀ လက်ခံယုံကြည်စေပါသည်။
ဃ။ ကနဦးအသင်းတော်မှ စာရေးသူများ၊ ယုံကြည်ချက်ကို ကာကွယ်သူ များ (ပဌမနှင့် ဒုတိယရာစု) ဥပမာ Ignatius 110AD, Aristides 125AD, Justin Martyr, Iransus 175AD, Tertulliam 180 AD. တို့ သည် ခရစ်တော်အပျိုကညာဝမ်းမှ ဖွားမြင်ခြင်းသည်အသင်းတော် ၏ အခြေခံယုံကြည်ချက်ဖြစ်ကြောင်း ရေးသားမှတ်တမ်းတင်ကြပါ သည်။
င။ ရှင်မဿဲနှင့် ရှင်လုကာဝမ်းမြောက်ဘွယ်ဧဝံဂေလိကျမ်းများသည် တမန်တော်ခေတ်တွင်ရေးသားသော စာပေများ အစစ်အမှန်ဖြစ် လျက်၊ ကျွန်ုပ်တို့လက်ထဲသို့အရောအနှောမရှိရောက်ရှိလာခြင်းဖြစ်ပါ သည်။
၅။ နိဂုံး
အသင်းတော်အားရာစုပေါင်းများစွာ အထင်အမြင်မှားကြမည်ဆိုပါက ထိုအထင်မှားမှုသည် အကြီး မားဆုံးနှင့် အကျယ်ပြန့်ဆုံး အစဉ်သဖြင့် တိုက်ခိုက်မှုကြီးဖြစ်နေပါမည်။ ဝေဖန်ရေးသမားများ မကျော် လွှားနိုင်သော အချက်နှစ်ချက်ရှိပါသည်။
(၁) အပျိုကညာဝမ်းမှ မွေးဖွားတော်မူခြင်းသည် ခိုင်လုံသောအထောက်အထားမရှိပါလျှင် အဘယ်ကြောင့် ကနဦးအသင်းတော်၌ပင် ထိုအတွေးအခေါ်သည် ပေါ်ပေါက်နေပါသနည်း။
(၂) အပျိုကညာဝမ်းမှ မွေးဖွားတော်မူကြောင်းဖော်ပြချက်သည် သမိုင်းအထောက်အထားမရှိ ပါလျှက် အဘယ်ကြောင့် ထိုအယူအဆသည် စောစောကပင်ရှိနေပြီး လူတိုင်းတို့ကလက်ခံကြပါ သည်။
ဤလောကတွင် အပြစ်ဟူသောအရာသည် ရှိသည်မှန်လျှင်၊ အပြစ်မှကယ်ချွတ်ပိုင်သော၊ အပြစ်မရှိ သည့်ဘုရားရှိနေရန်လိုအပ်ပါမည်။ ထိုလိုအပ်ချက်အတွက် တစ်ခုတည်းသောဖြစ်နိုင်သည့်အရာ သည် ရှေးသန့်ရှင်းသူများလက်ခံယုံကြည်ကြသည်နှင့်အညီ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် သန္ဓေတည်လျက် အပျိုကညာမာရိ၏ဝမ်းမှဖွားမြင်ခြင်းကိုခံတော်မူသည်”ဟူသော အချက်သာဖြစ်ပါသည်။ W.H Griffith Thomas.
ဟာလေလုယ၊ ထူးမြတ်သောကယ်တင်ရှင်
မှတ်ချက်။ အမှန်မေးရမည့်မေးခွန်းမှာ “ခရစ်တော်ကို သင်သည် မည်သို့ယူဆထားပါသနည်း” အဖြေသည် ခရစ်တော်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာနိုင်မှုအပေါ်မူတည်ခြင်းမရှိ၊ သင်၏တုံ့ပြန်မှုနှင့် သင်စိတ်နှလုံးအသစ် ဖန်ဆင်းခြင်း ရှိမရှိပေါ်တွင်သာ မူတည်နေပါသည်။
အကယ်၍ သင်သည် ကိုယ်တော်အား မိမိ၏ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ်လက်ခံခြင်း မပြုရသေးလျှင် ယခုအချိန်သည် လက်ခံရမည့်အချိန်ဖြစ်ပါသည်။ အခါမနှောင်းမှီလက်ခံပါ။
မေးခွန်းများ
၁။ အပျိုကညာ ဝမ်းမှ မွေးဖွားတော်မူခြင်းကိုလေ့လာရခြင်းသည် အဘယ်ကြောင့် အရေးကြီးဆုံး ဖြစ်ပါသနည်း။ အကြောင်းပြချက်(၃) ချက်ဖေါ်ပြပါ။
က။
ခ။
ဂ။
၂။ အပျိုကညာ ဝမ်းမှ မွေးဖွားတော်မူခြင်း အယူအဆကိုဆန့်ကျင်သော အခြေခံဝေဖန်ချက်(၂)ချက်ကား အဘယ်သို့နည်း။
က။
ခ။
၃။ အပျိုကညာ ဝမ်းမှ မွေးဖွားတော်မူခြင်းသည် အသင်းတော်၏လျှို့ဝှက်ချက်မဟုတ်ကြောင်း၊ မည်သည့်ကျမ်းချက်များက ထောက်ပြပါသနည်း။
က။
ခ။
ဂ။
ဃ။
၄။ အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များသည် ခရစ်တော်အပျိုကညာမှ မွေးဖွားခြင်း ခံတော်မူခြင်းနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေခြင်းနှင့်ပတ်သက်၍ ခိုင်မာသောအထောက်အထားကိုဖေါ်ပြပါ။
က။ ရှင်မာကု။
ခ။ ရှင်ယောဟန်။
ဂ။ ရှင်ပေါလု။
၅။ အပျိုကညာ ဝမ်းမှ မွေးဖွားတော်မူခြင်း အယူအဆသည် ဓမ္မဟောင်းခေတ် ပရောဖက်များ၏ ကြိုတင် ဟောပြောချက်များ ကိုလိုက်၍ မွေးစားခြင်းသာဖြစ်သည် ဟူသော အယူအဆကိုလည်း မည်သို့ ချေပမည်နည်း။
၆။ အပျိုကညာ ဝမ်းမှ မွေးဖွားတော်မူခြင်း အယူအဆသည် တပါးအမျိုးသားများ၏ဒဏ္ဍာရီပုံပြင်များထဲမှ ကူးချခြင်း ဖြစ်သည်ဟူသော စွတ်စွဲချက် မခိုင်လုံကြောင်းနှင့် မိုက်မဲရာကျကြောင်း ငြင်းဆိုချက် (၄) ချက်ကိုဖေါ်ပြပါ။
က။
ခ။
ဂ။
ဃ။
၇။ အပျိုကညာ ဝမ်းမှ မွေးဖွားတော်မူကြောင်း အထောက်အထားပြရန် အဘယ်ကြောင့်ပရောဖက်တို့၏ဟော ပြောချက်များကိုအားထားရပါသနည်း။
၈။ အဆိုခိုင်မာစေရန်အတွက် ပရောဖက်များ၏ကြိုတင်ဟောပြောချက်များကို နောက်မှထပ်ဖြည့်ခြင်း မဟုတ်ကြောင်း အထောက်အထား(၃) ခုဖေါ်ပြပါ။
က။
ခ။
ဂ။
၉။ ခရစ်တော်သည် ကမ ္ဘာ မတည်မရှိမီ ရှိနှင့်တော်မူကြောင်း အထောက်အထား ကျမ်းချက်အနည်းဆုံး(၄) ချက် ကိုဖေါ်ပြပါ။
က။
ခ။
ဂ။
ဃ။
၁၀။ ခရစ်တော်သည် မိမိလူမျိုး မိမိလူတို့ထံသို့ မိမိဆန္ဒ အလိုတော်နှင့်အညီ ကြွလာတော်မူကြောင်း အထောက်အထား ကျမ်းချက် (၄) ချက်ကိုဖေါ်ပြပါ။
က။
ခ။
ဂ။
ဃ။
၁၁။ ခမည်းတော်ဘုရားသခင်သည် ကိုယ်တော်အား ဤလောကသို့စေလွှတ်တော်မူကြောင်း အထောက်အထားကျမ်းပိုဒ် (၃)ပိုဒ်ကိုဖော်ပြပါ။
က။
ခ။
ဂ။
၁၂။ ခရစ်တော်ကမ္ဘာမတည်မရှိမှီရှိနေတော်မူခြင်းနှင့် ဘုရားဖြစ်တော်မူခြင်းကြောင့် ခရစ်တော်အတွက် ထူးခြားသော မွေးဖွားခြင်းအဘယ်ကြောင့်လိုအပ်ပါသနည်း။
၁၃။ ခရစ်တော်နှင့် ပတ်သက်၍ ပြောနိုင်ပါလျက် အခြားသောဘာသာရေးဖော်ထုတ်သူများနှင့် ပတ်သက်၍ မပြောနိုင်သောအရာသည် မည်သည့်အရာနည်း။
၁၄။ အပျိုကညာဝမ်းမှ မွေးဖွားခြင်း၏ နောက်ဆုံးသက်သေနှင့် အထောက်အထားများအနက် (၄)ခုကို ဖော်ပြပါ။
က။
ခ။
ဂ။
၁၅။ အပျိုကညာဝမ်းမှ မွေးဖွားတော်မူခြင်းနှင့် ပတ်သက်၍ သင်၏စိတ်ချစွာခံစားမှုဖော်ကျူးသော စာပိုဒ်တစ်ပိုဒ်ရေးပါ။
အမည် _____________________________
လိပ်စာ ______________________________
နေ့စွဲ _______________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
မှတ်ချက်။ စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ (အခန်း ၁၄) ဖြစ်ပါသည်။
Part 3 (12 MB, until lesson 36) Bible Study (Piper) - received from Saya Aung Naing
http://www.mediafire.com/download.php?p2zfdh4gcf7b47e
http://www.murann.com/ezine/index.php?option=com_content&view=article&id=1523:--6---&catid=9:bible-study&Itemid=10 မှ
သင္ခန္းစာ အမွတ္ (6) ခရစ္ေတာ္သည္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္း
Unicode & Zawgyi Reshare-#9Dan
“နိဒန္း”
ခရစ္ယာန္အသိုင္းအ၀ိုင္းတြင္ ခရစ္ေတာ္သည္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားသည္ဟူေသာ ကိစၥသည္ လြယ္လင့္ တကူလက္ခံေသာကိစၥတရပ္သာျဖစ္ပါသည္။ သို႔ရာတြင္ ကနဦးအသင္းေတာ္ကပင္ထိုအေၾကာင္းအရာႏွင့္ ပတ္သက္ ၍ တိုက္႐ိုက္ျငင္းခံုခဲ့ၾကပါသည္။ ဂ်ဴးခရစ္ယာန္အႏြယ္ျဖစ္ေသာ Eborites မ်ားက ျငင္းပယ္ၿပီးခရစ္ေတာ္၏ဘုရားျဖစ္ ျခင္းႏွင့္ ပတ္သက္၍ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းသည္ မရွိမျဖစ္မဟုတ္ေၾကာင္းေျပာပါသည္။ Gnestic ဂိုဏ္း၀င္မ်ား အထူးသျဖင့္ Cerinthus ၏တပည့္မ်ားကမူ ေယ႐ႈႏွစ္ျခင္းမဂၤလာခံယူစဥ္ ခရစ္ေတာ္၀င္လာၿပီး လက္၀ါးကပ္တိုင္တြင္ ေသခံစဥ္ ေယ႐ႈထံမွ ခရစ္ေတာ္ထြက္ခြာသြားသည္ဟုဆိုပါသည္။ အျခား Gnostic မ်ားကမူ ျငင္းပါယ္ထားပါသည္။
အပ်ိဳကညာ၀မ္းမွ ေမြးဖြားသည့္အယူအဆသည္ ေရာမ။ ဂရိသို႔မဟုတ္ ဗာဗုလံုဒ႑ာရီမွဆင္းသက္လာျခင္း ျဖစ္သည္ဟု ယံုၾကည္ေနသူအမ်ားအျပားရွိေနပါသည္။ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းယံုၾကည္ခ်က္ကို တိုက္ခိုက္ေန သူအမ်ားအျပားယခုေခတ္တြင္ ရွိေနပါသျဖင့္ ဧ၀ံေဂလိတရားေတာ္ကို ယံုၾကည္၍ ကာကြယ္လိုသူတို႔သည္ ခရစ္ယာန္ ဘာသာ၏အေျခခံႏွင့္ မရွိမျဖစ္ေသာယံုၾကည္ခ်က္ျဖစ္သည့္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းယံုၾကည္ခ်က္ကို ကာကြယ္ ရန္ျပင္ဆင္ထားရပါမည္။
ဤသင္ခန္းစာ၏အေရးႀကီးပံု
အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းသည္ လူဥာဏ္ျဖင့္ မမီေသာဘုရားသခင္ႏွင့္ စပ္ဆိုင္သည့္နက္နဲေသာ အရာ တစ္ခုျဖစ္သည္။ ခရစ္ေတာ္၏ဘုရားျဖစ္ျခင္း၊ သမၼာက်မ္းစာ၏မွန္ကန္မႈလမ္းၫႊန္ႏိုင္မႈႏွင့္ ကယ္တင္ျခင္းစီမံကိန္းႀကီး တစ္ရပ္လံုးသည္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းႏွင့္ တိုက္႐ိုက္သက္ဆိုင္ေနပါသည္။ အကယ္၍ ခရစ္ေတာ္သည္ ထူးဆန္းအံ့ၾသဘြယ္ေကာင္းေအာင္သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္အားျဖင့္ အပ်ိဳကညာ၀မ္း၌ ပဋိသေႏၶတည္ေတာ္မမူခဲ့ပါ လွ်င္ ကိုယ္ေတာ္သည္ သာမန္လူသားကဲ့သို႔ လူမ်ိဳးေစ့မွ ေမြးဖြားၿပီး၊ အျပစ္မ်ိဳးဆက္ျဖစ္ေသာ အာဒံအမ်ိဳးအႏြယ္သာ ျဖစ္ေနပါမည္။ ထိုသို႔ျဖစ္လွ်င္ ကိုယ္ေတာ္၌ ကမၻာမတည္မရွိမွီရွိေနျခင္း မရွိသည္သာမက၊ ဘုရား၏သားေတာ္လူဇာတိ ကိုခံယူျခင္းအျပည့္အ၀ မျဖစ္ႏိုင္ေခ်။ အျပစ္ကင္းမဲ့ေသာသိုးသူငယ္လည္း မျဖစ္ႏိုင္။ အျပစ္သား၏ကယ္တင္ရွင္လည္း မျဖစ္ႏိုင္ပါ။ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းသည္ ခရစ္ေတာ္၏ ဧ၀ံေဂလိတရား၏အဓိကႏွင့္ မရွိမျဖစ္ အေရးႀကီးေသာ အစိတ္အပိုင္းျဖစ္လ်က္ကၽြႏ္ုပ္တို႔၏ ကယ္တင္ျခင္းႏွင့္ ေမွ်ာ္လင့္ျခင္းသည္ ထိုအရာ၌ တည္မွီေနေပသည္။ ဤအခ်က္ သည္ အလြန္အေရးႀကီးသည္ျဖစ္ေသာေၾကာင့္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္း၏ အေထာက္အထား သက္ေသ သာဓကမ်ား ကို ယံုၾကည္သူခရစ္ယာန္မ်ားမွ ေမြးဖြားျခင္း၏ အေထာက္အထားသက္ေသသာဓကမ်ားကို ယံုၾကည္သူ ခရစ္ယာန္မ်ား အေနျဖင့္ အပိုင္အႏိုင္ေလ့လာထားရပါမည္။ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းကို ျငင္းပယ္ျခင္းသည္ က်မ္းစာကို ပုန္ကန္ျခင္း၊ တမန္ေတာ္၏လက္ထက္မွစ၍အသင္းေတာ္၏ တဆက္တည္းေသာ သက္ေသခံခ်က္ကို ဆန္႔က်င္ျခင္း၊ လူဇာတိခံယူျခင္းဆိုင္ရာ ယံုၾကည္ခ်က္ကိုေပါ့ပ်က္ေစျခင္း၊ ခရစ္ေတာ္သည္ လူသား သာမည ျဖစ္သည္ ထူးျခားမႈမရွိဟု ယူဆ နေသာဆန္႔က်င္ဘက္အေတြးအေခၚသမားမ်ားေအာက္သို႔ လက္နက္ခ် အညံ့ခံျခင္းသာ ျဖစ္သည္”ဟူ ( )ကဆိုပါသည္။
အနႏၱတန္ခိုးရွင္ျဖစ္ေသာ ဘုရားရွင္အေနျဖင့္ လူ႔ဇာတိခံယူျခင္းသည္ ခက္ခဲေသာအရာမဟုတ္ပဲ သာမန္လူ သားတစ္ဦးအေနျဖင့္ ဘုရားဇာတိကို ခံယူႏိုင္ျခင္းမွာမူ လံုး၀မျဖစ္ႏိုင္ေပ။
သင္ခန္းစာ
သင္ခန္းစာကို ေခါင္းစဥ္ (၄)မ်ိဳးျဖင့္ တင္ျပပါမည္။ ၄င္းတို႔မွာ - အေျခခံရည္ရြယ္ခ်က္၊ ပေရာဖက္တို႔၏ ႀကိဳတင္ေျပာေဟာခ်က္၊ ကမၻာမတည္မရွိမီ ခရစ္ေတာ္ရွိေနေတာ္မူျခင္းႏွင့္ အေထာက္အထားမ်ားျဖစ္ပါသည္။
၁။ အေျခခံရည္ရြယ္ခ်က္မ်ား
က။ ရွင္မာကု၊ ရွင္ေယာဟန္ႏွင့္ ရွင္ေပါလုတို႔ေရးသားထားေသာ မွတ္တမ္းမ်ားတြင္ တစ္စံုတစ္ရာ ေဖာ္ျပထားျခင္းမျပဳဘဲ ေရငံုႏႈတ္ပိတ္ေနျခင္းမွ ေပၚေပါက္လာေသာ အျငင္းပြားမႈ။
(၁) အေျဖ။ ဤအခ်က္ကို လွ်ိဳ႕၀ွက္ခ်က္အျဖစ္ သိမ္းမထားပါ။
(က) ဗတၱိဇံဆရာေယာဟန္၏ မိခင္ျဖစ္သူ ဧလိရွဖက္သည္ မယ္ေတာ္မာရိအား “အကၽြႏ္ုပ္ သခင္၏ မယ္ေတာ္”ဟု ႏႈတ္ဆက္ခဲ့ပါသည္။ (လု ၁း၄၃)
(ခ) သိုးထိန္းတို႔သည္ သူငယ္ကိုျမင္ရေသာအခါ … “ခရစ္ေတာ္အရွင္”ျဖစ္ေၾကာင္းသိရွိ၍ ၀မ္းေျမာက္ၾကပါသည္။ (လု ၂း၂၀)
(ဂ) ဗိမာန္ေတာ္၌ရွိေနၾကေသာသူအမ်ားတို႔သည္ ႐ႈေမာင္ႏွင့္ အႏၷတို႔က ေယ႐ႈကို “ထာ၀ရ ဘုရား၏ခရစ္ေတာ္”ျဖစ္ေၾကာင္း ေျပာၾကားခ်က္ကိုၾကားသိထားၾကပါသည္။ (လု ၂း၂၅-၂၈)
(ဃ) ေယာ ၈း၁၄၊ ၂၃၊ ၅၈ ကဲ့သို႔ေသာ က်မ္းခ်က္မ်ားကို ေထာက္လွ်င္ ခရစ္ေတာ္ကိုယ္တိုင္ မိမိ၏မူလႏွင့္ ေမြးဖြားျခင္းကိုသိရွိထားေၾကာင္း ထင္ရွားစြာေနပါသည္။
(င) မယ္ေတာ္မာရိႏွင့္ ေယာသပ္တို႔သည္ ခရစ္ေတာ္၏ စာရိတၱႏွင့္ ၀ိညာဥ္ပိုင္းဆိုင္ရာ အေတြ႔ အႀကံဳမ်ားကို လက္ဆင့္ကမ္းခဲ့ၾကပါသည္။ အထူးသျဖင့္ ရင္းႏီွးေသာ မိတ္ေဆြမ်ား ျဖစ္သည့္ ႐ႈေမာင္၊ အႏၷ၊ ဧလိရွဖက္ႏွင့္ အျခားပုဂၢိဳလ္မ်ားအား ေျပာျပခဲ့သည္မွာ ေသခ်ာလွ ပါသည္။
(၂) ရွင္မာကုေရငံုႏုတ္ပိတ္ေနျခင္း။ စာေရးသူ၏ ရည္ရြယ္ခ်က္ကို သိရွိရန္လိုအပ္ပါသည္။ ရွင္မာကု သည္ ခရစ္ေတာ္၏အမႈေတာ္ေဆာင္ျခင္းမ်ားကို အဓိကထား၍ ေဖာ္ျပခဲ့ပါသည္။ ထို႔ေၾကာင့္ ဗတၱိဇံေယာဟန္၏ ႏွစ္ျခင္း ေပးျခင္းႏွင့္ အစျပဳခဲ့ပါသည္။ ရွင္မာကုသည္ ဧ၀ံေဂလိက်မ္းကို ေရးသားရာတြင္ ေယ႐ႈအား “ဘုရားသခင္၏သားေတာ္ ေယ႐ႈ”ဟူေသာ စကားျဖင့္ အစျပဳခဲ့ပါသည္။ (မာ ၁း၁) ခရစ္ေတာ္၏ငယ္စဥ္ႏွင့္ ေရွ႕ပိုင္းကိုေဖာ္ျပျခင္းမျပဳခဲ့ပါ။ ရွင္မာကု ခရစ္၀င္က်မ္းသည္ ရွင္မႆဲႏွင့္ ရွင္လုကာကိုေရးၿပီးမွ ေရးျခငး္ျဖစ္၍ ထိုက်မ္းမ်ားတြင္ မည္သို႔ေဖာ္ျပထား သည္ကို သိထားၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ ထိုအေၾကာင္းမ်ားကို ထပ္ေရးရန္ေသာ္လည္းေကာင္း ျငင္းပယ္ ရန္ ေသာ္လည္း ေကာင္း မေတြ႔ရွိ၍ မေဖာ္ျပျခင္းျဖစ္ပါသည္။
(၃) ရွင္ေယာဟန္ေရငံုႏုတ္ပိတ္ေနျခင္း။ သမၼာက်မ္းစာတြင္ ပါ၀င္ေသာ စာမ်ားအနက္ ရွင္ေယာဟန္ ေရးသားထားေသာစာမ်ားသည္ ေနာက္ဆံုးေရးသားေသာ စာမ်ားျဖစ္ပါသည္။ ဤစာမ်ား ေရးခ်ိန္ တြင္ ရွင္ေယာဟန္သည္ ရွင္မႆဲႏွင့္ ရွင္လုကာကို ေရးသားေသာက်မ္းစာမ်ားကို ဖတ္႐ႈခဲ့ရသည္ သာမက၊ ခရစ္ယာန္အသင္းေတာ္မ်ား တြင္ ခရစ္ေတာ္သည္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားခဲ့သည္ ဟူ ေသာအခ်က္သည္ အသင္းေတာ္မ်ားယံုၾကည္ခ်က္အျဖစ္ ရပ္တည္ေနၿပီး ျဖစ္ပါသည္။ ထို အခ်က္ မ်ားကို ျငင္းပယ္ျခင္းတစ္စံုတစ္ရာမျပဳလုပ္ခဲ့ပါ။ မယ္ေတာ္မာရိသည္ ေသသည့္တိုင္ေအာင္ ရွင္ေယာဟန္၏ အိမ္၌ေနထိုင္ခဲ့ေၾကာင္း သတိျပဳသင့္ပါသည္။ (ေယာ ၁၉း၂၆) ၀မ္းေျမာက္ဘြယ္ ဧ၀ံေဂလိသတင္းေတာ္ႏွင့္ပတ္သက္၍ ေ၀ငွေျပာဆိုၾကသည္မွာ အမွန္ပင္ျဖစ္ၾကပါသည္။ ရွင္ေယာဟန္ သည္ အပ်ိဳကညာ၏ ၀မ္းမွေမြးဖြားျခင္းကို ျငင္းပယ္ၾကေသာ ဆန္႔က်င္ဘက္မ်ား၏ တပည့္ဂိုဏ္း၀င္မ်ားကေျပာသည္ ေယ႐ႈ၏သာမန္ေမြးဖြားျခင္းမ်ားတို႔ကို ဆန္႔က်င္ေဟာေျပာခဲ့ ပါ သည္။ ေယာ ၁း၁၃ သည္ ခရစ္ေတာ္၏ဖြားျမင္ျခင္းကိုရည္ၫႊန္းသည္ဟု ယူဆထားသူ အေျမာက္ အမ်ားရွိပါသည္။ ဒုတိယေမြးဖြားျခင္းခံရေသာ ယံုၾကည္သူမ်ားသည္ ဘုရားသခင္ျဖစ္ပြားေစသည္ မွန္လွ်င္ ခရစ္ေတာ္သည္လည္း ဘုရားသခင္ျဖစ္ပြားေစေတာ္မူေသာ သူျဖစ္ပါသည္။ ေယာ ၃း၅-၆တြင္ သခင္ေယ႐ႈက “ဇာတိပကတိေမြးေသာအရာသည္ ဇာတိပကတိ ျဖစ္၏။ ဒုတိယေမြးျခင္း ကို ခံရမည္”ဟု မိန္႔ၾကားခဲ့ပါသည္။ ထို႔ေၾကာင့္ ေယ႐ႈသည္ ဇာတိပကတိ အားျဖင့္ ေမြးဖြားခဲ့ပါမူ၊ သူသည္လည္း အျပစ္သားျဖစ္၍ သူကိုယ္တိုင္ဒုတိယေမြးဖြားျခင္း ခံယူ ရန္လိုအပ္ပါသည္။
(၄) ေပါလုေရငံုႏုတ္ပိတ္ေနျခင္း။ ေပါလုသည္ မယ္ေတာ္မာရိအေၾကာင္းကိုပင္ေဖာ္ျပျခင္းမရွိပါ။ စာေရး သူ၏ရည္ရြယ္ခ်က္ကိုသိရွိရန္လိုအပ္ပါသည္။ လက္၀ါးကပ္တိုင္တြင္ အေသခံေတာ္မူ၍ ေသျခင္းမွ ရွင္ျပန္ထေျမာက္ၿပီး ဘုန္းေတာ္ထင္ရွားလ်က္ ေနာက္တစ္ ဖန္ျပန္လည္၍ၾကြလာေတာ္မူအံ့ေသာ သူ၏အေၾကာင္းကိုထင္ရွားစြာ ေဟာေျပာသက္ေသခံရန္မွာ ေပါလု၏ဆႏၵျဖစ္ပါသည္။ အပ်ိဳကညာ ၀မ္းမွေမြးဖြားခံေတာ္မူျခင္းသည္ ေရွးဦးခရစ္ေတာ္တိ႔ု၏ ယံုၾကည္ခ်က္ျဖစ္၍ ေပါလုသည္ ျငင္းပယ္ ေထာက္ျပျခင္းမျပဳပါ။ ခရစ္ေတာ္၏အသက္တာ၊ ျပဳေတာ္မူေသာအမႈ၊ အေသခံေတာ္မူျခင္း၊ ေသျခင္းမွ ရွင္ျပန္ထေျမာက္ေတာ္မူျခင္းတို႔ကို ေထာက္၍ လူသားအျဖစ္ခံယူေတာ္မူေၾကာင္း အေထာက္အထားသည္ ေပါလုအတြက္ ခိုင္လံုေနၿပီးျဖစ္ပါသည္။ ရွင္လုကာသည္ ရွင္ေပါလုႏွင့္ ႏွစ္ေပါင္းမ်ားစြာ သာသနာျပဳခရီးအတူထြက္ခဲ့ေၾကာင္းကို သတိျပဳရမည္ျဖစ္ပါသည္။ ထိုသူႏွစ္ ေယာက္အတူသြားလာေနစဥ္အပ်ိဳကညာ၀မ္းမွ ဖြားျမင္ျခင္းကို မေျပာပဲေနၾကမည္မဟုတ္ပါ။
ေပါလုသည္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းအေၾကာင္းကို ေရးသားျခင္းမျပဳခဲ့ေသာ္လည္း သူ၏ ေရးသားခ်က္မ်ားတြင္ ခရစ္ေတာ္ႏွင့္ပတ္သက္၍ -
(က) “ဒုတိယလူမူကား ေကာင္းကင္ဘံုကျဖစ္ေတာ္မူေသာသခင္ျဖစ္သတည္း”
(၁ေကာ ၁၅း၄၇)
(ခ) “လူကဲ့သို႔ေသာ ဖြားျမင္ျခင္းကိုခံေတာ္မူေၾကာင္း” မိမိစိတ္သေဘာအတိုင္း လူအျဖစ္ကို ခံယူေတာ္မူေၾကာင္း (ဖိ ၂း၅-၈)
(ဂ) အျပစ္ႏွင့္ ျပည့္စံုေသာဇာတိပကတိ၏သ႑ာန္ကိုေဆာင္ေသာ မိမိ၏သားေတာ္
(ေရာ ၈း၃)
(ဃ) မိန္းမ၏၀မ္း၌ ပဋိသေႏၶယူ၍ …ဖြားျမင္ရေသာ သား (ဂလာ ၄း၄-၅)
မွတ္ခ်က္ ။ ။ မႆဲ ၁၁း၁၁၊ လုကာ ၆း၂၈၊ စသည္မ်ားသည္ “မိန္းမမွဖြားျမင္သူတို႔ကို ရည္ၫႊန္းထားပါသည္။ ေပါလုသည္ ေရာမႏွင့္ ဂလာတိၾသ၀ါဒစာတို႔တြင္ အျခားေ၀ါဟာရကို အသံုးျပဳထားပါသည္။ ဖြားျမင္ျခင္းအစား အျပစ္ခံယူသည္ကို အသံုးျပဳထားပါသည္။
(ခ) အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းသည္ ဓမၼေဟာင္းက်မ္းတြင္ ေဖာ္ျပထားေသာ ပေရာဖက္ျပဳထားျခင္း သို႔မဟုတ္ တစ္ပါးအမ်ိဳးသားတို႔၏ ဒ႑ာရီပံုျပင္မ်ားမွ ယူလာျခင္းျဖစ္သည္ဟူေသာ ယူဆခ်က္ -
(၁) ဓမၼေဟာင္းက်မ္းမွ ပေရာဖက္ျပဳထားျခင္းကိုဒ႑ာရီပံုျပင္သဖြယ္ မွတ္ယူထားသူမ်ာအတြက္ အေျဖ-
(က) အဓိကေ၀ဖန္ခ်က္သည္ ေဟရွာယ ၇း၁၄တြင္ ပါေသာ အပ်ိဳကညာဟူေသာစကားမွာ "Almah" ျဖစ္ၿပီး၊ အိမ္ေထာင္မျပဳရေသးေသာမိန္းမငယ္ဟုေ၀ဖန္ၾကပါသည္။ ထိုစကားသည္ အပ်ိဳစင္ျဖစ္ရန္မလိုပါဟု ဆိုၾကသည္။ သို႔ရာတြင္ ဓမၼေဟာင္းက်မ္းတြင္ ဤစကားလံုးကို (၆)ႀကိမ္မွအသံုးျပဳခဲ့ၿပီး အပ်ိဳကညာဟူေသာအဓိပၸါယ္ ပင္ျဖစ္ပါသည္။ "Almah" ကိုမွားယြင္းမႈျပဳၿပီးေသာ အမ်ိဳးသမီး၌ မည္သည့္အခါမွ မသံုးခဲ့ပါ။ သို႔ရာတြင္ ခရစ္ေတာ္ ၾကြလာေသာကာလ၌ ထိုစကားသည္ ေမရွိယၾကြလာျခင္းႏွင့္ စပ္ဆိုင္မည္ဟု ယူဆသူဂ်ဴးလူမ်ိဳး၊ က်မ္းတတ္ပုဂၢိဳလ္မ်ား တစ္ဦးမွ်မရွိ ခဲ့ပါ။ "Almah"၏ အဓိပၸါယ္မွာ အိမ္ေထာင္မျပဳဘူးေသာ မိန္းမငယ္ကိုဆိုလိုသည္။
(၂) တစ္ပါးအမ်ိဳးသားတို႔၏ဒ႑ာရီပံုျပင္မွ ေမြးစားခဲ့ယူျခင္းအယူအဆမ်ား-
(က) ေရာမ၊ ေခါမႏွင့္ ဗာေဗလံုေရွးေဟာင္းဒ႑ာရီပံုျပင္မ်ားတြင္ သာမန္မဟုတ္ေသာ ထူးဆန္း သည့္ေမြးဖြားျခင္းအေျမာက္အျမားေတြ႔ႏိုင္ပါသည္။
(ခ) ေရွးဦးအသင္းေတာ္ေခါင္းေဆာင္ႀကီးမ်ားသည္ အပ်ိဳကညာ၀မ္းမွဖြားျမင္ေတာ္ျခင္းႏွင့္ ပတ္သက္၍ ေမးခြန္းထုတ္စရာရွိလွ်င္ တစ္ပါးအမ်ိဳးသားတို႔ကသာထုတ္ၾကရန္ခံယူထား သည္။ အေၾကာင္းမွာ ထိုသူတို႔၏ ဒ႑ာရီမ်ားတြင္ ထိုသို႔ေသာ ေမြးဖြားျခင္း မ်ားစြာရွိခဲ့ျခင္း ေၾကာင့္ျဖစ္ပါသည္။ နတ္ဘုရားႏွင့္ နတ္ဘုရားမတို႔ မွေမြးဖြားျခင္း။ ေရွးဦးအသင္းေတာ္ ေခါင္းေဆာင္မ်ားသည္ ထိုကဲ့သို႔ အရာမ်ားကိုလုပ္ဇာတ္ သက္သက္အျဖစ္လက္ခံထားပါ သည္။
(၁) Ceasar Augustus ကသာ ဘုရင္ၾသရတၱဳသည္ မိမိေမြးဖြားျခင္းႏွင့္ ပတ္သက္၍ အပိုလိုနတ္ဘုရားသည္ သူ၏ဖခင္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါသည္။
(၂) Alexander the Great သည္လည္း သူသည္ နတ္မင္း၏သားျဖစ္ေၾကာင္း၊ သူ၏ မိခင္သည္ေျမြႀကီးအသြင္ေဆာင္ေသာ နတ္မင္းႏွင့္အတူေနၿပီးေနာက္ဖြားျမင္ လာျခင္းျဖစ္ေၾကာင္း စသည္ျဖင့္ သတင္းျဖန္႔ခဲ့ပါသည္။
(ဂ) တပါးအမ်ိဳးသားတို႔၏ဒ႑ာရီပံုျပင္မ်ားသည္ သမိုင္းအေထာက္အထားခိုင္လံုမႈ မရွိပါ။ ဧ၀ံေဂလိတရားႏွင့္ စပ္ဆိုင္ေသာအျဖစ္အပ်က္မ်ားသည္ ပုဂၢိဳလ္၊ အခ်ိန္၊ အျဖစ္အပ်က္၊ ေနရာ၊ ရက္စြဲမွစ၍ အခ်က္အလက္အျပည့္အစံုရွိပါသည္။ လူတို႔၏ ဒ႑ာရီမ်ားသည္ မေရမရာျဖစ္သည္သာမက၊ ပံုစံမရွိ၊ အခ်ိန္မရွိေၾကာင္း ေတြ႔ရွိရပါသည္။
(ဃ) ဒ႑ာရီပံုျပင္မ်ားတြင္ ခရစ္ေတာ္၏ အပ်ိဳကညာ၀မ္းမွေမြးဖြားျခင္းႏွင့္ ႏိႈင္းျပႏိုင္ ေသာပံုျပင္၊ ႏိႈင္းယွဥ္ႏိုင္ေသာ ၀တၱဳမရွိပါ။ လူသားမ်ိဳးႏြယ္စုတစ္ရပ္လံုးအား အျပစ္မွကယ္တင္ရန္ ေလာကသို႔ အပ်ိဳကညာ၀မ္းမွေမြးဖြားျခင္းနည္းလမ္းကို ေရြးခ်ယ္ေသာဘုရားသခင္ကိုယ္ေတာ္တိုင္ႏွင့္ ၿပိဳင္ႏိႈင္းႏိုင္ေသာသူမရွိပါ။
(င) အေရွ႕တိုင္းမွလာေသာ ဒ႑ာရီမ်ားသည္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္း အေၾကာင္းလံုး၀မရွိပါ။
(စ) တပါးအမ်ိဳးသားတို႔၏ ပံုျပင္မ်ားသည္ ကနဦးခရစ္ယာန္မ်ားအတြက္ တီထြင္မႈ တရပ္သာျဖစ္ပါသည္။ ထို႔ေၾကာင့္က်မ္းစာေရးသူမ်ားသည္ ဒ႑ာရီပံုျပင္မ်ားထဲမွ ယူ၍ေရးသည္ဟုဆိုျခင္းမွာ ယုတၱိမရွိပါ။
၂။ ပေရာဖက္တို႔၏ႀကိဳတင္ေဟာေျပာခ်က္။
မွတ္ခ်က္။ ကနဦးအသင္းေတာ္လူႀကီးမ်ားႏွင့္ အသင္းေတာ္ယံုၾကည္ခ်က္ကိုခုခံကာကြယ္ သူ မ်ားသည္ ခရစ္ေတာ္၏ေမရွိယျဖစ္ျခင္းႏွင့္ အပ်ိဳကညာ၀မ္းမွေမြးဖြားျခင္းတို႔ကို ေဖာ္ထုတ္ရာတြင္ ေရွးပေရာဖက္တို႔၏ ႀကိဳတင္ေဟာေျပာခ်က္မ်ားကို အမွီျပဳခဲ့ၾကပါသည္။ ေ၀ဖန္သူမ်ားသည္ ဤနည္းလမ္းကို အျပင္းအထန္တိုက္ခိုက္ခဲ့ၾကလွ်က္ အပ်ိဳကညာ၀မ္းမွေမြးဖြားျခင္းသည္ ေနာက္မွ ထပ္ျဖည့္ျခင္းျဖစ္သည္ဟု ဆိုၾကပါသည္။ ကၽြႏ္ုပ္တို႔သည္ ပင္လွ်င္ ထိုပေရာဖက္တို႔၏ ႀကိဳတင္ေဟာ ေျပာခ်က္မ်ားႏွင့္ ပတ္သက္၍ ၀မ္းေျမာက္စြာအားထားေနရဦးမည္ျဖစ္ပါသည္။
(က) ကမၻာဦး ၃း၁၅။ သင္ႏွင့္ မိန္းမကို၄င္း၊ သင္၏အမ်ိဳးအႏြယ္ႏွင့္ မိန္းမ၏အမ်ိဳးအႏြယ္ကို ၄င္း၊ ငါသည္ရန္ၿငိဳးဖြဲ႔ေစမည္။ မိန္းမ၏အမ်ိဳးသည္စာတန္၏ေခါင္းကိုေခ်လွ်က္ ကၽြႏ္ုပ္တို႔ အတြက္ကယ္တင္ျခင္းကိုျဖစ္ေစမည္။
(ခ) ေဟရွာ ၇း၁၄။ “သတို႔သမီးကညာသည္ ပဋိသေႏၶစြဲယူ၍သားေယာက်္ားကို ဘြားျမင္ လတၱံ႕” ဤကတိေတာ္ကို “ဒါ၀ိဒ္အမ်ိဳးသား”တို႔အား ေပးထားပါသည္။ (ငယ္ ၁၃)။ ေမရွိယသခင္သည္ ဒါ၀ိဒ္မင္းမ်ိဳးမွျဖစ္ရမည္။ (၂ရာ ၂း၁၆၊ ေရာ ၁း၃)
(ဂ) ေဟရွာ ၉း ၆-၇ ။ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းႏွင့္ ခရစ္ေတာ္၏ဘုရားျဖစ္ျခင္းကို သန္႔ရွင္းေသာ၀ိညာဥ္ေတာ္သည္ မည္မွ်အေလးေပးေထားသည္ကို သတိျပဳသင့္ပါသည္။ “ငါတို႔အဘို႔ သူငယ္ေတာ္ကိုေပးေတာ္မူ၏၊ ငါတို႔အားသားကိုသနားေတာ္မူ၏” “သူငယ္ ေတာ္ေယ႐ႈဖြားျမင္သည္။ သို႔ေသာ္ေကာင္းကင္မွလာေသာသားေတာ္ျဖစ္ပါသည္။ ထိုနည္း တူ လု ၂း၁၁တြင္လည္း “ခရစ္ေတာ္တည္းဟူေသာကယ္တင္ေသာအရွင္သည္ သင္တို႔ အဘို႔အလို႔ငွာဖြားျမင္ျခင္းကိုခံေတာ္မူသည္။ သို႔ေသာ္ သခင္ခရစ္ေတာ္ၾကြလာေတာ္မူ သည္။
(ဃ) ေဟရွာ ၄၉း ၁-၅၊ ခရစ္ေတာ္ကိုအမိ၀မ္းထဲမွစ၍ ဖန္ဆင္းေတာ္မူလွ်က္ေခၚေတာ္မူသည္။ ခရစ္ေတာ္သည္ ေကာင္းကင္ႏိုင္ငံမွဆင္းသက္၍ မယ္ေတာ္မာရိ၏၀မ္း၌ ပဋိပေႏၶစြဲေတာ္ မူ၏။
(င) ေယာသပ္သားကား ေယ႐ႈဟု ဂရိက်မ္းစာထဲ၌ ေဖာ္ျပထားျခင္းမရွိ။
(စ) မ ၁း၂၂-၂၃ ထိုအေၾကာင္းအရာမူကား ထာ၀ရဘုရားသည္ ပေရာဖက္ျဖင့္ထားေတာ္မူ ေသာ ဗ်ာဒိတ္ေတာ္ျပည့္စံုမည့္အေၾကာင္းတည္း။
(ဆ) လု ၁း၃၅ “ထိုသန္႔ရွင္းေသာသားသည္လည္း ဘုရားသခင္၏သားေတာ္ဟုေခၚေ၀ၚ သမုတ္ ျခင္းကိုခံရလိမ့္မည္။
(ဇ) အပ်ိဳကညာ၀မ္းမွေမြးဖြားျခင္း အေတြးအေခၚ တည္ေဆာက္ရာတြင္ ခိုင္ခန္႔မႈရွိမည့္အ ေၾကာင္းကိုပေရာဖက္တို႔၏ေဟာေျပာခ်က္မ်ားကို ေနာက္ထပ္ ထပ္ျဖည့္သည္ဟု ေ၀ဖန္သူ မ်ားကေျပာထားပါသည္။ ထိုသူမ်ားအတြက္အေျဖမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။
(၁) တမန္ေတာ္တို႔၏ ယံုၾကည္ခ်က္ကိုမက်င့္သံုးမွီ ေအဒီ ၁၀၀ခန္႔ကေပၚခဲ့ေသာ ယံုၾကည္ခ်က္တြက္ “သန္႔ရွင္းေသာ၀ိညာဥ္ေတာ္ႏွင့္ မာရိတို႔မွ ေမြးဖြားေသာ” ဟုပါရွိပါသည္။
(၂) “ယံုၾကည္ျခင္းစည္းမ်ဥ္း”ေခၚ ဗတၱိဇံမဂၤလာမခံမီ ၀န္ခံရေသာ ယံုၾကည္ျခင္းတြင္ ပံုစံအမ်ိဳးမ်ိဳးကြဲျပားခဲ့ေသာ္လည္း အပ်ိဳကညာ၀မ္းမွေမြးဖြားျခင္းအေၾကာင္းကို သေဘာတူညီၾကပါသည္။
(၃) ေအဒီ ၁၀၀တြင္ အသင္းေတာ္သည္ ခရစ္ေတာ္၏ေသျခင္းျဖင့္ ကိုယ္ခႏၶာအား ျဖင့္ခြဲခြာၿပီးေနာက္ႏွစ္ေပါင္း (၇၀)သာရွိပါေသးသည္။ ဧ၀ံေဂလိတရားေတာ္မွတ္ တမ္းမ်ားလက္၀ယ္ေရာက္ရွိလာသည္မွာႏွစ္ေပါင္း (၃၀)မွ်ရွိေနၿပီးျဖစ္သည္။ သာသနာကို ဦးေဆာင္သူမ်ား တစ္ေယာက္ေနာက္တစ္ေယာက္ ေျပာင္းလဲ လာခဲ့ၿပီး ျဖစ္သည္။ အသင္းေတာ္မ်ားသည္ တစ္ပါးႏွင့္တစ္ပါး ဆက္သြယ္မိ ၿပီး ျဖစ္သည္။ အသင္းေတာ္တိုင္းသည္ ယံုၾကည္ခ်က္အားျဖင့္ သန္႔ရွင္းတည္တန္႔ ေရးႏွင့္ တမန္ေတာ္တို႔၏ ၾသဇာတည္ၿမဲေရးကို လိုလားေနၾကပါသည္။ တမန္ ေတာ္ႀကီးရွင္ေယာဟန္သည္ ဤေခတ္ကာလ တေလွ်ာက္လံုး အသက္ ရွင္ လ်က္ပင္ရွိေနပါသည္။ ထို႔ေၾကာင့္ထိုေခတ္တြင္ အေျခအျမစ္ မရွိေသာ အယူ အဆ တစ္ခုကို အသင္းေတာ္သို႔သြတ္သြင္းရန္မျဖစ္ႏိုင္၊ အပ်ိဳကညာ ၀မ္းမွ ေမြးဖြားျခင္းကို ေနာက္မွသြတ္သြင္းျခင္းမျဖစ္ႏိုင္။ ယုဒခရစ္ယာန္ဂိုဏ္းမ်ား ျဖစ္ ေသာ Eblorites မ်ားႏွင့္ Gnostics မ်ားမွတစ္ပါး အျခားခရစ္ယာန္ အသင္း ေတာ္မ်ားက လက္ခံထားသည္ကိုေထာက္လွ်င္ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္း သည္ ခိုင္မာေသာ အေထာက္အထားရွိသည္ဟု ယူဆလက္ခံရမည္ ျဖစ္ပါသည္။
၃။ ကမၻာမတည္မရွိမွီတည္ရွိေတာ္မူျခင္း။
ခရစ္ေတာ္သည္ အပ်ိဳကညာ၀မ္းမွေမြးဖြားျခင္း ခံေတာ္မူခဲ့ေၾကာင္းအခိုင္ခန္႔ဆံုးေသာ အေထာက္အထားမွာ ကမၻာမတည္မရွိမွီ တည္ရွိေတာ္မူျခင္းျဖစ္ပါသည္။
က။ မိကၡာ ၅း၂၊ ထိုသခင္သည္ ေရွးကပ္ကမၻာမွစ၍ ေပၚထြန္းေသာ သခင္ျဖစ္၏။
ခ။ ေဟၿဗဲ ၁၀း၅-၉ အိုဘုရားသခင္ ကိုယ္ေတာ္သည္ ယဇ္ႏွင့္ ပူေဇာ္သကၠာ ကို အလိုေတာ္ မရွိသည္ျဖစ္၍၊ အကၽြႏ္ုပ္တို႔အဘို႔ ကိုယ္ခႏၶာကိုျပင္ဆင္ေတာ္မူၿပီ။
ဂ။ ေယာ ၁၇း၅ “အိုအဘ၊ ဤကမၻာမတည္မရွိမွီ အထံေတာ္၌ အကၽြႏ္ုပ္ခံစားေသာ ဘုန္းအသေရ”
ဃ။ ေယာ ၁း၁၂-၁၄ ”အစအဦး၌ ႏႈတ္ကပတ္ေတာ္ရွိ၏။ ႏႈတ္ကပတ္ေတာ္သည္လည္း လူ႔ဇာတိအျဖစ္ကိုခံယူ၍”
င။ ေယာ ၈း၅၇-၅၉ “အာၿဗံဟံမျဖစ္မွီငါျဖစ္၏”
စ။ ေကာ ၁း၁၇။ “သားေတာ္သည္ ခပ္သိမ္းေသာအရာမျဖစ္မွီျဖစ္ေတာ္မူ၍။
ဆ။ ဖိ ၂း၅-၈ “ထိုသခင္သည္ ဘုရားသခင္၏သ႑ာန္ေတာ္ႏွင့္ ျပည့္စံုေတာ္မူသည္ျဖစ္၍ လူကဲ့သို႔ေသာအျဖစ္၌ ဖြားျမင္ျခင္းကို ခံေတာ္မူ၏။
ဇ။ ၾကြလာေတာ္မူျခင္း။ ကမၻာေပၚတြင္ ဘာသာတရားေျမာက္မ်ားစြာရွိသည္အနက္ ထိုဘာသာတို႔ကိုေခါင္းေဆာင္တည္ေထာင္ၾကေသာ သူတို႔အထဲတြင္ ငါသည္ ဘုရားသခင္ ျဖစ္၍ လူတို႔ကို အျပစ္မွကယ္တင္ျခင္းငွာ ငါလာသည္ဟု ဆိုေသာ ပုဂိၢဳလ္မွာ ခရစ္ေတာ္ တစ္ပါးတည္းသာရွိပါသည္။
၁။ ေဟၿဗဲ ၁၀း၇-၉ “ခရစ္ေတာ္သည္ ဤေလာကသို႔ ၾကြလာေသာအခါ”
၂။ ေယာ ၁း၁၁ “သူသည္ မိမိလူတို႔ထံသို႔ၾကြလာေသာ္လည္း”
၃။ မာ ၁၉း၄၅ “မိမိအသက္ကိုစြန္႔၍ လူမ်ားကိုေရြးျခင္းငွာ ၾကြလာသတည္း”
၄။ ၁တိ ၁း၁၅ “ေယ႐ႈခရစ္သည္ အျပစ္ရွိေသာသူတို႔ကို ကယ္တင္ျခင္းငွာ ဤ ေလာကသို႔ၾကြလာေတာ္မူသည္”
၅။ ေယာ ၁၈း၃၇။ “သမၼာတရားဘက္၌ သက္ေသခံျခင္းငွာ ငါသည္ ေမြးဖြာျခင္းကို ခံ၍ ဤေလာကသို႔ႂကြလာၿပီ”
၆။ ေယာ ၆း၃၈-၅၁ “ငါသည္ေကာင္းကင္မွဆင္းသက္” ခရစ္ေတာ္သည္ လူတို႔ကို အျပစ္မွကယ္တင္ရန္မိမိစိတ္ဆႏၵအေလ်ာက္ ႂကြလာေတာ္မူျခင္းျဖစ္ပါသည္။ ဤေဆာင္ ရြက္ေတာ္မူျခင္းသည္ မိမိသေဘာ၊ မိမိစိတ္ဆႏၵ သက္သက္သာ ျဖစ္ပါသည္။ H.C.G MOULE
စ်။ ကိုယ္ေတာ္ကိုေစလႊတ္ေတာ္မူသည္
ခရစ္ေတာ္အား အဘခမည္းေတာ္သည္ ေကာင္းကင္မွေစလႊတ္ေတာ္မူ၍ ႂကြလာ ေတာ္မူ ျခင္းျဖစ္ပါသည္။
၁။ ဂလာ ၄း၄-၅ “အခ်ိန္ကာလေစ့ေသာအခါ သားေတာ္ကိုဘုရားသခင္သည္ ေစလႊတ္ေတာ္မူ၏။
၂။ ေယာ ၃း၁၇ “ေလာကီသားတို႔သည္ ကိုယ္ေတာ္အားျဖင့္ ကယ္တင္ျခင္းသို႔ ေရာက္မည္အေၾကာင္း (ဘုရားသခင္သည္ သားေတာ္ကို ဤေလာကသို႔) ေစလႊတ္ေတာ္မူ၏။
၃။ ၁ေယာ ၄း၁၄ “ေလာကီသားတို႔ကိုကယ္တင္ေသာ သခင္ျဖစ္ေစျခင္းငွာ၊ ခမည္း ေတာ္သည္ သားေတာ္ကို ေစလႊတ္ေတာ္မူသည္”
၄။ ေယာ ၂၀း၂၁ “ခမည္းေတာ္သည္ ငါ့ကိုေစလႊတ္ေတာ္မူသည္နည္းတူ၊ သင္တို႔ကို ငါေစလႊတ္သည္”
မွတ္ခ်က္။ ။ ဘုရားျဖစ္ျခင္းကိုလုပ္ယူ၍ေသာ္လည္းေကာင္း၊ ဖ်က္သိမ္း၍ေသာ္ လည္းေကာင္း၊ မျပဳလုပ္ႏိုင္။ ခရစ္ေတာ္သည္ ယခုတြင္ ဘုရားျဖစ္ ေနပါလွ်င္ ဘုရားအစဥ္ျဖစ္ေနပါသည္။ ခရစ္ေတာ္သည္ လူသား အျဖစ္ဖြားျမင္ေတာ္မူျခင္းသည္ သူ႔ဘ၀အစျပဳျခင္းမဟုတ္။ လူ႔ဘ၀ သို႔၀င္ေရာက္ျခင္းသက္သက္သာျဖစ္သည္။ Dr. James orr
မွတ္ခ်က္။ ခရစ္ေတာ္ဘုရားျဖစ္ျခင္းႏွင့္ ကမၻာမတည္မရွိၽမွီ တည္ရွိေတာ္မူျခင္း အတြက္ထူးဆန္းေသာဖြားျမင္ျခင္းလိုအပ္ပါသည္။ သို႔တည္းမဟုတ္ သူသည္အျပစ္၌ သေႏၶတည္၍ အျခားလူသားမ်ားကဲ့သို႔ ပ်က္စီး ေစတတ္ေသာ ပုဂၢိဳလ္ျဖစ္လ်က္၊ ဘုရားျဖစ္ျခင္း၌ ဆက္လက္ရပ္ တည္ႏိုင္မည္ မဟုတ္ေပ။
၄။ သက္ေသမ်ား
ခရစ္ေတာ္သည္အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္းခံေတာ္မူေၾကာင္းေနာက္ထပ္ အေထာက္အထားႏွင့္ ေနာက္ဆံုးသက္ေသမ်ားကို ေအာက္ပါအတိုင္း စာရင္းျပဳ ႏိုင္ပါသည္။
က။ အကယ္၍ မာရိသည္ အက်င့္ပ်က္ျပားသူျဖစ္ခဲ့ပါလွ်င္၊ သူမအား ေသဒဏ္စီရင္ၿပီးျဖစ္ပါလိမ့္မည္။ (မႆဲ ၁း၁၉)
ခ။ မာရိႏွင့္ ေယာသပ္ႏွစ္ဦးလံုးသည္ ဒါ၀ိဒ္မင္းမ်ိဳးမင္းႏြယ္မ်ားျဖစ္ၾကပါ သည္။ အကယ္၍ ခရစ္ေတာ္သည္ ေယာသပ္အားျဖင့္ဖြားျမင္ခဲ့ပါလွ်င္ ေယေခါနိအားဘုရားသခင္ျပဳေတာ္မူေသာ က်ိန္ျခင္းအမဂၤလာရွိ၍ မည္သည့္နည္းႏွင့္မွ် ေမရိွယျဖစ္လာမည္မဟုတ္ပါ။ (မႆဲ ၁း၁၁ႏွင့္ ေယရမိ ၂၂း၂၄-၃၀)ယွဥ္ၾကည့္ပါ။
ဂ။ ခရစ္ေတာ္၏အျပစ္ကင္းမဲ့ေသာ အသက္တာ၊ သမာ႐ိုးက်မဟုတ္ ေသာ ေသျခင္း၊ ေသျခင္းမွရွင္ျပန္ထေျမာက္ျခင္း၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ဆင္းသက္လာျခင္း၊ ေနာက္ထပ္တဖန္ႂကြလာေတာ္မူ မည္ျဖစ္ေၾကာင္း ကတိေတာ္မ်ားသည္ ဓမၼသစ္က်မ္းစာကိုေရးေသာ ပုဂၢိဳလ္မ်ားအား ခရစ္ေတာ္သည္ဘုရားစစ္စစ္ျဖစ္သည္ပါ အျပည့္အ၀ လက္ခံယံုၾကည္ေစပါသည္။
ဃ။ ကနဦးအသင္းေတာ္မွ စာေရးသူမ်ား၊ ယံုၾကည္ခ်က္ကို ကာကြယ္သူ မ်ား (ပဌမႏွင့္ ဒုတိယရာစု) ဥပမာ Ignatius 110AD, Aristides 125AD, Justin Martyr, Iransus 175AD, Tertulliam 180 AD. တို႔ သည္ ခရစ္ေတာ္အပ်ိဳကညာ၀မ္းမွ ဖြားျမင္ျခင္းသည္အသင္းေတာ္ ၏ အေျခခံယံုၾကည္ခ်က္ျဖစ္ေၾကာင္း ေရးသားမွတ္တမ္းတင္ၾကပါ သည္။
င။ ရွင္မႆဲႏွင့္ ရွင္လုကာ၀မ္းေျမာက္ဘြယ္ဧ၀ံေဂလိက်မ္းမ်ားသည္ တမန္ေတာ္ေခတ္တြင္ေရးသားေသာ စာေပမ်ား အစစ္အမွန္ျဖစ္ လ်က္၊ ကၽြႏ္ုပ္တို႔လက္ထဲသို႔အေရာအေႏွာမရွိေရာက္ရွိလာျခင္းျဖစ္ပါ သည္။
၅။ နိဂံုး
အသင္းေတာ္အားရာစုေပါင္းမ်ားစြာ အထင္အျမင္မွားၾကမည္ဆိုပါက ထိုအထင္မွားမႈသည္ အႀကီး မားဆံုးႏွင့္ အက်ယ္ျပန္႔ဆံုး အစဥ္သျဖင့္ တိုက္ခိုက္မႈႀကီးျဖစ္ေနပါမည္။ ေ၀ဖန္ေရးသမားမ်ား မေက်ာ္ လႊားႏိုင္ေသာ အခ်က္ႏွစ္ခ်က္ရွိပါသည္။
(၁) အပ်ိဳကညာ၀မ္းမွ ေမြးဖြားေတာ္မူျခင္းသည္ ခိုင္လံုေသာအေထာက္အထားမရွိပါလွ်င္ အဘယ္ေၾကာင့္ ကနဦးအသင္းေတာ္၌ပင္ ထိုအေတြးအေခၚသည္ ေပၚေပါက္ေနပါသနည္း။
(၂) အပ်ိဳကညာ၀မ္းမွ ေမြးဖြားေတာ္မူေၾကာင္းေဖာ္ျပခ်က္သည္ သမိုင္းအေထာက္အထားမရွိ ပါလွ်က္ အဘယ္ေၾကာင့္ ထိုအယူအဆသည္ ေစာေစာကပင္ရွိေနၿပီး လူတိုင္းတို႔ကလက္ခံၾကပါ သည္။
ဤေလာကတြင္ အျပစ္ဟူေသာအရာသည္ ရွိသည္မွန္လွ်င္၊ အျပစ္မွကယ္ခၽြတ္ပိုင္ေသာ၊ အျပစ္မရွိ သည့္ဘုရားရွိေနရန္လိုအပ္ပါမည္။ ထိုလိုအပ္ခ်က္အတြက္ တစ္ခုတည္းေသာျဖစ္ႏိုင္သည့္အရာ သည္ ေရွးသန္႔ရွင္းသူမ်ားလက္ခံယံုၾကည္ၾကသည္ႏွင့္အညီ ကိုယ္ေတာ္သည္ သန္႔ရွင္းေသာ၀ိညာဥ္ ေတာ္အားျဖင့္ သေႏၶတည္လ်က္ အပ်ိဳကညာမာရိ၏၀မ္းမွဖြားျမင္ျခင္းကိုခံေတာ္မူသည္”ဟူေသာ အခ်က္သာျဖစ္ပါသည္။ W.H Griffith Thomas.
ဟာေလလုယ၊ ထူးျမတ္ေသာကယ္တင္ရွင္
မွတ္ခ်က္။ အမွန္ေမးရမည့္ေမးခြန္းမွာ “ခရစ္ေတာ္ကို သင္သည္ မည္သို႔ယူဆထားပါသနည္း” အေျဖသည္ ခရစ္ေတာ္အေၾကာင္းကို ႏိႈက္ႏိႈက္ခၽြတ္ခၽြတ္ေလ့လာႏိုင္မႈအေပၚမူတည္ျခင္းမရွိ၊ သင္၏တံု႔ျပန္မႈႏွင့္ သင္စိတ္နွလံုးအသစ္ ဖန္ဆင္းျခင္း ရွိမရွိေပၚတြင္သာ မူတည္ေနပါသည္။
အကယ္၍ သင္သည္ ကိုယ္ေတာ္အား မိမိ၏ကယ္တင္ပိုင္ရွင္ႏွင့္ အရွင္သခင္အျဖစ္လက္ခံျခင္း မျပဳရေသးလွ်င္ ယခုအခ်ိန္သည္ လက္ခံရမည့္အခ်ိန္ျဖစ္ပါသည္။ အခါမေႏွာင္းမွီလက္ခံပါ။
ေမးခြန္းမ်ား
၁။ အပ်ဳိကညာ ၀မ္းမွ ေမြးဖြားေတာ္မူျခင္းကိုေလ့လာရျခင္းသည္ အဘယ္ေၾကာင့္ အေရးႀကီးဆံုး ျဖစ္ပါသနည္း။ အေၾကာင္းျပခ်က္(၃) ခ်က္ေဖၚျပပါ။
က။
ခ။
ဂ။
၂။ အပ်ဳိကညာ ၀မ္းမွ ေမြးဖြားေတာ္မူျခင္း အယူအဆကိုဆန္႔က်င္ေသာ အေျခခံေ၀ဖန္ခ်က္(၂)ခ်က္ကား အဘယ္သို႔နည္း။
က။
ခ။
၃။ အပ်ဳိကညာ ၀မ္းမွ ေမြးဖြားေတာ္မူျခင္းသည္ အသင္းေတာ္၏လွ်ဳိ႕၀ွက္ခ်က္မဟုတ္ေၾကာင္း၊ မည္သည့္က်မ္းခ်က္မ်ားက ေထာက္ျပပါသနည္း။
က။
ခ။
ဂ။
ဃ။
၄။ ေအာက္ေဖၚျပပါ ပုဂၢိဳလ္မ်ားသည္ ခရစ္ေတာ္အပ်ဳိကညာမွ ေမြးဖြားျခင္း ခံေတာ္မူျခင္းႏွင့္ပတ္သက္၍ ေရငံုႏႈတ္ပိတ္ေနျခင္းႏွင့္ပတ္သက္၍ ခိုင္မာေသာအေထာက္အထားကိုေဖၚျပပါ။
က။ ႐ွင္မာကု။
ခ။ ႐ွင္ေယာဟန္။
ဂ။ ႐ွင္ေပါလု။
၅။ အပ်ဳိကညာ ၀မ္းမွ ေမြးဖြားေတာ္မူျခင္း အယူအဆသည္ ဓမၼေဟာင္းေခတ္ ပေရာဖက္မ်ား၏ ႀကိဳတင္ ေဟာေျပာခ်က္မ်ား ကိုလိုက္၍ ေမြးစားျခင္းသာျဖစ္သည္ ဟူေသာ အယူအဆကိုလည္း မည္သို႔ ေခ်ပမည္နည္း။
၆။ အပ်ဳိကညာ ၀မ္းမွ ေမြးဖြားေတာ္မူျခင္း အယူအဆသည္ တပါးအမ်ဳိးသားမ်ား၏ဒ႑ာရီပံုျပင္မ်ားထဲမွ ကူးခ်ျခင္း ျဖစ္သည္ဟူေသာ စြတ္စြဲခ်က္ မခိုင္လံုေၾကာင္းႏွင့္ မိုက္မဲရာက်ေၾကာင္း ျငင္းဆိုခ်က္ (၄) ခ်က္ကိုေဖၚျပပါ။
က။
ခ။
ဂ။
ဃ။
၇။ အပ်ဳိကညာ ၀မ္းမွ ေမြးဖြားေတာ္မူေၾကာင္း အေထာက္အထားျပရန္ အဘယ္ေၾကာင့္ပေရာဖက္တို႔၏ေဟာ ေျပာခ်က္မ်ားကိုအားထားရပါသနည္း။
၈။ အဆိုခိုင္မာေစရန္အတြက္ ပေရာဖက္မ်ား၏ၾကိဳတင္ေဟာေျပာခ်က္မ်ားကို ေနာက္မွထပ္ျဖည့္ျခင္း မဟုတ္ေၾကာင္း အေထာက္အထား(၃) ခုေဖၚျပပါ။
က။
ခ။
ဂ။
၉။ ခရစ္ေတာ္သည္ ကမ ၻာ မတည္မ႐ွိမီ ႐ွိႏွင့္ေတာ္မူေၾကာင္း အေထာက္အထား က်မ္းခ်က္အနည္းဆံုး(၄) ခ်က္ ကိုေဖၚျပပါ။
က။
ခ။
ဂ။
ဃ။
၁၀။ ခရစ္ေတာ္သည္ မိမိလူမ်ဳိး မိမိလူတို႔ထံသို႔ မိမိဆႏၵ အလိုေတာ္ႏွင့္အညီ ႀကြလာေတာ္မူေၾကာင္း အေထာက္အထား က်မ္းခ်က္ (၄) ခ်က္ကိုေဖၚျပပါ။
က။
ခ။
ဂ။
ဃ။
၁၁။ ခမည္းေတာ္ဘုရားသခင္သည္ ကိုယ္ေတာ္အား ဤေလာကသို႔ေစလႊတ္ေတာ္မူေၾကာင္း အေထာက္အထားက်မ္းပိုဒ္ (၃)ပိုဒ္ကိုေဖာ္ျပပါ။
က။
ခ။
ဂ။
၁၂။ ခရစ္ေတာ္ကမၻာမတည္မရွိမွီရွိေနေတာ္မူျခင္းႏွင့္ ဘုရားျဖစ္ေတာ္မူျခင္းေၾကာင့္ ခရစ္ေတာ္အတြက္ ထူးျခားေသာ ေမြးဖြားျခင္းအဘယ္ေၾကာင့္လိုအပ္ပါသနည္း။
၁၃။ ခရစ္ေတာ္ႏွင့္ ပတ္သက္၍ ေျပာႏိုင္ပါလ်က္ အျခားေသာဘာသာေရးေဖာ္ထုတ္သူမ်ားႏွင့္ ပတ္သက္၍ မေျပာႏိုင္ေသာအရာသည္ မည္သည့္အရာနည္း။
၁၄။ အပ်ိဳကညာ၀မ္းမွ ေမြးဖြားျခင္း၏ ေနာက္ဆံုးသက္ေသႏွင့္ အေထာက္အထားမ်ားအနက္ (၄)ခုကို ေဖာ္ျပပါ။
က။
ခ။
ဂ။
၁၅။ အပ်ိဳကညာ၀မ္းမွ ေမြးဖြားေတာ္မူျခင္းႏွင့္ ပတ္သက္၍ သင္၏စိတ္ခ်စြာခံစားမႈေဖာ္က်ဴးေသာ စာပိုဒ္တစ္ပိုဒ္ေရးပါ။
အမည္ _____________________________
လိပ္စာ ______________________________
ေန႔စြဲ _______________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
မွတ္ခ်က္။ စာေပးစာယူ၊ အေ၀းသင္ဒီပလိုမာက်မ္းစာသင္ခန္းစာမ်ား (အခန္း ၁၄) ျဖစ္ပါသည္။
Part 3 (12 MB, until lesson 36) Bible Study (Piper) - received from Saya Aung Naing
http://www.mediafire.com/download.php?p2zfdh4gcf7b47e
http://www.murann.com/ezine/index.php?option=com_content&view=article&id=1523:--6---&catid=9:bible-study&Itemid=10 မွ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment