အစ္စရေး၊အာရပ်၊အိုဘားမား-မြန်မာ (Religious Knowledge)
Unicode & Zawgyi Reshare-#9Dan
အခုရေးမဲ့ အာရပ်နဲ့အစ္စရေး အရေးအခင်းဆိုတာ လူမျိုးရေးပါ။ နောက်ပိုင်းမှာ ဘုရားတစ်ဆူတည်းကို လူမျိုး၂ခုက သူတို့ခံယူချက်တွေနဲ့ဆက်စပ်ပြီး ဂျူးနဲ့ခရစ်ယာန်များက တဖက်၊ မူဆလင်များကတဖက် ရာဇဝင်တွင်အောင် ပြသနာဖြစ်နေခဲ့တာ အခုမှမဟုတ်ပါ။ မြန်မာပြည်ဟာ နတ်ကိုးကွယ်တဲ့လူမျိုးများနေထိုင်ခဲ့ရက ခရစ်သက္ကရာဇ် ၉၀၀လောက်မှာ ဗုဒ္ဓဘာသာရောက်ရှိလာ တဲ့နိုင်ငံဖြစ်ပြီး၊ AD 1500 လောက်မှာ မူဆလင်၊ ခရစ်ယန်၊ဂျူးများ ဘာသာဝင်များ လာရောက်အခြေချခဲ့ပါတယ်။ အထူးသဖြင့် မူလဘာသာမရှိတဲ့ ဘာသာမဲ့သူများ၊ တောင်ပေါ်သားများ၊ နတ်ကိုးကွယ်သူများဟာ ဗုဒ္ဓ၊ ခရစ်ယန်၊ မူဆလင် စတဲ့ဘာသာဝင်များဖြစ်လာပါတယ်။ အခုချိန်မှာတော့ Free Thinker ဆိုတဲ့ ဘာသာမဲ့ (သိုမဟုတ်) ဘာသာစုံ လူတန်းစားတစ်ခုလည်း အဟုန်ပြင်းစွာနဲ့ ပေါ်ထွက်နေပါတယ်။
မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာများနဲ့ သဟာဇာတဖြစ်အောင် နေထိုင်တတ်ဖို့ အာရပ်၊အစ္စရေး စာတန်းတခုဖတ်မိရင်း စကားချပ်၊ မြန်မာပြည်ကြောင်းအနည်းငယ်ဖေါ်ပြခြင်းလိုပါတယ်။ 2012, 2013 တွေမှာ ဗုဒ္ဓဘာသာနဲ့မူဆလင် အဓိကရုန်းတွေ၊ လူမျိုးရေးနဲ့ဘာသာရေး ၂ခုရှုပ်ထွေးဖြစ်ပျက်နေတော့ စိတ်မကောင်းစရာများဖြစ်ရပါတယ်။ အပြစ်မဲ့သူများစွာ အသက်၊ အိုးအိမ်၊ စည်းစိမ် ပျက်စီးရပါတယ်။ ဆုတောင်းပေးဖို့ အများကြီးလိုပါတယ်။ မြန်မာပြည် စစ်အာဏာရှင်စနစ်မှာတုံးကို အစာရှောင်ဆုတောင်းတာမျိုးတွေ အဆက်မပြတ်ဖို့လိုပါတယ်။ ဒီမိုကရေစီဆိုတာ ရဖို့လွယ်ပါတယ်။ ဆက်ထိန်းထားဖို့ အဆက်မပြတ်ဆုတောင်းပေးသူများ လိုနေဆဲဖြစ်ပါတယ်။ မြန်မာ လူမျိုးစုအချင်းချင်း ကူညီယိုင်းပင်းမှုကနေ၊ သာယာဝပြောတဲ့နိုင်ငံအဖြစ်ကို နေဟမိကျမ်းစာ အတိုင်း နမူနာပြု၊ လုပ်ဆောင်ရပါမယ်။ မြန်မာပြည်မှာလည်း အာရပ်၊အစ္စရေး ၂ခုနဲ့နွယ်တဲ့ မူဆလင်၊ ခရစ်ယာန် ဘာသာကိုးကွယ်သူ လူနည်းစုရှိပါတယ်။
DENMISION FORUM မှာ Why Israel Matter ဆိုတဲ့စာတန်းတခုကို အကျဉ်းချုပ်ရေးပါမယ်။ စာမျက်နှာ ၁၉ခုပဲရှိပါတယ်။ ပြုစုသူ Jame C. Denison ဖြစ်ပြီး၊ အမေရိကန်နိုင်ငံသား အမေရိကန်များဂျူးကို ဘာကြောင့်ထောက်ခံရသလဲ ဆိုတဲ့အမြင်ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁% တောင်မရှိတဲ့ ဂျူးလူမျိုး ၁၃.၇၅ သန်းမှာ ၅.၄၆သန်ဟာ အမေရိကန်မှာနေထိုင်ကြောင်း၊ အမေရိကန်က နှစ်စဉ် ဒေါ်လာ ၃.၁ ဘီလျှံ အစ္စရေးကို ကူညီပေးနေကြောင်း၊ သမိုင်းကိုကြည့်ရင် လွန်ခဲ့တဲ့ နှစ်၅၀၀၀ လောက်ကတည်းက အေဗရာဟမ် ရဲ့သား၂ယောက်၊ Isacc and Ishmael ကနေ ဂျူးလူမျိုးနဲ့အာရပ်လူမျိုးတို့ဖြစ်လာကြောင်း၊ ခရစ်ယန်ကျမ်းစာအုပ်မှာ အေဗရာဟမ်ရဲ့ ဇနီး Sarai မွေးတဲ့ Isacc ရဲ့အမျိုးတွေကို ဘုရားရဲ့လူမျိုး အစ္စရေးလို့ခေါ်ကြောင်း၊ အေဗရာဟမ်ရဲ့ဇနီးငယ်(Maid – Haga) မွေးတဲ့ Ishmael ရဲ့အမျိုးတွေ အာရပ်လူမျိုးဖြစ်လာကြောင်း၊ အာရပ်လူမျိုးများကိုလည်း လူမျိုးကြီးဖြစ်စေမယ်လို့ အာရပ်တွေရဲ့ ကိုရမ်ကျမ်းစာမှာ Ishmeal ရဲ့အမျိုး အာရပ်တွေဟာ ဘုရားရဲ့အမျိုးဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ အစ္စရေးလူမျိုးများရဲ့ ရာဇဝင်ကို စာတန်းမှာ ဘုရင်အဆက်ဆက်၊ ဒါဝိပ်၊ဆော်လမွန်၊ ယေရုဆလင်ဗိမာန်တော်နဲ့အတူ အစ္စရေးတွေရဲ့ဘူမိနက်သန် ယေရုဆလင်မြို့နယ်မြေကို အင်ပါယာများစွာ သိမ်းပိုက်ခံခဲ့ရပုံ၊ Assyrian (now Syria BC722), Babylonian (now Iraq BC586), Persian (Iran), Greek, Roman (Italian) တို့ဖြစ်ပြီး ဂျူးလူမျိုးများဟာ ရောမအင်ပါယာ Roman လက်ထက် ပုန်ကန်မှုကြောင့် ၃ကြိမ် AD66, AD70, AD132 မှာ အပြီးနှိမ်နင်းခံရပြီး ဂျူးလူမျိုးများ ကမ္ဘာအရပ်ရပ်ကို လွင့်ပြေး၊ထွက်ခွာသွားရပါတယ်။ သူတို့နေရာကို ပါလစတိုင်းလူမျိုးများ နေရာယူခဲ့ပါတယ်။ အဲဒီအချိန်က ဂျူးလူမျိုးဖြစ်တဲ့ ယေရှု Jesus ကို ကားတိုင်တင်သတ်ဖြတ်ပြီး၊ ယေရှုဟာ လူသားအဖြစ် ကြွလာတယ်လို့ ယုံကြည်တဲ့ ခရစ်ယာန်ဘာသာအစပြုခဲ့တယ်။
နောက်ပိုင်းမှာ ခရူးဆိတ်စစ်ပွဲ AD1059-1291 နောက်ပိုင်း၊ အီဂျစ်လူမျိုးများက ယေရုဆလင်နယ်မြေကို သိမ်းပိုက်ခဲ့တယ်။ AD1517 မှာ တူရကီအောတိုမန်အင်ပါယာက သိမ်းပိုက်ခဲ့ပြီး၊ AD1917 မှာ အင်္ဂလိပ်အင်ပါယာမှ နောက်ဆုံးသိမ်းပိုက်ခဲ့ပါတယ်။ အင်္ဂလိပ်များဟာ ဒုတိယကမ္ဘာစစ်အပြီး အစ္စရေးနိုင်ငံကို ထူထောင်ပေးခဲ့တယ်။ ယေရုဆလင်မြို့ကို ၂ပိုင်းခွဲပြီး ပါလစတိုင်းနဲ့အစ္စရေး နယ်မြေသတ်မှတ်ပေးခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နဲ့ အစ္စရေး၊ ပါလက်စတိုင်း ၂နိုင်ငံထူထောင်ပေးခဲ့ပေမဲ့ မကြေနပ်မှုများကြောင်း အာရပ်-အစ္စရေး စစ်ပွဲကြီး၄ခုဖြစ်ခဲ့ရတယ်။ 1948, 1956, 1967, 1973 စစ်ပွဲများအားလုံးမှာ အစ္စရေးနိုင်ငံပဲအနိုင်ရရှိခဲ့ပြီး နောက်ဆုံး ယေရုဆလင်မြို့ကို အပြီးပိုင်သိမ်းပိုက်လိုက်ပါတယ်။ ပါလစတိုင်းလူမျိုးများ နိုင်ငံပျောက်ခဲ့ပြီး၊ အိမ်နီခြင်း လက်ဘနွန်နိုင်ငံအခြေစိုက် ပြန်လည်တိုက်ခိုက်မှုများလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ 1973 အာရပ်-အစ္စရေးစစ်ပွဲကြီးအပြီးမှာ အစ္စရေးဟာ အင်အားအကြီးဆုံး အီဂျစ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးလုပ်နိုင်ခဲ့ပါတယ်။ အမေရိကားဟာ အစ္စရေးကို ထောက်ခံတဲ့အတွက် အာရပ်စစ်သွေးကြွသူများက စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အခြေခံအဆောက်အဦး (၃)ခုကို 9/11 လေယာဉ်အပိုင်စီးတိုက်ခိုက်ခဲ့တာ စီးပွားရေးအဆောက်အဦး World Trade Center ၂ခု ပြိုလဲပျက်စီးပြီး၊ လူ၅ထောင်ကျော်သေဆုံးခဲ့ပါတယ်။ အခြားအဆောက်အဦး၂ခု စစ်ရေး(ပင်တဂွန်) နဲ့ နိုင်ငံရေး (အိမ်ဖြူတော်)ကို တိုက်ခိုက်တဲ့ အပိုင်စီးလေယာဉ်များကို ပစ်ချကာကွယ်နိုင်ခဲ့ပါတယ်။ အကြမ်းဖက်မှုများစွာ အထူးသဖြင့် အသေခံဗုံးခွဲတိုက်ခိုက်ခြင်းများစွာ ဖြစ်လာခဲ့တယ်။ အမေရိကန်ကလည်း အင်အားသုံးခြေမှုန်းတဲ့ အာဖကန်၊ အီရက်စစ်ပွဲများ ဆင်နွဲပြီး နိုင်ငံ စီးပွာကပ်များဖြစ်နေပါတယ်။ မုန်တိုင်း၊ ဟာရီကိန်း၊ ငလျှင်၊ ဆူနာမီး၊ အစာငတ်မွတ်ခေါင်းပါးခြင်း၊ စီးပွားကပ်ကြီးများ ၁၉၊ ၂၀ ရာစုများမှာ မကြုံစဖူး လူများ သန်းပေါင်း ရာနဲ့ချီပြီး သေဆုံးပျက်စီးခဲ့ပါတယ်။ ယေရှုကိုးကွယ်ယုံကြည်မှုအတွက် အသေသတ်ခံရသူများလည်း ဒီရာစုနှစ်၂ခုမှာ လူသန်းပေါင်း ၇၀လောက်ရှိပါတယ်။ အခု ၂၁ရာစုဟာ နောက်ဆုံးသောကာလများလား..လို့ ပုစ္ဆာ ဖြစ်လာပါတယ်။
လက်ရှိအရှေ့အလယ်ပိုင်းဒေသအခြေအနေကြည့်ရင် အီဂျစ်အခြေအနေ Eqypt “Brotherhood Party”, Palestinian Fatah & Hamas, Lebanon Hezbollah, Iran Nuclear power? များကို သုံးသပ်ထားပြီး နောက်ဆုံး သမ္မာကျမ်းများနဲ့ဗျာဒိတ်ကျမ်း Revelation ကိုမှီးငြိမ်းပြီး နောက်ဆုံးသောကာလ Israel ..end time? ကိုကောက်ချက်ချထားပါတယ်။ အစ္စရေးလူမျိုးကို ထောက်ခံရခြင်းအချက်ကြီး (၇)ချက်တင်ပြထားပါတယ်
၁။ သမိုင်းဝင်အခွင့်ရေး
၂။ ဂျူးလူမျိုးများ နိုင်ငံတစ်ခုရပိုင်ခွင်ရှိခြင်း
၃။ တစ်ခုတည်းသော အရှေ့အလယ်ပိုင်းဒီမိုကရေစီနိုင်ငံ
၄။ အရှေ့အလယ်ပိုင်းမှာ လူသားခြင်းညှာတာမှုအရှိဆုံးနိုင်ငံ
၅။ သိပ္ပံ၊လူမှုပညာ၊ ဆေးပညာ၊ ကုန်ထုတ်လုပ်ငန်းများမှာ ကမ္ဘာကြီးတိုးတက်စေတဲ့ဂျူးလူမျိုးများစွာ (ဥပမာ-အိုင်စတိုင်း..etc)
၆။ ခရစ်ယာန်ဘာသာအစပြုခဲ့ခြင်း
၇။ ဘုရားသခင်ချစ်မြတ်နိုးတဲ့လူမျိုးဖြစ်ခြင်း..
နောက်ဆုံး စာတမ်းနိဂုံးချုပ်မှုမှာ ယေရုဆလင်မြို့အတွက်ဆုတောင်းပေးဖို့ ရေးထားပါတယ်။ Mark Twain (1899) ရဲ့ ဘာကြောင့်ဒီလူမျိုး ဒါလောက်သက်တမ်းရှည်၊ အောင်မြင်နေရသလဲလို့ စာသားများနဲ့ အဆုံးသပ်ထာပါတယ်။
End of Paper “Why Israel Matter”
***********************
ယခု 20-24 Mar 2013, အမေရိကန်သမ္မတအိုဘားမား အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးခရီးစဉ် (တနည်း-အစ္စရေးကိုဆက်လက်ထောက်ခံကြောင်းပြဖို့၊ ခရီးထွက်ခဲ့ပါတယ်။ အမေရိကန်သမ္မတဂျင်မီကာတာ စတင်ပြီး အီဂျစ်နဲ့ငြိမ်းချမ်းရေးစာချုပ် Camp David မှာစတင်ခဲ့ပေမဲ့ အခြား မူဆလင်အာရပ်နိုင်ငံများနဲ့ စစ်ရေးပြသနာများစွာရှိနေပါတယ်။
အိုဘားမားဟာ ခရစ်ယာန်တစ်ဦးဖြစ်ပါတယ်။ သို့သော် တစ်ချို့က လူမဲဖြစ်သူ အိုဘားမားကို၊ မူဆလင်ဘက်လိုက်သူ လို့ စွတ်စွဲကြပါတယ်။ မည်သို့ပင်ဖြစ်စေ အမေရိကန်ဟာ ခရစ်ယာန်နိုင်ငံဖြစ်ပြီး ငွေစက္ကူမှာ IN GOD WE TRUST ဆိုတဲ့စာလုံးရှိပါတယ်။ ကြွယ်ဝချမ်းသာမှုကို ဘုရားပေးထားတဲ့ နိုင်ငံမှာ မူဆလင်များစွာ မရှိပါ။ သို့သော် ဘာသာမဲ့ Free Thinker, Atheist များစွာက ခရစ်ယာန်များကို တိုက်ခိုက်နေကြပါတယ်။ အမေရိကန်မှာရှိတဲ့ ဂျူးလူမျိုး ၅သန်းကျော်ကို အမေရိကန်ပြည်သူများ ထောက်ခံနေဆဲဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပထမဆုံး ခရစ်ယာန်မစ်ရှင်ခရီးဟာ မြန်မာပြည်ဖြစ်ပြီး၊ အမေရိကန်လူမျိုး ယုဒသန် (ဂျပ်ဆင် Judson) ဖြစ်ပါတယ်။ ဗဟုသုတအဖြစ် သိထားဖို့က ဂျပ်ဆင် မြန်မာပြည်သာသနာပြုရောက်ချိန် အနှစ်၂၀၀ပြည့် ၂၀၁၃ဖြစ်ပါတယ်။ ဂျပ်ဆင်မြန်မာဘာသာပြန်တဲ့ ခရစ်ယာန်သမ္မာကျမ်းစာဟာ အခုချိန်ထိ အများဆုံးအသုံးပြုနေဆဲပါ။ BurmeseBible.com , iPhone, Antroid Sumsung Phone တွေမှာလည်း “myanmar bible” လို့ရိုက်နှိပ်ပြီး Free App Installation ရနေပါပြီ။ (Thanks to JBCS Media & KingOfMyHeart). အမေရိကန်လူမျိုး ဂျပ်ဆင်ပြုစုခဲ့တဲ့ ပထမဆုံး ဂျပ်ဆင် အင်္ဂလိပ်-မြန်မာ-ပါဠိ အဘိဓါန် ဆိုတာ အခုချိန်ထိ အလွန်အသုံးကျနေဆဲဖြစ်ပါတယ်။ အမေရိကန်ရဲ့ မစ်ရှင်အဖွဲ့များစွာ မြန်မာပြည်ကိုရောက်ခဲ့သလို၊ အမေရိကန် စီးပွားရေးအကူညီကို မြန်မာများ မလွဲမသွေယူရပါမယ်။ မြန်မာဒုက္ခသည် သိန်နဲ့ချီပြီး လက်ခံပေးတဲ့ အမေရိကန်နိုင်ငံအကြောင်းပါ။
သမ္မတအိုဘားမားသွားတဲ့နေရာများကို ကြည့်ရင် သမိုင်းဝင် ခရစ်ယာန်၊ မူဆလင်၊ ဂျူး ရာဇဝင်များဖြစ်ပါတယ်။
Trip Schedule
20 Mar 2013, WEDNESDAY
President Obama arrived in Tel Aviv, Israel, marking the President’s first trip to Israel as President of the United States.
President Obama viewed an *Iron Dome Battery in Tel Aviv, Israel.
Later, President Obama attended a bilateral meeting with Israeli President Peres in Jerusalem.
In the afternoon, President Obama attended a bilateral meeting with Israeli Prime Minister Netanyahu, followed by a press conference.
In the evening, President Obama attended a working dinner hosted by Israeli Prime Minister Netanyahu.
* Iron Dome is a short range rocket and mortar defense system, which was developed by Israel and produced with U.S. assistance. The Iron Dome system has saved countless Israeli lives, most recently during the November 2012 Gaza conflict.
21 Mar 2013, THURSDAY
President Obama visited the Israel Museum, where he viewed the Dead Sea Scrolls and attended a technology expo.
President Obama traveled to Ramallah, West Bank where he was greeted with an official arrival ceremony.
In the afternoon, President Obama had a bilateral meeting with Palestinian Authority President Abbas.
President Obama participated in a working lunch with Palestinian Authority President Abbas followed by a press conference.
Later, President Obama attended a cultural event at Al-Bireh Youth Center and met with Palestinian Authority Prime Minister Fayyad.
President Obama gave a speech at the Jerusalem Convention Center.
In the evening, President Obama attended a dinner hosted by Israeli President Peres and received the Presidential Medal of Distinction.
22 Mar 2013, FRIDAY
The President attended wreath laying ceremonies at Mount Herzl at the grave sites of Theodor Herzl and Yitzhak Rabin.
President Obama visited the Yad Vashem Holocaust Museum and participate in a wreath laying ceremony in the Hall of Remembrance.
In the afternoon, President Obama traveled to Bethlehem where he will tour the Church of the Nativity.
President Obama traveled to Amman, Jordan where he will be greeted by an official arrival ceremony.
President Obama had a bilateral meeting with King Abdullah II of Jordan followed by a press conference.
In the evening, the President had dinner with King Abdullah II of Jordan.
23 Mar 2013, SATURDAY
President Obama traveled to Petra.
President Obama returned to the United States.
နိဂုံးချုပ်
ဒီဆောင်းပါးဟာ ခရစ်ယာန်ဘာသာရေးဆောင်းပါးဖြစ်ပါတယ်။ ဘက်မလိုက်ပဲရေးရရင် ..အာရပ်လူမျိုးဟာ သမ္မာကျမ်းစာအရ လူမျိုးကြီးတခု ဖြစ်ပါတယ်။ အာရပ်တိုင်းက မူဆလင်မဟုတ်ပါ။ အာရပ်လူမျိုး ခရစ်ယာန်၊ ဂျူး အများအပြားရှိပါတယ်။ အများစု အာရပ်များဟာ မူဆလင်များဖြစ်ပါတယ်။ AD132 မှာ ယေရုဆလင်မြို့ ကျဆုံးပြီးတဲ့နောက် အခုအနှစ်၂၀၀၀ ပြည့်တော့မယ်ဖြစ်ပါတယ်။ ပြည့်ခါနီးမှာ အစ္စရေးနိုင်ငံဆိုတာ တဖန် ပေါ်ပေါက်လာပါတယ်။ ခရစ်ယန်ဘာသာဟာ အနောက်တိုင်းဘာသာအဖြစ်က အထူးသဖြင့် အရှေ့တိုင်းကိုးရီးယား၊ တရုပ်ပြည် နိုင်ငံခေါင်းဆောင်များ အရေးပေးလာကြပါတယ်။ ကမ္ဘာ့စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး (၃)မျိုးချိန်ခွင်လျှာဟာ အာရှတိုက်ဖက်ကို ယိမ်းယိုင်နေပြီဖြစ်ပါတယ်။ အာရပ်၊အစ္စရေး လူမျိုးတစ်ခုကွယ်ပျောက်သွားတဲ့နေ့ဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးသောကာလဖြစ်ပါတယ်။
နောက်ဆုံးသောကာလ ဘယ်အချိန်လဲဆိုတာ မသိနိုင်ပါ။ ကျွန်တော်တို့ခေတ်နဲ့ကြုံခဲ့ရင် လူသားနဲ့ကမ္ဘာကြီး ကွယ်ပျောက်သွားပေမဲ့၊ ကျွန်တော်တို့ ဝိညာဉ်များကတော့ ဘုရားရှင်ကို ယုံကြည်တဲ့အတွက် ထာဝရအသက်၊ ထာဝရရှင်သန်သွားမှာဖြစ်ပါတယ်။
ဇော်အောင်
Ref: http://murann.com/stories/why_israel_matters.pdf
ဝန်ခံချက် – Burmese Bible blog မှ ဇော်အောင် ၏ ဆောင်းပါးကို ထပ်ဆင့် ကူးယူ၍ တင်ပြထားပါသည်။
http://aromadc.wordpress.com/2013/04/25/obama/
၁။ သမိုင်းဝင်အခွင့်ရေး
***********************
Trip Schedule
20 Mar 2013, WEDNESDAY
21 Mar 2013, THURSDAY
22 Mar 2013, FRIDAY
23 Mar 2013, SATURDAY
နိဂုံးချုပ်
ဇော်အောင်
0 comments:
Post a Comment