သင်ခန်းစာ အမှတ် (၇) ခရစ်တော်၏လက်ဝါးကပ်တိုင်
Unicode & Zawgyi Reshare-#9Dan
“နိဒန်း”
ခရစ်တော်၏လက်ဝါးကပ်တိုင်သည် ခရစ်ယာန်တို့၏ အခြေခံပုံသေ ယုံကြည်ချက်အားလုံးတို့၏ ပေါက်ဖွားရာ အရပ်နှင့် အခြေခံရှုမြင်ရသောအရာပင်ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာနှင့် ခရစ်ယာန်ယဉ်ကျေးမှုတို့၏ လက္ခဏာနှင့် မူလအမြစ်ပင်ဖြစ်ပါသည်။
လူ့သမိုင်း၏ လည်ပတ်ရာဝင်ရိုးဖြစ်ပါသည်။ ပထမနှစ်ပေါင်းလေးထောင်သည် ကရာနီကုန်းပေါ်၌ ဖြစ်ပေါ် လာမည့်အရာကိုပုံဆောင်ခြင်း၊ အရိပ်ပေးခြင်း၊ ကြိုတင်ဟောချက်ထုတ်ခြင်းကိုသာပြုခဲ့ပါသည်။ နှစ်ပေါင်းနှစ်ထောင် ကာလအတွင်းလူသားကမ္ဘာသည် ထိုလက်ဝါးကပ်တိုင်၏ အောင်မြင်မှုအရသာကိုထိတွေ့ခံစားနေရပါသည်။
ဤသင်ခန်းစာတွင် လက်ဝါးကပ်တိုင်၏ နက်ရှိုင်းလှသောအဓိပ္ပါယ်၊ ကျယ်ဝန်းလှသောအမြင်၊ လက်ဝါးကပ် တိုင်နှင့် ပတ်သက်၍ ပေါ်ပေါက်လာသောခရစ်ယာန်တို့၏ အခြေခံပုံသေယုံကြည်ချက်များ၊ ခရစ်ယာန်ကျင့်ကြံ ပြုမူမှုများ နှင့် ထိုလက်ဝါးကပ်တိုင်ဖြင့် ထင်ရှားသော သတင်းကောင်းတို့ကို ဖော်ပြလိုပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ။
ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံတော်မူခြင်းသည် လူသားတို့အားအပြစ်မှကယ်တင်ရန် ဘုရား သခင်၏ ထာဝရအကြံတော်၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်ပါသည်။ ခရစ်ယာန်တို့၏ အခြေခံပုံသေ ယုံကြည်ချက် အားလုံး တို့သည် လက်ဝါးကပ်တိုင်မှဖြာထွက်လာရပါသည်။ လက်ဝါးကပ်တိုင်သည် တမန်တော်တို့ဟောပြောခဲ့သော သတင်း ကောင်း၏အနှစ်ဖြစ်လျက် ဓမ္မသစ်အသင်းတော်၏ ရည်မှန်းချက်သာဖြစ်ပါသည်။ လက်ဝါးကပ်တိုင်ကို ဖယ်ရှားလိုက် လျင် ခရစ်ယာန်၏သတင်းကောင်းသည် အဓိပ္ပါယ်ကင်းမဲ့သွားမည်ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်ပါလာသောအခါ မှ သာ ဤလောက၏အပြစ်ကိုခံဆောင်လျက် ဤလောကသားများကိုယ်စား အသေခံတော်မူသော ဘုရား၏ဘုန်းကျက် သရေကို ကမ္ဘာလောကသားတို့မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ ဤသင်ခန်းစာ၏ အရေးကြီးပုံကို ကျော်လွန်၍ပြောခြင်း ငှာမဖြစ်နိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏စိတ်နှလုံးနှင့်အသက်တာတွင် ဤလေးနက်သောအကြောင်း အရာတို့ကို သိရှိလိုသောသဘောများ ပေးသနားတော်မူပါရန် ဆုတောင်းပါသည်။
၁။ လက်ဝါးကပ်တိုင် ဤအသေခံခြင်း၏ ရှက်ကြောက်ဖွယ်ရာများ
(က) လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းသည်မပြုအပ်သော အရာဖြစ်သည်ဟု ရောမလူမျိုးများ ကခံယူထားပါသည်။ ဤကဲ့သို့အသတ်ခံရခြင်းသည် ဆိုးသွမ်းလှသောကျွန်များအတွက်သာ ထိုက် တန် သည်ဟု ယူဆထားသောကြောင့် ရောမတိုင်းရင်းသားများအား ထိုဆိုးရွားသောသေဒဏ်မ ပေးရဟု ကင်းလွှတ်ခွင့်ပေးထားပါသည်။
(ခ) လက်ဝါးကပ်တိုင်ပေါ်တွင်အသေသတ်ခြင်း၊ ခံရရန်သစ္စာဖေါက်များ၊ ဓါးပြများ၊ ပုန်ကန်သူများ၊ ခေါင်း ဆောင်ကိုသတ်သောရာဇဝတ်သားများအတွက်သာ သတ်မှတ်ထားပါသဖြင့် ခရစ်တော်အား ရာဇဝတ်မှု ကျူးလွန်သူကဲ့သို့ ပြုမူထားကြောင်းတွေ့ရှိရပါသည်။
(ဂ) လက်ဝါးကပ်တိုင်ပေါ်တွင်အသေသတ်နိုင်ရန် မိမိလူမျိုးတော်၏ ငြင်းပယ်ခြင်း၊ လုံးဝပစ်ပယ်ခြင်းဖြင့် ရှုံ့ချခြင်းဖြစ်ပါသည်။ ယော ၁း၁၃။
(ဃ) ယုဒလူမျိုးများအနေဖြင့် လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်းခံရသော သူအပေါင်းတို့အား ကျိန်ခြင်း အမင်္ဂလာကိုခံရသောသူဖြစ်သည်ဟု မှတ်ယူထားပါသည်။ ဂလာ ၃း၁၃။ တရား ၂၁း၂၃။
(င) မိမိအဝတ်အစားများချွတ်၍ အရှက်ကိုဖော်ကာ ရှုံ့ချခံရခြင်း၊ အပြစ်ဖြင့်အမြင်ကွယ်နေကြသော လူအုပ်ကြီး၏ ရှုံ့ချအော်ဟစ်ခြင်း။ မ ၂ရး၃၅၊ ၃၆။
(စ) ဟေဗြဲ ၁၂း၂ တွင် “ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ”ဟူသော ကျမ်းချက်သည်လည်း ကောင်း၊ ဖိ ၂း၈ တွင် “လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍မိမိကိုယ်ကို နှိမ့်ချတော်မူ၏”ဟူသော ကျမ်းချက်သည်လည်းကောင်း ယုံကြည်သူအတွက် မည်မျှလေးနက် တန်ဘိုးရှိလှပါသနည်း။
၂။ လက်ဝါးကပ်တိုင်ပေါ်အသေခံခြင်း၏ ဝေဒနာ။
(က) လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်နိုင်ရန် ကြာပွတ်ရိုက်ခြင်းဖြင့် အစပြုပါသည်။ ယော ၁၉း၁။ မ။ ၂၇၂၆။ လက်ဝါးကပ်တိုင်၌ ခံရသော ဝေဒနာပိုမိုပြင်းပြစေရန်ရည်ရွယ်ထားပါသဖြင့် ကြာပွတ် သည် သားရေကြိုး သို့မဟုတ် ကျစ်ကြိုးအများအပြားကိုလက်ကိုင်တပ်ထားပြီး ထိုကြိုးများလေးလံ စေရန် အရိုး သို့မဟုတ် သတ္တုစများ ချိတ်ဆွဲထားပါသည်။ အရိုက်ခံရသူအားတိုင်တွင်ချည်ထားပြီး ထိုသူ၏ကျောနှင့် ပေါင်ခြံကို ရိုက်လေ့ရှိပါသည်။ ဒဏ်ချက်သည် ပြင်းထန်လွန်းလှပါသဖြင့် အရိုက် ခံရ သူသည် မေ့သွားသည်ကများသည်။ သို့သော် ထိုရိုက်ချက်ဖြင့် သေရန်ခက်ခဲပါသည်။ The International Bible Standard Encyclopedia မှ ခရစ်တော်သည် အချက်လေးဆယ် အရိုက် ခံရပါသည်။ တရား ၂၅း၃။ မ ၂ရး၂၆။ ၂ကော ၁၁း၂၄။
(ခ) သခင်ဘုရား၏အခြေအနေတွင် လက်ဝါးကပ်တိုင်ပေါ်ခံရသော ဝေဒနာပိုမိုပြင်းထန်စေရန် ဦးခေါင်း တော်၌ ဆူးဦးရစ်ကိုတင်ထားပါသည်။ မ ၂ရး၂၉။
ခရစ်တော်အားကဲ့ရဲ့နောက်ပြောင်သောအားဖြင့် ရောမစစ်သားများသည် ပန်းဦးရစ်အလား၊ ထိုအရပ်၌ ရှိသောဆူးပင်များမှ အချို့ကိုခွေ၍ ခေါင်းပေါ်တွင်တင်ပေးပါသည်။ မည်သည့်အပင် ဖြစ်မည်ကိုအတိအကျဖော်ပြနိုင်ခြင်းမရှိပါ။ ထိုအရပ်၌ပေါက်လေ့ရှိသော မြက်ပင်များပေါ်ရှိဆူးအချွန် သည် တစ်လက်မထက်ပင်ရှည်ကြပါသည်။ ချွန်ထက်ပြီး တောင့်မာလှသောဆူးများဖြစ်ပါသည်။ ထိုဆူးဦးရစ်ကို ရောမစစ်သားများသည် ရယ်မောလျက်ခရစ်တော်၏ ဦးခေါင်းထဲသို့ ကျူလုံးဖြင့် ရိုက် သွင်းထားရာ ဝေဒနာပိုကြီးစေပါသည်။ မ၊ ၂ရး၃၀။
(ဂ) ကားတင်သတ်ရာတွင် လက်ဝါးကပ်တိုင်ပုံစံမှာ (၄)မျိုးရှိပါသည်။ ခရစ်တော်ကိုသတ်ခဲ့သော လက်ဝါးကပ်တိုင်မှာ အများဆုံးအသုံးပြုခဲ့သော လက်ဝါးကပ်တိုင်မျိုးဖြစ်လျက်၊ တိုင်မတ်မတ် ပေါ်တွင် လက်တန်းတည့်တည့်တပ်ထားပါသည်။ ၎င်းအမျိုးကို "Crux immisa" ဟုခေါ်ပါသည်။ ခရစ်တော်၏လက်နှင့် ခြေတို့ကိုဤတိုင်ပေါ်တွင်သံဖြင့် ရိုက်ကပ်ထားပါသည်။ ယော ၂၀း၂၅။ ကော ၂း၁၄။
(ဃ) လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခံရခြင်း၏ ကြောက်မတ်ဘွယ်ရာများကို စာဖြင့် အပြည့်အစုံ ဖော်ပြ၍မရနိုင်ပါ။ ဒါဏ်ချက်သက်သာစေရန်ယုဒပြည်တွင် လက်ဝါးကပ်တိုင်ပေါ်ရောက် ရာဇဝတ် သားအား ရူးမိုက်စေသော ဆေးရည်ကိုတိုက်ပါသည်။ ခရစ်တော်သည် ထိုဆေးရည်ကို ငြင်းပယ်ခဲ့ပါ သည်။ မ ၂ရး၁၄။ ဝေဒနာကိုပိုမိုငြင်းထန်စေသော အချက်တစ်ချက်မှာ ထိုဒေသ၏ ပူလောင်လှ သောနေပူရှိန်ပင်ဖြစ်ပါသည်။ ပူလောင်လှသောဒါဏ်ချက်နှင့် ကောင်းစွာမထွက်သောသွေးတို့သည် အနာရှိန်ကို တက်စေလျက်၊ အနာရှိန်ကြောင့်ဖျားနာခြင်းနှင့် ရေငတ်ခြင်းကိုဖြစ်စေပါသည်။ ယော ၁၉း၂၈။ အရိုးအဆစ်များ၊ အကြောအချဉ်များတို့သည် ကျိုးကျေကုန်လျက် အလွန်နာကျင်မှုကို ဖြစ်စေပါသည်။ ခေါင်းပေါ်မှ သွေးလွှတ်ကြောတို့သည် သွေးများဖြင့်လျှံတက်နေသည်။ ခေါင်းပေါ်၌ လေးလံခြင်းနှင့် ပေါက်ကွဲမတတ်သောကိုက်ခဲခြင်း ဝေဒနာကိုဖြစ်စေပါသည်။ ကားစင်တင်ခံရသော သူသည် ကြာမြင့်စွာဝေဒနာ ရပြီးမှသေရသောသေခြင်း၊ ကြောက်မက်ဘွယ်ကောင်းသော သေခြင်း ကို သေရသည်ဖြစ်၍ အသေ မြန်စေရန် ရာဇဝတ်သား၏ ခြေအရိုးတို့ကိုချိုးခြင်းဖြင့် ဖြည့်စွက် ပါသည်။ ယော ၁၉း၃၁-၃၄။ အငယ် ၃၄ကိုဖတ်သောအခါခရစ်တော်သည် အသဲကွဲနာ ကိုလည်း ခံစားရကြောင်းထောက်ပြနေပါ သည်။
မှတ်ချက်။ ခရစ်တော်၏ဝေဒနာများနှင့် ပတ်သက်၍ အောက်ပါကျမ်းချက်များကို ကျေညက်အောင် ဖတ်ပါ။ ဟေ ၁၂း၂။ “လက်ဝါးကပ်တိုင်၌ခံပြီးမှ” ၁ပေ ၂း၂၃။ “အသေခံရသော အခါခြိမ်းခြောက် ခြင်းကိုမပြု” ၁ပေ ၃း၁၈။ “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် သေသတ်ခြင်းကိုခံ၍ ဖြောင့်မတ် သောသူသည် မဖြောင့်မတ်သောသူအတွက်၊ ဒုစရိုက်အပြစ်များကြောင့်တစ်ခါခံတော်မူ၏”။
၃။ ခရစ်တော်၏လက်ဝါးကပ်တိုင်သည် တမန်တော်တို့၏ အဓိကဟောပြောချက်ဖြစ်ပါသည်။
(က) ၁ကော ၁း၁၈။ ကယ်တင်ခြင်းသို့ရောက်သောငါတို့၌ ထိုတရား (လက်ဝါးကပ်တိုင်တရား)သည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
(ခ) ၁ကော ၂း၂ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူ သောသခင်မှတပါး အဘယ်တရားကိုမျှ သင်တို့တွင် ငါမသိအမှတ်ဟု ငါစိတ်ပြဌာန်းခြင်းရှိ၏။
(ဂ) ဂလာ ၆း၁၄ ။ ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး အဘယ်အရာ၌ မျှဝါကြွားခြင်းမရှိစေနှင့်။
(ဃ) ဧ ၂း၁၆။ ယုဒလူနှင့် တစ်ပါးအမျိုးသားတို့သည် လက်ဝါးကပ်တိုင်၌ရန်ငြိမ်းလျက် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေပါသည်။
(င) ကော ၁း၂၀ ။ လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေတော်ဖြင့် ရန်ကိုငြိမ်းစေ၍ - ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေခြင်း။
(စ) ကော ၂း၁၄ ။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထား လျက်။
(ဆ) ဂလာ ၃း၁။ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုကို သင်တို့မျက်မှောက်၌ ထင်ရှားစွာ ပြပြီးဖြစ်သည်ဖြစ်၍။
(ဇ) ၁ပေ ၂း၂၄။ ငါတို့အပြစ်များကို ကိုယ်တော်တိုင်သစ်တိုင် (လက်ဝါးကပ်တိုင်)မှာ ခံတော်မူပြီ။
(ဈ) ၁ပေ ၁း၁၈-၁၉။ အသွေးတော်မြတ်နှင့်ရွေးတော်မူပြီ။
၄။ လက်ဝါးကပ်တိုင်၏ ရန်ငြိမ်းစေခြင်း။
မှတ်ချက်။ ခရစ်တော်၏ ဧဝံဂေလိတရားသာသနာကို ရန်ငြိမ်းခြင်း သာသနာ ဟု ခေါ်ထားပါသည်။ ၂ကော ၅း၁၈။
မှတ်ချက်။ ရန်ငြိမ်းခြင်းအယူအဆမှာ မျက်နှာသာရသောအဆင့်၌ ပြန်လည်နေရာချထားခြင်းဖြစ်ပါ သည်။ မေတ္တာတော်နှင့် ကင်းကွာခြင်း၊ ရန်သူအဖြစ်မှတ်ယူခြင်း၊ မိတ်ပျက်ခြင်းများ အဆုံးသတ်ခြင်းဖြစ်သည်။ တစ်ချိန်က ရန်ဘက်တို့သည် မိတ်ဆွေဖြစ်လာသည်။ ကွဲပြားခြားနားစေသောအကာကိုဖယ်ရှားသည်။ ရန်ငြိမ်း၍ ငြိမ်းချမ်းမှုရရှိသည်။ နှစ်ဖွဲ့မဟုတ် တစ်ဖွဲ့တည်းဖြစ်သည်။
(က) “ဘုရားသခင်သည် ခရစ်တော်အထဲ၌ရှိနေလျက်၊ လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူ၊ ရန် ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏” ၂ကော ၅း၁၉။ မည်မျှအရသာ ရှိ ကောင်းမြတ်သော ကျမ်းပိုဒ်ဖြစ်ပါသနည်း။ ခရစ်တော်သည် ကြားဝင်စေ့စပ်ပေးသူဖြစ်လျက်။ အပြစ်ရှိသူ၊ တော်လှန်ပုန်ကန်သူ၊ ဘုရားသခင်ကို မယုံကြည်သူအား ဘုရားသခင်နှင့် ရန်ငြိမ်း၍ မိတ်သဟာယဖွဲ့စေနိုင်ပါသည်။
(ခ) လက်ဝါးကပ်တိုင်တွင် ခရစ်တော်သည် ယုဒလူနှင့် တစ်ပါးအမျိုးသားတို့အကြား ရန်ငြိုးဖွဲ့ခြင်းကို ငြိမ်းစေ၍ ရန်ကိုဖျက်သိမ်းသည်။ ပညတ်တရားကိုလည်း ဖျက်သိမ်းသည်။ ထိုလူမျိုးနှစ်စုကို တစ်စု တည်းဖြစ်စေတော်မူလျက် လက်ဝါးကပ်တိုင်တော်အားဖြင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ဧ ၂း၁၄-၁၆။ ရော ၅း၁၀။
(ဂ) ကော ၁း၂၀-၂၂တွင် ရှင်ပေါလုက အပြစ်သားများကို ယေဘုယျအားဖြင့် ရေးသားရာတွင် “ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သောသင်တို့ကို” လက်ဝါးကပ်တိုင်မှ သွန်းသော အသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေတော်မူ ကြောင်းဖော်ပြထားပါသည်။ စစ်ပြေငြိမ်းပြီးဖြစ်သည်။ ဘုရားသခင်မှ စစ်ပြေငြိမ်းစာချုပ်သည် ယုံကြည်သူ မည်သူနှင့်မဆို လက်မှတ်ရေးထိုးပြီးဖြစ်၍ အသွေးတော်အားဖြင့် အာမခံလျက်ရှိပါ သည်။ ကျွန်ုပ်တို့၏ အပြစ်များကို ဒါဏ်စီရင်ပြီးဖြစ်၍ ဖယ်ရှားပြီးဖြစ်သည်။ (ဟေ ၉း၂၆) စော်ကားခံ ရသောဘုရားသခင်သည် ကျေနပ်မှုရပြီးဖြစ်ပါသည်။ အတားအဆီးမရှိ၊ မည်သူမဆို ဘုရားသခင်ထံ အထေံတော်သို့ စိုးရိမ်ခြင်းမရှိဘဲ ခရစ်တော်၌တိုးဝင်နိုင်ပြီးဖြစ်ပါသည်။
(ဃ) မှတ်ချက်။ အပြစ်မရှိသောဘုရား၊ စော်ကားခံရသော ဘုရားသခင်သည် ရန်ငြိမ်းခြင်း အတွက် စတင်လှုပ်ရှားပေးသူဖြစ်ပါသည်။ ၂ကော ၅း၁၈-၁၉ တွင်ဘုရားသခင်သည် ယေရှုခရစ် အား ဖြင့်ငါတို့၏ ရန်ကိုငြိမ်းစေ၍ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက် လောကီသားတို့ နှင့် မိတ်သဟာယဖွဲ့ကြောင်းတွေ့ရှိရပါသည်။
၅။ လက်ဝါးကပ်တိုင်နှင့် ပညတ်တရား။
မှတ်ချက်။ ပညတ်တရားသည် လူအားလုံးတို့ကို အပြစ်ရှိသည်ဟု စီရင်လျက်အပြစ်ပေးထား သည်။ အကြောင်းမှာ မည်သူမျှ ပညတ်တရားကိုမစောင့်နိုင်သောကြောင့်ဖြစ်သည်။ ရော ၃း ၉-၂၃။ ပညတ်တရားနှင့် ပညတ်တရား၏အစိတ်အပိုင်း တစ်ခုခုကို ချိုးဖေါက်သောသူ ရှိသမျှတို့သည် ကျိန်ခြင်း အမင်္ဂလာဖြစ်စေလျက်၊ သေဒါဏ်အမိန့်ချမှတ်ထားပါသည်။ ဂလာ ၃း၁၀-၁၁။ ယာ ၂း၁၀။
(က) ခရစ်တော်သည် ထိုကျိန်ခြင်းနှင့် စပ်ဆိုင်သောသစ်တိုင်ပေါ်တွင် ကိုယ်တော်ကိုယုံကြည် သမျှသောသူတို့နှင့် ပတ်သက်သော ကျိန်ခြင်းအမင်္ဂလာအားလုံးတို့ကို ခံတော်မူခဲ့ပြီး ကြောင်းသိရ သောအခွင့်သည် မည်မျှတန်ဘိုးရှိပါသနည်း။ ဂလ ၃း၁၃၊ ၁၄။ ကိုယ်တော် တိုင်လည်း ထိုပညတ် တရားရှိသမျျှတို့ကိုကျင့်၍ ပြီးပြည့်စုံစေခဲ့ပါသည်။ မဿဲ ၅း၁၇။
(ခ) ယုံကြည်သောသူရှိသမျှတို့အတွက် ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ ပညတ်တရား၏ ပြည့်စုံခြင်းဖြစ်လာပါသည်။ (ရော ၁၀း၄)။
(ဂ) လက်ဝါးကပ်တိုင်တွင် ဝိနည်းနှင့် စပ်ဆိုင်သော အထုံးအဖွဲ့ရှိသမျှ (ပညတ်တရားနှင့် အစဉ်အလာ ချည်နှောင်မှုများ) ကိုခရစ်တော်သည် ချေဖျက်၍ လက်ဝါးကပ်တိုင်တွင် သံနှင့်ရိုက်ထားပြီးဖြစ်သည်။ (ကော ၂း၁၄)
(ဃ) ယုဒလူနှင့် တစ်ပါးအမျိုးသားတို့ကို “တစ်မျိုးတည်း” (အသင်းတော်)ဖြစ်စေခြင်းငှာ ခရစ် တော်သည် ပညတ်တရားကိုပယ်ဖျက်၍ ထိုသူတို့အကြားရှိရန်ငြိုးကိုလည်း လက်ဝါးကပ် တိုင်တွင် သတ်ဖြတ်ပယ်ရှင်းပြီး ဖြစ်ပါသည်။ (ဧ၊ ၂း၁၅-၁၆)
၆။ လက်ဝါးကပ်တိုင်၏ အောင်ပွဲခံခြင်း။
(က) လက်ဝါးကပ်တိုင်တွင် ခရစ်တော်ကို “ငါတို့အတွက် (ကိုယ်စား) အပြစ်ရှိသောသူ”ဖြစ်စေ သည်။ ၂ကော ၅း၂၁။ ကျွန်ုပ်တို့၏အပြစ်မျးကို ကိုယ်တော်တိုင်ခံခဲ့သည်။ ၁ပေ ၂း၂၄။ ဘုရားသခင်သည်သူ့အပေါ်၌တင်တော်မူသည်။ ဟေရှာ ၃း၆။
ခရစ်တော်သည် မိမိကိုယ်ကိုပူဇော်သက္ကာပြခြင်းအားဖြင့် ထိုအရာကိုပယ်ရှား၍ အပြစ် အပေါ်အောင်ပွဲခံတော်မူသည်။ ဟေဗြဲ ၉း၂၆။ ယုံကြည်သောသူတို့အတွက် “အပြစ်”သည် ဆွေးနွေးရန်မဟုတ်တော့ဘဲ။ “သားဖြစ်ခြင်း”သည်သာ ခေါင်းစဉ်ကြီး ဖြစ်လာပါသည်။” ဟူသော မေးခွန်းကိုသာ ဖြေသင့်ပါသည်။ မ၊ ၂ရး၂၂။
(ခ) ဘုရားသခင်နှင့် လူတို့၏အဓိကရန်သူဖြစ်သော စာတန်ကိုလက်ဝါးကပ်တိုင်တွင် ထာဝရ အောင်မြင် အနိုင်ယူရယူပြီး ဖြစ်သည်။
(၁) “သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာ” (ဟေ ၂း၁၄) ခရစ်တော်သည် အသွေးအသားကို ဆောင်ယူတော်မူ၏။
(င) ယုံကြည်သူအတွက် “ဤလောကသည် ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏” ဂလာ ၆း၁၄။ “မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်ပြီ။ ယော ၁၆း၃၃။
(စ) ခရစ်တော်သည် ပညတ်တရားကိုအဆုံးသတ်ခဲ့ပြီ။ ရော၊ ၁၀း၄။ လက်ဝါးကပ် တိုင်ပေါ်တွင်အသေခံတော်မူခြင်းအားဖြင့် ပညတ်တရား၏ ကျိန်ခြင်းအမင်္ဂလာ မှကျွန်ုပ်တို့ကို ရွေးနှုတ်ကယ်တင်တော်မူပြီ။ (ဂလာ ၃း၁၃)။
၇။ လက်ဝါးကပ်တိုင်ကို ဘုရားသခင်၏ ဆောင်ရွက်တော်မူချက်အဖြစ်ရှုမြင်ခြင်း။
(က) လက်ဝါးကပ်တိုင်ပေါ်တွင်ခရစ်တော်အသေခံတော်မူခြင်းကို ဘုရားသခင်၏ပြုမူဆောင်ရွက်တော်မူ ချက်ဖြစ်သည်ဟု သမ္မာကျမ်းစာကမြင်ထားပါသည်။
(၁) ဒါဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို လည်းကောင်း၊ ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ဟေရှာ ၅၃း၄။
(၂) ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။
(ဟေရှာ ၅၃း၆)
(၃) ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှာ အလိုတော်ရှိ၍ နာစေတော်မူ၏။ ဟေရှာ ၅၃း၁၀။
(၄) ဘုရားသခင်သည် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ ၂ကော ၅း၂၁။
(ခ) ထိုသို့သောအပြုအမူကို ဤလောကအနေဖြင့် မြင်ဘူးသမျှသောမေတ္တာတို့တွင် အကြီးဆုံးဖြစ်သည် ဟုလက်ခံရပါမည်။
(၁) ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို (အလွန်) ချစ်တော်မူ၏။ ယော ၊ ၃း၁၆။
(၂) ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ သား တော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။ (၁ယော ၄း၁၀)။
(၃) ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ် ၍။ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှား စွာ ပြတော်မူ၏။ ရော ၅း၈။
(ဂ) လက်ဝါးကပ်တိုင်ကို လူတို့၏ဆောင်ရွက်ချက်အဖြစ်ရှုမြင်ခြင်း။
လက်ဝါးကပ်တိုင်သည် ဘုရားသခင်၏ဘက်မှကြည့်လျှင် လူတို့အား ဘုရားသခင်ချစ်တော်မူ ကြောင်းကိုဖော်ပြသောအထွဋ်အထိပ်လက္ခဏာဖြစ်သကဲ့သို့ လူတို့ဘက်မှကြည့်လျှင်လည်း မုန်းတီး ခြင်း၏ အထွဋ်အထိပ်လက္ခဏာပင်ဖြစ်ပါသည်။ လူတို့၏အမြင်အားဖြင့် ခရစ်တော်အသေခံ တော်မူခြင်းသည် အလွန်ကြောက် မတ်ဘွယ်ကောင်းလျက် အလွန်ဆိုးသွမ်းသော လူသတ်မှုကြီး ဖြစ်ပါသည်။
(၁) သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော် အရာ၌လည်းကောင်း အစိုးရသောအရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်။ တ ၂း၃၆။ ၄း၁၀။
(၂) သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍- အသက်ရှင်ခြင်းသို့ ပို့ဆောင်သော အရှင်ကိုကွပ်မျက်ကြပြီးတကား။ ထိုအရှင်ကိုဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူ သည်။ တ ၃း၁၄-၁၅။
(၃) သင်တို့သည် သစ်တိုင်၌ ဆွဲ၍ကွပ်မျက်သော ယေရှုကိုငါတို့ဘိုးဘေးများ၏ ဘုရားသခင် သည် ထမြောက်စေတော်မူပြီ။ (တ ၅း၃၀)။
(၄) ထိုဖြောင့်မတ်သောသူကိုပင် ယခုသင်တို့သည် အပ်နှံ၍အသေသတ်ကြပြီ။ တ၊ ရး၅၂။
မှတ်ချက်။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကြံစည်တော်မူချက်တို့နှင့်အညီ ခရစ်တော်အသေခံ တော်မူသည်ဟုဆိုယုံမျှဖြင့် ထိုသေခြင်းနှင့် ပတ်သက်သောကျွန်ုပ်တို့၏ တာဝန်များကင်းရှင်းသွား သည် မဟုတ်ပါ။ မည်သူမဆို ခရစ်တော်ကိုငြင်းပယ်လျှင် ထိုသူသည် ခရစ်တော်အသေသတ်ခြင်း ခံရန်တာဝန်ရှိသော လူထုကြီးနှင့်လည်းကောင်း၊ ရောမစစ်သားများနှင့်လည်းကောင်း ပုန္တိပိလတ်မင်း နှင့်လည်းကောင်း လက်တွဲသူများဖြစ်ပသါည်။ ခရစ်တော်ကို ငြင်းပယ်ခြင်းသည် ခရစ်တော်အားခြေ ထောက်ဖြင့်ကျော်နင်းခြင်း၊ အသွေးတော်အားအရေးမပေး၊ (အဘိုးနည်းအရာမရောက်သော အရာ အဖြစ်ခံယူ)ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ကို အထင်အမြင်သေးပြုမူခြင်းဖြစ်ပါသည်။ ဟေဗြဲ ၁၀း၂၉၊ ဖိ ၃း၁၈။
၈။ ဒါဏ်ခံရသောလက်ဝါးကပ်တိုင်။
ဒါဏ်ခတ်တော်မူခြင်း ကိုခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ဟေရှာ ၅၃း၄။ ခရစ်တော်သည်အမှန်ပင်လက်ဝါးကပ်တိုင်၌ ဒါဏ်ခတ်တော်မူခြင်းကို ခံရသောသူဖြစ်ပါသည်။ အနက်ဖွင့်ခြင်း၊ အကျယ်ချဲ့ခြင်းမပြုဘဲ အောက်ပါအချက်အလက်များကို စိတ်နှလုံးထဲ၌ ကျေညက်စေပါ။
လက်ဝါးကပ်တိုင်သည် -
(၁) မှောင်မိုက်ဖြင့် ဒါဏ်ခတ်ခြင်းဖြစ်သည်။ မ ၂ရး၂၅
(၂) ဝေဒနာဖြင့် ဒါဏ်ခတ်ခြင်းဖြစ်သည်။ ၁ပေ ၃း၁၈။
(၃) ဝမ်းနည်းခြင်းဖြင့် ဒါဏ်ခတ်ခြင်းဖြစ်သည်။ ဟေရှာ ၅၃း၃-၄။
(၄) သေခြင်းဖြင့် ဒါဏ်ခတ်ခြင်းဖြစ်သည်။ ယော ၁၉း၃၀-၃၃။
(၅) အပြစ်ဖြင့် ဒါဏ်ခတ်ခြင်းဖြစ်သည်။ ၂ကော ၅း၂၁။ ၁ပေ ၂း၂၄။
(၆) သွေးဖြင့် ဒါဏ်ခတ်ခြင်းဖြစ်သည်။ ၁ပေ ၁း၁၉။ ရော ၅း၉။
၉။ လက်ဝါးကပ်တိုင်သည်မည်သည့်အရာများကို ဖော်ပြပါသနည်း။
လက်ဝါးကပ်တိုင်သည် ကျွန်ုပ်တို့အား -
(၁) ဖြောင့်မတ်တော်မူခြင်းကို ကျေနပ်စေသည်။ ၂ကော ၅း၂၁။ ရော ၂း၂၆။
(၂) ပြီးပြည့်စုံသော နာခံမှုကိုပြသည်။ ဖိ ၂း၅-၉။
(၃) အတိုင်းမရှိမေတ္တာကိုပြသည်။ ၁ယော ၄း၁၀။
(၄) ဘုရားသခင်စီမံပေးသော ဖြောင့်မတ်ခြင်းကို ရရှိစေသည်။
ရော ၃း၂၁-၂၂။ ၂ကော ၅း၂၁။
(၅) ဝယ်ယူရွေးနုတ်တော်မူခြင်းကိုပြပါသည်။ ဧ ၁း၇။
(၆) ကောင်းမြတ်သောရန်ငြိမ်းခြင်းကိုပြပါသည်။ ကော ၂၀-၂၁။
(၇) အပြစ်ကိုဖယ်ရှားကြောင်းပြပါသည်။ ဟေဗြဲ ၂း၁၄။ ၁ယော ၃း၈။
(၈) စာတန်ဆုံးရှုံးကြောင်းကို ပြပါသည်။ ဟေဗြဲ ၂း၁၄။ ၁ယော ၃း၈။
(၉) အပြစ်ကို လုံးလုံး ဖြေလွှတ်ပြီးကြောင်း ဖော်ပြပါသည်။
ကော ၁း၁၄။
မှတ်ချက်။ လက်ဝါးကပ်တိုင်သည် ခရစ်ယာန်တို့၏အခြေခံပုံသေ ယုံကြည်ချက်အားလုံးတို့၏ ဗဟို ချက်မ ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်တရားကို ဟောပြောခြင်းသည် ဘုရားသခင်၏တန်ခိုးတော် ဖြစ်ကြောင်း၊ ခရစ်ယာန်ယုံကြည်ချက်အားလုံးပင်ဖြစ်ကြောင်း ပေါလု၏ ခံယူချက်ကို သတိပြုပါ။
၁ကော၊ ၁း၁၈။ ဂလ ၃း၁။ ၁ကော ၂း၂။
၁၀။ လက်ဝါးကပ်တိုင်နှင့် ခရစ်ယာန်အသက်တာ။
(က) ခရစ်ယာန်သည် လက်ဝါးကပ်တိုင်၌ ဝါကြွားလျက်၊ ဘယ်သောအခါမျှလက်ဝါးကပ်တိုင် ကိုမရှက်ရပါ။ (ဂလ ၆း၁၄)
(ခ) ထိုလက်ဝါးကပ်တိုင်အားဖြင့် ခရစ်ယာန်သည် ဤလောကအတွက် ရိုက်ထားခြင်းကို ခံ လျက် ဤလောကသည်လည်း ခရစ်ယာန်အတွက် ရိုက်ထားခြင်းခံလျက်ရှိပါသည်။ ဂလ ၆း၁၄။
(ဂ) လက်ဝါးကပ်တိုင်သည် အများသောသူတို့အတွက် ထိမိ၍လဲစရာ အကြောင်းဖြစ်သည်ကို သတိပြုရမည်။ ထို့ကြောင့်လက်ဝါးကပ်တိုင်ထက်၌ အသက်ရှင်သူများ၊ လက်ဝါးကပ်တိုင် အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်သောသူများသည် ထိုလက်ဝါးကပ်တိုင်ကိုထမ်းရန် အမြဲ သတိပြုရမည်။ ဂလ ၅း၁၁။ အချို့သောသူတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင် ညဉ်းဆဲခြင်းကိုပင် ခံရကြောင်း သတိပြုရပါမည်။ ဂလ၊ ၆း၁၂။
(ဃ) ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့လိုက်ရမည်ဟု ခရစ်တော်မိန့်ကြားခဲ့ပါသည်။ မ ၁၆း၂၄။ ဤသို့ဆိုရာ တွင် ကျွနု်ပ်တို့သည် ခရစ်တော်၏အမှုကိုဆောင်ရွက်ရာ၌ ကျွန်ုပ်တို့ရင်ဆိုင်ရန် ဘုရားသခင် ခွင့်ပြုတော်မူသော မည်သည့်အမှုကိုမဆို ဝန်ခံရန်ဆိုလိုခြင်းဖြစ်ပါသည်။
(င) ခရစ်ယာန်တို့သည် ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံလျက်၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အသေခံပြီးသော အသက်တာကို အသက်ရှင်ကြရ မည်သာဖြစ်ပါသည်။ ရော ၆း၆။ ၁၁-၁၃။ ဂလ ၂း၂၀။ ၅း၂၄။
၁၁။ နိဂုံး
ခရစ်တော်၏လက်ဝါးကပ်တိုင်တော်၏ နက်နဲသောဖော်ပြခြင်းကဲ့သို့ခရစ်ယာန်၏ အသက် တာကို သန့်ရှင်းစေနိုင်သောအရာမရှိပါ။ လက်ဝါးကပ်တိုင်တော်၏ အရေးပါအရာရောက်မှု လေးနက်မှုကို မည်သို့သော လေ့ကျင့်ခန်းကမျှ ဖော်ကျူးနိုင်မည်မဟုတ်သည့် အားလျော် စွာ ဤသင်ခန်းစာသည် ခရစ်တော်ကိုချစ်သော မေတ္တာအသစ်တစ်ဖန် နိုးကြားစေနိုင်မည် ဟု ရိုးသားစွာယုံကြည်ပါသည်။ ကရာနီအပေါ်အသစ်သောခံယူချက်၊ ကျေးဇူးတော် အကြောင်း ကိုလည်းကောင်းထိုမှစီးထွက်လာသော တန်ခိုးတော်ကိုလည်းကောင်း ပိုမို သိလိုသော သဘောများပေါ်ပေါက်လာမည်ဟုလည်းမျှော်လင့်ပါသည်။
မေးခွန်းများ
၁။ ခရစ်ယာန်တု့ိ၏ အခြေခံပုံသေယုံကြည်ချက် (doctrine) ခရစ်ယာန်ယဉ်ကျေးမှုနှင့် ကမ္ဘာ့သမိုင်းတို့တွင် လက်ဝါးကပ်တိုင်သည် မည်သို့ပတ်သက်နေပါသနည်း။
၂။ ခရစ်တော်၏လက်ဝါးကပ်တိုင်၏ အရေးကြီးပုံသို့မဟုတ် အရေးပါအရာရောက်ပုံကိုတိုတိုနှင့် ရှင်းရှင်းဖြေဆိုပါ။
၃။ ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူရာတွင် ပိုမိုရှက်ကြောက်ခြင်းကိုဖြစ်စေသောအရာ (၃) ခု၏အမည်ကိုဖော်ပြပါ။
၄။ (က) ခရစ်တော်လက်ဝါးကပ်တိုင်တွင် ခံစားနေရစဉ် ဝေဒနာကိုပိုဆိုးရွား စေသောအချက်(၃) ချက်ကို ဖော်ပြပါ။
(၁)
(၂)
(၃)
(ခ) လက်ဝါးကပ်တိုင်ပေါ်၌ သေခြင်းကိုရင်ဆိုင်ရာ၌ မည်သို့ဖြစ်သည်ကို ဖေါ်ပြပါ။
၅။ တမန်တော်ကြီးများ ဟောပြောချက်တွင် လက်ဝါးကပ်တိုင်သည် အဓိကအကြောင်းအရာ ဖြစ်ကြောင်း ပေါ် လွင်စေသော ကျမ်းချက်အနည်းဆုံး (၄) ချက်ဖော်ပြပါ။ ထိုကျမ်းချက်များသည် ထိုအချက်ကိုထောက်ပြ ကြောင်းအကျဉ်းမျှဖော်ပြပါ။
(၁)
(၂)
(၃)
(၄)
၆။ ၂ ကော ၅း၁၈ တွင်ခရစ်တော်၏ ဧဝံဂေလိတရားတော်အား ရန်ငြိမ်းခြင်း တရားဟု ခေါ်ထားပါသည်။ ကျမ်းချက်(၂)ခု(၃)ခုကို အသုံးပြုလျက်ရန်ငြိမ်းခြင်း ဟူသောဝေါဟာရ၏ အနက်ကိုရှင်းပြပါ။
၇။ ခရစ်တော်သည် ပညတ်တရားကို လက်ဝါးကပ်တိုင်အားဖြင့် မည်သို့ အဘယ်ကြောင့် ပယ်ဖျက်တော်မူပါ သနည်း။
၈။ ဤသင်ခန်းစာတွင် လက်ဝါးကပ်တိုင်၏ အောင်ပွဲ(၅) မျိုးဖော်ပြထားရာလည်းကောင်းတို့ အထဲမှအနည်းဆုံး (၃) ချက်ကိုအညွှန်းဖြင့် ဖော်ပြပါ။
(၁)
(၂)
(၃)
၉။ (က) ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းသည် ဘုရားသခင် ပြုတော်မူသော အမူဖြစ်ကြောင်း ဖော်ပြသောကျမ်းညွှန်း အနည်းဆုံး (၃) ချက်ဖော်ပြပါ။
(ခ) ဤအပြုအမူသည်မည်သည့် ထူဆန်းအံ့သြဘွယ်ရာကို ဖော်ပြကြောင်းနှင့် ထိုအချက်ကိုထောက်ပြ သောကျမ်းညွှန်း အနည်းဆုံးတစ်ခုကိုပြပါ။
၁၀။ ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းသည် လူတို့ပြုသောအမှုဖြစ်သည်ဟုလည်း မှတ်ယူရပါသည်။ ထိုအပြုအမူများနှင့်ပတ်သက်၍ ကျမ်းစာသည်မည်သို့သဘောထားပါသနည်း။ ကျမ်းညွှန်းဖြင့်ဖော်ပြပါ။
၁၂။ ပေါလုသည်လက်ဝါးကပ်တိုင်ကို ကြည့်လျက်ခရစ်ယာန်တို့၏ ယုံကြည်ချက်အားလုံးပေါ်ထွက်လာရာနှင့် ဘုရားသခင်၏တန်ခိုးတော် အဖြစ်မြင်ခဲ့ပါသည်။ ဂလ ၃း၁။ ၁ ကော ၁း၁၈။ ဤအချက်ကိုဖော်ပြရန် ဤသင်ခန်းစာ၌ လက်ဝါးကပ်တိုင်မှ ဖော်ပြသောအချက် (၉)ချက်အဖြစ်ပြသထားပါသည်။ အနည်းဆုံး (၅) ချက်ကိုဖော်ပြလျက် သက်ဆိုင်ရာကျမ်းညွှန်းများကိုပြပါ။
၁၃။ ခရစ်ယာန်၏အသက်တာသည် လက်ဝါးကပ်တိုင်နှင့် မည်ကဲ့သို့ပတ်သက်နေကြောင်းကို စာပိုဒ်တစ်ပိုဒ်ဖြင့် ရေးသားလျက်သင်၏ခံစားချက်ကို ထင်ဟပ်စေရန် ကျမ်းချက်များကိုဖော်ပြပါ။
၁၄။ လက်ဝါးကပ်တိုင်အကြောင်း လေ့လာသော ဤသင်ခန်းစာသည် သင့်အတွက်မည်ကဲ့သို့ အဓိပ္ပါယ်ရှိကြောင်း ကိုအတိုချုပ်ရေးပြပါ။
အမည် ------------------------------ ရက်စွဲ -------------------------------
လိပ်စာ -----------------------------
----------------------------
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
မှတ်ချက်။ စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ (အခန်း ၁၄) ဖြစ်ပါသည်။
http://www.murann.com/ezine/index.php?option=com_content&view=article&id=1524:2012-10-25-16-10-22&catid=9:bible-study&Itemid=10
သင္ခန္းစာ အမွတ္ (၇) ခရစ္ေတာ္၏လက္၀ါးကပ္တိုင္
Unicode & Zawgyi Reshare-#9Dan
“နိဒန္း”
ခရစ္ေတာ္၏လက္၀ါးကပ္တိုင္သည္ ခရစ္ယာန္တို႔၏ အေျခခံပံုေသ ယံုၾကည္ခ်က္အားလံုးတို႔၏ ေပါက္ဖြားရာ အရပ္ႏွင့္ အေျခခံ႐ႈျမင္ရေသာအရာပင္ျဖစ္ပါသည္။ ခရစ္ယာန္ဘာသာႏွင့္ ခရစ္ယာန္ယဥ္ေက်းမႈတို႔၏ လကၡဏာႏွင့္ မူလအျမစ္ပင္ျဖစ္ပါသည္။
လူ႔သမိုင္း၏ လည္ပတ္ရာ၀င္႐ိုးျဖစ္ပါသည္။ ပထမႏွစ္ေပါင္းေလးေထာင္သည္ ကရာနီကုန္းေပၚ၌ ျဖစ္ေပၚ လာမည့္အရာကိုပံုေဆာင္ျခင္း၊ အရိပ္ေပးျခင္း၊ ႀကိဳတင္ေဟာခ်က္ထုတ္ျခင္းကိုသာျပဳခဲ့ပါသည္။ ႏွစ္ေပါင္းႏွစ္ေထာင္ ကာလအတြင္းလူသားကမၻာသည္ ထိုလက္၀ါးကပ္တိုင္၏ ေအာင္ျမင္မႈအရသာကိုထိေတြ႔ခံစားေနရပါသည္။
ဤသင္ခန္းစာတြင္ လက္၀ါးကပ္တိုင္၏ နက္႐ိႈင္းလွေသာအဓိပၸါယ္၊ က်ယ္၀န္းလွေသာအျမင္၊ လက္၀ါးကပ္ တိုင္ႏွင့္ ပတ္သက္၍ ေပၚေပါက္လာေသာခရစ္ယာန္တို႔၏ အေျခခံပံုေသယံုၾကည္ခ်က္မ်ား၊ ခရစ္ယာန္က်င့္ႀကံ ျပဳမူမႈမ်ား ႏွင့္ ထိုလက္၀ါးကပ္တိုင္ျဖင့္ ထင္ရွားေသာ သတင္းေကာင္းတို႔ကို ေဖာ္ျပလိုပါသည္။
ဤသင္ခန္းစာအေရးႀကီးပံု။
ခရစ္ေတာ္လက္၀ါးကပ္တိုင္ေပၚတြင္အေသခံေတာ္မူျခင္းသည္ လူသားတို႔အားအျပစ္မွကယ္တင္ရန္ ဘုရား သခင္၏ ထာ၀ရအႀကံေတာ္၏ တစ္စိတ္တစ္ပိုင္းပင္ျဖစ္ပါသည္။ ခရစ္ယာန္တို႔၏ အေျခခံပံုေသ ယံုၾကည္ခ်က္ အားလံုး တို႔သည္ လက္၀ါးကပ္တိုင္မွျဖာထြက္လာရပါသည္။ လက္၀ါးကပ္တိုင္သည္ တမန္ေတာ္တို႔ေဟာေျပာခဲ့ေသာ သတင္း ေကာင္း၏အႏွစ္ျဖစ္လ်က္ ဓမၼသစ္အသင္းေတာ္၏ ရည္မွန္းခ်က္သာျဖစ္ပါသည္။ လက္၀ါးကပ္တိုင္ကို ဖယ္ရွားလိုက္ လ်င္ ခရစ္ယာန္၏သတင္းေကာင္းသည္ အဓိပၸါယ္ကင္းမဲ့သြားမည္ျဖစ္ပါသည္။ လက္၀ါးကပ္တိုင္ပါလာေသာအခါ မွ သာ ဤေလာက၏အျပစ္ကိုခံေဆာင္လ်က္ ဤေလာကသားမ်ားကိုယ္စား အေသခံေတာ္မူေသာ ဘုရား၏ဘုန္းက်က္ သေရကို ကမၻာေလာကသားတို႔ျမင္ေတြ႔ႏိုင္မည္ျဖစ္ပါသည္။ ဤသင္ခန္းစာ၏ အေရးႀကီးပံုကို ေက်ာ္လြန္၍ေျပာျခင္း ငွာမျဖစ္ႏိုင္ပါ။ သန္႔ရွင္းေသာ၀ိညာဥ္ေတာ္သည္ သင္၏စိတ္ႏွလံုးႏွင့္အသက္တာတြင္ ဤေလးနက္ေသာအေၾကာင္း အရာတို႔ကို သိရွိလိုေသာသေဘာမ်ား ေပးသနားေတာ္မူပါရန္ ဆုေတာင္းပါသည္။
၁။ လက္၀ါးကပ္တိုင္ ဤအေသခံျခင္း၏ ရွက္ေၾကာက္ဖြယ္ရာမ်ား
(က) လက္၀ါးကပ္တိုင္ေပၚတြင္ အေသသတ္ျခင္းသည္မျပဳအပ္ေသာ အရာျဖစ္သည္ဟု ေရာမလူမ်ိဳးမ်ား ကခံယူထားပါသည္။ ဤကဲ့သို႔အသတ္ခံရျခင္းသည္ ဆိုးသြမ္းလွေသာကၽြန္မ်ားအတြက္သာ ထိုက္ တန္ သည္ဟု ယူဆထားေသာေၾကာင့္ ေရာမတိုင္းရင္းသားမ်ားအား ထိုဆိုးရြားေသာေသဒဏ္မ ေပးရဟု ကင္းလႊတ္ခြင့္ေပးထားပါသည္။
(ခ) လက္၀ါးကပ္တိုင္ေပၚတြင္အေသသတ္ျခင္း၊ ခံရရန္သစၥာေဖါက္မ်ား၊ ဓါးျပမ်ား၊ ပုန္ကန္သူမ်ား၊ ေခါင္း ေဆာင္ကိုသတ္ေသာရာဇ၀တ္သားမ်ားအတြက္သာ သတ္မွတ္ထားပါသျဖင့္ ခရစ္ေတာ္အား ရာဇ၀တ္မႈ က်ဴးလြန္သူကဲ့သို႔ ျပဳမူထားေၾကာင္းေတြ႔ရွိရပါသည္။
(ဂ) လက္၀ါးကပ္တိုင္ေပၚတြင္အေသသတ္ႏိုင္ရန္ မိမိလူမ်ိဳးေတာ္၏ ျငင္းပယ္ျခင္း၊ လံုး၀ပစ္ပယ္ျခင္းျဖင့္ ႐ႈံ႕ခ်ျခင္းျဖစ္ပါသည္။ ေယာ ၁း၁၃။
(ဃ) ယုဒလူမ်ိဳးမ်ားအေနျဖင့္ လက္၀ါးကပ္တိုင္တြင္ အေသသတ္ျခင္းခံရေသာ သူအေပါင္းတို႔အား က်ိန္ျခင္း အမဂၤလာကိုခံရေသာသူျဖစ္သည္ဟု မွတ္ယူထားပါသည္။ ဂလာ ၃း၁၃။ တရား ၂၁း၂၃။
(င) မိမိအ၀တ္အစားမ်ားခၽြတ္၍ အရွက္ကိုေဖာ္ကာ ႐ႈံ႕ခ်ခံရျခင္း၊ အျပစ္ျဖင့္အျမင္ကြယ္ေနၾကေသာ လူအုပ္ႀကီး၏ ႐ံႈ႕ခ်ေအာ္ဟစ္ျခင္း။ မ ၂၇း၃၅၊ ၃၆။
(စ) ေဟၿဗဲ ၁၂း၂ တြင္ “ထိုသခင္သည္ မိမိေရွ႕၌ထားေသာ ၀မ္းေျမာက္ျခင္းအေၾကာင္းေၾကာင့္၊ ရွက္ေၾကာက္ေသာအရာကိုမမွတ္ဘဲ လက္၀ါးကပ္တိုင္၌ခံၿပီးမွ”ဟူေသာ က်မ္းခ်က္သည္လည္း ေကာင္း၊ ဖိ ၂း၈ တြင္ “လက္၀ါးကပ္တိုင္မွာ အေသခံျခင္းတိုင္ေအာင္ အေစကၽြန္ခံ၍မိမိကိုယ္ကို ႏွိမ့္ခ်ေတာ္မူ၏”ဟူေသာ က်မ္းခ်က္သည္လည္းေကာင္း ယံုၾကည္သူအတြက္ မည္မွ်ေလးနက္ တန္ဘိုးရွိလွပါသနည္း။
၂။ လက္၀ါးကပ္တိုင္ေပၚအေသခံျခင္း၏ ေ၀ဒနာ။
(က) လက္၀ါးကပ္တိုင္ေပၚတြင္ အေသသတ္ႏိုင္ရန္ ၾကာပြတ္႐ိုက္ျခင္းျဖင့္ အစျပဳပါသည္။ ေယာ ၁၉း၁။ မ။ ၂၇၂၆။ လက္၀ါးကပ္တိုင္၌ ခံရေသာ ေ၀ဒနာပိုမိုျပင္းျပေစရန္ရည္ရြယ္ထားပါသျဖင့္ ၾကာပြတ္ သည္ သားေရႀကိဳး သို႔မဟုတ္ က်စ္ႀကိဳးအမ်ားအျပားကိုလက္ကိုင္တပ္ထားၿပီး ထိုႀကိဳးမ်ားေလးလံ ေစရန္ အ႐ိုး သို႔မဟုတ္ သတၱဳစမ်ား ခ်ိတ္ဆြဲထားပါသည္။ အ႐ိုက္ခံရသူအားတိုင္တြင္ခ်ည္ထားၿပီး ထိုသူ၏ေက်ာႏွင့္ ေပါင္ၿခံကို ႐ိုက္ေလ့ရွိပါသည္။ ဒဏ္ခ်က္သည္ ျပင္းထန္လြန္းလွပါသျဖင့္ အ႐ိုက္ ခံရ သူသည္ ေမ့သြားသည္ကမ်ားသည္။ သို႔ေသာ္ ထို႐ိုက္ခ်က္ျဖင့္ ေသရန္ခက္ခဲပါသည္။ The International Bible Standard Encyclopedia မွ ခရစ္ေတာ္သည္ အခ်က္ေလးဆယ္ အ႐ိုက္ ခံရပါသည္။ တရား ၂၅း၃။ မ ၂၇း၂၆။ ၂ေကာ ၁၁း၂၄။
(ခ) သခင္ဘုရား၏အေျခအေနတြင္ လက္၀ါးကပ္တိုင္ေပၚခံရေသာ ေ၀ဒနာပိုမိုျပင္းထန္ေစရန္ ဦးေခါင္း ေတာ္၌ ဆူးဦးရစ္ကိုတင္ထားပါသည္။ မ ၂၇း၂၉။
ခရစ္ေတာ္အားကဲ့ရဲ႕ေနာက္ေျပာင္ေသာအားျဖင့္ ေရာမစစ္သားမ်ားသည္ ပန္းဦးရစ္အလား၊ ထိုအရပ္၌ ရွိေသာဆူးပင္မ်ားမွ အခ်ိဳ႕ကိုေခြ၍ ေခါင္းေပၚတြင္တင္ေပးပါသည္။ မည္သည့္အပင္ ျဖစ္မည္ကိုအတိအက်ေဖာ္ျပႏိုင္ျခင္းမရွိပါ။ ထိုအရပ္၌ေပါက္ေလ့ရွိေသာ ျမက္ပင္မ်ားေပၚရွိဆူးအခၽြန္ သည္ တစ္လက္မထက္ပင္ရွည္ၾကပါသည္။ ခၽြန္ထက္ၿပီး ေတာင့္မာလွေသာဆူးမ်ားျဖစ္ပါသည္။ ထိုဆူးဦးရစ္ကို ေရာမစစ္သားမ်ားသည္ ရယ္ေမာလ်က္ခရစ္ေတာ္၏ ဦးေခါင္းထဲသို႔ က်ဴလံုးျဖင့္ ႐ိုက္ သြင္းထားရာ ေ၀ဒနာပိုႀကီးေစပါသည္။ မ၊ ၂၇း၃၀။
(ဂ) ကားတင္သတ္ရာတြင္ လက္၀ါးကပ္တိုင္ပံုစံမွာ (၄)မ်ိဳးရွိပါသည္။ ခရစ္ေတာ္ကိုသတ္ခဲ့ေသာ လက္၀ါးကပ္တိုင္မွာ အမ်ားဆံုးအသံုးျပဳခဲ့ေသာ လက္၀ါးကပ္တိုင္မ်ိဳးျဖစ္လ်က္၊ တိုင္မတ္မတ္ ေပၚတြင္ လက္တန္းတည့္တည့္တပ္ထားပါသည္။ ၄င္းအမ်ိဳးကို "Crux immisa" ဟုေခၚပါသည္။ ခရစ္ေတာ္၏လက္ႏွင့္ ေျခတို႔ကိုဤတိုင္ေပၚတြင္သံျဖင့္ ႐ိုက္ကပ္ထားပါသည္။ ေယာ ၂၀း၂၅။ ေကာ ၂း၁၄။
(ဃ) လက္၀ါးကပ္တိုင္ေပၚတြင္ အေသသတ္ခံရျခင္း၏ ေၾကာက္မတ္ဘြယ္ရာမ်ားကို စာျဖင့္ အျပည့္အစံု ေဖာ္ျပ၍မရႏိုင္ပါ။ ဒါဏ္ခ်က္သက္သာေစရန္ယုဒျပည္တြင္ လက္၀ါးကပ္တိုင္ေပၚေရာက္ ရာဇ၀တ္ သားအား ႐ူးမိုက္ေစေသာ ေဆးရည္ကိုတိုက္ပါသည္။ ခရစ္ေတာ္သည္ ထိုေဆးရည္ကို ျငင္းပယ္ခဲ့ပါ သည္။ မ ၂၇း၁၄။ ေ၀ဒနာကိုပိုမိုျငင္းထန္ေစေသာ အခ်က္တစ္ခ်က္မွာ ထိုေဒသ၏ ပူေလာင္လွ ေသာေနပူရွိန္ပင္ျဖစ္ပါသည္။ ပူေလာင္လွေသာဒါဏ္ခ်က္ႏွင့္ ေကာင္းစြာမထြက္ေသာေသြးတို႔သည္ အနာရွိန္ကို တက္ေစလ်က္၊ အနာရွိန္ေၾကာင့္ဖ်ားနာျခင္းႏွင့္ ေရငတ္ျခင္းကိုျဖစ္ေစပါသည္။ ေယာ ၁၉း၂၈။ အ႐ိုးအဆစ္မ်ား၊ အေၾကာအခ်ဥ္မ်ားတို႔သည္ က်ိဳးေက်ကုန္လ်က္ အလြန္နာက်င္မႈကို ျဖစ္ေစပါသည္။ ေခါင္းေပၚမွ ေသြးလႊတ္ေၾကာတို႔သည္ ေသြးမ်ားျဖင့္လွ်ံတက္ေနသည္။ ေခါင္းေပၚ၌ ေလးလံျခင္းႏွင့္ ေပါက္ကြဲမတတ္ေသာကိုက္ခဲျခင္း ေ၀ဒနာကိုျဖစ္ေစပါသည္။ ကားစင္တင္ခံရေသာ သူသည္ ၾကာျမင့္စြာေ၀ဒနာ ရၿပီးမွေသရေသာေသျခင္း၊ ေၾကာက္မက္ဘြယ္ေကာင္းေသာ ေသျခင္း ကို ေသရသည္ျဖစ္၍ အေသ ျမန္ေစရန္ ရာဇ၀တ္သား၏ ေျခအ႐ိုးတို႔ကိုခ်ိဳးျခင္းျဖင့္ ျဖည့္စြက္ ပါသည္။ ေယာ ၁၉း၃၁-၃၄။ အငယ္ ၃၄ကိုဖတ္ေသာအခါခရစ္ေတာ္သည္ အသဲကြဲနာ ကိုလည္း ခံစားရေၾကာင္းေထာက္ျပေနပါ သည္။
မွတ္ခ်က္။ ခရစ္ေတာ္၏ေ၀ဒနာမ်ားႏွင့္ ပတ္သက္၍ ေအာက္ပါက်မ္းခ်က္မ်ားကို ေက်ညက္ေအာင္ ဖတ္ပါ။ ေဟ ၁၂း၂။ “လက္၀ါးကပ္တိုင္၌ခံၿပီးမွ” ၁ေပ ၂း၂၃။ “အေသခံရေသာ အခါၿခိမ္းေျခာက္ ျခင္းကိုမျပဳ” ၁ေပ ၃း၁၈။ “ခရစ္ေတာ္သည္ ကိုယ္ခႏၶာအားျဖင့္ ေသသတ္ျခင္းကိုခံ၍ ေျဖာင့္မတ္ ေသာသူသည္ မေျဖာင့္မတ္ေသာသူအတြက္၊ ဒုစ႐ိုက္အျပစ္မ်ားေၾကာင့္တစ္ခါခံေတာ္မူ၏”။
၃။ ခရစ္ေတာ္၏လက္၀ါးကပ္တိုင္သည္ တမန္ေတာ္တို႔၏ အဓိကေဟာေျပာခ်က္ျဖစ္ပါသည္။
(က) ၁ေကာ ၁း၁၈။ ကယ္တင္ျခင္းသို႔ေရာက္ေသာငါတို႔၌ ထုိတရား (လက္၀ါးကပ္တိုင္တရား)သည္ ဘုရားသခင္၏တန္ခိုးေတာ္ျဖစ္၏။
(ခ) ၁ေကာ ၂း၂ အေၾကာင္းမူကား၊ ေယ႐ႈခရစ္တည္းဟူေသာ လက္၀ါးကပ္တိုင္မွာ အေသခံေတာ္မူ ေသာသခင္မွတပါး အဘယ္တရားကိုမွ် သင္တို႔တြင္ ငါမသိအမွတ္ဟု ငါစိတ္ျပဌာန္းျခင္းရွိ၏။
(ဂ) ဂလာ ၆း၁၄ ။ ငါျဖစ္လွ်င္၊ ငါတို႔သခင္ေယ႐ႈခရစ္၏ လက္၀ါးကပ္တိုင္ေတာ္မွတပါး အဘယ္အရာ၌ မွ်၀ါႂကြားျခင္းမရွိေစႏွင့္။
(ဃ) ဧ ၂း၁၆။ ယုဒလူႏွင့္ တစ္ပါးအမ်ိဳးသားတို႔သည္ လက္၀ါးကပ္တိုင္၌ရန္ၿငိမ္းလ်က္ ဘုရားသခင္ႏွင့္ မိတ္သဟာယဖြဲ႔ေစပါသည္။
(င) ေကာ ၁း၂၀ ။ လက္၀ါးကပ္တိုင္မွာ သြန္းေသာအေသြေတာ္ျဖင့္ ရန္ကိုၿငိမ္းေစ၍ - ဘုရားသခင္ႏွင့္ မိတ္သဟာယဖြဲ႔ေစျခင္း။
(စ) ေကာ ၂း၁၄ ။ ၀ိနည္းအထံုးအဖြဲ႔ႏွင့္ စပ္ဆိုင္ေသာလက္မွတ္ကို ေခ်၍ လက္၀ါးကပ္တိုင္မွာ ႐ိုက္ထား လ်က္။
(ဆ) ဂလာ ၃း၁။ လက္၀ါးကပ္တိုင္မွာ အေသခံေတာ္မူေသာ ေယ႐ႈကို သင္တို႔မ်က္ေမွာက္၌ ထင္ရွားစြာ ျပၿပီးျဖစ္သည္ျဖစ္၍။
(ဇ) ၁ေပ ၂း၂၄။ ငါတို႔အျပစ္မ်ားကို ကိုယ္ေတာ္တိုင္သစ္တိုင္ (လက္၀ါးကပ္တိုင္)မွာ ခံေတာ္မူၿပီ။
(စ်) ၁ေပ ၁း၁၈-၁၉။ အေသြးေတာ္ျမတ္ႏွင့္ေရြးေတာ္မူၿပီ။
၄။ လက္၀ါးကပ္တိုင္၏ ရန္ၿငိမ္းေစျခင္း။
မွတ္ခ်က္။ ခရစ္ေတာ္၏ ဧ၀ံေဂလိတရားသာသနာကို ရန္ၿငိမ္းျခင္း သာသနာ ဟု ေခၚထားပါသည္။ ၂ေကာ ၅း၁၈။
မွတ္ခ်က္။ ရန္ၿငိမ္းျခင္းအယူအဆမွာ မ်က္ႏွာသာရေသာအဆင့္၌ ျပန္လည္ေနရာခ်ထားျခင္းျဖစ္ပါ သည္။ ေမတၱာေတာ္ႏွင့္ ကင္းကြာျခင္း၊ ရန္သူအျဖစ္မွတ္ယူျခင္း၊ မိတ္ပ်က္ျခင္းမ်ား အဆံုးသတ္ျခင္းျဖစ္သည္။ တစ္ခ်ိန္က ရန္ဘက္တို႔သည္ မိတ္ေဆြျဖစ္လာသည္။ ကြဲျပားျခားနားေစေသာအကာကိုဖယ္ရွားသည္။ ရန္ၿငိမ္း၍ ၿငိမ္းခ်မ္းမႈရရွိသည္။ ႏွစ္ဖြဲ႔မဟုတ္ တစ္ဖြဲ႔တည္းျဖစ္သည္။
(က) “ဘုရားသခင္သည္ ခရစ္ေတာ္အထဲ၌ရွိေနလ်က္၊ ေလာကီသားတို႔၏အျပစ္မ်ားကိုမွတ္ေတာ္မမူ၊ ရန္ ကိုၿငိမ္းေစ၍ ကိုယ္ေတာ္ႏွင့္ မိတ္သဟာယဖြဲ႔ေစေတာ္မူ၏” ၂ေကာ ၅း၁၉။ မည္မွ်အရသာ ရွိ ေကာင္းျမတ္ေသာ က်မ္းပိုဒ္ျဖစ္ပါသနည္း။ ခရစ္ေတာ္သည္ ၾကား၀င္ေစ့စပ္ေပးသူျဖစ္လ်က္။ အျပစ္ရွိသူ၊ ေတာ္လွန္ပုန္ကန္သူ၊ ဘုရားသခင္ကို မယံုၾကည္သူအား ဘုရားသခင္ႏွင့္ ရန္ၿငိမ္း၍ မိတ္သဟာယဖြဲ႔ေစႏိုင္ပါသည္။
(ခ) လက္၀ါးကပ္တိုင္တြင္ ခရစ္ေတာ္သည္ ယုဒလူႏွင့္ တစ္ပါးအမ်ိဳးသားတို႔အၾကား ရန္ၿငိဳးဖြဲ႔ျခင္းကို ၿငိမ္းေစ၍ ရန္ကုိဖ်က္သိမ္းသည္။ ပညတ္တရားကိုလည္း ဖ်က္သိမ္းသည္။ ထိုလူမ်ိဳးႏွစ္စုကို တစ္စု တည္းျဖစ္ေစေတာ္မူလ်က္ လက္၀ါးကပ္တိုင္ေတာ္အားျဖင့္ မိတ္သဟာယဖြဲ႔ေစေတာ္မူ၏။ ဧ ၂း၁၄-၁၆။ ေရာ ၅း၁၀။
(ဂ) ေကာ ၁း၂၀-၂၂တြင္ ရွင္ေပါလုက အျပစ္သားမ်ားကို ေယဘုယ်အားျဖင့္ ေရးသားရာတြင္ “ဆိုးညစ္ေသာအက်င့္ကို က်င့္သျဖင့္ စိတ္ႏွလံုး၌ ရန္သူျဖစ္ေသာသင္တို႔ကို” လက္၀ါးကပ္တိုင္မွ သြန္းေသာ အေသြးေတာ္အားျဖင့္ ရန္ကုိၿငိမ္းေစ၍ ဘုရားသခင္ႏွင့္ မိတ္သဟာယဖြဲ႔ေစေတာ္မူ ေၾကာင္းေဖာ္ျပထားပါသည္။ စစ္ေျပၿငိမ္းၿပီးျဖစ္သည္။ ဘုရားသခင္မွ စစ္ေျပၿငိမ္းစာခ်ဳပ္သည္ ယံုၾကည္သူ မည္သူႏွင့္မဆို လက္မွတ္ေရးထိုးၿပီးျဖစ္၍ အေသြးေတာ္အားျဖင့္ အာမခံလ်က္ရွိပါ သည္။ ကၽြႏ္ုပ္တို႔၏ အျပစ္မ်ားကို ဒါဏ္စီရင္ၿပီးျဖစ္၍ ဖယ္ရွားၿပီးျဖစ္သည္။ (ေဟ ၉း၂၆) ေစာ္ကားခံ ရေသာဘုရားသခင္သည္ ေက်နပ္မႈရၿပီးျဖစ္ပါသည္။ အတားအဆီးမရွိ၊ မည္သူမဆို ဘုရားသခင္ထံ အေထံေတာ္သို႔ စိုးရိမ္ျခင္းမရွိဘဲ ခရစ္ေတာ္၌တိုး၀င္ႏိုင္ၿပီးျဖစ္ပါသည္။
(ဃ) မွတ္ခ်က္။ အျပစ္မရွိေသာဘုရား၊ ေစာ္ကားခံရေသာ ဘုရားသခင္သည္ ရန္ၿငိမ္းျခင္း အတြက္ စတင္လႈပ္ရွားေပးသူျဖစ္ပါသည္။ ၂ေကာ ၅း၁၈-၁၉ တြင္ဘုရားသခင္သည္ ေယ႐ႈခရစ္ အား ျဖင့္ငါတို႔၏ ရန္ကိုၿငိမ္းေစ၍ ဘုရားသခင္သည္ ခရစ္ေတာ္အထဲ၌ ရွိေနလ်က္ ေလာကီသားတို႔ ႏွင့္ မိတ္သဟာယဖြဲ႔ေၾကာင္းေတြ႔ရွိရပါသည္။
၅။ လက္၀ါးကပ္တိုင္ႏွင့္ ပညတ္တရား။
မွတ္ခ်က္။ ပညတ္တရားသည္ လူအားလံုးတို႔ကို အျပစ္ရွိသည္ဟု စီရင္လ်က္အျပစ္ေပးထား သည္။ အေၾကာင္းမွာ မည္သူမွ် ပညတ္တရားကိုမေစာင့္ႏိုင္ေသာေၾကာင့္ျဖစ္သည္။ ေရာ ၃း ၉-၂၃။ ပညတ္တရားႏွင့္ ပညတ္တရား၏အစိတ္အပိုင္း တစ္ခုခုကို ခ်ိဳးေဖါက္ေသာသူ ရွိသမွ်တုိ႔သည္ က်ိန္ျခင္း အမဂၤလာျဖစ္ေစလ်က္၊ ေသဒါဏ္အမိန္႔ခ်မွတ္ထားပါသည္။ ဂလာ ၃း၁၀-၁၁။ ယာ ၂း၁၀။
(က) ခရစ္ေတာ္သည္ ထိုက်ိန္ျခင္းႏွင့္ စပ္ဆိုင္ေသာသစ္တိုင္ေပၚတြင္ ကိုယ္ေတာ္ကိုယံုၾကည္ သမွ်ေသာသူတို႔ႏွင့္ ပတ္သက္ေသာ က်ိန္ျခင္းအမဂၤလာအားလံုးတို႔ကို ခံေတာ္မူခဲ့ၿပီး ေၾကာင္းသိရ ေသာအခြင့္သည္ မည္မွ်တန္ဘိုးရွိပါသနည္း။ ဂလ ၃း၁၃၊ ၁၄။ ကိုယ္ေတာ္ တိုင္လည္း ထုိပညတ္ တရားရွိသမၽွ်တို႔ကိုက်င့္၍ ၿပီးျပည့္စံုေစခဲ့ပါသည္။ မႆဲ ၅း၁၇။
(ခ) ယံုၾကည္ေသာသူရွိသမွ်တို႔အတြက္ ခရစ္ေတာ္သည္ လက္၀ါးကပ္တိုင္၌ ပညတ္တရား၏ ျပည့္စံုျခင္းျဖစ္လာပါသည္။ (ေရာ ၁၀း၄)။
(ဂ) လက္၀ါးကပ္တိုင္တြင္ ၀ိနည္းႏွင့္ စပ္ဆိုင္ေသာ အထံုးအဖြဲ႔ရွိသမွ် (ပညတ္တရားႏွင့္ အစဥ္အလာ ခ်ည္ေႏွာင္မႈမ်ား) ကိုခရစ္ေတာ္သည္ ေခ်ဖ်က္၍ လက္၀ါးကပ္တိုင္တြင္ သံႏွင့္႐ိုက္ထားၿပီးျဖစ္သည္။ (ေကာ ၂း၁၄)
(ဃ) ယုဒလူႏွင့္ တစ္ပါးအမ်ိဳးသားတို႔ကို “တစ္မ်ိဳးတည္း” (အသင္းေတာ္)ျဖစ္ေစျခင္းငွာ ခရစ္ ေတာ္သည္ ပညတ္တရားကိုပယ္ဖ်က္၍ ထိုသူတို႔အၾကားရွိရန္ၿငိဳးကိုလည္း လက္၀ါးကပ္ တိုင္တြင္ သတ္ျဖတ္ပယ္ရွင္းၿပီး ျဖစ္ပါသည္။ (ဧ၊ ၂း၁၅-၁၆)
၆။ လက္၀ါးကပ္တိုင္၏ ေအာင္ပြဲခံျခင္း။
(က) လက္၀ါးကပ္တိုင္တြင္ ခရစ္ေတာ္ကို “ငါတို႔အတြက္ (ကိုယ္စား) အျပစ္ရွိေသာသူ”ျဖစ္ေစ သည္။ ၂ေကာ ၅း၂၁။ ကၽြႏ္ုပ္တို႔၏အျပစ္မ်းကို ကုိယ္ေတာ္တိုင္ခံခဲ့သည္။ ၁ေပ ၂း၂၄။ ဘုရားသခင္သည္သူ႔အေပၚ၌တင္ေတာ္မူသည္။ ေဟရွာ ၃း၆။
ခရစ္ေတာ္သည္ မိမိကိုယ္ကိုပူေဇာ္သကၠာျပျခင္းအားျဖင့္ ထိုအရာကိုပယ္ရွား၍ အျပစ္ အေပၚေအာင္ပြဲခံေတာ္မူသည္။ ေဟၿဗဲ ၉း၂၆။ ယံုၾကည္ေသာသူတို႔အတြက္ “အျပစ္”သည္ ေဆြးေႏြးရန္မဟုတ္ေတာ့ဘဲ။ “သားျဖစ္ျခင္း”သည္သာ ေခါင္းစဥ္ႀကီး ျဖစ္လာပါသည္။” ဟူေသာ ေမးခြန္းကိုသာ ေျဖသင့္ပါသည္။ မ၊ ၂၇း၂၂။
(ခ) ဘုရားသခင္ႏွင့္ လူတို႔၏အဓိကရန္သူျဖစ္ေသာ စာတန္ကိုလက္၀ါးကပ္တိုင္တြင္ ထာ၀ရ ေအာင္ျမင္ အႏိုင္ယူရယူၿပီး ျဖစ္သည္။
(၁) “ေသျခင္းတရားကို အစိုးရေသာသူတည္းဟူေသာ မာရ္နတ္၏ တန္ခိုးကို ခ်ိဳးဖဲ့ဖ်က္ဆီးျခင္းငွာ” (ေဟ ၂း၁၄) ခရစ္ေတာ္သည္ အေသြးအသားကို ေဆာင္ယူေတာ္မူ၏။
(င) ယံုၾကည္သူအတြက္ “ဤေလာကသည္ ငါ့အဘို႔႐ိုက္ထားျခင္းကိုခံလ်က္ရွိ၏။ ငါသည္လည္း ဤေလာကအဘို႔ ႐ိုက္ထားျခင္းကိုခံလ်က္ရွိ၏” ဂလာ ၆း၁၄။ “မစိုးရိမ္ၾကႏွင့္။ ငါသည္ ဤေလာကကိုေအာင္ၿပီ။ ေယာ ၁၆း၃၃။
(စ) ခရစ္ေတာ္သည္ ပညတ္တရားကိုအဆံုးသတ္ခဲ့ၿပီ။ ေရာ၊ ၁၀း၄။ လက္၀ါးကပ္ တိုင္ေပၚတြင္အေသခံေတာ္မူျခင္းအားျဖင့္ ပညတ္တရား၏ က်ိန္ျခင္းအမဂၤလာ မွကၽြႏ္ုပ္တို႔ကို ေရြးႏႈတ္ကယ္တင္ေတာ္မူၿပီ။ (ဂလာ ၃း၁၃)။
၇။ လက္၀ါးကပ္တိုင္ကို ဘုရားသခင္၏ ေဆာင္ရြက္ေတာ္မူခ်က္အျဖစ္႐ႈျမင္ျခင္း။
(က) လက္၀ါးကပ္တိုင္ေပၚတြင္ခရစ္ေတာ္အေသခံေတာ္မူျခင္းကို ဘုရားသခင္၏ျပဳမူေဆာင္ရြက္ေတာ္မူ ခ်က္ျဖစ္သည္ဟု သမၼာက်မ္းစာကျမင္ထားပါသည္။
(၁) ဒါဏ္ခတ္ေတာ္မူျခင္းကိုလည္းေကာင္း၊ ဘုရားသခင္ဆံုးမ၍ ႏွိမ့္ခ်ေတာ္မူျခင္းကို လည္းေကာင္း၊ ခံရေသာသူျဖစ္သည္ဟု ငါတို႔သည္ ထင္မွတ္ၾကၿပီ။ ေဟရွာ ၅၃း၄။
(၂) ထာ၀ရဘုရားသည္ ခပ္သိမ္းေသာငါတို႔၏အျပစ္မ်ားကို သူ႔အေပၚ၌တင္ေတာ္မူ၏။
(ေဟရွာ ၅၃း၆)
(၃) ထာ၀ရဘုရားသည္ သူ႔ကိုႏွိပ္စက္ျခင္းငွာ အလိုေတာ္ရွိ၍ နာေစေတာ္မူ၏။ ေဟရွာ ၅၃း၁၀။
(၄) ဘုရားသခင္သည္ အျပစ္ရွိေသာသူျဖစ္ေစေတာ္မူ၏။ ၂ေကာ ၅း၂၁။
(ခ) ထိုသို႔ေသာအျပဳအမူကို ဤေလာကအေနျဖင့္ ျမင္ဘူးသမွ်ေသာေမတၱာတို႔တြင္ အႀကီးဆံုးျဖစ္သည္ ဟုလက္ခံရပါမည္။
(၁) ဘုရားသခင္သည္ မိမိ၌တစ္ပါးတည္းေသာသားေတာ္ကို စြန္႔ေတာ္မူသည့္တိုင္ေအာင္ ေလာကီသားတို႔ကို (အလြန္) ခ်စ္ေတာ္မူ၏။ ေယာ ၊ ၃း၁၆။
(၂) ဘုရားသခင္သည္ ငါတို႔ကိုခ်စ္၍ ငါတို႔၏အျပစ္ေျဖစရာအေၾကာင္း ျဖစ္ေစျခင္းငွာ သား ေတာ္ကို ေစလႊတ္ေတာ္မူေသာအရာ၌ ခ်စ္ျခင္းေမတၱာရွိ၏။ (၁ေယာ ၄း၁၀)။
(၃) ငါတို႔သည္ အျပစ္ရွိစဥ္ပင္ ခရစ္ေတာ္သည္ ငါတို႔အတြက္ေၾကာင့္ အေသခံေတာ္မူသည္ျဖစ္ ၍။ ဘုရားသခင္သည္ ငါတို႔ကိုအဘယ္မွ်ေလာက္ခ်စ္ေတာ္မူသည္ကို ငါတို႔အား ထင္ရွား စြာ ျပေတာ္မူ၏။ ေရာ ၅း၈။
(ဂ) လက္၀ါးကပ္တိုင္ကို လူတို႔၏ေဆာင္ရြက္ခ်က္အျဖစ္႐ႈျမင္ျခင္း။
လက္၀ါးကပ္တိုင္သည္ ဘုရားသခင္၏ဘက္မွၾကည့္လွ်င္ လူတို႔အား ဘုရားသခင္ခ်စ္ေတာ္မူ ေၾကာင္းကိုေဖာ္ျပေသာအထြဋ္အထိပ္လကၡဏာျဖစ္သကဲ့သို႔ လူတို႔ဘက္မွၾကည့္လွ်င္လည္း မုန္းတီး ျခင္း၏ အထြဋ္အထိပ္လကၡဏာပင္ျဖစ္ပါသည္။ လူတို႔၏အျမင္အားျဖင့္ ခရစ္ေတာ္အေသခံ ေတာ္မူျခင္းသည္ အလြန္ေၾကာက္ မတ္ဘြယ္ေကာင္းလ်က္ အလြန္ဆိုးသြမ္းေသာ လူသတ္မႈႀကီး ျဖစ္ပါသည္။
(၁) သင္တို႔သည္ လက္၀ါးကပ္တိုင္မွာ ကြပ္မ်က္ေသာေယ႐ႈကို ဘုရားသခင္သည္ ခရစ္ေတာ္ အရာ၌လည္းေကာင္း အစိုးရေသာအရွင္အရာ၌လည္းေကာင္း ခန္႔ထားေတာ္မူသည္။ တ ၂း၃၆။ ၄း၁၀။
(၂) သန္႔ရွင္းေျဖာင့္မတ္ေတာ္မူေသာ သခင္ကိုျငင္းပယ္၍- အသက္ရွင္ျခင္းသို႔ ပို႔ေဆာင္ေသာ အရွင္ကိုကြပ္မ်က္ၾကၿပီးတကား။ ထိုအရွင္ကိုဘုရားသခင္သည္ ေသျခင္းမွ ထေျမာက္ေစေတာ္မူ သည္။ တ ၃း၁၄-၁၅။
(၃) သင္တို႔သည္ သစ္တိုင္၌ ဆြဲ၍ကြပ္မ်က္ေသာ ေယ႐ႈကိုငါတို႔ဘိုးေဘးမ်ား၏ ဘုရားသခင္ သည္ ထေျမာက္ေစေတာ္မူၿပီ။ (တ ၅း၃၀)။
(၄) ထိုေျဖာင့္မတ္ေသာသူကိုပင္ ယခုသင္တို႔သည္ အပ္ႏွံ၍အေသသတ္ၾကၿပီ။ တ၊ ၇း၅၂။
မွတ္ခ်က္။ ဘုရားသခင္၏အလိုေတာ္ႏွင့္အညီ ႀကံစည္ေတာ္မူခ်က္တို႔ႏွင့္အညီ ခရစ္ေတာ္အေသခံ ေတာ္မူသည္ဟုဆိုယံုမွ်ျဖင့္ ထိုေသျခင္းႏွင့္ ပတ္သက္ေသာကၽြႏ္ုပ္တို႔၏ တာ၀န္မ်ားကင္းရွင္းသြား သည္ မဟုတ္ပါ။ မည္သူမဆို ခရစ္ေတာ္ကိုျငင္းပယ္လွ်င္ ထိုသူသည္ ခရစ္ေတာ္အေသသတ္ျခင္း ခံရန္တာ၀န္ရွိေသာ လူထုႀကီးႏွင့္လည္းေကာင္း၊ ေရာမစစ္သားမ်ားႏွင့္လည္းေကာင္း ပုႏၱိပိလတ္မင္း ႏွင့္လည္းေကာင္း လက္တြဲသူမ်ားျဖစ္ပသါည္။ ခရစ္ေတာ္ကို ျငင္းပယ္ျခင္းသည္ ခရစ္ေတာ္အားေျခ ေထာက္ျဖင့္ေက်ာ္နင္းျခင္း၊ အေသြးေတာ္အားအေရးမေပး၊ (အဘိုးနည္းအရာမေရာက္ေသာ အရာ အျဖစ္ခံယူ)ျခင္းႏွင့္ သန္႔ရွင္းေသာ၀ိညာဥ္ေတာ္ကို အထင္အျမင္ေသးျပဳမူျခင္းျဖစ္ပါသည္။ ေဟၿဗဲ ၁၀း၂၉၊ ဖိ ၃း၁၈။
၈။ ဒါဏ္ခံရေသာလက္၀ါးကပ္တိုင္။
ဒါဏ္ခတ္ေတာ္မူျခင္း ကိုခံရေသာသူျဖစ္သည္ဟု ငါတို႔သည္ ထင္မွတ္ၾကၿပီ။ ေဟရွာ ၅၃း၄။ ခရစ္ေတာ္သည္အမွန္ပင္လက္၀ါးကပ္တိုင္၌ ဒါဏ္ခတ္ေတာ္မူျခင္းကို ခံရေသာသူျဖစ္ပါသည္။ အနက္ဖြင့္ျခင္း၊ အက်ယ္ခ်ဲ႕ျခင္းမျပဳဘဲ ေအာက္ပါအခ်က္အလက္မ်ားကို စိတ္နွလံုးထဲ၌ ေက်ညက္ေစပါ။
လက္၀ါးကပ္တိုင္သည္ -
(၁) ေမွာင္မိုက္ျဖင့္ ဒါဏ္ခတ္ျခင္းျဖစ္သည္။ မ ၂၇း၂၅
(၂) ေ၀ဒနာျဖင့္ ဒါဏ္ခတ္ျခင္းျဖစ္သည္။ ၁ေပ ၃း၁၈။
(၃) ၀မး္နည္းျခင္းျဖင့္ ဒါဏ္ခတ္ျခင္းျဖစ္သည္။ ေဟရွာ ၅၃း၃-၄။
(၄) ေသျခင္းျဖင့္ ဒါဏ္ခတ္ျခင္းျဖစ္သည္။ ေယာ ၁၉း၃၀-၃၃။
(၅) အျပစ္ျဖင့္ ဒါဏ္ခတ္ျခင္းျဖစ္သည္။ ၂ေကာ ၅း၂၁။ ၁ေပ ၂း၂၄။
(၆) ေသြးျဖင့္ ဒါဏ္ခတ္ျခင္းျဖစ္သည္။ ၁ေပ ၁း၁၉။ ေရာ ၅း၉။
၉။ လက္၀ါးကပ္တိုင္သည္မည္သည့္အရာမ်ားကို ေဖာ္ျပပါသနည္း။
လက္၀ါးကပ္တိုင္သည္ ကၽြႏ္ုပ္တို႔အား -
(၁) ေျဖာင့္မတ္ေတာ္မူျခင္းကို ေက်နပ္ေစသည္။ ၂ေကာ ၅း၂၁။ ေရာ ၂း၂၆။
(၂) ၿပီးျပည့္စံုေသာ နာခံမႈကိုျပသည္။ ဖိ ၂း၅-၉။
(၃) အတိုင္းမရွိေမတၱာကိုျပသည္။ ၁ေယာ ၄း၁၀။
(၄) ဘုရားသခင္စီမံေပးေသာ ေျဖာင့္မတ္ျခင္းကို ရရွိေစသည္။
ေရာ ၃း၂၁-၂၂။ ၂ေကာ ၅း၂၁။
(၅) ၀ယ္ယူေရြးႏုတ္ေတာ္မူျခင္းကိုျပပါသည္။ ဧ ၁း၇။
(၆) ေကာင္းျမတ္ေသာရန္ၿငိမ္းျခင္းကိုျပပါသည္။ ေကာ ၂၀-၂၁။
(၇) အျပစ္ကိုဖယ္ရွားေၾကာင္းျပပါသည္။ ေဟၿဗဲ ၂း၁၄။ ၁ေယာ ၃း၈။
(၈) စာတန္ဆံုး႐ႈံးေၾကာင္းကို ျပပါသည္။ ေဟၿဗဲ ၂း၁၄။ ၁ေယာ ၃း၈။
(၉) အျပစ္ကို လံုးလံုး ေျဖလႊတ္ၿပီးေၾကာင္း ေဖာ္ျပပါသည္။
ေကာ ၁း၁၄။
မွတ္ခ်က္။ လက္၀ါးကပ္တိုင္သည္ ခရစ္ယာန္တို႔၏အေျခခံပံုေသ ယံုၾကည္ခ်က္အားလံုးတို႔၏ ဗဟို ခ်က္မ ျဖစ္ပါသည္။ လက္၀ါးကပ္တိုင္တရားကို ေဟာေျပာျခင္းသည္ ဘုရားသခင္၏တန္ခိုးေတာ္ ျဖစ္ေၾကာင္း၊ ခရစ္ယာန္ယံုၾကည္ခ်က္အားလံုးပင္ျဖစ္ေၾကာင္း ေပါလု၏ ခံယူခ်က္ကို သတိျပဳပါ။
၁ေကာ၊ ၁း၁၈။ ဂလ ၃း၁။ ၁ေကာ ၂း၂။
၁၀။ လက္၀ါးကပ္တိုင္ႏွင့္ ခရစ္ယာန္အသက္တာ။
(က) ခရစ္ယာန္သည္ လက္၀ါးကပ္တိုင္၌ ၀ါႂကြားလ်က္၊ ဘယ္ေသာအခါမွ်လက္၀ါးကပ္တိုင္ ကိုမရွက္ရပါ။ (ဂလ ၆း၁၄)
(ခ) ထိုလက္၀ါးကပ္တိုင္အားျဖင့္ ခရစ္ယာန္သည္ ဤေလာကအတြက္ ႐ိုက္ထားျခင္းကို ခံ လ်က္ ဤေလာကသည္လည္း ခရစ္ယာန္အတြက္ ႐ိုက္ထားျခင္းခံလ်က္ရွိပါသည္။ ဂလ ၆း၁၄။
(ဂ) လက္၀ါးကပ္တိုင္သည္ အမ်ားေသာသူတို႔အတြက္ ထိမိ၍လဲစရာ အေၾကာင္းျဖစ္သည္ကို သတိျပဳရမည္။ ထို႔ေၾကာင့္လက္၀ါးကပ္တိုင္ထက္၌ အသက္ရွင္သူမ်ား၊ လက္၀ါးကပ္တိုင္ အားျဖင့္ အသက္ရွင္ျခင္းသို႔ ေရာက္ေသာသူမ်ားသည္ ထိုလက္၀ါးကပ္တိုင္ကိုထမ္းရန္ အၿမဲ သတိျပဳရမည္။ ဂလ ၅း၁၁။ အခ်ိဳ႕ေသာသူတုိ႔သည္ ခရစ္ေတာ္၏လက္၀ါးကပ္တိုင္ ညဥ္းဆဲျခင္းကိုပင္ ခံရေၾကာင္း သတိျပဳရပါမည္။ ဂလ၊ ၆း၁၂။
(ဃ) ငါ၌ဆည္းကပ္လိုေသာသူျဖစ္လွ်င္ ကိုယ္ကိုျငင္းပယ္ရမည္။ ကိုယ္လက္၀ါးကပ္တိုင္ကို ထမ္း၍ ငါ့ေနာက္သို႔လိုက္ရမည္ဟု ခရစ္ေတာ္မိန႔္ၾကားခဲ့ပါသည္။ မ ၁၆း၂၄။ ဤသို႔ဆိုရာ တြင္ ကၽြႏု္ပ္တို႔သည္ ခရစ္ေတာ္၏အမႈကိုေဆာင္ရြက္ရာ၌ ကၽြႏ္ုပ္တို႔ရင္ဆိုင္ရန္ ဘုရားသခင္ ခြင့္ျပဳေတာ္မူေသာ မည္သည့္အမႈကိုမဆို ၀န္ခံရန္ဆိုလိုျခင္းျဖစ္ပါသည္။
(င) ခရစ္ယာန္တို႔သည္ ခရစ္ေတာ္ႏွင့္ အတူလက္၀ါးကပ္တိုင္မွာ အေသသတ္ျခင္းကိုခံလ်က္၊ ဘုရားသခင္၏ ေက်းဇူးေတာ္အားျဖင့္ အေသခံၿပီးေသာ အသက္တာကို အသက္ရွင္ၾကရ မည္သာျဖစ္ပါသည္။ ေရာ ၆း၆။ ၁၁-၁၃။ ဂလ ၂း၂၀။ ၅း၂၄။
၁၁။ နိဂံုး
ခရစ္ေတာ္၏လက္၀ါးကပ္တိုင္ေတာ္၏ နက္နဲေသာေဖာ္ျပျခင္းကဲ့သို႔ခရစ္ယာန္၏ အသက္ တာကို သန္႔ရွင္းေစႏိုင္ေသာအရာမရွိပါ။ လက္၀ါးကပ္တိုင္ေတာ္၏ အေရးပါအရာေရာက္မႈ ေလးနက္မႈကို မည္သို႔ေသာ ေလ့က်င့္ခန္းကမွ် ေဖာ္က်ဴးႏိုင္မည္မဟုတ္သည့္ အားေလ်ာ္ စြာ ဤသင္ခန္းစာသည္ ခရစ္ေတာ္ကိုခ်စ္ေသာ ေမတၱာအသစ္တစ္ဖန္ ႏိုးၾကားေစႏိုင္မည္ ဟု ႐ိုးသားစြာယံုၾကည္ပါသည္။ ကရာနီအေပၚအသစ္ေသာခံယူခ်က္၊ ေက်းဇူးေတာ္ အေၾကာင္း ကိုလည္းေကာင္းထိုမွစီးထြက္လာေသာ တန္ခိုးေတာ္ကိုလည္းေကာင္း ပိုမို သိလိုေသာ သေဘာမ်ားေပၚေပါက္လာမည္ဟုလည္းေမွ်ာ္လင့္ပါသည္။
ေမးခြန္းမ်ား
၁။ ခရစ္ယာန္တု႔ိ၏ အေျခခံပံုေသယံုၾကည္ခ်က္ (doctrine) ခရစ္ယာန္ယဥ္ေက်းမႈႏွင့္ ကမၻာ့သမိုင္းတို႔တြင္ လက္၀ါးကပ္တိုင္သည္ မည္သို႔ပတ္သက္ေနပါသနည္း။
၂။ ခရစ္ေတာ္၏လက္၀ါးကပ္တိုင္၏ အေရးႀကီးပံုသို႔မဟုတ္ အေရးပါအရာေရာက္ပံုကိုတိုတိုႏွင့္ ရွင္းရွင္းေျဖဆိုပါ။
၃။ ခရစ္ေတာ္လက္၀ါးကပ္တိုင္ေပၚ၌ အေသခံေတာ္မူရာတြင္ ပိုမိုရွက္ေၾကာက္ျခင္းကိုျဖစ္ေစေသာအရာ (၃) ခု၏အမည္ကိုေဖာ္ျပပါ။
၄။ (က) ခရစ္ေတာ္လက္၀ါးကပ္တိုင္တြင္ ခံစားေနရစဥ္ ေ၀ဒနာကိုပိုဆိုးရြား ေစေသာအခ်က္(၃) ခ်က္ကို ေဖာ္ျပပါ။
(၁)
(၂)
(၃)
(ခ) လက္၀ါးကပ္တိုင္ေပၚ၌ ေသျခင္းကိုရင္ဆိုင္ရာ၌ မည္သို႔ျဖစ္သည္ကို ေဖၚျပပါ။
၅။ တမန္ေတာ္ႀကီးမ်ား ေဟာေျပာခ်က္တြင္ လက္၀ါးကပ္တိုင္သည္ အဓိကအေၾကာင္းအရာ ျဖစ္ေၾကာင္း ေပၚ လြင္ေစေသာ က်မ္းခ်က္အနည္းဆုံး (၄) ခ်က္ေဖာ္ျပပါ။ ထိုက်မ္းခ်က္မ်ားသည္ ထိုအခ်က္ကိုေထာက္ျပ ေၾကာင္းအက်ဥ္းမွ်ေဖာ္ျပပါ။
(၁)
(၂)
(၃)
(၄)
၆။ ၂ ေကာ ၅း၁၈ တြင္ခရစ္ေတာ္၏ ဧ၀ံေဂလိတရားေတာ္အား ရန္ၿငိမ္းျခင္း တရားဟု ေခၚထားပါသည္။ က်မ္းခ်က္(၂)ခု(၃)ခုကို အသုံးျပဳလ်က္ရန္ၿငိမ္းျခင္း ဟူေသာေ၀ါဟာရ၏ အနက္ကိုရွင္းျပပါ။
၇။ ခရစ္ေတာ္သည္ ပညတ္တရားကို လက္၀ါးကပ္တိုင္အားျဖင့္ မည္သို႔ အဘယ္ေၾကာင့္ ပယ္ဖ်က္ေတာ္မူပါ သနည္း။
၈။ ဤသင္ခန္းစာတြင္ လက္၀ါးကပ္တိုင္၏ ေအာင္ပြဲ(၅) မ်ဳိးေဖာ္ျပထားရာလည္းေကာင္းတို႔ အထဲမွအနည္းဆုံး (၃) ခ်က္ကိုအၫႊန္းျဖင့္ ေဖာ္ျပပါ။
(၁)
(၂)
(၃)
၉။ (က) ခရစ္ေတာ္လက္၀ါးကပ္တိုင္ေပၚ၌ အေသခံျခင္းသည္ ဘုရားသခင္ ျပဳေတာ္မူေသာ အမူျဖစ္ေၾကာင္း ေဖာ္ျပေသာက်မ္းၫႊန္း အနည္းဆုံး (၃) ခ်က္ေဖာ္ျပပါ။
(ခ) ဤအျပဳအမူသည္မည္သည့္ ထူဆန္းအံ့ၾသဘြယ္ရာကို ေဖာ္ျပေၾကာင္းႏွင့္ ထိုအခ်က္ကိုေထာက္ျပ ေသာက်မ္းၫႊန္း အနည္းဆုံးတစ္ခုကိုျပပါ။
၁၀။ ခရစ္ေတာ္လက္၀ါးကပ္တိုင္ေပၚ၌ အေသခံျခင္းသည္ လူတို႔ျပဳေသာအမႈျဖစ္သည္ဟုလည္း မွတ္ယူရပါသည္။ ထိုအျပဳအမူမ်ားႏွင့္ပတ္သက္၍ က်မ္းစာသည္မည္သို႔သေဘာထားပါသနည္း။ က်မ္းၫႊန္းျဖင့္ေဖာ္ျပပါ။
၁၂။ ေပါလုသည္လက္၀ါးကပ္တိုင္ကို ၾကည့္လ်က္ခရစ္ယာန္တို႔၏ ယုံၾကည္ခ်က္အားလုံးေပၚထြက္လာရာႏွင့္ ဘုရားသခင္၏တန္ခိုးေတာ္ အျဖစ္ျမင္ခဲ့ပါသည္။ ဂလ ၃း၁။ ၁ ေကာ ၁း၁၈။ ဤအခ်က္ကိုေဖာ္ျပရန္ ဤသင္ခန္းစာ၌ လက္၀ါးကပ္တိုင္မွ ေဖာ္ျပေသာအခ်က္ (၉)ခ်က္အျဖစ္ျပသထားပါသည္။ အနည္းဆုံး (၅) ခ်က္ကိုေဖာ္ျပလ်က္ သက္ဆိုင္ရာက်မ္းၫႊန္းမ်ားကိုျပပါ။
၁၃။ ခရစ္ယာန္၏အသက္တာသည္ လက္၀ါးကပ္တိုင္ႏွင့္ မည္ကဲ့သို႔ပတ္သက္ေနေၾကာင္းကို စာပိုဒ္တစ္ပိုဒ္ျဖင့္ ေရးသားလ်က္သင္၏ခံစားခ်က္ကို ထင္ဟပ္ေစရန္ က်မ္းခ်က္မ်ားကိုေဖာ္ျပပါ။
၁၄။ လက္၀ါးကပ္တိုင္အေၾကာင္း ေလ့လာေသာ ဤသင္ခန္းစာသည္ သင့္အတြက္မည္ကဲ့သို႔ အဓိပၸါယ္ရွိေၾကာင္း ကိုအတိုခ်ဳပ္ေရးျပပါ။
အမည္ ------------------------------ ရက္စြဲ -------------------------------
လိပ္စာ -----------------------------
----------------------------
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
မွတ္ခ်က္။ စာေပးစာယူ၊ အေ၀းသင္ဒီပလိုမာက်မ္းစာသင္ခန္းစာမ်ား (အခန္း ၁၄) ျဖစ္ပါသည္။
http://www.murann.com/ezine/index.php?option=com_content&view=article&id=1524:2012-10-25-16-10-22&catid=9:bible-study&Itemid=10
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment