0

ဦးကျော်ဝင်း၏ "အောင်မြင်ခြင်းသော့ချက်" သက်သေခံချက် (Rev. U Khaw Win, Dr , Ph.D)

ဦးကျော်ဝင်း၏ "အောင်မြင်ခြင်းသော့ချက်" သက်သေခံချက် (Rev. U Khaw Win, Dr , Ph.D)

Unicode & Zawgyi Reshare-#9Dan
ဆရာဦးကျော်ဝင်းသည် ဘုရားဘုန်းတော်ထင်ရှားစေသောမြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာပြည်တွင် ၁၉၉၀နောက်ပိုင်း လူတိုင်းအမေရိကန်ဒေါ်လာဘဏ်စာရင်းဖြင့် နိုင်ငံခြားငွေ US$ dollar a/c ဖွင့်နိုင်သော ပထမဆုံးပုဂ္ဂလိကဘဏ် (မေဖလားဝါးဘဏ်) ဖြစ်သည်။ ရန်ကုန်တွင် ATM ပထမဆုံးစတင်ခဲ့ပြီး၊ တစ်နိုင်ငံလုံး ဘဏ်ခွဲပေါင်း ၃၀၀ကျော်ဖွင့်နိုင်ခဲ့သည်။ ရန်ကုန်လေကြောင်းဖြင့် ပထမဆုံး လေယာဉ်ပိုင်သူဖြစ်ခဲ့သည်။ ။ မြန်မာပြည်အစိုးရသစ် ပြုပြင်ပြောင်းလဲရေးတွင်၊ မြန်မာခရစ်ယာန်လူငယ်များ တတပ်တစ်အား ပါဝင်နိုင်ရေး စံနမူနာယူနိုင်ရန် ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။ ကျေးဇူးတော်ချီးမွမ်းခြင်း
ဘုရားသခင်သည် ကြွယ်ဝသောဘုရားသခင် ဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ကောင်းကြီးပေးတဲ့ ဘုရာဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ယခုဘဝ၊ နောင်ဘဝ၊ ဘဝနဲ့ စပ်ဆိုင်တဲ့ ဂတိတော်ကို ပေးနေသော ဘုရားဖြစ်ကြောင်း၊ သက်သေခံဝေငှခွင့် ရတဲ့အတွက် ဘုရားသခင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ အသက်ရှင်တဲ့ အကြောင်းနဲ့ ကျွန်တော့်စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ ဘုရားသခင် မည်ကဲ့သို့ ကောင်းကြီးပေး၍ လမ်းပြခဲ့တဲ့ အကြောင်းများကို သက်သေခံ၊ မဝေငှခင် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံ ဆုဆောင်းကြပါစို့...။


ဆုတောင်း
အဘ ဘုရားသခင်၊ ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော်၏ ကျေးဇူးတော်မြတ်သည် ကြီးမားလှပါတယ်။ ကိုယ်တော်ရှင် ဘုရားသခင်သည် ယနေ့၊ မနေ့၊ နောင်ကာလ မပြောင်းလဲတဲ့ ဘုရား၊ ကိုယ်တော်ရှင်ဘုရားသည် ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်တဲ့ ဂတိတော်ကို ပေးတဲ့ဘုရားသခင် ဖြစ်ကြောင်းကို ကျွန်တော် ကိုယ်တော်၏ ဘုန်းတော်၊ တန်ခိုးတော်၊ နာမတော်သည် ဤမြန်မာနိုင်ငံတွင် ထင်ရှားဖို့ရန်အတွက် ကိုယ်ေတော်ရှင်ဘုရားသည် ကျွန်တော့်ကို ရွေးကောက် အသုံးပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား လမ်းပြတော်မူပါ။ ယခု ဖတ်ရှုတဲ့ ညီအစ်ကိုမောင်နှမ အယောက်တိုင်းအတွက်လည်း မိမိအသက်တာမှာ တည်ဆောက်စရာဖြစ်စေတော်မူပြီး လာမည့်နေ့ရက် အသက်တာမှာ သူ့တပါးကို ပြန်လည်၍ သက်သေသာဓက ထူနိုင်သည်အထိ ယခု ဖတ်ရှုသော ညီအစ်ကို မောင်နှမ အယေက်တိုင်းကို ကောင်းကြီးပေးသနား ပါမည့်အကြောင်း၊ ကိုယ်တော်ရှင်ဘုရား၏ လက်ဝယ်သို့ ဆပ်ကပ်အပ်နှံတဲ့အခါ သခင်ယေရှုခရစ်တော်ဘုရား၏ နာမကို အမှီပြု၍ ဆပ်ကပ်အပ်နှံ ဆုတောင်းပါ၏အဖ... အာမင်...။

အသက်ရှင်သောဘုရား
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဘဲ၊ တော်တော်များများက အလုပ်များသလားလို့ ကျွန်တော့်ကိုမေးကြပါတယ်။ အမှန်တကယ်ပဲ ကျွန်တော် အလုပ်တကယ်များပါတယ်။ အချို့က ကျွန်တော့်ကို လုပ်ငန်း ဒီလောက်တောင်လုပ်နေတာ၊ ဦးနှောက်မခြောက်ဘူးလား..လို့ ပေးကြပါတယ်။ ကျွန်တော့်အနေနဲ့ ဦးနှောက်မခြောက်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျမ်းစာထဲမှာ ပါတဲ့အတိုင်းပဲ၊ မိမိအမူအရာကို ထာဝရာဘုရား၌ အပ်နှံရန် ဘုရားသခင် စီစဉ်ပေးမယ်ဆိုတဲ့ ဂတိတော်ကို ကျွန်တော်ခံယူပြီး အလုပ်လုပ်တဲ့အခါ ကျွန်တော် နည်းနည်းမှ ဦးနှောက်မခြောက်ပါဘူး။ ဒါပေမဲ့ အလုပ်တော့များတယ်။ မနက် ၄နာရီခွဲ ထတယ်။ ဘုရားသခင်ကို ဆပ်ကပ်တယ်။ တနေကုန် ဘုရားပေးတဲ့ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့အခါ မိမိရဲ့ အိတ်ထဲမှာ ပိုက်ဆံဝင်ဖို့ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ဘုန်းတော်၊ ဘုရားသခင်ရဲ့ တန်ခိုးတော်၊ ဘုရားသခင်ရဲ့ နာမတော်သည် ဤမြန်မာနိုင်ငံမှာ ထင်ရှားစေဖို့ရန်အတွက်နဲ့ သက်သေပြနိုင်ဖို့ရန် အတွက်ဖြစ်ပါတယ်။

ဟောတာထက်၊ ပြောတာထက်၊ ကိုယ်တိုင် သက်သေပြနီုင်ဖို့ရန် အတွက် ဘုရားသခင် ကျွန်တော့်ကို ကောင်းကြီးပေးတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အထူးပဲ ချီးမွမ်းပါတယ်။ အဲဒါကြောင့် ပင်ပန်းတယ်ရယ်လို့ မရှိပါဘူး။ မနက်စောစောထတယ်။ ညမိုးချုပ်တော့ အိပ်ယာဝင်တယ်။ လူကြီးတွေနဲ့ ခရီးထွက်တယ်။ ကိုယ်တိုင်ခရီးထွက်တယ်။ နိုင်ငံခြားခရီးစဉ်တွေကိုလည်း ဘတ်စ်ကားစီးသလို၊ ခေါက်တုန့်ခေါက်ပြန်နဲ့ တစ်လမှာ အကြိမ်ကြိမ် သွားလာရပါတယ်။ သို့သော်လည်း ဘုရားသခင် ခွန်အားပေးပါတယ်။ အဲဒါကြောင့် ဘုရားသခင်ဟာ တကယ်အသက်ရှင်တဲ့ ဘုရားဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ဒီနေ့ ယုံကြည်သူများကို ပေးထားတဲ့ ဂတိတော်ဟာ နှုတ်ကပတ်တရားမှာ ပေးထားတဲ့အတိုင်း ကျွန်တော်ခံစားရတယ် ဆိုတဲ့အကြောင်း မဝေငှခင် ခွန်အားယူဖို့ ကျမ်းပိုဒ်လေး နည်းနည်းဖေါ်ပြချင်ပါတယ်။

ခွန်အားယူရန် ကျမ်းပိုဒ်များ
(၁)သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ ၁လာသတည်း။ ယော ၁၀း၁၀

(၂) ကိုယ်ကာယကို ဆုံးမခြင်းသည် များစွာသောအကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းမူကား၊ ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင်သောဂတိတော်ကို ရသည်ဖြစ်၍၊ ၉အရာရာ၌အကျိုးကိုပေး တတ်သည် ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏။ ၁ တိ ၄း ၈-၉

(၃) ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိ သည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။ ဖိ ၄း၁၉

(၄) အဘယ်သူမျှ မသိသောသူကဲ့သို့ဖြစ်သော်လည်းကျော်စောသောသူ၊ အသေခံသောသူကဲ့သို့ဖြစ်သော်လည်း၊ အသက်ရှင်သောသူ၊ ဆုံးမခြင်းကိုခံသောသူ ကဲ့သို့ဖြစ်သော်လည်း၊ အသေသတ်ခြင်းနှင့်ကင်းလွတ်သောသူ၊ ၂ကော ၈း၉

(၅) သူတပါးအားပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ လု ၆း၃၈

(၆) ထာ ဝရဘုရားကို ခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့၊၊ ပြည်တော်၌ နေ၍ သစ္စာတရားကိ ကျက်စားလော့၊၊ ၄ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့၊၊ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်၊၊ ကိုယ်အမှု အရာကို ထာဝရဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုးစားလော့၊၊ ဆာ ၃ရး ၃-၅

(၇) လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော့။ သို့သော်လည်း သင်တို့သည် ငါဥစ္စာကို လုယူကြပြီ။ အကျွနု်ပ်တို့သည် အဘယ်သို့လုယူပါသနည်းဟု သင်တို့မေးလျှင်၊ ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာတို့ကို၎င်း လုယူကြပြီ။ သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကိုခံရကြ၏။ အကြောင်းမူကား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ဥစ္စာကို လုယူကြပြီ။ ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ၊ ပြုကြလော့။ ငါသည်မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်။ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ မာလခိ ၃း၃-၁၀



ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အထူးဘဲ ချီးမွမ်းပါတယ်။ အခု ဖေါ်ပြသွားတဲ့ ကျမ်းပိုဒ်တွေ ကျွန်တော် အင်မတန် ခွန်အားရပါတယ်။ ကျွန်တော် ရှေးဦးစွာပေါ့ဗျာ..ဘုရားသခင်ဟာ အသက်ရှင်တော်မူတယ် ဆိုတဲ့ အကြောင်းနဲ့ ဘုရားသခင်ကို မသိခင်က ကျွန်တော့်အသက်တာ နဲ့ ကျွန်တော့် မိဘ အသက်တာ အကြောင်းကို တိုတို တုတ်တုတ်နဲ့ သက်သေပြခြင်းဖြစ်ပါတယ်။


ကြွယ်ဝသော ဘုရားသခင်
အခုန ဖေါ်ပြသွာတဲ့ ကျမ်းပိုဒ်တွေအရ ကျွန်တော်တို့ ခရစ်တော်ကို ယုံကြည်တဲ့သူ (ခရစ်ယန်) တစ်ယောက်အနေနဲ့ ပြန်လည်ပြီးတော့ မိမိကိုယ်ကို သေသေချာချာ ဆန်းဆစ်ကြည့်မယ်ဆိုရင် အင်မတန်ကို ခွန်အားရစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ကျွန်တော်တို့ ဒီနေ့ ဘယ်နေရာဘဲရောက်ရောက် ခရစ်ယာန်အချို့ဟာ ကုတ်ချောင်းကုတ်ချောင်းနဲ့ ကိုယ့်ကိုယ်ကို မနိုင်မနင်းနဲ့ လေတိုက်ရင်တောင် လဲတော့မလိုနဲ့ အဲဒီလိုဖြစ်ကြတယ်။ အမှန်ဆိုရင် ခရစ်တော်နောက်လိုက် ခရစ်တော်ကို ယုံကြည်တဲ့သူဟာ ဒါမျိုးမဟုတ်ရဘူး။ ခရစ်တော်နောက်လိုက် ခရစ်တော်ကို ယုံကြည်တဲ့သူဟာ ခရစ်တော်ရှင်ရဲ့ တန်ခိုးတော်အားဖြင့် ခပ်သိမ်းသောအရာကို တတ်စွမ်းနိုင်တဲ့သူဖြစ်ရမယ်။ ဒီနေ့ ကျွန်တော်တို့ ဝမ်းနည်းစရာကောင်းတာက ရွာမှာ ရောက်သွားတယ်။ မြိုမှာ ရောက်သွားတယ်။ ဆရာရေ..ဒုက္ခရောက်လိုက်တာ.. ကျွန်တော်က ဘာဖြစ်လို့ ... ဘာလေးပေးပါအုံး ..စသဖြင့် ကျွန်တော့ကိုပြောကြတယ်။ ကျွန်တော်တို့မှာ အသက်ရှင်တဲ့ ဘုရားသခင် ရှိတော်မူပြီး အင်မတန်မှာ ချမ်းသာကြွယ်ဝတဲ့ ဘုရားသခင်ရှိပါရဲ့သားနဲ့ မိမိအသက်တာကို သတ်ချင်တဲ့စိတ်၊ မိမိအသက်တာကို ဆုံးရှုံးချင်တဲ့စိတ်နဲ့ ဝမ်းနည်းကြေကွဲစွာ အသက်ရှင်နေကြတယ်။ ဘယ်လောက် ဝမ်းနည်းစရာကောင်းသလဲ။
ကျွန်တော်အထက်မှာ ဖေါ်ပြတဲ့ နှုတ်ကပတ်တော်တရားတွေ အားလုံး ပြန်လည်ခြုံငုံပြီး ကြည့်တဲ့အခါ .. ဘုရားသခင်ဟာ ကြွယ်ဝတယ်။ ဘုရားသခင်က ကောင်းကြီးပေးတယ်။ ဘုရားသခင်ဟာ ယခုဘဝ၊ နောင်ဘဝကို ပေးပိုင်တဲ့ ဘုရားဖြစ်ကြောင်း၊ သခင်ယေရှု ခရစ်တောဟာ လူ့ဇာတိကို ခံယူပြီးတော့ ဒီလောကိ ရောက်လာတဲ့အခါမှာ လူတွေရဲ့ အပြစ်တွေအတွက် အသေခံတယ်။ လူတွေ ဆင်းရဲခြင်းနဲ့အမျှ အပြစ်ဒုစရိုက်တွေကို ပြုလုပ်တဲ့အခါမှာ အဲဒီအပြစ်ဒုစရိုက်တွေကို ဆေးကြောဖို့ အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီး သူ့အသွေးတော် သွန်းလောင်းသွားတယ်ဆိုတာ ဘယ်လောက် ပြည့်စုံလဲ။ သူ့ရဲ့ ကယ်တင်ခြင်းဟာ အားလုံးပြည့်ပြည့်စုံစုံနဲ့ ဆောင်ရွက်သွားမယ်။ သို့သော်ငြားလဲ ဒီနေ့ ကျွန်တော်တို့ ခရစ်ယာန် ညီအစ်ကိုမောင်နှမများ အနေနဲ့ ဒီဘုရားသခင်ပေးတဲ့ ကောင်းကြီးမင်္ဂလာကို အပြည့်အ၀ မခံစားရဘူး။ တစ်ပိုင်းတစ်စတော့ ခံစားရတယ်။ ဘာခံစားရသလဲ..ဆိုတော့.. ငါသေရင်တော့ ငရဲသွားစရာမလိုတော့ဘူး... ဆိုတဲ့ အဲဒီလောက်ပဲ ခံစားနေရတယ်။ တကယ်တန်းကျတော့ ဘုရားသခင်ပေးတဲ့ ဂတိတော်ဟာ ယခုဘဝ၊ နောင်ဘ၀ နဲ့ ဂတိတော်၊ ယခုဘဝမှာ နေရင်လည်း ထိုက်သင့်သလောက် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ ခံစားရပြီး သူများထက် သာကိုသာစေရမယ်။ သေသွားတဲ့အခါ နောင်ဘဝမှာလည်း ငရဲသို့ သွားစရာမလိုပဲ ခရစ်တော်နဲ့အတူ ကောင်းကင်နိုင်ငံမှာ စိုးစံရမယ်။ ဒီ ဂတိတော် နှစ်ခုစလုံး ပေးထားပါတယ်။
ကျွန်တော်ရဲ့ အသက်တာနဲ့ ကျွန်တော်မိဘတွေရဲ့ အသက်တာမှာလည်း အဲဒီလို အသက်ရှင်တော်မူတဲ့ ဘုရားကို မရခင်အချိန်ကလေးမှာ အလွန်ဆင်းရဲနွမ်းပမ်းစွာ အသက်ရှင်နေခဲ့ရတယ်ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်။ ကျွန်တော်ဟာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ ကွတ်ခိုင်ကသွားရင် တာမိုညှဲ၊ တာမိုးညှဲကသွားရင် ..ဝါးတောရွာကို ရောက်မှာဖြစ်ပါတယ်။ ကျွန်တော် အဲဒီ ဝါတောရွက မုန်းဝင်း တိုင်းရင်းသား လူမျိုး ဖြစ်ပါတယ်။ မုန်းဝင်း တိုင်းရင်းသားဆိုတာ မြန်မာနိုင်ငံသားထဲက အုတ်စုတစ်မျိုး လူနည်းစုဖြစ်ပါတယ်။

ငယ်စဉ်ဘဝ

ကျွန်တော်ဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း လွတ်လပ်ရေးရပြီးမှ မွေးတယ်ဆိုတော့ ကျွန်တော့မိဘတွေရဲ ပြောပြချက်အရ ဒုတိယကမ္ဘာစစ် မတိုင်မီ ကျွန်တော့မိဘတွေဟာ စစ်ကိုရှောင်ပြီးတော့ တောကြိုတောင်ကြားတွေမှာ လိုက်နေရပါတယ်။ တောကြိုတောင်ကြားမှာ ငါးကိုတွေ့တဲ့အခါ၊ ကျွန်တော် အတော်လေး သတ်ရတယ်။ ကျွန်တော် မွေးခဲ့တဲ့ရွာဟာ ဝါးတော လို့ခေါ်တယ်။ အဲဒီရွာဟာ ငါးတွေ အင်မတန်များပြားပြီး လူနေအိမ်ခြေ ခြောက်အိမ်လောက်ပဲ ရှိပါတယ်။ ကျွန်တော်ရဲ့ မိဘတွေဟာ လယ်လုပ်စားပါတယ်။ ကျွန်တော့မှာ ညီအစ်ကိုမောင်နှမ ရှစ်ယောက်ရှိပါတယ်။ ကျွန်တော်က နံပါတ်(၃)ပါ။
ကျွန်တော်တို့ ငယ်စဉ်က ကျွန်တော်တို့ မိသားစုဟာ အင်မတန် ဆင်းရဲပါတယ်။ အဲဒါနဲ့ တစ်နေ့မှာ ဖခင်ကြီးက .. ငါတို့ ဒီအတိုင်းနေလို့တော့ မဖြစ်ဘူး၊ ငါတို့မိသားစု ဘဝတိုးတက်အောင် ဘာပဲဖြစ်ဖြစ် မြို့မှာသွားပြီးတော့ အလုပ်ရှာရင် ကောင်းမှာပဲ ဆိုပြီး ကွတ်ခိုင်မြို့ကို ရောက်လာပါတယ်။ ကွတ်ခိုင်မြို့ကို ရောက်လာတဲ့အခါ ဒုတိယ ကမ္ဘာစစ်ပြီးကာလ နောက်ပိုင်း ဆိုတော့လည်း အလုပ်ရှာမရ ဖြစ်နေပါတယ်။ အဲဒီလို အလုပ်ရှာရင်း ယောင်လည်လည်နဲ့ သွားလာနေတဲ့အခါ



ဖခင်ယုံကြည်သူဖြစ်လာခြင်း

တစ်နေ့တော့ အသက်ကြီးပြီး ခေါင်းဖြူနေတဲ့ ဆရာကြီးတစ်ပါးဟာ အကော်ဒီယံတီးပြီး ယေရှုအကြောင်းကို သီချင်းဆိုပြီး သက်သေခံ ဟောပြောနေပါတယ်။ လူတွေ ရောက်လာပြီး နားထောင်ကြတယ်။ အဲဒီဆရာကြီးက အဲဒီအချိန်တုံးက ဘာဟောသလဲဆိုတော့ ... ငါတို့ဘုရားသခင်ဟာ မိမိနေထိုင်တော်မူသော ဘုန်းစည်းစိမ်ရှိတော်မူတဲ့အကြောင်း၊ ယေရှုခရစ်တော်အားဖြင့် သင်တို့အလိုရှိသမျှကို ပြည့်စုံတော်မူလိမ့်မယ် ..ဆိုတဲ့အကြောင်း၊ ယေရှုခရစ်တော် ဤလောကသို့ လူဇာတိကို ခံယူပြီး ကြွလာတဲ့ အကြောင်း၊ လူလောက လူသားတွေရဲ့ အပြစ်တွေအတွက် အသေခံခဲ့တဲ့အကြောင်း၊ ...ဟောပြောသက်သေခံနေတယ်။ ဆင်းရဲဒုက္ခ ရောက်နေတဲ့သူဟာ အဲဒီဘုရားသခင်ကို ယုံကြည်လက်ခံပြီးတဲ့အခါ ဘုရားသခင်ကို ခေါ်ရင်၊ ဘုရားသခင်က ထူးမယ်.. ဆိုတဲ့အကြောင်း.. ဟောပြောသက်သေခံနေတယ်။ အဲဒါနဲ့ ကျွန်တော့ဖခင်ကလည်း အဲဒါကိုကြားတဲ့အခါ လူအများရှေ့မှာသွားပြီးတော့ ခရစ်တော်ကို ယုံကြည်လက်ခံမယ်..လို့ ဝန်ခံတယ်။ အဲဒီလို ဝန်ခံတဲ့အခါ ဆရာကြီးက သူ့အသက်တာကို ဘုရားသခင်ထံ ဆက်ကပ်ဆုတောင်းပေးတယ်။ ဆရာကြီး ဆက်ကပ်ဆုတောင်း မပေးခင်.. ဆရာကြီးက ခင်ဗျား၊ ဘာတွေ ဆုတောင်းပေးစေလိုသလဲ...လို့ မေးတော့၊ ကျွန်တော့ဖခင်ဟာ .. သူ့ရဲ့အပြစ်တွေကိုဝန်ခံတယ်။ ပြီးတော့ သခင်ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင်အနေနဲ့ ကျွန်တော် ခေါ်ဖိတ်လက်ခံချင်ပါတယ်။ ဒုတိယ အချက်အနေနဲ့ ကျွန်တော့မှာ အင်မတန်ဆင်းရဲပြီး တစ်ရက်လုပ်စာ၊ တစ်ရက်မစားလောက်ပါဘူး။ ဒီမြို့ကို ရောက်လာတဲ့အခါ လုပ်ငန်းကိုင်ငန်း အနေနဲ့ တစ်ခုခုလောက် လိုချင်ပါတယ်။ ဘုရားသခင်ဆီက မျှော်ပါတယ်...လို့ .. ကျွန်တော့ဖခင်က ပြောတယ်။ အဲဒါနဲ့ ဆရာကြီးကျွန်တော့ဖခင် ပြောတဲ့အတိုင်း ဆက်ကပ်ဆုတောင်းပေးတယ်။

တောင်းလျှင်ရမည်

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် အသက်ရှင်တဲ့ ဘုရားသခင်ဟာ သူ့ရဲ့ ဂတိတော်ကို ဘယ်တော့မှ မဖျက်ဘူး။ တောင်းပါ ..တောင်းရင်ရမယ် ဆိုတဲ့ အတိုင်း တောင်းတယ်။ အဲဒါနဲ့ ကျွန်တော့ဖခင်ဟာ ဆက်လက်ပြီး အဲဒီမြို့မှာ လိုက်လံ အလုပ်ရှာတဲ့အခါ ယက္ကန်းလုပ်ငန်းရှင်တစ်ဦးနဲ့ သွားတွေ့တယ်။ တွေ့တဲ့အခါ လုပ်ငန်းရှင်ကလည်း ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော်လက်ခံပါမယ်။ ခင်ဗျားဝင်လုပ်ပါ ..ဆိုတော့ ကျွန်တော့ဖခင် ဝင်လုပ်ပါတယ်။ ဝင်လုပ်ရင်းနဲ့ ကျွန်တော့ဖခင်ဟာ နှုတ်ကပတ်တော်တရား (ကျမ်းစာ) သူ့ကို သွန်သင်တဲ့အတိုင်း သေးငယ်တဲ့ အမူအရာမှာ သစ္စာရှိရမယ်။ လုပ်ငန်းရှင်ဟာ ကိုယ့်ရဲ့ သခင်လိုပဲ သဘောထားရမယ် ..ဆိုတော့ ကျွန်တော့ဖခင်လည်း ရိုးသားဖြောင့်မတ်စွာနဲ့ လုပ်ငန်းလုပ်ပါတယ်။ အဲဒီနှစ်ထဲမှာပဲ အဲဒီလုပ်ငန်းရှင်က လုပ်ရင်း၊လုပ်ရင်းနဲ့ စီးပွားရေးမကောင်းတဲ့အခါ သူက ကျွန်တော့ဖခင်ကို ခင်ဗျားဖက်လုပ်ချင်ရင်တော့ ဒီစက်ရုံကြီးကို ခင်ဗျားကို ကျွန်တော် အကြွေးနဲ့ပေးမှာပဲ။ ခင်ဗျားလုပ်ပါ။ ခင်ဗျားလုပ်ပြီး တဖြေဖြေးနဲ့ ကျွန်တော့်ကို ဆပ်ပါ။
အဲဒီအခါ ကျွန်တော့်ဖခင်ကလည်း ဘုရားသခင် တစ်ခုခု ပြင်ဆင်ပေးမှာပဲ။ ဒူးထောက်ပြီးတော့ ဘုရားသခင်ကို ဆုတောင်းတယ်။ ဒီအကြံအစည်ဟာ ကိုယ်တော်ရဲ့ အကြံအစည်လား.. ဘယ်လိုလဲ..ဆိုတာ ကျွန်တော်နားမလည်ပါဘူး။ လုပ်ငန်းလုပ်နေရင်းနဲ့ ကောင်းလာပြီဆိုမှ လုပ်ငန်းက စီးပွားရေးကျလို့ သူက ဒီစက်ရုံကြီးကို အကြွေးနဲ့ရောင်းနေတယ်။ ကျွန်တော်လက်ခံရမလား...လို့..ဘုရားသခင်ကထံ ဆုတောင်းတယ်။ ဘုရားသခင်ကလည်း လက်ခံလိုက်ပါ...လို့ တည့်တည့်လင်းလင်းပဲ ကျွန်တော့ဖခင်ကို ဖေါ်ပြပါတယ်။ ကျွန်တော့ဖခင်က အဲဒီစက်ရုံကို လက်ခံပြီးတဲ့နောက်ပိုင်း တစ်လ၊ နှစ်လကြာတဲ့အခါ ပိတ်စတွေ အရမ်းရောင်းကောင်းတပဲ။ ထုတ်လို့တောင် မလောက်နိုင်တော့ဘူး။ အဲဒီစက်ရုံတန်ဖိုးကို သုံနှစ်လောက် ပေးချေရမဲ့အစား သူဟာ တစ်နှစ်ထဲနဲ့ ပေးချေနိုင်ခဲ့တယ်။
ကျွန်တော့်ဖခင်ဟာ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီးတဲ့အချိန်ကစပြီး အကြွင်းမဲ့ ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကိုလည်း အမြဲတမ်း ဘုရားသခင်အကြောင်းကို သွန်သင်ပါတယ်။ ကျွန်တော်ဟာ ငယ်ငယ်တုံးက အလွန်ဆင်းရဲနွမ်းပါးတဲ့အတွက် ကျောင်းကောင်းကောင်း မနေရပါဘူး။ ကျောင်းတက်တဲ့အခါ ဖိနပ်မပါဘူး။ ကျောက်သင်ပုန်းိကု ကျောက်တံနဲ့ စာရေးတဲ့အခါ သူငယ်ချင်းတွေရေးပြီး၊ ပြစ်ချထားတဲ့ ကျောက်တံ အတိုအထွာလေးကို ကောက်ပြီး ရေးပါတယ်။ အဲဒီကြားထဲမှ ဖခင်ကလည်း ဘုရားသခင်ကို အားကိုးပြီး လုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေရင်း ကျွန်တော်တို့ မောင်နှမတွေကို ဘုရားသခင်အကြောင်း အမြဲသွန်သင်ပါတယ်။ သခင်ယေရှုခရစ်တော် အကြောင်း ပြောတဲ့အခါ ကျွန်တော်က အမြဲတမ်းဆန့်ကျင်တယ်။
အဲဒီလိုနဲ့ ကျွန်တော်ဟာ ကျောင်းပြီးလို့ စီးပွားရေးလောကထဲ ဝင်လာပါတယ်။ အဲဒီအချိန်ထိ ဘုရားဆိုတာ ကျွန်တော့မှာ မရှိခဲ့ပါဘူး။ ယုံလည်း မယုံကြည်ခဲ့ပါဘူး။ ငါလုပ်ရင် ငါဖြစ်မှာပဲ ..ဆိုတဲ့ ခံယူချက်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားရေး လုပ်ငန်းများ ရှာဖွေလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလို လုပ်ကိုင်တဲ့အခါ ..မအောင်မြင်ဘူးလား...ဆိုတော့.. အောင်မြင်တယ်။ ပိုက်ဆံရတယ်။ စာတန်မာန်နတ် ..အဲဒီအချိန်တုံးက ကျွန်တော့်ကို ကျိကျိတက် ချမ်းသာရတဲ့ အခွင့်အရေး၊ ပိုက်ဆံပေးခဲ့ပါတယ်။ ဒါပေမဲ့.. တစ်နေ့တော့ အားလုံးဆုံးရှုံးခဲ့ရပါတယ်။
အဲဒီလို အချိန် ကြုံတွေ့လာရတဲ့အချိန်ကျတော့ ကျွန်တော့စိတ်ထဲမှာ ဘာကိုသတိရသလဲ...ဆိုတော့ ရွှေငွေ၊ ပစ္စည်းတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘုရားသခင်မပါတဲ့အခါ ..ဘယ်လောက်ပဲရှိရှိ ..ခဏလေးနဲ့ ပြုတ်ထွက်သွားပါလား...ဆိုတာ နားလည်လာတယ်။ အဲဒီအခါကျမှ ဘုရားသခင်ကို ဒူးထောက်ပြီး ဆက်ကပ်ဆုတောင်းခဲ့ပါတယ်။ ကိုယ်တော်... ကိုယ်တော်ဟာ အသက်ရှင်တဲ့ဘုရားသခင်ဖြစ်တယ်..လို့ ကျွန်တော်ရဲ့ ဖခင်၊ မိခင်တွေ ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်ကို သွန်သင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်မလုပ်ခဲံပါဘူး...။


ဘုရားသခင်ကို စိန်ခေါ်ပါ
ကျွန်တော် ကိုယ်တော်ကို တစ်ခုပဲ မေးချင်တယ်။ ယခု ကျွန်တော်ကြုံနေရတဲ့ အခက်အခဲကို တစ်လအတောအတွင်း ကျွန်တော့ကို အဖြေပေးမယ်ဆိုရင်၊ ကိုယ်တော်ဟာ အသက်ရှင်တဲ့ ဘုရားသခင်ဖြစ်ကြောင်း၊ ကျွန်တော်လက်ခံပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း လိုက်လံပြီးတော့ ကိုယ်တော့်အကြောင်းများကို ဝေငှမယ်။ ဟောကြားမယ်။ သက်သေခံပါမယ်။ ရောက်တဲ့နေရာမှာ ကျွန်တော်ပါဝင်ပါမယ်..လို့ ဆက်ကပ်ဆုတောင်းပါတယ်။ (၁၇)ရက် အတောအတွင်းမှာပဲ ဘုရားသခင်ဟာ အတိအလင်း ကျွန်တော့ကို အဖြေပေးပြီး အဲဒီအခက်အခဲ ပြသနာရင်ဆိုင်နေရတဲ့ အထဲမှ ကယ်နှုတ်ခဲ့ပါတယ်။

သာသနာစတင်ဆောင်ရွက်
အဲဒီအချိန်ကစပြီး သခင်ယေရှုခရစ်တော်ဟာ တကယ့် အသက်ရှင်တဲ့ ဘုရားဖြစ်ကြောင်း၊ ကျွန်တော်တောင်းတဲ့အခါ ကျွန်တော့ကို ကူညီခဲ့တယ်။ မစတယ် ဆိုတဲ့အကြောင်း ကျွန်တော်လိုက်ပြီး နေရာတကာမှာ ဟောကြားခဲ့တယ်။ သက်သေခံတယ်။ ဝေငှတယ်။ ကျွန်တော်ဟာ ရှိရှိသမျှ အားလုံးကို စွန့်လွှတ်ပြီး သခင်ယေရှုခရစ်တော်ဟာ အသက်ရှင်တဲ့ဘုရားဖြစ်ကြောင်း (၁၀)နှစ်ကျော်လောက် တောကြို၊ တောင်ကြား ဖြတ်ကျော်ပြီး ဟောကြားခဲတယ်။ သက်သေခံတယ်။ ဝေငှခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သခင်ယေရှုခရစ်တော်ဟာ အသက်ရှင်တဲ့ဘုရားဖြစ်ကြောင်း၊ကို လူတကာ..ကျွန်တော်ကဲ့သို့ ခံစားရအောင်လို့ ဖြစ်ပါတယ်။ အဲဒီလို ကျွန်တော်လိုက်ပြီး ဝေငှတဲ့အခါမှာ ကျွန်တော့မှာရှိတဲ့ အိမ်ကိုရောင်းချလိုက်တယ်။ ကျွန်တော့မှာရှိတဲ့ကား (နောက်ဆုံးတော့ မောင်းရင်း၊မောင်းရင်းနဲ့ တာယာကတုံးတွေဖြစ်သွားတယ်၊ မောင်းလို့မရတော့ဘူ။။ အခြေလည်းပျက်သွားပါတယ်။ နောက်ဆုံး အိမ်မှာရှိတဲ့ ရေခဲသေတ္တာနဲ့ ဆိုဖာတွေကို ကျွန်တော် တစ်ခုပြီးတစ်ခု ထုတ်ရောင်းတော့၊ ကျွန်တော့သမီး ဘာပြောလဲဆိုတော့ ... "အဖေ.. လူများယူသွားကုန်ပြီ၊ အိမ်မှာ ဘာမှ မရှိတော့ဘူး..." တဲ့။ ကျွန်တော်က ယူပစေလို့။ ဘုရားရှင် ကျွန်တော်တို့ကို ပေးထားခဲ့တယ်။ ဘုရားသခင်ရဲ့ အမှုတော်မြတ်မှာ ပြန်လည်ပါဝင်တယ်။ ရှိရှိသမျှ တစ်ခုမှ မကျန်တော့ဘူး။ ကားပါ ရောင်းချခဲ့တယ်။ အားလုံးရောင်းချပြီးတော့မှ ကျောပိုးအိတ်တစ်လုံးထမ်းပြီး တစ်မြို့ဝင်၊ တစ်မြို့ထွက်နဲ့ တောရွာတွေပါမကျန်၊ သခင်ယေရှုခရစ်တော်အကြောင်းကို ကျွန်တော် လိုက်လံပြီး ဟောကြားခဲ့တယ်။ ဝေငှတယ်။ အဲဒီအတောအတွင်းမှာပဲ ကျမ်းစာတွေကို သင်ယူခဲ့ပါတယ်။
ကျမ်းစာတစ်အုပ်လုံးကို အစအဆုံး (၇)ကြိမ်လောက် ကျွန်တော်ဖတ်ပြီး ကျွန်တော်လေ့လာတဲ့အခါ ကျွန်တော်အဖြေမှန်ကို တွေ့ခဲ့ပါတယ်။ ယခင့် ယခင်တုံးက ကျွန်တော်နားမလည်ခဲ့တဲ့ အချက်အလက်တွေကို ကျမ်းစာထဲမှာ အားလံးအဖြေတွေ့ခဲ့ပါတယ်။ အဲဒီလို ဟောကြားရင်းနဲ့ပဲ ကျွန်တော်ဟာ ဘာဖြစ်လာသလဲ...ဆိုတော့၊ ကျွန်တော်ဟာ ခြေထောက်၂ချောင်းထဲနဲ့ လမ်းလျှောက်ပြီး ဟောကြားမယ်ဆိုရင် လူဦးရေသန်းပေါင်း ငါးဆယ် (၁၉၈၅) လောက်ရှိတဲ့ မြန်မာနိုင်ငံကို ဘယ်လိုလုပ်ပြီး ဧဝံဂေလိ တရားရောက်နိုင်မှာလဲ၊ အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားတယ်။
ဘုရားသခင်ကျွန်တော့ကို ပိုက်ဆံပေးပါ
ကိုယ်တော်..ကျွန်တော့်ကို ပိုက်ဆံပေးပါ။ ကျွန်တော်ကို ပိုက်ဆံပေးရင်၊ ကျွန်တော်မှာရှိတဲ့ ငွေနဲ့ ကျွန်တော်တစ်ယောက်တည်း အစား ဘုရားသခင်အမှုတော်အတွက လူပေါင်း ထောင်နဲ့ချီပြီးရှိတဲ့ မိဘမဲ့ကလေးတွေကို ကျွန်တော်ကူညီနိုင်မယ်။ အဲဒါကြောင့် ကျွန်တော့မိန်းမကိုလည်း ပြောပြတယ်။ ဒို့..ဒူးထောက်ဆက်ကပ်ရအောင်၊ အချိန်တန်ပြီလို့ ..စပြီး ဒူးထောက်ပြီး ဘုရားသခင်ကို ဆက်ကပ်ဆုတောင်းတယ်။ ဘာကြောင့် ဧဝံဂေလိတရားကို ဟောပြောရသလဲဆိုတော့ သမ္မာကျမ်းက ကျွန်တော်ဖတ်တဲ့အခါ ယေရှုခရစ်တော်ဘုရား ဒီလောကကို ကြွရောက်လာပြီး ခင်ဗျားတို့ ကျွန်တော်တို့အတွက် အသေခံပြီး၊ ရှင်ပြန်ထမြောက်တဲ့အခါမှာ သူမိန့်မှာတာ ၂ခုပဲရှိတယ်။
(၁) သင်တို့အချင်းချင်း ချစ်ပါ။ ဒါပေမဲ့ ခရစ်ယာန် ညီအအစ်ကိုမောင်နှမများ အချင်းချင်းမချစ်ကြဘူး၊ မချစ်နိုင်ဘူး။ အိမ်နီးနားချင်းတောင် အတိုက်အခိုက်တွေ ဖြစ်ကြတယ်။ အဲဒါကြောင့် ကွှန်တော်တို့မှာ အကြီးပွားကြဘူး။
(၂) ခရစ်တော်ဘုရား ထပ်မှာတဲ့ တစ်ချက်ကတော့ သင်တို့သည် ဝေနေယျသတ္တဝါ အပေါင်းကို ငါ၏ ဧဝံဂေလိတရားကို ဟောကြားပါ..လို့ မှာထားတယ်။ ကျွန်တော်တို့ မပါဝင်ချင်ကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့ဟာ ရှင်ပေါလုပြောသလိုပဲ ငါသည် ဧဝံဂေလိတရားကို မဟောရင် အမင်္ဂလာဖြစ်တယ်။
ကျွန်တော်တို့ဟာ ဟာ အဲဒီ နှုတ်ကပတ်တော်တရားကို သိတဲ့အခါ သင်တို့သည် ဝေနေယျသတ္တဝါ အပေါင်းကို ငါ၏ ဧဝံဂေလိတရားကို ဟောကြားပါ..ဆိုတဲ့အတိုင်း၊ ဟောတယ်၊ ပါဝင်တယ်။ ကိုယ်တိုင်ဟောနိုင်ရင် ဟောတယ်။ ကိုယ်တိုင်မဟောနိုင်တဲ့အခါ ငွေကြေးအားဖြင့်ပါဝင်တယ်။ ဒီနေ့အနေနဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင် ကျွန်တော်ရန်သူကို အင်မတန်ချစ်တယ်။ ကွှန်တော့်ကို နှိပ်စက်တဲ့သူတွေ၊ ကျွန်တော့ကို တိုက်ခိုက်တဲ့သူတွေအတွက် ကျွန်တော် အမြဲတမ်း ဆုတောင်းပေးပြီး သူတို့နဲ့ မိတ်သဟာရဖွဲ့တယ်။။ ဒါကြောင့်လည်း ဘုရားသခင်က ဒီကနေ့အထိ ကျွန်တော့်ကို ကောင်းကြီးပေးပါတယ်။




View Rev. U Kyaw Win Sermon in Youtube (search word, Rev U Kyaw Win)



တံမြက်စီးမှာဘရိတ်ရှုး
တစ်နေ့ကျတော့ ရွာကိုရောက်သွားတယ်။ ရွာသူရွာသားများဟာ စီးပွားရေးတွေလုပ်ကြတာ ထိုင်းနဲ့ဒီဘက် ကုန်စည်ကူးသန်း စီးပွားရေးလုပ်တဲ့အခါ တံမြက်စီပင်ကို မြက်လိုစည်းပြိးတော့ ရောင်းကြတယ်။ အဲဒါကို ကျွန်တော်တွေ့လိုက်တဲ့အခါ ဒီမြက်ဟာ တံမြက်စီးလုပ်ကြတယ်။ တောထဲမှာ သွားခုတ်ပြီး လာရောင်းကြတယ်။ နိုင်ငံခြားမှာ တံမြက်စီးလုပ်ကြတယ်။ ဒါပေမဲ့ ဒီမြက်ဟာ တံမြက်စီး တစ်ခုတည်းတော့ မဖြစ်နိုင်ဘူး...လို့ ကျွန်တော်စဉ်းစားမိတယ်။ အဲဒါကြောင့် ဘုရားသခင်ထံ ကျွန်တော်ဆုတောင်းတယ်။ ကိုယ်တော်... တံမြက်စီး ထက် တန်ဖိုးရှိတဲ့အရာဖြစ်အောင် ကိုယ်တော့်အနေနဲ့ ဖန်ဆင်းထားတာဘဲ၊ ကိုယ်တော်လမ်းဖွင့်ပေးသနားတော်မူပါ၊
ဒါနဲ့ ကျွန်တော်မည်း ဒီမှာရောင်းချတဲ့ တံမြက်စီးကို ထိုင်းနိုင်ငံမှာရှိတဲ့ ကုန်သည်ကြီးတစ်ယောက်နဲ့ ညှိနှိုင်းပြီး ...ကဲ..ကောင်းပါပြီခင်ဗျာ၊ နိုင်ငံခြားကို ပို့ကြည့်ပါဦး၊ တံမြက်စီး တစ်ခုတည်းတော့ မဖြစ်နိုင်ပါဘူး..ဆိုတော့ သူက ဂျပန်ကိုပို့လိုက်တယ်။ ဂျပန်က သုတေသန စမ်းသပ်လိုက်တဲ့အခါ မော်တော်ကားမှာ သုံးတဲ့ ဘရိတ်ရှုးရဲ့ အဓိက ကုန်ကြမ်းဖြစ်နေတယ်။ အဲဒါနဲ့ ဟိုဖက်ကလူတွေနဲ့ စာချုပ်ချုပ်ပြီး ကျွန်တော် နိုင်ငံခြားကို အကြီးအကျယ်တင်ပို့နိုင်ခဲ့တယ်။ အမှန်တကယ်ပြောရမယ်ဆိုရင် ဘုရားသခင်လမ်းဖွင့်ပေးတာ ဖြစ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ မျက်စိရှေ့မှာ ဘုရားသခင်ဖန်ဆင်းထားတဲ့ တကယ့်တန်ဖိုးရှိတဲ့ အရာပဲ။ ဘုရားသခင်ဖန်ဆင်းထားတဲ့ ကြွယ်ဝစေတဲ့ လောကကြီးမှာနေစဉ် ကျွန်တော်တို့က ဖေါ်ထုတ်ဖို့ပဲ၊ မြန်မာစကားပုံရှိပါတယ်။ ....မသိသူကျော်သွား၊ သိသူဖေါ်စား.. ။ ဒီကနေ့ ကျွန်တော်တို့ ခရစ်ယာန်ညီအစ်ကို မောင်နှမတွေလည်း စီးပွားရေးဘယ်လိုလုပ်ရမယ်။ စက်ရုံဘယ်လိုလုပ်ရမလဲ။ မွေးမြူရေးဘယ်လိုလုပ်ရမလဲ..ဆိုတာကို အဲဒီ နှုတ်ကပတ်တော် သမ္မာကျမ်းစာထဲမှာ ပါတဲ့အတိုင်း ကျွန်တော်တို့ လိုက်နာပြီး ဆောင်ရွက်သွားမယ်ဆိုရင်တော့ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ပေးထားတဲ့ ဂတိအတိုင်း ကျွန်တော်တို့ ကောင်းကြီးအမှန်တကယ် ခံစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ဘုရားသခင်ပေးတဲ့အရာ ရွှေ၊ငွေ ချမ်းသာနိုင်ပါတယ်။
မြေကြီးအောက်ကအတုံးလေး
တံမြက်စီးရာသီပြီးလို့ နောက်ရာသီကျတော့လည်း ဘုရားသခင်ဟာ အကောင်းဆုံး စီစဉ်ပေးပါတယ်။ ကျွန်တော်တိုပ မိသားစုဟာ ဘုရားသခင်ကို ဆက်လက် ဆက်ကပ်၊ ဆုတောင်းတယ်။ ကိုယ်တော်... ဒါတင်မကသေးပါဘူး။ ကိုယ်တော်ဟာ ကြွယ်ဝတဲ့ ဘုရားဖြစ်ပါတယ်။ ကိုယ်တော်အနေနဲ့ စံပါယ်တော်မူသော ဘုန်းစည်းစိမ်နဲ့တကွ ယေရှုခရစ်တော်ကိုပင် ကျွန်တော်တို့ကို ပေးပြီးပြီပဲ။ ခရစ်တော်ကို ရရင် ကျန်တဲ့အရာအားလုံးကိုလည်း ရမှာပါပဲ။ ဒါကြောင့် ကိုယ်တော်..ဆက်ပေးပါ။ ကျွန်တော်ဒီမှာ အများကြီးလိုပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံ (၂)ယောက်စလုံး ကလေးတွေခေါ်ပြီး ဆုတောင်းတယ်။
အဲဒါနဲ့ တစ်နေ့ကြတော့ ဘုရားသခင်ဟာ အံ့သြစရာဘယ်လောက်ကောင်းသလဲ ဆိုတော့ ရွာကလူငယ်လေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြီး.. ဆရာရေ..ဒီအတုံးကလေးကို ကြည့်ပါဦး..တဲ့။ မြေကြီးထဲကတူးတာ၊ ဒါဘာလဲမသိဘူး။ ဆေးတော့ဖြစ်မှာပဲ လို့သူပြောတယ်။ အဲဒါနဲ့ ကျွန်တော်က ကောင်းပြီ၊ ဒါဆိုရင်တော့ ခင်ဗျား..ကျွန်တော့ကိုပေး၊ ကျွန်တော်နိုင်ငံခြားပို့ပြီး စမ်းသပ်လိုက်ပါမယ်။ အဲဒီအတုံးကလေးရတော့ သိပ်ဝမ်းသာတယ်။ ဘုရားသခင်ကို ဆက်ကပ်တယ်။ ကိုယ်တော်.. ကိုယ်တော်ဖန်ဆင်းပေးထားတဲ့ မြေအောက်မှာရှိတဲ့ သယံဇာတ၊ ဒီဟာတွေကို အလဟသတော့မဟုတ်ဘူး။ လူသားတွေအတွက် အကျိုးဖြစ်စေတဲ့ အရာဖြစ်ရမယ်။ ကျွန်တော်တို့အားဖြင့် သူ့တပါးအကျိုးရှိဖို့ရန်အတွက် ကိုယ်တော်လမ်းဖွင့်ပေးတော်မူပါ..။ ကိုယ်တော် ..ကျွန်တော်တို့ ငွေရရှိရေးအတွက် ပေးသနားတော်မူပါ..ဆုတောင်းတယ်။ အဲဒီအတုံးကလေးကို တဖက်နိုင်ငံ ယူသွားပြီးတော့ စမ်းသပ်ရန်ပို့လိုက်တဲ့အခါ ဟိုဖက်က ဘာပြောသလဲဆိုတော့ ဒါက အရမ်းကောင်းတဲ့ အားဆေးဖြစ်ပါတယ်။ ဘီပီအိုင်က ထုတ်တဲ့ ဆေးပြားကြတော့ ဘားပလက် Burplex လိုခေါ်တယ်။ ဘားပလက်ခေါ်တဲ့ ဆေးတုံးကို ထုတ်နိုင်တဲ့ တကယ့်လိုအပ်တဲ့ ကုန်ကြမ်းပဲ။ အဲဒီပစ္စည်း အတော်များများရှိသလား..လို့ ကျွန်တော် ကျေးရွာကလူတွေကို မေးလိုက်တဲ့အခါ ခရစ်ယာန်ညီအစ်ကို မောင်နှမတွေက..အမေလေး.. များလွန်းလို့ ဆရာရယ်၊ ..ယူနိုင်ရင် ကျွန်တော်တို့ သွားတူးရင် တစ်နေ့ကို ပိသာ သုံး..လေးဆယ်..ငါးဆယ်လောက် ရမယ်။ ဆရာကြိုက်သလောက် ဈေးပဲပေးပါ၊ အဲဒါနဲ့ ကျွန်တော်လည်း ပြောလိုက်တယ်။ နောက်နေ့ကျတော့ အဲဒါကို ဘန်ကောက်ပို့မယ် လုပ်တော့ ဟိုဘက်က ဘာပြောသလဲဆိုတော့ ဒီဟာကို အစိုပို့လို့မရဘူး၊ ခြောက်မှရမယ်။ ဒီပစ္စည်းဟာ မှိုတက်တာ သိပ်မြန်တယ်။ ဒီကနေ့ မခြောက်ရင် မနက်ဖန် မှုတက်သွားရော၊ ကျွန်တောက စကားလွန်ပြီးပြီ၊ ရွာသားတွေက သွားတူးကြပြီး ကားကြီး၊ကားငယ်တွေနဲ့ ကျွန်တော့်ဆီ လာပို့ကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကျွန်တော့ညီ ကိုတင်ရွှေကို နေပူထဲမှာ ဖြန့်လှမ်းခိုင်းလိုက်တယ်။ နေ့လည်တောင်မရောက်သေးဘူး.. မှိုတွေ အများကြီးတက်လာတယ်။ ကျွန်တော့ညီကို မှိုထွက်တဲ့နေရာတွေ ခုတ်လိုက်ပါ..ပြောတော့ ကျွန်တော့ညီက လိုက်ခုတ်တာ .. ရှေ့မှာခုတ်၊ နောက်မှာမှိုပြန်ထွက်လာတယ်။ ဟာ.. ဘယ်လိုဖြစ်တာလဲ၊ ကိုယ်တော်.. ကိုယ်တော်ရဲ့ ကောင်းကြီးမင်္ဂလာ ကျွန်တော့်ကိုပေးခဲ့ပါတယ်။ ဒါလေးကို ခြောက်အောင်၊ အခြောက်ခံစက် Dryer ရှိတယ်။ ကျွန်တော်တို့ တာချီလိတ်ဆိုတာ တောရွာပဲ၊ မီးတောင်မှ ကောင်းကောင်းမရတဲ့နေရာ၊ (1989) အခြောက်ခံစက်မရှိဘူး..။ ဒီလောက်များတဲ့ ဥတွေကို ၂၄နာရီအတွင်း အခြောက်ခံစက် ဆောက်ဖို့ဆိုတာ အဆောက်အဦးအကြီးကြီဆောက်ရမယ်။ လျှပ်စစ်လိုမယ်။ ဂတ်စ် Gas လိုမယ် ..စသဖြင့်ပေါ့ဗျာ။ ပစ္စည်းပစ္စယတွေ လိုမယ်။ ကျွန်တော်ဆုတောင်းတယ်။ မိန်းမကိုလည်းပြောတယ်..မိန်းမ... ဒါတော့ ဘုရားသခင် ငါတို့ကို ဘယ်လောက်ထိ ဇွဲရှိသလဲ၊ သူ့ကို ဘယ်လောက်အထိ အားကိုးတယ်ဆိုတာ ငါတို့ကို စမ်းသပ်ကြည့်တာပဲ၊ စိတ်မပျက်နဲ့လို့ ဆုတောင်းကြတယ်။




ဆုတောင်း၍ဉာဏ်ပညာ
တစ်ရက် ဆုတောင်းတယ်။ ဘာမှ အကြံအစည်ပေါ်မလာဘူး၊ တစ်ညလုံး မိုးလင်းတဲ့အထိ ကိုယ်တော့်ထံ ဆုတောင်းပါတယ်။ ကိုယ်တော်... ဒီပစ္စည်းတွေကို ကျွန်တော်တို့ ၂၄နာရီနဲ့မှာ ခြောက်အောင် လုပ်နိုင်ဖို့ အခြောက်ခံစက် Dryer တစ်ခုလုပ်မယ်။ ကိုယ်တော် .. ကျွန်တော့်ကို Dryer Design ဒီဇိုင်းတစ်ခုပေးပါ။ ဘုရားသခင်ကို ဆက်ကပ်တယ်။ (၇)ရက်တိတ် (၇)ရက်၊ (၇)ည ဆုတောင်းပြီးတဲ့အခါမှာ ဘုရားသခင်ဟာ အခြောက်ခံစက်ဒီဇိုင်း (Dryer Design) တစ်ခုကို ဖေါ်ပြပါတယ်။ အဲဒီ ဒီဇိုင်းကို အုတ်နဲ့စီပြီး စမ်းသပ်လိုက်တဲ့အခါ အောင်မြင်သွားတယ်။ အဲဒါနဲ့ ..အဲဒီနယ်မြေမှာ အဲဒီဆေးမြစ်တွေထွက်လာပြီး ကွှန်တော်တို့ဟာ (၂၄)နာရီအတွင်း ခြောက်အောင်ပြုလုပ်ပြီး တစ်ဖက်နိုင်ငံ..နိုင်ငံခြားအထိ တင်ပို့ရောင်းချပါတယ်။ ကျွန်တော်တို့ ဘုရားရှင်ဟာ အံ့သြဘွယ် ကောင်းကြီးပေးခဲ့တယ်။ အကယ်၍ မှုတက်တာနဲ့ ကျွန်တော်တို့ စိတ်ပျက်သွားပြီး ဆက်မလုပ်တော့ဘူး ဆိုရင် ဘုရားသခင်ဘယ်လိုလဲ၊ ပေးတော့ပေးပြီးတော့ ..အခုကျမှ ဒီလိုဒုက္ခရောက်အောင် ပြုလုပ်တာပဲ ..ဆိုပြီး ဘုရားသခင်ကို အပြစ်တင်မှာပဲ။ ဒါပေမဲ့ .. ဘုရားသခင်ကို ကျွန်တော်အပြစ်မတင်ခဲ့ပါဘူး။ ဘုရားသခင်ကို ဆက်လက်ပြီး ဆုတောင်းတဲ့အခါမှာ ဘုရားသခင်ဟာ အသက်ရှင်တဲ့ဘုရား၊ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲတဲ့ဘုရား၊ ကျွန်တော်တို့အနားမှာ အမြဲရှိတဲ့ ဘုရားဖြစ်ကြောင်း သက်သေခံတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းသံကို ဘုရားသခင် အဖြေပေးခဲ့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ တစ်ပါတ်အတောအတွင်း ဒီဇိုင်းရရှိပြီး ဒီဆေးမြစ်ဥတွေကို ခြောက်အောင်ပြုလုပ်တယ်။ ပြီးတဲ့အခါ နိုင်ငံခြားကို တင်ပို့တယ်။ အဲဒီအခါ မြောက်များစွာသော ငွေကြေးကို ရရှိခဲ့ပါတယ်။ ကျေးရွာမှာရှိတဲ့ ရွာသူရွာသားတွေ ချမ်းသာလာခဲ့တယ်။ ရွာသူရွာသားအားလုံး တံမြက်စီအချိန်မှာ တံမြက်စီး၊ ခုတ်သိမ်းပြီး ကျွန်တော်တို့ကို ပေးတယ်။ တိုင်းပြည်အတွက် အကျိုးရှိခဲ့တယ်။
ဒါပေမဲ့ အဲဒီကြားမှာ ဘုရားသခင်ဟာ ကျွန်တော်တို့ကို စာမေးပွဲစစ်ပါတယ်။ ပထမ စာမေးပွဲ၊ ဒုတိယစာမေးပွဲ၊ စစ်သလို ကျွန်တော်တို့ကို အမြဲတမ်း အားပေးပါတယ်။ ကျွန်တော်ကလည်း အရာရာမှာ ဘုရားသခင်ကိုသာ ဆက်ကပ်တယ်။ ဘုရားသခင်ကိုသာ အားကိုးတယ်။ ဒီနေ့ ခရစ်ယာန် ညီအစ်ကိုမောင်နှမတွေ ဒုက္ခတစ်ခုခုဖြစ်လာရင် ..ဆရာရယ်... လုပ်ပါအုန်း... ဟိုဆရာရယ်..လုပ်ပါအုန်း.. အသက်ရှင်တော်မူတဲ့ ဘုရား၊ ရှိရဲ့သားနဲ့ ဒီဘုရားသခင်ကို ဘာမှ မတိုင်ပင်ပဲ လူတွေထံ လိုက်ပြီး အခက်အခဲဖြေရှင်းဖို့ လိုက်ရှာတယ်။ ကျွန်တော်က ..ဒီလိုမလုပ်ရဘူး၊ ကျွန်တော့်အသက်တာမှာတော့ ဘုရားကို ဆက်ကပ်ရင်း ဆုတောင်းရင် မတတ်နိုင်တဲ့အရာ မရှိဘူးလို့ ကျွန်တော် အကြွင်းမဲ့ယုံကြည်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဟာ အောင်မြင်စွာ အဲဒီလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဘုရားသခင် .. တစ်နှစ်မှာ (၁၂)လ ရှိတယ်။ ရာသီအလိုက်ပေးပါ...လို့ ဆုတောင်းတယ်။ တစ်ရာသီပေးပြီးရင် ရွာသူရွာသားတွေက တစ်ရာသီလုပ်ပြီး နောက်ထပ်ကျန်တဲ့ရာသီမှာ မလုပ်စားခင် ထမင်းငတ်မှာပဲ၊ ရာသီအလိုက်ပေးပါ ဆိုတော့ ..ဘုရားသခင်ဘယ်လောက် ကောင်းသလဲဆိုတော့ (၃)လတစ်ကြိမ်၊ (၃)လတစ်ကြိမ် ..တစ်မျိုးပြီးတစ်မျိုး ပေးပါတယ်။

ကြိမ်သီးလေးတွေ
အဲဒီဆေးမြစ်တူးတဲ့ ရာသီကုန်သွားတဲ့အခါ ကျွန်တော်တို့ ဘုရားသခင်ဆီကို ဆက်ကပ်ဆုတောင်းထားတဲ့အတိုင်း ဘုရားသခင် ဘာထပ်ပေးသလဲဆိုတော့၊ ..အင်မတန်အံ့သြစရာကောင်းတယ်။ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အိမ်နီးခြင်းနိုင်ငံများဖြစ်ကြပါတယ်။္ပ တစ်နေ့မှာ လာအိုနိုင်ငံ နယ်စပ်မှာရှိတဲ့ ရွာသားတွေက တာချီလိတ်ရောက်လာတဲအခါ အသီးလေးတွေ ပါလာပါတယ်။ ရွာသူရွာသားတွေက အဲဒီအသီးလာပေးတော့ ကျွန်တော်ယူထားလိုက်တယ်။ နောက်တစ်နေ့ကြတော့ ထိုင်းနိုင်ငံ၊ မဲဆိုင် ဘုရားကျောင်းမှာ ကျွန်တော် ဝတ်ပြုစည်းဝေးတက်တဲ့အခါ နိုင်ငံခြားတရားဟော ဆရာတွေ လာပြီး တရားဟောတာ တွေ့ရတယ်။ ဟာ.. အဲဒီမှာ ဘုရားသခင် အသက်ရှင်တဲ့အကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ဘုရားကို ဆက်ကပ်ပြီး လုပ်ရင် အောင်မြင်တဲ့အကြောင်း၊ သက်သေခံတာ ကြားရတော့ ကျွန်တော်သိပ်အားရတယ်။ သက်သေခံတရားဟောပြီး ဝတ်ပြုစည်းဝေးပြီးတဲ့အခါ ကျွန်တော့ကို လာနှုတ်ဆက်တယ်။ သူနဲ့ပါလာတဲ့ အဖွဲ့တွေကလည်း ကျွန်တော့်ကို လာနှုတ်ဆက်ကြတယ်။ ကျွန်တော်နဲ့ သူနဲ့ စကားပြောနေရင်း သူက ဒီမှာ ဘာတွေထွက်သလဲမေးတယ်။ ကျွန်တော်က သတ္တုရှိတယ်။ ဘာရှိတယ်။ ညာရှိတယ် ..စကားစပ်ရင်းနဲ့ ဒီပစ္စည်းလဲရှိတယ် လို့ သူ့ကို ကျွန်တော်ပြလိုက်တဲ့အခါ ..သူက ...ဟာ.. ဒီပစ္စည်းကို ငါတို့က လာအိုနိုင်ငံမှာ ရှာနေတာ၊ ဗီယက်နမ်နိုင်ငံမှာလည်း ရှာနေတာ ..ခင်ဗျားတို့နိုင်ငံမှာရှိလား...တဲ့။ ရှိတယ် .. ရွာသူရွာသားတွေပြောတာတော့ အများကြီးပဲ၊ ကောင်းပါပြီ၊ ဒါဆိုရင် ..ဟောင်ကောင်းက ကျွန်တော်တို့ရဲ့ ကုမ္ပဏီက လူကို ခင်ဗျားဆီ လွှတ်လိုက်ပါမယ်..လို့ ပြောတယ်။ ဟောင်ကောင်က သူ့ရဲ့ ကုမ္ပဏီကလူ ရောက်လာတယ်။ ရောက်လာတဲ့အခါ ကျွန်တော်နဲ့ တိုင်ပင်ညှိနှိုင်းခဲ့တယ်။ ခင်ဗျားရွာမှာ သွားမေးကြည့်ပါ။ အဲဒီပစ္စည်းကို ရွာသူ၊ရွာသားတွေကို ဘယ်လိုရောင်းမလဲ မေးခိုင်းတယ်။
ကျွန်တော်က တစ်ရွာပြီးတစ်ရွာ၊ ခရစ်ယာန်ညီအစ်ကို မောင်နှမတွေရော၊ ပြင်ပရွာတွေရော သွားပြီးတော့ အဲဒီရွာမှာရှိတဲ့ ရွာသူရွာသားတွေကို အကုန်ခေါ်မေးလိုက်တဲ့အခါ ခင်ဗျားတို့ပြောတဲ့ သိပ်မာတယ် ဆိုတဲ့ပစ္စည်း၊ ဒီပစ္စည်းတော့ ကျွန်တော်တို့လိုချင်ပါတယ်။ ဘယ်လောက်ဈေးနဲ့ ခင်ဗျားတို့ ရောင်းမလဲဆိုတော့ ..ရွာသူရွာသားတွေက ဘာပြောသလဲဆိုတော့... အောင်မလေး..ဆရာရယ်၊ ဒါ သိပ်မာလွန်းလို့ ဝက်တောင်မှ မကိုက်နိုင်ဘူး။ ဝက်တောင်မစားဖူး။ ဆရာတို့ ယူရင် ကျွန်တော်တို့ အလကားကြုံးပေးပါမယ်။ ...အလကားတော့ ဘယ်ဖြစ်မလဲ၊ ရေရှည်ယူမှာမို့လို့ ဒီရာသီမှာတော့ ဒိကိုယူမှာဆိုတော့ ရွာသူကြီးနဲ့ ရွာသူရွာသားတွေဟာ အားလုံးတိုင်ပင်ပြီး တပုံး (၁၀ိ/ တစ်ဆယ်ကျပ်) တဲ့၊ သူတို့က ကီလိုချိန်မရှိဘူး၊ ပိသာချိန်မျိုးမပေးဘူး၊ ရေနံဆီ သံပုန်းတစ်ပုံ တစ်ဆယ်ကျပ် ပြောတာ။ ဟာ.. ဒီလိုဆိုရင် သိပ်နည်းတယ်။ ခင်ဗျားတို့မကိုက်ဘူးထင်တယ်..လို့ ကျွန်တော်ပြောတော့..သူတို့က ..ဟာ.. ကိုက်တယ်။ တစ်နေ့ကို တစ်ယောက် (၁၀)ပုံးလောက်တော့ အသာလေး ကြုံးလို့ရတယ်။ ၁၀၀ိ/ ရတယ်တဲ့။ (ထိုခေတ်က တစ်ဒေါ်လာ-တစ်ရာကျပ်ခန့် ဈေးပေါက်သည်)။ ဟာ.. ဒီလိုတော့ မဖြစ်ဘူး။ ကျွန်တော်ပြန်ပြီး တိုင်ပင်ကြည့်တယ်။


ငိုင်ပင်လိုက်တဲ့အခါ ဒီဘက်ကပြောတယ်။ တောင်းတဲ့ဈေးထက် ၃ဆလောက် ပေးလိုက်ပါ..တဲ့။ ကျွန်တော်က ကောင်းပြီ၊ ခင်ဗျားတို့က (၁၀ိ/) တောင်းတယ်။ ကျွန်တော်တို့က (၃၀ိ/) ပေးမယ်ဗျာ..လို့ ရောင်းတဲ့လူက (၁၀ိ/) ထဲယူတယ်။ ဝယ်တဲ့လူက (၃၀ိ/) ပေးတယ်။ အဲဒါနဲ့ (၃၀ိ/) ပေးတယ်ဆိုတော့ အားလုံးသဘောတူညီကြတယ်။ အားလုံး အဲဒီပစ္စည်းကို တောထဲမှာ သွားပြီး ကြုံးလာကြတယ်။ ကြိမ်ရဲ့အသီးဖြစ်ပါတယ်။ အဲဒါတွေကို နိုင်ငံခြားပြန်တင်ပို့တဲ့အခါ သူတို့တောင်းတဲ့ဈေးထက် ကွှန်တော်တို့က (၁၀) ပိုရပါတယ်။
နိုင်ငံခြားကနေ ခင်ဗျားတို့ ပစ္စည်းကို တန်ရာတန်ကြေးကတော့ ဒီလောက်ပေးပါမယ် ဆိုပြီးတော့ ပေးပါတယ်။ ဘုရားသခင်က ဘယ်လောက်အံ့သြစရာကောင်းသလဲ ဆိုတော့ အဲဒီနယ်မြေ၊ အဲဒီဒေသမှာ ဘာမှ စီးပွားရေးမရှိသော်ငြားလည်း သူဖန်ဆင်းထားတော်မူတဲ့ သဘာ၀ သယံဇာတများအားဖြင့် ဘုရားရှင်ကောင်းကြီးပေးခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ဟာ ရရှိလာတဲ့ ငွေကြေး၊ မြက်လာတဲ့ ငွေကြေးများကို အနီးအနားတဝိုက်မှာရှိတဲ့ ယုံကြည်သူ၊ မယုံကြည်သူ ဆင်းရဲနွမ်းပါးတဲ့သူများကို ကူညီမစတယ်။ ကျွန်တော့်အမျိုးသမီးဆိုရင် ဆင်းရဲနွမ်းပါးတဲ့သူကို ကူညီမစဖို့ဆိုရင် လုံးဝမတွန့်တိုဘူး။ ကွှန်တော်က (၁၀၀) ပေးပါဆိုရင် သူက တစ်ထောင်ပေးပါ။ အဲဒီလိုမျိုး အားပေးတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့က လိုက်ဖက်ညီကြတဲ့ အခါကြတော့ ရွာသွားရင်၊ အင်္ကျီဝတ်သွားရင် ပြန်လာရင် မရှိတော့ဘူး၊ ဆင်းရဲတဲ့ အဖိုးအဖွားနဲ့ တွေ့တဲ့အခါ ကျွန်တော်မကြည့်ရက်နိုင်ဘူး။ အင်္ကျ ီချွတ်ပေးခဲ့တယ်။ ပါသွားတဲ့ ပိုက်ဆံပေးခဲ့ပါတယ်။ သမ္မာကျမ်းစာထဲမှာ ဖေါ်ပြတဲ့အတိုင်း ဆင်းရဲသားကို စွန့်ကြဲတဲ့သူဟာ ချမ်းသာတယ်။ ဟုတ်ပါတယ်။ အဲဒီ ဂတိတော်အတိုင်း ကျွန်တော်တို့ တကယ်ခံစားရပါတယ်။ ဘုရားသခင်ဟာ သူ့ကို အကြွင်းမဲ့ ယုံကြည်ပြီးတော့ အမှုတော်မြတ်မှာ ပါဝင်သွားတဲ့အခါ ဘုရားသခင် ကောင်းကြီးပေးတယ် ဆိုတာ ကျွန်တော်တွေ့ရတယ်။
ဒီနေ့ မြောက်များစွာသော သူတွေ ကျွန်တော့ဆီလာပြီး အလှုငွေလာတောင်းကြတယ်။ အလှုငွေလာပေးပါ။ ခင်ဗျားတို့ စီမံကိန်းက ဘီလီယံလောက် သန်းပေါင်း ဘယ်နှစ်ထောင်နဲ့ လုပ်နေတာ .. အလှုငွေလာပေးပါ။ ကျွန်တော်ပြောတယ်။ ခင်ဗျားတို့ ဆုတောင်းပါ။ ကျွန်တော်ပိုင်တဲ့ငွေမဟုတ်ဘူး၊ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ ဘဏ္ဍာထိန်းပဲ၊ ဒီနေ့ ဘုရားသခင် ကျွန်တော့ကို အပ်နှံထားတဲ့ ငွေပဲ။ ဘုရားဆီ တောင်းပါ။ ဘုရားဖေါ်ပြလို့ တို့ထိပေးရင် ပေးပါမယ်။ အားလုံးပေးမှာပဲ။
အခုန ပြောတဲ့ အကြောင်း ပြန်ဆက်ရရင် အဲဒီပစ္စည်းကို ဟောင်ကောင်တင်ပို့လိုက်တယ်။ သူတို့လည်း သဘောကျကြတယ်။ ကနေဒါအထိ တင်ပို့ရတယ်။ ဒီနေ့လဲ ဆက်လက်ပြီး သူတို့ထံ တင်ပို့နေရပါတယ်။ ကျွန်တော်တို့ ဆက်လုပ်ရင်း (၂)နှစ် (၃)နှစ် ဖေါ်စားပြီး၊ ပြည်သူလူထုက အကုန်လုံးသိတော့ အကုန်လုံး ဖေါ်စားတော့ ကျွန်တော်မဖေါ်တော့ပါဘူး။ အခု တံမြက်စီးပြီးတော့ သုံးနှစ်လောက်ကြာတော့ ကွျှန်တော်မဖေါ်တော့ဘူး။ သူများ အားလုံး လုပ်ကြပြီဆိုတော့ ကျွန်တော်မလုပ်တော့ဘူး။


အသီးကလေးနောက်တမျိုး
နောက်ထပ် လုပ်ငန်းလိုတယ်..လို့ ဘုရားသခင်ကို ဖေါ်ပြတယ်။ ဘုရားထံမှာ ဆုတောင်းတယ်။ ကိုယ်တော် .. နောက်ထပ် တစ်မျိုးတော့ ထပ်ပေးပါဦး၊ ကိုယ်တော်ကို ဆုတောင်းတယ်။ ဆုတောင်းတဲ့အခါ ဘုရားသခင်က ဘယ်လောက်အံ့သြစရာ ကောင်းသလဲဆိုတော့ "အခါ" လူမျိုးတွေဟာ တောရွာမှာ နေတယ်။ တနေ့သောအခါမှာ လူမျိုးအဖွားကြီး ၂ယောက်၊ ၃ယောက်ဟာ အသီးကလေးတစ်မျိုးပါလာပြီး ဈေးမှာ လိုက်ရောင်းတယ်။ စားလို့လည်းရတယ်။ ဒါပေမဲ့ အရသာက စပ်ရှိန်း၊စပ်ရှိန်းဖြစ်တယ်။ အဲဒါနဲ့ ကျွန်တော်ကြည့်လိုက်တဲ့အခါ တရုပ်ဘယဆေးမှာပါတဲ့ တရုပ်နိုင်ငံမှာ အင်မတန်နာမည်ကြီးတဲ့ တန်ဘိုးကြီးတဲ့ ဆေးဆိုတာ ကျွန်တော်သိလိုက်တယ်။ သူတို့ကို မေးကြည့်တယ်။ ဒီပစ္စည်းတွေက ဘယ်ကရသလဲ၊ ရွာအနီးအနားမှာ သူဖာသာ သဘာဝနဲ့ တအားပေါက်တာဘဲ..တဲ့။ အဲဒါနဲ့ ကျွန်တော် ရွာကိုသွားပြီးတော့ ရွာသားတွေနဲ့ ဘုရားရှိခိုးတယ်။ ယေရှုခရစ်တော်အကြောင်းကို သက်သေခံတယ်။ သူတို့နဲ့ မိတ်သဟာရဖွဲ့တယ်။ သူတို့ကိုလည်း လုပ်ငန်းပိုင်းဆိုင်ရာရော အားလုံး လမ်းပြပေးပါတယ်။ ခုန ပြောတဲ့ အသီးကိုလည်း ကျွန်တော်ဖော်ထုတ်ပြီးတော့ အခြောက်ပြုလုပ်တယ်။ တရုပ်နိုင်ငံအထိ တင်ပို့ရောင်းချတယ်။ ဒီကနေ့ အထိ၊ အင်မတန်နာမည်ကြီးတဲ့ တရုပ်ဘယဆေးမှာ ပါဝင်တဲ့ ဆေးဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေလုပ်ကိုင်ရတာ ပိုက်ဆံမရဘူးလား..ဆိုတော့ ရတယ်။ ဒါပေမဲ့ ကျွန်တော်ဘုရားသခင်ကို ပြောတယ်။ ကိုယ်တော်... ဒီလောက်နဲ့မဖြစ်သေးဘူး။ ကိုယ်တော်ရှင်ဘုရားရဲ့ ဘုန်းတော်၊ တန်ခိုးတော်၊ နာမတော်သည် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ကို မြင်တာနဲ့တပြိုင်ထဲ မယုံကြည်သောသူများ မြင်ခြင်းအားဖြင့် ယုံကြည်လာအောင်၊ ယုံကြည်သူများမြင်ခြင်းအားဖြင့် ခွန်အားရလာအောင် ကျွန်တော်လှူချင်ပါတယ် ....လို့ ကိုယ်တော်၊ အဲဒီလောက်အထိ ကျွန်တော်တို့ကို ချီးမြှောက်ပါ။ ပြင်ဆင်ပေးပါ။ ရရှိလာတဲ့ ငွေကြေးမှန်သမျှလည်း ကိုယ်တော်ရှင်ဘုရားရဲ့ အမှုတော်မြတ်မှာ ပါဝင်မဲ့ငွေကြေးပဲလို့ .. လင်မယား(၂)ယောက်စလုံး ဆက်ကပ်ဆုတောင်းပါတယ်။ အဲဒီလို ဆုတောင်းရင်းနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ဖော်ထုတ်တယ်။ အဲဒီဒေသမှာလည်း တိုးတက်လာတယ်။ ဖွံ့ဖြိုးလာတယ်။ ကျွန်တော်တို့လည်း ငွေကြေး မြောက်များစွာရလာပါတယ်။
ဘုရားကျောင်းဆောက်လုပ်
ရလာတဲ့ ငွေကြေးထဲမှာ မိမိ မိသားစူရဲ့ စားဝတ်နေရေး နေထိုင်ရေးအတွက်လောက်ပဲ ယူပြီး၊ ကျန်တဲ့ငွေကို အဲဒီဒေသမှာပဲ ပြန်လည်ပါဝင်ပါတယ်။ ကျွန်တော်ဆိုရင် အဲဒီအချိန်က တာချီလိတ်မှာ ကွျှန်တော့်ရဲ့ အိမ်မဆောက်သေးပါဘူး။ တာချီလိတ် ဘုရားကျောင်း လိုတယ်လို့ ကျွန်တော်မြင်တဲ့အခါ ကျွန်တော်တို့ သစ်လုပ်ငန်းလုပ်နေရင်းနဲ့ ရရှိလာတဲ့ ငွေကြေး မှန်သမျှကို ပုံအောပြီးတော့မှ တာချီလိတ် နှစ်ခြင်းဘုရားကျောင်း ဆောက်လိုက်တယ်။ ကျွန်တော့်အိမ် ကျွန်တော်မဆောက်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်အရင်ဆုံး ဘုရားကျောင်းဆောက်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တရားမှာ ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဘုရားသခင်ရဲ့ နောက်လိုက်တွေက ဘာဖြစ်လို့ ဆင်းရဲလဲဆိုတော့ ဘုရားသခင်ရဲ့ အိမ်တော်ဟာ စုတ်ပြက်နေတယ်။ အဲဒါကြောင့် ဒီလူတွေကို ဘုရားသခင်က ဆင်းရဲခိုင်းတာ၊ ဒါကြောင့် ဒီလူတွေကို ဘုရားသခင်က ဒုက္ခရောက်ခိုင်းတာ ..တဲ့။ ဟဂ္ဂဲ ကျမ်းမှာ ဖတ်ကြည့်ပါ။

(ဟဂ္ဂဲ ၁း၆ သင်တို့သည် များစွာသော မျိုးစေ့ ကိုကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်ရသော်လည်း ဝစွာမသောက် ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာမဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာ သိုထားရ၏။ You have planted much, but have harvested little. You eat, but never have enough. You drink, but never have your fill. You put on clothes, but are not warm. You earn wages, only to put them in a purse with holes in it.” မုရန်)
ဖတ်ကြည့်ပါ။ ကျွန်တော် အဲဒီကျမ်းပိုဒ်ကိုကို ဖတ်လိုက်တဲ့အခါ အင်မတန်ခွန်အားရတယ်။ ဟာ.. ဒါဆိုရင်မဖြစ်ဘူး။ ဒီနေ့ တာချီလိတ်နှစ်ခြင်းဘုရားကျောင်း၊ ဘုရားရဲ့အိမ်တော်ဟာ ပျိုပျက်နေတယ်။ အက်နေပြီး၊ ကွဲနေပြီး၊ မိုးရွာရင် ရေတွေဝင်ပြီး ပိုက်ဆံရှိတဲ့လူတွေက အိမ်မှာ ပန်ကာနဲ့ ဇိမ်နဲ့ အားလုံးရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီကျမ်းပိုဒ်ကို ဖတ်မိတဲ့အခါ ကျွန်တော်က ကောင်းပြီ၊ တာချီလိတ် နှစ်ခြင်းဘုရားကျောင်းကို ကျွန်တော်တို့ တာဝန်ယူမယ် ဆိုပြီး ရှိရှိသမျှငွေနဲ့ အဲဒီဘုရားကျောင်းကို ဆောက်တယ်။ ဆောက်လိုက်တဲ့အခါ ဘုရားရလည်း အံ့သြစရာထပ်ပြီး လမ်းဖွင့်ပေးတယ်။


မစ္စတာချွန်း
ကျွန်တော်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ မစ္စတာချွန်းနဲ့ တွေ့ခဲ့ပါတယ်။ မစ္စတာချွန်းက သူ့ရဲ့လုပ်ငန်းမှာ ပါဝင်ကူညီ လုပ်ကိုင်ဖို့ လူ (၄ယောက်) လာခေါ်ပါတယ်။ (၄)ယောက်လာခေါ်တဲ့အခါ (၄)ယောက်စလုံး လူငယ်တွေပါပဲ။ အားလုံး သူ့ရဲ့လုပ်ငန်းမှာ ပါဝင်တဲ့အခါ ကျွန်တော့်အနေနဲ့ အမြဲတမ်း နှုတ်ကပါတ်တော်မှာ သွန်သင်တဲ့အတိုင်း ကျွန်တော် ယုံကြည်လိုက်လျှောက်တယ်။ နှုတ်ကပါတ်တော် ထဲမှာ သူ့တပါးဆီမှာ အလုပ်လုပ်ရင်၊ သေးငယ်တဲ့အမှုအရာကနေ သစ္စာရှိရမယ်။ ကိုယ့်ရဲ့လုပ်ငန်းရှင်အပေါ်မှာ သစ္စာရှိရမယ် ..ဆိုတဲ့အတိုင်း ကျွန်တော် သူ့ရဲ့လုပ်ငန်း မှန်သမျှကို သစ္စာရှိစွာ ဆောင်ရွက်ပါတယ်။ သူခိုင်းသမျှ လုပ်ငန်းများကို ကျွန်တော် တသွေမတိမ်း ပြီးစီးအောင်ဆောင်ရွက်တယ်။ အမှားအယွင်းမရှိအောင် ထိန်းသိမ်းခဲ့ပါတယ်။ွ
အဲဒါကြောင့်လည်း ကျွန်တော်ဟာ သူ့ရဲ့စီးပွားရေးလုပ်ငန်း၊ သူ့ရဲ့ ငွေကြေးလုပ်ငန်းမှ စ၍ သူ့ရဲ့ နယ်စပ်ဒေသ သစ်လုပ်ငန်းတွေမှာ ကျွန်တော်ပါဝင်ပြီး ဆောင်ရွက်တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါ အခြား၊ အခြားသောလူဆိုရင်တော့ သူကလခနဲ့ ပေးပါတယ်။ အလုပ်စဝင်တုန်းက ကျွန်တော့ကို မေးပါတယ်။ လခ ဘယ်လောက်ယူမလဲ..တဲ့။ ကျွန်တော် သူ့ကို ပြောတယ်။ ဆရာ ..ကျွန်တော်ကို သုံးကြည့်ပါ။ ကျွန်တော့အနေနဲ့ လခတော့ မပြောပါရစေနဲ့..။ ကျွန်တော်လုပ်တဲ့ လုပ်ငန်းအပေါ်မှာ အခြေပြုပြီးတော့ ဆရာ့အနေနဲ့ ကျွန်တော့ကို ပေးရင် ကျွန်တော်ကျေနပ်ပါတယ်..လို့ ဆိုတော့ ကျွန်တော်လုပ်ဆောင်သမျှ လုပ်ငန်းအပေါ်မှာ သူကမြင်လာတယ်။ ကျွန်တော်အမြဲတမ်း ဘုရားသခင်ကို ဆုတောင်းတယ်။ ကိုယ်တော်... ကိုယ်တော်ဟာ အသက်ရှင်တဲ့ ဘုရားဖြစ်ပါတယ်။ ကျွန်တော့်ကို အလုပ်ပြင်ဆင်ပေးတာလဲ ကိုယ်တော်ပဲဖြစ်ပါတယ်။ ကျွန်တော်လည်း သစ္စာရှိစွာ လုပ်ဆောင်ပါမယ်။ ကိုယ်တော်၏ ဘုန်းတော်၊ တန်ခိုးတော်၊ နာမတော် ထင်ရှားနိုင်ဖို့ရန်အတွက် အလုပ်လုပ်တဲ့အခါ ကိုယ်တော်၏ ကျွန်၊ ကျွန်တော်မျိုးကိုလည်း ချီးမြှောက်တော်မူပါလို့ ..ဆက်ကပ်ဆုတောင်းတယ်။
သူခိုင်းသမျှလုပ်ငန်းကို မြန်မာနိုင်ငံမှာရော၊ အခြားနိုင်ငံမှာပါ အားလုံး တသွေမတိမ်း ကျွန်တော်ဆောင်ရွက်ပေးပါတယ်။ သစ္စာရှိစွာနဲ့ ဆောင်ရွက်ပေးတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါ သူက ကျွန်တော့်ကို ဘာပြောသလဲဆိုတော့ ခင်ဗျားဟာ လခနဲ့တော့ မဟုတ်ဘူးတဲ့။ ခင်ဗျားနဲ့ ကျွန်တော်ဟာ Partner တဲ့။ ကျွန်တော်ခင်ဗျားကို ရှယ်ယာ Share ခွဲပေးမယ်။ Profit-Sharing တဲ့။ အဲဒီအချိန်တုံးက အဆောက်အဦလုပ်ငန်း Construction ငါးခုလောက် ရှိပါတယ်။ အဲဒီကစပြီးတော့ သူ ကျွန်တော့ကို Profit Sharing အနေနဲ့ ထွက်လာသမျှ အမြက်အပေါ်မှာ ကုန်ကြမ်းအပေါ်မှာပါ သူ ကျွန်တော့ကို အမြက်အစွန်းပေးတဲ့အခါ ကျွန်တော် ပိုက်ဆံကြီးကြီးကျယ်ကျယ် ရလာပါတယ်။ ချမ်းလဲချမ်းသာလာပါတယ်။
အဲဒီ ငွေကြေးတွေနဲ့ပဲ၊ ကျွန်တော် ဘုရားသခင်ရဲ့လုပ်ငန်းမှာ ပါဝင်ပါတယ်။ ကျွန်တော် ဘုရားသခင်ရဲ့ လုပ်ငန်းမှာ ပါဝင်တဲ့အခါ ဆယ်ဖို့တစ်ဖို့၊ မကပါဘူး။ ဆယ်ဖို့ ဘယ်နှစ်ဖို့မှန်းရယ်တော့ ကျွန်တော်မမှတ်မိပါဘူး။ တစ်နှစ်၊ တစ်နှစ်မှာ သန်းပေါင်း ရာနဲ့ချီပြီးတော့ ကျွန်တော် ဘုရားသခင်ရဲ့လုပ်ငန်းမှာ ပါဝင်ပါတယ်။ ဘုရားသခင်လုပ်ငန်းကို အဲဒီလို ပါဝင်လေလေ၊ ဘုရားသခင်ကောင်းကြီးပေးလေလေ ပဲဆိုတာ ကျွန်တော် လက်တွေ့ခံစားရပါတယ်။


မေဖလာဝါးထရိတ်ဒင်း
မစ္စတာချွန်းနဲ့ ကျွန်တော်က လုပ်ငန်းများကို လေး..ငါး..ခြောက်နှစ်လောက် အတူတူ လုပ်ကိုင်တဲ့အခါမှာ ရန်ကုန်မြို့မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ ဘုရားရှင် ကျွန်တော့ိကု ဖေါ်ပြပါတယ်။ မိမိရဲ့လူမျိုး၊ မိမိရဲ့နိုင်ငံ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ လိုနေပြီဖြစ်ကြောင်း ဘုရားသခင် ကျွန်တော့်ကို ဖေါ်ပြပါတယ်။ ဖွင့်လစ်တဲ့အခါ ကျွန်တော့်ညီရှိတယ်။ ညီနှစ်ယောက်ပါပါတယ်။ ဦးမိုးဇက်ကတော့ ပထမပိုင်းတွေ့လိုက်တယ်။ ခဏလေး အိမ်ပြန်သွားတယ်။ ဘာကြောင့်အိမ်ပြန်သွားသလဲ ဆိုတော့ ကျိုင်းတုံးမှာ သွားဆုတောင်းနေတာ၊ ကျွန်တော်ရဲ့ လုပ်ငန်းတွေ လုပ်သင့်၊ မလုပ်သင့် တော်တော်ကြာ ဆုတောင်းတယ်။ ဆုတောင်းပြီး အဖြေရတဲ့အခါ သူကပြန်ရောက်လာပါတယ်။ အဲဒါနဲ့ ဒီနေ့အထိ ကျွန်တော်ရဲ့ လုပ်ငန်းမှာ လက်တွဲဆောင်ရွက်နေပါတယ်။
ဒေါ်ခင်သန်းထွေးကတော့ ရောက်ရောက်ချင်း ကျွန်တော်ကြည့်တော့ ပါးမှာ သနပ်ခါးလေးနဲ့ လခ (၁၅၀၀ိ/) နဲ့ စခန့်ပါတယ်။ (မှတ်ချက် - in 1989 exchange US$1.00=kyat 30). အင်မတန်မှ သစ္စာရှိပါတယ်။ ဒီလိုသစ္စာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဘုရားသခင် အမြဲတမ်းချီးမြှောက်ပါတယ်။ ရန်ကုန်မှာ စပြီးတော့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Trading လုပ်ငန်းတွေ၊ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းတွေ စတင်ပြီး လုပ်ကိုင်ပါတယ်။ မေဖလားဝါး Trading လုပ်ကိုင်နေရင်း ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ဘဏ်လုပ်ငန်းကို လုပ်ပါဆိုတဲ့ ဖေါ်ပြချက်ကို ရပါတယ်။ ရတဲ့အခါမှာလည်း ဘုရားရားရှင်ကို ဆုတောင်းတယ်။ ကိုယ်တော်..ကိုယ်တော်ရဲ့ ဂတိတော်ရှိပါတယ်။ ဘာပဲလုပ်လုပ် ကျွန်တော်ယုံကြည်သူဟာ ထိပ်ကပဲ နေရမှာပဲ။ သူများထက်ကို သာကိုသာရမှာပဲ။ ကိုယ်တော်ဟာ အသက်ရှင်တဲ့ ဘုရားဖြစ်ပါတယ်။ ကိုယ်တော် ကျွန်တော့်ကို ဆက်ပြီး တိုး၍ ကောင်းကြီးပေးသနားတော်မူပါ။ ဘဏ်တွေ ဖွင့်တယ်။ ဖွင့်တဲ့အခါမှာလည်း အောင်မြင်မှု အပြည့်အ၀ ရတယ်။ ကျွန်တော်တို့ ဒီနေ့ ပြည်တွင်းဘဏ်လုပ်ငန်း ဘဏ်ခွဲ(၁၁)ခု ဖွင့်ထားပြီးတော့ ပြည်ပ ဘဏ်လုပ်ငန်း ဘဏ်ခွဲ(၅)ခု အထိ ဖွင့်ပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ATM စက်တွေ၊ ဒီစက်တွေဟာ အင်မတန်ခက်ခဲပါတယ်။ ရင်းနှီးမတည်မှုငွေဟာလည်း ဒေါ်လာသန်းနဲ့ချီပြီးတော့ ရင်းနှီးရတယ်။ ဒါတွေဟာ လက်ထဲမှာ ငွေအဆင်သင့်ရှိလို့ လုပ်တာမဟုတ်ပါဘူး။ ယုံကြည်ခြင်းနဲ့ဖြစ်ပါတယ်။ ဒီ Project သန်းပေါင်း (၇)ထောင် ကုန်မယ်။ ကိုယ်တော် .. ကိုယ်တော်အလိုရှိလျှင် လုပ်မယ်လို့ ဆက်ကပ်ပြီးတော့ ဘုရားရှင်ဆီက တိတိကျကျနဲ့ ဖေါ်ပြချက်ရပြီးမှ ဒီ Project ကိုလုပ်ပါတယ်။ အောင်မြင်တယ်။ လိုအပ်တဲ့ ငွေကြေးကို ကျွန်တော်ရပါတယ်။


ဘုရားရှင်ထံဆုတောင်းပြီးခွင့်တောင်း
ယခု ဖတ်ရှုနေတဲ့ ညီအစ်ကို မောင်နှမတွေလည်း အလားတူပဲ၊ ကျွန်တော် ဘာကို တိုက်တွန်းချင်သလဲ ..ဆိုတော့၊ မိမိစီးပွားရေးလုပ်ငန်း တစ်ခုခု လုပ်တော့မယ်ဆိုရင် အရင်ဆုံး ဘုရားသခင်ကို ဆက်ကပ်ဆုတောင်းပါ။ ဘုရားသခင်ဆီက တိကျတဲ့ အဖြေရရင် စတင်လုပ်ဆောင်ပါ။ ဘုရားရှင်ခွင့်ပြုတဲ့အလုပ်ဆိုရင်တော့ လုပ်သာလုပ်ပါ။ မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုရားသခင်ပါတာကိုး၊ ကျွန်တော်လည်း အဲဒီလိုပဲ ဘဏ်လုပ်ငန်းကို ဆောင်ရွက်တဲ့အခါ ကိုယ်ကျွမ်းကျင်လို့ မဟုတ်ဘူး။ ဘဏ်လုပ်ငန်းမှာ ကျွန်တော် ဘာမှ နားမလည်ပါဘူး။ ဒါပေမဲ့ ..ကိုယ်တော်... ကိုယ်တော်ဟာ အသက်ရှင်တဲ့ဘုရား၊ စင်္ကြာဝဌာကို ဖန်ဆင်းတဲ့ဘုရား၊ ကိုယ်တော် နားမလည်နိုင်တဲ့အရာ တစ်ခုမှ မရှိပါဘူး။ ကိုယ်တော်ဟာ အရာခပ်သိမ်းကို တပ်နိုင်တဲ့ဘုရားဖြစ်ပါတယ်။ ကျွန်တော် ဒီလုပ်ငန်း လုပ်တဲ့အခါ ကိုယ်တော်က ဦးစီး၊ဦးဆောင် လုပ်ပါ။ ကျွန်တော်က တံဆာပလာအဖြစ်ပဲ ပါဝင်မှာဖြစ်ပါတယ်။ ဒီ ဘဏ်လုပ်ငန်းမှာလည်း အောင်မြင်မှုကို ပေးပါ...လို့ ဆုတောင်းဆက်ကပ်ထားတဲ့အတိုင်း အံ့သြဘွယ်အောင်မြင်မှုကို ဘုရားပေးပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဘဏ်လုပ်ငန်းမှာ ငွေ သန်းပေါင်းကိုးထောင်နဲ့ တစ်သောင်းနီးပါးလောက် လုပ်ကိုင်နေရတဲ့အခြေအနေထိ ဘုရားသခင် ကောင်းကြီးပေးပါတယ်။
သမ္မာကျမ်းစာထဲမှာ ပါတယ်။ ရွှေကလည်း ဘုရားသခင်ပိုင်တာပဲ။ ငွေကလည်း ဘုရားသခင်ပိုင်တာပဲ။ ကျွန်တော်တို့ ဘုရားသခင်ဆီ ဆက်ကပ်ဆုတောင်းပြီး လုပ်ငန်းလုပ်ရင် ဘုရားရှင်က ကောင်းကြီးပေးမှာ ဖြစ်ပါတယ်။ စက်ရုံလုပ်ငန်းလည်း အလားတူပဲ အံ့သြစရာကောင်းပါတယ်။ ကျွန်တော် ဘုရားရှင်ကို ဆုတောင်းတယ်။ ကိုယ်တော်... မြန်မာနိုင်ငံမှာတော့ ကုန်ချောထုတ်လုပ်တာကို နိုင်ငံတော်အနေနဲ့ အားပေးပြီး ကုန်ကြမ်းကို နိုင်ငံခြားသို့ တင်ပို့တာကို အားမပေးတော့ပါဘူး။ ပြည်တွင်းမှာ လုပ်ငန်းပိုမိုအဆင်ပြေ ချောမွေ့စေရေးနဲ့၊ ပြည်သူလူထု နိုင်ငံတော်ကနေ ကျွန်တော်တို့ကို လမ်းညွှန်ပေးလိုက်တဲ့အခါ .. ကိုယ်တော်.. သစ်လုံးထုတ်လို့မရတော့ဘူး။ အရင့် အရင်တုန်းကတော့ မြန်မာ့သစ်လုပ်ငန်းဆီက သစ်လုံး ဝယ်ပြီးထုတ်၊ ထုတ်သွားပြီးရောင်းရင် အမြက်ရတယ်။ ကိုယ်တော်...အခု မဖြစ်တော့ဘူး။ ဘယ်လိုလုပ်မလဲ. ..စက်ရုံထောင်ဖို့ လိုနေပြီ။


အထပ်သားစက်ရုံရင်းနှီးမြှပ်နှံမှု
အထပ်သားစက်ရုံတို့၊ ဖေါ်မီကာစက်ရုံတို့ လုပ်မယ်ဆိုရင် စက်ရုံနဲ့ စက်တွေအတွက် ဒေါ်လာဆယ်သန်း၊ ရင်းနှီးမတည်ငွေ ထောက်ထပ် ဆယ်သန်း၊ အားလုံး သန်း၂၀လောက် ရင်းနှီးရမယ်။ ဒီအရင်းအနှီးနဲ့ ဒီစက်ရုံထောင်တော့မယ်၊ ကိုယ်တော် ..ကောင်းတဲ့ Investor တစ်ယောက်လောက် ပို့ပေးပါ...လို့ ဆုတောင်းတယ်။ ဆုတောင်းတဲ့အခါ ဘုရားသခင်က တကယ်အံ့သြဖွယ် အဖြေပေးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အခြေချတဲ့ မစ္စတာချင်စုကို ဘုရားသခင်က ရန်ကုန်ခရီး ပို့ပေးပါတယ်။ မစ္စတာချင်စုဟာ လေဆိပ်မှာ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်တာနဲ့ တစ်ခါထဲ ကျွန်တော် ခင်ဗျားကို မြင်တာနဲ့ ခင်ဗျားနဲ့ကျွန်တော် လုပ်ငန်းလုပ်ချင်တယ်။ ကျွန်တော်က "..မဟုတ်ပါဘူး။ နဲနဲ .လေ့လာပါဦး.." အဲဒီညမှာပဲ မဟုတ်ဘူး။ ကျွန်တော့ကို လက်ခံပါ။ ကျွန်တော် ချက်ခြင်းဆုံးဖြက်လိုက်မယ်..တဲ့။ ခင်ဗျား ဘာလုပ်ချင်သလဲ..စက်ရုံလုပ်မယ်ဆိုရင်..ကျွန်တော် ခင်ဗျားနဲ့လုပ်မယ်။ ....ဘုရားသခင်တန်ခိုးတော်ဟာ ဘယ်လောက် အံ့သြစရာကောင်းသလဲ...ဆိုတော့ ..လူ့အနေနဲ့စဉ်းစားရင် နိုင်ငံခြား Investor ရင်းနှီးမြှပ်နှံသူ တစ်ယောက်ကို ခေါ်ရင် စာရေးပြီး ရှင်းပြရမယ်။ အမျိုးစုံ လုပ်ပေးရမယ်။ ဒါတောင်မှ သူတို့က စဉ်းစားဦးမှာ..။
ဒါပေမဲ့ ရင်းနှီးမြှပ်နှံသူ Investor ကျတော့ ဒီလိုမဟုတ်ဘူး။ လေဆိပ်မှာ စတွေ့ပြီး ကျွန်တော့ကို လက်ဆွဲနှုတ်ဆက်တာနဲ့ တပြိုင်ထဲ သူကပြောတယ်။ ကျွန်တော် ခင်ဗျားနဲ့ အလုပ်အတူတူလုပ်မယ်။ ဒါက ကျွန်တော် တော်လို့လား...မဟုတ်ပါဘူး။ ကျွန်တော် အရည်အချင်းရှိလို့လား ...မဟုတ်ပါဘူး။ ကျွန်တော်ကိုးကွယ်တဲ့ ဘုရားသခင်ဟာ ခပ်သိမ်းသောအရာကို တတ်နိုင်တဲ့ဘုရား၊ တန်ခိုးကြီးတဲ့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်တန်ခိုးဟာ သူ့ကို တို့ထိလိုက်တဲ့အခါ သူမခံနိုင်ဘူး။ ကျွန်တော်နဲ့ လက်ဆွဲ နှုတ်ဆက်တာနဲ့ ကျွန်တော်နဲ့ အလုပ်လုပ်ချင်တယ်။ ဒေါ်လာသန်းပေါင်း ဘယ်လောက်ကုန်မှာလဲ ...တဲ့။ ကျွန်တော်ပါဝင်ပါရစေ..တဲ့။ ကျွန်တော် သူ့ကို ရှင်းပြတယ်။ အထပ်သားစက်ရုံတစ်ခု လုပ်ကြရအောင်။ ဟာ.. ဒါဆိုရင် ဟုတ်ပြီ...တဲ့။ ကျွန်တော်ဆုံးဖြတ်လိုက်ပြီ။ စက်ကို ကျွန်တော်ပြန်သွားပြီး ဝယ်မယ်တဲ့။ ဘာမှ သဘောတူညီချက် Agrement မထိုးဘူး။ အဲဒီလို ပြောပြီးတော့ ဒီမှာ ၂ရက် - ၃ရက်လောက် နေပြီးတဲ့အခါ ဖိလစ်ပိုင်နိုင်ငံကို ပြန်ပြီး ချက်ချင်း အထပ်သားစက်ရုံအတွက် စက်တွေဝယ်ပြီး ဟိုကနေ ပို့တော့မယ်လုပ်တော့ ..ကျွန်တော်တဲ့။က နေပါဦး၊ ဒီမှာက လျှောက်လွှာတွေတောင် မတင်ရသေးဘူး။ မပို့ပါနဲ့အုံး..လို့ .. အဲဒီလောက်အထိ တားယူရတယ်။

သစ္စာရှိသောဘုရား
ဒါ ကျွန်တော်၊ ဘာဆိုလိုချင်သလဲ..ဆိုတော့၊ ဘုရားသခင်ဟာ အသက်ရှင်တော်မူတဲ့ ဘုရား၊ ကျွန်တော်တို့ လုပ်ငန်းတစ်ခုခု လုပ်တဲ့အခါ မိမိအမူအရာကို ထာဝရဘုရား၌ အပ်လော့။ သို့ပြုလျှင် စီရင်ပေးမယ်...ဆိုတဲ့ ဘုရားဂတိတော်ကို ဘယ်တော့မှ မပျက်ကွက်ဘူး။ ပျက်ကွက်တာ ခင်ဗျားတို့ ကျွန်တော်တို့ပဲ။ သစ္စာမရှိတာ ခင်ဗျားတို့၊ ကျွန်တော်တို့ပဲ။ ဘုရားသခင်ကတော့ အမြဲတမ်း သစ္စာရှိတယ်။ အမြဲတမ်း ဂတိတည်တယ်။ အခုနက ပြောတဲ့အတိုင်း ဘုရားသခင်က သစ္စာရှိတယ်။ ယခုဘဝ၊ နောင်ဘဝနဲ့ စပ်ဆိုင်တဲ့ ဂတိတော်ကို ပေးတဲ့ဘုရား။ အဲဒီ ဂတိတော်ကို ပေးတဲ့ဘုရားသခင်ကို ဒီကနေ့ ကျွန်တော်တို့ အချိန်မနှောင်းသေးဘူး။ ယခု ဖတ်ရှုနေတဲ့ ညီအစ်ကို၊ မောင်နှမများထဲမှာ စီးပွားရေးလုပ်ငန်းရှင်လည်း ရှိမှာပဲ။ အသက်အရွယ်ကြီးတဲ့လူလည်း ရှိမှာပဲ။ အချိန်နောက်မကျသေးဘူး။ ယခုအချိန်ဟာ တကယ် ဘုရားသခင်ကောင်းကြီးပေးတဲ့အချိန်ပဲ။




အိမ်ယာစီမံကိန်း
မစ္စတာချင်စုဟာ (၇၄)နှစ် ရှိပြီ။ ကျွန်တော်တို့ စက်ရုံလုပ်တဲ့အခါ သူဘာပြောသလဲ ဆိုတော့၊ ကျွန်တော်တို့ကို ခွင့်ပြုချက် အနည်းဆုံး အနှစ်(၆၀) တောင်းပေးပါ ..တဲ့။ သူက (၇၄)နှစ်ရှိပြီနော်.. အနှစ်(၆၀)တောင်းခိုင်းတယ်။ တကယ့်ကို စိတ်အားကြီးပါတယ်။ အဲဒါနဲ့ပဲ သူနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဖိလစ်ပိုင်နိုင်ငံကို ခဏခဏ ရောက်သွားတယ်။ ဖိလစ်ပိုင်နိုင်ငံရောက်တဲ့အခါ သူလုပ်ထားတဲ့ လုပ်ငန်းတွေက တော်တော့ကို ကြီးကျယ်တယ်။ အဲဒီအထဲမှာ အိမ်ယာစီမံကိန်းတွေ လုပ်ဖို့ တကယ်အင်မတန် လိုအပ်ပါသလား။ သူများနိုင်ငံမှာ ဒီလောက်တောင် တိုးတက်ဖွံ့ဖြိုးနေပြီး ကျွန်တော်တို့နိုင်ငံလည်း တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့လိုအပ်နေပြီလို့ .. ကျွန်တော်စိတ်ထဲမှာ ခံစားရတဲ့အခါမှာ ဘုရားရှင်ကို ဆုတောင်းတယ်။
ကိုယ်တော်.... ကျွန်တော်တို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးအောင် ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ လူကြီးတွေ ကောင်းကြီးပေးပါ။ ကျွန်တော့်ကိုလည်း ကောင်းကြီးပေးပါ။ ကျွန်တော်တို့ အိမ်ယာစီမံကိန်း လုပ်တဲ့အခါ ဘယ်လိုဆောက်မလဲ။ ဘယ်လို လုပ်ရမလဲ၊ လမ်းပြပေးပါလို့... ဘုရားသခင်ကို ဆုတောင်းတယ်။ ဆုတောင်းတဲ့အခါ ဘုရားကလည်း ကောင်းကြီးပေးလျှက် လမ်းပြပါတယ်။ အိမ်ယာစီမံကိန်း တစ်ခုပြီးတစ်ခု၊ ကျွန်တော်ဆောင်ရွက်တာ၊ ဆောင်ရွက်သမျှ အိမ်ယာစီမံကိန်းတွေ အားလုံး၊ ဘုရားသခင် ကောင်းကြီးပေးပါတယ်။ အိမ်ယာစီမံကိန်းမှာ အိမ်တွေ ရောင်းတော့မယ်လို့ ပြောလိုက်ရင် နှစ်ပတ်အတောအတွင်း အားလုံးကုန်သွားတယ်။ ဒါဟာ ဘယ်သူလုပ်ပေးလို့လဲ... ဘုရား..ပါဝင်လို့ ဘုရားရှင်လုပ်ပေးလို့ ဘုရားသခင်ကောင်းကြီးပေးလို့ ဖြစ်ပါတယ်။
အဲဒါနဲ့... အဲဒီ မစ္စတာချင်စုနဲ့ လုပ်ငန်းအတူတူ ပူးပေါင်းလုပ်တဲ့အခါ ကျွန်တော် ဖိလစ်ပိုင်နိုင်ငံကို မကြာခဏ သွားရပါတယ်။ ရောက်တဲ့နေရာမှာ ကျွန်တော် ဘုရားကျောင်းတက်တယ်။ တစ်နေ့ကျတော့ ဘုရားကျောင်းရောက်တော့ ဝတ်ပြုအစည်းအဝေးမှာ သက်သေခံကြတယ်။ ကျွန်တော်လည်း တက်ပြီးတော့ သက်သေခံတာပဲ။ ယေရှုခရစ်တော်ဟာ အသက်ရှင်တဲ့ ဘုရားဖြစ်ကြောင်း၊ ကျွန်တော့ကို ဘယ်လို၊ ဘယ်လို ကောင်းကြီးပေးတဲ့အကြောင်း၊ ဒီကနေ့ အထိတိုင်အောင်း ဘယ်လောက်ထိ တန်ခိုးကြီးတဲ့အကြောင်း သက်သေခံတယ်။
နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းအရင်ရှာ
နောက်ကျတော့ ပုဂ္ဂိုလ်တစ်ယောက်လဲ တက်ပြီး သက်သေခံတယ်။ သူက သက်သေခံတဲ့အခါမှာ သူ့ရဲ့အသက်တာကို ဘုရားသခင်က ဘယ်လိုကောင်းကြီးပေးလို့ တိုင်ဝမ်နိုင်ငံကနေ ဖိလစ်ပိုင်နိုင်ငံ ရောက်လာတဲ့အကြောင်း၊ ဖိလစ်ပိုင်နိုင်ငံမှာ ဘယ်လောက်အထိ ချမ်းသာပြီးတော့ ဒီနေ့ တိုင်ဝမ်နိုင်ငံမှာ ဒုတိယအဆင့်ထိ ချမ်းသာတဲ့သူ ဖြစ်ကြောင်း သက်သေခံတယ်။ ကွှန်တော် ကြားတော့ သိပ်အားကျသွားတာပဲ။ အဲဒီပုဂ္ဂိုလ်ဟာ ဒီလောက်တောင် ချမ်းသာတယ်။ ကျွန်တော်လည်း ဘုရားသခင် နာမတော်နဲ့ မြန်မာနိုင်ငံမှာ ချမ်းသာချင်တယ်။ ဘာပဲဖြစ်ဖြစ် ချမ်းသာတယ်ဆိုတာ ဝါကြွားဖို့မဟုတ်ပါဘူး။ ဘုရားသခင်ဟာ အသက်ရှင်တဲ့ဘုရား၊ ကြွယ်ဝတဲ့ဘုရား၊ ဂတိတည်တဲ့ဘုရားဖြစ်ကြောင်း ကျွန်တော်ရဲ့ အသက်တာအားဖြင့် သက်သေထူဖို့ ဖြစ်ပါတယ်။ ယုံကြည်သူများအနေနဲ့ ကျွန်တော့်ကို မြင်ခြင်းအားဖြင့် ကိုယ်တော့ကို ပိုမိုအားကိုးချင်လာအောင် ယုံကြည်ခြင်း ပိုမိုတိုးပွားအောင်၊ မယုံကြည်သူများအနေနဲ့ ကျွန်တော်တို့ လုပ်ငန်းများကို မြင်တဲ့အခါ ယေရှုခရစ်တော်ဟာ အသက်ရှင်တဲ့ ဘုရားရှင်ဖြစ်ကြောင်း၊ သိရှိပြီး ယုံကြည်လက်ခံဖို့ရန် ကျွန်တော်ကိုလည်း ချမ်းသာခွင့်ပြုပါလို့... အဲဒီကတည်းက အဲဒီဘုရားကျောင်းမှာ ကျွန်တော်စပြီး ဆုတောင်းတယ်။
အဲဒီပုဂ္ဂိုလ်ကို ကျွန်တော်က ခင်ဗျား ဒီလောက်ချမ်းသာတယ်ဆိုတော့ ခင်ဗျား ဘာလုပ်ငန်းလုပ်လဲ၊ ဘယ်လိုချမ်းသာလာသလဲ...နည်းနည်းအသေးစိတ် ပြောပြပါဦးလို့ ကျွန်တော်မေးတော့ သူက ကျွန်တော့ကို ပြောပြတယ်။ တိုင်ဝမ်မှာ သူ၊ နေ့တိုင်း ဘုရားကျောင်းတက်တယ်။ ဧဝံဂေလိ လုပ်ငန်းမှာ ပါဝင်တယ်။ သင်းအုပ်ဆရာတွေ၊ တရားဟောဆရာတွေလည်း ဟောကြားပါတယ်။ ဘုရားသခင်၏ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်း တရားကို ရှေးဦးစွာရှာပါ။ ကျန်တဲ့အရာပေးမဲ့အကြောင်း ဧဝံဂေလိလုပ်ငန်းမှာ ပါဝင်ရင်တော့ ကောင်းကြီးမင်္ဂလာ ရမဲ့အကြောင်း ကြားတဲ့အခါမှာ သူ့မိန်းမနဲ့တိုင်ပင်တယ်။ ငါတို့တော့ ဆုတောင်းဖို့ လိုနေပြီ၊ ဘုရားသခင်ကတော့ ငါတို့ကို တစ်ခုခု စီစဉ်ပေးမှာပဲ ဆိုပြီး လင်မယား၂ယောက်စလုံး သားသမီးတွေနဲ့ ဆက်ကပ်ဆုတောင်းတဲ့အခါ တစ်နေ့ကြတော့ ဘုရားသခင် သူ့ကို ဘာဖေါ်ပြသလဲ ဆိုတော့ ဖိလစ်ပိုင်နိုင်ငံကို သွားပါ။ အဲဒီလိုပဲ သူ့ကို ဘုရားသခင်က ဖိလစ်ပိုင်နိုင်ငံကို သွားခိုင်းတာ သူစဉ်းစားတယ်။ ဖိလစ်ပိုင်မှာ မုန်တိုင်းလဲရှိတယ်။ စီးပွားရေးလည်း မကောင်းဘူး။ ကျွန်တော် အဲဒီနေရာသွားရင် ဘယ်ဖြစ်မလဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ ဘုရားသခင်ဖေါ်ပြတဲ့အတိုင်း သူ့အမျိုးသမီးနဲ့အတူ ဆက်ကပ်ဆုတောင်းပြီးတော့ ဖိလစ်ပိုင်နိုင်ငံကို သွားတယ်။ ရောက်သွားတဲ့အခါ နေရာအနှံအပြားမှာ အလုပ်လိုက်ရှာတယ်။ အဲဒီလို အလုပ်လိုက်ရှာရင်း တစ်နေ့ကျတော့ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်တဲ့အခါ အုန်းပင်တွေ အများကြီး သူမြင်တယ်။ မြင်တဲ့အခါ အဲဒီမှာ အုန်းသီးဈေး သူမေးကြည့်တဲ့အခါ တစ်လုံးကို ၂ပီဆို (US$ 5 cent = 2 peso) လောက်ပေးရတယ်။ အကောင်းဆုံးဆို တစ်လုံးကို ၃ပီဆို သာမန်အားဖြင့် အများကြီးယူရင်တော့ တစ်လုံးကို (၁)ပီဆိုနဲ့တောင် ရတယ်။
အဲဒီ အုန်းုံသီးတွေကို သူမြင်တဲ့အခါ သူက .. ကိုယ်တော်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကိုယ်တော် ကွှန်တော့ကို ဒီကိုပို့ဆောင်တာ ဒီအုန်းသီးအားဖြင့် ကျွန်တော် ချမ်းသာမှာပဲ လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အုန်းသီးပင် အင်မတန်ပေါများပါတယ်။ သူက ဘုရားသခင် သူ့ျကို ဖေါ်ပြတဲ့အတိုင်း အဲဒီလိုပဲ ကျေးဇူးတော်ချီးမွမ်းပြီး ဆုတောင်းတယ်။ ပြီးတော့ ဆက်လက်လမ်းလျှောက်လာတဲ့အခါ ဂျပန်အုပ်စုနဲ့ သွားတွေ့တယ်။
ဂျပန်အုပ်စုနဲ့ တွေ့တဲ့အခါ မိတ်ဖွဲ့တယ်။ ဘယ်ကလာသလဲ၊ ဘာ..ညာနဲ့။ ခင်ဗျားက ယုံကြည်သူလား၊ ဂျပန်အုပ်စုကလည်း ကျွန်တော်တို့လည်း ယုံကြည်သူပဲ ဆိုပြီး မိတ်ဖွဲ့လိုက်ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် သိသွားကြတယ်။ သိသွားတဲ့အခါ စကားပြောရင်းနဲ့ ဂျပန်အုပ်စုက လူတွေက ခင်ဗျားဒီမှာ ဘာအလုပ်လုပ်လဲ ဆိုတော့ ကျွန်တော် ဘာမှ အလုပ်မရှိပါဘူး။ ဒါပေမဲ့ ဂျပန်အုပ်စုက ကျွန်တော်တို့ ဖိလစ်ပိုင်နိုင်ငံကလာတာ စီးပွားလာရှာတာ၊ အုန်းရည် ဂျပန်နိုင်ငံတင်ပို့ရန် အတွက် ကျွန်တော်တို့လာတယ်..ခင်ဗျားစိတ်ဝင်စားသလား..စိတ်ဝင်စားရင်၊ ခင်ဗျားလုပ်ပါလား..ဆိုတော့ ."ကျွန်တော့မှာ အရင်းအနှီးမရှိပါဘူး။ ဒီမှာ လုပ်ငန်းလာရှာတာပါ" လို့ ပြောတော့ ဂျပန်တွေက မပူနဲ့။ ကျွန်တော်တို့ အရင်းအနှီးထုတ်ပေးမယ်။ ခင်ဗျား ဒီမှာ ဒိုင်ခံပြီးတော့ အုန်းရည်ကို အကုန်လုံးယူ၊ သင်္ဘောနဲ့ အစီးလိုက် ဂျပန်နိုင်ငံကို ပို့ပါ။
ဘုရားသခင်ရဲ့ တန်ခိုးတော် ဘုရားသခင်ရဲ့ အကြံအစည်တော်၊ ဘုရားသခင် စီစဉ်ပေးတဲ့အခါ ဘယ်လောက်အထိ အံ့သြစရာကောင်းသလဲ ဆိုတော့ ဘာမှမရှိတဲ့ လူတစ်ယောက် ဖိလစ်ပိုင်နိုင်ငံရောက်တဲ့အခါ၊ အဲဒီအုန်းရည်ကို ဂျပန်ပို့ရင်းနဲ့ ဒီနေ့ သန်းကြွယ်၊ ကုဋေကြွယ် ဘီလျှံနာအထိ ချမ်းသာလာပြီး လေယဉ် (၇)စီး အထိ ပိုင်တယ်။ အဲဒီအချိန်မှာ ကွှန်တော့်နှလုံးသားထဲမှာ မိသားစုနဲ့ ဆက်ကပ်တဲ့အခါ လေယာဉ် တောင်ပိုင်တယ်။ ကျွန်တော်လည်း မြန်မာနိုင်ငံမှာ ဆုတောင်းပြီး တစ်နေ့ကျရင် လေယာဉ်ကို ပိုင်ရမယ် ..လို့ ကျွန်တော်ဆုတောင်းတယ်။







ရန်ကုန်အဲယားဝေး(စ်) YANGON AIRWAYS
ှဆုတောင်းပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုံးက ကျွန်တော်ကြိးစားကြည့်တယ်။ ဒါပေမဲ့ အချိန်မတန်ဘူး။ တော်တော်ကြိုးစားပါတယ်။ လေယာဉ်ဝယ်ဖို့ရယ်။ မြန်မာနိုင်ငံမှာ လေကြောင်းပျံသန်းဖို့ အစီအစဉ်ရယ် တော်တော်ကြိုးစားခဲ့တယ်။ ဘုရားသခင်က စောင့်ပါ။ အချိန်မတန်သေးဘူး။ ယခုအချိန်မှာ မင်းလုပ်ရင်တော့ အောင်မြင်မှာမဟုတ်ဘူုး။ စောင့်ပါ၊ ကျွန်တော်လည်း သည်းခံပြီးတော့ စောင့်ပါတယ်။ ဆက်လက်ဆုတောင်းတယ်။ ဇွဲမလျှော့ပါဘူး။ ဆုတောင်းတယ်။ အဲဒါနဲ့ ဘုရားသခင်ကျေးဇူးတော်ကြောင့် ဇူလိုင်လမှာ ကျွန်တော်တို့ နိုင်ငံ အာစီယံဝင်လိုက်တဲ့အခါ နိုင်ငံတကာက ကျွန်တော်တို့မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြှတ်နှံဖို့ ဝင်ရောက်လာကြပါတယ်။ သြဂုတ်လ (၁)ရက်နေ့က စပြီး ကျွန်တော် YANGON လေကြောင်းကို စတင်ပြီး လုပ်ဆောင်ခွင့်ရခဲ့တယ်။ ဘုရားသခင်ပြင်ဆင်ပေးတာ ဘယ်လောက် အံ့သြစရာကောင်းသလဲ။ လွန်ခဲ့တဲ့နှစ်မှာ မလုပ်ပါနဲ့အုံး၊ စောပါသေးတယ်.. ယခုအချိန်မှာ အံဝင်ခွင်ကျပဲ။ ကျွန်တော်တို့ လေကြောင်းရခဲ့တယ်။

ရန်ကုန်ကနေ - မန္တလေး၊ ပုဂံ၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ တာချီလိတ် စသဖြင့် လိုင်းများကို ပြေးဆွဲခဲ့ပါတယ်။ ယခင့် ယခင် ရင်းနှီးမြှတ်နှံသူ (Investor) လုပ်တုံးကဆိုရင် တစ်လမှာ ဒေါ်လာ၃သိန်းကျော်လောက် ရှုံးတယ်။ တစ်နှစ်မှာ ဒေါ်လာ သုံးသန်းကျော်ရှုံးပါတယ်။ လူတွေက ကျွန်တော့ကို ရယ်ကြတယ်။ ကျော်ဝင်းဆိုတဲ့လူက ဦးနှောက်မရှိဘူး၊ ဒီလေကြောင်း သူများလုပ်နေတာ တစ်နှစ် ဒေါ်လာ၃သန်းကျော်တောင်း ရှုံးနေတာ၊ သူကတော့ လုပ်ရဲတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ပြောပြတယ်။ ခင်ဗျားတို့မမြင်နိုင်တဲ့ ဘုရားသခင် ကျွန်တော်နဲ့ အတူ ပါရှိနေတယ်။ ဘုရားသခင် ကျွန်တော့်ကို လုပ်ပါဆိုလို့ ကျွန်တော်ဆောင်ရွက်မှာပဲ။ ဒီလဟာ ကျွန်တော် ပထမဆုံး ယူလိုက်တဲ့လပဲ။ ဒေါ်လာ ၅သိန်း ခြောက်သောင်းကျော်လောက် ဝင်ငွေရှိတယ်။ အရှုံးက နည်းနည်းကလေးပဲ ရှိတော့တယ်။
ဒီကနေ့ ကျွန်တော် ဒါတွေ ဘာလို့ ပြောနေသလဲဆိုတော့ မိမိအသက်တာမှာ ငါကြွားဝါချင်လို့လား၊ မဟုတ်ပါဘူး။ ကျွန်တော်လုပ်နိုင်လို့လား၊ မလုပ်နိုင်ပါဘူး။ ကျွန်တော်အလကားလူပါ။ ကျွန်တော် အသုံးမကျပါဘူး။ ကျွန်တော့မှာ အရည်အချင်းမရှိပါဘူး။ ကျွန်တော့မှာ ကြံစည်နိုင်တဲ့ ဦးနှောက်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကိုးကွယ်တဲ့ ယေရှုခရစ်တော် ဘုရားဟာ အရာခပ်သိမ်းကို တတ်နိုင်စွမ်းတဲ့ဘုရား၊ ကျွန်တော်လုပ်သမျှ လုပ်ငန်းဆောင်တာ မှန်သမျှ ဘုရားသခင် ကို အပ်နှံတယ်။ ဘုရားသခင် အလုပ်ဆို ကျွန်တော်လုပ်တယ်။ အဲဒါကြောင့် လုပ်ငန်းမှန်သမျှ အောင်မြင်တယ်။
ဒီနေ့ ကျွန်တော်ဆောင်ရွက်နေတဲ့ စက်ရုံလုပ်ငန်း၊ အိမ်ယာစီမံကိန်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ အခြာအခြားသော စီးပွားရေးလုပ်ငန်း၊ နိုင်ငံခြားမှာ ရင်နှီးမြှတ်နှံထားတဲ့ လုပ်ငန်း၊ အခုဆိုရင် မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံအားလုံးမှာ လုပ်ထားတယ်။ ဝင်ရောက်ရှုပ်ပြီးတော့ ကိုယ်တိုင်လာလုပ်တဲ့ လုပ်ငန်းဆိုတာ မရှိဘူး။ ဒါဆို ကျွန်တော်ဘာဖြစ်လို့ ဖေါ်ပြချင်သလဲ ဆိုတော့ ကျွန်တော့်အနေနဲ့ အရည်အချင်းမရှိသော်ငြားလည်း ဘုရားသခင်ကိုယ်တိုင် ဦးစီး၊ ဦးဆောင်ပြီး ကျွန်တော်က တံဆာပလာအဖြစ်သာ ပါဝင်လုပ်သွားတဲ့အခါ လုပ်ငန်းအားလုံး အောင်မြင်တယ်ဆိုတာ တွေ့ရတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ချစ်သော စာဖတ်သူ၊ ခရစ်ယန်ညီအစ်ကို မောင်နှမများ အနေနဲ့ ဝန်ထမ်းတွေလည်း ရှိမှာပဲ။ စီးပွားရေးလုပ်ငန်းရှင်လည်း ရှိမှာပဲ၊ မွေးမြူရေးလုပ်ငန်းရှင်လဲ ရှိမှာပဲ၊ လယ်ယာလုပ်တဲ့ လုပ်ငန်းရှင်လဲ ရှိမှာပဲ။ စက်ရုံလုပ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိမှာပဲ။ မိမိလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို သမ္မာကျမ်းစာထဲမှာ ပါတဲ့အတိုင်း မိမိအမူအရာကို ထာဝရဘုရားထံ အပ်လော့။ သို့ပြုလျှင် စီရင်တော်မူလိမ့်မည်၊ အပ်လိုက်ပါ။ အပ်လိုက်ရင် ဘုရားသခင်ဟာ သူ ဂတိတော်အတိုင်း သင့်ကို ကောင်းကြီးပေးမှာဖြစ်ပါတယ်။ ကိုယ့်တာကိုဝန်ထပ် မထမ်းပါနဲ့လို့ ကျွန်တော်ရဲ့ ဝန်ထမ်းတွေကို ကျွန်တော် အမြဲတမ်းပြောပါတယ်။
ငြိမ်သက်ခြင်းရှိ
တော်တော်များများ မိတ်ဆွေတွေက ကျွန်တော့်ကို မေးကြပါတယ်။ လုပ်ငန်း ဒီလောက်တောင် များနေတာ၊ နိုင်ငံခြားမှာရော၊ ပြည်တွင်းမှာရော၊ ဒီလောက်တောင် ငွေရေး၊ကြေးရေးနဲ့ ခင်ဗျားဦးနှောက် ဘယ်လိုလုပ်သလဲ။ ကျွန်တော် သိပ်အိပ်လို့ ကောင်းတယ်။ (၉)နာရီခွဲမှ နိုးတယ်။ ဘယ်တော့မှ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အိပ်မပျော်တာတို့၊ စားမဝင်တာတို့ ၊ စိတ်ပူတာတို့ မရှိခဲ့ပါဘူး။ ခင်ဗျားတို့ ကျွန်တော့်တို့ရဲ့ အမူအရာကို ဘုရားသခင်နဲ့ အပ်ပါ။ အင်မတန်ပေ့ါပါးတယ်။ ဒီကမ္ဘာကြီးဟာ အင်မတန် ပျော်စရာကောင်းပါတယ်။

မခြားမလပ်ဆုတောင်းပါ
ဘုရားသခင်ဟာ ကောင်းကင်မှာ ရှိတဲ့ဘုန်းစည်းစိမ်းနဲ့တကွ ယေရှုခရစ်တော်ဟားဖြင့် ခင်ဗျားတို့ ၊ ကျွန်တော်တို့ကို ပေးမှာပဲ။ ဒါပေမဲ့ လိုတာကတော့ ခင်ဗျားတို့၊ ကျွန်တော်တို့ပဲ။ သူ့ရဲ့ ဂတိတော်အတိုင်း မခြားမလပ် ဆုတောင်းဖို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ .. ကျွန်တော်တို့ ခရစ်ယာန် ညီအစ်ကိုမောင်နှမများ အနေနဲ့ စုံစမ်းနှောက်ယှက်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း၊ မခြားမလပ် ဆုတောင်းဖို့တော့ လိုတယ်။ ဒီနေ့ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ကောင်းကြီမခံစားရတာ၊ စုံစမ်းနှောက်ရှက်ခြင်းကို မရင်ဆိုင်နိုင်တာတွေဟာ မခြားမလပ် ဆုမတောင်းလို့ပဲ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ပါတာပဲ။ စုံစမ်းနှောက်ရှက်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း ဆုတောင်းရမယ်။ သမ္မာကျမ်းစာထဲမှာ ဖေါ်ပြထားတဲ့အတိုင်း ခင်ဗျားတို့၊ ကျွန်တော်တို့ လိုက်လျှောက်မယ်ဆိုရင် မအောင်မြင်စရာ၊. အကြောင်းမရှိပါဘူး။ သမ္မာကျမ်းစာကို အစအဆုံး (၇)ကြိမ်တိတိ ကျွန်တော်ဖတ်ပြီးပါပြီ၊ ခရစ်ယာန်ဖြစ်ရင် တသက်လုံး ဆင်းရဲရမယ်..လို့ .. ကျွန်တော် ဘယ်ကျမ်းပိုဒ်မှာမှ မတွေ့ပါဘူး။ ဒါပေမဲ့ ဆင်းရဲခြင်းတလှည့်၊ ချမ်းသာခြင်းတလှည့်တော့ ပေးမှာပဲလို့ သုတ္တံကျမ်းမှာ ပါပါတယ်။ ခရစ်ယန်ဖြစ်ရင် ဆင်းရဲရမယ်။ ကုတ်ခြောင်း၊ကုတ်ခြောင်းနဲ့ လွယ်အိတ်ကလေး တစ်လုံးလွယ်ပြီး နေရာတကာ တောင်းစားရမယ်လို့ မဖော်ပြထားပါဘူး။



အပ်နှံပါ။
ဘုရားသခင်ဟာ တန်ခိုးကြီးတဲ့ ဘုရားဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ လောကမှာ နေတဲ့အခါ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အခါ စက်မှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ၊ ဘုရားသခင်ကို အပ်နှံပါ။ ဘုရားသခင်အတူပါရှိရင် မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော် ဘုရားသခင်ကို ပြောတယ်။ ကိုယ်တော် - ကျွန်တော် သက်သေခံတဲ့အခါ ဟိုနိုင်ငံက ဘယ်ပုဂ္ဂိုလ်ချမ်းသာတယ်။ ဒီနိုင်ငံက ဘယ်ပုဂ္ဂိုလ် ချမ်းသာတယ်လို့ ကျွန်တော် အဲဒီလို သက်သေမခံချင်ဘူး။ ကိုယ်တော် --- ကိုယ်တော်ဟာ အသက်ရှင်တဲ့ဘုရား၊ ကျွန်တော့်ကိုလည်း ချမ်းသာရသော အခွင့်ကို ပေးပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေတဲ့သူကို ချမ်းသာအောင် မပြုလုပ်ပေးနိုင်ရင်တော့ ကိုယ်တော်ဟာ ဘယ်လိုလုပ် အသက်ရှငခံ်တဲ့ဘုရားဖြစ်မှာလဲ။ ဘယ်လိုလုပ် တရားမှာလဲ၊ နိုင်ငံခြားကလူတွေကိုတော့ ချမ်းသာခွင့်ပေးပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေကိုတော့ ချမ်းသာခွင့်မပေးဘူး၊ ကျွန်တော်တို့ ချင်းတောင်က လူတွေကိုတော့ ချမ်းသာခွင့်မပေးဘူး၊ ၊ ကျွန်တော်တို့ ဒီလူမျိုးကို မချမ်းသာခိုင်းဘူး မဟုတ်ပါဘူး။ ဗမာလူမျိုးဖြစ်ဖြစ်၊ ချင်းလူမျိုးဖြစ်ဖြစ်၊ မည်သည့်လူမျိုးမဆို ဒီအသက်ရှင်တော်မူတဲ့ ဘုရားသခင်ကို ကိုးကွယ်ရင်တော့ တန်းတူရည်တူ၊ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာကတော့ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ စကားအတိုင်း ယုံကြည်ခြင်း အပြည်နဲ့ လက်တွေ့ တိကျစွာ နာခံလိုက်လျှောက်ဖို့ ဖြစ်ပါတယ်။
အဲဒီလို အသက်ရှင်သွားမယ်ဆိုရင်တော့ ဒီလောကမှာ ကျွန်တော်တို့အသက်ရှင်တာဟာ အင်မတန်မှ ပျော်စရာကောင်းတဲ့ အသက်တာရရှိပြီး၊ စိတ်ရဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း နဲ့ ဥစ္စာပစ္စည်းကြွယ်ဝခြင်း ကို ခံစားရမှာဖြစ်ပါတယ်။ အဲဒီအပြင် နောင်တမလွန်ဘဝကျရင်လည်း ကောင်းကင်နိုင်ငံမှာ ဘုရားသခင်နဲ့အတူ စိုးစံရမှာဖြစ်တဲ့အကြောင်း သက်သေခံဝေငှပါတယ်။ ဖတ်ရှုသူအပေါင်း ခန္နာ၊ စိတ်၊ ဝိညာဉ် (၃)ပါးစလုံး ကောင်းစားပြီး ဘုရားသခင်ရဲ့ အမှုတော်မြတ်မှာ တိုး၍ ပါဝင်နိုင်ပါစေသော်။
အာမင်........
Rev. U Kyaw Win's Testimony (1997)

ကျမ်းပိုဒ်များ ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။ နှုတ်တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌ သွင်းပါလော့၊ ယောဘ ၂၂း ၂၁-၂၂

ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသော အစာကိုစားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစား ရလိမ့်မည်။ ဆာလံ ၁၂၈ း ၁-၂

မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊ ဆာလံ ၁း ၁-၃


မှတ်ချက်။ (မုရန်)
ဦးကျော်ဝင်းသည် ဘုရားဘုန်းတော်ထင်ရှားစေသောမြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာပြည်တွင် ၁၉၉၀နောက်ပိုင်း လူတိုင်းအမေရိကန်ဒေါ်လာဘဏ်စာရင်းဖြင့် နိုင်ငံခြားငွေ US$ dollar a/c ဖွင့်နိုင်သော ပထမဆုံးပုဂ္ဂလိကဘဏ် (မေဖလားဝါးဘဏ်) ဖြစ်သည်။ ရန်ကုန်တွင် ATM ပထမဆုံးစတင်ခဲ့ပြီး၊ တစ်နိုင်ငံလုံး ဘဏ်ခွဲပေါင်း ၃၀၀ကျော်ဖွင့်နိုင်ခဲ့သည်။ ရန်ကုန်လေကြောင်းဖြင့် ပထမဆုံး လေယာဉ်ပိုင်သူဖြစ်ခဲ့သည်။ ၁၉၉၈ ကမ္ဘာစီးပွားကပ်ဆိုက်သောအခါ မြန်မာနိုင်ငံ စစ်အာဏာရှင်အစိုးရသည်၊ တိုင်းပြည်ကို ကမ္ဘာနှင့်အဆက်သွယ်ဖြက်ရန် Isolation လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံဘဏ်များတွင် ဒေါ်လာငွေကို တရားဝင် အကောင့်ဖွင့်နိုင်သော မေဖလားဝါးဘဏ်ကို ဒေါ်လာကိုင်ခွင့်ရပ်နားစေခဲ့သည်။ ဆရာဦးကျော်ဝင်းသည် မိမိ စီးပွားလုပ်ငန်းများကို ရပ်ဆိုင်းခိုင်းသည်ဟု ယုံကြည်သောကြောင့် မြန်မာနိုင်ငံမှာ ခွာရန် ဆုတောင်းဆုံးဖြတ်ခဲ့သည်။ ၃ပတ်အတွင်း အဓိကလုပ်ငန်းကြီး၂ခု (မေဖလားဝါးဘဏ်လုပ်ငန်းနှင့် ရန်ကုန်လေကြောင်းလုပ်ငန်း) ၂ခုကို ဝယ်မည့်သူ ပေါ်လာသဖြင့် တစ်နှစ်အတွင်း အပြီးရောင်းချပြီး မြန်မာပြည်မှာ ထွက်ခွာခဲ့သည်။ စစ်အာဏာရှင်များကြောင့် စိတ်ပျက်ရသော ဆရာဦးကျော်ဝင်းသည် တိုင်ဝမ်နှင့်သြစတြေးလျှား နိုင်ငံများသို့ ပြောင်ရွှေ့သွားပြီး ဖိလစ်ပိုင်တွင် ကျမ်းစာကျောင်းမှာ Ph.D (Old Testaments) ရရှိခဲ့သည်။ ထို့နောက် C.I.S.T Christian Institute School of Theology ကျမ်းစာကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ယူရင်း၊ နိုင်ငံတကာ တထူးသဖြင့် အရှေ့တောင်အာရှ မြန်မာ၊ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူ၊ တိုင်ဝမ်၊ သြစကြေးလျှားများတွင် မစ်ရှင်ခရီးစဉ်များဖြင့် ဧဝံဂေလိတရားဟောပွဲများ ကျင်ပလျှက်ရှိသည်။ ရံဖန်ရံခါ မြန်မာနိုင်ငံအတွက်စီးပွာအကြံပေးခြင်းကို လုပ်ဆောင်ရင်း၊ ၂၀၁၁ နောက်ပိုင်းတွင် တိုင်ဝမ်အစိုးရသစ်အတွက် အချိန်ပြည့်စီးပွားလုပ်ငန်းများလုပ်ဆောင်လျှက်ရှိသည်။ မြန်မာပြည်အစိုးရသစ် ပြုပြင်ပြောင်းလဲရေးတွင်၊ မြန်မာခရစ်ယာန်လူငယ်များ တတပ်တစ်အား ပါဝင်နိုင်ရေး စံနမူနာယူနိုင်ရန် ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။ ဆရာဦးကျော်ဝင်း ဘုရားကောင်းကြီးမင်္ဂလာနှင့် ဘုန်းတော်၊နာမတော်ထင်ရှားစေမည့် အမှုတော်ပြန်ဆောင်ရွက်ခြင်းများအတွက် ဆုတောင်းပါသည်။

မုရန် (၂၁-ဖေ-၂၀၁၃)

Reference
1. မူရင်း၊ စောဌေးလွင်၊ အမှတ် (၃၅၃)၊ ကျွန်တော(၉)လမ်း၊ တွံတေးမြို့၊ ရန်ကုန်တိုင်း၊ ဖုံး ၀၄၅-၅၀၄၃၁
2. English http://www.burmesebible.com/media/books/ukyawwin-mayflower.htm
3. Recocities http://www.reocities.com/shwe_oversea/MayFlower_UKyawWin/UKyawWin.html
4. Rev. U Kyw Win (Dr, Ph.D) Sermons http://burmesebible.com/judson/story/ukw/index.htm

http://www.murann.com/ezine/index.php?option=com_content&view=article&id=1619:-qq-rev-u-khaw-win-dr-phd&catid=1:spiritual&Itemid=2

ဦးေက်ာ္၀င္း၏ "ေအာင္ျမင္ျခင္းေသာ့ခ်က္" သက္ေသခံခ်က္ (Rev. U Khaw Win, Dr , Ph.D)

Unicode & Zawgyi Reshare-#9Dan
ဆရာဦးေက်ာ္၀င္းသည္ ဘုရားဘုန္းေတာ္ထင္ရွားေစေသာျမန္မာလူမ်ိဳးတစ္ဦးျဖစ္သည္။ ျမန္မာျပည္တြင္ ၁၉၉၀ေနာက္ပိုင္း လူတိုင္းအေမရိကန္ေဒၚလာဘဏ္စာရင္းျဖင့္ ႏိုင္ငံျခားေငြ US$ dollar a/c ဖြင့္ႏိုင္ေသာ ပထမဆံုးပုဂၢလိကဘဏ္ (ေမဖလား၀ါးဘဏ္) ျဖစ္သည္။ ရန္ကုန္တြင္ ATM ပထမဆံုးစတင္ခဲ့ျပီး၊ တစ္ႏိုင္ငံလံုး ဘဏ္ခြဲေပါင္း ၃၀၀ေက်ာ္ဖြင့္ႏိုင္ခဲ့သည္။ ရန္ကုန္ေလေၾကာင္းျဖင့္ ပထမဆံုး ေလယာဥ္ပိုင္သူျဖစ္ခဲ့သည္။ ။ ျမန္မာျပည္အစိုးရသစ္ ျပဳျပင္ေျပာင္းလဲေရးတြင္၊ ျမန္မာခရစ္ယာန္လူငယ္မ်ား တတပ္တစ္အား ပါ၀င္ႏိုင္ေရး စံနမူနာယူႏိုင္ရန္ ျပန္လည္ေဖၚျပျခင္းျဖစ္သည္။ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္း
ဘုရားသခင္သည္ ၾကြယ္၀ေသာဘုရားသခင္ ျဖစ္ေၾကာင္း၊ ဘုရားသခင္ဟာ ေကာင္းၾကီးေပးတဲ့ ဘုရာျဖစ္ေၾကာင္း၊ ဘုရားသခင္ဟာ ယခုဘ၀၊ ေနာင္ဘ၀၊ ဘ၀နဲ႔ စပ္ဆိုင္တဲ့ ဂတိေတာ္ကို ေပးေနေသာ ဘုရားျဖစ္ေၾကာင္း၊ သက္ေသခံေ၀ငွခြင့္ ရတဲ့အတြက္ ဘုရားသခင္ကို အထူးပဲ ေက်းဇူးတင္ပါတယ္။ ဘုရားသခင္ရဲ့ အသက္ရွင္တဲ့ အေၾကာင္းနဲ႔ ကြ်န္ေတာ့္စီးပြားေရး လုပ္ငန္းမ်ား ေဆာင္ရြက္တဲ့အခါမွာ ဘုရားသခင္ မည္ကဲ့သို႔ ေကာင္းၾကီးေပး၍ လမ္းျပခဲ့တဲ့ အေၾကာင္းမ်ားကို သက္ေသခံ၊ မေ၀ငွခင္ ဘုရားသခင္ထံ ဆက္ကပ္အပ္ႏွံ ဆုေဆာင္းၾကပါစို႔...။


ဆုေတာင္း
အဘ ဘုရားသခင္၊ ကိုယ္ေတာ္ကို ေက်းဇူးတင္ပါတယ္။ ကိုယ္ေတာ္၏ ေက်းဇူးေတာ္ျမတ္သည္ ၾကီးမားလွပါတယ္။ ကိုယ္ေတာ္ရွင္ ဘုရားသခင္သည္ ယေန႔၊ မေန႔႔၊ ေနာင္ကာလ မေျပာင္းလဲတဲ့ ဘုရား၊ ကိုယ္ေတာ္ရွင္ဘုရားသည္ ယခုဘ၀၊ ေနာင္ဘ၀ႏွင့္ စပ္ဆိုင္တဲ့ ဂတိေတာ္ကို ေပးတဲ့ဘုရားသခင္ ျဖစ္ေၾကာင္းကို ကြ်န္ေတာ္ ကိုယ္ေတာ္၏ ဘုန္းေတာ္၊ တန္ခိုးေတာ္၊ နာမေတာ္သည္ ဤျမန္မာႏိုင္ငံတြင္ ထင္ရွားဖို႔ရန္အတြက္ ကိုယ္ေေတာ္ရွင္ဘုရားသည္ ကြ်န္ေတာ့္ကို ေရြးေကာက္ အသံုးျပဳတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ဘုရား လမ္းျပေတာ္မူပါ။ ယခု ဖတ္ရႈတဲ့ ညီအစ္ကိုေမာင္ႏွမ အေယာက္တိုင္းအတြက္လည္း မိမိအသက္တာမွာ တည္ေဆာက္စရာျဖစ္ေစေတာ္မူျပီး လာမည့္ေန႔ရက္ အသက္တာမွာ သူ႔တပါးကို ျပန္လည္၍ သက္ေသသာဓက ထူႏုိင္သည္အထိ ယခု ဖတ္ရႈေသာ ညီအစ္ကို ေမာင္ႏွမ အေယက္တိုင္းကို ေကာင္းၾကီးေပးသနား ပါမည့္အေၾကာင္း၊ ကိုယ္ေတာ္ရွင္ဘုရား၏ လက္၀ယ္သို႔ ဆပ္ကပ္အပ္ႏွံတဲ့အခါ သခင္ေယရႈခရစ္ေတာ္ဘုရား၏ နာမကို အမွီျပဳ၍ ဆပ္ကပ္အပ္ႏွံ ဆုေတာင္းပါ၏အဖ... အာမင္...။

အသက္ရွင္ေသာဘုရား
ဘုရားသခင္ရဲ့ ေက်းဇူးေတာ္ဘဲ၊ ေတာ္ေတာ္မ်ားမ်ားက အလုပ္မ်ားသလားလို႔ ကြ်န္ေတာ့္ကိုေမးၾကပါတယ္။ အမွန္တကယ္ပဲ ကြ်န္ေတာ္ အလုပ္တကယ္မ်ားပါတယ္။ အခ်ိဳ႔က ကြ်န္ေတာ့္ကို လုပ္ငန္း ဒီေလာက္ေတာင္လုပ္ေနတာ၊ ဦးေႏွာက္မေျခာက္ဘူးလား..လို႔ ေပးၾကပါတယ္။ ကြ်န္ေတာ့္အေနနဲ႔ ဦးေႏွာက္မေျခာက္ဘူး၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်မ္းစာထဲမွာ ပါတဲ့အတိုင္းပဲ၊ မိမိအမူအရာကို ထာ၀ရာဘုရား၌ အပ္ႏွံရန္ ဘုရားသခင္ စီစဥ္ေပးမယ္ဆိုတဲ့ ဂတိေတာ္ကို ကြ်န္ေတာ္ခံယူျပီး အလုပ္လုပ္တဲ့အခါ ကြ်န္ေတာ္ နည္းနည္းမွ ဦးေႏွာက္မေျခာက္ပါဘူး။ ဒါေပမဲ့ အလုပ္ေတာ့မ်ားတယ္။ မနက္ ၄နာရီခြဲ ထတယ္။ ဘုရားသခင္ကို ဆပ္ကပ္တယ္။ တေနကုန္ ဘုရားေပးတဲ့ စီးပြားေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္တဲ့အခါ မိမိရဲ့ အိတ္ထဲမွာ ပိုက္ဆံ၀င္ဖို႔ မဟုတ္ပါဘူး။ ဘုရားသခင္ရဲ့ ဘုန္းေတာ္၊ ဘုရားသခင္ရဲ့ တန္ခိုးေတာ္၊ ဘုရားသခင္ရဲ့ နာမေတာ္သည္ ဤျမန္မာႏိုင္ငံမွာ ထင္ရွားေစဖို႔ရန္အတြက္နဲ႔ သက္ေသျပႏိုင္ဖို႔ရန္ အတြက္ျဖစ္ပါတယ္။

ေဟာတာထက္၊ ေျပာတာထက္၊ ကိုယ္တိုင္ သက္ေသျပႏီုင္ဖို႔ရန္ အတြက္ ဘုရားသခင္ ကြ်န္ေတာ့္ကို ေကာင္းၾကီးေပးတဲ့အတြက္ ဘုရားသခင္ရဲ့ ေက်းဇူးေတာ္ကို အထူးပဲ ခ်ီးမြမ္းပါတယ္။ အဲဒါေၾကာင့္ ပင္ပန္းတယ္ရယ္လို႔ မရွိပါဘူး။ မနက္ေစာေစာထတယ္။ ညမိုးခ်ဳပ္ေတာ့ အိပ္ယာ၀င္တယ္။ လူၾကီးေတြနဲ႔ ခရီးထြက္တယ္။ ကိုယ္တိုင္ခရီးထြက္တယ္။ ႏိုင္ငံျခားခရီးစဥ္ေတြကိုလည္း ဘတ္စ္ကားစီးသလို၊ ေခါက္တုန္႔ေခါက္ျပန္နဲ႔ တစ္လမွာ အၾကိမ္ၾကိမ္ သြားလာရပါတယ္။ သို႔ေသာ္လည္း ဘုရားသခင္ ခြန္အားေပးပါတယ္။ အဲဒါေၾကာင့္ ဘုရားသခင္ဟာ တကယ္အသက္ရွင္တဲ့ ဘုရားျဖစ္ေၾကာင္း၊ ဘုရားသခင္ဟာ ဒီေန႔ ယံုၾကည္သူမ်ားကို ေပးထားတဲ့ ဂတိေတာ္ဟာ ႏႈတ္ကပတ္တရားမွာ ေပးထားတဲ့အတိုင္း ကြ်န္ေတာ္ခံစားရတယ္ ဆိုတဲ့အေၾကာင္း မေ၀ငွခင္ ခြန္အားယူဖို႔ က်မ္းပိုဒ္ေလး နည္းနည္းေဖၚျပခ်င္ပါတယ္။

ခြန္အားယူရန္ က်မ္းပိုဒ္မ်ား
(၁)သူခိုးသည္ ခိုးျခင္း၊ သတ္ျခင္း၊ ဖ်က္ဆီးျခင္းငွ သူခိုးသည္ ခိုးျခင္း၊ သတ္ျခင္း၊ ဖ်က္ဆီးျခင္းငွါသာ လာတတ္၏။ ငါမူကား၊ သိုးတို႔သည္ အသက္လြတ္ရံုမွ်မက အထူးသျဖင့္ အသက္ျဖင့္ျပည့္စံုေစျခင္းငွါ ၁လာသတည္း။ ေယာ ၁၀း၁၀

(၂) ကိုယ္ကာယကို ဆံုးမျခင္းသည္ မ်ားစြာေသာအက်ိဳးကို မေပးတတ္။ ဘုရားဝတ္၌ ေမြ႔ေလ်ာ္ျခင္းမူကား၊ ယခုဘဝ၊ ေနာင္ဘဝႏွင့္စပ္ဆိုင္ေသာဂတိေတာ္ကို ရသည္ျဖစ္၍၊ ၉အရာရာ၌အက်ိဳးကိုေပး တတ္သည္ ဟူေသာ စကားသည္ သစၥာစကားျဖစ္၏။ အၾကြင္းမဲ့ခံယူအပ္ေသာစကားလည္းျဖစ္၏။ ၁ တိ ၄း ၈-၉

(၃) ငါ၏ဘုရားသခင္သည္ ဘုန္းအာႏုေဘာ္၌ စံပယ္ေတာ္မူေသာ စည္းစိမ္ရွိ သည္အတိုင္း၊ သင္တို႔အလိုရွိသမွ်တို႔ကို ေယရႈရစ္အားျဖင့္ ျပည့္စံုေစေတာ္မူလိမ့္မည္။ ဖိ ၄း၁၉

(၄) အဘယ္သူမွ် မသိေသာသူကဲ့သို႔ျဖစ္ေသာ္လည္းေက်ာ္ေစာေသာသူ၊ အေသခံေသာသူကဲ့သို႔ျဖစ္ေသာ္လည္း၊ အသက္ရွင္ေသာသူ၊ ဆံုးမျခင္းကိုခံေသာသူ ကဲ့သို႔ျဖစ္ေသာ္လည္း၊ အေသသတ္ျခင္းႏွင့္ကင္းလြတ္ေသာသူ၊ ၂ေကာ ၈း၉

(၅) သူတပါးအားေပးၾကေလာ့။ ေပးလွ်င္သူတပါးသည္ သင္တို႔အားေပးၾကလိမ့္မည္။ အမွန္ျခင္ရံုမွ်မက၊ သိပ္ႏွက္လ်က္၊ လႈပ္လ်က္၊ လွ်ံလ်က္ ရွိျခင္းႏွင့္ သင္တို႔ရင္ခြင္၌ ေပးၾကလိမ့္မည္။ အေၾကာင္းမူကား၊ အၾကင္ခ်ိန္၊ တင္းပမာဏႏွင့္ သင္တို႔သည္ သူတပါးအားေပး၏၊ ထိုပမာဏအတိုင္း ကိုယ္ခံရၾကမည္။ လု ၆း၃၈

(၆) ထာ ဝရဘုရားကို ခိုလႈံ၍ ေကာင္းေသာအက်င့္ကိုက်င့္ေလာ့၊၊ ျပည္ေတာ္၌ ေန၍ သစၥာတရားကိ က်က္စားေလာ့၊၊ ၄ထာဝရဘုရား၌ ေမြ႔ေလ်ာ္ျခင္း ရွိေလာ့၊၊ သို႔ျပဳလွ်င္ စိတ္ႏွလံုးအလို ျပည့္စံုရေသာ အခြင့္ကို ေပးေတာ္မူမည္၊၊ ကိုယ္အမႈ အရာကို ထာဝရဘုရား၌ အပ္ေလာ့၊၊ ကိုယ္ေတာ္ကို ကိုးစားေလာ့၊၊ ဆာ ၃၇း ၃-၅

(၇) လူသည္ ဘုရားသခင္၏ ဥစၥာေတာ္ကို လုယူရမည္ေလာ့။ သို႔ေသာ္လည္း သင္တို႔သည္ ငါဥစၥာကုိ လုယူၾကၿပီ။ အကြၽႏု္ပ္တို႔သည္ အဘယ္သို႔လုယူပါသနည္းဟု သင္တို႔ေမးလွ်င္၊ ဆယ္ဘုိ႔တဘုိ႔ကို၄င္း၊ ပူေဇာ္သကၠာတို႔ကို၄င္း လုယူၾကၿပီ။ သင္တို႔သည္ က်ိန္ျခင္းအမဂၤလာကုိခံရၾက၏။ အေၾကာင္းမူကား၊ ျပည္သူျပည္သားအေပါင္းတို႔သည္ ငါ့ဥစၥာကုိ လုယူၾကၿပီ။ ဆယ္ဘုိ႔တဘို႔ရွိသမွ်ကုိ ဘ႑ာတိုက္ထဲသို႔သြင္း၍၊ ငါ့အိမ္ေတာ္၌ စားစရာရွိေစျခင္းငွါ၊ ျပဳၾကေလာ့။ ငါသည္မိုဃ္းေကာင္းကင္ျပတင္းေပါက္တို႔ကုိဖြင့္၍ ေကာင္းႀကီးမဂၤလာကို အကုန္အစင္သြန္းေလာင္းမည္။ မသြန္းေလာင္းမည္ကုိ ထုိသုိ႔စံုစမ္းၾကေလာ့ဟု ေကာင္းကင္ဗုိလ္ေျခအရွင္ထာဝရဘုရား မိန္႔ေတာ္မူ၏။ မာလခိ ၃း၃-၁၀



ဘုရားသခင္ရဲ့ ေက်းဇူးေတာ္ကို အထူးဘဲ ခ်ီးမြမ္းပါတယ္။ အခု ေဖၚျပသြားတဲ့ က်မ္းပိုဒ္ေတြ ကြ်န္ေတာ္ အင္မတန္ ခြန္အားရပါတယ္။ ကြ်န္ေတာ္ ေရွးဦးစြာေပါ့ဗ်ာ..ဘုရားသခင္ဟာ အသက္ရွင္ေတာ္မူတယ္ ဆိုတဲ့ အေၾကာင္းနဲ႔ ဘုရားသခင္ကို မသိခင္က ကြ်န္ေတာ့္အသက္တာ နဲ႔ ကြ်န္ေတာ့္ မိဘ အသက္တာ အေၾကာင္းကို တိုတို တုတ္တုတ္နဲ႔ သက္ေသျပျခင္းျဖစ္ပါတယ္။


ၾကြယ္၀ေသာ ဘုရားသခင္
အခုန ေဖၚျပသြာတဲ့ က်မ္းပိုဒ္ေတြအရ ကြ်န္ေတာ္တို႔ ခရစ္ေတာ္ကို ယံုၾကည္တဲ့သူ (ခရစ္ယန္) တစ္ေယာက္အေနနဲ႔ ျပန္လည္ျပီးေတာ့ မိမိကိုယ္ကို ေသေသခ်ာခ်ာ ဆန္းဆစ္ၾကည့္မယ္ဆိုရင္ အင္မတန္ကို ခြန္အားရစရာ ျဖစ္ပါတယ္။ ဒါေပမဲ့ ၀မ္းနည္းစရာေကာင္းတာကေတာ့ ကြ်န္ေတာ္တို႔ ဒီေန႔ ဘယ္ေနရာဘဲေရာက္ေရာက္ ခရစ္ယာန္အခ်ိဳ႔ဟာ ကုတ္ေခ်ာင္းကုတ္ေခ်ာင္းနဲ႔ ကိုယ့္ကိုယ္ကို မႏိုင္မနင္းနဲ႔ ေလတိုက္ရင္ေတာင္ လဲေတာ့မလိုနဲ႔ အဲဒီလိုျဖစ္ၾကတယ္။ အမွန္ဆိုရင္ ခရစ္ေတာ္ေနာက္လိုက္ ခရစ္ေတာ္ကို ယံုၾကည္တဲ့သူဟာ ဒါမ်ိဳးမဟုတ္ရဘူး။ ခရစ္ေတာ္ေနာက္လိုက္ ခရစ္ေတာ္ကို ယံုၾကည္တဲ့သူဟာ ခရစ္ေတာ္ရွင္ရဲ့ တန္ခိုးေတာ္အားျဖင့္ ခပ္သိမ္းေသာအရာကို တတ္စြမ္းႏိုင္တဲ့သူျဖစ္ရမယ္။ ဒီေန႔ ကြ်န္ေတာ္တို႔ ၀မ္းနည္းစရာေကာင္းတာက ရြာမွာ ေရာက္သြားတယ္။ ျမိဳမွာ ေရာက္သြားတယ္။ ဆရာေရ..ဒုကၡေရာက္လိုက္တာ.. ကြ်န္ေတာ္က ဘာျဖစ္လို႔ ... ဘာေလးေပးပါအံုး ..စသျဖင့္ ကြ်န္ေတာ့ကိုေျပာၾကတယ္။ ကြ်န္ေတာ္တို႔မွာ အသက္ရွင္တဲ့ ဘုရားသခင္ ရွိေတာ္မူျပီး အင္မတန္မွာ ခ်မ္းသာၾကြယ္၀တဲ့ ဘုရားသခင္ရွိပါရဲ့သားနဲ႔ မိမိအသက္တာကို သတ္ခ်င္တဲ့စိတ္၊ မိမိအသက္တာကို ဆံုးရံႈးခ်င္တဲ့စိတ္နဲ႔ ၀မ္းနည္းေၾကကြဲစြာ အသက္ရွင္ေနၾကတယ္။ ဘယ္ေလာက္ ၀မ္းနည္းစရာေကာင္းသလဲ။
ကြ်န္ေတာ္အထက္မွာ ေဖၚျပတဲ့ ႏႈတ္ကပတ္ေတာ္တရားေတြ အားလံုး ျပန္လည္ျခံဳငံုျပီး ၾကည့္တဲ့အခါ .. ဘုရားသခင္ဟာ ၾကြယ္၀တယ္။ ဘုရားသခင္က ေကာင္းၾကီးေပးတယ္။ ဘုရားသခင္ဟာ ယခုဘ၀၊ ေနာင္ဘ၀ကို ေပးပိုင္တဲ့ ဘုရားျဖစ္ေၾကာင္း၊ သခင္ေယရႈ ခရစ္ေတာဟာ လူ႔ဇာတိကို ခံယူျပီးေတာ့ ဒီေလာကိ ေရာက္လာတဲ့အခါမွာ လူေတြရဲ့ အျပစ္ေတြအတြက္ အေသခံတယ္။ လူေတြ ဆင္းရဲျခင္းနဲ႔အမွ် အျပစ္ဒုစရိုက္ေတြကို ျပဳလုပ္တဲ့အခါမွာ အဲဒီအျပစ္ဒုစရိုက္ေတြကို ေဆးေၾကာဖို႔ အတြက္ လက္၀ါးကပ္တိုင္မွာ အေသခံျပီး သူ႔အေသြးေတာ္ သြန္းေလာင္းသြားတယ္ဆိုတာ ဘယ္ေလာက္ ျပည့္စံုလဲ။ သူ႔ရဲ့ ကယ္တင္ျခင္းဟာ အားလံုးျပည့္ျပည့္စံုစံုနဲ႔ ေဆာင္ရြက္သြားမယ္။ သို႔ေသာ္ျငားလဲ ဒီေန႔ ကြ်န္ေတာ္တို႔ ခရစ္ယာန္ ညီအစ္ကိုေမာင္ႏွမမ်ား အေနနဲ႔ ဒီဘုရားသခင္ေပးတဲ့ ေကာင္းၾကီးမဂၤလာကို အျပည့္အ၀ မခံစားရဘူး။ တစ္ပိုင္းတစ္စေတာ့ ခံစားရတယ္။ ဘာခံစားရသလဲ..ဆိုေတာ့.. ငါေသရင္ေတာ့ ငရဲသြားစရာမလိုေတာ့ဘူး... ဆိုတဲ့ အဲဒီေလာက္ပဲ ခံစားေနရတယ္။ တကယ္တန္းက်ေတာ့ ဘုရားသခင္ေပးတဲ့ ဂတိေတာ္ဟာ ယခုဘ၀၊ ေနာင္ဘ၀ နဲ႔ ဂတိေတာ္၊ ယခုဘ၀မွာ ေနရင္လည္း ထိုက္သင့္သေလာက္ ဘုရားသခင္ထံမွ ေကာင္းၾကီးမဂၤလာ ခံစားရျပီး သူမ်ားထက္ သာကိုသာေစရမယ္။ ေသသြားတဲ့အခါ ေနာင္ဘ၀မွာလည္း ငရဲသို႔ သြားစရာမလိုပဲ ခရစ္ေတာ္နဲ႔အတူ ေကာင္းကင္ႏိုင္ငံမွာ စိုးစံရမယ္။ ဒီ ဂတိေတာ္ ႏွစ္ခုစလံုး ေပးထားပါတယ္။
ကြ်န္ေတာ္ရဲ့ အသက္တာနဲ႔ ကြ်န္ေတာ္မိဘေတြရဲ့ အသက္တာမွာလည္း အဲဒီလို အသက္ရွင္ေတာ္မူတဲ့ ဘုရားကို မရခင္အခ်ိန္ကေလးမွာ အလြန္ဆင္းရဲႏြမ္းပမ္းစြာ အသက္ရွင္ေနခဲ့ရတယ္ဆိုတာ ကြ်န္ေတာ္သိခဲ့ရပါတယ္။ ကြ်န္ေတာ္ဟာ ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္၊ ကြတ္ခိုင္ကသြားရင္ တာမိုညွဲ၊ တာမိုးညွဲကသြားရင္ ..၀ါးေတာရြာကို ေရာက္မွာျဖစ္ပါတယ္။ ကြ်န္ေတာ္ အဲဒီ ၀ါေတာရြက မုန္း၀င္း တိုင္းရင္းသား လူမ်ိဳး ျဖစ္ပါတယ္။ မုန္း၀င္း တိုင္းရင္းသားဆိုတာ ျမန္မာႏိုင္ငံသားထဲက အုတ္စုတစ္မ်ိဳး လူနည္းစုျဖစ္ပါတယ္။

ငယ္စဥ္ဘ၀

ကြ်န္ေတာ္ဟာ ဒုတိယကမၻာစစ္ ေနာက္ပိုင္း လြတ္လပ္ေရးရျပီးမွ ေမြးတယ္ဆိုေတာ့ ကြ်န္ေတာ့မိဘေတြရဲ ေျပာျပခ်က္အရ ဒုတိယကမၻာစစ္ မတိုင္မီ ကြ်န္ေတာ့မိဘေတြဟာ စစ္ကိုေရွာင္ျပီးေတာ့ ေတာၾကိဳေတာင္ၾကားေတြမွာ လိုက္ေနရပါတယ္။ ေတာၾကိဳေတာင္ၾကားမွာ ငါးကိုေတြ႔တဲ့အခါ၊ ကြ်န္ေတာ္ အေတာ္ေလး သတ္ရတယ္။ ကြ်န္ေတာ္ ေမြးခဲ့တဲ့ရြာဟာ ၀ါးေတာ လို႔ေခၚတယ္။ အဲဒီရြာဟာ ငါးေတြ အင္မတန္မ်ားျပားျပီး လူေနအိမ္ေျခ ေျခာက္အိမ္ေလာက္ပဲ ရွိပါတယ္။ ကြ်န္ေတာ္ရဲ့ မိဘေတြဟာ လယ္လုပ္စားပါတယ္။ ကြ်န္ေတာ့မွာ ညီအစ္ကိုေမာင္ႏွမ ရွစ္ေယာက္ရွိပါတယ္။ ကြ်န္ေတာ္က နံပါတ္(၃)ပါ။
ကြ်န္ေတာ္တို႔ ငယ္စဥ္က ကြ်န္ေတာ္တို႔ မိသားစုဟာ အင္မတန္ ဆင္းရဲပါတယ္။ အဲဒါနဲ႔ တစ္ေန႔မွာ ဖခင္ၾကီးက .. ငါတို႔ ဒီအတိုင္းေနလို႔ေတာ့ မျဖစ္ဘူး၊ ငါတို႔မိသားစု ဘ၀တိုးတက္ေအာင္ ဘာပဲျဖစ္ျဖစ္ ျမိဳ႔မွာသြားျပီးေတာ့ အလုပ္ရွာရင္ ေကာင္းမွာပဲ ဆိုျပီး ကြတ္ခိုင္ျမိဳ႔ကို ေရာက္လာပါတယ္။ ကြတ္ခိုင္ျမိဳ႔ကို ေရာက္လာတဲ့အခါ ဒုတိယ ကမၻာစစ္ျပီးကာလ ေနာက္ပိုင္း ဆိုေတာ့လည္း အလုပ္ရွာမရ ျဖစ္ေနပါတယ္။ အဲဒီလို အလုပ္ရွာရင္း ေယာင္လည္လည္နဲ႔ သြားလာေနတဲ့အခါ



ဖခင္ယံုၾကည္သူျဖစ္လာျခင္း

တစ္ေန႔ေတာ့ အသက္ၾကီးျပီး ေခါင္းျဖဴေနတဲ့ ဆရာၾကီးတစ္ပါးဟာ အေကာ္ဒီယံတီးျပီး ေယရႈအေၾကာင္းကို သီခ်င္းဆိုျပီး သက္ေသခံ ေဟာေျပာေနပါတယ္။ လူေတြ ေရာက္လာျပီး နားေထာင္ၾကတယ္။ အဲဒီဆရာၾကီးက အဲဒီအခ်ိန္တံုးက ဘာေဟာသလဲဆိုေတာ့ ... ငါတို႔ဘုရားသခင္ဟာ မိမိေနထိုင္ေတာ္မူေသာ ဘုန္းစည္းစိမ္ရွိေတာ္မူတဲ့အေၾကာင္း၊ ေယရႈခရစ္ေတာ္အားျဖင့္ သင္တို႔အလိုရွိသမွ်ကို ျပည့္စံုေတာ္မူလိမ့္မယ္ ..ဆိုတဲ့အေၾကာင္း၊ ေယရႈခရစ္ေတာ္ ဤေလာကသို႔ လူဇာတိကို ခံယူျပီး ၾကြလာတဲ့ အေၾကာင္း၊ လူေလာက လူသားေတြရဲ့ အျပစ္ေတြအတြက္ အေသခံခဲ့တဲ့အေၾကာင္း၊ ...ေဟာေျပာသက္ေသခံေနတယ္။ ဆင္းရဲဒုကၡ ေရာက္ေနတဲ့သူဟာ အဲဒီဘုရားသခင္ကို ယံုၾကည္လက္ခံျပီးတဲ့အခါ ဘုရားသခင္ကို ေခၚရင္၊ ဘုရားသခင္က ထူးမယ္.. ဆိုတဲ့အေၾကာင္း.. ေဟာေျပာသက္ေသခံေနတယ္။ အဲဒါနဲ႔ ကြ်န္ေတာ့ဖခင္ကလည္း အဲဒါကိုၾကားတဲ့အခါ လူအမ်ားေရွ႔မွာသြားျပီးေတာ့ ခရစ္ေတာ္ကို ယံုၾကည္လက္ခံမယ္..လို႔ ၀န္ခံတယ္။ အဲဒီလို ၀န္ခံတဲ့အခါ ဆရာၾကီးက သူ႔အသက္တာကို ဘုရားသခင္ထံ ဆက္ကပ္ဆုေတာင္းေပးတယ္။ ဆရာၾကီး ဆက္ကပ္ဆုေတာင္း မေပးခင္.. ဆရာၾကီးက ခင္ဗ်ား၊ ဘာေတြ ဆုေတာင္းေပးေစလိုသလဲ...လို႔ ေမးေတာ့၊ ကြ်န္ေတာ့ဖခင္ဟာ .. သူ႔ရဲ့အျပစ္ေတြကို၀န္ခံတယ္။ ျပီးေတာ့ သခင္ေယရႈခရစ္ေတာ္ကို ကယ္တင္ပိုင္ရွင္အေနနဲ႔ ကြ်န္ေတာ္ ေခၚဖိတ္လက္ခံခ်င္ပါတယ္။ ဒုတိယ အခ်က္အေနနဲ႔ ကြ်န္ေတာ့မွာ အင္မတန္ဆင္းရဲျပီး တစ္ရက္လုပ္စာ၊ တစ္ရက္မစားေလာက္ပါဘူး။ ဒီျမိဳ႔ကို ေရာက္လာတဲ့အခါ လုပ္ငန္းကိုင္ငန္း အေနနဲ႔ တစ္ခုခုေလာက္ လိုခ်င္ပါတယ္။ ဘုရားသခင္ဆီက ေမွ်ာ္ပါတယ္...လို႔ .. ကြ်န္ေတာ့ဖခင္က ေျပာတယ္။ အဲဒါနဲ႔ ဆရာၾကီးကြ်န္ေတာ့ဖခင္ ေျပာတဲ့အတိုင္း ဆက္ကပ္ဆုေတာင္းေပးတယ္။

ေတာင္းလွ်င္ရမည္

ဘုရားသခင္ရဲ့ ေက်းဇူးေတာ္ေၾကာင့္ အသက္ရွင္တဲ့ ဘုရားသခင္ဟာ သူ႔ရဲ့ ဂတိေတာ္ကို ဘယ္ေတာ့မွ မဖ်က္ဘူး။ ေတာင္းပါ ..ေတာင္းရင္ရမယ္ ဆိုတဲ့ အတိုင္း ေတာင္းတယ္။ အဲဒါနဲ႔ ကြ်န္ေတာ့ဖခင္ဟာ ဆက္လက္ျပီး အဲဒီျမိဳ႔မွာ လိုက္လံ အလုပ္ရွာတဲ့အခါ ယကၠန္းလုပ္ငန္းရွင္တစ္ဦးနဲ႔ သြားေတြ႔တယ္။ ေတြ႔တဲ့အခါ လုပ္ငန္းရွင္ကလည္း ေကာင္းပါျပီ၊ ဒါဆိုရင္ ကြ်န္ေတာ္လက္ခံပါမယ္။ ခင္ဗ်ား၀င္လုပ္ပါ ..ဆိုေတာ့ ကြ်န္ေတာ့ဖခင္ ၀င္လုပ္ပါတယ္။ ၀င္လုပ္ရင္းနဲ႔ ကြ်န္ေတာ့ဖခင္ဟာ ႏႈတ္ကပတ္ေတာ္တရား (က်မ္းစာ) သူ႔ကို သြန္သင္တဲ့အတိုင္း ေသးငယ္တဲ့ အမူအရာမွာ သစၥာရွိရမယ္။ လုပ္ငန္းရွင္ဟာ ကိုယ့္ရဲ့ သခင္လိုပဲ သေဘာထားရမယ္ ..ဆိုေတာ့ ကြ်န္ေတာ့ဖခင္လည္း ရိုးသားေျဖာင့္မတ္စြာနဲ႔ လုပ္ငန္းလုပ္ပါတယ္။ အဲဒီႏွစ္ထဲမွာပဲ အဲဒီလုပ္ငန္းရွင္က လုပ္ရင္း၊လုပ္ရင္းနဲ႔ စီးပြားေရးမေကာင္းတဲ့အခါ သူက ကြ်န္ေတာ့ဖခင္ကို ခင္ဗ်ားဖက္လုပ္ခ်င္ရင္ေတာ့ ဒီစက္ရံုၾကီးကို ခင္ဗ်ားကို ကြ်န္ေတာ္ အေၾကြးနဲ႔ေပးမွာပဲ။ ခင္ဗ်ားလုပ္ပါ။ ခင္ဗ်ားလုပ္ျပီး တေျဖေျဖးနဲ႔ ကြ်န္ေတာ့္ကို ဆပ္ပါ။
အဲဒီအခါ ကြ်န္ေတာ့္ဖခင္ကလည္း ဘုရားသခင္ တစ္ခုခု ျပင္ဆင္ေပးမွာပဲ။ ဒူးေထာက္ျပီးေတာ့ ဘုရားသခင္ကို ဆုေတာင္းတယ္။ ဒီအၾကံအစည္ဟာ ကိုယ္ေတာ္ရဲ့ အၾကံအစည္လား.. ဘယ္လိုလဲ..ဆိုတာ ကြ်န္ေတာ္နားမလည္ပါဘူး။ လုပ္ငန္းလုပ္ေနရင္းနဲ႔ ေကာင္းလာျပီဆိုမွ လုပ္ငန္းက စီးပြားေရးက်လို႔ သူက ဒီစက္ရံုၾကီးကို အေၾကြးနဲ႔ေရာင္းေနတယ္။ ကြ်န္ေတာ္လက္ခံရမလား...လို႔..ဘုရားသခင္ကထံ ဆုေတာင္းတယ္။ ဘုရားသခင္ကလည္း လက္ခံလိုက္ပါ...လို႔ တည့္တည့္လင္းလင္းပဲ ကြ်န္ေတာ့ဖခင္ကို ေဖၚျပပါတယ္။ ကြ်န္ေတာ့ဖခင္က အဲဒီစက္ရံုကို လက္ခံျပီးတဲ့ေနာက္ပိုင္း တစ္လ၊ ႏွစ္လၾကာတဲ့အခါ ပိတ္စေတြ အရမ္းေရာင္းေကာင္းတပဲ။ ထုတ္လုိ႔ေတာင္ မေလာက္ႏိုင္ေတာ့ဘူး။ အဲဒီစက္ရံုတန္ဖိုးကို သံုႏွစ္ေလာက္ ေပးေခ်ရမဲ့အစား သူဟာ တစ္ႏွစ္ထဲနဲ႔ ေပးေခ်နိုင္ခဲ့တယ္။
ကြ်န္ေတာ့္ဖခင္ဟာ ေယရႈခရစ္ေတာ္ကို ယံုၾကည္လက္ခံျပီးတဲ့အခ်ိန္ကစျပီး အၾကြင္းမဲ့ ဘုရားသခင္ကို ယံုၾကည္ခဲ့တယ္။ ကြ်န္ေတာ္တို႔ ညီအစ္ကိုေမာင္ႏွမေတြကိုလည္း အျမဲတမ္း ဘုရားသခင္အေၾကာင္းကို သြန္သင္ပါတယ္။ ကြ်န္ေတာ္ဟာ ငယ္ငယ္တံုးက အလြန္ဆင္းရဲႏြမ္းပါးတဲ့အတြက္ ေက်ာင္းေကာင္းေကာင္း မေနရပါဘူး။ ေက်ာင္းတက္တဲ့အခါ ဖိနပ္မပါဘူး။ ေက်ာက္သင္ပုန္းိကု ေက်ာက္တံနဲ႔ စာေရးတဲ့အခါ သူငယ္ခ်င္းေတြေရးျပီး၊ ျပစ္ခ်ထားတဲ့ ေက်ာက္တံ အတိုအထြာေလးကို ေကာက္ျပီး ေရးပါတယ္။ အဲဒီၾကားထဲမွ ဖခင္ကလည္း ဘုရားသခင္ကို အားကိုးျပီး လုပ္ငန္းေတြကို ၾကိဳးစားလုပ္ကိုင္ေနရင္း ကြ်န္ေတာ္တို႔ ေမာင္ႏွမေတြကို ဘုရားသခင္အေၾကာင္း အျမဲသြန္သင္ပါတယ္။ သခင္ေယရႈခရစ္ေတာ္ အေၾကာင္း ေျပာတဲ့အခါ ကြ်န္ေတာ္က အျမဲတမ္းဆန္႔က်င္တယ္။
အဲဒီလိုနဲ႔ ကြ်န္ေတာ္ဟာ ေက်ာင္းျပီးလို႔ စီးပြားေရးေလာကထဲ ၀င္လာပါတယ္။ အဲဒီအခ်ိန္ထိ ဘုရားဆိုတာ ကြ်န္ေတာ့မွာ မရွိခဲ့ပါဘူး။ ယံုလည္း မယံုၾကည္ခဲ့ပါဘူး။ ငါလုပ္ရင္ ငါျဖစ္မွာပဲ ..ဆိုတဲ့ ခံယူခ်က္နဲ႔ ကိုယ့္အားကိုယ္ကိုးျပီး စီးပြားေရး လုပ္ငန္းမ်ား ရွာေဖြလုပ္ကိုင္ခဲ့ပါတယ္။ အဲဒီလို လုပ္ကိုင္တဲ့အခါ ..မေအာင္ျမင္ဘူးလား...ဆိုေတာ့.. ေအာင္ျမင္တယ္။ ပိုက္ဆံရတယ္။ စာတန္မာန္နတ္ ..အဲဒီအခ်ိန္တံုးက ကြ်န္ေတာ့္ကို က်ိက်ိတက္ ခ်မ္းသာရတဲ့ အခြင့္အေရး၊ ပိုက္ဆံေပးခဲ့ပါတယ္။ ဒါေပမဲ့.. တစ္ေန႔ေတာ့ အားလံုးဆံုးရံႈးခဲ့ရပါတယ္။
အဲဒီလို အခ်ိန္ ၾကံဳေတြ႔လာရတဲ့အခ်ိန္က်ေတာ့ ကြ်န္ေတာ့စိတ္ထဲမွာ ဘာကိုသတိရသလဲ...ဆိုေတာ့ ေရႊေငြ၊ ပစၥည္းေတြ ဘယ္ေလာက္ပဲ ခ်မ္းသာခ်မ္းသာ၊ ဘုရားသခင္မပါတဲ့အခါ ..ဘယ္ေလာက္ပဲရွိရွိ ..ခဏေလးနဲ႔ ျပဳတ္ထြက္သြားပါလား...ဆိုတာ နားလည္လာတယ္။ အဲဒီအခါက်မွ ဘုရားသခင္ကို ဒူးေထာက္ျပီး ဆက္ကပ္ဆုေတာင္းခဲ့ပါတယ္။ ကိုယ္ေတာ္... ကိုယ္ေတာ္ဟာ အသက္ရွင္တဲ့ဘုရားသခင္ျဖစ္တယ္..လို႔ ကြ်န္ေတာ္ရဲ့ ဖခင္၊ မိခင္ေတြ ကြ်န္ေတာ္ငယ္ငယ္တုန္းက ကြ်န္ေတာ့္ကို သြန္သင္ခဲ့ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္မလုပ္ခဲံပါဘူး...။


ဘုရားသခင္ကို စိန္ေခၚပါ
ကြ်န္ေတာ္ ကိုယ္ေတာ္ကို တစ္ခုပဲ ေမးခ်င္တယ္။ ယခု ကြ်န္ေတာ္ၾကံဳေနရတဲ့ အခက္အခဲကို တစ္လအေတာအတြင္း ကြ်န္ေတာ့ကို အေျဖေပးမယ္ဆိုရင္၊ ကိုယ္ေတာ္ဟာ အသက္ရွင္တဲ့ ဘုရားသခင္ျဖစ္ေၾကာင္း၊ ကြ်န္ေတာ္လက္ခံပါမယ္။ ကြ်န္ေတာ္ကိုယ္တိုင္လည္း လိုက္လံျပီးေတာ့ ကိုယ္ေတာ့္အေၾကာင္းမ်ားကို ေ၀ငွမယ္။ ေဟာၾကားမယ္။ သက္ေသခံပါမယ္။ ေရာက္တဲ့ေနရာမွာ ကြ်န္ေတာ္ပါ၀င္ပါမယ္..လို႔ ဆက္ကပ္ဆုေတာင္းပါတယ္။ (၁၇)ရက္ အေတာအတြင္းမွာပဲ ဘုရားသခင္ဟာ အတိအလင္း ကြ်န္ေတာ့ကို အေျဖေပးျပီး အဲဒီအခက္အခဲ ျပသနာရင္ဆိုင္ေနရတဲ့ အထဲမွ ကယ္ႏႈတ္ခဲ့ပါတယ္။

သာသနာစတင္ေဆာင္ရြက္
အဲဒီအခ်ိန္ကစျပီး သခင္ေယရႈခရစ္ေတာ္ဟာ တကယ့္ အသက္ရွင္တဲ့ ဘုရားျဖစ္ေၾကာင္း၊ ကြ်န္ေတာ္ေတာင္းတဲ့အခါ ကြ်န္ေတာ့ကို ကူညီခဲ့တယ္။ မစတယ္ ဆိုတဲ့အေၾကာင္း ကြ်န္ေတာ္လိုက္ျပီး ေနရာတကာမွာ ေဟာၾကားခဲ့တယ္။ သက္ေသခံတယ္။ ေ၀ငွတယ္။ ကြ်န္ေတာ္ဟာ ရွိရွိသမွ် အားလံုးကို စြန္႔လႊတ္ျပီး သခင္ေယရႈခရစ္ေတာ္ဟာ အသက္ရွင္တဲ့ဘုရားျဖစ္ေၾကာင္း (၁၀)ႏွစ္ေက်ာ္ေလာက္ ေတာၾကိဳ၊ ေတာင္ၾကား ျဖတ္ေက်ာ္ျပီး ေဟာၾကားခဲတယ္။ သက္ေသခံတယ္။ ေ၀ငွခဲပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သခင္ေယရႈခရစ္ေတာ္ဟာ အသက္ရွင္တဲ့ဘုရားျဖစ္ေၾကာင္း၊ကို လူတကာ..ကြ်န္ေတာ္ကဲ့သို႔ ခံစားရေအာင္လို႔ ျဖစ္ပါတယ္။ အဲဒီလို ကြ်န္ေတာ္လိုက္ျပီး ေ၀ငွတဲ့အခါမွာ ကြ်န္ေတာ့မွာရွိတဲ့ အိမ္ကိုေရာင္းခ်လိုက္တယ္။ ကြ်န္ေတာ့မွာရွိတဲ့ကား (ေနာက္ဆံုးေတာ့ ေမာင္းရင္း၊ေမာင္းရင္းနဲ႔ တာယာကတံုးေတြျဖစ္သြားတယ္၊ ေမာင္းလို႔မရေတာ့ဘူ။။ အေျခလည္းပ်က္သြားပါတယ္။ ေနာက္ဆံုး အိမ္မွာရွိတဲ့ ေရခဲေသတၱာနဲ႔ ဆိုဖာေတြကို ကြ်န္ေတာ္ တစ္ခုျပီးတစ္ခု ထုတ္ေရာင္းေတာ့၊ ကြ်န္ေတာ့သမီး ဘာေျပာလဲဆိုေတာ့ ... "အေဖ.. လူမ်ားယူသြားကုန္ျပီ၊ အိမ္မွာ ဘာမွ မရွိေတာ့ဘူး..." တဲ့။ ကြ်န္ေတာ္က ယူပေစလို႔။ ဘုရားရွင္ ကြ်န္ေတာ္တို႔ကို ေပးထားခဲ့တယ္။ ဘုရားသခင္ရဲ့ အမႈေတာ္ျမတ္မွာ ျပန္လည္ပါ၀င္တယ္။ ရွိရွိသမွ် တစ္ခုမွ မက်န္ေတာ့ဘူး။ ကားပါ ေရာင္းခ်ခဲ့တယ္။ အားလံုးေရာင္းခ်ျပီးေတာ့မွ ေက်ာပိုးအိတ္တစ္လံုးထမ္းျပီး တစ္ျမိဳ႔၀င္၊ တစ္ျမိဳ႔ထြက္နဲ႔ ေတာရြာေတြပါမက်န္၊ သခင္ေယရႈခရစ္ေတာ္အေၾကာင္းကို ကြ်န္ေတာ္ လိုက္လံျပီး ေဟာၾကားခဲ့တယ္။ ေ၀ငွတယ္။ အဲဒီအေတာအတြင္းမွာပဲ က်မ္းစာေတြကို သင္ယူခဲ့ပါတယ္။
က်မ္းစာတစ္အုပ္လံုးကို အစအဆံုး (၇)ၾကိမ္ေလာက္ ကြ်န္ေတာ္ဖတ္ျပီး ကြ်န္ေတာ္ေလ့လာတဲ့အခါ ကြ်န္ေတာ္အေျဖမွန္ကို ေတြ႔ခဲ့ပါတယ္။ ယခင့္ ယခင္တံုးက ကြ်န္ေတာ္နားမလည္ခဲ့တ့ဲ အခ်က္အလက္ေတြကို က်မ္းစာထဲမွာ အားလံးအေျဖေတြ႔ခဲ့ပါတယ္။ အဲဒီလို ေဟာၾကားရင္းနဲ႔ပဲ ကြ်န္ေတာ္ဟာ ဘာျဖစ္လာသလဲ...ဆိုေတာ့၊ ကြ်န္ေတာ္ဟာ ေျခေထာက္၂ေခ်ာင္းထဲနဲ႔ လမ္းေလွ်ာက္ျပီး ေဟာၾကားမယ္ဆိုရင္ လူဦးေရသန္းေပါင္း ငါးဆယ္ (၁၉၈၅) ေလာက္ရွိတဲ့ ျမန္မာႏိုင္ငံကို ဘယ္လုိလုပ္ျပီး ဧ၀ံေဂလိ တရားေရာက္ႏိုင္မွာလဲ၊ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္စဥ္းစားတယ္။
ဘုရားသခင္ကြ်န္ေတာ့ကို ပိုက္ဆံေပးပါ
ကိုယ္ေတာ္..ကြ်န္ေတာ့္ကို ပိုက္ဆံေပးပါ။ ကြ်န္ေတာ္ကို ပိုက္ဆံေပးရင္၊ ကြ်န္ေတာ္မွာရွိတဲ့ ေငြနဲ႔ ကြ်န္ေတာ္တစ္ေယာက္တည္း အစား ဘုရားသခင္အမႈေတာ္အတြက လူေပါင္း ေထာင္နဲ႔ခ်ီျပီးရွိတဲ့ မိဘမဲ့ကေလးေတြကို ကြ်န္ေတာ္ကူညီႏိုင္မယ္။ အဲဒါေၾကာင့္ ကြ်န္ေတာ့မိန္းမကိုလည္း ေျပာျပတယ္။ ဒို႔..ဒူးေထာက္ဆက္ကပ္ရေအာင္၊ အခ်ိန္တန္ျပီလို႔ ..စျပီး ဒူးေထာက္ျပီး ဘုရားသခင္ကို ဆက္ကပ္ဆုေတာင္းတယ္။ ဘာေၾကာင့္ ဧ၀ံေဂလိတရားကို ေဟာေျပာရသလဲဆိုေတာ့ သမၼာက်မ္းက ကြ်န္ေတာ္ဖတ္တဲ့အခါ ေယရႈခရစ္ေတာ္ဘုရား ဒီေလာကကို ၾကြေရာက္လာျပီး ခင္ဗ်ားတုိ႔ ကြ်န္ေတာ္တို႔အတြက္ အေသခံျပီး၊ ရွင္ျပန္ထေျမာက္တဲ့အခါမွာ သူမိန္႔မွာတာ ၂ခုပဲရွိတယ္။
(၁) သင္တုိ႔အခ်င္းခ်င္း ခ်စ္ပါ။ ဒါေပမဲ့ ခရစ္ယာန္ ညီအအစ္ကိုေမာင္ႏွမမ်ား အခ်င္းခ်င္းမခ်စ္ၾကဘူး၊ မခ်စ္ႏိုင္ဘူး။ အိမ္နီးနားခ်င္းေတာင္ အတိုက္အခိုက္ေတြ ျဖစ္ၾကတယ္။ အဲဒါေၾကာင့္ ကြွန္ေတာ္တို႔မွာ အၾကီးပြားၾကဘူး။
(၂) ခရစ္ေတာ္ဘုရား ထပ္မွာတဲ့ တစ္ခ်က္ကေတာ့ သင္တုိ႔သည္ ေ၀ေနယ်သတၱ၀ါ အေပါင္းကို ငါ၏ ဧ၀ံေဂလိတရားကို ေဟာၾကားပါ..လို႔ မွာထားတယ္။ ကြ်န္ေတာ္တို႔ မပါ၀င္ခ်င္ၾကဘူး။ အဲဒါေၾကာင့္ ကြ်န္ေတာ္တို႔ဟာ ရွင္ေပါလုေျပာသလိုပဲ ငါသည္ ဧ၀ံေဂလိတရားကို မေဟာရင္ အမဂၤလာျဖစ္တယ္။
ကြ်န္ေတာ္တို႔ဟာ ဟာ အဲဒီ ႏႈတ္ကပတ္ေတာ္တရားကို သိတဲ့အခါ သင္တုိ႔သည္ ေ၀ေနယ်သတၱ၀ါ အေပါင္းကို ငါ၏ ဧ၀ံေဂလိတရားကို ေဟာၾကားပါ..ဆိုတဲ့အတိုင္း၊ ေဟာတယ္၊ ပါ၀င္တယ္။ ကိုယ္တိုင္ေဟာႏိုင္ရင္ ေဟာတယ္။ ကိုယ္တိုင္မေဟာႏိုင္တဲ့အခါ ေငြေၾကးအားျဖင့္ပါ၀င္တယ္။ ဒီေန႔အေနနဲ႔ ခ်စ္ျခင္းေမတၱာတရားနဲ႔ ပတ္သက္လာရင္ ကြ်န္ေတာ္ရန္သူကို အင္မတန္ခ်စ္တယ္။ ကြွန္ေတာ့္ကို ႏွိပ္စက္တဲ့သူေတြ၊ ကြ်န္ေတာ့ကို တိုက္ခိုက္တဲ့သူေတြအတြက္ ကြ်န္ေတာ္ အျမဲတမ္း ဆုေတာင္းေပးျပီး သူတို႔နဲ႔ မိတ္သဟာရဖြဲ႔တယ္။။ ဒါေၾကာင့္လည္း ဘုရားသခင္က ဒီကေန႔အထိ ကြ်န္ေတာ့္ကို ေကာင္းၾကီးေပးပါတယ္။




View Rev. U Kyaw Win Sermon in Youtube (search word, Rev U Kyaw Win)



တံျမက္စီးမွာဘရိတ္ရႈး
တစ္ေန႔က်ေတာ့ ရြာကိုေရာက္သြားတယ္။ ရြာသူရြာသားမ်ားဟာ စီးပြားေရးေတြလုပ္ၾကတာ ထိုင္းနဲ႔ဒီဘက္ ကုန္စည္ကူးသန္း စီးပြားေရးလုပ္တဲ့အခါ တံျမက္စီပင္ကို ျမက္လိုစည္းျပိးေတာ့ ေရာင္းၾကတယ္။ အဲဒါကို ကြ်န္ေတာ္ေတြ႔လိုက္တဲ့အခါ ဒီျမက္ဟာ တံျမက္စီးလုပ္ၾကတယ္။ ေတာထဲမွာ သြားခုတ္ျပီး လာေရာင္းၾကတယ္။ ႏိုင္ငံျခားမွာ တံျမက္စီးလုပ္ၾကတယ္။ ဒါေပမဲ့ ဒီျမက္ဟာ တံျမက္စီး တစ္ခုတည္းေတာ့ မျဖစ္ႏိုင္ဘူး...လို႔ ကြ်န္ေတာ္စဥ္းစားမိတယ္။ အဲဒါေၾကာင့္ ဘုရားသခင္ထံ ကြ်န္ေတာ္ဆုေတာင္းတယ္။ ကိုယ္ေတာ္... တံျမက္စီး ထက္ တန္ဖိုးရွိတဲ့အရာျဖစ္ေအာင္ ကိုယ္ေတာ့္အေနနဲ႔ ဖန္ဆင္းထားတာဘဲ၊ ကိုယ္ေတာ္လမ္းဖြင့္ေပးသနားေတာ္မူပါ၊
ဒါနဲ႔ ကြ်န္ေတာ္မည္း ဒီမွာေရာင္းခ်တဲ့ တံျမက္စီးကို ထိုင္းႏိုင္ငံမွာရွိတဲ့ ကုန္သည္ၾကီးတစ္ေယာက္နဲ႔ ညိွႏႈိင္းျပီး ...ကဲ..ေကာင္းပါျပီခင္ဗ်ာ၊ ႏိုင္ငံျခားကို ပို႔ၾကည့္ပါဦး၊ တံျမက္စီး တစ္ခုတည္းေတာ့ မျဖစ္ႏိုင္ပါဘူး..ဆိုေတာ့ သူက ဂ်ပန္ကိုပို႔လိုက္တယ္။ ဂ်ပန္က သုေတသန စမ္းသပ္လိုက္တဲ့အခါ ေမာ္ေတာ္ကားမွာ သံုးတဲ့ ဘရိတ္ရႈးရဲ့ အဓိက ကုန္ၾကမ္းျဖစ္ေနတယ္။ အဲဒါနဲ႔ ဟိုဖက္ကလူေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ျပီး ကြ်န္ေတာ္ ႏိုင္ငံျခားကို အၾကီးအက်ယ္တင္ပို႔ႏိုင္ခဲ့တယ္။ အမွန္တကယ္ေျပာရမယ္ဆိုရင္ ဘုရားသခင္လမ္းဖြင့္ေပးတာ ျဖစ္ပါတယ္။ ဒါေတြက ကြ်န္ေတာ္တို႔ မ်က္စိေရွ႔မွာ ဘုရားသခင္ဖန္ဆင္းထားတဲ့ တကယ့္တန္ဖိုးရွိတဲ့ အရာပဲ။ ဘုရားသခင္ဖန္ဆင္းထားတဲ့ ၾကြယ္၀ေစတဲ့ ေလာကၾကီးမွာေနစဥ္ ကြ်န္ေတာ္တို႔က ေဖၚထုတ္ဖို႔ပဲ၊ ျမန္မာစကားပံုရွိပါတယ္။ ....မသိသူေက်ာ္သြား၊ သိသူေဖၚစား.. ။ ဒီကေန႔ ကြ်န္ေတာ္တို႔ ခရစ္ယာန္ညီအစ္ကို ေမာင္ႏွမေတြလည္း စီးပြားေရးဘယ္လိုလုပ္ရမယ္။ စက္ရံုဘယ္လိုလုပ္ရမလဲ။ ေမြးျမဴေရးဘယ္လိုလုပ္ရမလဲ..ဆိုတာကို အဲဒီ ႏႈတ္ကပတ္ေတာ္ သမၼာက်မ္းစာထဲမွာ ပါတဲ့အတိုင္း ကြ်န္ေတာ္တို႔ လိုက္နာျပီး ေဆာင္ရြက္သြားမယ္ဆိုရင္ေတာ့ သမၼာက်မ္းစာထဲမွာ ဘုရားသခင္ေပးထားတဲ့ ဂတိအတိုင္း ကြ်န္ေတာ္တို႔ ေကာင္းၾကီးအမွန္တကယ္ ခံစားရမွာျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ဟာ ကမၻာေပၚမွာ ဘုရားသခင္ေပးတဲ့အရာ ေရႊ၊ေငြ ခ်မ္းသာႏိုင္ပါတယ္။
ေျမၾကီးေအာက္ကအတံုးေလး
တံျမက္စီးရာသီျပီးလို႔ ေနာက္ရာသီက်ေတာ့လည္း ဘုရားသခင္ဟာ အေကာင္းဆံုး စီစဥ္ေပးပါတယ္။ ကြ်န္ေတာ္တုိပ မိသားစုဟာ ဘုရားသခင္ကို ဆက္လက္ ဆက္ကပ္၊ ဆုေတာင္းတယ္။ ကိုယ္ေတာ္... ဒါတင္မကေသးပါဘူး။ ကိုယ္ေတာ္ဟာ ၾကြယ္၀တဲ့ ဘုရားျဖစ္ပါတယ္။ ကိုယ္ေတာ္အေနနဲ႔ စံပါယ္ေတာ္မူေသာ ဘုန္းစည္းစိမ္နဲ႔တကြ ေယရႈခရစ္ေတာ္ကိုပင္ ကြ်န္ေတာ္တို႔ကို ေပးျပီးျပီပဲ။ ခရစ္ေတာ္ကို ရရင္ က်န္တဲ့အရာအားလံုးကိုလည္း ရမွာပါပဲ။ ဒါေၾကာင့္ ကိုယ္ေတာ္..ဆက္ေပးပါ။ ကြ်န္ေတာ္ဒီမွာ အမ်ားၾကီးလိုပါတယ္။ ကြ်န္ေတာ္တို႔ ဇနီးေမာင္ႏွံ (၂)ေယာက္စလံုး ကေလးေတြေခၚျပီး ဆုေတာင္းတယ္။
အဲဒါနဲ႔ တစ္ေန႔ၾကေတာ့ ဘုရားသခင္ဟာ အံ့ၾသစရာဘယ္ေလာက္ေကာင္းသလဲ ဆိုေတာ့ ရြာကလူငယ္ေလးတစ္ေယာက္ ကြ်န္ေတာ့္ဆီ ေရာက္လာျပီး.. ဆရာေရ..ဒီအတံုးကေလးကို ၾကည့္ပါဦး..တဲ့။ ေျမၾကီးထဲကတူးတာ၊ ဒါဘာလဲမသိဘူး။ ေဆးေတာ့ျဖစ္မွာပဲ လုိ႔သူေျပာတယ္။ အဲဒါနဲ႔ ကြ်န္ေတာ္က ေကာင္းျပီ၊ ဒါဆိုရင္ေတာ့ ခင္ဗ်ား..ကြ်န္ေတာ့ကိုေပး၊ ကြ်န္ေတာ္ႏိုင္ငံျခားပို႔ျပီး စမ္းသပ္လိုက္ပါမယ္။ အဲဒီအတံုးကေလးရေတာ့ သိပ္၀မ္းသာတယ္။ ဘုရားသခင္ကို ဆက္ကပ္တယ္။ ကိုယ္ေတာ္.. ကိုယ္ေတာ္ဖန္ဆင္းေပးထားတဲ့ ေျမေအာက္မွာရွိတဲ့ သယံဇာတ၊ ဒီဟာေတြကို အလဟသေတာ့မဟုတ္ဘူး။ လူသားေတြအတြက္ အက်ိဳးျဖစ္ေစတဲ့ အရာျဖစ္ရမယ္။ ကြ်န္ေတာ္တို႔အားျဖင့္ သူ႔တပါးအက်ိဳးရွိဖို႔ရန္အတြက္ ကိုယ္ေတာ္လမ္းဖြင့္ေပးေတာ္မူပါ..။ ကိုယ္ေတာ္ ..ကြ်န္ေတာ္တို႔ ေငြရရွိေရးအတြက္ ေပးသနားေတာ္မူပါ..ဆုေတာင္းတယ္။ အဲဒီအတံုးကေလးကို တဖက္ႏိုင္ငံ ယူသြားျပီးေတာ့ စမ္းသပ္ရန္ပို႔လိုက္တဲ့အခါ ဟိုဖက္က ဘာေျပာသလဲဆိုေတာ့ ဒါက အရမ္းေကာင္းတဲ့ အားေဆးျဖစ္ပါတယ္။ ဘီပီအိုင္က ထုတ္တဲ့ ေဆးျပားၾကေတာ့ ဘားပလက္ Burplex လိုေခၚတယ္။ ဘားပလက္ေခၚတဲ့ ေဆးတံုးကို ထုတ္ႏိုင္တဲ့ တကယ့္လိုအပ္တဲ့ ကုန္ၾကမ္းပဲ။ အဲဒီပစၥည္း အေတာ္မ်ားမ်ားရွိသလား..လို႔ ကြ်န္ေတာ္ ေက်းရြာကလူေတြကို ေမးလိုက္တဲ့အခါ ခရစ္ယာန္ညီအစ္ကို ေမာင္ႏွမေတြက..အေမေလး.. မ်ားလြန္းလို႔ ဆရာရယ္၊ ..ယူႏိုင္ရင္ ကြ်န္ေတာ္တုိ႔ သြားတူးရင္ တစ္ေန႔ကို ပိသာ သံုး..ေလးဆယ္..ငါးဆယ္ေလာက္ ရမယ္။ ဆရာၾကိဳက္သေလာက္ ေစ်းပဲေပးပါ၊ အဲဒါနဲ႔ ကြ်န္ေတာ္လည္း ေျပာလိုက္တယ္။ ေနာက္ေန႔က်ေတာ့ အဲဒါကို ဘန္ေကာက္ပို႔မယ္ လုပ္ေတာ့ ဟိုဘက္က ဘာေျပာသလဲဆိုေတာ့ ဒီဟာကို အစိုပို႔လို႔မရဘူး၊ ေျခာက္မွရမယ္။ ဒီပစၥည္းဟာ မႈိတက္တာ သိပ္ျမန္တယ္။ ဒီကေန႔ မေျခာက္ရင္ မနက္ဖန္ မႈတက္သြားေရာ၊ ကြ်န္ေတာက စကားလြန္ျပီးျပီ၊ ရြာသားေတြက သြားတူးၾကျပီး ကားၾကီး၊ကားငယ္ေတြနဲ႔ ကြ်န္ေတာ့္ဆီ လာပို႔ၾကတယ္။ အဲဒါနဲ႔ ကြ်န္ေတာ္လည္း ကြ်န္ေတာ့ညီ ကိုတင္ေရႊကို ေနပူထဲမွာ ျဖန္႔လွမ္းခိုင္းလိုက္တယ္။ ေန႔လည္ေတာင္မေရာက္ေသးဘူး.. မႈိေတြ အမ်ားၾကီးတက္လာတယ္။ ကြ်န္ေတာ့ညီကို မႈိထြက္တဲ့ေနရာေတြ ခုတ္လိုက္ပါ..ေျပာေတာ့ ကြ်န္ေတာ့ညီက လုိက္ခုတ္တာ .. ေရွ႔မွာခုတ္၊ ေနာက္မွာမႈိျပန္ထြက္လာတယ္။ ဟာ.. ဘယ္လိုျဖစ္တာလဲ၊ ကိုယ္ေတာ္.. ကိုယ္ေတာ္ရဲ့ ေကာင္းၾကီးမဂၤလာ ကြ်န္ေတာ့္ကိုေပးခဲ့ပါတယ္။ ဒါေလးကို ေျခာက္ေအာင္၊ အေျခာက္ခံစက္ Dryer ရွိတယ္။ ကြ်န္ေတာ္တို႔ တာခ်ီလိတ္ဆိုတာ ေတာရြာပဲ၊ မီးေတာင္မွ ေကာင္းေကာင္းမရတဲ့ေနရာ၊ (1989) အေျခာက္ခံစက္မရွိဘူး..။ ဒီေလာက္မ်ားတဲ့ ဥေတြကို ၂၄နာရီအတြင္း အေျခာက္ခံစက္ ေဆာက္ဖို႔ဆိုတာ အေဆာက္အဦးအၾကီးၾကီေဆာက္ရမယ္။ လွ်ပ္စစ္လိုမယ္။ ဂတ္စ္ Gas လိုမယ္ ..စသျဖင့္ေပါ့ဗ်ာ။ ပစၥည္းပစၥယေတြ လိုမယ္။ ကြ်န္ေတာ္ဆုေတာင္းတယ္။ မိန္းမကိုလည္းေျပာတယ္..မိန္းမ... ဒါေတာ့ ဘုရားသခင္ ငါတုိ႔ကို ဘယ္ေလာက္ထိ ဇြဲရွိသလဲ၊ သူ႔ကို ဘယ္ေလာက္အထိ အားကိုးတယ္ဆိုတာ ငါတို႔ကို စမ္းသပ္ၾကည့္တာပဲ၊ စိတ္မပ်က္နဲ႔လို႔ ဆုေတာင္းၾကတယ္။




ဆုေတာင္း၍ဥာဏ္ပညာ
တစ္ရက္ ဆုေတာင္းတယ္။ ဘာမွ အၾကံအစည္ေပၚမလာဘူး၊ တစ္ညလံုး မိုးလင္းတဲ့အထိ ကိုယ္ေတာ့္ထံ ဆုေတာင္းပါတယ္။ ကိုယ္ေတာ္... ဒီပစၥည္းေတြကို ကြ်န္ေတာ္တို႔ ၂၄နာရီနဲ႔မွာ ေျခာက္ေအာင္ လုပ္ႏိုင္ဖို႔ အေျခာက္ခံစက္ Dryer တစ္ခုလုပ္မယ္။ ကိုယ္ေတာ္ .. ကြ်န္ေတာ့္ကို Dryer Design ဒီဇိုင္းတစ္ခုေပးပါ။ ဘုရားသခင္ကို ဆက္ကပ္တယ္။ (၇)ရက္တိတ္ (၇)ရက္၊ (၇)ည ဆုေတာင္းျပီးတဲ့အခါမွာ ဘုရားသခင္ဟာ အေျခာက္ခံစက္ဒီဇိုင္း (Dryer Design) တစ္ခုကို ေဖၚျပပါတယ္။ အဲဒီ ဒီဇိုင္းကို အုတ္နဲ႔စီျပီး စမ္းသပ္လိုက္တဲ့အခါ ေအာင္ျမင္သြားတယ္။ အဲဒါနဲ႔ ..အဲဒီနယ္ေျမမွာ အဲဒီေဆးျမစ္ေတြထြက္လာျပီး ကြွန္ေတာ္တို႔ဟာ (၂၄)နာရီအတြင္း ေျခာက္ေအာင္ျပဳလုပ္ျပီး တစ္ဖက္ႏိုင္ငံ..ႏိုင္ငံျခားအထိ တင္ပို႔ေရာင္းခ်ပါတယ္။ ကြ်န္ေတာ္တို႔ ဘုရားရွင္ဟာ အံ့ၾသဘြယ္ ေကာင္းၾကီးေပးခဲ့တယ္။ အကယ္၍ မႈတက္တာနဲ႔ ကြ်န္ေတာ္တို႔ စိတ္ပ်က္သြားျပီး ဆက္မလုပ္ေတာ့ဘူး ဆိုရင္ ဘုရားသခင္ဘယ္လိုလဲ၊ ေပးေတာ့ေပးျပီးေတာ့ ..အခုက်မွ ဒီလိုဒုကၡေရာက္ေအာင္ ျပဳလုပ္တာပဲ ..ဆိုျပီး ဘုရားသခင္ကို အျပစ္တင္မွာပဲ။ ဒါေပမဲ့ .. ဘုရားသခင္ကို ကြ်န္ေတာ္အျပစ္မတင္ခဲ့ပါဘူး။ ဘုရားသခင္ကို ဆက္လက္ျပီး ဆုေတာင္းတဲ့အခါမွာ ဘုရားသခင္ဟာ အသက္ရွင္တဲ့ဘုရား၊ မေန႔၊ ယေန႔၊ ေနာင္ကာလ မေျပာင္းလဲတဲ့ဘုရား၊ ကြ်န္ေတာ္တို႔အနားမွာ အျမဲရွိတဲ့ ဘုရားျဖစ္ေၾကာင္း သက္ေသခံတဲ့အေနနဲ႔ ကြ်န္ေတာ္တို႔ရဲ့ ဆုေတာင္းသံကို ဘုရားသခင္ အေျဖေပးခဲ့တယ္။ အဲဒါေၾကာင့္ ကြ်န္ေတာ္တို႔ဟာ တစ္ပါတ္အေတာအတြင္း ဒီဇိုင္းရရွိျပီး ဒီေဆးျမစ္ဥေတြကို ေျခာက္ေအာင္ျပဳလုပ္တယ္။ ျပီးတဲ့အခါ ႏိုင္ငံျခားကို တင္ပို႔တယ္။ အဲဒီအခါ ေျမာက္မ်ားစြာေသာ ေငြေၾကးကို ရရွိခဲ့ပါတယ္။ ေက်းရြာမွာရွိတဲ့ ရြာသူရြာသားေတြ ခ်မ္းသာလာခဲ့တယ္။ ရြာသူရြာသားအားလံုး တံျမက္စီအခ်ိန္မွာ တံျမက္စီး၊ ခုတ္သိမ္းျပီး ကြ်န္ေတာ္တို႔ကို ေပးတယ္။ တိုင္းျပည္အတြက္ အက်ိဳးရွိခဲ့တယ္။
ဒါေပမဲ့ အဲဒီၾကားမွာ ဘုရားသခင္ဟာ ကြ်န္ေတာ္တို႔ကို စာေမးပြဲစစ္ပါတယ္။ ပထမ စာေမးပြဲ၊ ဒုတိယစာေမးပြဲ၊ စစ္သလို ကြ်န္ေတာ္တို႔ကို အျမဲတမ္း အားေပးပါတယ္။ ကြ်န္ေတာ္ကလည္း အရာရာမွာ ဘုရားသခင္ကိုသာ ဆက္ကပ္တယ္။ ဘုရားသခင္ကိုသာ အားကိုးတယ္။ ဒီေန႔ ခရစ္ယာန္ ညီအစ္ကိုေမာင္ႏွမေတြ ဒုကၡတစ္ခုခုျဖစ္လာရင္ ..ဆရာရယ္... လုပ္ပါအုန္း... ဟိုဆရာရယ္..လုပ္ပါအုန္း.. အသက္ရွင္ေတာ္မူတဲ့ ဘုရား၊ ရွိရဲ့သားနဲ႔ ဒီဘုရားသခင္ကို ဘာမွ မတိုင္ပင္ပဲ လူေတြထံ လိုက္ျပီး အခက္အခဲေျဖရွင္းဖို႔ လိုက္ရွာတယ္။ ကြ်န္ေတာ္က ..ဒီလိုမလုပ္ရဘူး၊ ကြ်န္ေတာ့္အသက္တာမွာေတာ့ ဘုရားကို ဆက္ကပ္ရင္း ဆုေတာင္းရင္ မတတ္ႏိုင္တဲ့အရာ မရွိဘူးလို႔ ကြ်န္ေတာ္ အၾကြင္းမဲ့ယံုၾကည္တယ္။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္တို႔ဟာ ေအာင္ျမင္စြာ အဲဒီလုပ္ငန္းေတြကို ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။ ဘုရားသခင္ .. တစ္ႏွစ္မွာ (၁၂)လ ရွိတယ္။ ရာသီအလိုက္ေပးပါ...လို႔ ဆုေတာင္းတယ္။ တစ္ရာသီေပးျပီးရင္ ရြာသူရြာသားေတြက တစ္ရာသီလုပ္ျပီး ေနာက္ထပ္က်န္တဲ့ရာသီမွာ မလုပ္စားခင္ ထမင္းငတ္မွာပဲ၊ ရာသီအလိုက္ေပးပါ ဆိုေတာ့ ..ဘုရားသခင္ဘယ္ေလာက္ ေကာင္းသလဲဆိုေတာ့ (၃)လတစ္ၾကိမ္၊ (၃)လတစ္ၾကိမ္ ..တစ္မ်ိဳးျပီးတစ္မ်ိဳး ေပးပါတယ္။

ၾကိမ္သီးေလးေတြ
အဲဒီေဆးျမစ္တူးတဲ့ ရာသီကုန္သြားတဲ့အခါ ကြ်န္ေတာ္တို႔ ဘုရားသခင္ဆီကို ဆက္ကပ္ဆုေတာင္းထားတဲ့အတိုင္း ဘုရားသခင္ ဘာထပ္ေပးသလဲဆိုေတာ့၊ ..အင္မတန္အံ့ၾသစရာေကာင္းတယ္။ ထိုင္းႏိုင္ငံ၊ လာအိုႏိုင္ငံဟာ ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံနဲ႔ အိမ္နီးျခင္းႏိုင္ငံမ်ားျဖစ္ၾကပါတယ္။ၸ တစ္ေန႔မွာ လာအိုႏိုင္ငံ နယ္စပ္မွာရွိတဲ့ ရြာသားေတြက တာခ်ီလိတ္ေရာက္လာတဲအခါ အသီးေလးေတြ ပါလာပါတယ္။ ရြာသူရြာသားေတြက အဲဒီအသီးလာေပးေတာ့ ကြ်န္ေတာ္ယူထားလိုက္တယ္။ ေနာက္တစ္ေန႔ၾကေတာ့ ထိုင္းႏိုင္ငံ၊ မဲဆိုင္ ဘုရားေက်ာင္းမွာ ကြ်န္ေတာ္ ၀တ္ျပဳစည္းေ၀းတက္တဲ့အခါ ႏိုင္ငံျခားတရားေဟာ ဆရာေတြ လာျပီး တရားေဟာတာ ေတြ႔ရတယ္။ ဟာ.. အဲဒီမွာ ဘုရားသခင္ အသက္ရွင္တဲ့အေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားအေနနဲ႔ ဘုရားကို ဆက္ကပ္ျပီး လုပ္ရင္ ေအာင္ျမင္တဲ့အေၾကာင္း၊ သက္ေသခံတာ ၾကားရေတာ့ ကြ်န္ေတာ္သိပ္အားရတယ္။ သက္ေသခံတရားေဟာျပီး ၀တ္ျပဳစည္းေ၀းျပီးတဲ့အခါ ကြ်န္ေတာ့ကို လာႏႈတ္ဆက္တယ္။ သူနဲ႔ပါလာတဲ့ အဖြဲ႔ေတြကလည္း ကြ်န္ေတာ့္ကို လာႏႈတ္ဆက္ၾကတယ္။ ကြ်န္ေတာ္နဲ႔ သူနဲ႔ စကားေျပာေနရင္း သူက ဒီမွာ ဘာေတြထြက္သလဲေမးတယ္။ ကြ်န္ေတာ္က သတၱဳရွိတယ္။ ဘာရွိတယ္။ ညာရွိတယ္ ..စကားစပ္ရင္းနဲ႔ ဒီပစၥည္းလဲရွိတယ္ လို႔ သူ႔ကို ကြ်န္ေတာ္ျပလိုက္တဲ့အခါ ..သူက ...ဟာ.. ဒီပစၥည္းကို ငါတို႔က လာအိုႏိုင္ငံမွာ ရွာေနတာ၊ ဗီယက္နမ္ႏိုင္ငံမွာလည္း ရွာေနတာ ..ခင္ဗ်ားတို႔ႏိုင္ငံမွာရွိလား...တဲ့။ ရွိတယ္ .. ရြာသူရြာသားေတြေျပာတာေတာ့ အမ်ားၾကီးပဲ၊ ေကာင္းပါျပီ၊ ဒါဆိုရင္ ..ေဟာင္ေကာင္းက ကြ်န္ေတာ္တို႔ရဲ့ ကုမၸဏီက လူကို ခင္ဗ်ားဆီ လႊတ္လိုက္ပါမယ္..လို႔ ေျပာတယ္။ ေဟာင္ေကာင္က သူ႔ရဲ့ ကုမၸဏီကလူ ေရာက္လာတယ္။ ေရာက္လာတဲ့အခါ ကြ်န္ေတာ္နဲ႔ တိုင္ပင္ညွိႏႈိငး္ခဲ့တယ္။ ခင္ဗ်ားရြာမွာ သြားေမးၾကည့္ပါ။ အဲဒီပစၥည္းကို ရြာသူ၊ရြာသားေတြကို ဘယ္လိုေရာင္းမလဲ ေမးခိုင္းတယ္။
ကြ်န္ေတာ္က တစ္ရြာျပီးတစ္ရြာ၊ ခရစ္ယာန္ညီအစ္ကို ေမာင္ႏွမေတြေရာ၊ ျပင္ပရြာေတြေရာ သြားျပီးေတာ့ အဲဒီရြာမွာရွိတဲ့ ရြာသူရြာသားေတြကို အကုန္ေခၚေမးလိုက္တဲ့အခါ ခင္ဗ်ားတို႔ေျပာတဲ့ သိပ္မာတယ္ ဆိုတဲ့ပစၥည္း၊ ဒီပစၥည္းေတာ့ ကြ်န္ေတာ္တို႔လိုခ်င္ပါတယ္။ ဘယ္ေလာက္ေစ်းနဲ႔ ခင္ဗ်ားတုိ႔ ေရာင္းမလဲဆိုေတာ့ ..ရြာသူရြာသားေတြက ဘာေျပာသလဲဆိုေတာ့... ေအာင္မေလး..ဆရာရယ္၊ ဒါ သိပ္မာလြန္းလို႔ ၀က္ေတာင္မွ မကိုက္ႏိုင္ဘူး။ ၀က္ေတာင္မစားဖူး။ ဆရာတို႔ ယူရင္ ကြ်န္ေတာ္တို႔ အလကားၾကံဳးေပးပါမယ္။ ...အလကားေတာ့ ဘယ္ျဖစ္မလဲ၊ ေရရွည္ယူမွာမို႔လို႔ ဒီရာသီမွာေတာ့ ဒိကိုယူမွာဆိုေတာ့ ရြာသူၾကီးနဲ႔ ရြာသူရြာသားေတြဟာ အားလံုးတိုင္ပင္ျပီး တပံုး (၁၀ိ/ တစ္ဆယ္က်ပ္) တဲ့၊ သူတို႔က ကီလိုခ်ိန္မရွိဘူး၊ ပိသာခ်ိန္မ်ိဳးမေပးဘူး၊ ေရနံဆီ သံပုန္းတစ္ပံု တစ္ဆယ္က်ပ္ ေျပာတာ။ ဟာ.. ဒီလိုဆိုရင္ သိပ္နည္းတယ္။ ခင္ဗ်ားတို႔မကိုက္ဘူးထင္တယ္..လို႔ ကြ်န္ေတာ္ေျပာေတာ့..သူတို႔က ..ဟာ.. ကိုက္တယ္။ တစ္ေန႔ကို တစ္ေယာက္ (၁၀)ပံုးေလာက္ေတာ့ အသာေလး ၾကံဳးလို႔ရတယ္။ ၁၀၀ိ/ ရတယ္တဲ့။ (ထိုေခတ္က တစ္ေဒၚလာ-တစ္ရာက်ပ္ခန္႔ ေစ်းေပါက္သည္)။ ဟာ.. ဒီလိုေတာ့ မျဖစ္ဘူး။ ကြ်န္ေတာ္ျပန္ျပီး တိုင္ပင္ၾကည့္တယ္။


ငိုင္ပင္လိုက္တဲ့အခါ ဒီဘက္ကေျပာတယ္။ ေတာင္းတဲ့ေစ်းထက္ ၃ဆေလာက္ ေပးလိုက္ပါ..တဲ့။ ကြ်န္ေတာ္က ေကာင္းျပီ၊ ခင္ဗ်ားတို႔က (၁၀ိ/) ေတာင္းတယ္။ ကြ်န္ေတာ္တို႔က (၃၀ိ/) ေပးမယ္ဗ်ာ..လို႔ ေရာင္းတဲ့လူက (၁၀ိ/) ထဲယူတယ္။ ၀ယ္တဲ့လူက (၃၀ိ/) ေပးတယ္။ အဲဒါနဲ႔ (၃၀ိ/) ေပးတယ္ဆိုေတာ့ အားလံုးသေဘာတူညီၾကတယ္။ အားလံုး အဲဒီပစၥည္းကို ေတာထဲမွာ သြားျပီး ၾကံဳးလာၾကတယ္။ ၾကိမ္ရဲ့အသီးျဖစ္ပါတယ္။ အဲဒါေတြကို ႏိုင္ငံျခားျပန္တင္ပို႔တဲ့အခါ သူတို႔ေတာင္းတဲ့ေစ်းထက္ ကြွန္ေတာ္တုိ႔က (၁၀) ပိုရပါတယ္။
ႏိုင္ငံျခားကေန ခင္ဗ်ားတို႔ ပစၥည္းကို တန္ရာတန္ေၾကးကေတာ့ ဒီေလာက္ေပးပါမယ္ ဆိုျပီးေတာ့ ေပးပါတယ္။ ဘုရားသခင္က ဘယ္ေလာက္အံ့ၾသစရာေကာင္းသလဲ ဆိုေတာ့ အဲဒီနယ္ေျမ၊ အဲဒီေဒသမွာ ဘာမွ စီးပြားေရးမရွိေသာ္ျငားလည္း သူဖန္ဆင္းထားေတာ္မူတဲ့ သဘာ၀ သယံဇာတမ်ားအားျဖင့္ ဘုရားရွင္ေကာင္းၾကီးေပးခဲ့ပါတယ္။ အဲဒါနဲ႔ ကြ်န္ေတာ္တို႔ဟာ ရရွိလာတဲ့ ေငြေၾကး၊ ျမက္လာတဲ့ ေငြေၾကးမ်ားကို အနီးအနားတ၀ိုက္မွာရွိတဲ့ ယံုၾကည္သူ၊ မယံုၾကည္သူ ဆင္းရဲႏြမ္းပါးတဲ့သူမ်ားကို ကူညီမစတယ္။ ကြ်န္ေတာ့္အမ်ိဳးသမီးဆိုရင္ ဆင္းရဲႏြမ္းပါးတဲ့သူကို ကူညီမစဖို႔ဆိုရင္ လံုး၀မတြန္႔တိုဘူး။ ကြွန္ေတာ္က (၁၀၀) ေပးပါဆိုရင္ သူက တစ္ေထာင္ေပးပါ။ အဲဒီလိုမ်ိဳး အားေပးတယ္။ အဲဒီလိုမ်ိဳး ကြ်န္ေတာ္တို႔က လိုက္ဖက္ညီၾကတဲ့ အခါၾကေတာ့ ရြာသြားရင္၊ အကၤ်ီ၀တ္သြားရင္ ျပန္လာရင္ မရွိေတာ့ဘူး၊ ဆင္းရဲတဲ့ အဖိုးအဖြားနဲ႔ ေတြ႔တဲ့အခါ ကြ်န္ေတာ္မၾကည့္ရက္ႏိုင္ဘူး။ အကၤ် ီခ်ြတ္ေပးခဲ့တယ္။ ပါသြားတဲ့ ပိုက္ဆံေပးခဲ့ပါတယ္။ သမၼာက်မ္းစာထဲမွာ ေဖၚျပတဲ့အတုိင္း ဆင္းရဲသားကို စြန္႔ၾကဲတဲ့သူဟာ ခ်မ္းသာတယ္။ ဟုတ္ပါတယ္။ အဲဒီ ဂတိေတာ္အတိုင္း ကြ်န္ေတာ္တို႔ တကယ္ခံစားရပါတယ္။ ဘုရားသခင္ဟာ သူ႔ကို အၾကြင္းမဲ့ ယံုၾကည္ျပီးေတာ့ အမႈေတာ္ျမတ္မွာ ပါ၀င္သြားတဲ့အခါ ဘုရားသခင္ ေကာင္းၾကီးေပးတယ္ ဆိုတာ ကြ်န္ေတာ္ေတြ႔ရတယ္။
ဒီေန႔ ေျမာက္မ်ားစြာေသာ သူေတြ ကြ်န္ေတာ့ဆီလာျပီး အလႈေငြလာေတာင္းၾကတယ္။ အလႈေငြလာေပးပါ။ ခင္ဗ်ားတို႔ စီမံကိန္းက ဘီလီယံေလာက္ သန္းေပါင္း ဘယ္ႏွစ္ေထာင္နဲ႔ လုပ္ေနတာ .. အလႈေငြလာေပးပါ။ ကြ်န္ေတာ္ေျပာတယ္။ ခင္ဗ်ားတို႔ ဆုေတာင္းပါ။ ကြ်န္ေတာ္ပိုင္တဲ့ေငြမဟုတ္ဘူး၊ ကြ်န္ေတာ္ဟာ ဘုရားသခင္ရဲ့ ဘ႑ာထိန္းပဲ၊ ဒီေန႔ ဘုရားသခင္ ကြ်န္ေတာ့ကို အပ္ႏွံထားတဲ့ ေငြပဲ။ ဘုရားဆီ ေတာင္းပါ။ ဘုရားေဖၚျပလို႔ တို႔ထိေပးရင္ ေပးပါမယ္။ အားလံုးေပးမွာပဲ။
အခုန ေျပာတဲ့ အေၾကာင္း ျပန္ဆက္ရရင္ အဲဒီပစၥည္းကို ေဟာင္ေကာင္တင္ပို႔လိုက္တယ္။ သူတို႔လည္း သေဘာက်ၾကတယ္။ ကေနဒါအထိ တင္ပို႔ရတယ္။ ဒီေန႔လဲ ဆက္လက္ျပီး သူတို႔ထံ တင္ပို႔ေနရပါတယ္။ ကြ်န္ေတာ္တို႔ ဆက္လုပ္ရင္း (၂)ႏွစ္ (၃)ႏွစ္ ေဖၚစားျပီး၊ ျပည္သူလူထုက အကုန္လံုးသိေတာ့ အကုန္လံုး ေဖၚစားေတာ့ ကြ်န္ေတာ္မေဖၚေတာ့ပါဘူး။ အခု တံျမက္စီးျပီးေတာ့ သံုးႏွစ္ေလာက္ၾကာေတာ့ ကြွ်န္ေတာ္မေဖၚေတာ့ဘူး။ သူမ်ား အားလံုး လုပ္ၾကျပီဆိုေတာ့ ကြ်န္ေတာ္မလုပ္ေတာ့ဘူး။


အသီးကေလးေနာက္တမ်ိဳး
ေနာက္ထပ္ လုပ္ငန္းလိုတယ္..လို႔ ဘုရားသခင္ကို ေဖၚျပတယ္။ ဘုရားထံမွာ ဆုေတာင္းတယ္။ ကိုယ္ေတာ္ .. ေနာက္ထပ္ တစ္မ်ိဳးေတာ့ ထပ္ေပးပါဦး၊ ကိုယ္ေတာ္ကို ဆုေတာင္းတယ္။ ဆုေတာင္းတဲ့အခါ ဘုရားသခင္က ဘယ္ေလာက္အံ့ၾသစရာ ေကာင္းသလဲဆိုေတာ့ "အခါ" လူမ်ိဳးေတြဟာ ေတာရြာမွာ ေနတယ္။ တေန႔ေသာအခါမွာ လူမ်ိဳးအဖြားၾကီး ၂ေယာက္၊ ၃ေယာက္ဟာ အသီးကေလးတစ္မ်ိဳးပါလာျပီး ေစ်းမွာ လိုက္ေရာင္းတယ္။ စားလို႔လည္းရတယ္။ ဒါေပမဲ့ အရသာက စပ္ရွိန္း၊စပ္ရွိန္းျဖစ္တယ္။ အဲဒါနဲ႔ ကြ်န္ေတာ္ၾကည့္လိုက္တဲ့အခါ တရုပ္ဘယေဆးမွာပါတဲ့ တရုပ္ႏိုင္ငံမွာ အင္မတန္နာမည္ၾကီးတဲ့ တန္ဘိုးၾကီးတဲ့ ေဆးဆိုတာ ကြ်န္ေတာ္သိလိုက္တယ္။ သူတို႔ကို ေမးၾကည့္တယ္။ ဒီပစၥည္းေတြက ဘယ္ကရသလဲ၊ ရြာအနီးအနားမွာ သူဖာသာ သဘာ၀နဲ႔ တအားေပါက္တာဘဲ..တဲ့။ အဲဒါနဲ႔ ကြ်န္ေတာ္ ရြာကိုသြားျပီးေတာ့ ရြာသားေတြနဲ႔ ဘုရားရွိခိုးတယ္။ ေယရႈခရစ္ေတာ္အေၾကာင္းကို သက္ေသခံတယ္။ သူတို႔နဲ႔ မိတ္သဟာရဖြဲ႔တယ္။ သူတို႔ကိုလည္း လုပ္ငန္းပိုင္းဆိုင္ရာေရာ အားလံုး လမ္းျပေပးပါတယ္။ ခုန ေျပာတဲ့ အသီးကိုလည္း ကြ်န္ေတာ္ေဖာ္ထုတ္ျပီးေတာ့ အေျခာက္ျပဳလုပ္တယ္။ တရုပ္ႏိုင္ငံအထိ တင္ပို႔ေရာင္းခ်တယ္။ ဒီကေန႔ အထိ၊ အင္မတန္နာမည္ၾကီးတဲ့ တရုပ္ဘယေဆးမွာ ပါ၀င္တဲ့ ေဆးျဖစ္ပါတယ္။
ဒီလုပ္ငန္းေတြလုပ္ကိုင္ရတာ ပိုက္ဆံမရဘူးလား..ဆိုေတာ့ ရတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ဘုရားသခင္ကို ေျပာတယ္။ ကိုယ္ေတာ္... ဒီေလာက္နဲ႔မျဖစ္ေသးဘူး။ ကိုယ္ေတာ္ရွင္ဘုရားရဲ့ ဘုန္းေတာ္၊ တန္ခိုးေတာ္၊ နာမေတာ္သည္ ျမန္မာႏိုင္ငံမွာ ကြ်န္ေတာ္တို႔ကို ျမင္တာနဲ႔တျပိဳင္ထဲ မယံုၾကည္ေသာသူမ်ား ျမင္ျခင္းအားျဖင့္ ယံုၾကည္လာေအာင္၊ ယံုၾကည္သူမ်ားျမင္ျခင္းအားျဖင့္ ခြန္အားရလာေအာင္ ကြ်န္ေတာ္လွဴခ်င္ပါတယ္ ....လို႔ ကိုယ္ေတာ္၊ အဲဒီေလာက္အထိ ကြ်န္ေတာ္တို႔ကို ခ်ီးေျမွာက္ပါ။ ျပင္ဆင္ေပးပါ။ ရရွိလာတဲ့ ေငြေၾကးမွန္သမွ်လည္း ကိုယ္ေတာ္ရွင္ဘုရားရဲ့ အမႈေတာ္ျမတ္မွာ ပါ၀င္မဲ့ေငြေၾကးပဲလို႔ .. လင္မယား(၂)ေယာက္စလံုး ဆက္ကပ္ဆုေတာင္းပါတယ္။ အဲဒီလို ဆုေတာင္းရင္းနဲ႔ လုပ္ငန္းပိုင္းဆိုင္ရာ ေဖာ္ထုတ္တယ္။ အဲဒီေဒသမွာလည္း တိုးတက္လာတယ္။ ဖြံ႔ျဖိဳးလာတယ္။ ကြ်န္ေတာ္တို႔လည္း ေငြေၾကး ေျမာက္မ်ားစြာရလာပါတယ္။
ဘုရားေက်ာင္းေဆာက္လုပ္
ရလာတဲ့ ေငြေၾကးထဲမွာ မိမိ မိသားစူရဲ့ စား၀တ္ေနေရး ေနထိုင္ေရးအတြက္ေလာက္ပဲ ယူျပီး၊ က်န္တဲ့ေငြကို အဲဒီေဒသမွာပဲ ျပန္လည္ပါ၀င္ပါတယ္။ ကြ်န္ေတာ္ဆိုရင္ အဲဒီအခ်ိန္က တာခ်ီလိတ္မွာ ကြွ်န္ေတာ့္ရဲ့ အိမ္မေဆာက္ေသးပါဘူး။ တာခ်ီလိတ္ ဘုရားေက်ာင္း လိုတယ္လို႔ ကြ်န္ေတာ္ျမင္တဲ့အခါ ကြ်န္ေတာ္တို႔ သစ္လုပ္ငန္းလုပ္ေနရင္းနဲ႔ ရရွိလာတဲ့ ေငြေၾကး မွန္သမွ်ကို ပံုေအာျပီးေတာ့မွ တာခ်ီလိတ္ ႏွစ္ျခင္းဘုရားေက်ာင္း ေဆာက္လိုက္တယ္။ ကြ်န္ေတာ့္အိမ္ ကြ်န္ေတာ္မေဆာက္ေသးပါဘူး။ ဒါေပမဲ့ ကြ်န္ေတာ္အရင္ဆံုး ဘုရားေက်ာင္းေဆာက္လိုက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္ရဲ့ ႏႈတ္ကပတ္ေတာ္တရားမွာ ပါတယ္။ ကြ်န္ေတာ္တို႔ ဒီေန႔ ဘုရားသခင္ရဲ့ ေနာက္လိုက္ေတြက ဘာျဖစ္လို႔ ဆင္းရဲလဲဆိုေတာ့ ဘုရားသခင္ရဲ့ အိမ္ေတာ္ဟာ စုတ္ျပက္ေနတယ္။ အဲဒါေၾကာင့္ ဒီလူေတြကို ဘုရားသခင္က ဆင္းရဲခိုင္းတာ၊ ဒါေၾကာင့္ ဒီလူေတြကို ဘုရားသခင္က ဒုကၡေရာက္ခိုင္းတာ ..တဲ့။ ဟဂၢဲ က်မ္းမွာ ဖတ္ၾကည့္ပါ။

(ဟဂၢဲ ၁း၆ သင္တို႔သည္ မ်ားစြာေသာ မ်ိဳးေစ့ ကိုႀကဲေသာ္လည္း အသီးအႏွံနည္းပါးရ၏။ စားရေသာ္လည္း ဝစြာမစားရၾက။ ေသာက္ရေသာ္လည္း ဝစြာမေသာက္ ရၾက။ အဝတ္ကို ဝတ္ရေသာ္လည္း ေႏြးစြာမဝတ္ရၾက။ အလုပ္လုုပ္၍ အခကိုခံရေသာ္လည္း မလံုေသာအိတ္ထဲမွာ သိုထားရ၏။ You have planted much, but have harvested little. You eat, but never have enough. You drink, but never have your fill. You put on clothes, but are not warm. You earn wages, only to put them in a purse with holes in it.” မုရန္)
ဖတ္ၾကည့္ပါ။ ကြ်န္ေတာ္ အဲဒီက်မ္းပိုဒ္ကိုကို ဖတ္လိုက္တဲ့အခါ အင္မတန္ခြန္အားရတယ္။ ဟာ.. ဒါဆိုရင္မျဖစ္ဘူး။ ဒီေန႔ တာခ်ီလိတ္ႏွစ္ျခင္းဘုရားေက်ာင္း၊ ဘုရားရဲ့အိမ္ေတာ္ဟာ ပ်ိဳပ်က္ေနတယ္။ အက္ေနျပီး၊ ကြဲေနျပီး၊ မိုးရြာရင္ ေရေတြ၀င္ျပီး ပိုက္ဆံရွိတဲ့လူေတြက အိမ္မွာ ပန္ကာနဲ႔ ဇိမ္နဲ႔ အားလံုးရွိၾကပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ အဲဒီက်မ္းပိုဒ္ကို ဖတ္မိတဲ့အခါ ကြ်န္ေတာ္က ေကာင္းျပီ၊ တာခ်ီလိတ္ ႏွစ္ျခင္းဘုရားေက်ာင္းကို ကြ်န္ေတာ္တို႔ တာ၀န္ယူမယ္ ဆိုျပီး ရွိရွိသမွ်ေငြနဲ႔ အဲဒီဘုရားေက်ာင္းကို ေဆာက္တယ္။ ေဆာက္လိုက္တဲ့အခါ ဘုရားရလည္း အံ့ၾသစရာထပ္ျပီး လမ္းဖြင့္ေပးတယ္။


မစၥတာခြ်န္း
ကြ်န္ေတာ္ဟာ ထိုင္းႏိုင္ငံမွာရွိတဲ့ မစၥတာခြ်န္းနဲ႔ ေတြ႔ခဲ့ပါတယ္။ မစၥတာခြ်န္းက သူ႔ရဲ့လုပ္ငန္းမွာ ပါ၀င္ကူညီ လုပ္ကိုင္ဖို႔ လူ (၄ေယာက္) လာေခၚပါတယ္။ (၄)ေယာက္လာေခၚတဲ့အခါ (၄)ေယာက္စလံုး လူငယ္ေတြပါပဲ။ အားလံုး သူ႔ရဲ့လုပ္ငန္းမွာ ပါ၀င္တဲ့အခါ ကြ်န္ေတာ့္အေနနဲ႔ အျမဲတမ္း ႏႈတ္ကပါတ္ေတာ္မွာ သြန္သင္တဲ့အတိုင္း ကြ်န္ေတာ္ ယံုၾကည္လိုက္ေလွ်ာက္တယ္။ ႏႈတ္ကပါတ္ေတာ္ ထဲမွာ သူ႔တပါးဆီမွာ အလုပ္လုပ္ရင္၊ ေသးငယ္တဲ့အမႈအရာကေန သစၥာရွိရမယ္။ ကိုယ့္ရဲ့လုပ္ငန္းရွင္အေပၚမွာ သစၥာရွိရမယ္ ..ဆိုတဲ့အတုိင္း ကြ်န္ေတာ္ သူ႔ရဲ့လုပ္ငန္း မွန္သမွ်ကို သစၥာရွိစြာ ေဆာင္ရြက္ပါတယ္။ သူခိုင္းသမွ် လုပ္ငန္းမ်ားကို ကြ်န္ေတာ္ တေသြမတိမ္း ျပီးစီးေအာင္ေဆာင္ရြက္တယ္။ အမွားအယြင္းမရွိေအာင္ ထိန္းသိမ္းခဲ့ပါတယ္။ြ
အဲဒါေၾကာင့္လည္း ကြ်န္ေတာ္ဟာ သူ႔ရဲ့စီးပြားေရးလုပ္ငန္း၊ သူ႔ရဲ့ ေငြေၾကးလုပ္ငန္းမွ စ၍ သူ႔ရဲ့ နယ္စပ္ေဒသ သစ္လုပ္ငန္းေတြမွာ ကြ်န္ေတာ္ပါ၀င္ျပီး ေဆာင္ရြက္တယ္။ အဲဒီလို ေဆာင္ရြက္တဲ့အခါ အျခား၊ အျခားေသာလူဆိုရင္ေတာ့ သူကလခနဲ႔ ေပးပါတယ္။ အလုပ္စ၀င္တုန္းက ကြ်န္ေတာ့ကို ေမးပါတယ္။ လခ ဘယ္ေလာက္ယူမလဲ..တဲ့။ ကြ်န္ေတာ္ သူ႔ကို ေျပာတယ္။ ဆရာ ..ကြ်န္ေတာ္ကို သံုးၾကည့္ပါ။ ကြ်န္ေတာ့အေနနဲ႔ လခေတာ့ မေျပာပါရေစနဲ႔..။ ကြ်န္ေတာ္လုပ္တဲ့ လုပ္ငန္းအေပၚမွာ အေျချပဳျပီးေတာ့ ဆရာ့အေနနဲ႔ ကြ်န္ေတာ့ကို ေပးရင္ ကြ်န္ေတာ္ေက်နပ္ပါတယ္..လို႔ ဆိုေတာ့ ကြ်န္ေတာ္လုပ္ေဆာင္သမွ် လုပ္ငန္းအေပၚမွာ သူကျမင္လာတယ္။ ကြ်န္ေတာ္အျမဲတမ္း ဘုရားသခင္ကို ဆုေတာင္းတယ္။ ကိုယ္ေတာ္... ကိုယ္ေတာ္ဟာ အသက္ရွင္တဲ့ ဘုရားျဖစ္ပါတယ္။ ကြ်န္ေတာ့္ကို အလုပ္ျပင္ဆင္ေပးတာလဲ ကိုယ္ေတာ္ပဲျဖစ္ပါတယ္။ ကြ်န္ေတာ္လည္း သစၥာရွိစြာ လုပ္ေဆာင္ပါမယ္။ ကိုယ္ေတာ္၏ ဘုန္းေတာ္၊ တန္ခိုးေတာ္၊ နာမေတာ္ ထင္ရွားႏိုင္ဖို႔ရန္အတြက္ အလုပ္လုပ္တဲ့အခါ ကိုယ္ေတာ္၏ ကြ်န္၊ ကြ်န္ေတာ္မ်ိဳးကိုလည္း ခ်ီးေျမွာက္ေတာ္မူပါလို႔ ..ဆက္ကပ္ဆုေတာင္းတယ္။
သူခိုင္းသမွ်လုပ္ငန္းကို ျမန္မာႏိုင္ငံမွာေရာ၊ အျခားႏိုင္ငံမွာပါ အားလံုး တေသြမတိမ္း ကြ်န္ေတာ္ေဆာင္ရြက္ေပးပါတယ္။ သစၥာရွိစြာနဲ႔ ေဆာင္ရြက္ေပးတယ္။ အဲဒီလို ေဆာင္ရြက္တဲ့အခါ သူက ကြ်န္ေတာ့္ကို ဘာေျပာသလဲဆိုေတာ့ ခင္ဗ်ားဟာ လခနဲ႔ေတာ့ မဟုတ္ဘူးတဲ့။ ခင္ဗ်ားနဲ႔ ကြ်န္ေတာ္ဟာ Partner တဲ့။ ကြ်န္ေတာ္ခင္ဗ်ားကို ရွယ္ယာ Share ခြဲေပးမယ္။ Profit-Sharing တဲ့။ အဲဒီအခ်ိန္တံုးက အေဆာက္အဦလုပ္ငန္း Construction ငါးခုေလာက္ ရွိပါတယ္။ အဲဒီကစျပီးေတာ့ သူ ကြ်န္ေတာ့ကို Profit Sharing အေနနဲ႔ ထြက္လာသမွ် အျမက္အေပၚမွာ ကုန္ၾကမ္းအေပၚမွာပါ သူ ကြ်န္ေတာ့ကို အျမက္အစြန္းေပးတဲ့အခါ ကြ်န္ေတာ္ ပိုက္ဆံၾကီးၾကီးက်ယ္က်ယ္ ရလာပါတယ္။ ခ်မ္းလဲခ်မ္းသာလာပါတယ္။
အဲဒီ ေငြေၾကးေတြနဲ႔ပဲ၊ ကြ်န္ေတာ္ ဘုရားသခင္ရဲ့လုပ္ငန္းမွာ ပါ၀င္ပါတယ္။ ကြ်န္ေတာ္ ဘုရားသခင္ရဲ့ လုပ္ငန္းမွာ ပါ၀င္တဲ့အခါ ဆယ္ဖို႔တစ္ဖို႔၊ မကပါဘူး။ ဆယ္ဖို႔ ဘယ္ႏွစ္ဖို႔မွန္းရယ္ေတာ့ ကြ်န္ေတာ္မမွတ္မိပါဘူး။ တစ္နွစ္၊ တစ္ႏွစ္မွာ သန္းေပါင္း ရာနဲ႔ခ်ီျပီးေတာ့ ကြ်န္ေတာ္ ဘုရားသခင္ရဲ့လုပ္ငန္းမွာ ပါ၀င္ပါတယ္။ ဘုရားသခင္လုပ္ငန္းကို အဲဒီလို ပါ၀င္ေလေလ၊ ဘုရားသခင္ေကာင္းၾကီးေပးေလေလ ပဲဆိုတာ ကြ်န္ေတာ္ လက္ေတြ႔ခံစားရပါတယ္။


ေမဖလာ၀ါးထရိတ္ဒင္း
မစၥတာခြ်န္းနဲ႔ ကြ်န္ေတာ္က လုပ္ငန္းမ်ားကို ေလး..ငါး..ေျခာက္ႏွစ္ေလာက္ အတူတူ လုပ္ကိုင္တဲ့အခါမွာ ရန္ကုန္ျမိဳ႔မွာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း ထူေထာင္ဖုိ႔ ဘုရားရွင္ ကြ်န္ေတာ့္ိကု ေဖၚျပပါတယ္။ မိမိရဲ့လူမ်ိဳး၊ မိမိရဲ့ႏိုင္ငံ တိုးတက္ဖြံ႔ျဖိဳးေအာင္ လုပ္ဖို႔ လိုေနျပီျဖစ္ေၾကာင္း ဘုရားသခင္ ကြ်န္ေတာ့္ကို ေဖၚျပပါတယ္။ ဖြင့္လစ္တဲ့အခါ ကြ်န္ေတာ့္ညီရွိတယ္။ ညီႏွစ္ေယာက္ပါပါတယ္။ ဦးမိုးဇက္ကေတာ့ ပထမပိုင္းေတြ႔လိုက္တယ္။ ခဏေလး အိမ္ျပန္သြားတယ္။ ဘာေၾကာင့္အိမ္ျပန္သြားသလဲ ဆိုေတာ့ က်ိဳင္းတံုးမွာ သြားဆုေတာင္းေနတာ၊ ကြ်န္ေတာ္ရဲ့ လုပ္ငန္းေတြ လုပ္သင့္၊ မလုပ္သင့္ ေတာ္ေတာ္ၾကာ ဆုေတာင္းတယ္။ ဆုေတာင္းျပီး အေျဖရတဲ့အခါ သူကျပန္ေရာက္လာပါတယ္။ အဲဒါနဲ႔ ဒီေန႔အထိ ကြ်န္ေတာ္ရဲ့ လုပ္ငန္းမွာ လက္တြဲေဆာင္ရြက္ေနပါတယ္။
ေဒၚခင္သန္းေထြးကေတာ့ ေရာက္ေရာက္ခ်င္း ကြ်န္ေတာ္ၾကည့္ေတာ့ ပါးမွာ သနပ္ခါးေလးနဲ႔ လခ (၁၅၀၀ိ/) နဲ႔ စခန္႔ပါတယ္။ (မွတ္ခ်က္ - in 1989 exchange US$1.00=kyat 30). အင္မတန္မွ သစၥာရွိပါတယ္။ ဒီလိုသစၥာရွိတဲ့ ပုဂၢိဳလ္ဟာ ဘုရားသခင္ အျမဲတမ္းခ်ီးေျမွာက္ပါတယ္။ ရန္ကုန္မွာ စျပီးေတာ့ စီးပြားေရးလုပ္ငန္းျဖစ္တဲ့ Trading လုပ္ငန္းေတြ၊ သြင္းကုန္၊ထုတ္ကုန္ လုပ္ငန္းေတြ စတင္ျပီး လုပ္ကိုင္ပါတယ္။ ေမဖလား၀ါး Trading လုပ္ကိုင္ေနရင္း ဘုရားရဲ့ ေက်းဇူးေတာ္ေၾကာင့္ ဘဏ္လုပ္ငန္းကို လုပ္ပါဆိုတဲ့ ေဖၚျပခ်က္ကို ရပါတယ္။ ရတဲ့အခါမွာလည္း ဘုရားရားရွင္ကို ဆုေတာင္းတယ္။ ကိုယ္ေတာ္..ကိုယ္ေတာ္ရဲ့ ဂတိေတာ္ရွိပါတယ္။ ဘာပဲလုပ္လုပ္ ကြ်န္ေတာ္ယံုၾကည္သူဟာ ထိပ္ကပဲ ေနရမွာပဲ။ သူမ်ားထက္ကို သာကိုသာရမွာပဲ။ ကိုယ္ေတာ္ဟာ အသက္ရွင္တဲ့ ဘုရားျဖစ္ပါတယ္။ ကိုယ္ေတာ္ ကြ်န္ေတာ့္ကို ဆက္ျပီး တိုး၍ ေကာင္းၾကီးေပးသနားေတာ္မူပါ။ ဘဏ္ေတြ ဖြင့္တယ္။ ဖြင့္တဲ့အခါမွာလည္း ေအာင္ျမင္မႈ အျပည့္အ၀ ရတယ္။ ကြ်န္ေတာ္တို႔ ဒီေန႔ ျပည္တြင္းဘဏ္လုပ္ငန္း ဘဏ္ခြဲ(၁၁)ခု ဖြင့္ထားျပီးေတာ့ ျပည္ပ ဘဏ္လုပ္ငန္း ဘဏ္ခြဲ(၅)ခု အထိ ဖြင့္ျပီး ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ပထမဆံုး ATM စက္ေတြ၊ ဒီစက္ေတြဟာ အင္မတန္ခက္ခဲပါတယ္။ ရင္းႏွီးမတည္မႈေငြဟာလည္း ေဒၚလာသန္းနဲ႔ခ်ီျပီးေတာ့ ရင္းႏွီးရတယ္။ ဒါေတြဟာ လက္ထဲမွာ ေငြအဆင္သင့္ရွိလုိ႔ လုပ္တာမဟုတ္ပါဘူး။ ယံုၾကည္ျခင္းနဲ႔ျဖစ္ပါတယ္။ ဒီ Project သန္းေပါင္း (၇)ေထာင္ ကုန္မယ္။ ကိုယ္ေတာ္ .. ကိုယ္ေတာ္အလိုရွိလွ်င္ လုပ္မယ္လို႔ ဆက္ကပ္ျပီးေတာ့ ဘုရားရွင္ဆီက တိတိက်က်နဲ႔ ေဖၚျပခ်က္ရျပီးမွ ဒီ Project ကိုလုပ္ပါတယ္။ ေအာင္ျမင္တယ္။ လိုအပ္တဲ့ ေငြေၾကးကို ကြ်န္ေတာ္ရပါတယ္။


ဘုရားရွင္ထံဆုေတာင္းျပီးခြင့္ေတာင္း
ယခု ဖတ္ရႈေနတဲ့ ညီအစ္ကို ေမာင္ႏွမေတြလည္း အလားတူပဲ၊ ကြ်န္ေတာ္ ဘာကို တိုက္တြန္းခ်င္သလဲ ..ဆိုေတာ့၊ မိမိစီးပြားေရးလုပ္ငန္း တစ္ခုခု လုပ္ေတာ့မယ္ဆိုရင္ အရင္ဆံုး ဘုရားသခင္ကို ဆက္ကပ္ဆုေတာင္းပါ။ ဘုရားသခင္ဆီက တိက်တဲ့ အေျဖရရင္ စတင္လုပ္ေဆာင္ပါ။ ဘုရားရွင္ခြင့္ျပဳတဲ့အလုပ္ဆိုရင္ေတာ့ လုပ္သာလုပ္ပါ။ မေအာင္ျမင္စရာ အေၾကာင္းမရွိပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဘုရားသခင္ပါတာကိုး၊ ကြ်န္ေတာ္လည္း အဲဒီလိုပဲ ဘဏ္လုပ္ငန္းကို ေဆာင္ရြက္တဲ့အခါ ကိုယ္ကြ်မ္းက်င္လို႔ မဟုတ္ဘူး။ ဘဏ္လုပ္ငန္းမွာ ကြ်န္ေတာ္ ဘာမွ နားမလည္ပါဘူး။ ဒါေပမဲ့ ..ကိုယ္ေတာ္... ကိုယ္ေတာ္ဟာ အသက္ရွင္တဲ့ဘုရား၊ စၾကၤာ၀ဌာကို ဖန္ဆင္းတဲ့ဘုရား၊ ကိုယ္ေတာ္ နားမလည္ႏိုင္တဲ့အရာ တစ္ခုမွ မရွိပါဘူး။ ကိုယ္ေတာ္ဟာ အရာခပ္သိမ္းကို တပ္ႏိုင္တဲ့ဘုရားျဖစ္ပါတယ္။ ကြ်န္ေတာ္ ဒီလုပ္ငန္း လုပ္တဲ့အခါ ကိုယ္ေတာ္က ဦးစီး၊ဦးေဆာင္ လုပ္ပါ။ ကြ်န္ေတာ္က တံဆာပလာအျဖစ္ပဲ ပါ၀င္မွာျဖစ္ပါတယ္။ ဒီ ဘဏ္လုပ္ငန္းမွာလည္း ေအာင္ျမင္မႈကို ေပးပါ...လို႔ ဆုေတာင္းဆက္ကပ္ထားတဲ့အတိုင္း အံ့ၾသဘြယ္ေအာင္ျမင္မႈကို ဘုရားေပးပါတယ္။ ဒီေန႔ ကြ်န္ေတာ္တို႔ ဘဏ္လုပ္ငန္းမွာ ေငြ သန္းေပါင္းကိုးေထာင္နဲ႔ တစ္ေသာင္းနီးပါးေလာက္ လုပ္ကိုင္ေနရတဲ့အေျခအေနထိ ဘုရားသခင္ ေကာင္းၾကီးေပးပါတယ္။
သမၼာက်မ္းစာထဲမွာ ပါတယ္။ ေရႊကလည္း ဘုရားသခင္ပိုင္တာပဲ။ ေငြကလည္း ဘုရားသခင္ပိုင္တာပဲ။ ကြ်န္ေတာ္တို႔ ဘုရားသခင္ဆီ ဆက္ကပ္ဆုေတာင္းျပီး လုပ္ငန္းလုပ္ရင္ ဘုရားရွင္က ေကာင္းၾကီးေပးမွာ ျဖစ္ပါတယ္။ စက္ရံုလုပ္ငန္းလည္း အလားတူပဲ အံ့ၾသစရာေကာင္းပါတယ္။ ကြ်န္ေတာ္ ဘုရားရွင္ကို ဆုေတာင္းတယ္။ ကိုယ္ေတာ္... ျမန္မာႏိုင္ငံမွာေတာ့ ကုန္ေခ်ာထုတ္လုပ္တာကို ႏိုင္ငံေတာ္အေနနဲ႔ အားေပးျပီး ကုန္ၾကမ္းကို ႏိုင္ငံျခားသို႔ တင္ပို႔တာကို အားမေပးေတာ့ပါဘူး။ ျပည္တြင္းမွာ လုပ္ငန္းပိုမိုအဆင္ေျပ ေခ်ာေမြ႔ေစေရးနဲ႔၊ ျပည္သူလူထု ႏိုင္ငံေတာ္ကေန ကြ်န္ေတာ္တို႔ကို လမ္းညႊန္ေပးလိုက္တဲ့အခါ .. ကိုယ္ေတာ္.. သစ္လံုးထုတ္လို႔မရေတာ့ဘူး။ အရင့္ အရင္တုန္းကေတာ့ ျမန္မာ့သစ္လုပ္ငန္းဆီက သစ္လံုး ၀ယ္ျပီးထုတ္၊ ထုတ္သြားျပီးေရာင္းရင္ အျမက္ရတယ္။ ကိုယ္ေတာ္...အခု မျဖစ္ေတာ့ဘူး။ ဘယ္လိုလုပ္မလဲ. ..စက္ရံုေထာင္ဖို႔ လိုေနျပီ။


အထပ္သားစက္ရံုရင္းႏွီးျမွပ္ႏွံမႈ
အထပ္သားစက္ရံုတို႔၊ ေဖၚမီကာစက္ရံုတို႔ လုပ္မယ္ဆိုရင္ စက္ရံုနဲ႔ စက္ေတြအတြက္ ေဒၚလာဆယ္သန္း၊ ရင္းႏွီးမတည္ေငြ ေထာက္ထပ္ ဆယ္သန္း၊ အားလံုး သန္း၂၀ေလာက္ ရင္းႏွီးရမယ္။ ဒီအရင္းအႏွီးနဲ႔ ဒီစက္ရံုေထာင္ေတာ့မယ္၊ ကိုယ္ေတာ္ ..ေကာင္းတဲ့ Investor တစ္ေယာက္ေလာက္ ပို႔ေပးပါ...လို႔ ဆုေတာင္းတယ္။ ဆုေတာင္းတဲ့အခါ ဘုရားသခင္က တကယ္အံ့ၾသဖြယ္ အေျဖေပးခဲ့ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာ အေျခခ်တဲ့ မစၥတာခ်င္စုကို ဘုရားသခင္က ရန္ကုန္ခရီး ပို႔ေပးပါတယ္။ မစၥတာခ်င္စုဟာ ေလဆိပ္မွာ ကြ်န္ေတာ့္ကို လက္ဆြဲႏႈတ္ဆက္တာနဲ႔ တစ္ခါထဲ ကြ်န္ေတာ္ ခင္ဗ်ားကို ျမင္တာနဲ႔ ခင္ဗ်ားနဲ႔ကြ်န္ေတာ္ လုပ္ငန္းလုပ္ခ်င္တယ္။ ကြ်န္ေတာ္က "..မဟုတ္ပါဘူး။ နဲနဲ .ေလ့လာပါဦး.." အဲဒီညမွာပဲ မဟုတ္ဘူး။ ကြ်န္ေတာ့ကို လက္ခံပါ။ ကြ်န္ေတာ္ ခ်က္ျခင္းဆံုးျဖက္လိုက္မယ္..တဲ့။ ခင္ဗ်ား ဘာလုပ္ခ်င္သလဲ..စက္ရံုလုပ္မယ္ဆိုရင္..ကြ်န္ေတာ္ ခင္ဗ်ားနဲ႔လုပ္မယ္။ ....ဘုရားသခင္တန္ခိုးေတာ္ဟာ ဘယ္ေလာက္ အံ့ၾသစရာေကာင္းသလဲ...ဆိုေတာ့ ..လူ႔အေနနဲ႔စဥ္းစားရင္ ႏိုင္ငံျခား Investor ရင္းႏွီးျမွပ္ႏွံသူ တစ္ေယာက္ကို ေခၚရင္ စာေရးျပီး ရွင္းျပရမယ္။ အမ်ိဳးစံု လုပ္ေပးရမယ္။ ဒါေတာင္မွ သူတို႔က စဥ္းစားဦးမွာ..။
ဒါေပမဲ့ ရင္းႏွီးျမွပ္ႏွံသူ Investor က်ေတာ့ ဒီလုိမဟုတ္ဘူး။ ေလဆိပ္မွာ စေတြ႔ျပီး ကြ်န္ေတာ့ကို လက္ဆြဲႏႈတ္ဆက္တာနဲ႔ တျပိဳင္ထဲ သူကေျပာတယ္။ ကြ်န္ေတာ္ ခင္ဗ်ားနဲ႔ အလုပ္အတူတူလုပ္မယ္။ ဒါက ကြ်န္ေတာ္ ေတာ္လို႔လား...မဟုတ္ပါဘူး။ ကြ်န္ေတာ္ အရည္အခ်င္းရွိလုိ႔လား ...မဟုတ္ပါဘူး။ ကြ်န္ေတာ္ကိုးကြယ္တဲ့ ဘုရားသခင္ဟာ ခပ္သိမ္းေသာအရာကို တတ္ႏိုင္တဲ့ဘုရား၊ တန္ခိုးၾကီးတဲ့ ဘုရားသခင္ရဲ့ ၀ိညာဥ္ေတာ္တန္ခိုးဟာ သူ႔ကို တို႔ထိလိုက္တဲ့အခါ သူမခံႏိုင္ဘူး။ ကြ်န္ေတာ္နဲ႔ လက္ဆြဲ ႏႈတ္ဆက္တာနဲ႔ ကြ်န္ေတာ္နဲ႔ အလုပ္လုပ္ခ်င္တယ္။ ေဒၚလာသန္းေပါင္း ဘယ္ေလာက္ကုန္မွာလဲ ...တဲ့။ ကြ်န္ေတာ္ပါ၀င္ပါရေစ..တဲ့။ ကြ်န္ေတာ္ သူ႔ကို ရွင္းျပတယ္။ အထပ္သားစက္ရံုတစ္ခု လုပ္ၾကရေအာင္။ ဟာ.. ဒါဆိုရင္ ဟုတ္ျပီ...တဲ့။ ကြ်န္ေတာ္ဆံုးျဖတ္လိုက္ျပီ။ စက္ကို ကြ်န္ေတာ္ျပန္သြားျပီး ၀ယ္မယ္တဲ့။ ဘာမွ သေဘာတူညီခ်က္ Agrement မထိုးဘူး။ အဲဒီလို ေျပာျပီးေတာ့ ဒီမွာ ၂ရက္ - ၃ရက္ေလာက္ ေနျပီးတဲ့အခါ ဖိလစ္ပိုင္ႏိုင္ငံကို ျပန္ျပီး ခ်က္ခ်င္း အထပ္သားစက္ရံုအတြက္ စက္ေတြ၀ယ္ျပီး ဟုိကေန ပို႔ေတာ့မယ္လုပ္ေတာ့ ..ကြ်န္ေတာ္တဲ့။က ေနပါဦး၊ ဒီမွာက ေလွ်ာက္လႊာေတြေတာင္ မတင္ရေသးဘူး။ မပို႔ပါနဲ႔အံုး..လို႔ .. အဲဒီေလာက္အထိ တားယူရတယ္။

သစၥာရွိေသာဘုရား
ဒါ ကြ်န္ေတာ္၊ ဘာဆိုလိုခ်င္သလဲ..ဆိုေတာ့၊ ဘုရားသခင္ဟာ အသက္ရွင္ေတာ္မူတဲ့ ဘုရား၊ ကြ်န္ေတာ္တို႔ လုပ္ငန္းတစ္ခုခု လုပ္တဲ့အခါ မိမိအမူအရာကို ထာ၀ရဘုရား၌ အပ္ေလာ့။ သို႔ျပဳလွ်င္ စီရင္ေပးမယ္...ဆိုတဲ့ ဘုရားဂတိေတာ္ကို ဘယ္ေတာ့မွ မပ်က္ကြက္ဘူး။ ပ်က္ကြက္တာ ခင္ဗ်ားတို႔ ကြ်န္ေတာ္တို႔ပဲ။ သစၥာမရွိတာ ခင္ဗ်ားတို႔၊ ကြ်န္ေတာ္တို႔ပဲ။ ဘုရားသခင္ကေတာ့ အျမဲတမ္း သစၥာရွိတယ္။ အျမဲတမ္း ဂတိတည္တယ္။ အခုနက ေျပာတဲ့အတိုင္း ဘုရားသခင္က သစၥာရွိတယ္။ ယခုဘ၀၊ ေနာင္ဘ၀နဲ႔ စပ္ဆိုင္တဲ့ ဂတိေတာ္ကို ေပးတဲ့ဘုရား။ အဲဒီ ဂတိေတာ္ကို ေပးတဲ့ဘုရားသခင္ကို ဒီကေန႔ ကြ်န္ေတာ္တို႔ အခ်ိန္မေႏွာင္းေသးဘူး။ ယခု ဖတ္ရႈေနတဲ့ ညီအစ္ကို၊ ေမာင္ႏွမမ်ားထဲမွာ စီးပြားေရးလုပ္ငန္းရွင္လည္း ရွိမွာပဲ။ အသက္အရြယ္ၾကီးတဲ့လူလည္း ရွိမွာပဲ။ အခ်ိန္ေနာက္မက်ေသးဘူး။ ယခုအခ်ိန္ဟာ တကယ္ ဘုရားသခင္ေကာင္းၾကီးေပးတဲ့အခ်ိန္ပဲ။




အိမ္ယာစီမံကိန္း
မစၥတာခ်င္စုဟာ (၇၄)ႏွစ္ ရွိျပီ။ ကြ်န္ေတာ္တို႔ စက္ရံုလုပ္တဲ့အခါ သူဘာေျပာသလဲ ဆိုေတာ့၊ ကြ်န္ေတာ္တို႔ကို ခြင့္ျပဳခ်က္ အနည္းဆံုး အႏွစ္(၆၀) ေတာင္းေပးပါ ..တဲ့။ သူက (၇၄)ႏွစ္ရွိျပီေနာ္.. အႏွစ္(၆၀)ေတာင္းခိုင္းတယ္။ တကယ့္ကို စိတ္အားၾကီးပါတယ္။ အဲဒါနဲ႔ပဲ သူနဲ႔ပတ္သက္ျပီးေတာ့ ကြ်န္ေတာ္ ဖိလစ္ပိုင္ႏိုင္ငံကို ခဏခဏ ေရာက္သြားတယ္။ ဖိလစ္ပိုင္ႏိုင္ငံေရာက္တဲ့အခါ သူလုပ္ထားတဲ့ လုပ္ငန္းေတြက ေတာ္ေတာ့ကို ၾကီးက်ယ္တယ္။ အဲဒီအထဲမွာ အိမ္ယာစီမံကိန္းေတြ လုပ္ဖို႔ တကယ္အင္မတန္ လိုအပ္ပါသလား။ သူမ်ားႏိုင္ငံမွာ ဒီေလာက္ေတာင္ တိုးတက္ဖြံ႔ျဖိဳးေနျပီး ကြ်န္ေတာ္တုိ႔ႏိုင္ငံလည္း တိုးတက္ဖြံ႔ျဖိဳးေအာင္ လုပ္ဖို႔လိုအပ္ေနျပီလုိ႔ .. ကြ်န္ေတာ္စိတ္ထဲမွာ ခံစားရတဲ့အခါမွာ ဘုရားရွင္ကို ဆုေတာင္းတယ္။
ကိုယ္ေတာ္.... ကြ်န္ေတာ္တို႔ႏိုင္ငံ တိုးတက္ဖြံ႔ျဖိဳးေအာင္ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ ရွိတဲ့ လူၾကီးေတြ ေကာင္းၾကီးေပးပါ။ ကြ်န္ေတာ့္ကိုလည္း ေကာင္းၾကီးေပးပါ။ ကြ်န္ေတာ္တို႔ အိမ္ယာစီမံကိန္း လုပ္တဲ့အခါ ဘယ္လိုေဆာက္မလဲ။ ဘယ္လို လုပ္ရမလဲ၊ လမ္းျပေပးပါလို႔... ဘုရားသခင္ကို ဆုေတာင္းတယ္။ ဆုေတာင္းတဲ့အခါ ဘုရားကလည္း ေကာင္းၾကီးေပးလွ်က္ လမ္းျပပါတယ္။ အိမ္ယာစီမံကိန္း တစ္ခုျပီးတစ္ခု၊ ကြ်န္ေတာ္ေဆာင္ရြက္တာ၊ ေဆာင္ရြက္သမွ် အိမ္ယာစီမံကိန္းေတြ အားလံုး၊ ဘုရားသခင္ ေကာင္းၾကီးေပးပါတယ္။ အိမ္ယာစီမံကိန္းမွာ အိမ္ေတြ ေရာင္းေတာ့မယ္လို႔ ေျပာလိုက္ရင္ ႏွစ္ပတ္အေတာအတြင္း အားလံုးကုန္သြားတယ္။ ဒါဟာ ဘယ္သူလုပ္ေပးလို႔လဲ... ဘုရား..ပါ၀င္လုိ႔ ဘုရားရွင္လုပ္ေပးလို႔ ဘုရားသခင္ေကာင္းၾကီးေပးလို႔ ျဖစ္ပါတယ္။
အဲဒါနဲ႔... အဲဒီ မစၥတာခ်င္စုနဲ႔ လုပ္ငန္းအတူတူ ပူးေပါင္းလုပ္တဲ့အခါ ကြ်န္ေတာ္ ဖိလစ္ပိုင္ႏိုင္ငံကို မၾကာခဏ သြားရပါတယ္။ ေရာက္တဲ့ေနရာမွာ ကြ်န္ေတာ္ ဘုရားေက်ာင္းတက္တယ္။ တစ္ေန႔က်ေတာ့ ဘုရားေက်ာင္းေရာက္ေတာ့ ၀တ္ျပဳအစည္းအေ၀းမွာ သက္ေသခံၾကတယ္။ ကြ်န္ေတာ္လည္း တက္ျပီးေတာ့ သက္ေသခံတာပဲ။ ေယရႈခရစ္ေတာ္ဟာ အသက္ရွင္တဲ့ ဘုရားျဖစ္ေၾကာင္း၊ ကြ်န္ေတာ့ကို ဘယ္လုိ၊ ဘယ္လို ေကာင္းၾကီးေပးတဲ့အေၾကာင္း၊ ဒီကေန႔ အထိတိုင္ေအာင္း ဘယ္ေလာက္ထိ တန္ခိုးၾကီးတဲ့အေၾကာင္း သက္ေသခံတယ္။
ႏိုင္ငံေတာ္ႏွင့္ေျဖာင့္မတ္ျခင္းအရင္ရွာ
ေနာက္က်ေတာ့ ပုဂၢိဳလ္တစ္ေယာက္လဲ တက္ျပီး သက္ေသခံတယ္။ သူက သက္ေသခံတဲ့အခါမွာ သူ႔ရဲ့အသက္တာကို ဘုရားသခင္က ဘယ္လိုေကာင္းၾကီးေပးလို႔ တိုင္၀မ္ႏိုင္ငံကေန ဖိလစ္ပိုင္ႏိုင္ငံ ေရာက္လာတဲ့အေၾကာင္း၊ ဖိလစ္ပိုင္ႏိုင္ငံမွာ ဘယ္ေလာက္အထိ ခ်မ္းသာျပီးေတာ့ ဒီေန႔ တိုင္၀မ္ႏိုင္ငံမွာ ဒုတိယအဆင့္ထိ ခ်မ္းသာတဲ့သူ ျဖစ္ေၾကာင္း သက္ေသခံတယ္။ ကြွန္ေတာ္ ၾကားေတာ့ သိပ္အားက်သြားတာပဲ။ အဲဒီပုဂၢိဳလ္ဟာ ဒီေလာက္ေတာင္ ခ်မ္းသာတယ္။ ကြ်န္ေတာ္လည္း ဘုရားသခင္ နာမေတာ္နဲ႔ ျမန္မာႏိုင္ငံမွာ ခ်မ္းသာခ်င္တယ္။ ဘာပဲျဖစ္ျဖစ္ ခ်မ္းသာတယ္ဆိုတာ ၀ါၾကြားဖို႔မဟုတ္ပါဘူး။ ဘုရားသခင္ဟာ အသက္ရွင္တဲ့ဘုရား၊ ၾကြယ္၀တဲ့ဘုရား၊ ဂတိတည္တဲ့ဘုရားျဖစ္ေၾကာင္း ကြ်န္ေတာ္ရဲ့ အသက္တာအားျဖင့္ သက္ေသထူဖို႔ ျဖစ္ပါတယ္။ ယံုၾကည္သူမ်ားအေနနဲ႔ ကြ်န္ေတာ့္ကို ျမင္ျခင္းအားျဖင့္ ကိုယ္ေတာ့ကို ပိုမိုအားကိုးခ်င္လာေအာင္ ယံုၾကည္ျခင္း ပိုမိုတိုးပြားေအာင္၊ မယံုၾကည္သူမ်ားအေနနဲ႔ ကြ်န္ေတာ္တို႔ လုပ္ငန္းမ်ားကို ျမင္တဲ့အခါ ေယရႈခရစ္ေတာ္ဟာ အသက္ရွင္တဲ့ ဘုရားရွင္ျဖစ္ေၾကာင္း၊ သိရွိျပီး ယံုၾကည္လက္ခံဖို႔ရန္ ကြ်န္ေတာ္ကိုလည္း ခ်မ္းသာခြင့္ျပဳပါလို႔... အဲဒီကတည္းက အဲဒီဘုရားေက်ာင္းမွာ ကြ်န္ေတာ္စျပီး ဆုေတာင္းတယ္။
အဲဒီပုဂၢိဳလ္ကို ကြ်န္ေတာ္က ခင္ဗ်ား ဒီေလာက္ခ်မ္းသာတယ္ဆိုေတာ့ ခင္ဗ်ား ဘာလုပ္ငန္းလုပ္လဲ၊ ဘယ္လိုခ်မ္းသာလာသလဲ...နည္းနည္းအေသးစိတ္ ေျပာျပပါဦးလို႔ ကြ်န္ေတာ္ေမးေတာ့ သူက ကြ်န္ေတာ့ကို ေျပာျပတယ္။ တိုင္၀မ္မွာ သူ၊ ေန႔တိုင္း ဘုရားေက်ာင္းတက္တယ္။ ဧ၀ံေဂလိ လုပ္ငန္းမွာ ပါ၀င္တယ္။ သင္းအုပ္ဆရာေတြ၊ တရားေဟာဆရာေတြလည္း ေဟာၾကားပါတယ္။ ဘုရားသခင္၏ ႏိုင္ငံေတာ္နဲ႔ ေျဖာင့္မတ္ျခင္း တရားကို ေရွးဦးစြာရွာပါ။ က်န္တဲ့အရာေပးမဲ့အေၾကာင္း ဧ၀ံေဂလိလုပ္ငန္းမွာ ပါ၀င္ရင္ေတာ့ ေကာင္းၾကီးမဂၤလာ ရမဲ့အေၾကာင္း ၾကားတဲ့အခါမွာ သူ႔မိန္းမနဲ႔တိုင္ပင္တယ္။ ငါတို႔ေတာ့ ဆုေတာင္းဖို႔ လိုေနျပီ၊ ဘုရားသခင္ကေတာ့ ငါတို႔ကို တစ္ခုခု စီစဥ္ေပးမွာပဲ ဆိုျပီး လင္မယား၂ေယာက္စလံုး သားသမီးေတြနဲ႔ ဆက္ကပ္ဆုေတာင္းတဲ့အခါ တစ္ေန႔ၾကေတာ့ ဘုရားသခင္ သူ႔ကို ဘာေဖၚျပသလဲ ဆိုေတာ့ ဖိလစ္ပိုင္ႏိုင္ငံကို သြားပါ။ အဲဒီလိုပဲ သူ႔ကို ဘုရားသခင္က ဖိလစ္ပိုင္ႏိုင္ငံကို သြားခိုင္းတာ သူစဥ္းစားတယ္။ ဖိလစ္ပိုင္မွာ မုန္တိုင္းလဲရွိတယ္။ စီးပြားေရးလည္း မေကာင္းဘူး။ ကြ်န္ေတာ္ အဲဒီေနရာသြားရင္ ဘယ္ျဖစ္မလဲ၊ ဒါေပမဲ့ ေနာက္ဆံုးေတာ့ ဘုရားသခင္ေဖၚျပတဲ့အတုိင္း သူ႔အမ်ိဳးသမီးနဲ႔အတူ ဆက္ကပ္ဆုေတာင္းျပီးေတာ့ ဖိလစ္ပိုင္ႏိုင္ငံကို သြားတယ္။ ေရာက္သြားတဲ့အခါ ေနရာအႏွံအျပားမွာ အလုပ္လိုက္ရွာတယ္။ အဲဒီလုိ အလုပ္လိုက္ရွာရင္း တစ္ေန႔က်ေတာ့ ပင္လယ္ကမ္းေျခမွာ လမ္းေလွ်ာက္တဲ့အခါ အုန္းပင္ေတြ အမ်ားၾကီး သူျမင္တယ္။ ျမင္တဲ့အခါ အဲဒီမွာ အုန္းသီးေစ်း သူေမးၾကည့္တဲ့အခါ တစ္လံုးကို ၂ပီဆို (US$ 5 cent = 2 peso) ေလာက္ေပးရတယ္။ အေကာင္းဆံုးဆို တစ္လံုးကို ၃ပီဆို သာမန္အားျဖင့္ အမ်ားၾကီးယူရင္ေတာ့ တစ္လံုးကို (၁)ပီဆိုနဲ႔ေတာင္ ရတယ္။
အဲဒီ အုန္းံုသီးေတြကို သူျမင္တဲ့အခါ သူက .. ကိုယ္ေတာ္ရဲ့ေက်းဇူးေတာ္ကို ခ်ီးမြမ္းပါတယ္။ ကိုယ္ေတာ္ ကြွန္ေတာ့ကို ဒီကိုပို႔ေဆာင္တာ ဒီအုန္းသီးအားျဖင့္ ကြ်န္ေတာ္ ခ်မ္းသာမွာပဲ လို႔ ကြ်န္ေတာ္ယံုၾကည္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာ အုန္းသီးပင္ အင္မတန္ေပါမ်ားပါတယ္။ သူက ဘုရားသခင္ သူ႔်ကို ေဖၚျပတဲ့အတုိင္း အဲဒီလိုပဲ ေက်းဇူးေတာ္ခ်ီးမြမ္းျပီး ဆုေတာင္းတယ္။ ျပီးေတာ့ ဆက္လက္လမ္းေလွ်ာက္လာတဲ့အခါ ဂ်ပန္အုပ္စုနဲ႔ သြားေတြ႔တယ္။
ဂ်ပန္အုပ္စုနဲ႔ ေတြ႔တဲ့အခါ မိတ္ဖြဲ႔တယ္။ ဘယ္ကလာသလဲ၊ ဘာ..ညာနဲ႔။ ခင္ဗ်ားက ယံုၾကည္သူလား၊ ဂ်ပန္အုပ္စုကလည္း ကြ်န္ေတာ္တို႔လည္း ယံုၾကည္သူပဲ ဆိုျပီး မိတ္ဖြဲ႔လိုက္ၾကတဲ့အခါ တစ္ေယာက္နဲ႔ တစ္ေယာက္ သိသြားၾကတယ္။ သိသြားတဲ့အခါ စကားေျပာရင္းနဲ႔ ဂ်ပန္အုပ္စုက လူေတြက ခင္ဗ်ားဒီမွာ ဘာအလုပ္လုပ္လဲ ဆိုေတာ့ ကြ်န္ေတာ္ ဘာမွ အလုပ္မရွိပါဘူး။ ဒါေပမဲ့ ဂ်ပန္အုပ္စုက ကြ်န္ေတာ္တို႔ ဖိလစ္ပိုင္ႏိုင္ငံကလာတာ စီးပြားလာရွာတာ၊ အုန္းရည္ ဂ်ပန္ႏိုင္ငံတင္ပို႔ရန္ အတြက္ ကြ်န္ေတာ္တို႔လာတယ္..ခင္ဗ်ားစိတ္၀င္စားသလား..စိတ္၀င္စားရင္၊ ခင္ဗ်ားလုပ္ပါလား..ဆိုေတာ့ ."ကြ်န္ေတာ့မွာ အရင္းအႏွီးမရွိပါဘူး။ ဒီမွာ လုပ္ငန္းလာရွာတာပါ" လုိ႔ ေျပာေတာ့ ဂ်ပန္ေတြက မပူနဲ႔။ ကြ်န္ေတာ္တို႔ အရင္းအႏွီးထုတ္ေပးမယ္။ ခင္ဗ်ား ဒီမွာ ဒိုင္ခံျပီးေတာ့ အုန္းရည္ကို အကုန္လံုးယူ၊ သေဘၤာနဲ႔ အစီးလိုက္ ဂ်ပန္ႏိုင္ငံကို ပို႔ပါ။
ဘုရားသခင္ရဲ့ တန္ခိုးေတာ္ ဘုရားသခင္ရဲ့ အၾကံအစည္ေတာ္၊ ဘုရားသခင္ စီစဥ္ေပးတဲ့အခါ ဘယ္ေလာက္အထိ အံ့ၾသစရာေကာင္းသလဲ ဆိုေတာ့ ဘာမွမရွိတဲ့ လူတစ္ေယာက္ ဖိလစ္ပိုင္ႏိုင္ငံေရာက္တဲ့အခါ၊ အဲဒီအုန္းရည္ကို ဂ်ပန္ပို႔ရင္းနဲ႔ ဒီေန႔ သန္းၾကြယ္၊ ကုေဋၾကြယ္ ဘီလွ်ံနာအထိ ခ်မ္းသာလာျပီး ေလယဥ္ (၇)စီး အထိ ပိုင္တယ္။ အဲဒီအခ်ိန္မွာ ကြွန္ေတာ့္ႏွလံုးသားထဲမွာ မိသားစုနဲ႔ ဆက္ကပ္တဲ့အခါ ေလယာဥ္ ေတာင္ပိုင္တယ္။ ကြ်န္ေတာ္လည္း ျမန္မာႏိုင္ငံမွာ ဆုေတာင္းျပီး တစ္ေန႔က်ရင္ ေလယာဥ္ကို ပိုင္ရမယ္ ..လို႔ ကြ်န္ေတာ္ဆုေတာင္းတယ္။







ရန္ကုန္အဲယားေ၀း(စ္) YANGON AIRWAYS
ွဆုေတာင္းျပီး လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္တံုးက ကြ်န္ေတာ္ၾကိးစားၾကည့္တယ္။ ဒါေပမဲ့ အခ်ိန္မတန္ဘူး။ ေတာ္ေတာ္ၾကိဳးစားပါတယ္။ ေလယာဥ္၀ယ္ဖို႔ရယ္။ ျမန္မာႏိုင္ငံမွာ ေလေၾကာင္းပ်ံသန္းဖို႔ အစီအစဥ္ရယ္ ေတာ္ေတာ္ၾကိဳးစားခဲ့တယ္။ ဘုရားသခင္က ေစာင့္ပါ။ အခ်ိန္မတန္ေသးဘူး။ ယခုအခ်ိန္မွာ မင္းလုပ္ရင္ေတာ့ ေအာင္ျမင္မွာမဟုတ္ဘူုး။ ေစာင့္ပါ၊ ကြ်န္ေတာ္လည္း သည္းခံျပီးေတာ့ ေစာင့္ပါတယ္။ ဆက္လက္ဆုေတာင္းတယ္။ ဇြဲမေလွ်ာ့ပါဘူး။ ဆုေတာင္းတယ္။ အဲဒါနဲ႔ ဘုရားသခင္ေက်းဇူးေတာ္ေၾကာင့္ ဇူလိုင္လမွာ ကြ်န္ေတာ္တို႔ ႏိုင္ငံ အာစီယံ၀င္လုိက္တဲ့အခါ ႏိုင္ငံတကာက ကြ်န္ေတာ္တို႔ျမန္မာႏိုင္ငံမွာ စီးပြားေရးရင္းႏွီးျမွတ္ႏွံဖို႔ ၀င္ေရာက္လာၾကပါတယ္။ ၾသဂုတ္လ (၁)ရက္ေန႔က စျပီး ကြ်န္ေတာ္ YANGON ေလေၾကာင္းကို စတင္ျပီး လုပ္ေဆာင္ခြင့္ရခဲ့တယ္။ ဘုရားသခင္ျပင္ဆင္ေပးတာ ဘယ္ေလာက္ အံ့ၾသစရာေကာင္းသလဲ။ လြန္ခဲ့တဲ့ႏွစ္မွာ မလုပ္ပါနဲ႔အံုး၊ ေစာပါေသးတယ္.. ယခုအခ်ိန္မွာ အံ၀င္ခြင္က်ပဲ။ ကြ်န္ေတာ္တို႔ ေလေၾကာင္းရခဲ့တယ္။

ရန္ကုန္ကေန - မႏၱေလး၊ ပုဂံ၊ ျမစ္ၾကီးနား၊ ေမာ္လျမိဳင္၊ ေကာ့ေသာင္း၊ ျမိတ္၊ ထား၀ယ္၊ တာခ်ီလိတ္ စသျဖင့္ လိုင္းမ်ားကို ေျပးဆြဲခဲ့ပါတယ္။ ယခင့္ ယခင္ ရင္းႏွီးျမွတ္နွံသူ (Investor) လုပ္တံုးကဆိုရင္ တစ္လမွာ ေဒၚလာ၃သိန္းေက်ာ္ေလာက္ ရႈံးတယ္။ တစ္ႏွစ္မွာ ေဒၚလာ သံုးသန္းေက်ာ္ရံႈးပါတယ္။ လူေတြက ကြ်န္ေတာ့ကို ရယ္ၾကတယ္။ ေက်ာ္၀င္းဆိုတဲ့လူက ဦးေႏွာက္မရွိဘူး၊ ဒီေလေၾကာင္း သူမ်ားလုပ္ေနတာ တစ္ႏွစ္ ေဒၚလာ၃သန္းေက်ာ္ေတာင္း ရံႈးေနတာ၊ သူကေတာ့ လုပ္ရဲတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ သူတို႔ကို ေျပာျပတယ္။ ခင္ဗ်ားတို႔မျမင္ႏိုင္တဲ့ ဘုရားသခင္ ကြ်န္ေတာ္နဲ႔ အတူ ပါရိွေနတယ္။ ဘုရားသခင္ ကြ်န္ေတာ့္ကို လုပ္ပါဆိုလို႔ ကြ်န္ေတာ္ေဆာင္ရြက္မွာပဲ။ ဒီလဟာ ကြ်န္ေတာ္ ပထမဆံုး ယူလိုက္တဲ့လပဲ။ ေဒၚလာ ၅သိန္း ေျခာက္ေသာင္းေက်ာ္ေလာက္ ၀င္ေငြရွိတယ္။ အရံႈးက နည္းနည္းကေလးပဲ ရွိေတာ့တယ္။
ဒီကေန႔ ကြ်န္ေတာ္ ဒါေတြ ဘာလို႔ ေျပာေနသလဲဆိုေတာ့ မိမိအသက္တာမွာ ငါၾကြား၀ါခ်င္လို႔လား၊ မဟုတ္ပါဘူး။ ကြ်န္ေတာ္လုပ္ႏိုင္လုိ႔လား၊ မလုပ္ႏိုင္ပါဘူး။ ကြ်န္ေတာ္အလကားလူပါ။ ကြ်န္ေတာ္ အသံုးမက်ပါဘူး။ ကြ်န္ေတာ့မွာ အရည္အခ်င္းမရွိပါဘူး။ ကြ်န္ေတာ့မွာ ၾကံစည္ႏိုင္တဲ့ ဦးေႏွာက္မရွိပါဘူး။ ဒါေပမဲ့ ကြ်န္ေတာ္ကိုးကြယ္တဲ့ ေယရႈခရစ္ေတာ္ ဘုရားဟာ အရာခပ္သိမ္းကို တတ္ႏိုင္စြမ္းတဲ့ဘုရား၊ ကြ်န္ေတာ္လုပ္သမွ် လုပ္ငန္းေဆာင္တာ မွန္သမွ် ဘုရားသခင္ ကို အပ္ႏွံတယ္။ ဘုရားသခင္ အလုပ္ဆို ကြ်န္ေတာ္လုပ္တယ္။ အဲဒါေၾကာင့္ လုပ္ငန္းမွန္သမွ် ေအာင္ျမင္တယ္။
ဒီေန႔ ကြ်န္ေတာ္ေဆာင္ရြက္ေနတဲ့ စက္ရံုလုပ္ငန္း၊ အိမ္ယာစီမံကိန္းလုပ္ငန္း၊ ဘဏ္လုပ္ငန္း၊ ေလေၾကာင္းပို႔ေဆာင္ေရးလုပ္ငန္း၊ အျခာအျခားေသာ စီးပြားေရးလုပ္ငန္း၊ ႏိုင္ငံျခားမွာ ရင္ႏွီးျမွတ္ႏွံထားတဲ့ လုပ္ငန္း၊ အခုဆိုရင္ မေလးရွား၊ ဂ်ပန္၊ စင္ကာပူ၊ ဖိလစ္ပိုင္ ႏိုင္ငံအားလံုးမွာ လုပ္ထားတယ္။ ၀င္ေရာက္ရႈပ္ျပီးေတာ့ ကိုယ္တိုင္လာလုပ္တဲ့ လုပ္ငန္းဆိုတာ မရွိဘူး။ ဒါဆို ကြ်န္ေတာ္ဘာျဖစ္လို႔ ေဖၚျပခ်င္သလဲ ဆိုေတာ့ ကြ်န္ေတာ့္အေနနဲ႔ အရည္အခ်င္းမရွိေသာ္ျငားလည္း ဘုရားသခင္ကိုယ္တိုင္ ဦးစီး၊ ဦးေဆာင္ျပီး ကြ်န္ေတာ္က တံဆာပလာအျဖစ္သာ ပါ၀င္လုပ္သြားတဲ့အခါ လုပ္ငန္းအားလံုး ေအာင္ျမင္တယ္ဆိုတာ ေတြ႔ရတယ္။ ဒါဟာ ဘုရားသခင္ရဲ့ ေက်းဇူးေတာ္ေၾကာင့္ပဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ ခ်စ္ေသာ စာဖတ္သူ၊ ခရစ္ယန္ညီအစ္ကို ေမာင္ႏွမမ်ား အေနနဲ႔ ၀န္ထမ္းေတြလည္း ရွိမွာပဲ။ စီးပြားေရးလုပ္ငန္းရွင္လည္း ရွိမွာပဲ၊ ေမြးျမဴေရးလုပ္ငန္းရွင္လဲ ရွိမွာပဲ၊ လယ္ယာလုပ္တဲ့ လုပ္ငန္းရွင္လဲ ရွိမွာပဲ။ စက္ရံုလုပ္တဲ့ ပုဂၢိဳလ္ေတြလည္း ရွိမွာပဲ။ မိမိလုပ္ေဆာင္ေနတဲ့ စီးပြားေရးလုပ္ငန္းမွန္သမွ်ကို သမၼာက်မ္းစာထဲမွာ ပါတဲ့အတိုင္း မိမိအမူအရာကို ထာ၀ရဘုရားထံ အပ္ေလာ့။ သို႔ျပဳလွ်င္ စီရင္ေတာ္မူလိမ့္မည္၊ အပ္လိုက္ပါ။ အပ္လိုက္ရင္ ဘုရားသခင္ဟာ သူ ဂတိေတာ္အတိုင္း သင့္ကို ေကာင္းၾကီးေပးမွာျဖစ္ပါတယ္။ ကိုယ့္တာကို၀န္ထပ္ မထမ္းပါနဲ႔လို႔ ကြ်န္ေတာ္ရဲ့ ၀န္ထမ္းေတြကို ကြ်န္ေတာ္ အျမဲတမ္းေျပာပါတယ္။
ျငိမ္သက္ျခင္းရွိ
ေတာ္ေတာ္မ်ားမ်ား မိတ္ေဆြေတြက ကြ်န္ေတာ့္ကို ေမးၾကပါတယ္။ လုပ္ငန္း ဒီေလာက္ေတာင္ မ်ားေနတာ၊ ႏိုင္ငံျခားမွာေရာ၊ ျပည္တြင္းမွာေရာ၊ ဒီေလာက္ေတာင္ ေငြေရး၊ေၾကးေရးနဲ႔ ခင္ဗ်ားဦးေႏွာက္ ဘယ္လိုလုပ္သလဲ။ ကြ်န္ေတာ္ သိပ္အိပ္လို႔ ေကာင္းတယ္။ (၉)နာရီခြဲမွ ႏိုးတယ္။ ဘယ္ေတာ့မွ လုပ္ငန္းေတြနဲ႔ ပတ္သက္ျပီး အိပ္မေပ်ာ္တာတို႔၊ စားမ၀င္တာတို႔ ၊ စိတ္ပူတာတို႔ မရွိခဲ့ပါဘူး။ ခင္ဗ်ားတို႔ ကြ်န္ေတာ့္တို႔ရဲ့ အမူအရာကို ဘုရားသခင္နဲ႔ အပ္ပါ။ အင္မတန္ေပ့ါပါးတယ္။ ဒီကမၻာၾကီးဟာ အင္မတန္ ေပ်ာ္စရာေကာင္းပါတယ္။

မျခားမလပ္ဆုေတာင္းပါ
ဘုရားသခင္ဟာ ေကာင္းကင္မွာ ရွိတဲ့ဘုန္းစည္းစိမ္းနဲ႔တကြ ေယရႈခရစ္ေတာ္ဟားျဖင့္ ခင္ဗ်ားတုိ႔ ၊ ကြ်န္ေတာ္တို႔ကို ေပးမွာပဲ။ ဒါေပမဲ့ လိုတာကေတာ့ ခင္ဗ်ားတို႔၊ ကြ်န္ေတာ္တို႔ပဲ။ သူ႔ရဲ့ ဂတိေတာ္အတိုင္း မျခားမလပ္ ဆုေတာင္းဖို႔ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ .. ကြ်န္ေတာ္တို႔ ခရစ္ယာန္ ညီအစ္ကိုေမာင္ႏွမမ်ား အေနနဲ႔ စံုစမ္းေႏွာက္ယွက္ျခင္းႏွင့္ ကင္းလြတ္မည့္အေၾကာင္း၊ မျခားမလပ္ ဆုေတာင္းဖို႔ေတာ့ လိုတယ္။ ဒီေန႔ ကြ်န္ေတာ္တို႔ ခရစ္ယာန္ေတြဟာ ေကာင္းၾကီမခံစားရတာ၊ စံုစမ္းေႏွာက္ရွက္ျခင္းကို မရင္ဆိုင္ႏိုင္တာေတြဟာ မျခားမလပ္ ဆုမေတာင္းလို႔ပဲ ျဖစ္ပါတယ္။ သမၼာက်မ္းစာထဲမွာ ပါတာပဲ။ စံုစမ္းေႏွာက္ရွက္ျခင္းႏွင့္ ကင္းလြတ္မည့္အေၾကာင္း ဆုေတာင္းရမယ္။ သမၼာက်မ္းစာထဲမွာ ေဖၚျပထားတဲ့အတိုင္း ခင္ဗ်ားတို႔၊ ကြ်န္ေတာ္တို႔ လိုက္ေလွ်ာက္မယ္ဆိုရင္ မေအာင္ျမင္စရာ၊. အေၾကာင္းမရွိပါဘူး။ သမၼာက်မ္းစာကို အစအဆံုး (၇)ၾကိမ္တိတိ ကြ်န္ေတာ္ဖတ္ျပီးပါျပီ၊ ခရစ္ယာန္ျဖစ္ရင္ တသက္လံုး ဆင္းရဲရမယ္..လို႔ .. ကြ်န္ေတာ္ ဘယ္က်မ္းပိုဒ္မွာမွ မေတြ႔ပါဘူး။ ဒါေပမဲ့ ဆင္းရဲျခင္းတလွည့္၊ ခ်မ္းသာျခင္းတလွည့္ေတာ့ ေပးမွာပဲလို႔ သုတၱံက်မ္းမွာ ပါပါတယ္။ ခရစ္ယန္ျဖစ္ရင္ ဆင္းရဲရမယ္။ ကုတ္ေျခာင္း၊ကုတ္ေျခာင္းနဲ႔ လြယ္အိတ္ကေလး တစ္လံုးလြယ္ျပီး ေနရာတကာ ေတာင္းစားရမယ္လို႔ မေဖာ္ျပထားပါဘူး။



အပ္ႏွံပါ။
ဘုရားသခင္ဟာ တန္ခိုးၾကီးတဲ့ ဘုရားျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ ေလာကမွာ ေနတဲ့အခါ ကြ်န္ေတာ္တို႔ စီးပြားေရးလုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့အခါ စက္မႈလုပ္ငန္းေတြ ေဆာင္ရြက္တဲ့အခါ၊ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ ေဆာင္ရြက္တဲ့အခါ၊ ဘုရားသခင္ကို အပ္ႏွံပါ။ ဘုရားသခင္အတူပါရွိရင္ မေအာင္ျမင္စရာ အေၾကာင္းမရွိပါဘူး။ ကြ်န္ေတာ္ ဘုရားသခင္ကို ေျပာတယ္။ ကိုယ္ေတာ္ - ကြ်န္ေတာ္ သက္ေသခံတဲ့အခါ ဟိုႏိုင္ငံက ဘယ္ပုဂၢိဳလ္ခ်မ္းသာတယ္။ ဒီႏိုင္ငံက ဘယ္ပုဂၢိဳလ္ ခ်မ္းသာတယ္လို႔ ကြ်န္ေတာ္ အဲဒီလို သက္ေသမခံခ်င္ဘူး။ ကိုယ္ေတာ္ --- ကိုယ္ေတာ္ဟာ အသက္ရွင္တဲ့ဘုရား၊ ကြ်န္ေတာ့္ကိုလည္း ခ်မ္းသာရေသာ အခြင့္ကို ေပးပါ။
ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ေနတဲ့သူကို ခ်မ္းသာေအာင္ မျပဳလုပ္ေပးႏိုင္ရင္ေတာ့ ကိုယ္ေတာ္ဟာ ဘယ္လိုလုပ္ အသက္ရွငခံ္တဲ့ဘုရားျဖစ္မွာလဲ။ ဘယ္လိုလုပ္ တရားမွာလဲ၊ ႏိုင္ငံျခားကလူေတြကိုေတာ့ ခ်မ္းသာခြင့္ေပးျပီး၊ ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံကလူေတြကိုေတာ့ ခ်မ္းသာခြင့္မေပးဘူး၊ ကြ်န္ေတာ္တို႔ ခ်င္းေတာင္က လူေတြကိုေတာ့ ခ်မ္းသာခြင့္မေပးဘူး၊ ၊ ကြ်န္ေတာ္တို႔ ဒီလူမ်ိဳးကို မခ်မ္းသာခိုင္းဘူး မဟုတ္ပါဘူး။ ဗမာလူမ်ိဳးျဖစ္ျဖစ္၊ ခ်င္းလူမ်ိဳးျဖစ္ျဖစ္၊ မည္သည့္လူမ်ိဳးမဆို ဒီအသက္ရွင္ေတာ္မူတဲ့ ဘုရားသခင္ကို ကိုးကြယ္ရင္ေတာ့ တန္းတူရည္တူ၊ ခံစားခြင့္ရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အေရးၾကီးတာကေတာ့ သမၼာက်မ္းစာထဲမွာ ေဖာ္ျပထားတဲ့ ဘုရားသခင္ရဲ့ စကားအတိုင္း ယံုၾကည္ျခင္း အျပည္နဲ႔ လက္ေတြ႔ တိက်စြာ နာခံလိုက္ေလွ်ာက္ဖို႔ ျဖစ္ပါတယ္။
အဲဒီလို အသက္ရွင္သြားမယ္ဆိုရင္ေတာ့ ဒီေလာကမွာ ကြ်န္ေတာ္တို႔အသက္ရွင္တာဟာ အင္မတန္မွ ေပ်ာ္စရာေကာင္းတဲ့ အသက္တာရရွိျပီး၊ စိတ္ရဲ့ ျငိမ္သက္ျခင္း၊ ၀မ္းေျမာက္ျခင္း နဲ႔ ဥစၥာပစၥည္းၾကြယ္၀ျခင္း ကို ခံစားရမွာျဖစ္ပါတယ္။ အဲဒီအျပင္ ေနာင္တမလြန္ဘ၀က်ရင္လည္း ေကာင္းကင္ႏိုင္ငံမွာ ဘုရားသခင္နဲ႔အတူ စိုးစံရမွာျဖစ္တဲ့အေၾကာင္း သက္ေသခံေ၀ငွပါတယ္။ ဖတ္ရႈသူအေပါင္း ခႏၷာ၊ စိတ္၊ ၀ိညာဥ္ (၃)ပါးစလံုး ေကာင္းစားျပီး ဘုရားသခင္ရဲ့ အမႈေတာ္ျမတ္မွာ တိုး၍ ပါ၀င္ႏိုင္ပါေစေသာ္။
အာမင္........
Rev. U Kyaw Win's Testimony (1997)

က်မ္းပိုဒ္မ်ား ဘုရားသခင္ႏွင့္ အကြၽမ္းဝင္၍ မိႆဟာယဖြဲ႔ေလာ့။ ထုိသုိ႔ျပဳမွ ေကာင္းစားျခင္းသုိ႔ ေရာက္ရလိမ့္မည္။ ႏႈတ္ေတာ္ထြက္တရားကုိ ခံယူ၍ စကားေတာ္ကုိ ႏွလုံး၌ သြင္းပါေလာ့၊ ေယာဘ ၂၂း ၂၁-၂၂

ထာဝရဘုရားကို ေၾကာက္ရြံ႔၍၊ လမ္းခရီးေတာ္သို႔ လိုက္သြားသမွ်ေသာ သူတို႔သည္ မဂၤလာရွိၾက၏။ ထုိသို႔ျပဳလွ်င္ သင္သည္ မိမိလက္ႏွင့္ လုပ္ေဆာင္၍ရေသာ အစာကုိစားရလိမ့္မည္။ မဂၤလာရွိ၍ ေကာင္းစား ရလိမ့္မည္။ ဆာလံ ၁၂၈ း ၁-၂

မတရားေသာသူတို႔၏ တိုက္တြန္းျခင္းသို႔ မလိုက္၊၊ လူဆိုးတို႔၏ လမ္းတြင္မရပ္မေန၊ မထီမဲ့ျမင္ ျပဳေသာသူတို႔၏ အစည္းအေဝး၌ မထိုင္၊ ထာဝရဘုရား၏ တရားေတာ္၌ ေမြ႔ေလ်ာ္၍ တရားေတာ္ကို ေန႔ညဥ့္မျပတ္ဆင္ျခင္ ေအာက္ေမ့ေသာသူသည္ မဂၤလာရွိ၏၊၊ အေၾကာင္းမူကား၊ ထိုသူသည္ ျမစ္နားမွာ စိုက္လ်က္ မိမိအခ်ိန္တန္မွ အသီးကိုသီး၍ အရြက္မၫိႈးႏြမ္းတတ္ေသာ အပင္ႏွင့္တူ၏၊၊ ျပဳေလသမွ်တို႔၌ ေအာင္လိမ့္သတည္း၊၊ ဆာလံ ၁း ၁-၃


မွတ္ခ်က္။ (မုရန္)
ဦးေက်ာ္၀င္းသည္ ဘုရားဘုန္းေတာ္ထင္ရွားေစေသာျမန္မာလူမ်ိဳးတစ္ဦးျဖစ္သည္။ ျမန္မာျပည္တြင္ ၁၉၉၀ေနာက္ပိုင္း လူတိုင္းအေမရိကန္ေဒၚလာဘဏ္စာရင္းျဖင့္ ႏိုင္ငံျခားေငြ US$ dollar a/c ဖြင့္ႏိုင္ေသာ ပထမဆံုးပုဂၢလိကဘဏ္ (ေမဖလား၀ါးဘဏ္) ျဖစ္သည္။ ရန္ကုန္တြင္ ATM ပထမဆံုးစတင္ခဲ့ျပီး၊ တစ္ႏိုင္ငံလံုး ဘဏ္ခြဲေပါင္း ၃၀၀ေက်ာ္ဖြင့္ႏိုင္ခဲ့သည္။ ရန္ကုန္ေလေၾကာင္းျဖင့္ ပထမဆံုး ေလယာဥ္ပိုင္သူျဖစ္ခဲ့သည္။ ၁၉၉၈ ကမၻာစီးပြားကပ္ဆိုက္ေသာအခါ ျမန္မာႏိုင္ငံ စစ္အာဏာရွင္အစိုးရသည္၊ တိုင္းျပည္ကို ကမၻာႏွင့္အဆက္သြယ္ျဖက္ရန္ Isolation လမ္းစဥ္ကို ေရြးခ်ယ္ခဲ့သည္။ ထိုအခ်ိန္က ျမန္မာႏိုင္ငံဘဏ္မ်ားတြင္ ေဒၚလာေငြကို တရား၀င္ အေကာင့္ဖြင့္ႏိုင္ေသာ ေမဖလား၀ါးဘဏ္ကို ေဒၚလာကိုင္ခြင့္ရပ္နားေစခဲ့သည္။ ဆရာဦးေက်ာ္၀င္းသည္ မိမိ စီးပြားလုပ္ငန္းမ်ားကို ရပ္ဆိုင္းခိုင္းသည္ဟု ယံုၾကည္ေသာေၾကာင့္ ျမန္မာႏိုင္ငံမွာ ခြာရန္ ဆုေတာင္းဆံုးျဖတ္ခဲ့သည္။ ၃ပတ္အတြင္း အဓိကလုပ္ငန္းၾကီး၂ခု (ေမဖလား၀ါးဘဏ္လုပ္ငန္းႏွင့္ ရန္ကုန္ေလေၾကာင္းလုပ္ငန္း) ၂ခုကို ၀ယ္မည့္သူ ေပၚလာသျဖင့္ တစ္ႏွစ္အတြင္း အျပီးေရာင္းခ်ျပီး ျမန္မာျပည္မွာ ထြက္ခြာခဲ့သည္။ စစ္အာဏာရွင္မ်ားေၾကာင့္ စိတ္ပ်က္ရေသာ ဆရာဦးေက်ာ္၀င္းသည္ တိုင္၀မ္ႏွင့္ၾသစေၾတးလွ်ား ႏိုင္ငံမ်ားသို႔ ေျပာင္ေရႊ႔သြားျပီး ဖိလစ္ပိုင္တြင္ က်မ္းစာေက်ာင္းမွာ Ph.D (Old Testaments) ရရွိခဲ့သည္။ ထို႔ေနာက္ C.I.S.T Christian Institute School of Theology က်မ္းစာေက်ာင္းတြင္ ေက်ာင္းအုပ္အျဖစ္ တာ၀န္ယူရင္း၊ ႏိုင္ငံတကာ တထူးသျဖင့္ အေရွ႔ေတာင္အာရွ ျမန္မာ၊ ဘန္ေကာက္၊ မေလးရွား၊ စင္ကာပူ၊ တိုင္၀မ္၊ ၾသစေၾကးလွ်ားမ်ားတြင္ မစ္ရွင္ခရီးစဥ္မ်ားျဖင့္ ဧ၀ံေဂလိတရားေဟာပြဲမ်ား က်င္ပလွ်က္ရွိသည္။ ရံဖန္ရံခါ ျမန္မာႏိုင္ငံအတြက္စီးပြာအၾကံေပးျခင္းကို လုပ္ေဆာင္ရင္း၊ ၂၀၁၁ ေနာက္ပိုင္းတြင္ တိုင္၀မ္အစိုးရသစ္အတြက္ အခ်ိန္ျပည့္စီးပြားလုပ္ငန္းမ်ားလုပ္ေဆာင္လွ်က္ရွိသည္။ ျမန္မာျပည္အစိုးရသစ္ ျပဳျပင္ေျပာင္းလဲေရးတြင္၊ ျမန္မာခရစ္ယာန္လူငယ္မ်ား တတပ္တစ္အား ပါ၀င္ႏိုင္ေရး စံနမူနာယူႏိုင္ရန္ ျပန္လည္ေဖၚျပျခင္းျဖစ္သည္။ ဆရာဦးေက်ာ္၀င္း ဘုရားေကာင္းၾကီးမဂၤလာႏွင့္ ဘုန္းေတာ္၊နာမေတာ္ထင္ရွားေစမည့္ အမႈေတာ္ျပန္ေဆာင္ရြက္ျခင္းမ်ားအတြက္ ဆုေတာင္းပါသည္။

မုရန္ (၂၁-ေဖ-၂၀၁၃)

Reference
1. မူရင္း၊ ေစာေဌးလြင္၊ အမွတ္ (၃၅၃)၊ ကြ်န္ေတာ(၉)လမ္း၊ တြံေတးျမိဳ႔၊ ရန္ကုန္တိုင္း၊ ဖံုး ၀၄၅-၅၀၄၃၁
2. English http://www.burmesebible.com/media/books/ukyawwin-mayflower.htm
3. Recocities http://www.reocities.com/shwe_oversea/MayFlower_UKyawWin/UKyawWin.html
4. Rev. U Kyw Win (Dr, Ph.D) Sermons http://burmesebible.com/judson/story/ukw/index.htm

http://www.murann.com/ezine/index.php?option=com_content&view=article&id=1619:-qq-rev-u-khaw-win-dr-phd&catid=1:spiritual&Itemid=2

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...