သမ္မာကျမ်းစာသင်ခန်းစာ “ယေရှုခရစ်၏ဘုရားဇာတိ” The Deity of Jesus Christ
သင်ခန်းစာ အမှတ် (၁)
Unicode & Zawgyi Reshare-#9Dan
သမ္မာကျမ်းစာသင်ခန်းစာ
“ယေရှုခရစ်၏ဘုရားဇာတိ” The Deity of Jesus Christ
“နိဒါန်း”
“ခရစ်ယာန်ဘာသာ” တစ်ခုလုံးသည် ခိုင်မာသော အဆိုတစ်ရပ်အပေါ်၌အခြေပြုရပ်တည်လျက်ရှိသည်။ ၎င်းအဆိုပါ “ယေရှုခရစ်”သည် ဘုရားသခင်၏သားဖြစ်တော်မူ၍၊ ဘုရားနှင့် စပ်ဆိုင်သောဂုဏ်အင်္ဂါရပ်များနှင့် စီရင်ခွင့် ရှိသမျှတို့ကို ပိုင်သတော်မူသော အနန္တတန်ခိုးရှင်ဖြစ်သည်။
ဤသင်ခန်းစာ၏ အရေးကြီးသောကဏ္ဍ The Importance of this lesson.
“ခရစ်ယာန်ဘာသာသည်၊
အကျင့်စာရိတ္တနှင့်ဆိုင်သော လောကနီတိကျမ်း၊ နည်းဥပဒေများဖြင့် စီရင်ထုံးဖွဲ့ ထားသောကျင့်ထုံးတစ်ရပ်မဟုတ်ပေ။ “အသက်ရှင်ခြင်း”နှင့်ဆိုင်သော အကြောင်းတရားပင်ဖြစ်သည်။ “ယေရှုခရစ်အား” မိမိတို့၏ ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ် ယုံကြည်ကိုးစားသောသူအပေါင်းတို့၏ အသက်တာ၌ ဝမ်းမြောက်စွာပိုင်ဆိုင်ထင်ရှားလျက်ရှိ “ယေရှုခရစ်”၏ အသက်ရှင်ခြင်းပင်ဖြစ်သည်။ “ယေရှုခရစ်၏ အမည်ကိုခရစ်ယာန်ဘာသာမှ ပယ်နှုတ်လိုက်ပါက၊ လုံးဝဥသုံ အဓိပ္ပါယ်ကင်းမဲ့လျက်၊ အနှစ်သာရအားဖြင့် တန်ဘိုးမရှိ သောဗလာနတ္တိပင်ဖြစ်ပေသည်။ ှ“ယေရှုခရစ်”၏ ဘုရားဇာတိ “ခရစ်တော်”သည် သာမန်အားဖြင့် လောကဓံတရား၏ အံ့သြဖွယ်ဖြစ်ရပ်တစ်ခုသော်၎င်း၊ ထူးခြားပြောင်မြောက်လှသော ဆရာတစ်ပါးသော်၎င်း မှားယွင်းစေသောအယောင် ဆောင်ပုဂ္ဂိုလ်တစ်ဦးသော်၎င်း ဖြစ်ခဲ့လျှင် “ခရစ်ယာန်ဘာသာ” တစ်ခုလုံး၏ အခြေခံတိုက်မြစ်သည် ကျိုးပဲ့ကြေမွလျှက် ပြိုကွဲပျက်စီးမည်ဖြစ်သည်။ “ခရစ်တော်”သည် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားမဟုတ်၊ မစင်ကြယ်သော အမျိုးသမီးတစ်ဦးထံမှ တရားဝင်ခြင်းမရှိဘဲ၊ မွေးဖွားလာသော ခလေးပင်ဖြစ်ပေလိမ့်မည်။
“ခရစ်တော်”သည် ဘုရားနှင့် မစပ်ဆိုင်ပါက၊ သူပြုခဲ့သမျှသော အံ့သြဖွယ်ရာများသည်၊ ရှေးဟောင်းပုံပြင်များ သာဖြစ်ပေမည်။ သူ၏နုတ်ထွက်စကားများသည် မှားယွင်းချွတ်ချော်နေလျှင်၊ စင်္ကြာဝဠာတစ်ခုလုံးနှင့် ဆိုင်သော လူသားများသည် မှားယွင်းနေလျှင် ၎င်းတို့၏ အပြစ်မှရွေးနှုတ်ကယ်တင်ခြင်းအကြောင်းကို ဘယ်ကဲ့သို့ဖြေရှင်းနိုင်မည် နည်း။
“ခရစ်တော်”သည် ဘုရားသခင်၏သားတော်မဟုတ်ပါက လစ်လပ်နေသော ဂူသင်္ချိုင်းတွင်းမှထွန်းတောက် လျက်ရှိသော ဘုန်းတော်ရောင်ခြည်များလည်း ထွက်ပေါ်လာမည်မဟုတ်ပေ။ အပြစ်တရား၊ သေခြင်းတရားနှင့် ငရဲကို လည်း အောင်နိုင်ကျော်လွှားနိုင်မည်မဟုတ်ပေ။ ခရစ်ယာန်တို့မျှော်လင့်တောင့်တလျက်ရှိသော ဘုန်းတော်ဝင်စားရ မည့်အနာဂတ်ကာလမှာလည်း၊ ပြိုကွဲပျက်စီးရလိမ့်မည်။ ယုံကြည်သူတိုင်းသည် အပြစ်နွံထဲ၌ နစ်မြုပ်နေလျှက်၊ အခြား သောသူအပေါင်းတို့ထက်သာ၍ ဆင်းရဲသောသူများဖြစ်ရကြလိမ့်မည်။ အသက်ထက်ဆုံး အရေးကြီးသော သတင်း စကားဖြစ်သည့်မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းသည် လွင့်စင်ကွယ်ပျောက်လျက်၊ ကြေကွဲဝမ်းနည်းမှုနှင့် ကြုံတွေ့ရပေ မည်။ (၁ကော ၁၅း၁-၂၆ ကိုဆက်ပါ။)
“ခရစ်တော်ဘုရား ဇာတိကိုထင်ရှားစေသော သက်သေခံချက်များ”
Christ Deity is Attested To
(၁) ကိုယ်တိုင်သက်သေခံချက်များအားဖြင့် (By His Claims)
၁။ ဓမ္မဟောင်းကျမ်းများက “ယေရှုခရစ်”အား - “မေရှိယ”အဖြစ် သက်သေခံထားခြင်း (ယော ၅း၃၉)
၂။ “အာဗြဟံ”မတိုင်မီရှိတော်မူ၍ “ငါဖြစ်သည်”အတိုင်း ငါဖြစ်၏ဟု မိန့်တော်မူခဲ့သည်။
(ထွက် ၃း၁၃၊ ၁၄၊ ၆း၃) “ငါဖြစ်သည်”ဟူသော အမည်မှာ “ယေဟောဝါဘုရား” အတွက် ဖြစ်ပြီး ဘုရားသခင်၏ပင်ကိုယ်သဘောအားဖြင့် အလိုအလျောက်တည်ရှိနေခြင်းကို ဆိုလိုသည်။ (ယော ၈း၅၇-၅၆)
၃။ “ယေရှုက ငါသည် အသက်မုန့်ဖြစ်၏”ဟု (ယော ၆း၃၅၊ ၄၈)တွင် မြွက်ကြားခဲ့ပြီး၊ သူ့ကိုယုံကြည် သောသူအပေါင်းတို့သည် ဆာလောင်မွတ်သိပ်ခြင်းနှင့်အစဉ်ကင်းလွတ်ရမည်ဟု မှာကြားခဲ့သည်။
၄။ ယေရှုက “ငါသည်၊ သိုးဝင်သော တံခါးဝဖြစ်၏”ဟု (ယော ၁၀း၈)တွင် မိန့်ဆိုခဲ့ပြီး၊ ထိုတံခါးဝမှဝင် သောသူတို့သည် ကယ်တင်ခြင်းကိုရလိမ့်မည်။ (ယော ၁၀း၉)
၅။ ယေရှုက “ငါသည် ဤလောက၏အလင်းဖြစ်၏”ဟူ၍ မိန့်တော်မူခဲ့သည်။ (ယော ၈း၁၂၊ ၉း၅)
၆။ ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏”ဟု မိန့်တော်မူခဲ့ ပြီး၊ သူ့ကိုအမှီမပြုလျှင်အဘယ်သူမှ ခမည်းတော်ထံသို့မရောက်နိုင်ဟု မြွက်ကြားခဲ့သည်။ (ယော ၁၄း၆)
၇။ ယေရှုက “ငါသည်ထမြောက်ခြင်းအကြောင်းဖြစ်၏” ငါ့ကိုယုံကြည်သောသူအပေါင်းတို့သည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွှတ်၍ သေလွန်သော်လည်း၊ ရှင်လိမ့်မည်”ဟု သက်သေခံထား ကြောင်း (ယော ၁၁း၂၅)တွင် တွေ့ရသည်။
၈။ ယေရှုက “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်”ဟု မိန့်တော်မူ၏။ (ယော ၁၀း၃၀-၃၃၊ ၁၄း၈၊၉)။
၉။ ယေရှုက “ဤကမ ္ဘာမတည်ရှိမီ - ရှိနေကြောင်း “အခိုင်အမာပြောဆိုခဲ့သည်။ (ယော ၁ရး၅)
(၂) လုပ်ဆောင်ချက်များအားဖြင့်
၁။ အပြစ်လွှတ်ခဲ့သည်။ (မဿး ၉း၂-၆) (မာကု ၂း၅-၇) (လု ရး၄၇-၅၀)ကျမ်းပြုဆရာအချို့က “ယေရှု”အား လွန်ကျူးစွာ ပြောဆိုသည်ဟု စွပ်စွဲကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မှ တစ်ပါး အဘယ်သူမျှ အပြစ်ကိုမလွတ်နိုင်ကြောင်း နားလည်ထားကြသည်။ သို့ဖြစ်၍ “ခရစ်တော်” သည် ဘုရားသခင် သို့တည်းမဟုတ် လွန်ကျူးစွာပြောဆိုတတ်သူဖြစ်ပေမည်။
၂။ “ယေရှု”သည် ဘုရားသခင်မှတစ်ပါးအဘယ်သူမျှ မပြုနိုင်သော အံ့ဘွယ်ရာများကို ပြုခဲ့သည်။
(က) သေသောသူကို၊ ရှင်ပြန်ထမြောက်စေသည့် (လူ ရး၁၂-၁၅) (လု ၈း၅၂-၅၅) (ယော ၁၁း၄၁-၄၄)
(ခ) မျက်စိကန်းသောသူကိုမြင်စေသည်။ (ယော ၉း၄-၈)
(ဂ) ရေမှစပျစ်ရေသို့ အသွင်ပြောင်းခဲ့သည်။ (ယော ၂း၇-၁၁)
(ဃ) လူ (၅၀၀၀)ငါးထောင်အား မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကျွေးခဲ့သည်။ (မ၁၄း၁၅-၂၀)
(င) ရောဂါအမျိုးမျိုးကို ကင်းငြိမ်းစေခဲ့သည်။ (မ ၁၂း၁၀-၁၁) (လု ၆း၁၇-၁၉)
(စ) ပင်လယ်နှင့် လှိုင်းတံပိုးတို့ကို ငြိမ်သက်စေခဲ့သည်။ (လု ၈း၂၂-၂၄) (မ ၈း၂၃-၂၇)
(၃) ဂုဏ်အင်္ဂါရပ်များအားဖြင့်
၁။ “အဓိပ္ပါယ်ရှင်းလင်းချက်” ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများမှာ သုံးပါးတစ်ဆူ ဖြစ်တော်မူသော ဘုရားသခင်၏ မပြောင်းလဲသော ဂုဏ်သတ္တိများနှင့် စီရင်ပိုင်ခွင့်တန်ခိုး အာဏာစက်တို့ပင်ဖြစ်သည်။
၂။ ဂုဏ်အင်္ဂါရပ်များကို နှစ်မျိုးနှစ်စားပိုင်းခြားထားလျှက်ရှိသည်။
(က) သဘာဝဂုဏ်အင်္ဂါရပ်များ။
ဘုရားသခင်နှင့် စပ်ဆိုင်သောလက္ခဏများအားဖြင့် ဖွင့်ပြသော ဂုဏ်အင်္ဂါရပ်များ၊ ၎င်းတို့မှာ အလိုတော်နှင့် မသက်ဆိုင်ဘဲ အကြွင်းမဲ့ရပ်တည်လျက်ရှိသော လက္ခဏာများ ပင်ဖြစ်သည်။
(ခ) လောကဓံတရားအားဖြင့်ထင်ရှားသောဂုဏ်အင်္ဂါရပ်များ-
ဘုရားသခင်၏ ဖန်ဆင်းလက်ရာဖြစ်သော သတ္တဝါ အပေါင်းတို့အား ထင်ရှားစွာ ပြတော်မူသော ဂုဏ်အင်္ဂါလက္ခဏာများ။
၃။ သဘာဝဂုဏ်အင်္ဂါရပ် (၉) မျိုးနှင့် လောကဓံတရားအားဖြင့် ထင်ရှားသော ဂုဏ်အင်္ဂါ (၉) မျိုးရှိပါသည်။
(က) သဘာဝဂုဏ်အင်္ဂါရပ် (၉) မျိုးမှာ အောက်ပါအချက်များနှင့် စပ်ဆိုင်သည်-
(၁) ဘုရားသခင်သက်တော်စဉ်(THE LIEE OF GOD) အသက်တာ(LIFE) ဝိဉာဉ်ရေးရာ (SPIRITUALITY) နှင့်မပြောင်းလဲခြင်း(IMMUTABLLITY)
(၂) ပုဂ္ဂိုလ်ဖြစ်တော်မူ သောဘုရား (THE PERSON OF GOD ) တလုံးတဝတည်းဖြစ်ခြင်း (UNITY) ထာဝရဖြစ်ခြင်း (ENTERNITY) နှင့်မပြောင်းလဲခြင်း (IMMUTABILITY )
(၃) ဘုရားသခင်၏အခွင့်တန်ခိုး ( THE POWER OF GOD ) အလုံးစုံသိခြင်း (OMNISCIENCE ) အနန္တတန်ခိုးနှင့်ပြည့်စုံခြင်း (OMNIPOTENCE )နှင့်ခပ်သိမ်းသော အရပ်တို့ ၌ရှိခြင်း (OMNIPRESENCE )
(ခ) လောကဓံတရားအား ဖြင့်ထင်ရှားသော ဂုဏ်အင်္ဂါရပ်များမှာ အောက်ပါအချက်များ နှင့် စပ် ဆိုင်သည်။
(၁) ဘုရားသခင်၏ သဘောသဘာဝ (THE NATURE OF GOD )
ချစ်ခြင်းမေတ္တာ (LOVE ) ကျေးဇူးတရား ( GRACE ) နှင့် ဂရုဏာတော် (MERCY )
(၂) ဘုရားသခင်၏ပင်ကိုယ် လက္ခဏာ (THE CHARACTER OF GOD )
သန့်ရှင်းခြင်း (HOLINESS) ဖြောင့်မတ်ခြင်း (RIGHTEOUSNESS ) နှင့် သစ္စာရှိခြင်း (FAITHFULNESS )
(၃) ဘုရားသခင်၏အုပ်စိုးခြင်း (The Government of God) ဉာဏ်ပညာ (Wisdom) သမ္မာတရား (Truth) နှင့် အချုပ်အခြာအာဏာစက် (Sovereignty)
မှတ်ချက် ။ ။ ရှေ့သင်ခန်းစာများတွင် ဤဂုဏ်အင်္ဂါရပ်များနှင့် ပတ်သက်သော အချက်အလက်များကို သုံးပါးတစ်ဆူဖြစ်တော်မူသော ဘုရားအကြောင်းကို လေ့လာရာ၌၊ အသေးစိတ် ဖော်ပြတင်ပြသွားပါမည်။ ဤသင်ခန်းစာ၌မူ “ယေရှုခရစ်”သည်၊ ဘုရားဖြစ်တော်မူ၍ ထာဝရဘုရားသခင်၏ဂုဏ်အင်္ဂါရပ် (၁၈)ပါးတို့နှင့် ပြည့်စုံကြောင်း ဝမ်းမြောက်စွာဖြင့် ဖော်ပြလိုပေသည်။
(၄) သရုပ်ဖော်ပြချက် -
(က) “ခရစ်တော်”သည်၊ ထာဝရဖြစ်၏ (ယော ၁း၁-၃) ကောလောသဲ (၁း၁၇)၊ (ဟေဗြဲ ၁း၁၀-၁၂) (ဗျာ ၁၁း၈း၁၀)
(ခ) “ခရစ်တော်”သည် ပြောင်းလဲခြင်းမရှိ (ဟေဗြဲ ၁း၁၁-၁၂) (ဟေဗြဲ ၁၃း၈)
(ဂ) “ခရစ်တော်”သည် ခပ်သိမ်းသောအရာတို့ကိုသိသော ဉာဏ်ပညာနှင့် ပြည့်စုံတော်မူ၏။
* (မ ၉း၄) “သူတို့၏ စိတ်ကိုသိမြင်တော်မူမည်”
* (ယော၆း၆၄) မည်သူက သူ့ကိုယုံကြည်လက်ခံ၍၊ မည်သူကို
သစ္စာဖောက် မည်ကို သိတော်မူ၏။
* (ယော ၅း၂၂) တရားစီရင်ခြင်းအခွင့်ရှိသမျှသည် သူ၌ အပ်ထား တော်မူ၏။
* (ဗျာ ၂၀း၁၁) အပြစ်သားအားလုံးကို တရားဆုံးဖြတ်မည်။
* (၁ကော ၄း၅) စိတ်နှလုံး အကြံအစည်များကို သိတော်မူ၏။
* (ကော ၂း၃) နက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှကို ဝှက်ထားတော်မူ၏။
(ဃ) “ခရစ်တော်”သည် အနန ္တတန်ခိုးနှင့် ပြည့်စုံတော်မူ၏။
* (ကော ၁း၁၆၊ ၁၇) “ခပ်သိမ်းသောသူတို့ကို ဖန်ဆင်းတော်မူ၍၊ တန်ခိုးတော်အားဖြင့် တည်ကြ၏”
* (မ ၂၈း၁၈) “စီရင်ပိုင်ဆိုင်သောအခွင့်တန်ခိုးရှိသမျှကို အပ်နှံခြင်းခံရ၏”
* (ဟေဗြဲ ၁း၃) “တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်း သောအရာတို့ကို မစတော်မူ၏”
* (မ ၁၄း၁၉-၃၁) “ဖန်ဆင်းခြင်းတန်ခိုးအာနိသင်နှင့် ပြည့်စုံ၏။
* (လု ၈း၂၄) (မ၁၄း၂၆) “သဘာဝတရားတို့အပေါ်၌ လွှမ်းမိုးအုပ်စိုးနိုင် ၏”
(င) “ခရစ်တော်”သည် ခပ်သိမ်းသောအရပ်တို့၌ရှိတော်မူ၏။
* (မ ၁၈း၂၀) “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးစည်းဝေးလျက် ထိုအရပ်၌ ရှိ၏”
* (မ၂၈း၁၉-၂၀) “ကပ်ကမ ္ဘာကုန်သည့်တိုင်အောင် ကျွန်ုပ်တို့နှင့်အစဉ် မပြတ်ရှိမည်။”
* (ယော ၃း၁၃) “မြေကြီးပေါ်မှာ အကျွန်ုပ်တို့နှင့်အတူ ရှိသကဲ့သို့ ကောင်းကင်ဘုံ၌ရှိတော်မူ၏”
(စ) “ခရစ်တော်”သည် ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၏။
* (ယော ၅း၂၁၊၂၂) “အလိုရှိသမျှသောသူတို့ကို အသက်ရှင်စေ၏”
* (မသဲ ၂၈း၁၈) “စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှကို ပိုင်ဆိုင်၏”
* (ဖိ ၂း၁၀၊ ၁၁) “ယေရှုဘွဲ့နာမတော်ကိုခပ်သိမ်းသော သတ္တဝါအပေါင်း တို့သည်၊ ဒူးထောက်ရ၏”
(၄) ရှင်ပြန်ထမြောက်ခြင်းအားဖြင့်
(ရောမ ၁း၄) ကိုအထူးမှတ်သားပါ၊ ဤအကြောင်းအရာသည်အလွန်လေးနက်ကျယ်ပြန့်သဖြင့်၊ ရှေ့ဆက် လက်သင်ကြားပို့ချရမည့် သင်ခန်းစာတစ်ခုတွင် သီးခြားအကျယ်အဝန်းရှင်းပြပါမည်။ ယခုသင်ခန်းစာတွင် “ယေရှုခရစ်”၏ ဘုရားဇာတိသည်၊ ခရစ်ယာန်ယံုံကြည်ခြင်း။ အခြေခံအုတ်မြစ်ဖြစ်၍။ ရှင်ပြန်ထမြောက် တော်မူခြင်းသည် ဝမ်းမြောက်ဘွယ်ရာသတင်းစကား၏ “ထောင့်အမြစ်ကျောက်”ဖြစ်ကြောင်းသိရန်ဖြင့်လုံ လောက်ပေသည်။
(၅) ကိုးကွယ်ခြင်းကိုလက်ခံသောအားဖြင့်
စစ်မှန်သောကိုးကွယ်ခြင်းမည်သည် “ဘုရားသခင်” တစ်ဦးတည်းအတွက် သီးသန့်သတ်မှတ်ထားသော အရာဖြစ်၍ “ခရစ်တော်” အနေဖြင့် ဤကဲ့သို့ ပြတ်ဝပ်ကိုးကွယ်ခြင်းကို လက်ခံခြင်း၊ အမိန့်ပေးခြင်းအားဖြင့် “ဘုရား” ကဲ့သို့ဖြစ်စေသည် (သို့တည်းမဟုတ် ) ကိုယ့်ကိုကိုယ် အထူးသိဒ္ဓိတင်ခြင်းနှင့်မာနထောင်လွှားခြင်း တည်းဟူသောကြီးမားသော အပြစ်ကျူးလွန်မူကိုသက်ရောက်စေသည်။
( မ ၁၄း၃၃ ) “လှေသားတို့သည်“ယေရူ”ထံပါးသို့ချဉ်းကပ်၍ညွှန်ပြလျှက်ကိုးကွယ်ကြသည်။”
(ယော ၂၀း၂၈) “သောမကလည်း အကျွနု်ပ်၏အရှင် အကျွနု်ပ်၏ဘုရား သခင်ပါတကားဟု လျှောက်၍ “ယေရူ” အား ကိုးကွယ်လေ၏။
(ဖိ ၂း၁၀၊၁၁ ) ခပ်သိမ်းသော သတ္တဝါအပေါင်းတို့ သည်လည်း“ယေရူ”၏ဘွဲ့နာမတော်ကို ဒူးထောက်၍ ကိုးကွယ်လေ၏။
“နိဂုံး” လေ့ကျင့်မှတ်သားပြီး “ယေရူ”၏ ဘုရားဇာတိ အကြောင်းကို လက်ဆင့်ကမ်း ဝေဌသက်သေခံပါ။
ဤသင်ခန်းစာတွင် အခြားသော အကြောင်းအရာများကို ထပ်ဆင့်ထည့်သွင်းဖော်ပြနိုင်သော်လည်း ကြည်ညို သော စိတ်နှလုံးဖြင့် သမ္မာတရားကိုစေ့စေ့ စပ်စပ်ရှာဖွေသူတို့အတွက် ဤမျှလောက်ဖြင့် လုံလောက်မူ ရှိ ကြောင်း အခိုင်အမာတင်ပြလိုပါသည်။
မေးခွန်းများ
၁။ “ခရစ်တော်” သည် ဘုရားမဖြစ်လျှင် အဘယ်ကြောင့်ခရစ်ယာန် သာသနာသည်ရပ်တည်မူ မရှိဘဲကွယ် ပျောက်သွားမည်နည်း။
(ဤသင်ခန်းစာ အရေကြီးသောကဏ္ဍ အပိုင်းမှဖြေဆိုပါ။)
၂။ “ခရစ်တော်” သည်ဘုရားသခင်၏သားတော် မဖြစ်ခဲ့လျှင် မလွှဲမသွေဖြစ်ပေါ်လာမည့် အကြောင်းအရာများ အနက်အနည်းဆုံး (၃) ခုကိုဖော်ပြပါ။
( “သင်ခန်းစာ အရေးကြီးသောကဏ္ဍ“ အောက်တွင်အဖြေများရှိသည်။)
၃။ “ခရစ်တော်” သည်ဘုရားဇာတိ သက်သေထင်ရှားစေသော “အချက်ကြီး (၅) ”ချက်ကိုဖော်ပြပါ။
၄။ ခရစ်တော်သည် ဘုရားဖြစ်တော်မူကြောင်း ထင်ရှားစေသည့် “ကိုယ်ပိုင်သက်သေခံချက်” အနည်းဆုံး (၄) ခုကိုဖော်ပြပါ။
၅။ “ခရစ်တော်”၏ဘုရားဇာတိကို သရုပ်ဖော်ထားသော လုပ်ဆောင်ချက်ကြီး (၅) ခုကိုဖော်ပြပါ။
၆။ “ဂုဏ်အင်္ဂါရပ်” ၏အဓိပ္ပါယ် ကိုရှင်းပြပါ။
၇။ “ဂုဏ်အင်္ဂါရပ်များ”ကို နှစ်မျိုးနှစ်စားပိုင်းခြား သတ်မှတ်ထားပါသည်။ ၎င်းအမျိုးအစားနှစ်ရပ်ကိုဖော်ပြပြီး ၎င်းတို့အောက်၌ရှိသော လက္ခဏာ အင်္ဂါရပ်များအနက် တစ်မျိုးလျှင် (၅) ခုစီဖော်ပြပါ။
၈။ “ခရစ်တော်” ၏ဘုရားဇာတိကို ထင်ရှားစေသော “ဂုဏ်အင်္ဂါရပ်များအနက် လေးခုကို ကျမ်းကိုးနှင့်တကွ ဖော်ပြပါ။
၉။ ( ရောမ ၁း၄ ) ကိုလေ့ကျက်မှတ်သားပါ။ “ခရစ်တော်” ၏ဘုရားဇာတိကို အတည်ပြုခိုင်ခန့်စေသော “ရှင်ပြန်ထမြောက်ခြင်း” သည်အဘယ်ကြောင့် အရေးကြီးသနည်း။
၁၀။ “ခရစ်တော်” သည် “ကိုးကွယ်ခြင်း” ကိုလက်ခံခဲ့ကြောင်း သာဓက (၂၀)ခုကိုဖော်ပြပါ။
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
မှတ်ချက်။ စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ (အခန်း ၁) ဖြစ်ပါသည်။
Part 3 (12 MB, until lesson 36) Bible Study (Piper) - received from Saya Aung Naing
http://www.mediafire.com/download.php?p2zfdh4gcf7b47e
http://www.murann.com/ezine/index.php?option=com_content&view=article&id=1514:-the-deity-of-jesus-christ&catid=9:bible-study&Itemid=10
သမၼာက်မ္းစာသင္ခန္းစာ “ေယ႐ႈခရစ္၏ဘုရားဇာတိ” The Deity of Jesus Christ
သင္ခန္းစာ အမွတ္ (၁)
Unicode & Zawgyi Reshare-#9Dan
သမၼာက်မ္းစာသင္ခန္းစာ
“ေယ႐ႈခရစ္၏ဘုရားဇာတိ” The Deity of Jesus Christ
“နိဒါန္း”
“ခရစ္ယာန္ဘာသာ” တစ္ခုလံုးသည္ ခိုင္မာေသာ အဆိုတစ္ရပ္အေပၚ၌အေျချပဳရပ္တည္လ်က္ရွိသည္။ ၄င္းအဆိုပါ “ေယ႐ႈခရစ္”သည္ ဘုရားသခင္၏သားျဖစ္ေတာ္မူ၍၊ ဘုရားႏွင့္ စပ္ဆိုင္ေသာဂုဏ္အဂၤါရပ္မ်ားႏွင့္ စီရင္ခြင့္ ရွိသမွ်တို႔ကို ပိုင္သေတာ္မူေသာ အနႏၱတန္ခိုးရွင္ျဖစ္သည္။
ဤသင္ခန္းစာ၏ အေရးႀကီးေသာက႑ The Importance of this lesson.
“ခရစ္ယာန္ဘာသာသည္၊
အက်င့္စာရိတၱႏွင့္ဆိုင္ေသာ ေလာကနီတိက်မ္း၊ နည္းဥပေဒမ်ားျဖင့္ စီရင္ထံုးဖြဲ႔ ထားေသာက်င့္ထံုးတစ္ရပ္မဟုတ္ေပ။ “အသက္ရွင္ျခင္း”ႏွင့္ဆိုင္ေသာ အေၾကာင္းတရားပင္ျဖစ္သည္။ “ေယ႐ႈခရစ္အား” မိမိတို႔၏ ကယ္တင္ပိုင္ရွင္ႏွင့္ အရွင္သခင္အျဖစ္ ယံုၾကည္ကိုးစားေသာသူအေပါင္းတို႔၏ အသက္တာ၌ ၀မ္းေျမာက္စြာပိုင္ဆိုင္ထင္ရွားလ်က္ရွိ “ေယ႐ႈခရစ္”၏ အသက္ရွင္ျခင္းပင္ျဖစ္သည္။ “ေယ႐ႈခရစ္၏ အမည္ကိုခရစ္ယာန္ဘာသာမွ ပယ္ႏႈတ္လိုက္ပါက၊ လံုး၀ဥသံု အဓိပၸါယ္ကင္းမဲ့လ်က္၊ အႏွစ္သာရအားျဖင့္ တန္ဘိုးမရွိ ေသာဗလာနတၱိပင္ျဖစ္ေပသည္။ ွ“ေယ႐ႈခရစ္”၏ ဘုရားဇာတိ “ခရစ္ေတာ္”သည္ သာမန္အားျဖင့္ ေလာကဓံတရား၏ အံ့ၾသဖြယ္ျဖစ္ရပ္တစ္ခုေသာ္၄င္း၊ ထူးျခားေျပာင္ေျမာက္လွေသာ ဆရာတစ္ပါးေသာ္၄င္း မွားယြင္းေစေသာအေယာင္ ေဆာင္ပုဂၢိဳလ္တစ္ဦးေသာ္၄င္း ျဖစ္ခဲ့လွ်င္ “ခရစ္ယာန္ဘာသာ” တစ္ခုလံုး၏ အေျခခံတိုက္ျမစ္သည္ က်ိဳးပဲ့ေၾကမြလွ်က္ ၿပိဳကြဲပ်က္စီးမည္ျဖစ္သည္။ “ခရစ္ေတာ္”သည္ ဘုန္းတန္ခိုးႏွင့္ ျပည့္စံုေတာ္မူေသာဘုရားမဟုတ္၊ မစင္ၾကယ္ေသာ အမ်ိဳးသမီးတစ္ဦးထံမွ တရား၀င္ျခင္းမရွိဘဲ၊ ေမြးဖြားလာေသာ ခေလးပင္ျဖစ္ေပလိမ့္မည္။
“ခရစ္ေတာ္”သည္ ဘုရားႏွင့္ မစပ္ဆိုင္ပါက၊ သူျပဳခဲ့သမွ်ေသာ အံ့ၾသဖြယ္ရာမ်ားသည္၊ ေရွးေဟာင္းပံုျပင္မ်ား သာျဖစ္ေပမည္။ သူ၏ႏုတ္ထြက္စကားမ်ားသည္ မွားယြင္းခၽြတ္ေခ်ာ္ေနလွ်င္၊ စႀကၤာ၀ဠာတစ္ခုလံုးႏွင့္ ဆိုင္ေသာ လူသားမ်ားသည္ မွားယြင္းေနလွ်င္ ၄င္းတို႔၏ အျပစ္မွေရြးႏႈတ္ကယ္တင္ျခင္းအေၾကာင္းကို ဘယ္ကဲ့သို႔ေျဖရွင္းႏိုင္မည္ နည္း။
“ခရစ္ေတာ္”သည္ ဘုရားသခင္၏သားေတာ္မဟုတ္ပါက လစ္လပ္ေနေသာ ဂူသခ်ႋဳင္းတြင္းမွထြႏ္းေတာက္ လ်က္ရွိေသာ ဘုန္းေတာ္ေရာင္ျခည္မ်ားလည္း ထြက္ေပၚလာမည္မဟုတ္ေပ။ အျပစ္တရား၊ ေသျခင္းတရားႏွင့္ ငရဲကို လည္း ေအာင္ႏိုင္ေက်ာ္လႊားႏိုင္မည္မဟုတ္ေပ။ ခရစ္ယာန္တို႔ေမွ်ာ္လင့္ေတာင့္တလ်က္ရွိေသာ ဘုန္းေတာ္၀င္စားရ မည့္အနာဂတ္ကာလမွာလည္း၊ ၿပိဳကြဲပ်က္စီးရလိမ့္မည္။ ယံုၾကည္သူတိုင္းသည္ အျပစ္ႏြံထဲ၌ နစ္ျမဳပ္ေနလွ်က္၊ အျခား ေသာသူအေပါင္းတို႔ထက္သာ၍ ဆင္းရဲေသာသူမ်ားျဖစ္ရၾကလိမ့္မည္။ အသက္ထက္ဆံုး အေရးႀကီးေသာ သတင္း စကားျဖစ္သည့္ေမွ်ာ္လင့္ျခင္းႏွင့္ ၿငိမ္သက္ျခင္းသည္ လြင့္စင္ကြယ္ေပ်ာက္လ်က္၊ ေၾကကြဲ၀မ္းနည္းမႈႏွင့္ ႀကံဳေတြ႔ရေပ မည္။ (၁ေကာ ၁၅း၁-၂၆ ကိုဆက္ပါ။)
“ခရစ္ေတာ္ဘုရား ဇာတိကိုထင္ရွားေစေသာ သက္ေသခံခ်က္မ်ား”
Christ Deity is Attested To
(၁) ကိုယ္တိုင္သက္ေသခံခ်က္မ်ားအားျဖင့္ (By His Claims)
၁။ ဓမၼေဟာင္းက်မ္းမ်ားက “ေယ႐ႈခရစ္”အား - “ေမရွိယ”အျဖစ္ သက္ေသခံထားျခင္း (ေယာ ၅း၃၉)
၂။ “အာျဗဟံ”မတိုင္မီရွိေတာ္မူ၍ “ငါျဖစ္သည္”အတိုင္း ငါျဖစ္၏ဟု မိန္႔ေတာ္မူခဲ့သည္။
(ထြက္ ၃း၁၃၊ ၁၄၊ ၆း၃) “ငါျဖစ္သည္”ဟူေသာ အမည္မွာ “ေယေဟာ၀ါဘုရား” အတြက္ ျဖစ္ၿပီး ဘုရားသခင္၏ပင္ကိုယ္သေဘာအားျဖင့္ အလိုအေလ်ာက္တည္ရွိေနျခင္းကို ဆိုလိုသည္။ (ေယာ ၈း၅၇-၅၆)
၃။ “ေယ႐ႈက ငါသည္ အသက္မုန္႔ျဖစ္၏”ဟု (ေယာ ၆း၃၅၊ ၄၈)တြင္ ႁမြက္ၾကားခဲ့ၿပီး၊ သူ႕ကိုယံုၾကည္ ေသာသူအေပါင္းတို႔သည္ ဆာေလာင္မြတ္သိပ္ျခင္းႏွင့္အစဥ္ကင္းလြတ္ရမည္ဟု မွာၾကားခဲ့သည္။
၄။ ေယ႐ႈက “ငါသည္၊ သိုး၀င္ေသာ တံခါး၀ျဖစ္၏”ဟု (ေယာ ၁၀း၈)တြင္ မိန္႔ဆိုခဲ့ၿပီး၊ ထိုတံခါး၀မွ၀င္ ေသာသူတို႔သည္ ကယ္တင္ျခင္းကိုရလိမ့္မည္။ (ေယာ ၁၀း၉)
၅။ ေယ႐ႈက “ငါသည္ ဤေလာက၏အလင္းျဖစ္၏”ဟူ၍ မိန္႔ေတာ္မူခဲ့သည္။ (ေယာ ၈း၁၂၊ ၉း၅)
၆။ ေယ႐ႈက “ငါသည္လမ္းခရီးျဖစ္၏။ သမၼာတရားလည္းျဖစ္၏၊ အသက္လည္းျဖစ္၏”ဟု မိန္႔ေတာ္မူခဲ့ ၿပီး၊ သူ႔ကိုအမွီမျပဳလွ်င္အဘယ္သူမွ ခမည္းေတာ္ထံသို႔မေရာက္ႏိုင္ဟု ႁမြက္ၾကားခဲ့သည္။ (ေယာ ၁၄း၆)
၇။ ေယ႐ႈက “ငါသည္ထေျမာက္ျခင္းအေၾကာင္းျဖစ္၏” ငါ့ကိုယံုၾကည္ေသာသူအေပါင္းတို႔သည္ ေသျခင္းႏွင့္ အစဥ္မျပတ္ကင္းလႊတ္၍ ေသလြန္ေသာ္လည္း၊ ရွင္လိမ့္မည္”ဟု သက္ေသခံထား ေၾကာင္း (ေယာ ၁၁း၂၅)တြင္ ေတြ႔ရသည္။
၈။ ေယ႐ႈက “ငါသည္ ငါ့ခမည္းေတာ္ႏွင့္ တလံုးတ၀တည္းျဖစ္သည္”ဟု မိန္႔ေတာ္မူ၏။ (ေယာ ၁၀း၃၀-၃၃၊ ၁၄း၈၊၉)။
၉။ ေယ႐ႈက “ဤကမ ၻာမတည္ရွိမီ - ရွိေနေၾကာင္း “အခိုင္အမာေျပာဆိုခဲ့သည္။ (ေယာ ၁၇း၅)
(၂) လုပ္ေဆာင္ခ်က္မ်ားအားျဖင့္
၁။ အျပစ္လႊတ္ခဲ့သည္။ (မႆး ၉း၂-၆) (မာကု ၂း၅-၇) (လု ၇း၄၇-၅၀)က်မ္းျပဳဆရာအခ်ိဳ႕က “ေယ႐ႈ”အား လြန္က်ဴးစြာ ေျပာဆိုသည္ဟု စြပ္စြဲၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဘုရားသခင္မွ တစ္ပါး အဘယ္သူမွ် အျပစ္ကိုမလြတ္ႏိုင္ေၾကာင္း နားလည္ထားၾကသည္။ သို႔ျဖစ္၍ “ခရစ္ေတာ္” သည္ ဘုရားသခင္ သို႔တည္းမဟုတ္ လြန္က်ဴးစြာေျပာဆိုတတ္သူျဖစ္ေပမည္။
၂။ “ေယ႐ႈ”သည္ ဘုရားသခင္မွတစ္ပါးအဘယ္သူမွ် မျပဳႏိုင္ေသာ အံ့ဘြယ္ရာမ်ားကို ျပဳခဲ့သည္။
(က) ေသေသာသူကို၊ ရွင္ျပန္ထေျမာက္ေစသည့္ (လူ ၇း၁၂-၁၅) (လု ၈း၅၂-၅၅) (ေယာ ၁၁း၄၁-၄၄)
(ခ) မ်က္စိကန္းေသာသူကိုျမင္ေစသည္။ (ေယာ ၉း၄-၈)
(ဂ) ေရမွစပ်စ္ေရသို႔ အသြင္ေျပာင္းခဲ့သည္။ (ေယာ ၂း၇-၁၁)
(ဃ) လူ (၅၀၀၀)ငါးေထာင္အား မုန္႔ငါးလံုးႏွင့္ ငါးႏွစ္ေကာင္ေကၽြးခဲ့သည္။ (မ၁၄း၁၅-၂၀)
(င) ေရာဂါအမ်ိဳးမ်ိဳးကို ကင္းၿငိမ္းေစခဲ့သည္။ (မ ၁၂း၁၀-၁၁) (လု ၆း၁၇-၁၉)
(စ) ပင္လယ္ႏွင့္ လိႈင္းတံပိုးတို႔ကို ၿငိမ္သက္ေစခဲ့သည္။ (လု ၈း၂၂-၂၄) (မ ၈း၂၃-၂၇)
(၃) ဂုဏ္အဂၤါရပ္မ်ားအားျဖင့္
၁။ “အဓိပၸါယ္ရွင္းလင္းခ်က္” ဘုရားသခင္၏ ဂုဏ္အဂၤါလကၡဏာမ်ားမွာ သံုးပါးတစ္ဆူ ျဖစ္ေတာ္မူေသာ ဘုရားသခင္၏ မေျပာင္းလဲေသာ ဂုဏ္သတၱိမ်ားႏွင့္ စီရင္ပိုင္ခြင့္တန္ခိုး အာဏာစက္တို႔ပင္ျဖစ္သည္။
၂။ ဂုဏ္အဂၤါရပ္မ်ားကို ႏွစ္မ်ိဳးႏွစ္စားပိုင္းျခားထားလွ်က္ရွိသည္။
(က) သဘာ၀ဂုဏ္အဂၤါရပ္မ်ား။
ဘုရားသခင္ႏွင့္ စပ္ဆိုင္ေသာလကၡဏမ်ားအားျဖင့္ ဖြင့္ျပေသာ ဂုဏ္အဂၤါရပ္မ်ား၊ ၄င္းတို႔မွာ အလိုေတာ္ႏွင့္ မသက္ဆိုင္ဘဲ အႂကြင္းမဲ့ရပ္တည္လ်က္ရွိေသာ လကၡဏာမ်ား ပင္ျဖစ္သည္။
(ခ) ေလာကဓံတရားအားျဖင့္ထင္ရွားေသာဂုဏ္အဂၤါရပ္မ်ား-
ဘုရားသခင္၏ ဖန္ဆင္းလက္ရာျဖစ္ေသာ သတၱဝါ အေပါင္းတို႔အား ထင္ရွားစြာ ျပေတာ္မူေသာ ဂုဏ္အဂၤါလကၡဏာမ်ား။
၃။ သဘာဝဂုဏ္အဂၤါရပ္ (၉) မ်ိဳးႏွင့္ ေလာကဓံတရားအားျဖင့္ ထင္ရွားေသာ ဂုဏ္အဂၤါ (၉) မ်ဳိးရွိပါသည္။
(က) သဘာဝဂုဏ္အဂၤါရပ္ (၉) မ်ဳိးမွာ ေအာက္ပါအခ်က္မ်ားႏွင့္ စပ္ဆိုင္သည္-
(၁) ဘုရားသခင္သက္ေတာ္စဥ္(THE LIEE OF GOD) အသက္တာ(LIFE) ဝိဥာဥ္ေရးရာ (SPIRITUALITY) ႏွင့္မေျပာင္းလဲျခင္း(IMMUTABLLITY)
(၂) ပုဂၢိဳလ္ျဖစ္ေတာ္မူ ေသာဘုရား (THE PERSON OF GOD ) တလုံးတဝတည္းျဖစ္ျခင္း (UNITY) ထာဝရျဖစ္ျခင္း (ENTERNITY) ႏွင့္မေျပာင္းလဲျခင္း (IMMUTABILITY )
(၃) ဘုရားသခင္၏အခြင့္တန္ခုိး ( THE POWER OF GOD ) အလုံးစုံသိျခင္း (OMNISCIENCE ) အနႏၲတန္ခိုးႏွင့္ျပည့္စုံျခင္း (OMNIPOTENCE )ႏွင့္ခပ္သိမ္းေသာ အရပ္တို႔ ၌ရွိျခင္း (OMNIPRESENCE )
(ခ) ေလာကဓံတရားအား ျဖင့္ထင္ရွားေသာ ဂုဏ္အဂၤါရပ္မ်ားမွာ ေအာက္ပါအခ်က္မ်ား ႏွင့္ စပ္ ဆိုင္သည္။
(၁) ဘုရားသခင္၏ သေဘာသဘာဝ (THE NATURE OF GOD )
ခ်စ္ျခင္းေမတၲာ (LOVE ) ေက်းဇူးတရား ( GRACE ) ႏွင့္ ဂရုဏာေတာ္ (MERCY )
(၂) ဘုရားသခင္၏ပင္ကိုယ္ လကၡဏာ (THE CHARACTER OF GOD )
သန္႔ရွင္းျခင္း (HOLINESS) ေျဖာင့္မတ္ျခင္း (RIGHTEOUSNESS ) ႏွင့္ သစၥာရွိျခင္း (FAITHFULNESS )
(၃) ဘုရားသခင္၏အုပ္စိုးျခင္း (The Government of God) ဥာဏ္ပညာ (Wisdom) သမၼာတရား (Truth) ႏွင့္ အခ်ဳပ္အျခာအာဏာစက္ (Sovereignty)
မွတ္ခ်က္ ။ ။ ေရွ႕သင္ခန္းစာမ်ားတြင္ ဤဂုဏ္အဂၤါရပ္မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို သံုးပါးတစ္ဆူျဖစ္ေတာ္မူေသာ ဘုရားအေၾကာင္းကို ေလ့လာရာ၌၊ အေသးစိတ္ ေဖာ္ျပတင္ျပသြားပါမည္။ ဤသင္ခန္းစာ၌မူ “ေယရႈခရစ္”သည္၊ ဘုရားျဖစ္ေတာ္မူ၍ ထာ၀ရဘုရားသခင္၏ဂုဏ္အဂၤါရပ္ (၁၈)ပါးတို႔ႏွင့္ ျပည့္စံုေၾကာင္း ၀မ္းေျမာက္စြာျဖင့္ ေဖာ္ျပလိုေပသည္။
(၄) သ႐ုပ္ေဖာ္ျပခ်က္ -
(က) “ခရစ္ေတာ္”သည္၊ ထာ၀ရျဖစ္၏ (ေယာ ၁း၁-၃) ေကာေလာသဲ (၁း၁၇)၊ (ေဟၿဗဲ ၁း၁၀-၁၂) (ဗ်ာ ၁၁း၈း၁၀)
(ခ) “ခရစ္ေတာ္”သည္ ေျပာင္းလဲျခင္းမရွိ (ေဟၿဗဲ ၁း၁၁-၁၂) (ေဟၿဗဲ ၁၃း၈)
(ဂ) “ခရစ္ေတာ္”သည္ ခပ္သိမ္းေသာအရာတို႔ကိုသိေသာ ဥာဏ္ပညာႏွင့္ ျပည့္စံုေတာ္မူ၏။
* (မ ၉း၄) “သူတို႔၏ စိတ္ကိုသိျမင္ေတာ္မူမည္”
* (ေယာ၆း၆၄) မည္သူက သူ႔ကိုယံုၾကည္လက္ခံ၍၊ မည္သူကို
သစၥာေဖာက္ မည္ကို သိေတာ္မူ၏။
* (ေယာ ၅း၂၂) တရားစီရင္ျခင္းအခြင့္ရွိသမွ်သည္ သူ၌ အပ္ထား ေတာ္မူ၏။
* (ဗ်ာ ၂၀း၁၁) အျပစ္သားအားလံုးကို တရားဆံုးျဖတ္မည္။
* (၁ေကာ ၄း၅) စိတ္ႏွလံုး အႀကံအစည္မ်ားကို သိေတာ္မူ၏။
* (ေကာ ၂း၃) နက္နဲေသာအရာ၌ ပညာဘ႑ာ၊ ဥာဏ္ဘ႑ာရွိသမွ်ကို ၀ွက္ထားေတာ္မူ၏။
(ဃ) “ခရစ္ေတာ္”သည္ အနႏ ၱတန္ခိုးႏွင့္ ျပည့္စံုေတာ္မူ၏။
* (ေကာ ၁း၁၆၊ ၁၇) “ခပ္သိမ္းေသာသူတို႔ကို ဖန္ဆင္းေတာ္မူ၍၊ တန္ခိုးေတာ္အားျဖင့္ တည္ၾက၏”
* (မ ၂၈း၁၈) “စီရင္ပိုင္ဆိုင္ေသာအခြင့္တန္ခိုးရွိသမွ်ကို အပ္ႏွံျခင္းခံရ၏”
* (ေဟၿဗဲ ၁း၃) “တန္ခိုးႏွင့္ ျပည့္စံုေသာ မိမိအမိန္႔ေတာ္အားျဖင့္ ခပ္သိမ္း ေသာအရာတို႔ကို မစေတာ္မူ၏”
* (မ ၁၄း၁၉-၃၁) “ဖန္ဆင္းျခင္းတန္ခိုးအာနိသင္ႏွင့္ ျပည့္စံု၏။
* (လု ၈း၂၄) (မ၁၄း၂၆) “သဘာ၀တရားတို႔အေပၚ၌ လႊမ္းမိုးအုပ္စိုးႏိုင္ ၏”
(င) “ခရစ္ေတာ္”သည္ ခပ္သိမ္းေသာအရပ္တို႔၌ရွိေတာ္မူ၏။
* (မ ၁၈း၂၀) “အၾကင္အရပ္၌ လူႏွစ္ဦးသံုးဦးစည္းေ၀းလ်က္ ထိုအရပ္၌ ရွိ၏”
* (မ၂၈း၁၉-၂၀) “ကပ္ကမ ၻာကုန္သည့္တိုင္ေအာင္ ကၽြႏ္ုပ္တို႔ႏွင့္အစဥ္ မျပတ္ရွိမည္။”
* (ေယာ ၃း၁၃) “ေျမႀကီးေပၚမွာ အကၽြႏ္ုပ္တို႔ႏွင့္အတူ ရွိသကဲ့သို႔ ေကာင္းကင္ဘံု၌ရွိေတာ္မူ၏”
(စ) “ခရစ္ေတာ္”သည္ ခပ္သိမ္းေသာအရာတို႔ကို အစိုးရေတာ္မူ၏။
* (ေယာ ၅း၂၁၊၂၂) “အလိုရွိသမွ်ေသာသူတို႔ကို အသက္ရွင္ေစ၏”
* (မသဲ ၂၈း၁၈) “စီရင္ပိုင္ေသာအခြင့္တန္ခိုးရွိသမွ်ကို ပိုင္ဆိုင္၏”
* (ဖိ ၂း၁၀၊ ၁၁) “ေယ႐ႈဘြဲ႕နာမေတာ္ကိုခပ္သိမ္းေသာ သတၱ၀ါအေပါင္း တို႔သည္၊ ဒူးေထာက္ရ၏”
(၄) ရွင္ျပန္ထေျမာက္ျခင္းအားျဖင့္
(ေရာမ ၁း၄) ကိုအထူးမွတ္သားပါ၊ ဤအေၾကာင္းအရာသည္အလြန္ေလးနက္က်ယ္ျပန္႔သျဖင့္၊ ေရွ႕ဆက္ လက္သင္ၾကားပို႔ခ်ရမည့္ သင္ခန္းစာတစ္ခုတြင္ သီးျခားအက်ယ္အ၀န္းရွင္းျပပါမည္။ ယခုသင္ခန္းစာတြင္ “ေယ႐ႈခရစ္”၏ ဘုရားဇာတိသည္၊ ခရစ္ယာန္ယံံုၾကည္ျခင္း။ အေျခခံအုတ္ျမစ္ျဖစ္၍။ ရွင္ျပန္ထေျမာက္ ေတာ္မူျခင္းသည္ ၀မ္းေျမာက္ဘြယ္ရာသတင္းစကား၏ “ေထာင့္အျမစ္ေက်ာက္”ျဖစ္ေၾကာင္းသိရန္ျဖင့္လံု ေလာက္ေပသည္။
(၅) ကိုးကြယ္ျခင္းကိုလက္ခံေသာအားျဖင့္
စစ္မွန္ေသာကိုးကြယ္ျခင္းမည္သည္ “ဘုရားသခင္” တစ္ဦးတည္းအတြက္ သီးသန္႔သတ္မွတ္ထားေသာ အရာျဖစ္၍ “ခရစ္ေတာ္” အေနျဖင့္ ဤကဲ့သို႔ ျပတ္ဝပ္ကိုးကြယ္ျခင္းကို လက္ခံျခင္း၊ အမိန္႔ေပးျခင္းအားျဖင့္ “ဘုရား” ကဲ့သို႔ျဖစ္ေစသည္ (သို႔တည္းမဟုတ္ ) ကိုယ့္ကိုကိုယ္ အထူးသိဒိၶတင္ျခင္းႏွင့္မာနေထာင္လႊားျခင္း တည္းဟူေသာႀကီးမားေသာ အျပစ္က်ဴးလြန္မူကိုသက္ေရာက္ေစသည္။
( မ ၁၄း၃၃ ) “ေလွသားတို႔သည္“ေယ႐ူ”ထံပါးသို႔ခ်ဥ္းကပ္၍ၫႊန္ျပလွ်က္ကိုးကြယ္ၾကသည္။”
(ေယာ ၂၀း၂၈) “ေသာမကလည္း အကၽြႏု္ပ္၏အရွင္ အကၽြႏု္ပ္၏ဘုရား သခင္ပါတကားဟု ေလွ်ာက္၍ “ေယ႐ူ” အား ကိုးကြယ္ေလ၏။
(ဖိ ၂း၁၀၊၁၁ ) ခပ္သိမ္းေသာ သတၱဝါအေပါင္းတို႔ သည္လည္း“ေယ႐ူ”၏ဘြဲ႔နာမေတာ္ကို ဒူးေထာက္၍ ကိုးကြယ္ေလ၏။
“နိဂုံး” ေလ့က်င့္မွတ္သားၿပီး “ေယ႐ူ”၏ ဘုရားဇာတိ အေၾကာင္းကို လက္ဆင့္ကမ္း ေဝဌသက္ေသခံပါ။
ဤသင္ခန္းစာတြင္ အျခားေသာ အေၾကာင္းအရာမ်ားကို ထပ္ဆင့္ထည့္သြင္းေဖာ္ျပႏုိင္ေသာ္လည္း ၾကည္ၫိဳ ေသာ စိတ္ႏွလုံးျဖင့္ သမၼာတရားကိုေစ့ေစ့ စပ္စပ္ရွာေဖြသူတို႔အတြက္ ဤမွ်ေလာက္ျဖင့္ လုံေလာက္မူ ရွိ ေၾကာင္း အခိုင္အမာတင္ျပလိုပါသည္။
ေမးခြန္းမ်ား
၁။ “ခရစ္ေတာ္” သည္ ဘုရားမျဖစ္လွ်င္ အဘယ္ေၾကာင့္ခရစ္ယာန္ သာသနာသည္ရပ္တည္မူ မရွိဘဲကြယ္ ေပ်ာက္သြားမည္နည္း။
(ဤသင္ခန္းစာ အေရႀကီးေသာက႑ အပိုင္းမွေျဖဆိုပါ။)
၂။ “ခရစ္ေတာ္” သည္ဘုရားသခင္၏သားေတာ္ မျဖစ္ခဲ့လွ်င္ မလႊဲမေသြျဖစ္ေပၚလာမည့္ အေၾကာင္းအရာမ်ား အနက္အနည္းဆုံး (၃) ခုကိုေဖာ္ျပပါ။
( “သင္ခန္းစာ အေရးႀကီးေသာက႑“ ေအာက္တြင္အေျဖမ်ားရွိသည္။)
၃။ “ခရစ္ေတာ္” သည္ဘုရားဇာတိ သက္ေသထင္ရွားေစေသာ “အခ်က္ႀကီး (၅) ”ခ်က္ကိုေဖာ္ျပပါ။
၄။ ခရစ္ေတာ္သည္ ဘုရားျဖစ္ေတာ္မူေၾကာင္း ထင္ရွားေစသည့္ “ကိုယ္ပိုင္သက္ေသခံခ်က္” အနည္းဆုံး (၄) ခုကိုေဖာ္ျပပါ။
၅။ “ခရစ္ေတာ္”၏ဘုရားဇာတိကို သ႐ုပ္ေဖာ္ထားေသာ လုပ္ေဆာင္ခ်က္ႀကီး (၅) ခုကိုေဖာ္ျပပါ။
၆။ “ဂုဏ္အဂၤါရပ္” ၏အဓိပၸါယ္ ကိုရွင္းျပပါ။
၇။ “ဂုဏ္အဂၤါရပ္မ်ား”ကို ႏွစ္မ်ဳိးႏွစ္စားပိုင္းျခား သတ္မွတ္ထားပါသည္။ ၄င္းအမ်ဳိးအစားႏွစ္ရပ္ကိုေဖာ္ျပၿပီး ၄င္းတို႔ေအာက္၌ရွိေသာ လကၡဏာ အဂၤါရပ္မ်ားအနက္ တစ္မ်ဳိးလွ်င္ (၅) ခုစီေဖာ္ျပပါ။
၈။ “ခရစ္ေတာ္” ၏ဘုရားဇာတိကို ထင္ရွားေစေသာ “ဂုဏ္အဂၤါရပ္မ်ားအနက္ ေလးခုကို က်မ္းကိုးႏွင့္တကြ ေဖာ္ျပပါ။
၉။ ( ေရာမ ၁း၄ ) ကိုေလ့က်က္မွတ္သားပါ။ “ခရစ္ေတာ္” ၏ဘုရားဇာတိကို အတည္ျပဳခိုင္ခန္႔ေစေသာ “ရွင္ျပန္ထေျမာက္ျခင္း” သည္အဘယ္ေၾကာင့္ အေရးႀကီးသနည္း။
၁၀။ “ခရစ္ေတာ္” သည္ “ကိုးကြယ္ျခင္း” ကိုလက္ခံခဲ့ေၾကာင္း သာဓက (၂၀)ခုကိုေဖာ္ျပပါ။
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
မွတ္ခ်က္။ စာေပးစာယူ၊ အေ၀းသင္ဒီပလိုမာက်မ္းစာသင္ခန္းစာမ်ား (အခန္း ၁) ျဖစ္ပါသည္။
Part 3 (12 MB, until lesson 36) Bible Study (Piper) - received from Saya Aung Naing
http://www.mediafire.com/download.php?p2zfdh4gcf7b47e
http://www.murann.com/ezine/index.php?option=com_content&view=article&id=1514:-the-deity-of-jesus-christ&catid=9:bible-study&Itemid=10
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment