0

ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်သော သီအိုရီအလွဲများ part 1

 
ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်သော သီအိုရီအလွဲများ

Unicode & Zawgyi Reshare-#9Dan
ဘုရားသခင်၏ကျမ်းစာ
Options for this story
ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်သော သီအိုရီအလွဲများ
ကျမ်းစာပါ အချို့အကြောင်းအရာကို လူ့ဉာဏ်နှင့် ဆုံးဖြတ်ပြီး လူ့ယုတ္တိတရားဘောင်အတွင်း အံဝင်ဂွင်ကျ မဖြစ်သောအရာများကို လူ၏တရားဖြင့် ဖြေရှင်းရန် ကြိုးစားသောသူများက ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း နှင့် ပတ်သက်၍ အမျိုးမျိုး သီအိုရီထုတ်ကြသည်။
(၁) သတိမေ့သီအိုရီ ( Swoon Theory )

ဤသီအိုရီက ခရစ်တော်သည် ကားတိုင်ပေါ်၌ အမှန်တကယ်မသေဘဲ မေ့မျောခြင်းဖြစ်သည်ဟု ဆိုသည်။ သူခံရသော ဝေဒနာ၊ ဒဏ်ရာဒဏ်ချက်များနှင့် မောပန်းနွမ်းနယ်မှု၊ သွေးအလွန်တရာ ထွက်စီးမှုများကြောင့် မေ့မျောသွားပြီး တပည့်တော်များက သေပြီဟုထင်ကာ သင်္ဂြိုလ်ခြင်းဖြစ်သည်။ အုတ်ဂူတွင်းအအေးဒဏ်ကြောင့်ပြန်လည် လန်းဆန်းသတိရလာပြီး ပြန်ထွက်လာကြောင့် ရှင်ပြန်ထမြောက်သည်ဟု ဆိုကြခြင်းဖြစ်သည်ဟု ဤသီအိုရီက ထောက်ပြသည်။
ဖြေရှင်းချက်။ ။ ခရစ်တော်သာ သာမန်လူဖြစ်ပြီး ထိုသို့သောဝေဒနာကို ခံရ၍ သတိမေ့မျောကာ အုတ်ဂူတွင်းထားခြင်းခံရသည်ဆိုပါက အလုံပိတ်ထားသော ဂူသည် သူ့အတွက် သတိရလာစရာထက် အသက်ရှုမဝဖြစ်ကာ သေစေသောအရာပင်ပိုဖြစ်နိုင်သည်။ ထို့အပြင် ကိုယ်ပေါ်၌ ရစ်ပတ်ထားသော ပိတ်ထည်များကို ကိုယ်နည်းဟန်ဖြေပြီး ဂူဝကျောက်တုံးကြီးကို လှိမ့်ကာ ရောမစစ်သားအစောင့်များကို တိုက်ခိုက်၍ လွတ်မြောက်သည်သာမက ဧမောက်လမ်း၌ တပည့်တော်တို့နှင့် ၇ မိုင်မျှလောက် လမ်းလျှောက်ခြင်းကို သေလို့မျောပါးဖြစ်နေသောသာမန်လူက တတ်နိုင်ပါမည်လော။ ( မဿဲ ၂၈း၆၊ မာကု ၁၆း၆၊ လုကာ၂၄း၁၂၊ ယောဟန် ၂၀း၅-၈ )။
(၂) မြင်ယောင်မြင်မှားသီအိုရီ ( Hallucination Theory )
ဤသီအိုရီက ခရစ်တော်ထမြောက်ပြီး လူအများထံ ကိုယ်ထင်ပြခြင်းသည် အမှန်တကယ်မဟုတ်၊ ထိုသို့မြင်သောသူများက မြင်ယောင်မြင်မှားဖြစ်နေခြင်းပင်ဟု ဆိုသည်။
ဖြေရှင်းချက်။ ။ လူအယောက် ၅၀၀ ကျော်က အဘယ်သို့ တပြိုင်တည်း မြင်ယောင်မြင်မှားဖြစ်နိုင် မည်နည်း။ ထို့အပြင် တစ်ကြိမ်တည်းမဟုတ်၊ မတူညီသောနေရာ၊ မတူညီသောအချိန်၌ တစ်ကြိမ်ထက်မက ကိုယ်ထင်ပြတော်မူခြင်းဖြစ်သည်။ မြင်မှားခြင်းသည် မြင်သာမြင်ရသည်၊ ထိတွေ့၍ စကားပြော၍ မရနိုင်ပါ။ တပည့်တော်များက ကိုယ်တော်ကို စမ်းသပ်ထိတွေ့၍ စကားပြောခဲ့ကြသည်။ စိတ်ပညာရှင်များအဆိုအရ
(၁) စိတ်ဂနာမငြိမ်သူ (Paranoia or Schizophrenia )ဝေဒနာရှင်၌ သာ မြင်ယောင်မြင်မှားခြင်းမျိုးရှိသည်။
(၂) ထိုသို့မြင်မှားသည့်အရာသည် မြင်သူ၏ အတိတ်က ဖြစ်ပျက်၊ မြင်ကွင်း၊ အတွေ့အကြုံနှင့် ဆက်စပ်မှုရှိသည်။ ( တပည့်တော်များ၏ အတိတ်၌ ထိုအရာမျိုးမရှိခဲ့ပေ)
(၃) အတိတ်အဖြစ်အပျက်နှင့် ဆက်စပ်သည့်နေရာ၊ အခြေအနေနှင့် စိတ်ခံစားချက် ပေါ်လာမှသာ မြင်ယောင်မြင်မှားခြင်းဖြစ်တတ်သည်။
ဤအချက်များကို ကြည့်လျှင် ခရစ်တော်၏ ထမြောက်ပြီး ကိုယ်ထင်ပြတော်မူခြင်းသည် မြင်ယောင်မြင်မှား ခြင်းမဟုတ်ပေ။ ( မာကု ၁၆း၁၁-၁၆၊လုကာ ၂၄း၁၁-၁၂၊ ယောဟန် ၂၀း၂၄-၃၀၊ ၁ ကော ၁၅း၄-၈ )
………………( ဆက်ရန် )………..
ခရစ္ေတာ္ရွင္ျပန္ထေျမာက္ျခင္းႏွင့္ ပတ္သက္ေသာ သီအုိရီအလြဲမ်ား

Unicode & Zawgyi Reshare-#9Dan
ဘုရားသခင္၏က်မ္းစာ
Options for this story
ခရစ္ေတာ္ရွင္ျပန္ထေျမာက္ျခင္းႏွင့္ ပတ္သက္ေသာ သီအုိရီအလြဲမ်ား
က်မ္းစာပါ အခ်ိဳ႕အေၾကာင္းအရာကို လူ႕ဥာဏ္ႏွင့္ ဆုံးျဖတ္ျပီး လူ႕ယုတၱိတရားေဘာင္အတြင္း အံ၀င္ဂြင္က် မျဖစ္ေသာအရာမ်ားကို လူ၏တရားျဖင့္ ေျဖရွင္းရန္ ၾကိဳးစားေသာသူမ်ားက ခရစ္ေတာ္၏ ရွင္ျပန္ထေျမာက္ျခင္း ႏွင့္ ပတ္သက္၍ အမ်ိဳးမ်ိဳး သီအိုရီထုတ္ၾကသည္။
(၁) သတိေမ့သီအိုရီ ( Swoon Theory )

ဤသီအုိရီက ခရစ္ေတာ္သည္ ကားတုိင္ေပၚ၌ အမွန္တကယ္မေသဘဲ ေမ့ေမ်ာျခင္းျဖစ္သည္ဟု ဆုိသည္။ သူခံရေသာ ေ၀ဒနာ၊ ဒဏ္ရာဒဏ္ခ်က္မ်ားႏွင့္ ေမာပန္းႏြမ္းနယ္မႈ၊ ေသြးအလြန္တရာ ထြက္စီးမႈမ်ားေၾကာင့္ ေမ့ေမ်ာသြားျပီး တပည့္ေတာ္မ်ားက ေသျပီဟုထင္ကာ သျဂႋဳလ္ျခင္းျဖစ္သည္။ အုတ္ဂူတြင္းအေအးဒဏ္ေၾကာင့္ျပန္လည္ လန္းဆန္းသတိရလာျပီး ျပန္ထြက္လာေၾကာင့္ ရွင္ျပန္ထေျမာက္သည္ဟု ဆုိၾကျခင္းျဖစ္သည္ဟု ဤသီအိုရီက ေထာက္ျပသည္။
ေျဖရွင္းခ်က္။ ။ ခရစ္ေတာ္သာ သာမန္လူျဖစ္ျပီး ထိုသုိ႔ေသာေ၀ဒနာကို ခံရ၍ သတိေမ့ေမ်ာကာ အုတ္ဂူတြင္းထားျခင္းခံရသည္ဆိုပါက အလုံပိတ္ထားေသာ ဂူသည္ သူ႔အတြက္ သတိရလာစရာထက္ အသက္ရႈမ၀ျဖစ္ကာ ေသေစေသာအရာပင္ပိုျဖစ္ႏုိင္သည္။ ထို႔အျပင္ ကုိယ္ေပၚ၌ ရစ္ပတ္ထားေသာ ပိတ္ထည္မ်ားကို ကုိယ္နည္းဟန္ေျဖျပီး ဂူ၀ေက်ာက္တုံးၾကီးကို လွိမ့္ကာ ေရာမစစ္သားအေစာင့္မ်ားကို တုိက္ခိုက္၍ လြတ္ေျမာက္သည္သာမက ဧေမာက္လမ္း၌ တပည့္ေတာ္တို႔ႏွင့္ ၇ မိုင္မွ်ေလာက္ လမ္းေလွ်ာက္ျခင္းကို ေသလို႔ေမ်ာပါးျဖစ္ေနေသာသာမန္လူက တတ္ႏိုင္ပါမည္ေလာ။ ( မႆဲ ၂၈း၆၊ မာကု ၁၆း၆၊ လုကာ၂၄း၁၂၊ ေယာဟန္ ၂၀း၅-၈ )။
(၂) ျမင္ေယာင္ျမင္မွားသီအိုရီ ( Hallucination Theory )
ဤသီအိုရီက ခရစ္ေတာ္ထေျမာက္ျပီး လူအမ်ားထံ ကိုယ္ထင္ျပျခင္းသည္ အမွန္တကယ္မဟုတ္၊ ထိုသို႔ျမင္ေသာသူမ်ားက ျမင္ေယာင္ျမင္မွားျဖစ္ေနျခင္းပင္ဟု ဆိုသည္။
ေျဖရွင္းခ်က္။ ။ လူအေယာက္ ၅၀၀ ေက်ာ္က အဘယ္သို႔ တျပိဳင္တည္း ျမင္ေယာင္ျမင္မွားျဖစ္ႏုိင္ မည္နည္း။ ထုိ႔အျပင္ တစ္ၾကိမ္တည္းမဟုတ္၊ မတူညီေသာေနရာ၊ မတူညီေသာအခ်ိန္၌ တစ္ၾကိမ္ထက္မက ကိုယ္ထင္ျပေတာ္မူျခင္းျဖစ္သည္။ ျမင္မွားျခင္းသည္ ျမင္သာျမင္ရသည္၊ ထိေတြ႕၍ စကားေျပာ၍ မရႏိုင္ပါ။ တပည့္ေတာ္မ်ားက ကိုယ္ေတာ္ကို စမ္းသပ္ထိေတြ႕၍ စကားေျပာခဲ့ၾကသည္။ စိတ္ပညာရွင္မ်ားအဆိုအရ
(၁) စိတ္ဂနာမျငိမ္သူ (Paranoia or Schizophrenia )ေ၀ဒနာရွင္၌ သာ ျမင္ေယာင္ျမင္မွားျခင္းမ်ိဳးရွိသည္။
(၂) ထုိသို႔ျမင္မွားသည့္အရာသည္ ျမင္သူ၏ အတိတ္က ျဖစ္ပ်က္၊ ျမင္ကြင္း၊ အေတြ႕အၾကံဳႏွင့္ ဆက္စပ္မႈရွိသည္။ ( တပည့္ေတာ္မ်ား၏ အတိတ္၌ ထိုအရာမ်ိဳးမရွိခဲ့ေပ)
(၃) အတိတ္အျဖစ္အပ်က္ႏွင့္ ဆက္စပ္သည့္ေနရာ၊ အေျခအေနႏွင့္ စိတ္ခံစားခ်က္ ေပၚလာမွသာ ျမင္ေယာင္ျမင္မွားျခင္းျဖစ္တတ္သည္။
ဤအခ်က္မ်ားကို ၾကည့္လွ်င္ ခရစ္ေတာ္၏ ထေျမာက္ျပီး ကိုယ္ထင္ျပေတာ္မူျခင္းသည္ ျမင္ေယာင္ျမင္မွား ျခင္းမဟုတ္ေပ။ ( မာကု ၁၆း၁၁-၁၆၊လုကာ ၂၄း၁၁-၁၂၊ ေယာဟန္ ၂၀း၂၄-၃၀၊ ၁ ေကာ ၁၅း၄-၈ )
………………( ဆက္ရန္ )………..

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...