0

Judson Day အတွက် ရေးဖွဲ့ခဲ့တဲ့ ဆရာယုဒသန် အတွက် ကဗျာရှည်

 
Judson Day အတွက် ရေးဖွဲ့ခဲ့တဲ့ ဆရာယုဒသန် အတွက် ကဗျာရှည်

==================================
Unicode & Zawgyi Reshare-#9Dan
ယုဒသန်သို့ . .တမ်းချင်း

(၁)
သမိုင်းတစ်ခုရဲ့အစ
ကန့်လန့်ကာ တစ်ခုရဲ့ နိဒါန်း
နံနက်ခင်းနေခြည်ရဲ့ ထည်ဝါမှုနဲ့
ငြိမ်းအေးခြင်းတရားကို စီရင်ခဲ့သူ
ယုဒသန်

ခရစ်ယာန်ဘာသာ အတွက်သူရဲကောင်း
သူက ဓမ္မတရားကို ထောင်းထောင်းကြေညက်သူ
သမ္မာကျမ်းစာကိုယုံကြည်
တည်တည်ကြည်ကြည်လည်းရှိသူ
သံလွင်ခက်ရဲ့ ချိုးငှက် ရယ်ကူ
လူသူအပေါင်း တို့ငြိမ်းချမ်းစေသား . .

ဘင်္ဂလားပင်လယ်အော်ကိုကျော်ဖြတ်
သူတို့ဇနီးမောင်နှံရဲ့မျှော်လင့်ချက်အတွက်
ချိုကေရွာကိုရောက်ရှိခဲ့
သာသနာပြုဖို့အတွက် ရောင်ခြည်တစ်ခက်
အလင်းတစ်စက် . . ယုံကြည်ခြင်းနဲ့
အဒိုနီယန်ဂျပ်ဆင် ..

“ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ဖန်ဆင်း၍
အစဉ်နေ့ညမပြတ် အုပ်ထိမ်းမစတော်မူသောအားဖြင့်
အသက်ဆက်တည်ရသောအကြောင်းဖြစ်ပါ၏ ”

သမ္မာကျမ်းစာကို ရွတ်ဆို
ယုံကြည်ရာကို ဘယ်တော့မှ မပြိုလဲ
ဇွဲနဲ့ သတ္တိနဲ့ အင်နဲ့အားနဲ့
အမှောင်ကို တိုးဝင်သော အလင်းစ
သန်းခေါင်ကို စီးဝင်သော အာရုဏ်ခက်
ဘယ်တော့မှ ညဉ့်မနက်ဘူး

(၂)

မြန်မာလူမျိုးကြားမှာ သာသနာပြုဖို့အတွက်
မြန်မာစကားကျွမ်းကျင်မှရမယ်ဆိုတဲ့သူ
ဆရာဦးရွှေဂေါင်းနဲ့ဆုံတွေ့
မြန်မာစာကို သူဘယ်တော့မှ မမေ့တော့ဘူး
သင်ပုန်းကြီးကစ . . ပုရပိုက်ချပ်များအဆုံး
အပတ်တကုပ်လေ့လာသင်ယူ
ဘယ်တော့မှလည်း မညည်းညူခဲ့သူ

မိုးသောက်အလင်းရောက်တိုင်း
သူ့ စာပေဘာသာစကားလေ့လာရေး ကိုအစပြုခဲ့
တွေ့ရာကို လက်ညှိုးထိုး သူသိချင်တာကိုမေးခဲ့

ဒီလိုနဲ့ ကျွမ်းကျင်လာတဲ့အခါ
မိခင်အင်္ဂလိပ်ဘာသာသာစကားကိုစွန့်လွှတ်
သူဟာ မြန်မာတစ်ဦး ဖြစ်လာခဲ့ရ
မြန်မာလိုတွေး
မြန်မာလိုရေး
မြန်မာလို ကြံဆ နည်းလမ်းများစွာ ရလာခဲ့သူ
ဖိလစ်ကေရီနဲ့တွေ့ဆုံမှုမှ အစပြု
အခက်အခဲပေါင်းများစွာ ကိုကျော်ဖြတ်
အတားအဆီးပေါင်းများစွာကို တွန်းလှန်

သာသနာပြုဖို့အရေး
တစ်ရက်ကလေးမှ မနားနေ
သွားလေရာရာမှာ ကြံဆတွေး
မသိတာမေးဖို့လည်း မနှောင့်နှေးခဲ့သူ

(၃)

၁၈၁၄ ၊ ဧပြီလ
အိန္ဒိယက အားပေးစာတွေရလာခဲ့တယ်
ခရစ်ဝင်ကျမ်းတွေကို မြန်မာဘာသာပြန်ဆိုရေး
သူဆွေးနွေးခဲ့တယ်
ဘဝတစ်ကွေ့ မှာ
လောကဓံရဲ့ အလှည့်အပြောင်း
သူကောင်းကောင်းခံရသေးတယ်

ခင်တွယ်ရာ မိတ်ဆွေ
တွယ်တာရာ အဆွေခင်ပွန်း
ဖိလစ်ကေရီ . . . ရဲ့အဖြစ်ဆိုး
၁၈၁၄ သြဂုတ် ၃၀
မိုးကမှောင် လေပြင်းက ကျ ..
မုန်တိုင်းကထန် ..
ကူရာမဲ့ကယ်ရာမဲ့
အဖြစ်အပျက် ကြမ္မာဆိုးက
သူ့မိတ်ဆွေ ဇနီးနဲ့ အပေါင်းအဖော်တချို့ကို ဆွဲထုတ်
ရေထဲကို မြှုပ်ပစ်ခဲ့ကြတယ်

အဆုံးပေါ် အရှုံးဆင့်
ပူလောင်မှုများစွာ
ကြေကွဲမှုများစွာ
စာပုံနှိပ်စက် ၊ မြန်မာဘာသာ ခဲသွန်းစာလုံးတွေ
လှေမြုပ်နဲ့အတူပါသွားခဲ့ရ
မျှော်လင့်ချက်ဟာ မလှမပ ဖြစ်ခဲ့ရတယ်

(၄ )
၁၈၁၅ ဇူလိုင်လ
အိပ်မက်ဆိုးတွေ ကွယ်ပျောက်
အလင်းရောက်ခဲ့သော နံနက်များ
၁၈၁၅ စက်တင်ဘာ ၁၁
ကမ္ဘာလောကသစ်ကို
သားဦးရတနာလေးရောက်ရှိခဲ့
ရော်ဂျာဝီလျံလို့ အမည်တွင်စေတယ်
မြန်မာစာပြဆရာ ဦးအောင်မင်းနဲ့တွေ့
သူ စာပေကို အခြေခံကနေ သင်ယူပြန်တယ်

မမျှော်လင့်တဲ့အဖြစ်ဆိုး
သူ့ကို ထပ်တိုးနှိပ်စက်ပြန်တယ်
၇လ ၂၃ ရက်သားကလေးငယ်ဆုံး
သူယူကြုံးမရဖြစ်ရပြန်တယ်
လောကဓံကို အန်တု
သူ တကယ် ယူရမှာဘာလဲ
သူတကယ်လုပ်ရမှာဘာလဲ
အတွေးနဲ့စိတ်ကိုပြင်ဆင်
သူ့အရည်အချင်းက
ခရစ်ယာန်ကျမ်းစာ ကို မြန်မာဘာသာသို့ပင်ပြန်ဆိုလာနိုင်တယ်

၁၈၁၆ ဇူလိုင် ၁၃
Grammatical Notices of the Burmese Language တဲ့
အဲဒီကျမ်းကို သူပြုစုခဲ့
ဆရာကတောင်ချီးကျူးရတယ်
၁၈၁၆ သြဂုတ် ၁၉
မနိုးထသော မျှော်လင့်ခြင်း ဇွဲနဲ့
“ ကောင်းကင်လမ်းပြစာ ” ကို သူ ရေးခဲ့တယ်
အိပ်မက်တွေ နီးကပ်လာနေဆဲ
အိပ်မက်တွေ ရှင်သန်လာနေဆဲ
မိုးကလည်း တဖွဲဖွဲ ရွာနေတယ်

(၅)

မြန်မာပြည်မှာ သာသနာပြုဖို့အတွက်
မြန်မာဘာသာကို ပြန်ဆိုနိုင်မှ ရမယ်

ဒီလိုနဲ့
“ ရှင်မဿဲ ခရစ်ဝင်ကျမ်း ” အတွက် ကြိုးစားတယ်
သိမ်မွေ့နက်နဲတဲ့အရေးအသား
ကျွမ်းကျင်ပြေပြစ်တဲ့ အတွေးအခေါ်
၁၈၁၇ မေ ၂၀ မှာ အဆုံးသတ်ပြီးစီးတယ်

“ မုန်းသော စိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတက်၏
ချစ်သော စိတ်မူကား ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏

ပျင်းရိသောသူသည် ဘယ်အရာကိုမျှ တောင့်တ၍ မရတတ်
လုံ့လဝိရိယပြုသောသူမူကား မိမိအလိုဆန္ဒပြည့်စုံရ၏

ရွှေကို ရခြင်းထက် ပညာကို ရတတ်ခြင်းသည် အလွန်ကောင်း၏
ငွေကို အမြတ်မထား ဉာဏ်နှင့်ပြည့်စုံခြင်းကို အမြတ်ထားစရာ အလွန်ကောင်း၏

ကိုယ့်ကိုယ်ကို မချီးမွမ်းပဲ သူတပါးကို ချီးမွမ်းပါလေစေ
ကိုယ့်နှုတ်နှင့်ကိုယ့်ကို မချီးမွမ်းပဲ ကိုယ်နှင့်မဆိုင်သော သူတပါးချီးမွမ်းပါလေစေ ။

တစ်စုံတစ်ယောက်သောသူက ငါသည်ဘုရားသခင်ကို ချစ်၏ဟု ဆိုလျက်ပင်
မိမိညီအစ်ကိုကို မုန်းလျှင် ထိုသူသည် မုသားကိုသုံးသောသူဖြစ်၏

မိမိမြင်ရသော မိမိညီအစ်ကိုကို မချစ်လျှင် မမြင်သေးသော ဘုရားသခင်ကို
အဘယ်သို့ ချစ်နိုင်မည်နည်း ”

လောက အမှန်တရားကို ခေါ်ဆောင်
ဘာသာတရားနဲ့ လူ့အတွင်းစိတ်ကို ဖော်ဆောင်ခဲ့တယ်
ရွှေပြည်ကောင်းကင် စံလိုချင်လေ . . တဲ့
သူရေးစပ်ခဲ့တယ်
ပထမဆုံး ခရစ်ယာန်ဓမ္မတေးသီချင်း
သူဟာ . . ဓမ္မတေးအစောဆုံးရေးစပ်ခဲ့သူလည်းဖြစ်တယ်။

( ၆ )
အယူဝါဒတစ်ခုကို ယုံကြည်အသက်သွင်းစေဖို့
သူ့မှာ ဟောပြောလိုစိတ်တွေ ပြင်းပြလာခဲ့
အစိမ်းသက်သက် မှာ စွန့်စားရမယ့်အလုပ်
သူ နောက်မဆုတ်ခဲ့ဘူး
ဒီကြားထဲ ရန်ကုန်က အလှည့်အပြောင်းများတယ်
နိုင်ငံရေးက မတည်ငြိမ်ဘူး
ကိုယ်ထောင်းတော့စိတ်ကြေ သတဲ့
သူ စိတ်ဓါတ်ကျဆင်းစလည်းဖြစ်လာတယ်

ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲ
သူ့အတွက် မိတ်ဆွေတွေ ထပ်ရောက်ရှိလာခဲ့
ခရစ်ယာန်သာသနာပြုဖို့အတွက်
သူတို့ အားသွန်ခွန်စိုက်ကြိုးစားခဲ့ကြတယ်

“ ကိုယ်တော်သည် အကျွနု်ပ်ကို ဖန်ဆင်း၍
အစဉ်နေ့ညမပြတ် အုပ်ထိန်းမစတော်မူသောအားဖြင့်
အသက်တည်ရခြင်းအကြောင်းဖြစ်ပါ၏ ”
ဦးနော . . .
ပထမဆုံးမြန်မာပြည်မှ ခရစ်ယာန်ဘာသာဝင်ဖြစ်လာခဲ့
လူသားကိုကယ်ဆယ်ဖို့ အသက်တော်ကိုစွန့်လွှတ်ဝံ့တယ
တရားဓမ္မကို အရိုးသားဆုံးဟောပြောလို့
ဆရာယုဒသန်. . . အောင်မြင်လာတယ်

(၇)

ကံကြမ္မာက အမျိုးမျိုး
အလှည့်အပြောင်းကအမျိုးမျိုး
ရေဆန်ကို ဆန်တက်ရတဲ့အလှည့်ရှိသလို
ရေစုန်ကို မျောလိုက်ရတဲ့အလှည့်လည်းရှိတယ်
အခက်အခဲနဲ့အတားအဆီးဆိုတာ
တောင်တန်းကြီးတွေသဖွယ်
ပင်လယ်ကြီးတွေသဖွယ်
ယုံကြည်မှုအယူဝါဒကိုလက်ခံဖို့ဆိုတာ
လွယ်လွယ်နဲ့တော့ဘယ်ရပါ့မလဲ
ဒါကို သူ ကောင်းကောင်းသိတယ်

ဘဝကြမ္မာရဲ့နောက်ဆုံးအလှည့်အပြောင်းမှာ
သူကောင်းကောင်းသိသွားတဲ့လောကဓံအချို့
“ ဆရာဟောက်နဲ့ ဆရာဝိဒ်တို့ကို အာဏာသားတွေချုပ်နှောင်ထားကြပြီ ”
ဆရာ ယုဒသန်ဆုတောင်းပွဲအပြီး
စစ်မုန်တိုင်းက တဖြည်းဖြည်းနီးကပ်လာပြီ
ဘဏ်လုပ်ငန်းနဲ့ နှီးနွယ်
သူ့ကို
ခရစ်ယာန်သာသနပြု လုပ်ငန်းဗန်းပြလို့
သူလျှိုလို့စွပ်စွဲသတဲ့

ရန်ကုန်မြို့အသိမ်းပိုက်ခံရတာ သူ့ကြောင့်တဲ့
သူက အေးဆေးငြိမ်သက်စွာ သာသနာပြုနေသူပါ
သူက တရာဓမ္မကို ဟောပြော လို့ ငြိမ်းချမ်းရေး လမ်းကို ရှာဖွေနေသူပါ
သူ . . အဖမ်းခံရတယ်

(၈)
အင်းဝလက်မရွံ့ထောင်တဲ့
အဖမ်းခံရတာထက် သူယူကြုံးမရဖြစ်ရခြင်းများစွာ
နှစ်ခြင်းခရစ်ယာန်အသင်းတော်ပျက်သုန်းခြင်း နဲ့
သူ့ယုံကြည်ချက်တွေ ငြှိမ်းသတ်ခံရခြင်း
စင်စစ် ခေတ်နဲ့စနစ်မှာ သူဟာ သားကောင်ဖြစ်ခဲ့ရသူ
“ ဘရင်မင်းမြတ်က တွေ့ဆုံဖို့အမိန့်ရှိတယ် ”
မင်းမိန့်ကားပြင်းထန်လှရဲ့
အာဏာ အမိန့်ကားပြင်းထန်လှရဲ့
တောင်းပန်တိုးလျှိုးငိုညည်းသံတို့သာ ကမ္ဘာပျက်မတက်

အဲဒီနေ့တစ်ရက်ကို
သူဘယ်တော့မှ မမေ့ဘူး

အလျားပေ ၄၀ အနံ ပေ ၃၀
အင်းဝလက်မရွံ့ထောင်မှာ
ညစ်ပတ်ပေရေနေတဲ့ အနံ့အသက်နဲ့
ရောဂါဘယဖြစ်စေတဲ့ ပိုးမွှားတွေရှိတယ်
ဒီလိုနဲ့
မိုးလွဲ ၃ နာရီ နန်းတော်မှာ မောင်းတီးသံကြားရင်
ကွပ်မျက်တော့မတဲ့ . .
သတင်းတွေ ကြားရပြန်တယ်

( ၉)

ပူတယ် . .ရာသီဥတုကပူတယ်
ရင်ထဲကအပူမီးကပူတယ်
သူနဲ့ ဟင်နရီဂူဂျာနှစ်ယောက်တစ်တွဲ
သဲပြင်ကိုဖြတ်ကျော်နေရဆဲ . .
သူယုံကြည်ရာ ဓမ္မကို မိစ္ဆာအယူဝါဒလို့စွပ်စွဲ
သူ့မျှော်လင့်ချက်ကို မစွန့်လွှတ်လျှင်သူ့ကိုမလွှတ်တဲ့
ဘုရားသခင်အလိုတော်အတိုင်းပါ
သူ ဘယ်တော့မှ ခေါင်းမငုံ့ခဲ့
ကယ်တင်ခြင်းဟာ ဆုလာဘ်သဖွယ်
ယုံကြည်ခြင်းက အသက်သဖွယ်

စစ်ပြေငြိမ်းရေးနဲ့စကားပြန်အတွက်
သူပြန်လွတ်လာခဲ့ပြန်တယ်
စစ်ရေးစစ်ရာကာလအတွင်းမှာ
သူဟာ မီးစ တစ်ဖက် ရေမှုတ်တစ်ဖက်
ဘာသာတရားတစ်ဖက် ယုံကြည်ခြင်းတစ်ဖက်
ဓမ္မတစ်ဖက် မျှော်လင့်ခြင်းတစ်ဖက် နဲ့
ကိုယ်တော်ရှင်ကို အသက်လို ကိုးကွယ်ခဲ့
သာသနာပြု လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ပြန်တယ်
ထာဝရဘုရား၏ မေတ္တာတော်ကြောင့်
လူအပေါင်းထာဝရ ငြိမ်းချမ်းစေ
လူအပေါင်းထာဝရ ငြိမ်သက်စေ
လူအပေါင်းထာဝရ လွတ်မြောက်စေ

(၁၀ )
နောက်ဆုံးနေဝင်ချိန်မို့
တိမ်တွေတောင် အညိုရောင်သမ်းတယ်
ခြောက်သွေ့မှုနဲ့ကောင်းကင်မှာ
ထာဝရ တိတ်ဆိတ်ခြင်းနဲ့ သံလွင်ငှက်ငယ်လေးပျံသန်းနေတယ်

၁၈၁၂ ဇူလိုင် ၁၉
အာရှဒေသကို အဖော်လေးယောက်နဲ့ သာသနာပြုဖို့အတွက်
ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်ရှိလာခဲ့သူ
မြန်မာပြည်မှာ နှစ်ပေါင်းမျာစွာ အတွက် ခရစ်ယာန် ဘာသာကို ပြုစုပျိုးထောင်ခဲ့သူ
တွေ့ရှိခဲ့တဲ့အမှန်တရားအချို့မှာ
ခါးတာလည်းပါသလို ချိုတာလည်းပါတယ်
မှန်တာလည်းပါသလို မှားတာလည်းပါတယ်
ရေကြည်ရာမြက်နုရာကို သူလာတာမဟုတ်
ယုံကြည်ချက်ကို အသက်လိုကိုးကွယ်လို့ မျှော်လင့်ချက်ကို ပျိုးထောင်ဖို့ရောက်လာခဲ့သူ

၁၈၅၀ ဧပြီ ၁၂
နိဒါန်းအသစ်တွေပြဖို့ နိဂုံးအဟောင်းတွေ လိုက်ကာချတယ်
မော်လမြိုင်မှ ပင်လယ်ခရီးသို့အသွား
ခရစ်တော်မှာ သူ အိပ်စက်တော်မူခဲ့
ဓမ္မတရားကိုရင်ဝယ်ပိုက်
ငြိမ်းချမ်းခြင်းကို ရှာဖွေသူ
အစနဲ့အဆုံးမှာ သူဟာ တကယ့် သူရဲကောင်း
လောကဓံအဆိုးအကောင်းမှာ
မြန်မာပြည်အတွက် သာသနာပြုဖို့ သက်သက် ရောက်ခဲ့သူ

ဆရာယုဒသန်
ငြိမ်သက်ခြင်းအတွက် ကောင်းကင်ဘုံမှာ ငြိမ်းအေးစေ
အေးမြခြင်းအတွက် အလင်းဘုံမှာ ငြိမ်သက်စေ
ယုံကြည်ခြင်းအတွက် လောကတစ်ခွင် သင်းပျံ့စေ
………………………….
………………………………………
…………………………………………………………………………

သက်တန့်ချို ရေးဖွဲ့သည်။
Photo : Jonathan Dzai

Judson Day အတြက္ ေရးဖြဲ႔ခဲ့တဲ့ ဆရာယုဒသန္ အတြက္ ကဗ်ာရွည္

==================================
Unicode & Zawgyi Reshare-#9Dan
ယုဒသန္သို႔ . .တမ္းခ်င္း

(၁)
သမိုင္းတစ္ခုရဲ႕အစ
ကန္႔လန္႔ကာ တစ္ခုရဲ႕ နိဒါန္း
နံနက္ခင္းေနျခည္ရဲ႕ ထည္၀ါမႈနဲ႔
ျငိမ္းေအးျခင္းတရားကို စီရင္ခဲ့သူ
ယုဒသန္

ခရစ္ယာန္ဘာသာ အတြက္သူရဲေကာင္း
သူက ဓမၼတရားကို ေထာင္းေထာင္းေၾကညက္သူ
သမၼာက်မ္းစာကိုယံုၾကည္
တည္တည္ၾကည္ၾကည္လည္းရွိသူ
သံလြင္ခက္ရဲ႕ ခ်ိဳးငွက္ ရယ္ကူ
လူသူအေပါင္း တို႔ျငိမ္းခ်မ္းေစသား . .

ဘဂၤလားပင္လယ္ေအာ္ကိုေက်ာ္ျဖတ္
သူတို႔ဇနီးေမာင္ႏွံရဲ႕ေမွ်ာ္လင့္ခ်က္အတြက္
ခ်ိဳေကရြာကိုေရာက္ရွိခဲ့
သာသနာျပဳဖို႔အတြက္ ေရာင္ျခည္တစ္ခက္
အလင္းတစ္စက္ . . ယံုၾကည္ျခင္းနဲ႔
အဒိုနီယန္ဂ်ပ္ဆင္ ..

“ ကိုယ္ေတာ္သည္ အကၽြႏ္ုပ္တို႔ကို ဖန္ဆင္း၍
အစဥ္ေန႔ညမျပတ္ အုပ္ထိမ္းမစေတာ္မူေသာအားျဖင့္
အသက္ဆက္တည္ရေသာအေၾကာင္းျဖစ္ပါ၏ ”

သမၼာက်မ္းစာကို ရြတ္ဆို
ယံုၾကည္ရာကို ဘယ္ေတာ့မွ မျပိဳလဲ
ဇြဲနဲ႔ သတၱိနဲ႔ အင္နဲ႔အားနဲ႔
အေမွာင္ကို တိုး၀င္ေသာ အလင္းစ
သန္းေခါင္ကို စီး၀င္ေသာ အာရုဏ္ခက္
ဘယ္ေတာ့မွ ညဥ္႔မနက္ဘူး

(၂)

ျမန္မာလူမ်ိဳးၾကားမွာ သာသနာျပဳဖို႔အတြက္
ျမန္မာစကားကၽြမ္းက်င္မွရမယ္ဆိုတဲ့သူ
ဆရာဦးေရႊေဂါင္းနဲ႔ဆံုေတြ႔
ျမန္မာစာကို သူဘယ္ေတာ့မွ မေမ့ေတာ့ဘူး
သင္ပုန္းၾကီးကစ . . ပုရပိုက္ခ်ပ္မ်ားအဆံုး
အပတ္တကုပ္ေလ့လာသင္ယူ
ဘယ္ေတာ့မွလည္း မညည္းညဴခဲ့သူ

မိုးေသာက္အလင္းေရာက္တိုင္း
သူ႔ စာေပဘာသာစကားေလ့လာေရး ကိုအစျပဳခဲ့
ေတြ႔ရာကို လက္ညွိဳးထိုး သူသိခ်င္တာကိုေမးခဲ့

ဒီလိုနဲ႔ ကၽြမ္းက်င္လာတဲ့အခါ
မိခင္အဂၤလိပ္ဘာသာသာစကားကိုစြန္႔လႊတ္
သူဟာ ျမန္မာတစ္ဦး ျဖစ္လာခဲ့ရ
ျမန္မာလိုေတြး
ျမန္မာလိုေရး
ျမန္မာလို ၾကံဆ နည္းလမ္းမ်ားစြာ ရလာခဲ့သူ
ဖိလစ္ေကရီနဲ႔ေတြ႔ဆံုမႈမွ အစျပဳ
အခက္အခဲေပါင္းမ်ားစြာ ကိုေက်ာ္ျဖတ္
အတားအဆီးေပါင္းမ်ားစြာကို တြန္းလွန္

သာသနာျပဳဖို႔အေရး
တစ္ရက္ကေလးမွ မနားေန
သြားေလရာရာမွာ ၾကံဆေတြး
မသိတာေမးဖို႔လည္း မေႏွာင့္ေႏွးခဲ့သူ

(၃)

၁၈၁၄ ၊ ဧျပီလ
အိႏိၵယက အားေပးစာေတြရလာခဲ့တယ္
ခရစ္၀င္က်မ္းေတြကို ျမန္မာဘာသာျပန္ဆိုေရး
သူေဆြးေႏြးခဲ့တယ္
ဘ၀တစ္ေကြ႔ မွာ
ေလာကဓံရဲ႕ အလွည့္အေျပာင္း
သူေကာင္းေကာင္းခံရေသးတယ္

ခင္တြယ္ရာ မိတ္ေဆြ
တြယ္တာရာ အေဆြခင္ပြန္း
ဖိလစ္ေကရီ . . . ရဲ႕အျဖစ္ဆိုး
၁၈၁၄ ၾသဂုတ္ ၃၀
မိုးကေမွာင္ ေလျပင္းက က် ..
မုန္တိုင္းကထန္ ..
ကူရာမဲ့ကယ္ရာမဲ့
အျဖစ္အပ်က္ ၾကမၼာဆိုးက
သူ႔မိတ္ေဆြ ဇနီးနဲ႔ အေပါင္းအေဖာ္တခ်ိဳ႕ကို ဆြဲထုတ္
ေရထဲကို ျမွဳပ္ပစ္ခဲ့ၾကတယ္

အဆံုးေပၚ အရွံုးဆင့္
ပူေလာင္မႈမ်ားစြာ
ေၾကကြဲမႈမ်ားစြာ
စာပံုႏွိပ္စက္ ၊ ျမန္မာဘာသာ ခဲသြန္းစာလံုးေတြ
ေလွျမဳပ္နဲ႔အတူပါသြားခဲ့ရ
ေမွ်ာ္လင့္ခ်က္ဟာ မလွမပ ျဖစ္ခဲ့ရတယ္

(၄ )
၁၈၁၅ ဇူလိုင္လ
အိပ္မက္ဆိုးေတြ ကြယ္ေပ်ာက္
အလင္းေရာက္ခဲ့ေသာ နံနက္မ်ား
၁၈၁၅ စက္တင္ဘာ ၁၁
ကမၻာေလာကသစ္ကို
သားဦးရတနာေလးေရာက္ရွိခဲ့
ေရာ္ဂ်ာ၀ီလ်ံလို႔ အမည္တြင္ေစတယ္
ျမန္မာစာျပဆရာ ဦးေအာင္မင္းနဲ႔ေတြ႔
သူ စာေပကို အေျခခံကေန သင္ယူျပန္တယ္

မေမွ်ာ္လင့္တဲ့အျဖစ္ဆိုး
သူ႔ကို ထပ္တိုးႏွိပ္စက္ျပန္တယ္
၇လ ၂၃ ရက္သားကေလးငယ္ဆံုး
သူယူၾကံဳးမရျဖစ္ရျပန္တယ္
ေလာကဓံကို အန္တု
သူ တကယ္ ယူရမွာဘာလဲ
သူတကယ္လုပ္ရမွာဘာလဲ
အေတြးနဲ႔စိတ္ကိုျပင္ဆင္
သူ႔အရည္အခ်င္းက
ခရစ္ယာန္က်မ္းစာ ကို ျမန္မာဘာသာသုိ႔ပင္ျပန္ဆိုလာႏုိင္တယ္

၁၈၁၆ ဇူလိုင္ ၁၃
Grammatical Notices of the Burmese Language တဲ့
အဲဒီက်မ္းကို သူျပဳစုခဲ့
ဆရာကေတာင္ခ်ီးက်ဴးရတယ္
၁၈၁၆ ၾသဂုတ္ ၁၉
မႏိုးထေသာ ေမွ်ာ္လင့္ျခင္း ဇြဲနဲ႔
“ ေကာင္းကင္လမ္းျပစာ ” ကို သူ ေရးခဲ့တယ္
အိပ္မက္ေတြ နီးကပ္လာေနဆဲ
အိပ္မက္ေတြ ရွင္သန္လာေနဆဲ
မိုးကလည္း တဖြဲဖြဲ ရြာေနတယ္

(၅)

ျမန္မာျပည္မွာ သာသနာျပဳဖို႔အတြက္
ျမန္မာဘာသာကို ျပန္ဆိုႏုိင္မွ ရမယ္

ဒီလိုနဲ႔
“ ရွင္မႆဲ ခရစ္၀င္က်မ္း ” အတြက္ ၾကိဳးစားတယ္
သိမ္ေမြ႕နက္နဲတဲ့အေရးအသား
ကၽြမ္းက်င္ေျပျပစ္တဲ့ အေတြးအေခၚ
၁၈၁၇ ေမ ၂၀ မွာ အဆံုးသတ္ျပီးစီးတယ္

“ မုန္းေသာ စိတ္သည္ ရန္ေတြ႔ရာသုိ႔ တိုက္တြန္းတက္၏
ခ်စ္ေသာ စိတ္မူကား ခပ္သိမ္းေသာအျပစ္တို႔ကို ဖံုးအုပ္တတ္၏

ပ်င္းရိေသာသူသည္ ဘယ္အရာကိုမွ် ေတာင့္တ၍ မရတတ္
လံု႔လ၀ိရိယျပဳေသာသူမူကား မိမိအလိုဆႏၵျပည့္စံုရ၏

ေရႊကို ရျခင္းထက္ ပညာကို ရတတ္ျခင္းသည္ အလြန္ေကာင္း၏
ေငြကို အျမတ္မထား ဥာဏ္ႏွင့္ျပည့္စံုျခင္းကို အျမတ္ထားစရာ အလြန္ေကာင္း၏

ကိုယ့္ကိုယ္ကို မခ်ီးမြမ္းပဲ သူတပါးကို ခ်ီးမြမ္းပါေလေစ
ကိုယ့္ႏွဳတ္ႏွင့္ကိုယ့္ကို မခ်ီးမြမ္းပဲ ကိုယ္ႏွင့္မဆိုင္ေသာ သူတပါးခ်ီးမြမ္းပါေလေစ ။

တစ္စံုတစ္ေယာက္ေသာသူက ငါသည္ဘုရားသခင္ကို ခ်စ္၏ဟု ဆိုလ်က္ပင္
မိမိညီအစ္ကိုကို မုန္းလွ်င္ ထိုသူသည္ မုသားကိုသံုးေသာသူျဖစ္၏

မိမိျမင္ရေသာ မိမိညီအစ္ကိုကို မခ်စ္လွ်င္ မျမင္ေသးေသာ ဘုရားသခင္ကို
အဘယ္သို႔ ခ်စ္ႏုိင္မည္နည္း ”

ေလာက အမွန္တရားကို ေခၚေဆာင္
ဘာသာတရားနဲ႔ လူ႔အတြင္းစိတ္ကို ေဖာ္ေဆာင္ခဲ့တယ္
ေရႊျပည္ေကာင္းကင္ စံလိုခ်င္ေလ . . တဲ့
သူေရးစပ္ခဲ့တယ္
ပထမဆံုး ခရစ္ယာန္ဓမၼေတးသီခ်င္း
သူဟာ . . ဓမၼေတးအေစာဆံုးေရးစပ္ခဲ့သူလည္းျဖစ္တယ္။

( ၆ )
အယူ၀ါဒတစ္ခုကို ယံုၾကည္အသက္သြင္းေစဖို႔
သူ႔မွာ ေဟာေျပာလိုစိတ္ေတြ ျပင္းျပလာခဲ့
အစိမ္းသက္သက္ မွာ စြန္႔စားရမယ့္အလုပ္
သူ ေနာက္မဆုတ္ခဲ့ဘူး
ဒီၾကားထဲ ရန္ကုန္က အလွည့္အေျပာင္းမ်ားတယ္
ႏိုင္ငံေရးက မတည္ျငိမ္ဘူး
ကိုယ္ေထာင္းေတာ့စိတ္ေၾက သတဲ့
သူ စိတ္ဓါတ္က်ဆင္းစလည္းျဖစ္လာတယ္

ဘုရားသခင္ရဲ႕ အလိုေတာ္အတိုင္းပါပဲ
သူ႔အတြက္ မိတ္ေဆြေတြ ထပ္ေရာက္ရွိလာခဲ့
ခရစ္ယာန္သာသနာျပဳဖို႔အတြက္
သူတို႔ အားသြန္ခြန္စိုက္ၾကိဳးစားခဲ့ၾကတယ္

“ ကိုယ္ေတာ္သည္ အကၽြႏု္ပ္ကို ဖန္ဆင္း၍
အစဥ္ေန႔ညမျပတ္ အုပ္ထိန္းမစေတာ္မူေသာအားျဖင့္
အသက္တည္ရျခင္းအေၾကာင္းျဖစ္ပါ၏ ”
ဦးေနာ . . .
ပထမဆံုးျမန္မာျပည္မွ ခရစ္ယာန္ဘာသာ၀င္ျဖစ္လာခဲ့
လူသားကိုကယ္ဆယ္ဖို႔ အသက္ေတာ္ကိုစြန္႔လႊတ္၀ံ့တယ္
တရားဓမၼကို အရိုးသားဆံုးေဟာေျပာလို႔
ဆရာယုဒသန္. . . ေအာင္ျမင္လာတယ္

(၇)

ကံၾကမၼာက အမ်ိဳးမ်ိဳး
အလွည့္အေျပာင္းကအမ်ိဳးမ်ိဳး
ေရဆန္ကို ဆန္တက္ရတဲ့အလွည့္ရွိသလို
ေရစုန္ကို ေမ်ာလိုက္ရတဲ့အလွည့္လည္းရွိတယ္
အခက္အခဲနဲ႔အတားအဆီးဆိုတာ
ေတာင္တန္းၾကီးေတြသဖြယ္
ပင္လယ္ၾကီးေတြသဖြယ္
ယံုၾကည္မႈအယူ၀ါဒကိုလက္ခံဖို႔ဆိုတာ
လြယ္လြယ္နဲ႔ေတာ့ဘယ္ရပါ့မလဲ
ဒါကို သူ ေကာင္းေကာင္းသိတယ္

ဘ၀ၾကမၼာရဲ႕ေနာက္ဆံုးအလွည့္အေျပာင္းမွာ
သူေကာင္းေကာင္းသိသြားတဲ့ေလာကဓံအခ်ိဳ႕
“ ဆရာေဟာက္နဲ႔ ဆရာ၀ိဒ္တို႔ကို အာဏာသားေတြခ်ဳပ္ေႏွာင္ထားၾကျပီ ”
ဆရာ ယုဒသန္ဆုေတာင္းပြဲအျပီး
စစ္မုန္တုိင္းက တျဖည္းျဖည္းနီးကပ္လာျပီ
ဘဏ္လုပ္ငန္းနဲ႔ ႏွီးႏြယ္
သူ႔ကို
ခရစ္ယာန္သာသနျပဳ လုပ္ငန္းဗန္းျပလို႔
သူလွ်ိဳလို႔စြပ္စြဲသတဲ့

ရန္ကုန္ျမိဳ႕အသိမ္းပိုက္ခံရတာ သူ႔ေၾကာင့္တဲ့
သူက ေအးေဆးျငိမ္သက္စြာ သာသနာျပဳေနသူပါ
သူက တရာဓမၼကို ေဟာေျပာ လို႔ ျငိမ္းခ်မ္းေရး လမ္းကို ရွာေဖြေနသူပါ
သူ . . အဖမ္းခံရတယ္

(၈)
အင္း၀လက္မရြံ႕ေထာင္တဲ့
အဖမ္းခံရတာထက္ သူယူၾကံဳးမရျဖစ္ရျခင္းမ်ားစြာ
ႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္ပ်က္သုန္းျခင္း နဲ႔
သူ႔ယံုၾကည္ခ်က္ေတြ ျငွိမ္းသတ္ခံရျခင္း
စင္စစ္ ေခတ္နဲ႔စနစ္မွာ သူဟာ သားေကာင္ျဖစ္ခဲ့ရသူ
“ ဘရင္မင္းျမတ္က ေတြ႔ဆံုဖို႔အမိန္႔ရွိတယ္ ”
မင္းမိန္႔ကားျပင္းထန္လွရဲ႕
အာဏာ အမိန္႔ကားျပင္းထန္လွရဲ႕
ေတာင္းပန္တိုးလွ်ိဳးငိုညည္းသံတို႔သာ ကမၻာပ်က္မတက္

အဲဒီေန႔တစ္ရက္ကို
သူဘယ္ေတာ့မွ မေမ့ဘူး

အလ်ားေပ ၄၀ အနံ ေပ ၃၀
အင္း၀လက္မရြံ႕ေထာင္မွာ
ညစ္ပတ္ေပေရေနတဲ့ အနံ႔အသက္နဲ႔
ေရာဂါဘယျဖစ္ေစတဲ့ ပိုးမႊားေတြရွိတယ္
ဒီလိုနဲ႔
မိုးလြဲ ၃ နာရီ နန္းေတာ္မွာ ေမာင္းတီးသံၾကားရင္
ကြပ္မ်က္ေတာ့မတဲ့ . .
သတင္းေတြ ၾကားရျပန္တယ္

( ၉)

ပူတယ္ . .ရာသီဥတုကပူတယ္
ရင္ထဲကအပူမီးကပူတယ္
သူနဲ႔ ဟင္နရီဂူဂ်ာႏွစ္ေယာက္တစ္တြဲ
သဲျပင္ကိုျဖတ္ေက်ာ္ေနရဆဲ . .
သူယံုၾကည္ရာ ဓမၼကို မိစၦာအယူ၀ါဒလို႔စြပ္စြဲ
သူ႔ေမွ်ာ္လင့္ခ်က္ကို မစြန္႔လႊတ္လွ်င္သူ႔ကိုမလႊတ္တဲ့
ဘုရားသခင္အလိုေတာ္အတိုင္းပါ
သူ ဘယ္ေတာ့မွ ေခါင္းမငံု႕ခဲ့
ကယ္တင္ျခင္းဟာ ဆုလာဘ္သဖြယ္
ယံုၾကည္ျခင္းက အသက္သဖြယ္

စစ္ေျပျငိမ္းေရးနဲ႔စကားျပန္အတြက္
သူျပန္လြတ္လာခဲ့ျပန္တယ္
စစ္ေရးစစ္ရာကာလအတြင္းမွာ
သူဟာ မီးစ တစ္ဖက္ ေရမႈတ္တစ္ဖက္
ဘာသာတရားတစ္ဖက္ ယံုၾကည္ျခင္းတစ္ဖက္
ဓမၼတစ္ဖက္ ေမွ်ာ္လင့္ျခင္းတစ္ဖက္ နဲ႔
ကိုယ္ေတာ္ရွင္ကို အသက္လို ကိုးကြယ္ခဲ့
သာသနာျပဳ လုပ္ငန္းကို ဆက္လက္လုပ္ကိုင္ခဲ့ျပန္တယ္
ထာ၀ရဘုရား၏ ေမတၱာေတာ္ေၾကာင့္
လူအေပါင္းထာ၀ရ ျငိမ္းခ်မ္းေစ
လူအေပါင္းထာ၀ရ ျငိမ္သက္ေစ
လူအေပါင္းထာ၀ရ လြတ္ေျမာက္ေစ

(၁၀ )
ေနာက္ဆံုးေန၀င္ခ်ိန္မို႔
တိမ္ေတြေတာင္ အညိဳေရာင္သမ္းတယ္
ေျခာက္ေသြ႔မႈနဲ႔ေကာင္းကင္မွ
ထာ၀ရ တိတ္ဆိတ္ျခင္းနဲ႔ သံလြင္ငွက္ငယ္ေလးပ်ံသန္းေနတယ္

၁၈၁၂ ဇူလိုင္ ၁၉
အာရွေဒသကို အေဖာ္ေလးေယာက္နဲ႔ သာသနာျပဳဖို႔အတြက္
ငယ္ငယ္ရြယ္ရြယ္နဲ႔ေရာက္ရွိလာခဲ့သူ
ျမန္မာျပည္မွာ ႏွစ္ေပါင္းမ်ာစြာ အတြက္ ခရစ္ယာန္ ဘာသာကို ျပဳစုပ်ိဳးေထာင္ခဲ့သူ
ေတြ႔ရွိခဲ့တဲ့အမွန္တရားအခ်ိဳ႕မွာ
ခါးတာလည္းပါသလို ခ်ိဳတာလည္းပါတယ္
မွန္တာလည္းပါသလို မွားတာလည္းပါတယ္
ေရၾကည္ရာျမက္ႏုရာကို သူလာတာမဟုတ္
ယံုၾကည္ခ်က္ကို အသက္လိုကိုးကြယ္လို႔ ေမွ်ာ္လင့္ခ်က္ကို ပ်ိဳးေထာင္ဖို႔ေရာက္လာခဲ့သူ

၁၈၅၀ ဧျပီ ၁၂
နိဒါန္းအသစ္ေတြျပဖို႔ နိဂံုးအေဟာင္းေတြ လိုက္ကာခ်တယ္
ေမာ္လျမိဳင္မွ ပင္လယ္ခရီးသို႔အသြား
ခရစ္ေတာ္မွာ သူ အိပ္စက္ေတာ္မူခဲ့
ဓမၼတရားကိုရင္၀ယ္ပိုက္
ျငိမ္းခ်မ္းျခင္းကို ရွာေဖြသူ
အစနဲ႔အဆံုးမွာ သူဟာ တကယ့္ သူရဲေကာင္း
ေလာကဓံအဆိုးအေကာင္းမွာ
ျမန္မာျပည္အတြက္ သာသနာျပဳဖို႔ သက္သက္ ေရာက္ခဲ့သူ

ဆရာယုဒသန္
ျငိမ္သက္ျခင္းအတြက္ ေကာင္းကင္ဘံုမွာ ျငိမ္းေအးေစ
ေအးျမျခင္းအတြက္ အလင္းဘံုမွာ ျငိမ္သက္ေစ
ယံုၾကည္ျခင္းအတြက္ ေလာကတစ္ခြင္ သင္းပ်ံ႕ေစ
………………………….
………………………………………
…………………………………………………………………………

သက္တန္႔ခ်ိဳ ေရးဖြဲ႔သည္။
Photo : Jonathan Dzai

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...