သင်ခန်းစာ အမှတ် (၃၂) နောက်ဆုံးသောကာလ
Unicode & Zawgyi Reshare-#9Dan
ခေတ်ကာလ၏ နောက်ဆုံးသောအချိန် - နောက်ဆုံးသောကာလနှင့် ပတ်သက်သော အခြေခံပုံသေ ယုံကြည်ချက်။ ဤသင်ခန်းစာတွင် အောက်ပါအချိန်များ ပါဝင်ပါသည်။ သခင်ဘုရား၏နေ့၊ အန္တိခရစ်၊ ဘေးဒဏ်ကြီး ကာလ၊ ဒံယေလ၏ ခုနှစ်မြောက်ရက်သတ္တပတ်နှင့် အာမဂေဒုန်စစ်ပွဲကြီး။
နိဒါန်း။ သင်ခန်းစာ(၃၄ ) တွင် အသင်းတော်အားချီဆောင်ခြင်းနှင့် ပတ်သက်၍ ကျမ်းစာ၏ ဖော်ပြချက်များကို အပြည့် အစုံ လေ့လာခဲ့ပြီးဖြစ်ပါသည်။ ဤ အချိန်၏နေ့ရက်ကို သတ်မှတ်နိုင်ခြင်းမရှိပါ။ ကြိုတင်၍ ပရောဖက် ပြုထားသော အရာများသည် အမှန်ဖြစ်လာသည့် နေ့ရက်မတိုင်မီ သူတို့သည် သိနိုင်စွမ်း မရှိပါ။ ကြိုတင်၍ ပရောဖက် ပြုထားသော အရာများသည် အမှန်ဖြစ်လာသည့် နေ့ရက်မတိုင်မီလူတို့သည် သိနိုင်စွမ်း မရှိပါ။ ထိုအရာတို့ ပြည့်စုံ လာမည့် အချိန်ကို မျှော်လင့်လျက် အစဉ်သဖြင့် ပြင်ဆင်ထားရန် ဘုရားသခင်အလိုရှိပါသည်။
အသင်းတော်အား ချီဆောင်ခြင်းသည် သခင်ဘုရား၏ နေ့ကို၎င်း၊ အန္တိခရစ်ကို၎င်း၊ ဒံယေလ ဖော်ပြ ထား သော ခုနှစ်ဆယ်မြောက်သီတင်းကို၎င်း၊ ဘေးဒဏ်ကြီးကာလ ကို ၎င်း၊ နောက်ဆုံး စစ်ပွဲကြီးဖြစ်ကို၎င်း ဘေးဒဏ်ကြီး ကာလကို၎င်း၊ နောက်ဆုံး စစ်ပွဲကြီး ဖြစ်သော အာမဂေဒုန်စစ်ပွဲကို၎င်း တစ်ဆက်တည်း ခေါ်ဆောင်လာပါသည်။ ခရစ်တော်သည် ဘုန်းတော် ထင်ရှားလျက် ကြွလာတော် မမူမှီ ဤသင်ခန်းစာကို ပြင်ဆင်ထားပါသည်။ ဤအဖြစ် အပျက်များသည် တစ်ခုချင်း သင်ခန်းစာ တစ်ခုဖြစ်နိုင်ပါသည်။ သို့ရာတွင် ဤအရာများကို ရှင်းလင်းနားလည်နိုင်ရန် ရည်ရွယ်လျက် အတိုချုပ် ထားပါ သည်။
ဤသင်ခန်းစာအရေးကြီးပုံ
“အဝေးဆုံးကို မြင်နိုင်သော သူသည် အသင့်တော်ဆုံး နေထိုင်နိုင်လိမ့်မည်” ဟု ကျွနိုပ်တို့ ယုံကြည်လက်ခံ ထားမြဲဖြစ်ပါသည်။ ပရောဖက်များဟောကြားသောအနာဂတ္တိကျမ်းတို့ကို ပိုမိုနားလည်ပါက ယခုခေတ်ကာလအ ကြောင်း ကို ပိုမိုနားလည်မည် ဖြစ်ပါသည်။
“အနာဂတ္တိကျမ်းစကားတို့ကို ပိုင်ဆိုင်နိုင်ခြင်းသည် “ ခိုင်ခန့်သော ယုံကြည်ခြင်းကို ရရှိခြင်း၊ ကမ္ဘာကြီးပြိုလဲ နေချိန် ရပ်တည်ရန် ခိုင်မာသော ယုံကြည်ခြင်း၊ ကမ္ဘာလူသားတို့ နားမလည် ကြံစည်၍ မမှီနိုင်သော ငြိမ်သက်ခြင်း၊ ကြို တင်၍ ဝမ်းမြောက်ခြင်းဖြစ်ပါသည်။
အနာဂတ္တိကျမ်းစကားတို့ မှန်ကန်မှုကို အရာမရောက်အောင် ပြောဆို ဆန့်ကျင်နေသူရှိနေသော်လည်း သမ္မာ ကျမ်းစာတွင် အနာဂတ္တိစကားတို့သည် အများစုအဖြစ် အဓိကအင်အားအဖြစ် ပါဝင်နေသည်ကို သတိပြုရမည်ဖြစ်ပါ သည်။ ကြိုတင်သတိရခြင်းသည် ကြိုတင်လက်နက်တပ်ဆင်ထားခြင်းဖြစ်သည်။ ထိုသို့ကြိုတင်သိထားခြင်းအားဖြင့် မယုံကြည်သူတို့အား “ကျရောက်လတ္တံသော ဘေးမှရှောင်ကွင်းနိုင်ရန်” သစ္စာရှိစွာ၊ လိမ္မာပါးနပ်စွာ သတိပေးနိုင်မည် ဖြစ်ပါသည်။
၁။ သခင်ဘုရား၏ နေ့ (The day of the Lord)
က။ ခရစ်တော်၏နေ့ရက်(the Day of Christ)နှင့် သခင်ဘုရား၏နေ့တို့သည် များစွာ ကွဲပြား ခြားနား ကြောင်း ကို သမ္မာကျမ်းစာ လေ့လာသူ အနေဖြင့် သတိပြုရပါမည်။
(၁) ခရစ်တော်၏ နေ့ရက်သည် အသင်းတော်အား ချီဆောင်ခြင်း ခရစ်တော်၏ တရားပလ္လင် နှင့် သက်ဆိုင်ပါသည်။. ဖိ ၁း၆-၁၀၊ ၂း၁၆။ ၁ ကော ၁း၇-၈။ ၃း၁၃။ ၂ ကော ၁း၁၄။ ၄း၈ တို့ကိုဖတ်ပါ။
(၂) သခင်ဘုရား၏နေ့သည် ချီဆောင်ခြင်းမှ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ထူထောင် ခြင်း တို့အကြား ကာလဖြစ်သည်။၂ သက် ၂း၂။ ၂ ပေ ၃း၁၀။ ယောလ ၁း၁၅။ ဇာခရိ ၁၄း၁-၄။ ဤကျမ်းချက်များ၏ ဖော်ပြချက်တို့တွင် ခရစ်တော်၏ ဒုတိယအကြိမ် ကြွတော်မူခြင်းနှင့် အနှစ်တစ်ထောင် ကာလကြီးကိုပါ သက်ဆိုင်နေပါသည်။ ဗျာ ၂၁း၁။
ခ။ (၁) သက်သာလောနိသြဝါဒစာ ဒုတိယစောင်ကို ရေးသားရာတွင် ထိုခေတ်ယုံကြည်သူတို့အား “ချီဆောင်ခြင်း” သည် ရောက်လာခြင်းမရှိသေးကြောင်း ကြောက်မက်ဘွယ်ဖြစ်သော “သခင်ဘုရား၏နေ့” သို့ ရောက်ရှိခြင်းမရှိသေးကြောင်း စိတ်ချနိုင်ရန် အာမခံရေးသားခြင်း ဖြစ်ပါသည်။ ၂ သက် ၂း၁-၈။
(၂) သခင်ဘုရား၏ နေ့ရက်မရောက်မီ အရာ (၂) ခုသည် ဖြစ်ပွားလိမ့်မည်ဖြစ်ကြောင်းကို ဤအချက်တွင် အငယ် ၃ ၌ ဖော်ပြထားပါသည်။
(က) ဖောက်ပြန်သင်းခွဲခြင်း၊ အသင်းတော်အားချီဆောင်၍ စစ်မှန်သောယုံကြည်သူနှင့် မယုံကြည်သူတို့ကို အသင်း တော်ထဲ၌ ခွဲခြားခြင်း။
(ခ) ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သား၊ အန္တိခရစ်သည် ပေါ်လာမည်။
ဂ။ ဤစကားလုံးသည် ှဓမ္မဟောင်းကျမ်းစာတွင် အသုံးပြုထားသော ဝေါဟာရဖြစ်ပါသည်။
(၁) ဓမ္မဟောင်းကျမ်းစာတွင် ၇၅ ကြိမ်ထက်မနည်း တွေ့ရှိရပါသည်။
(၂) ဓမ္မဟောင်းကျမ်းပါ ပရောဖက်ကြီးများသည် အသင်းတော် ချီဆောင်ခြင်းကို မမြင်ခဲ့ပါ။ ခရစ်တော်သည် တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းကို မြင်ခဲ့ကြပါသည်။ အန္တိခရစ်၊ ဘေးဒဏ်ကြီးကာလ၊ အနှစ်တစ်ထောင်စိုးစံခြင်းတိုကို မြင်ခဲ့ကြပါသည်။
(၃) ယောလ ၁း၁၅ တွင် သခင်ဘုရား၏ နေ့ကို “ထာဝရဘုရား၏ နေ့ရက်၊ အနန္တတန်ခိုးနှင့် ဖျက်ဆီးခြင်းဘေး”ဟု ရေးထားပါသည်။
ဃ။ လူသားများနှင့် နိုင်ငံများတို့၏ အရေးတို့တွင် ထာဝရဘုရားသခင်သည် ကိုယ်တိုင် စတင်ဝင် ရောက်စွက်ဖက်ပါဝင်ခြင်း ဖြစ်ပါသည်။
(၁) နယ်နိမိတ်မှတ်တိုင်းများမှာ ခရစ်တော်၏ နေ့တည်းဟူသော ချီဆောင်ခြင်း ၁ ကော ၁း၈၊ ဖိ ၁း၆ နှင့်ဘုရားသခင်၏ နေ့ ၂ ပေ ၃း၁၂ ဖြစ်ပါသည်။ ပလ္လင်ဖြူကြီးတရားစီရင်ခြင်း (အပြစ်သားများအတွက်သာ)နှင့် ကောင်းကင်သစ်နှင့် မြေကြီးသစ် ပေါ်လာခြင်း။
၂။ အန္တီခရစ်။
“ဒုစရိုက်လူ” “ပျက်စီးခြင်း၏သား” သည် အသင်းတော်အား ချီဆောင်ခြင်း မပြုမီကာလတွင် ထင်ရှား ပေါ်ထွက်လာခြင်း မရှိသေးသည်ကို သတိပြုရပါမည်။ ၂ သက် ၂း၁-၃၊ “ဆီတားသောသူ” သို့မဟုတ် “တားဆီးသော သူ” (သန့်ရှင်းသောဝိညာဉ်တော်) သည် လောကမှ ရုပ်သိမ်းပြီးသောအခါ ပေါ်လာမည်ဖြစ်သည်။ ၂ သက် ၂း၆-၈။ ကမ္ဘာတွင် ယခုမြင်ရသော ခေါင်းဆောင်ကြီးများအား အန္တိခရစ်ဖြစ်သည်ဟု သတ်မှတ်ခြင်း အားလုံး သည် မိုက်မဲမှု သာ ဖြစ်ပါသည်။ ခရစ်ယာန်များသည် ခရစ်တော်ပေါ်လာခြင်းကို စောင့်မျှော်ရမည်ဖြစ်ပါသည်။ အန္တိခရစ် ပေါ်လာခြင်း ကို စောင့်မျှော်ရမည် မဟုတ်ပါ။
က။ ငွေကြေးစနစ်အရသော်၎င်း၊ ကိန်းဂဏန်အရ၎င်း၊ လူမှုရေးအရ၎င်း၊ ဘာသာစကားအရ၎င်း၊ နိုင်ငံရေးအရ၎င်း ကမ္ဘာကြီးသည် ကမ္ဘာ့အစိုးရပေါ်ပေါက်လာရေးအတွက် လျင်မြန်စွာ ဦးတည်လျက်ရှိ ပါသည်။ ထိုအစိုးရကို အာဏာရှင်တစ်ဦးက အာဏာသိမ်းခြင်းကို သမ္မာကျမ်းစာတွင် “သားရဲ” သို့မဟုတ် အန္တိခရစ် ဟု ခေါ်ထားပါသည်။
ခ။ ထိုသူ အမှန်ရှိကြောင်း အထောက်အထား။
ထိုသူသည် အမှန်ပင် ရှိကြောင်းကို သမ္မာကျမ်းစာထဲ၌ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းတို့တွင် အထပ်ထပ် အမည် အမျိုးမျိုးဖြင့် ခေါ်လျက် အတည်ပြုထားပါသည်။
၁။ ဓမ္မဟောင်းကျမ်းတွင်
က။ နောက်မှလာသောသခင်။ ဒံယေလ ၉း၂၆။
ခ။ ရွံ့ရှာဘွယ်သောအရာ။ ဒံယေလ ၉း၂၇။
ဂ။ ချိုငယ်။ ဒံယေလ ရး၂၈။
ဃ။ ရဲရင့်သောမင်းကြီး ဒံ ၈း၂၄။
င။ အောင်မြင်သော အရှင်ဘုရင်။ ဒံ ၁၁း၃၆။
စ။ အရှုရိလူ။ ဟေရှား ၁၀း၅-၁၂။
ဆ။ ဗာဗုလုန်ရှင်ဘုရာင်။ ဟေရှာ၊ ၁၄း၄။
ဇ။ မိုက်သောသိုးထိန်း။ ဇာခရိ ၁၁း၁၅။
၂။ ဓမ္မသစ်ကျမ်းတွင်-
(က) ဒုစရိုက်လူ - ၂ သက် ၂း၃။
(ခ) ပျက်စီးခြင်း၏ သား ၂သက် ၂း၃။
(ဂ) အဓမ္မလူ ၂ သက်၂း၈။
(ဃ) ဖျက်စီးတတ်သော ရွံရှာဘွယ်အရာ။ မ ၂၄း၁၅။
(င) အန္တိခရစ်။ ၁ ယော ၂း၁၈-၂၂။
(စ) သားရဲ။ ဗျာ ၁၃း၈-၁၀။
ဂ။ မည်သည့်အချိန်တွင် ပေါ်လာမည်နည်း။
(၁) အဆုံးစွန်သောကာလ (ဣသရေလလူ့သမိုင်း) ဒံ ၈း၂၃။
(၂) ရောမအင်ပါယာဟောင်းကို ပြန်လည်ထူထောင်ပြီးနောက်။ ဒံ ရး၇-၈။ ဗျာ ၁၃း၁-၂။
(၃) ဒံယေလ၏ ခုနှစ်ဆယ်မြောက်သီတင်းကိုလည်း သူသည် ခေါ်ဆောင်လာမည်ဖြစ်သည်။ ထိုစဉ် သူသည် ဣသရေလလူ တို့၏ မိတ်ဆွေအဖြစ် ဟန်ဆောင်မည်ဖြစ်သည်။ ဒံ ၉း၂၇။
(၄) အသင်းတော်ချီဆောင်ပြီးနောက်မှ ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ၂ သက် ၂း၁-၃။ ဆီးတားသော သူ အား ဖယ်ရှား ပြီးမှသာ ပေါ်လာနိုင်မည်ဖြစ်ပါသည်။ ၂ သက် ၂း၆-၇။
ဃ။ မည်သည့်အရပ်ကလာပါသနည်း။
(၁) ရောမအင်ပါယာဟောင်းကို ပြန်လည်ထူထောင်ထားသော နိုင်ငံတစ်နိုင်ငံမှ လာမည်ဖြစ်ပါသည်။ ဒံ ရး၈။ မ၊၂၄း၂၅။ ထိုသူသည်တစ်ပါးအမျိုးသားထဲမှ ဖြစ်မည်ဟု အချို့က ယုံကြည်ထားပါသည်။ ဒံ ၁၁း၃၈။ ဒံ ရး၈ သည် ဆီးရီးယားနိုင်ငံ ကို အုပ်ချုပ်ခဲ့သော Antiochous Epiphanes (၁၇၅-၁၆၃ ဘီစီ) ကဲ့သို့ဖြစ်နိုင်ပါသည်။ သူသည် ယုဒလူတို့ကို မုန်းသူ ဖြစ်ပြီး သူတို့၏ ဗိမာန်တော်ကို ဖျက်ဆီခဲ့ပါသည်။
င။ သူ၏ အရည်အချင်းနှင့်စရိုက်များနှင့်ပတ်သက်၍
(၁) သူသည် လူတို့၏ စိတ်ကူ ယဉ်သက်သက်ဖြစ်မည်။
(၂) အလွန်ဘဝင်မြင့်သောသူဖြစ်မည်။ ဒံ ၁၁း၃၇။ သူတကာတို့ထက် ကိုယ်ကို ချီးမြှောက် လိမ့်မည်။
(၃) ဘုရားတရားမရှိသူ၊ ဘုရားရိုသေမှုကင်းမဲ့သူ ဖြစ်မည်။ မိမိကို မိမိဘုရားအရာ၌ တင်မည်။ ၂ သက် ၂း၄။ ဒံ ၁၁း၃၆-၃၉။ ဘုရားတို့၏ ဘုရားတို့ကို ဆန့်ကျင်ဘက်ပြု၍ တစ်ပါးသော ဘုရားများကို ပမာဏမပြု။
(၄) အံ့ဘွယ်သောစကားကို ပြောလိမ့်မည်။ (ဒံ ၈း၂၅) စကားပြောအလွန်ကောင်းလိမ့်မည်။ အလွန်သွေး ဆောင် တတ်လိမ့်မည်။ ဒံ ရး၈။ သူသည် လိမ္မာစွာပြုသဖြင့်။ အလွန် သွေးဆောင် တတ် လိမ့်မည်။ ဒံ ရး၈။ သူသည် လိမ္မာစွာ ပြုသဖြင့်။ မုသားလည်း အောင်မြင်လိမ့်မည်။ မိတ်သဟာယဖွဲ့သောအားဖြင့် ဖျက်ဆီး၍။ ၂ သက် ၂း၉ ကို လည်းဖတ်ပါ။
(၅) သူသည် မုသာကို ပြောသူ လှည့်စားသူ ဖြစ်လိမ့်မည်။ ၂သက် ၂း၉-၁၀။ မုသာနှင့် စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊နိမိတ်လက္ခာဏာ၊ အံ့ဘွယ်သော အမှုအမျိုးမျိုးနှင့် ၎င်း၊ မတရားသောလှည့်ဖျားခြင်း အမျိုးမျိုးနှင့် ၎င်း လာလိမ့်မည်။
မှတ်ချက်။ ယနေ့တွင်ပင် အယောင်ဆောင် ဘာသာရေးခေါင်းဆောင်များ၏ လူ့အကြံအဖန် လှည့်စားမှုဖြစ်သော ခေတ်သစ် လှုပ်ရှားမှုများဖြင့် သန်းပေါင်းများစွာကို အလွယ်တကူ လှည့်စားသည်ကို ပိုသတိပြုပါ။
(၆) သူသည် စာတန်၏ ပညာ၊ အုပ်ချုပ်မှုနှင့်တန်ခိုးအာဏာဖြင့် လှုပ်ရှားလိမ့်မည်။ ၂ သက် ၂း၉။ “စာတန်ပြုပြင်သော အားဖြင့်။ ဗျာ ၁၃း၄ သားရဲ၌ အာဏာစက်ကို ပေးသော နဂါး (စာတန်) ကို ကိုးကွယ်ကြ၏။
ထိုသူသည် စိတ်ဆန္ဒအတွေးအခေါ် အလွန်လိမ္မာ၍ လူတို့က သူ့အား နားမလည်နိုင်ခြင်း၊ လှည့်ဖျားခြင်း၊ ထက်မြက် သွက်လက်ခြင်း၊ စာတန်ကိုယ်တိုင်၌ ရှိသောအရည်အချင်းများနှင့် ပြည့်စုံလိမ့်မည်။
စ။ သူ၏ အာဏာအကျယ်အဝန်း
(၁) သူသည် ဥပဒေနှင့်ဓလေ့ထုံးစံကို ပြောင်းလဲစေနိုင်သော တန်ခိုးအာဏာရှိလိမ့်မည်။ ဒံ ၂၅
(၂) ကမ္ဘာစီးပွားရေးကို လုံးဝအုပ်စိုးလိမ့်မည်။ ဗျာ ၁၃း၁၆-၁၇။
(၃) ဘာသာရေးအပေါ်တွင် လုံး၀ ချုပ်ကိုင်လိမ့်မည်။ ဗျာ ၁း၃။
ထာဝရတရားကို ဂရုမပြု၊ နာမတော်ကို ရှုတ်ချ၍ မိမိကိုယ်ကို ချီးမြှောက်လျက်၊ ရုပ်တုကို ပြုလုပ်ပြီး ကိုးကွယ်စေသည်။ ၂ သက် ၂း၄ နှင့် ဒံ ၁၁း၃၆ ကိုဖတ်ပါ။
(၄) ပြည့်တန်ဆာအမည်ရှိသော အတုအယောင် ဘာသာရေးစနစ်၏ အကူအညီဖြင့် သူသည်အာဏာကို ရယူ သည်။ ထိုစံနစ်သည် သူ့အား စိုးမိုးရန် ကြိုးစားသည်။ ထိုအခါသူသည် စနစ်ကို ဖျက်ဆီးသည်။ ဗျာ ၁ရး၃။ ၁၆း၁၇။
၅) သူ၏ တန်ခိုသည် မေရှိယနှင့် ယုဒလူတို့ကိုသာ ရည်ညွန်းနေလိမ့်မည်။
ဆ။ သူ၏ ကျဆုံးခြင်း၊ ပျက်စီးခြင်းနှင့် နောက်ဆုံးခရီး။
(၁) ထိုသူသည် ကြောက်မက်ဘွယ် ကြမ်းတမ်းစွာအုပ်ချုပ်သော ကာလသည် ဘေးဒဏ်ကြီးကလာတွင် သုံးနှစ်ခွဲကြာ လိမ့်မည်။ ဗျာ ၁၃း၅
(၂) ဘေးဒဏ်ကြီးကာလ၏ အဆုံးတွင် စုစည်းထားသော တပ်ကြီးများ သိမ်းပိုက်ဝိုင်းရံချီတက်ကြလိမ့်မည်။ ဇာခရိ ၁၄း၂။
(၃) အာမဂေဒုန်စစ်ပွဲကြီးကို စတင်တိုက်ခိုက်သည်။ ဗျာ ၁၆း၁၃-၁၆။ ထိုစဉ် ခရစ်တော်သည် ကောင်းကင် တပ်ကြီး ကို ခေါ်ဆောင်လျက် သားရဲနှင့် သားရဲ၏ လူတို့အား စစ်တိုက်မည်။ သားရဲ၏တန်ခိုးကို ချိုးဖဲ့မည်။ ဗျာ ၁၉း၁၅-၁၉။ ၂ သက် ၂း၈။
(၄) သားရဲကိုဖမ်း၍ မီးအိုင်ထဲသို့ ချပစ်လေ၏။ ဗျာ၊ ၁၉း၂၀။
၃။ ရောက်လတ္တံသော ဘေးဒဏ်ကြီးကာလနှင့် ဒံယေလ၏ ခုနှစ်ဆက်မြောက်သော သီတင်း
ခရစ်တော်သည် ယော ၁၆း၃၃ တွင် ကပ်ကာလအဆုံး၌ ဘေးဒဏ်ကြီးကာလကို ကတိပြုထားသည့် အတိုင်း ၎င်း၊ အသင်းတော်သည် စပိန်ပြည်တွင် နှိပ်ကွပ်စဉ်က၎င်း၊ အမှောင်ခေတ်တွင်၎င်း၊ ကြီးစွာသော ညှင်းဆဲခြင်း ကိုခံရပြီးဖြစ်၍ မြောက်မြားစွာသော လူတို့သည် အသင်းတော်၌ မကြုံဘူသော ဘေးကြီး ကျရောက်လိမ့်မည့် အရေးကို ငြင်းပယ်လိုကြပါသည်။
သို့ရာတွင် လွန်ခဲ့သော အချိန်၌ ကျရောက်ခဲ့သော ဘေးဒဏ်များနှင့် မနှိုင်းယှဉ်သာသော၊ နှုတ်ဖြင့် စာဖြင့် ပြောပြ၍ မရလောက်အောင် ခက်ခဲသော မကြုံစဘူး အခက်အခဲသည် ဤကမ္ဘာပေါ်သို့ ကျရောက် ဦးမည် ဖြစ် ပါသည်။ ဒံ ၁၂း၁။ ယော ၃၀း၇။ မ ၂၄း၁၅-၂ ၁။ ၂၉ နှင့် ဗျာ ရး၁၄ ကိုဖတ်ပါ။
က။ မည်သည့်အချိန်တွင်အစပြုသနည်း။
(၁) အသင်းတော်ကို ချီဆောင်ပြီး ဆီးတားထားသော ဝိညာဉ်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်း ပြီး နောက် ၂ သက် ၂း၁-၈။
(၂) သခင်ဘုရားသည် ဘုန်းတန်ခိုးအာနုဘော်ဖြင့် ကြွလာတော်မမူမီ။ မ ၂၄း၂၉။
(၃) ဒံယေလ၏ ခုနှစ်ဆယ်ခုမြောက်သီတင်းအစပြုသော အချိန် ဒံ ၉း၂၇။ (ဒံ ၉း၂၀-၂၇ ဖတ်)
(က) သီတင်းပတ် တစ်ပတ်ကို တစ်နှစ်နှင့်ဆက်၍ပြောသည်မှာ အစဉ်အလာဖြစ်သည်။ က၊ ၂၉း၂၇။ ဒံ၊ ၉း၂၈-၃၀။
(ခ) သီတင်း(၆၉) ပတ် ကြာသောအခါ မေရှိယသည် သတ်ဖြတ်ခြင်းခံရမည်။ ယေရုရှလင်မြို့ ဖျက်ဆီးခြင်း ခံရမည်။ (အေဒီ ၇၀)။ တနည်းအားဖြင့် ဒံယေလမြင်သော သီတင်း ၆၉ နှင့် ၇၀ အကြာတွင် ကြား ကာလ ရှိလိမ့်မည်။
(ဂ) သီတင်းပတ်သည် ဣသရေလလူတို့နှင့် အန္တိခရစ် ချုပ်ဆိုသော စာချုပ်အားဖြင့် အစပြု မည်။ သုံးနှစ်ခွဲ ကြာ သောအခါ ထိုစာချုပ်ပျက်မည်။ ကျန် သုံးနှစ်ခွဲနှစ်သည် “ဘေးဒဏ်ကြီးကာလ” ဖြစ် သည်။ မ ၂၄း၁၅ တွင် ဖော်ပြထားလျက် ပြည့်စုံခြင်းမရှိသေးပါ။ ခရစ်တော်သည်ည်း နောင်တွင်ဖြစ်မည့် အရာ ဟု ဖော်ပြထား ပါ သည်။
ခ။ ဘေးဒဏ်ကြီးကာလ၏ အဓိကလက္ခဏာများ။
(၁) အမျက်တော်ဖလားကို သွန်းလောင်းရာကာလဖြစ်သည်။
(က) ဣသရေလအပေါ် စာတန်၏အမျက်။ ဗျာ ၁၂း၉၊ ၁၂၊ ၁၃၊ ဗျာ၁၃း၇။
(ခ) ခရစ်တော်၏ အမျက်တော်။ ဗျာ ၆း၁၆၊ ၁၇ သိုးသငယ်၏ အမျက်တော်။
(ဂ) ဘုရားမဲ့သော သူတို့အပေါ်ခမည်းတော်၏ အမျက်။
ခရစ်တော်ကို ငြင်းပယ်၍ သားရဲ၏ အမှတ်တံဆိပ်ကို ခံသောသူတို့အပေါ် ထွက်သောအမျက်။ ဗျာ ၁၄း၉-၁၁။ ၁၅း၇။ ၁၆း၁-၁၂။ လု ၂၁း ၂၄။
(၂) လူမျိုးနိုင်ငံများနှင့် ဣသရေလလူမျိုးအပေါ် တရားစီရင်သော အချိန်ဖြစ်ပါသည်။ ယေဇ ၂၀း၃၇၊ ၃၈။ ဗျာ ၃း၁၀။ ၁၄း၇။ ၁၆း၁။ မ ၂၅း၃၁၊ ၄၆။
(၃) သားရဲနှင့် မိစ္ဆာပရေဖက်တို့သည် ကြောက်မက်ဘွယ်ရာ ကြမ်းတမ်းစွာ အုပ်ချုပ်သော ကာလ ဖြစ်သည်။ ဗျာ ၁၃း၁-၁၀။ (၅း၅း၇) ဗျာ၊ ၁၃း၁၁-၁၈ (၁၄-၁၆-၁၇)
(၄) နတ်ဆိုး၏ လှုပ်ရှားမှု ပြန့်ပွားနေသောကာလဖြစ်သည်။ ဗျာ ၁၆း၁၃-၁၄။
(၅) လူုတို့ခံစားနေရသော ဝေဒနာ၊ ဆင်းရဲခြင်း၊ ပျက်စီခြင်းတို့သည် ရေတွက်တိုင်းတာ၊ ပြောဆို၍ မရသော ကာလ ဖြစ်လိမ့်မည်။
(က) လူသားသည် နေ၏ လောင်မြိုက်ခြင်းကြောင့် အပူလောင်ခြင်း၊ အံသွားခဲတြိတ်ခြင်း၊ ညည်းတွားခြင်း၊ သေရန် ဆုတောင်းခြင်းများ ပြုကြလိမ့်မည်။ ဗျာ ၆း၁၂။
(ဃ) သစ်ပင်မြက်ပင်တို့၏ သုံးစုတစ်ခုသည် လောင်ကျွမ်းလိမ့်မည်။ ဗျာ ၈း၇။ ပင်လယ် ရေ သုံးစုတစ်စုသည် လူသေ၏ သွေးကဲ့သို့ဖြစ်လိမ့်မည်။ ဗျာ ၈း၈။ ၁၆း၃။
ဂ။ ဤဘေးဒဏ်ကြီးများ၏ အဓိကရည်ရွယ်ချက်များ။
(၁) ဣသရေလလူတို့အား ဆုံးမ၍ မေရှိယအတွက် ပြင်ဆင်ရန်ဖြစ်ပေါ်သည်။ ယေဇ ၂၀း၃၇၊ ၃၈။ ယေ ၃၀း၇ တွင် ဤကာလသည် ယာကုပ်အမျိုး၌ အမှုရောက်သောနေ့ ဟုဖော်ပြထားပါသည်။
(၂) ခရစ်တော်ကို ငြင်းပယ်လျက် သားရဲ၏ အမှတ်တံဆိပ်ကို ခံယူသော တစ်ပါးအမျိုးသား တို့ အား ဒဏ်ပေးသော ကာလဖြစ်သည်။ ဗျာ ၁၆း၂။ ယောလ ၁၄း၃။ မိက္ခာ ၅း၁၅။
(၃) တစ်ပါးအမျိုးသားတို့၏ ကာလကို အဆုံးသတ်ရန် ဖြစ်ပါသည်။
လု ၂၁း၂၄။ တ ၁၅း၁၄-၁၆။
ဃ။ မည်မျှကြာပါမည်နည်း။
(၁) ဒံယေလ၏ သီတင်း (၇၀)။ ဒံ ၉း၂၀-၂၇။ ၇ နှစ်တစ်ပတ်ဖြင့် ရေတွက်ခြင်းဖြစ်ပါသည်။ “မင်း” သည် ဣသရေလ လူတို့နှင့် ပဋိညာဉ်ချုပ်ဆိုခြင်းဖြင့် အစပြုခဲ့သည်။ ထိုကာလကို သီတင်းတစ်ပတ်ဖြင့် အတည် ပြုပါသည်။ ထို့ကြောင့် နှစ်ဖြင့် ရေတွက်သော သီတင်းဖြစ်ပါသည်။
(၂) ဘေးဒဏ်ကြီးကာလသည် ဒံယေလ၏ သီတင်း ၇၀ ၏ အဆုံးပိုင်းတစ်ဝက်တွင် ဤလောကသို့ ဝင်ရောက် လာမည် ဖြစ်ပါသည်။
(က) ထို ၇ နှစ်အလယ်တွင် “မင်း” သည် ဣသရေလလူတို့နှင့်ပြုထားသော ပဋိညာဉ်ကို ဖျက်၍ ဗိမာန်တော်ကို ညစ်ညမ်းစေပြီး။ ယေရုရျှလင်မြို့တွင် မိမိကိုယ်မိမိဘုရားအဖြစ် တည်ထောင်သည်။ ဒံ ၉း၂၇။ ၁၁း၃၇။ မ ၂၄း၁၅-၂၂။ ၂ သက် ၂း၉။
(ခ) ထို သုံးနှစ်ခွဲနှစ်ကာလကို သုံးမျိုးခေါ်ဝေါ်ထားပါသည်။
၁။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်- ဒံ ၁၂း၇၊ ဗျာ ၁၂း၁၄။
၂။ လလေးဆယ်နှစ်ပတ်လုံး ဗျာ ၁၁း၂။ ၁၃း၅။
၃။ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်။ ဗျာ ၁၂း၆၅။
(ဂ) အာမဂေဒုံစစ်ပွဲကြီးဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်မည်။ ခရစ်တော်သည် ဘုန်းတန်ခိုး တော်ဖြင့် ကြွာလခြင်း နှင့် ဆက်ပါမည်။
၄။ အာမဂေဒုန်စစ်ပွဲကြီ
ခရစ်တော်သည်လည်းကောင်း၊ ဒံယေလသည် လည်းကောင်း၊ ကမ္ဘာတွင် စစ်ရိပ်ငွေ့ အမြဲသန်း နေမည်ဖြစ်ကြောင်း ကြိုတင်ဟောပြောထားပါသည်။ ဒံ ၉း၂၆။ မ ၂၄း၆-၈။
ထို့အပြင် ယခုခေတ်ကာလသည် အာမဂေဒုတ်စစ်ပွဲကြီးဖြင့် ဘေးဒဏ်ကြီးကာလဖြင့် အဆုံးသတ်လျက်ဖြစ် ကြောင်း သမ္မာကျမ်းစာက သွန်သင်ထားပါသည်။
က။ အာမဂေဒုန်ဆိုသ့ည်မှာ အဘယ်နည်း။
(၁) နတ်ဆိုး၏ ဝိညာဉ်သည် စာတန်၏ ညစ်ညူးသော ဝိညာဉ်သုံးပါးဖြစ်သော နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့ စုပေါင်း၍ မြေကြီးသာအပေါင်းတို့အား စစ်တိုက်ခြင်းငှာ စုရုံးသော အချိန် ဖြစ်ပါ သည်။ ဗျာ ၁၆း၁၃-၁၆။
(၂) တစ်ကမ္ဘာလုံးပါဝင်သည်။ ဗျာ ၁၆း၁၄။
(၃) အနန္တတန်ခိုးရှင်၏ နေ့ရက်ဟုခေါ်ပါသည်။
(၄) အငယ် “၁၄” တွင် “စစ်တိုက်ခြင်းငှာ စုရုံးသည်”ဟူသော စကားသည် စစ်ပွဲတစ်ခါတိုက်ခြင်း မဟုတ်ပဲ နယ်မြေ အပိုင်ရယူရေးအပြီး တိုက်ခိုက်ရေးဖြစ်ပါသည်။
(၅) ထိုနေ့သည် လူမျိုးများအပေါ်သခင်ဘုရား၏ အမျက်တော်နေ့ဖြစ်ပါမည်။
(က) ဣသရေလလူမျိုးအပေါ် ဆက်ဆံမှုအတွက် ယောလ ၃း၂။ ၁၂။ မ ၂၅း၃၂။
(ခ) သူတို့၏ အပြစ်များအတွက်။ ဟေရှာ ၂၆း၂၁။ ၃၄း၂-၃၊ ၈။
ခ။ အာမေဂေဒုန် အဘယ်မှာ ရှိသနည်း။
(၁) ထိုစကားလုံးသည် အမှန်မှာ အာမေဂေဒုန်တောင် Mountain of Megiddo ဖြစ်ပါသည်။ ပါလက် စတိုင်းဒေသ၊ မြောက်အလယ်အရပ်၊ ယောဒန်မြစ်အနောက်ဘက်၊ နာဇရက်မြို့၏ အနောက်ဘယ်ဆယ်မိုင်။ မြေထဲပင်လယ်ကမ်းခြေမှ ၁၅ မိုင်အကွာနေရာဖြစ်သည်။ Jezreel လွင်ပြင်၏ မြောက်ပိုင်းတွင် တည်ရှိသည်။
(၂) ဤအရပ်ဒေသသည် စစ်ပွဲကြီးများစွာ တိုက်ခဲ့သော ဒေသဖြစ်ပါသည်။
(က) ဒေဗောရနှင့်ဗက်ရက်တို့ ကာနန်လူတို့ကို အပြတ်တိုက်ခဲ့သောနေရာ။ တရား ၄-၅။
(ခ) ဂိဒေါင်သည် မိဒျန်လူတို့ကို အနိုင်တိုက်ခဲ့သော နေရာ။ တရား ၇။
(ဂ) ဖိလိတ္တိလူတို့သည် ရေုာလုအား သတ်သောနေရာ။ ၁ ရာ ၃၁း၈။
(ဃ) အဟိယကို ယေဟု သတ်သောနေရာ။
(င) ယောရှိမင်းကြီးအား အီဂျစ်လူတို့ သတ်သောနေရာ။ ၄ ရာ ၂၃း၂၉။
(၃) ပါလက်စတိုင်းဒေသ နေရာအားလုံးတို့သည် ဤစစ်ပွဲတွင် ပါဝင်ကြမည်ဖြစ်ကြောင်း ကျမ်းစာက ဖော်ပြထားပါ သည်။
(က) ဇာခရိ ၁၂း၂-၁၁ အရ ယေရုရှလင်မြို့သည် ဝိုင်းထားမည်။ တိုက်ပွဲ၏ ဗဟိုချက်သည် အာမေဂေဒုန်၏ တောင်ဘက် တွင်ဖြစ်နိုင်ပါသည်။
(ခ) ဗျာ ၁၄း၁၄-၂၀။ အသွေးသည် တစ်ဆယ်ခြောက် ယူဇနာ ခရီးတစ်လျှောက် ၁၈၂ မိုင်ကျော်၌ မြင်းဇက်ကြိုး ကို မှီသည့်တိုင်အောင်ရှိသဖြင့် ဣသရေလပြည်တစ် ပြည်စာဖြစ်ပါသည်။
(ဂ) စစ်ပွဲကြီးထဲတွင် ပါဝင်သောအချက်များ။
(၁) သားရဲ သို့မဟုတ် အန္တိခရစ်သည် ဣသလေလူတို့နှင့် စာချုပ်ချုပ်ဆိုလျက် အတုအယောင် လုံခြုံမှုကို ရရှိ စေ သည်။ ဒံ ၉း၂၇။ ယေဇ ၃၈း၈၊ ၁၁၊ ၁၄။
(၂) ရုရှားက သားရဲဘက် ပါဝင်ပတ်သက်မည်ဟု ယုံကြည်လျက်။ ပါလက်စတိုင်တစ်ဖက်တွင် ရပ်တည်သည်။ ယေဇ ၃၈း၁-၆။ လုယူရန် (အငယ် ၈၂) ပင်လယ်သေ၏ ချမ်းသာကို လုယူရန် ဖြစ်နိုင်သည်။
(၃) ဘုရားသခင်သည် ကောင်းကင်မှ မီးမိုးကို ရုရှားတပ်ကြီးအပေါ်သို့ ကျစေသည်။ (အငယ် ၂၂)၊ ရုရှား၏ မေးတွင် သံချိတ်နှင့် ချိတ်သည်။ (အငယ် ၄)၊ ရုရှားကို ဣသရေလ တောင်များ ပေါ်တွင် ရှိက်ချသည်။ (၃၉း၂) တပ်ကြီး၏ ခြောက်စု တစ်စုချန်ခဲ့၍ ပြန်လည်ထွက်ခဲ့သည်။
ဤအချိန်တွင် ဘုရားသခင်၏ အောင်မြင်မှုကို မြင်ရသောကြောင့် ရွေးကောက်တော်မူသော ယုဒလူ တစ်သိန်း လေးသောင်း လေးထောင်တို့၏ သာသနာကြောင့် သန်းပေါင်းများစွာတို့သည် ဘုရားသခင် ဘက် သို့ ပြောင်း လဲလာကြသည်။ ဗျာ ရး၃-၄၊ ၁၄။ ယေဇ ၃၈း၂၃။ ၃၉း၂၂။
(၄) ရုရှား၏ ဆုံးရှုံးမှုကြောင့် အားယူကာ နိုင်ငံတကာတပ်များသည် အန္တိခရစ်၏ အုပ်ချုပ်မှုအောက်သို့ ပါလက် စတိုင်း တွင် စုဝေးလာကြသည်။ မြောက်အရပ်၊ အရှေ့အရပ်နှင့် တောင်ရှင်ဘုရင်တို့ပါဝင်ကြသည်။ ဒံ ၁၁း၄၀-၄၅။
(က) စစ်ပွဲ့ဖြစ်ပွားရန် နတ်ဆိုး၏ ဝိညာဉ်က သွေးဆောင်သည်။ ဗျာ ၁၆း၁၄။
(ခ) ဣသရေလနိုင်ငံကို ရယူရန် ကမ္ဘာ့နိုင်ငံများပါဝင်တိုက်ခိုက်ကြသည်။ ဇာခရိ ၁၂း၂-၃။ ၁၄း၃။
(၅) အရှေ့ဘက်မှ ၂ သန်းပါဝင်သော တပ်ကြီး ချီတက်လာသည်။
(တရုတ်ဖြစ်မည်လော) ဥဖရတ်မြစ်သည် ခန်းခြောက်လျက် တပ်သားတို့သည် စစ်ပွဲထဲသို့ ဝင်ကြ၏။ ဗျာ ၉း၁၄-၁၆။ ၁၆း၁၂။
မှတ်ချက်။ အန္တိခရစ်သည် ပါလက်စတိုင်သို့ ဝင်သောအခါ ဣသရေလနှင့်ပြုထားသော ပဋိညာဉ်ကို ဖျက်သည်။ ဒံ ၉း၂၇။ “ရွ့ရှာဘွယ်သော ဖျက်ဆီးခြင်းကို ခရစ်တော်မိန့်ကြားခဲ့သကဲ့သို့ ပြုသည်။ မ ၂၄း၁၅။ ဤ အချိန်သည် “ဘေးဒဏ်ကြီးကာလ”ဟု ခေါ်ဆိုသောကာလဖြစ်ပါသည်။ လေ့လာပြီးဖြစ်ပါသည်။ မ ၂၄း၂၁။
(၆) ကြောက်မက်ဘွယ်စစ်ပွဲကြီးအဆုံးတွင် ကောင်းကင်၌ လူသား၏ အမှတ်လက္ခဏာ ပေါ် လာသည်။ မ ၂၄း၂၉-၃၀။ ဤလက္ခဏာများသည် မည်သို့ဖြစ်ကြောင်း ဖော်ပြ မထားပါ။
(၇) သို့ရာတွင် သားရဲအနေဖြင့် ထိုလက္ခဏာသည် ဘုန်းတန်ခိုးအားနုဘော်တော်ဖြင့် ခရစ် တော် ကြွလာ တော်မူခြင်းဖြစ်ကြောင်း သိရှိသည်။ ထို့ကြောင့် သူ့အင်အားရှိသမျှကို ခရစ်တော် ဘက် သို့ လှည့်၍တိုက်ခိုက် သည်။ ခရစ်တော်သည် ထိုစစ်တပ်ကို ချေဖျက်၍ အန္တိခရစ်နှင့်သူ၏ မိစ္ဆာပရောဖက်တို့အား မီးအိုင်ထဲသို့ ပစ်ချသည်။ ထို့နောက်ယေရုရှလင်မြို့ တွင် ရာဇပလ္လင် ထူထောင်သည်။ ဗျာ ၁၉း ၁၁-၂၁ ကို သေချာဖတ်ပါ။
မှတ်ချက်။ ခရစ်တော်သည် ဘုန်းတန်ခိုးအာနုဘော်ဖြင့် ပြန်လည်ကြွလာခြင်း အသေးစိတ် ကို နောက် သင်ခန်း စာတွင် လေ့လာရပါမည်။
မေးခွန်းများ
၁။ ဘုရားသခင်၏ အနာဂတ္တိစကားတော်တို့နှင့်ပတ်သက်၍ အသေးစိတ်သိထားရန် အဘယ်ကြောင့် အရေးကြီး ပါသနည်း။
၂။ ခရစ်တော်၏ နေ့သည် ဘယ်အရာနည်း။ ရည်ညွှန်ကျမ်း နှစ်ချက်ပေးပါ။
၃။ သခင်ဘုရား၏ နေ့နှင့် မည့်သို့ခြားနားပါသနည်း။ ကျမ်းညွှန်းဖြင့် ပြပါ။
၄။ သခင်ဘုရား၏ နေ့မရောက်မီမည်သည့်အရာနှစ်ပါးဖြစ်ရမည်နည်း။
၅။ သခင်ဘုရား၏ နေ့ဆိုသည်မှာ မည်သို့ဖြစ်၍ သူ၏ နယ်ခြား မှတ်တိုင်များကား အဘယ်နည်း။
၆။ ယခုမြင်တွေ့နေရသော ကမ္ဘာ့ခေါင်းဆောင်များအား အန္တိခရစ်အဖြစ်ယူဆသော၊ အယူအဆများသည် မိုက်မဲမှု ဖြစ်သည်ဟု အဘယ်ကြောင့် ယူဆရပါသနည်း။
၇။ အန္တိခရစ်အားပေးထားသော အမည်များသည် အန္တိခရစ်၏ အမှန်ဖြစ်ရပ်ကို အမှန်ပုံပေါ်စေသည့် အားလျှော် စွာ ဓမ္မဟောင်းမှ အမည် (၃) ခုနှင့် ဓမ္မဟောင်းမှ အမည် (၃) ခုတို့၏ အမည်ကို ရေးပြပါ။
ဓမ္မဟောင်း (၁) (၂) (၃)
ဓမ္မသစ် (၁) (၂) (၃)
၈။ ကမ္ဘာ့ဇတ်ခုံပေါ်သို့ မည်သည့်အချိန်တွင် လာရောက်မည်နည်း။
၉။ ဒံယေလ ရး၇၊ ၈၊ ၂၄ နှင့် ဒံယေလ ၁၁း၃၈ တို့ကို သေချာစွာဖတ်ရှုပြီနောက် သူ၏ အမွေ ဥစ္စာ၊ သူ့နိုင်ငံသား နှင့် မည်သည့်နိုင်ငံမှ တက်လာမည်ဟု ယူဆပါသနည်း။
၁၀။ ဤပုဂ္ဂိုလ်၏ အကျင့်စာရိတ္တ၊ အရည်အချင်းတို့နှင့်ပတ်သက်၍ သင်မည်သို့ သိထားပါသနည်း။
၁၁။ သူ၏ အာဏာသည် အထွဋ်အထိပ်သို့ ရောက်ရှိပြီးနောက်၊ သူ့တန်ခိုးအာဏာသည် မည်သူ့ဘက်ကို ရည်ညွှန်းပါ သနည်း။ ကျမ်းချက်ပြပါ။
၁၂။ သူသည်မည်သည့်အချိန်တွင် မည်သည့်အရပ်၌ ကျဆုံးသွားရမည်နည်း။ ကျမ်းချက်ဖြင့်ပြပါ။
၁၃။ ဘေးဒဏ်ကြီးကာလ၏ အဆိုးဆုံးသောအချိန်ကာလအဖြစ် ကမ္ဘာကသိရမည့်အချိန်သည် ရောက်လာခြင်းမရှိ သေးကြောင်းကို မည်သည့် ကျမ်းချက်က ဖော်ပြထားပါသနည်း။
၁၄။ ဘေးဒဏ်ကြီးကာလ၏ ရှည်ကြာသော ကာလသည် မည်မျှနည်း။ ထိုကာလ၏ နယ်ခြား မှတ်တိုင်များ (အစနှင့် အဆုံး) ကားအဘယ်နည်း။ ဒံယေလ၏ ခုနှစ်ဆယ်သီတင်းနှင့် အဘယ်ကြောင့် ဆက်စပ် နေပါ သနည်း။
၁၅။ ဘေးဒဏ်ကြိကာလ၏ လက္ခာဏာ (၅) ခုကို ဤသင်ခန်းစာတွင် ဖော်ပြထားပါသည်။ ၎င်းအနက် (၃) ခုကို ကျမ်းချက်ဖြင့်ဖော်ပြပါ။
၁၆။ ဘေးဒဏ်ကြီးပေးရခြင်း၏ အဓိကရည်ရွယ်ချက် (၃) ရပ်ကို ဖော်ပြပါ။ ကျမ်းညွှန်းဖြင့်ဖြေပါ။
၁၇။ အာမေဂေဒုန်ဆိုသည်မှာ အဘယ်နည်း။ နောက်ဆုံးစစ်ပွဲဖြစ်သော ဤစစ်ပွဲကို မည်သည့်နေရာတွင် ဖြစ်ပွား ပါ သနည်း။ တိကျနိုင်သမျှ တိကျအောင်ဖြေပါ။
၁၈။ ယေရုရှလင်မြို့နှင့်တကွ ပါလက်စတိုင်းဒေသတစ်ခုလုံးသည် ထိုတိုက်ပွဲနယ်မြေအဖြစ် ပါဝင်ကြောင်း မည်သည့် ကျမ်းချက်က ဖော်ပြပါသနည်း။
၁၉။ ဗျာဒိတ်ကျမ်း ၁၆း၁၄ တွင် “စစ်တိုက်ခြင်းငှာစုဝေး”ဟူသော စကားသည် မည်သို့ ဆိုလိုပါသနည်။
၂၀။ လောကကြီး၏ နောက်ဆုံးနှင့် ကြောက်မက်ဘွယ်အကောင်းဆုံးသော စစ်ပွဲ၏ အဆုံးသတ်ခန်း နှင့် ကြောက် မက်ဘွယ် ကောင်းပုံကို တတ်စွမ်းနိုင်သမျှရေးပြပါ။
အမည် -------------------------
လိပ်စာ ------------------------- ရက်စွဲ----------------------------
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ
http://www.murann.com/ezine/index.php?option=com_content&view=article&id=1634:2013-04-13-05-10-49&catid=9:bible-study&Itemid=10
ဂ။ ဤစကားလုံးသညှ်ဓမ္မဟောင်းကျမ်းစာတွင် အသုံးပြုထားသော ဝေါဟာရဖြစ်ပါသည်။
၂။ အန္တီခရစ်။
၁။ ဓမ္မဟောင်းကျမ်းတွင်
က။ နောက်မှလာသောသခင်။ ဒံယေလ ၉း၂၆။
ခ။ ရွံ့ရှာဘွယ်သောအရာ။ ဒံယေလ ၉း၂၇။
ဂ။ ချိုငယ်။ ဒံယေလ ၇း၂၈။
စ။ အရှုရိလူ။ ဟေရှား ၁၀း၅-၁၂။
ဆ။ ဗာဗုလုန်ရှင်ဘုရာင်။ ဟေရှာ၊ ၁၄း၎။
ဇ။ မိုက်သောသိုးထိန်း။ ဇာခရိ ၁၁း၁၅။
၂။ ဓမ္မသစ်ကျမ်းတွင်-
(က) ဒုစရိုက်လူ - ၂ သက် ၂း၃။
(ဂ) အဓမ္မလူ ၂ သက်၂း၈။
(င) အန္တိခရစ်။ ၁ ယော ၂း၁၈-၂၂။
(စ) သားရဲ။ ဗျာ ၁၃း၈-၁၀။
စ။ သူ၏ အာဏာအကျယ်အ၀န်း