0
အံ့သြဘွယ် ဂျူးလူမျိူး
အံ့သြဘွယ် ဂျူးလူမျိူး
May 22, 2013 at 12:26 AM
Unicode & Zawgyi Reshare-#9Dan
(အစ္စရေးလူမျိုး)
မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာသွားပါတယ်။ စိတ်ဝင်စားစရာ  ကမ္ဘာကျော် အစ္စရေးလူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေလလူမျိုး) အကြောင်းဆိုတော့ ......
 ဂျူး နဲ့ အာရပ် အရှေ့အလယ်ပိုင်း အရေးအခင်းကို ကြည့်ရင်  အစ္စရေး Benjamin Netanyahu အင်တာဗျူးမှာ  ဒါငါတို့မြေပဲ .. လို့ပြောပါတယ်။ ခရစ်ယာန်တက္ကသိုလ်တခုက ပါမောက္ခတစ်ဦးက အချက်အလက်များနဲ့ ရေးထားပါတယ်။၁။ နိုင်ငံနဲ့ ဂျေရုဆလင်မြို့ ဟာ B.C 1312 (လွန်ခဲ့တဲ့ နှစ်၃၃၀၀) ကတည်းက အစ္စလမ်ဘာသာ မပေါ်ခင်ကတည်းက ရှိခဲ့ပါတယ်။၂။ အာရပ်ဒုက္ခသယ်များ (ပါလက်စတိုင်း) ကိစ္စဖြစ်ပြီး နှစ်၂၀အကြာ 1967 ခုနှစ်မှာ အစ္စရေးနိုင်ငံ ခိုင်ခိုင်မာမာပေါ်လာပါတယ်။၃။ B.C 1272 မှာ ဂျူးလူမျိုးများ နိုင်ငံထူထောင်ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၃၀၀ အဆက်မပြက် နေထိုင်လာတဲ့ နယ်မြေဖြစ်ပါတယ်။၄။ အာရပ်နယ်မြေဖြစ်သွားတာက A.D 635 မှာဖြစ်ပြီး ၂၂နှစ်လောက်ပဲ အာရပ်အောက်မှာရှိခဲ့ပါတယ်။
၅။ နှစ်ပေါင်း ၃၃၀၀ ကြာတဲ့အထိ ဂျေရုဆလင်မြို့ဟာ ဂျူးလူမျိုးတွေရဲ့ မြို့တော်ဖြစ်ပါတယ်။ အာရပ် နဲ့ မွတ်ဆလင်များ ဂျောဒန်နိုင်ငံအောက်မှာရှိစဉ်တောင်မှ ဘယ်ခါမျှ မြို့တော်အဖြစ်မသတ်မှတ်ခဲ့ပါဘူး။ ၆။ ဂျေရုဆလင် Jerusalem စာလုံးကို အကြိမ်ပေါင်း ၇၀၀ကျော် ဂျူးတွေရဲ့ ကျမ်းစာ Tanach မှာတွေ့နိုင်ပြီး၊ အာရပ်တွေရဲ့ ကိုရမ်ကျမ်းမှာ တခါမှဖေါ်ပြမထားပါဘူး။၇။ ဒါဝိပ်မင်း King David မှစတင်ပြီး ဂျေရုဆလင်မြို့တည်ထောင်ခဲ့ပါတယ်။ တမန်တော်မိုဟာမက် ဂျေရုဆလင်ကို လာတယ်လို့ ရေးမထားပါဘူး။၈။ ဂျူးတွေဟာ ဂျေရုဆလင်ကို မျက်နှာမူပြီး ဆုတောင်းပါတယ်။ အာရပ်တွေက ကျောပေးပြီး ဆုတောင်းပါတယ်။၉။ 1948 အာရပ်ဒုက္ခသယ်များ နယ်မြေမှထွက်ရန် အစ္စရေးအစိုးရအမိန့်ပေးတဲ့အခါ ၆၈ရာနှုံးသော အရပ်များ အေးဆေးစွာနဲ့ ထွက်သွားနိုင်ကြပါတယ်။ ၁၀။ ဂျူးလူမျိုး ဒုက္ခသယ်များကတော့ အရပ်နိုင်ငံကထွက်ခွာတဲ့အခါ နှိပ်စက်ခြင်း၊ သတ်ဖြက်ခြင်း၊ ပစ္စည်းများအသိမ်းခံရခြင်း တွေနဲ့ ထွက်ခွာခဲ့ရပါတယ်။၁၁။ 1948 မှာ အစ္စရေးနယ်မြေက ထွက်ခွာရတဲ့ အာရပ်ဒုက္ခသယ် ခြောက်သိန်းကျော် 630,000 ရှိပါတယ်။ ဒီအရေအတွက်အတိုင်း ဂျူးလူမျိုး ဒုက္ခသယ်များ အာရပ်နိုင်ငံများက ထွက်ပေးရပါတယ်။၁၂။ အာရပ်ဒုက္ခသယ်များကို လက်ခံမဲ့ အာရပ်နိုင်ငံမရှိဖြစ်ခဲ့ပါတယ်။ ဂျူးလူမျိုး ဒုက္ခသယ်အားလုံးကိုတော့ အစ္စရေးနိုင်ငံက အကြွင်းမဲ့ လက်ခံခဲ့ပါတယ်။ ၁၃။ အာရပ်နိုင်ငံပေါင်း ၈ နိုင်ငံက အာရပ်ဒုက္ခသယ်အတွက်  ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့မကူညီပါဘူး။ အစ္စရေးနိုင်ငံကပဲ ပါလက်စတိုင်းနိုင်ငံဖြစ်တယ် ပြောပြီး အာရပ်-အစ္စရေး စစ်၅ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံက အောင်မြင်စွာခုခံနိုင်တဲ့အပြင် အနိုင်ရရှိခဲ့ပါတယ်။၁၄။ ပါလက်စတိုင်းတွေရဲ့ P.L.O အဖွဲ့ကို ဂါဇာကမ်းမြောင်မှာ ကုလသမဂ္ဂက ကိုယ်ပိုင်အုပ်ချုပ်ရေး နိုင်ငံထူထောင်ပေးခဲ့ပါတယ်။ ၁၅။ ဂျော်ဒန်နိုင်ငံအောက်မှာ ရှိစဉ်က ဂျူးလူမျိုးများအတွက် ဘုရားရှိခိုးခွင့် နေရာ၊ ဘာသာရေးပွဲ လုပ်ပိုင်ခွင့် မပေးခဲ့သော်လည်း၊ ယခု အစ္စရေးနိုင်ငံမှာရှိတဲ့ ခရစ်ယာန်၊ မွတ်ဆလင်များအတွက် လွတ်လပ်စွာ ဘုရားရှိခိုး ဘာသာရေးအခမ်းအနားတွေ လုပ်ခွင့်ပေးထားပါတယ်။ ၁၆။ 1990 ခုနှစ် ကုလသမဂ္ဂ Security Council Resulutions ကို ကုလအဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၅ ခုအနက် ၉၇ နိုင်ငံက အစ္စရေးနိုင်ငံကို ဆန့်ကျင်ခဲ့ကြပါတယ်။၁၇။ 1990 ခုနှစ် ကုလသမဂ္ဂ အတွေတွေညီလာခံကိုယ်စားလှယ် ၆၉၀ဦးမှာလည်း ၄၂၉ဦးဟာ အစ္စရေးကို ဆန့်ကျင်မဲပေးခဲ့ကြပါတယ်။ စသဖြင့် အစ္စရေးနိုင်ငံဘက် ကမ္ဘာ့နိုင်ငံများ မပါဝင်ကြောင်း ရေးထားပါတယ်။ (အထက်ပါအချက်အလက်များ။ ... ဂျွန်လှအောင် ထံမှရရှိပါသည်။)
ဒါလောက်တောင် နှပ်ကွပ်ခံရတဲ့ ဂျူးလူမျိုးများ အစ္စရေးနိုင်ငံထူထောင်နိုင်ခြင်းနဲ့ ပတ်သက်ပြီး အောက်ပါအချက်များကို ဆက်လက်ကြည့်ကြပါဦး....။
အခုခေတ်မှာ တကမ္ဘာလုံးမှာ ဂျူးလူမျိုး 13.1 millions ၁၃သန်းကျော် ရှိပါတယ်။ အစ္စရေးမှာ 5.6 millions ၊ အမေရိကန်နိုင်ငံမှာ 5.2 millions နေထိုင်ကြပါတယ်။ ဂျုးတွေ ၁၉၃၀ ဂျာမန်နာဇီတွေ အာဏာရသတ်ဖြတ်ပြီးတဲ့နောက်မှာ အမေရိကားကို သွားရောက်ခိုလှုံရပါတယ်။ ဂျူးတွေ ရောက်တဲ့နေရာမှာ ဘုရားကောင်ကြီးပေးတယ် ခံယူထားကြပါတယ်။ ၂၀၀၀ နောက်ပိုင်မှာ တရုပ်ပြည်မကြီးကို ဂျူးလူမျိုးတွေ စီးပွားရေးလုပ်ကိုင်နေကြပါပြီ။ http://en.wikipedia.org/wiki/Jews
နိုင်ငံရေး 2010 အချက်အလက်အရ၊ အမေရိကန် အစိုးရ အထက်လွှတ်တော်အမတ် ၂၃ ယောက် (23%) ရှိပါတယ်။ အောက်လွှတ်တော် အမတ် ၄၀၀ လောက်မှာလည်း ဂျူးလူမျိုးအမတ် ၃၄ ယောက်ပါဝင်ပါတယ်။ ပြည်နယ် ၂၅ ခုရဲ့ အုပ်ချုပ်ရေးမှုး Governor တွေဟာ ဂျူးလူမျိုးများဖြစ်နေပါတယ်။ ဒီတော့ ...အမေရိကန်အစိုးရမှာ ဂျူးသြဇာ တော်တော်ရှိပုံပါပဲ။http://en.wikipedia.org/wiki/List_of_Jewish_American_politiciansငွေရေးကြေးရေး (စီးပွားရေး)အမေရိကန် ဂျူးလူမျိုးများဟာ ကြွယ်ဝချမ်းသာကြပါတယ်။ အမေရိကန်လူဦးရေရဲ့ ၂ရာနှုံးရှိတဲ့ ဂျူးလူမျိုးများဟာ ၄၀ရာနှုံး ဘီလျှံနာသဌေးများ ဖြစ်နေပါတယ်။ အမေရိကန် ဂျူးလူမျိုး ၄ယောက်မှာ တစ်ယောက်ဟာ မီလျှံနာသူဌေးဖြစ်ပါတယ်။ အမေရိကန်ဂျူး ၅၅ရာနှုံးဟာ တက္ကသိုလ်ဘွဲ့ရများဖြစ်ကြပါတယ်။ ဂျူးများ အမေရိကန်ရဲ့ စီးပွားရေးမှာ အဓိကဖြစ်နေပါတယ်။http://www.topix.com/forum/afam/TCEL6H6L79C279EVA
ကမ္ဘာ့ ဂျူးလူမျိုး ဘီလျှံနာသူဌေး 465 ဦးကို 1999 တုံးက စစ်တမ်းကောက်ကြည့်ပါတယ်။ သူတို့တွေရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ကုဋေပေါင်း 1644 billions ရှိပါတယ်။ အမေရိကန်မှာ ဂျူးလူမျိုး သူဌေးအများဆုံး 56% ပိုင်ဆိုင်မှုရှိပါတယ်။ ၅နိုင်ငံ USA, Germany, Germany, Frence, Hong Kong (5 countries) မှာရှိတဲ့ ဂျူးသူဌေးများဟာ  ဘီလျံပေါင်း ၁၂၀၀ကျော် (82%) ပိုင်ဆိုင်ကြပါတယ်။ အိန္နိယ၊ ဂျပန်၊ တိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား  ... အချမ်းသာဆုံးသူဌေးများ ဂျူးလူမျိုးများဖြစ်နေတာ အံ့သြဘွယ် တွေ့ရပါတယ်။ ဒီဂျူး ဘီလျံနာကြီးများရဲ့ နာမည်ကတော့ တရုပ်၊ဂျပန်၊အင်ဒိုနီးရှာ .. နာမည်တွေပဲ၊ ဒါပေမဲ့သူတို့က ဂျူးဓလေ့၊စရိုက်၊ဘာသာ ကျင့်သုံးတဲ့ ဂျူးလူမျိုးဆိုပဲ။ မြန်မာပြည်မှာလည်း ဂျူးသူဌေးကြီးတွေ ရှိမှာပါ။ http://www.jewwatch.com/jew-leaders-list-of-jewish-millionaires.html
နိုင်ငံရေး နဲ့ ငွေရေးကြေးရေးသာမကပါဘူး၊ အခြားနယ်ပယ်များစွာမှာလည်း ဂျူးလူမျိုးများ သြဇာကြီးလှပါတယ်။ ဥပမာ .. သိပ္ပံပညာရှင် အိုင်စတိုင်း။ ဟောလိဝု ဒါရိုက်တာကြီး စတီဗင်စပီးဘတ် ...စသဖြင့် ဘုရားကောင်းကြီးများစွာရသော လူမျိုးနွယ်ဖြစ်ပါတယ်။  သို့သော်လည်း ဂျူးလူမျိုးများကို နှိပ်စက်၊ သတ်ဖြတ်မှု သမိုင်းတွေကို အနှစ် ၃၃၀၀ အတွင်းမှာ များစွာတွေ့နိုင်ပါတယ်။ ဘေဘီလုန်ခေတ်၊ ရောမခေတ်၊ ခရူးဆိတ်စစ်ပွဲကာလ၊ နောက်ဆုံးကတော့ ဒုတိယကမ္ဘာစစ်အတွင် နာဇီဂျာမဏီလက်ချက်နဲ့ ဂျူးလူမျိုး ၆သန်းကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။ သတ်ဖြတ်ခံမှု Persecution မရှိရင် ယခုခေတ် ဂျူးလူမျိုးများဟာ ၁၃ သန်းမဟုတ်ပဲ အာရပ်လူမျိုးအရေအတွက်အတိုင်း သန်းပေါင်း ၂၀၀ကျော်ရှိနေမယ် ဖြစ်ပါတယ်။ ဂျူးလူမျိုးများ တော်၊တတ်၊ ကြိုးစားလို့ အံ့သြဘွယ်ဖြစ်နေတာမဟုတ်ပါဘူး။ ဘုရားကျေးဇူးတော်ခံစားရတဲ့အတွက် ဖြစ်ပါတယ်။ ဂျူးလူမျိုးများ ဘုရားကို ဘယ်လောက်ယုံကြည်အားကိုးသလဲ ဆိုတာ သမ္မာကျမ်းစာမှာ ဖေါ်ပြထားပါတယ်။ ခရစ်ယာန်များရဲ့ အခြေခံဟာ ဂျူးလူမျိုး၊ ဂျူးဘာသာ ဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းစာ တစ်ခုလုံးဟာ ဂျုးလူမျိုးများ ရာဇဝင်ဖြစ်ပါတယ်။ အံ့သြဘွယ် ဖြစ်ရပ်များ Miracles အများကြီး သမ္မာကျမ်းစာမှာဖတ်နိုင်ပါတယ်။ ဂျူးလူမျိုးများ အီဂျစ်နိုင်ငံကျွန်အဖြစ်မှ မောရှေအားဖြင့် လွန်ခဲ့သော နှစ်၄၀၀၀က ပင်လယ်နီကို ဖြက်ကူးခြင်း (ထွက် ၁၄း၂၂-၁၈း၂၇)၊  ယောရှုနှင့် အစ္စရေးစစ်သည်များ ယေရိခေါမြို့ကို အောင်နိုင်ခြင်း (ယောရှု ၆) ၊  ပရောဖက် ဧလိယ နှင့် ဧလိရှဲတို့၏ အံ့ဘွယ် ဆောင်ရွက်ချက်များ (၃ရာ၁၇-၂၉၊  ၄ရာ၂-၅) ။ ရှုရိဘုရင်၏ အင်အားကြီးလှသောစစ်တပ် ရှမာရိမြို့ကို ဝိုင်းရံထားစဉ် အံ့သြဘွယ်ဖြစ်ရပ်နှင့်  က္ကုသရေလဘုရင် စစ်နိုင်ခြင်း (၄ရာ၆)။ အင်အားကြီးလှသော အာရှုရိစစ်တပ်ကြီး ဘုရင်ဟေဇကိ နှင့်ယေရုဆလင်မြို့ကို ဝန်းရံထားစဉ် ကောင်းကင်တမန်တပ်ဖြင့် အာရှုရိ စစ်သား တသိန်းရှစ်သောင်း တညတည်း သေကြေရှုံးနှိမ့်ပြေးရခြင်း (၄ရာ၁၉)။ ရှေးဟောင်း အစ္စရေးနိုင်ငံတော် (ယုဒပြည်၊ က္ကုသရေလပြည်) ဘုရင်ဖြစ်တဲ့ ဒါဝိပ်မင်း (King David)၊ ဆော်လမွန်မင်း (King Solomon) တို့ကို ဓမ္မဟောင်းကျမ်းမှာ အထူးဖေါ်ပြထားပါတယ်။
ယခု ၂၀၁၀ မှာတော့ အစ္စရေးနိုင်ငံဟာ ၁၉၇၃ အာရပ်အစ္စရေးစစ်အပြီး  (အထူးသဖြင့် အီဂျစ်နိုင်ငံ) နဲ့  အမေရိကန်သမ္မတ ဂျင်မီကာတာဦးဆောင်ပြီး  ငြိမ်းချမ်းရေးစာချုပ်နိုင်ခဲ့ပါတယ်။  နယူးယောက် ၂၀၀၁   9/11 တိုက်ခိုက်မှုကြောင့် အမေရိကန် အထိနာခဲ့ရတယ်။ အစ္စရေးကလည်း အာရပ်စစ်သွေးကြွ ခေါင်းဆောင်တွေကို အကြမ်းဖက် လိုက်သတ်နေတယ်။  အကြမ်းဖက် အသေခံ အာရပ်အစွန်းရောက်သူများက ၁၉၇၃ မြူးနစ်အိုလံပစ်မှာ အစ္စရေး အားကစားသမားများကို ပြန်ပေးဆွဲ၊ သတ်ဖြက်ပစ်ပြီးနောက် အစ္စရေး မောစ်ဆက်အဖွဲ့က ကမ္ဘာအနှံ့ လှည့်ပြီး အာရပ်အကြမ်းဖက်သမားတွေကို လိုက်လံ၊ဖမ်းဆီး၊ လက်စားချေ သတ်ဖြတ်တယ်။ အစ္စရေးနိုင်ငံ အဓွန့်ရှည်ရေးအတွက် စစ်အင်အားကို အကြီးအကျယ်တိုးချဲ့တယ်။ အနုမြူလက်နက် ထိပ်ဖူး ၇၅ - ၁၃၀ ပိုင်ဆိုင်တယ်လို့ အတိကျ အချက်အလက်တွေရထားတယ်။ အာရပ်နိုင်ငံများ အီရန်၊ အီရက် အနုမြူလက်နက်ထုတ်ဖို့ ကြိုးစားတာကို အစ္စရေးလေယာဉ်များ သွားရောက်ဗုံးကြဲဖျက်ဆီးပစ်တယ်။ အရှေ့အလယ်ပိုင်း အာရပ်-အစ္စရေး ပြဿနာကတော့ ကမ္ဘာတည်သရွေ့ ရှိနေမှာပါ။
ဂျူးလူမျိုးတွေ အောင်မြင်လာချိန်မှာ  ဘုရားကိုပစ်ပယ်၊ မာနကြီး၊ လယ်ပင်းခိုင်၊ ပုန်ကန်တတ်သော လူမျိုးဖြစ်တဲ့အတွက် ဘုရားက ဒဏ်ခတ်တယ်လို့ သမ္မာကျမ်းစာမှာ ရေးထားပါတယ်။ သို့သော် ဘုရားဆီ နောင်တနဲ့၊ နှိမ့်ချစွာ ပြန်လာ ချဉ်းကပ်လာတိုင်း ကောင်းကြီးမင်္ဂလာအများကြီး ပေးတဲ့အတွက် ယပခုအချိန်မှာ ကမ္ဘာ့သြဇာကြီမားတဲ့ လူမျိးတစ်ခု အဖြစ် အံ့သြဘွယ် ရပ်တည်နေပါတယ်။ ဇော်အောင်
ကမ္ဘာပေါ် ငွေကြေးအချမ်းသာဆုံးလူမျိုးတော် နဲ့ ဝိညာဉ်ရေး
Friday, 13 November 2009 21:26 Zaw Aung
အံ့သြဘွယ်လူမျိုးတော် ကျွန်တော်ရဲ့ ဘဝအသက်တာမှာ အံ့သြဘွယ် အကောင်းဆုံးနဲ့ အထူးဆန်းဆုံးကတော့ အသက်ရှင်သော ဘုရားသခင် ဖြစ်ပါသည်။ ကျွန်တော်တို့၏   အဘဘုရား၊ သားတော်သခင်ယေရှု နဲ့ သန့်ရှင်းသောဝိညာဉ်တော်  (၃)ပါးတဆူ နဲ့ တန်ခိုးတော် မှုတ်သွင်းရေးထားသော သမ္မာကျမ်းစာသည် ယုံကြည်သူများအတွက် အထူးကိုးစားစရာ အဓိကဖြစ်ပါသည်။ ဒုတိယ အံ့သြဘွယ်အကောင်းဆုံးမှာ အစ္စရေးနဲ့ အာရပ် လူမျိုး၂မျိုးပါ။ သမ္မာကျမ်းစာထဲမှာ လူသားကို ဘုရားဖန်ဆင်းပြီးနောက် အာဗြဟံ လက်ထက် မှာပဲ ဇနီးစာရာရဲ့ သား ယာကုပ် - ဣသရေလ က တဆင့် ပေါ်လာတဲ့ အစ္စရေးလူမျိုး၊  အာဗြဟံရဲ့ ကျွန်မ ဟာဂရ ရဲ့ သားဖြစ်သူ ဣရှမေလ မှတဆင့် အာရပ်လူမျိုးများဖြစ်လာခဲ့ကြသည်။
ဘုရားသခင်က အစ္စရေး လူမျိုးများရဲ့ မိခင်ကြီး စာရာကို  "သူ့ကို ငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကို ကောင်းကြီးပေး၍၊ သူသည် လူအမျိုးမျိုး ဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွှယ်၌လည်း၊ အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ရ ကြလိမ့်မည်" ၁။ ဟုပြောခဲ့သည်။ ထို့အတူ ဘုရားသခင်ကလည်း အာရပ်လူမျိုးများရဲ့ မိခင် ကျွန်မ ဟာဂရအား  "ငါသည် သင့်ကို အလွန် ပွါးများစေမည်။  သင့်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်" ၂။ ဟု ပြောခဲ့ပါသည်။ ထိုလူမျိုး၂မျိုးတွင် လူဦးရေ နည်းသော်လည်း ဘုရား ကောင်းကြီးများစွာ ခံစားရသော၊ ဘုရား ဒဏ်ခတ်ခြင်းကို အလူးအလဲခံရသော အစ္စရေး လူမျိုးများ .. ယခုအခါ သူတို့နှစ်ပေါင်း၂၀၀၀ကျော် ပျောက်ဆုံးသွားသော ခါနန်ပြည်ကို ၁၉၄၇ခုနှစ်တွင် ကုလသမဂ္ဂမှ အစ္စရေးနိုင်ငံအဖြစ် ထူထောင် ပေးခဲ့ပါသည်။ အစ္စရေးလူမျိုးတို့သည် လက်ရှိ ကမ္ဘာကြီးတွင် အချမ်းသာဆုံး လူများဖြစ်ကြသည်။ ဂျူးလူမျိုးသူဌေး ဆိုလျှင် တရုပ်သူဌေးထက် ငွေကို ချစ်ချုပ်တိုးပွားတတ်သောကြောင့် .. ၂၀ရာစု အမေရိကန်နိုင်ငံကြီးတွင် ဂျူးသူဌေး များစွာရှိရုံမက .. ဂျူးလူမျိုးများသည် အမေရိကန်နိုင်ငံ အထက် လွှတ်တော်၊ အောက်လွှတ်တော်အမတ်များစွာ ဖြစ်နေကြသည်။ ထို့အပြင် ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်စတိုင်း၊ ရုပ်ရှင်ဒါရိုက်တာ စတီဗင် စပီးဘတ်၊ စသည့် ဂျုးလူမျိုးများစွာ ထင်ရှားလှပါသည်။ များပြားစွာ မွေးဖွားပြီး ကမ္ဘာ့ရေနံထွက် နိုင်ငံများကို ကြီးစိုးနေသော အာရပ်လူမျိုးများကိုလည်း ဘုရားကောင်းကြီးပေးပါသည်။ သူတို့သည် တနေ့ကို အကြိမ်များစွာ ဘုရားသခင်ကို ရှိခိုးဦးချကြပါသည်။ အလုပ်မလုပ်ပဲ .. ဘုရားထံ ကျယ်သောအသံကိုလွှင့်ပြီး ဗလီကြီးများမှာ ရှိခိုးကြသော အာရပ် လူမျိုးများကို ဘုရားသခင်က လူမျိုးကြီးအဖြစ် ချီးမြှောက်ထားဆဲပင်ဖြစ်ပါသည်။ ရှေးကာလ အဆက်ဆက်ကလည်း အာရပ် ကုန်သည်ကြီးများ မှာ ကြွယ်ဝချမ်းသာကြသည်။ ၁၉ရာစုနောက်ပိုင်း ရေနံစွမ်းအင် အရေးကြီး လာချိန်တွင် သူတို့နေထိုင်ရာ တိုင်းပြည်များတွင် ရေနံများ ထွက်လာကြသည် မှာလည်း အံ့သြစရာကြီးပင်ဖြစ်သည်။ ထိုလူမျိုး၂မျိုးသည် အချင်းချင်း တိုက်ခိုက်နေကြသည်မှာ ရှေးကာလ၊ ယခုကာလ နှင့် နောက် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် ရပ်မည် မထင်ပါ။ အယူအစွဲ မပြင်းထန်သူ မြန်မာ အစ္စလမ်တစ်ဦး ပြောကြားချက်အရ  .. " ဒီလူမျိုး၂မျိုးထဲက  တမျိုး ပျောက်တဲ့နေ့မှာ ကမ္ဘာကြီး ပျက်မှာပဲ" .. ဟု မှတ်ချက်ပေးပါသည်။ မည်သို့ဖြစ်စေ ထိုလူမျိုး၂မျိုး  အထူးသဖြင့် ဘုရားသခင်၏ အစ္စရေးလူမျိုးကဲ့သို့  ဘုရားကောင်းကြီးများစွာ ခံစားလိုသော ကျွန်တော်တို့ ခေတ်သစ် ဣသရေလ လူမျိုးများအတွက် ဓမ္မဟောင်း ကျမ်း၅ခုကို "Torah" includes 5 books "Genesis, Exodus, Leviticus, Numbers, and Deuteronomy"  သေချာစွာ ဖတ်ရှု မှတ်သား လိုက်နာတတ်ရန် လိုပါသည်။  အစ္စရေးများ၏ လက်စွဲကျမ်း Torah တွင် ငွေကြေးအားဖြင့် ချမ်းသာကြွယ်ဝလိုသူများ အတွက်၊ ချမ်းသာနည်း အားလုံးပါဝင်သည် ဟု ခရစ်ယာန်သူဌေးများက ပြောသည်ကို ကြားဖူးပါသည်။ သည့်ထက် ပိုအရေးကြီးသော ဝိညာဉ် ရေးရာ ကြွယ်ဝချမ်းသာလိုသူများအတွက်မူ၊ ဓမ္မသစ်ကျမ်းစာကို ပိုမို  ကိုးစားလိုက်နာဖို့ လိုပါသည်။
အကယ်စင်စစ် အံ့သြဘွယ်လူမျိုးတော်မှာ ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်သည်။ ယုံကြည်ခြင်းနှင့်  အသက်ရှင်နေသူ ကျွန်တော်တို့ တဦးစီသည်ပင်လျင် အံ့သြဘွယ်ရာလူမျိုးတော် ဖြစ်ပါသည်။ သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရှု မှတ်သား၊ ကြားနာ၊ လိုက်လျှောက်နိုင်ရေး...ကျွနု်ပ်တို့အား ဝိညာဉ်ခွန်အား ပေးသနားတော်မူပါ။ ဇော်အောင် As a human being, we want to be rich for Body, Mind and Sprit.  Spritual rich is the best blessing from God..၁။ က ၁ရး၁၆ ,   Genesis 17:16၂။ က ၁၆း၁၀ ,   Genesis 16:10
စိတ်ဝင်စားသူများ ဝိညာဉ်သစ်မဂ္ဂဇင်းတွင်ဆက်လက်ဖတ်ရန် http://www.jbcs.org.sg/bornagain/index.php/2009-02-08-07-30-25/340-2009-11-13-13-52-46
Saturday, 12 June 2010 23:26 ဇော်အောင် (မုံရွာ)
အစ္စရေးနိုင်ငံပေါ်ထွန်းလာခြင်း (နို့နှင့်ပျားရည်စီးသော သမ္မာကျမ်းမှတိုင်းပြည်) Wednesday, 22 September 2010 06:03 မျှော်လင့်ခြင်းရောင်ခြည်ယနေ့အစ္စရေး
အစ္စရေးနိုင်ငံသမိုင်းကြောင်းသည် သမ္မာကျမ်းစာအား သွေဖည်ဆန့်ကျင်ခြင်းမရှိဘဲ ကျမ်းစာပရောဖက်ပြုချက်နှင့် တညီတထပ်တည်း ဖြစ်ပျက် တည်ရှိနေပါသည်။ ဓမ္မဟောင်းကျမ်းတွင် နောက်ဆုံးသောကာလ၌ ပြန်လည်တွေ့ကြမည့် ဤလူမျိုးအတွက် ပရောဖက်ပြုချက် (၁၂)ချက်ရှိသည်။ ဤအတွက်ကြောင့်ပင် နောက်ဆုံးသောကာလကို လေ့လာရာ၌ အစ္စရေးနိုင်ငံနှင့် ယင်းလူမျိုးမှာ မဖြစ်မနေစောင့်ကြည့်ရမည့် အချင်းအရာ တစ်ရပ်ဖြစ်လာသည်။ အစ္စရေးသမိုင်းသည် အလွန်စိတ်ဝင်စားစရာကောင်းပေသည်။ ယနေ့ အစ္စရေးနိုင်ငံ၏ ဖြစ်ပျက်ပြောင်းလဲသမျှသည် ကျမ်းစာနှင့်အညီ ဖြစ်ပျက်ပြောင်းလဲနေခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ယေဇကျေလ ပရောဖက်ပြုချက်
နောက်ဆုံးကာလ မြင်ကွင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်က ပရောဖက် ယေဇကျေလ ဟောပြောခဲ့သည်။ ထိုကာလတွင် ပရောဖက်ပြုချက်ဟူသမျှသည် အစ္စရေးလူမျိုး၌ ပြည့်စုံစွာ ဖြစ်ပျက်လာမည်ဟု ဆိုသည်။ ခရစ်တော်ဘုရား လူ့လောကသို့ ပြန်လည်ကြွလာ၍ ရှင်ဘုရင်အဖြစ် အုပ်ချုပ်စိုးစံမည် ယေဇကျေလ ဟောပြောခဲ့ပါသည်။
"အတိုင်းတိုင်း အပြည်ပြည်သို့ ငါကွဲပြား ပြန့်လွှင့်စေပြီ။ သူတို့ကျင့်ကြံ ပြုမူသည့်အတိုင်း ငါစီရင်ပြီ၊ အကြောင်းမူကား သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင် သင်တို့နေရင်းပြည်သို့ ပို့ဆောင်မည်"  (ယေဇ ၃၆ း ၁၉-၂၄)
ဘုရားသခင်က အစ္စရေးလူမျိုးအား ကမ္ဘာအရပ်ရပ်သို့ အနှံ့ပြန့်လွင့်စေမည်။ ပြီးနောက် ပြန်လည်စုစည်းစေသောကာလသည် နောက်ဆုံးကာလ ဖြစ်သည်။ ထိုကျမ်းစကား မှန်ကန်ကြောင်း မျက်မှောက်ကာလတွင် ကြည့်သောသူတို့ မြင်တွေ့ကြရသည်။ အေဒီ ၇၀ ခုနှစ်တွင် ရောမတို့က ယေရုဆလင်ကို တိုက်ခိုက်ဖျက်ဆီးသောကြောင့် ယုဒလူများ ကမ္ဘာအနှံ့သို့ ထွက်ပြေး ပြန်ကျဲခဲ့ကြသည်။ ထွက်ပြေးလွင့်ပါးရသည်။ မရှိမဲ့ ရှိမဲ့ ယုဒလူများကို ဟစ်တလာက နှိပ်ကွပ်သောအခါ သေကြေကြေပြန်သည်။ နှစ်ပေါင်း ၁၈၀၀ ခန့်မျှ တိုင်းတပါးသားများက အုပ်စိုးကြသော်လည်း က္ကုသရေလတို့၏ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုသည် တိမ်မြုတ်ပျေက်ကွယ်သွားခြင်း မရှိ။ အစ္စရေးနိုင်ငံ ပြန်လည် ထူထောင်လာကြသောအခါ ယခင်အတိုင်း ပိုနေမြဲ ကျားနေမြဲ ရှိနေသည်။ အံ့သြဘွယ် နမိတ်လက္ခဏာ မဟုတ်ပါသလော။ ယေဇ ၃၆း၂၄ ကျမ်းချက်ပြည့်စုံခြင်း ဖြစ်သည်။
ဂျူးလူမျိုး ပြန်လည်စုစည်းမည့် အကြောင်းကို ပရောဖက် ဟေရှာယက ဤသို့ရေးသားသည်။
"မစိုးရိမ်နှင့်၊ ငါသည် သင်တို့နှင့်အတူရှိ၏၊ အရှေ့အရပ်မှ သင်တို့အမျိုးအနွယ်တို့ကို ငါဆောင်ခဲ့သည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။ မြောက်မျက်နှာကို အပ်လော့ ဟု၎င်း၊ တောင်မျက်နှာကို မထိန်ချန်နှင့် ဟု၎င်း..."
၎င်းသည် အစ္စရေးလူမျိုးများ ယေရုဆလင်တွင် ပြန်လည်စုစည်းကြမည့်အကြောင်းဖြစ်၏။ တခါက စာရေးသူကိုယ်တိုင် အစ္စရေးဗိုလ်ချုပ်တစ်ဦးနှင့် စကားလက်ဆုံကျခဲ့သည်။ ထိုဗိုလ်ချုပ်ကလည်း နောက်ဆုံးသောကာလသို့ အမှန်ပင်ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း ဝန်ခံစကား ပြောကြားခဲ့ပါသည်။
၁၉၄၈ခုနှစ်တွင် အစ္စရေးနိုင်ငံကို ပြန်လည်တည်ထောင်စဉ်၌ ပထမဦးဆုံး ပြန်လည်ရောက်ရှိလာသူများမှာ တရုပ်ပြည်မှ အစ္စရေးများဖြစ်သည်။ ထိုသူများ နောက်တွင် ဥရောပအရပ်ရပ်မှ ဂျူးများ ထပ်မံရောက်ရှိလာကြသည်။ ရုရှားနိုင်ငံမှ ဂျူးများက အခွင့်ရရှိဖို့ စောင့်မျှော်နေကြရသည်။ ထိုဂျူးများရောက်ရှိလာပြီးနောက် မိုးဇက်စစ်ဆင်ရေးဖြင့် အီသီယိုပီးယား (အဲသယောပိ) မှ ဂျူးများကို လေယဉ်ကြီးများဖြင့် ခေါ်ဆောင်ရောက်ရှိလာကြသည်။ ထိုသို့ အရပ်လေးမျက်နှာမှအစ္စရေးများ ပြန်လည်စုစည်းခြင်းသည် ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံလာခြင်းဖြစ်သည်။
ကမ္ဘာအရပ်ရပ်သို့ အကွဲကွဲအပြားပြား ပြန့်လွင့်စင်သွားပြီးမှ ပြန်လည်စုစည်းခြင်းသည် ဘုရားသခင်၏ စကားတော်မှန်ကန်ကြောင်း သက်သေဖြစ်သည်။ ဗာဗုလုန် သို့မဟုတ် တိုင်းတပါးသို့ ဖမ်းဆီးခြင်းခံရရာမှ ပြည်တော်ပြန်ဝင်ခွင့်ရရှိကြခြင်းမျှသာ ပရောဖက်ပြုချက် ပြည့်စုံခြင်းမဟုတ်သေး၊ လု ၂၁ း ၂၄ တွင် ...
"သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည်စုံမှီတိုင်အောင် ယေရုဆလင်မြို့ကို ခြေဖြင့်နင်းကြလိမ့်မည်"   ဟု ခရစ်တော်ကိုယ်တိုင် ပြောထားသည်။ ထိုစကားသည် အစ္စရေးနိုင်ငံအား တိုင်းတစ်ပါးသား လက်အောက်သို့ ကျရောက်မည့်အကြောင်းဖြစ်၏။
ယေရုဆလင် ပျက်သုန်း၍ ယုဒလူများ ဖမ်းဆီခြင်း ခံရသည့်အချိန်ရှိသကဲ့သို့ ယေရုဆလင်တွင် ပြန်လည်စုစည်းကြရမည့် ခရစ်တော်၏ စကားတော် (ပရောဖက်ပြုချက်) သည် ပြန်လည်စုဝေးခြင်း တစ်ခုတည်းသာ ဆိုလျှင် ပြီးပြည့်စုံပြီဟု မဆိုသာသေးပါ။
၁၉၄၈ခုနှစ်တွင် အစ္စရေးနိုင် ပြန်လည်ထူထောင်ခြင်းထက် ကြီးကျယ်ခမ်းနားသော အဖြစ်အပျက် ရှိသေးသည်။ ၁၉၆၇ ခုနှစ်တွင် ဂျူးတို့သည် ယေရုဆလင်ကို ပြန်လည်သိမ်းပိုက် အုပ်စိုးနိုင်ခဲ့ပေသည်။ ဘုရားသခင်၏ အနာဂတ္တိ စကားများသည် မလွဲမသွေ ဧကန်အမှန်ချည်းသာ ဖြစ်သည်။
ပရောဖက် ယေဇကျေလက အခြားနိမိတ်ပြုထားသည်။ သင်္ဘောသဖန်းပင် အသက်ပြန်ရှင်သကဲ့သို့ က္ကုသရေလ လူများ နောက်ဆုံးကာလ၌ ပြန်လည်ရှင်သန်လာကြမည့်အကြောင်း တစ်မျိုး၊ တစ်ဘာသာ ပရာဖက်ပြုထားသည်။ ပြည်တော်လွမ်းစိတ်ဖြင့်  "ထိုအခါ သူ့တပါးတို့က အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင်ပယ်ရှင်းပျက်စီးသော မြို့တိုသည်လည်း ခိုင်ခံ့၍ မြို့သစ်နှင့် ပြည့်စုံကြမည်"   (ယေဇ ၃၆ း ၃၅) ဟု ဟောကိန်းထုတ်ခဲ့သည်။
ပရောဖက်ပြုချက် အဓိပ္ပါယ်ရှင်းပါသည်။ သဲကန္တာရလွင်ပြင် က္ကုသရေလမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ စိမ်းလန်းစိုပြေလာလျှင် နောက်ဆုံးသော ကာလသို့ ရောက်ပြီဟု မှတ်သားခိုင်းသည်။
ယေဇကျေလ၏ ပရောဖက်ပြုချက် ပြည့်စုံပုံတို့ကို ၁၉၈၇ခု၊ စက်တင်ဘာလ ၇ ရက်နေ့ထုတ် Saturday Evening Post စာမျက်နှာ ၄၈၊ ၂၉ ၌  "အံ့ဘွယ် အစားအစာ" ဟူသော ခေါင်းစဉ်ပါ သတင်းတွင် တွေ့နိုင်သည်။
"သဲကန္တာရထဲက အစ္စရေးတို့၏ အံ့ဘွယ်အစားအစာ"  ဟု ခေါင်းစဉ်တပ်၍  "သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းပုံ"  ရေးသားထားသည်။ အမှန်စင်စစ် သဲကန္တာရသည် စိုက်ပျိုးမြေမဟုတ်။ လူနေအပ်သောအရပ်မဟုတ်။ ရပ်ပြစ်ရှစ်ပါး အဝင်မြေမျိုး ဖြစ်သည်။ ယခုမူ ထိုကန္တာရမြေပေါ်တွင် လူသန်းပေါင်းများစွဖြင့် စည်ကားသိုက်မြိုက်စွာ နေထိုင်လျှက်ရှိကြသည်။ လယ်ဧကပေါင်းများစွာ ထွန်ယက်စိုက်ပျိုးကြသည်။
အစ္စရေးတို့၏ စိုက်ပျိုးရေးဖက်၌ အောင်မြင်ဖြစ်ထွန်းပုံကို ထိုစာစောင်ထဲတွင် တဝတပြဲ ဖတ်ရှုရသည်။ သူတို့သည် သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ကြသည်။ သီးနှံစိုက်ပျိုးပင်များကို ဆားငံရေ လောင်းကြသည်။ ထိုဆားငံရည်သည် ရေချိုထက် ဆားဓါတ် အဆ (၂၀) ပိုမိုပါဝင်သည်။ ကန္တာရမြေပေါ်တွင် ဆားငံရေလောင်း၍ စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်ခြင်းမှာ မယုံနိုင်စရာဖြစ်သည်။ နားရှိ၍သာ ကြားသည်။ မယုံချင်ကြ။ သို့ကြောင့် ထူတိုင်းတွေ့မြင်ချင်ကြသည်။ ဖြစ်ထွန်းအောင်မြင်မှုများကို အဝေးမှ လှမ်းမြင်နိုင်သည်။ မယုံနိုင်သဖြင့် စာရေးသူကိုယ်တိုင် လက်တွေ့ကွင်းဆင်းပြီး သွားရောက်လေ့လာခဲ့သည်။
လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးကြကြောင်း တွေ့ရသည်။ ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီးနွယ် နှင့် ထောပတ်သီးများ လှိုင်လှိုင် ဖြစ်ထွန်းကြောင်း တွေ့မြင်ရသည်။ ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချကြရသည်။ တစ်ဧကလျှင် အသီးအနှံ တန် (၆၀) မျှ ထွက်သည်။ နှစ်စဉ် နှစ်တိုင် ၄ဆမှ ၆ဆ အထိ အတိုးထွက်နှုန်းကောင်းသည်။ ဤဆောင်းပါးအဆိုအရဆိုလျှင် ယေဇကျေလ၏ ပရောဖက်ပြုချက် ပြည့်စုံလာနေကြောင်း သက်သေထူနေပါသည်။
အမေရိကန်သည် အစ္စရေးသဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှုကို အားရ သဘောကျ၍ လိုက်လုပ်ကြည့်သည်။ သို့သော် မအောင်မြင်ပါ။ ထိုအကြောင်းကို ၁၉၉၀ခုနှစ် ဇွန်လ ၁၉ရက်နေ့ထုတ် The Newyork Times စာမျက်နှာ ၆-၉ တွင်ရေးသားထားသည်။ သစ်ပင်များကို ဆားငံရေ ခက်ခဲစွာ လောင်းကြပါသည်။ အစ္စရေးတို့နည်းဟန်အတိုင်း မတိမ်းမစောင်း လိုက်လောင်းကြသော်လည်း မအောင်မြင်ကြပါ။
၁၉၈၈ခုနှစ် အောက်တိုဘာလ အစ္စရေးစာစောင်တွင် မက်မုံသီး၊ ဆီးသီး၊ တရုပ်ဆီးသီး၊ နတ်သြဇာ၊ ချယ်ရီသီး အစရှိသည့် ရာသီ သီးနှံများ ဘုန်းဘောလအော ဖြစ်ထွန်းပုံရေးထားသည်။ ဥရောပ ဈေးကွက်သို့ လက်မလည်အောင် တင်ပို့နေရသည်။ ထိုစာစောင်ထဲတွင် သစ်သီးဝလံများသာမက ပန်းမာလ် များလည်း တင်ပို့ရကြောင်း ရေးသားထားသည်။
ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဟောလန်တိုင်းပြည်များသို့ ရောင်းချရသည်။ ပန်းပေါသော ထိုတိုင်းပြည်များသို့ အစ္စရေးပန်းများ ဈေးကွက်တိုးဝင်နိုင်ခြင်းမှာ ယုံရခက်ကြီးဖြစ်သည်။
အစ္စရေးနိုင်ငံ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ မိခင်တိုင်းပြည်ဖြစ်ရခြင်းမှာ ယုံကြည်သူခရစ်ယာန်များအတွက် အံ့သြစရာ မဟုတ်ပေး အဘယ့်ကြောင့်ဆိုသော် ရှေးပဝေသဏီကပင် ပရောဖက်ပြုချက် ရှိခဲ့ပြီးဖြစ်သည်။
"နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်။ က္ကုသရေလသည် စိမ်းလန်း အဖူးအငုံထွက်သဖြင့် လောကနိုင်ငံကို အသီးနှင့်ကြည့်စေလိမ့်မည်"  (ဟေရှာ ၂ရး၆)ဟု ဟောကိန်းထုတ်ထားသည်။
တနေ့သောအခါ အစ္စရေး သဲကန္တာရမြေမှ ကမ္ဘာအနှံ့သို့ ပန်းမာလ် တင်ပို့မည့် ပရောဖက်ပြုချက်သည် လူ့အတွေးတွင် ယုံရခက်လှသည်။ ဖြစ်နိုင်ဖွယ်မရှိ၊ သေးငယ်သော အစ္စရေးမြေသည် ကမ္ဘာ့တိုင်းပြည်ကြီးများ၏ "မုန့်တောင်း"  ဖြစ်မည့်အကြောင်း အမှန်တကယ် ပရောဖက်ပြုချက် ရှိခဲ့ပါသည်။ နိုင်ငံတကာ ဈေးကွက်တွင် အမှန်တွေ့နေရသည်။ စာရေးသူသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဥရောပနိုင်ငံများသို့ အလည်အပတ်ရောက်ခဲ့ရာ ဈေးကွက်၌ အစ္စရေးပြည်မှ တင်ပို့ထားသော သီးနှံများ တောင်ပုံ၊ ယာပုံ တွေ့ခဲ့သည်။
ကမ္ဘာ့ သစ်သီးဝလံ တင်ပို့ရောင်းချသော တိုင်းနိုင်ငံအနက် အစ္စရေးနိုင်ငံသည် ဒုတိယနေရာလိုက်နေသည်။ သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက် မှန်ကန်တိကျမှုကား အံ့ဖွယ်ကောင်းပေစွ။
လွန်ခဲ့သော အနှစ် (၂၀) မှစ၍ အစ္စရေး၏ စိုက်ပျိုးသီးနှံ ပို့ကုန်များကို လေ့လာလျှင် သဲကန္တာရ စိုက်ပျိုးရေးအကြောင်း ပိုမို၍ စိတ်ဝင်စားသွားမည်။ သဲကန္တာရကို ဧဒင်ဥယျာဉ်သဖွယ် ပြောင်လဲစေသော ဘုရားသခင်၏ ကတိတော်စကားသည် မှန်ကန်သည်ကို အခိုင်အမာ ထောက်ခံပါသည်။
"ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို၎င်း၊ စပျစ်သီးနယ်သောသူသည် မျိုးစေံကြဲသူကို၎င်း မှီလျှက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍ ကုန်းရှိသမျှတို့သည် အရည်ဖြစ်ရသော ကာလရောက်လိမ့််မည်။ သိမ်းသွားခြင်းကို ခံရသော ငါ၏လူ က္ကုသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့် သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များ စိုက်၍ စပျစ်ရည်ကို သောက်သုံးကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားရလိမ့်မည်။"  (အာ ၉း၁၃-၁၄)
စိုက်ပျိုးသောသူသည် ရိတ်သိမ်းသောသူကို မှီလိမ့်မည်ဟု ပရောဖက်ပြုထားချက် ရှိနေသည်။ စာရေးသူသည် ခရစ်တော်ကျင်လည်ခဲ့ရာ အစ္စရေးမြေသို့ အခေါက်ပေါင်း (၄၀)ကျော်မျှ သွားရောက် လေ့လာ သုတေသနပြုခဲ့သည်။ တနှစ်၌ လယ်သမားများထံသို့ သွားရောက်လည်ပတ် လေ့လာရာ၊ ထိုနှစ်အတွင်းတွင် သီးထပ် (၆)ကြိမ် စိုက်ပျိုးပြီး၍ (၇)ထပ်မြောက် မျိုးစေ့ ကြဲကြောင်းတွေ့ရှိသဖြင့် အလွန်အံ့အားသင့်မိသည်။ အစ္စရေးမြေနှင့် ပတ်သက်၍ ရှေးရာစုနှစ်ပေါင်းများစွာက အနာဂတ္တိစကားများသည် အမှန်တကယ် ပြည့်စုံလာချေပြီ။ ဘုရားသခင် ဂတိတော် ထားရှိခဲ့သည့်အတိုင်း အစ္စရေးမြေပေါ်တွင် စိုက်ပျိုး၍ သီးနှံသစ်သီးဝလံများ ဖြစ်ထွန်းအောင်မြင် စည်ပင်ဝပြောနေပြီ တကား။
မျှော်လင့်ခြင်းရောင်ခြည် @ Life Of Hope Magazine Vol.3 (Published in Yangon 2010) မှတဆင့်ဖေါ်ပြသည်။ဆက်သွယ်ရန်။  စောစံအောင် lightofhope.elc@gmail.com
ဆက်လက်လေ့လာသူများ ဖတ်ရန်။1.  Agriculture in Israel is a highly developed industry: Israel is a major exporter of fresh produce and a world-leader in agricultural technologies. This is so despite the fact that the geography of Israel is not naturally conducive to agriculture. More than half of the land area is desert, and the climate and lack of water resources do not weigh in favor of farming. Only 20% of the land area is naturally arable.Today agriculture represents 2.5% of total GDP and 3.6% of exports.While agricultural workers make up only 3.7% of the work force, Israel produces 95% of its own food requirements, supplementing this with imports of grain, oil seeds, meat, coffee, cocoa and sugar.Israel is home to two unique types of agricultural communities, the kibbutz and moshav, which developed as Jews from all over the world immigrated to the country and embarked on a pioneering enterprise largely motivated by Zionism. http://en.wikipedia.org/wiki/Agriculture_in_Israel
2. Agriculture in Israel 2004 (pdf, 2 pages)
3. Israel Agriculture Facts and Figures (pdf, 37 pages) by Isreal Gov
Facebook ဖေ့စ်ဗုတ် နဲ့ Founder ဂျူးလူမျိုးလေးများ Thursday, 12 April 2012 13:52 ဇော်အောင်  လူချင်းဆက်သွယ်ရာမှာ ဖေ့စ်ဘုတ်၊ တွီတာ စသဖြင့် ဆိုရှယ်နက်ဝပ် အင်တာနက်တွေခေတ်စားနေချိန်မှာ၊ ပထမဆုံးလူကြိုက်များလာတဲ့ ဖေ့စ်ဘုတ်ကို ဟားဗတ်တက္ကသိုလ်ကျောင်းသား လူငယ်၄ယောက် စတင်တွေ့ရှိခဲ့ပါတယ်။ မတ်ခ် ဇူကာဘတ် ဆိုတဲ့ ဂျူးလူငယ်လေးက ဦးဆောင်သူဖြစ်လာပြီး၊ လက်ရှိ ၂၈နှစ် (၂၀၁၂) မှာ စီအီးအို အဖြစ် အုပ်ချုပ်နေပါတယ်။ လူငယ်၄ယောက်  Mark Zuckerberg, Eduardo Saverin, Dustin Moskovitz, Chris Hughes ၂၀၀၄ မှာ စတင်ခဲ့ပြီး၊ လက်ရှိ မှတ်ပုံတင်ထားသူ ၈၄၅သန်းနဲ့ လူအများဆုံး ဆိုရှယ်နက်ဝပ်ဆိုဒ် ဖြစ်ပါတယ်။ အသုံးပြုသူများရဲ့ ၇၂%  ဟာ  အသက်၃၄နှစ်အောက်ဖြစ်ပြီး၊  ၁၃% ဟာ အသက်၄၅နှစ်ကျော်သူများ ဖြစ်ပါတယ်။
နိုင်ငံအလိုက် မှတ်ပုံတင်ထားသူအများဆုံး (၅)နိုင်ငံကတော့ အမေရိကား ၁၅၂သန်း၊ အိန္နိယ ၄၃သန်း၊ အင်ဒိုနီးရှား ၄၃သန်း၊ ဘရာဇီး ၃၇သန်း၊ မက္ကစီကို ၃၂သန်း ဖြစ်ကြပါတယ်။ တရုပ်ပြည်မှာတော့ Facebook ဝင်မတိုးနိုင်ပါဘူး။ renren.com ကို တရုပ်ဖေ့စ်ဘုတ် အသုံးပြုသူ သန်းပေါင်း ၁၆၀ ရှိပါတယ်။
အသက်၂၀အရွယ် လူငယ်၄ဦး စုပေါင်းပြီး၊ ဆိုရှယ်နက်ဝပ်တခုကနေ အခု Zukerberg  (24% share - US$ 17.5 billion) အသက်ငယ်ဆုံး ဘီလျှံနာဖြစ်နေပါတယ်။ ၂၀၀၈မှာ Facebook က ထွက်ခွာသွားတဲ့ Saverin (5% shre - US$ 5 billion) ,  Moskovitz (7.6% shre - US$ 3 billion) ချမ်းသာနေပါတယ်။ စောစောထွက်ခွာသွားတဲ့ Hughes ကတော့ မီဒီယာသမားဖြစ်ပါတယ်။ ၂၀၀၉ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အိုဘားမားအတွက် ဝက်ဆိုဒ်လုပ်ပေးပါတယ်။ မဂ္ဂဇင်းတိုက်ကြီးများကို ပိုင်ဆိုင်တဲ့ မီဒီယာသူဌေးတဦးပါ။ ကမ္ဘာ့ ထိပ်တန်းသူဌေးကြီး၂ဦး Bill Gates နဲ့ Warren Buffett ၂ယောက်က ပိုင်ဆိုင်မှု ၅၀% ကို တဖြေးဖြေးလှုဒါန်းပစ်တဲ့ လုပ်ငန်းမှာ Zukerberg ပါဝင်လှုဒါန်းလျှက်ရှိပါတယ်။ ဂျူးလူမျိုး မှတ်သားစရာကောင်းတာကတော့ ဒီလူငယ်၄ယောက်မှာ ပထမ (၃)ယောက်က ဂျူးလူမျိုး များဖြစ်ပါတယ်။ Zukerberg က ဘာသာမဲ့လူငယ်တဦးဖြစ်သော်လည်း မကြာခင် ပြောင်းလဲလာမယ် မျှော်လင့်ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘုတ်ဟာ လူတွေကို စွဲလမ်းစေလွန်းတဲ့အတွက် ကုမ္ပဏီကြီးတွေမှာ အလုပ်သမားတွေ အချိန်မဖြုန်းအောင် ဖေ့စ်ဘုတ်ကို ကြည့်လို့မရအောင် လုပ်ထားကြပါတယ်။ ထုံးစံအတိုင်း ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်တတ်လို့ ကန့်ကွက်ဆန္နပြတဲ့အနေနဲ့ ဖေ့စ်ဘုတ်မသုံးကြဖို့ လျှို့ဆော်မှုများရှိနေပါတယ်။ အမှန်ပါပဲ။ အားလပ်ချိန် ဖေ့စ်ဘုတ် ဝင်ကြည့်ရင် မူယစ်ဆေးစွဲသလို စွဲလမ်းပြီး၊ အချိန်ကုန်လှပါတယ်။ ဘာသာမဲ့ဖြစ်တဲ့ ဖေ့စ်ဘုတ် C.E.O Zukerberg ကိုလည်း �
https://www.facebook.com/murann.ezine
အံ့သြဘွယ် ဂျူးလူမျိုး
May 22, 2013 at 12:26 AM
(အစ္စရေးလူမျိုး)