0

အသားတံဆိပ် (သို့မဟုတ်) ခေတ်မှီမှုရဲ့အဆုံး၊ ပျက်သုန်းခြင်းရဲ့နိဒါန်း၊ ဗျာဒိတ်၏ ပြည့်စုံခြင်း ( အပိုင်း-၁)

 
အသားတံဆိပ်
(သို့မဟုတ်)
ခေတ်မှီမှုရဲ့အဆုံး၊ ပျက်သုန်းခြင်းရဲ့နိဒါန်း၊ ဗျာဒိတ်၏ ပြည့်စုံခြင်း
( အပိုင်း-၁)
Unicode & Zawgyi Reshare-#9Dan
ဆွီဒင်နိုင်ငံရဲ့ အလည်တည့်တည့်ကျတဲ့ မြို့လေးဖြစ်တဲ့ ဟူဒစ်စ်ဗားလ် Hudiksvall မြို့လေးဟာ သက်တမ်း၄၀၀လောက်ရှိပါပြီ။လွန်ခဲ့တဲ့ အနှစ် ၂၀၀လောက်က ဂျာမန်တွေ တိုက်ခိုက် မီးရှို့ပြီးဖျက်ဆီးခံရတဲ့နောက် ပြန်လည်တည်ဆောက်နိုးထလာတဲ့ မြို့လေးဖြစ်တယ်။ ငြိမ်းချမ်းပြီး လှပသာယာတဲ့ ဟူးဒစ်စ်ဗားလ် မြို့လေးရဲ့ မြန်မာလိုအဓိပ္ပါယ်က ပျော်ရွှင်ခြင်း ဖြစ်တယ်။

မြို့လည်က ဂျာမန်တွေဖျက်ဆီးမီးရှို့မှုမှာပါမသွားတဲ့ ဘုရားကျောင်းကြီးနဲ့ လှပသာယာတဲ့ အင်းရေကန်ကြီးရယ်၊ ဆွီဒင်နိုင်ငံရဲ့ အလည်ဗဟိုတည့်တည့်ကျရာ ဆုတောင်းတောင်တန်းပေါ်မှာ ဘုရားရူပါရုံအရ၂၀၁၁ဇူလိုင်လက တည်ဆောက်ထားခဲ့တဲ့ အမြင့်မီတာလက်ဝါးကပ်တိုင်ကြီးက ဒီမြို့ရဲ့ အထင်ကရဖြစ်တယ်။
ပြီးခဲ့တဲ့ ဇူလိုင်၁၄ရက်ကနေ ၁၉ရက်အထိ ဥရောပရောက် မြန်မာလူငယ်များကွန်ဖရင့်(EUMYC)ရဲ့ တတိယအကြိမ် ကျင်းပခဲ့တာမို့ ဘုရားတရားကိုမေ့နေတဲ့ မြို့ကလေးဟာ မြန်မာခရစ်ယာန်လူငယ်တွေရဲ့ တပတ်နီးပါး ဆုတောင်း ဝတ်ပြု၊ ဘုရားဝိညာဉ်သက်ဆင်းခံစားမှုနဲ့အတူ နိုးထလာပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကနေဒါက ဆရာဒေးဗစ်လားလ် မလာနိုင်ပေမယ့် ဘုရားသခင် ပြင်ဆင်ပေးတဲ့အတိုင်း မြစ်ကြီးနားက ဆရာစံတိုးနဲ့ သြစတေးလျှားက ဆရာဒေါမနစ် တို့ရောက်လာပြီး ရက်တို ကျမ်းစာသင်တန်းပေးတယ်။
ထိရောက်တယ်။ ရှင်းလင်းတယ်။ အင်မတန်သိမ်မွေ့ပြီး ခက်ခဲနက်နဲတဲ့ဘုရားနှုတ်ခပတ်တော်တွေကို လွယ်ကူရှင်းလင်းပြီး ဦးနှောက်ထဲ အရောက်ပို့နိုင်အောင် ဘုရားကောင်းချီးပေးထားလို့ ..ဆရာနှစ်ပါးလုံးကို ဘုရားသခင် သာ၍အသုံးပြုပါစေ၊ ဝိညာဉ်သီးတွေ ပိုမိုရိတ်သိမ်းနိုင်ပါစေလို့ ဒီဆောင်းပါးလေးနဲ့အတူ ဆုတောင်းပေးပါတယ်။
ဒီနေရာမှာ ကျနော် အဓိက ရေးချင်တဲ့ အကြောင်းအရာက ဥရောပရောက် မြန်မာလူငယ်ကွန်ဖရင့်အကြောင်းတော့ မဟုတ်ပါဘူး။ ဘုရားအကြောင်းလည်း မဟုတ်ပါဘူး။ အနာဂတ် မျိုးဆက်တွေနဲ့ကမ္ဘာ့အန္တရယ်အကြောင်း၊ စာတန်အကြောင်းနဲ့ ဗျာဒိတ်တော်မှာပါတဲ့ကျမ်းချက်တချို့ ပြည့်စုံလာတာကို သက်သေခံ ပြောချင်တာပါ.။
ကျနော်က ယုံကြည်သူအဖြစ် ပြောင်းလဲလာတာ မကြာသေးတာမို့ ဒီဆောင်းပါးမှာ ကိုယ်မယဉ်ပါး၊ မရေးဖူးတဲ့ အကြောင်းအချက်တွေပါတာမို့ အရေးအသားချွတ်ချော်မှားယွင်းရင် ယေရှုနာမနဲ့ခွင့်လွှတ်ပေးစေလိုတယ်။
-------
ကွန်ဖရင့်ရဲ့ နောက်ဆုံးနေ့ ညနေမှာ ဒိန်းမတ်နိုင်ငံမှာနေထိုင်တဲ့ ကိုစိုးက
”ကိုညို ၆သုံးလုံးဆိုင်သွားကြည့်မလား ” လို့မေးတော့..စိတ်တက်ကြွသွားတယ်။ မနေ့ကပဲ ဆရာစံတိုးနဲ့ ဆရာဒေါမနစ်တို့အဖွဲ့တွေ အဲဒီဆိုင်ရောက်ခဲ့ပြီး ဆရာစံတိုးက ၆သုံးလုံးနဲ့ ဗျာဒိတ်ကျမ်းပါအချက်တချို့ ကျနော့ကို ရှင်းပြထားလို့ စိတ်ဝင်စားနေတာပါ။
ဒါကြောင့် ကိုစိုးနဲ့အတူ မိနစ်၂၀လောက်ကြာအောင် သူကိုယ်တိုင်မောင်းပို့တဲ့ ဟူးဒစ်စ်ဗားလ်မြို့အထွက် အဝေးပြေးကားလမ်းဘေးမှာရှိတဲ့ဆိုင်လေးဆီလိုက်ပါသွားတယ်။
ဆိုင်နာမည်က ဆွီဒင်နိုင်ငံကုမ္မဏီပိုင်မက်စ်(MAX) ဆိုင်ပါ။ မက်ဒေါနားတို့၊ ဘာဂါကင်းတို့၊ ကေအက်ဖ်စီတို့လို ဟမ်ဘာကာ၊ သစ်သီးဖျော်ရည်ရောင်းတဲ့ဆိုင်လေးပါ။ အဝေးပြေးကားစီးလာတဲ့ ခရီးသွားတွေ ခေတ္တအပန်းဖြေစားသောက်ရာဆိုင်လေးပါ။ ခေတ်မှီအဆင်အပြင်လက်ရာတွေနဲ့ လှပရှင်းလင်းတဲ့ ဆိုင်လေးဟာ မြင်ကွင်းရော၊ ထိုင်ရတာ၊ စကားပြောရတာ အေးဆေးပြီး သက်တောင့်သက်သာရှိတယ်။ ဥရောပဓလေ့အတိုင်း သီချင်း တိုးတိုးသဲ့သဲ့ဖွင့်ထားတယ်။
ထူးခြားတာက တခြား ဟမ်ဘာဂါဆိုင်တွေလို တန်းစီပြီး ကောင်တာမှာ ကိုယ်ကြိုက်ရာမှာ ငွေရှင်းဝယ်ယူရတာမျိုးမဟုတ်ဘူး။
ဆိုင်အဝင်၀ အတွင်းဘက်မှာ အနီရောင် ငွေရှင်းစက်ရှိတယ်။ စက်ရဲ့ ဖန်သားပြင်မှာမီနူးတွေရေးထားတယ်။ ကိုယ်သုံးဆောင်ချင်တဲ့စားစရာကို နှိပ်ပြီး ကျသင့်သလောက်ကို မိမိဘဏ်ကဒ်နဲ့ကိုယ့်ဖာသာရှင်းရတာမျိုးပါ။ ထွက်လာတဲ့ ပြေစာစာရွက်ထဲက နံပါတ်လေးကိုမှတ်သားပြီး ခဏစောင့်ရတယ်။ စားစရာယူနိုင်တဲ့ကောင်တာပေါ်က ဂဏန်းပေါ်စက်လေးမှာ မိမိနံပါတ်ပေါ်လာရင် ကိုယ့်ဖာစာကိုယ့်မှာတာသွားယူပြီး ကိုယ်ကြိုက်ရာထိုင်ခုံမှာ ထိုင်စားတဲ့စနစ်လေးပါ။
စားသောက်သူတွေအတွက် အဆင်ပြေတယ်။
ဒီဆိုင်ရဲ့ အထူးခြားဆုံးက ငွေရှင်းတဲ့စက်ကလေးပါ။
ဘဏ်ကဒ်နဲ့ ငွေရှင်းနိုင်သလို မိမိလက်ရဲ့ အရေပြားထဲမြှုပ်နှံထားတဲ့ ကဒ်လေးနေရာကို စက်ကိုပြလိုက်ရုံနဲ့ အလိုအလျှောက်ငွေရှင်းနိုင်တဲ့စနစ်လေးပါ။ အဲဒီစနစ်လေးကပဲ ဘုရားသခင်ရဲ့ ဗျာဒိတ်ကျမ်း ၁၃း (၁၆-၁၇-၁၈) နဲ့ ၁၄း ၉ ကျမ်းပိုဒ် ပြည့်စုံစေဖို့ဖြစ်လာတာပါ။( အာမင်)
ဒီလိုပါ.။
လူတွေဟာ လက်ထဲ ငွေစက္ကူမကိုင်ချင်လို့ ဗီဇာကဒ်၊ အေတီအမ်ကဒ်၊ မာစတာကဒ်..အစရှိတဲ့ ဘဏ်ဒ်တွေနဲ့ကိုယ်ပိုင်နံပါတ်တွေ အသုံးပြုပြီး ငွေရှင်းတာလုပ်လာတယ်။
ဒါကလည်း ခါးပိုက်အနှိုက်ခံရတဲ့အခါ၊ မေ့ကျန်၊ ပျောက်ဆုံး၊ ပျက်ဆီးတဲ့အခါ အဆင်မပြေပြန်ဘူး။
ဒီတော့ မိမိခန္ဓာအရည်ပြားထဲ ကဒ်ကိုထဲ့သွင်းသိုထားတဲ့စနစ်က ပိုမိုလုံခြုံစေတယ်လို့ ဆုံးဖြတ်ပြီး အသားတံဆိပ် စနစ်ကို သုံးလာတာဖြစ်တယ်။
မိမိညာဘက်လက် လက်မနဲ့ လက်ညှိုးအကြားလက်ခုံအရည်ပြားထဲမှာ လက်သည်းခွံသားသာ အရွယ်အစားရှိတဲ့ တယ်လီဖုံးဆင်မ်ကဒ်လို ချိ(ပ်)ပြားလေးကိုထဲ့မြှုတ်ထားလိုက်တယ်။ လက်မနဲ့ လက်ညှိုးကြားအရည်ပြားကပါးလွှာ ကျယ်ပြန့်သက်တောင်သက်သာရှိပြီး အာရုံကြောများနဲ့မထိစပ်ဘူး။ ဒါကြောင့်အဲဒီနေရာရွေးချယ်တာပါ။ အဲဒီ ချိ(ပ်)လေးထဲမှာမိမိရဲ့ လှို့ဝှက်နံပါတ်တွေအားလုံးပါတယ်။ မိမိလက်ထဲ အသားတံဆိပ်ခတ်သွင်းထားပြီး အဲဒီ အသားတံဆိပ် အသုံးပြုနိုင်တဲ့ စက် တပ်ဆင်ထားပြီးရင် သော့တွေ၊ ရီမုဒ်တွေ၊ ခလုတ်တွေ၊ကွန်ပြူတာတွေ၊ ဘဏ်ကဒ်တွေတောင် သုံးစရာမလိုပဲ လက်ကလေးကို ထိုးပြလိုက်တာနဲ့ အိမ်တံခါးဖွင့်လို့ရတယ်၊ ကွန်ပြူတာ၊ ပရင့်တာ သုံးလို့ရတယ်၊ဘဏ်က ငွေထုတ်လို့ရတယ်။ နောက်ပိုင်း အဲဒီအသားတံဆိပ်ဟာ မိမိခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးရဲ့ အရေးအပါဆးုံ အစိတ်အပိုင်းဖြစ်သွားလိမ့်မယ်။ မိမိအသက်နဲ့ နှလုံးလို အရေးပါသွားတဲ့အထိ ဖြစ်နိုင်တယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီအသားတံဆိပ်က မိမိဘ၀ အစိတ်အပိုင်းတွေနဲ့ မိမိရှင်သန်ရပ်တည်မှုအလုံးစုံကို ထိမ်းချုပ်ထားလိုဖြစ်တယ်။
ဥပမာ..ကျနော်တို့ နော်ဝေးနိုင်ငံမှာ နေထိုင်သူအားလုံးမှာ ကိုယ်ပိုင်နံပါတ် တွေရှိတယ်။ ၁၁လုံးပါဂဏန်းတွေပါ။ မွေးနေ့၊ မွေးလ၊ မွေးနှစ်ပါ ဂဏန်း၆လုံးနဲ့ သီးခြား ကိုယ်ပိုင်နံပါတ် ၅လုံးဖြစ်တယ်။ မြန်မာပြည်က မှတ်ပုံတင် နံပါတ် ဂဏန်းတွေရဲ့ သဘောပါပဲ။ ဒါပေမယ့် နော်ဝေးမှာ အဲဒီ ဂဏန်း၁၁လုံးကို သက်ဆိုင်ရာ လူမှုဖူလုံရေးရုံး၊ ကျောင်း၊ ရဲဌာန၊ ဆေးရုံ..စတဲ့ ဌာနအသီးသီးရဲ့ ကိုယ်ရေးအချင်အလက်ဆိုင်ရာမှတ်ပုံတင် စာရင်းမှာ ကွန်ပြူတာကနေ နာမည်နဲ့တကွရိုက်နှိပ်ရှာဖွေလိုက်တာနဲ့ မိမိရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းတွေ တောက်လျှောက်ပေါ်လာတယ်။ ခလေးဘဝကစပြီး မျက်မှောက်ကာလအထိ ပညာရေး၊ ကျန်းမာရေး၊ ရဲအမှုအခင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အလုပ်အကိုင်၊အခွန်အတုတ်..အရာရာ အားလုံး..အသေးစိတ်တွေ့ရတယ်။
အဲဒီဂဏန်း၁၁လုံးနဲ့ လူတစ်ဦးချင်းစီကို ထိမ်းချုပ်ထားတာဖြစ်တယ်။ကိုယ်ပိုင်ဂဏန်းမပါပဲ ဘာမှ လုပ်မရ။ ကွန်ပြူတာထဲက ဘဏ်ကိစ္စ။ အလုပ်ကိစ္စ၊ အခွန်ကိစ္စ၊ စတဲ့ အင်တာနက်နဲ့ လုပ်ရတဲ့အရာမှန်သမျှ ဘာမှ လုပ်မရ။
ဒီသဘောပါပဲ။ အခု အသားတံဆိပ်ကလည်း အသက်၊ ဝိညာဉ်ကဲ့သို့ မိမိဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်သွားတာပါ။ မိမိကို အဲဒီ အသားတံဆိပ်က ထိမ်းချုပ်ထားလိုက်တယ်။
အဲဒီအသားတံဆိပ်ကို ထိမ်းချုပ်ထားတာကတော့ အဲဒီ တံဆိပ်ထုတ်လုပ်တဲ့ ကုမ္မဏီပဲဖြစ်တယ်။
ဒုတိယပိုင်း ဆက်ဖော်ပြမယ်.။
ကိုညို( အော်စလို)

အသားတံဆိပ္
(သို႔မဟုတ္)
ေခတ္မွီမႈရဲ႔အဆံုး၊ ပ်က္သုန္းျခင္းရဲ႔နိဒါန္း၊ ဗ်ာဒိတ္၏ ျပည့္စံုျခင္း
( အပိုင္း-၁)
Unicode & Zawgyi Reshare-#9Dan
ဆြီဒင္နိုင္ငံရဲ႔ အလည္တည့္တည့္က်တဲ့ ျမိဳ႔ေလးျဖစ္တဲ့ ဟူဒစ္စ္ဗားလ္ Hudiksvall ျမိဳ႔ေလးဟာ သက္တမ္း၄၀၀ေလာက္ရိွပါျပီ။လြန္ခဲ့တဲ့ အနွစ္ ၂၀၀ေလာက္က ဂ်ာမန္ေတြ တိုက္ခိုက္ မီးရိႈ႔ျပီးဖ်က္ဆီးခံရတဲ့ေနာက္ ျပန္လည္တည္ေဆာက္နိုးထလာတဲ့ ျမိဳ႔ေလးျဖစ္တယ္။ ျငိမ္းခ်မ္းျပီး လွပသာယာတဲ့ ဟူးဒစ္စ္ဗားလ္ ျမိဳ႔ေလးရဲ႔ ျမန္မာလိုအဓိပၸါယ္က ေပ်ာ္ရႊင္ျခင္း ျဖစ္တယ္။

ျမိဳ႔လည္က ဂ်ာမန္ေတြဖ်က္ဆီးမီးရိႈ႔မႈမွာပါမသြားတဲ့ ဘုရားေက်ာင္းၾကီးနဲ႔ လွပသာယာတဲ့ အင္းေရကန္ၾကီးရယ္၊ ဆြီဒင္နိုင္ငံရဲ႔ အလည္ဗဟိုတည့္တည္႔က်ရာ ဆုေတာင္းေတာင္တန္းေပၚမွာ ဘုရားရူပါရံုအရ၂၀၁၁ဇူလိုင္လက တည္ေဆာက္ထားခဲ့တဲ့ အျမင့္မီတာလက္၀ါးကပ္တိုင္ၾကီးက ဒီျမိဳ႔ရဲ႔ အထင္ကရျဖစ္တယ္။
ျပီးခဲ့တဲ့ ဇူလိုင္၁၄ရက္ကေန ၁၉ရက္အထိ ဥေရာပေရာက္ ျမန္မာလူငယ္မ်ားကြန္ဖရင့္(EUMYC)ရဲ႔ တတိယအၾကိမ္ က်င္းပခဲ့တာမို႔ ဘုရားတရားကိုေမ့ေနတဲ့ ျမိဳ႔ကေလးဟာ ျမန္မာခရစ္ယာန္လူငယ္ေတြရဲ႔ တပတ္နီးပါး ဆုေတာင္း ၀တ္ျပဳ၊ ဘုရား၀ိညာဥ္သက္ဆင္းခံစားမႈနဲ႔အတူ နိုးထလာပါတယ္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကေနဒါက ဆရာေဒးဗစ္လားလ္ မလာနိုင္ေပမယ့္ ဘုရားသခင္ ျပင္ဆင္ေပးတဲ့အတိုင္း ျမစ္ၾကီးနားက ဆရာစံတိုးနဲ႔ ၾသစေတးလွ်ားက ဆရာေဒါမနစ္ တို႔ေရာက္လာျပီး ရက္တို က်မ္းစာသင္တန္းေပးတယ္။
ထိေရာက္တယ္။ ရွင္းလင္းတယ္။ အင္မတန္သိမ္ေမြ႔ျပီး ခက္ခဲနက္နဲတဲ့ဘုရားနႈတ္ခပတ္ေတာ္ေတြကို လြယ္ကူရွင္းလင္းျပီး ဦးေနွာက္ထဲ အေရာက္ပို႔နိုင္ေအာင္ ဘုရားေကာင္းခ်ီးေပးထားလို႔ ..ဆရာနွစ္ပါးလံုးကို ဘုရားသခင္ သာ၍အသံုးျပဳပါေစ၊ ၀ိညာဥ္သီးေတြ ပိုမိုရိတ္သိမ္းနိုင္ပါေစလို႔ ဒီေဆာင္းပါးေလးနဲ႔အတူ ဆုေတာင္းေပးပါတယ္။
ဒီေနရာမွာ က်ေနာ္ အဓိက ေရးခ်င္တဲ့ အေၾကာင္းအရာက ဥေရာပေရာက္ ျမန္မာလူငယ္ကြန္ဖရင့္အေၾကာင္းေတာ့ မဟုတ္ပါဘူး။ ဘုရားအေၾကာင္းလည္း မဟုတ္ပါဘူး။ အနာဂတ္ မ်ိဳးဆက္ေတြနဲ႔ကမၻာ့အႏၱရယ္အေၾကာင္း၊ စာတန္အေၾကာင္းနဲ႔ ဗ်ာဒိတ္ေတာ္မွာပါတဲ့က်မ္းခ်က္တခ်ိဳ႔ ျပည့္စံုလာတာကို သက္ေသခံ ေျပာခ်င္တာပါ.။
က်ေနာ္က ယံုၾကည္သူအျဖစ္ ေျပာင္းလဲလာတာ မၾကာေသးတာမို႔ ဒီေဆာင္းပါးမွာ ကိုယ္မယဥ္ပါး၊ မေရးဖူးတဲ့ အေၾကာင္းအခ်က္ေတြပါတာမို႔ အေရးအသားခ်ြတ္ေခ်ာ္မွားယြင္းရင္ ေယရႈနာမနဲ႔ခြင့္လႊတ္ေပးေစလိုတယ္။
-------
ကြန္ဖရင့္ရဲ႔ ေနာက္ဆံုးေန႔ ညေနမွာ ဒိန္းမတ္နိုင္ငံမွာေနထိုင္တဲ့ ကိုစိုးက
”ကိုညိဳ ၆သံုးလံုးဆိုင္သြားၾကည့္မလား ” လို႔ေမးေတာ့..စိတ္တက္ၾကြသြားတယ္။ မေန႔ကပဲ ဆရာစံတိုးနဲ႔ ဆရာေဒါမနစ္တို႔အဖဲြ႔ေတြ အဲဒီဆိုင္ေရာက္ခဲ့ျပီး ဆရာစံတိုးက ၆သံုးလံုးနဲ႔ ဗ်ာဒိတ္က်မ္းပါအခ်က္တခ်ိဳ႔ က်ေနာ့ကို ရွင္းျပထားလို႔ စိတ္၀င္စားေနတာပါ။
ဒါေၾကာင့္ ကိုစိုးနဲ႔အတူ မိနစ္၂၀ေလာက္ၾကာေအာင္ သူကိုယ္တိုင္ေမာင္းပို႔တဲ့ ဟူးဒစ္စ္ဗားလ္ျမိဳ႔အထြက္ အေ၀းေျပးကားလမ္းေဘးမွာရိွတဲ့ဆိုင္ေလးဆီလိုက္ပါသြားတယ္။
ဆိုင္နာမည္က ဆြီဒင္နိုင္ငံကုမၼဏီပိုင္မက္စ္(MAX) ဆိုင္ပါ။ မက္ေဒါနားတို႔၊ ဘာဂါကင္းတို႔၊ ေကအက္ဖ္စီတို႔လို ဟမ္ဘာကာ၊ သစ္သီးေဖ်ာ္ရည္ေရာင္းတဲ့ဆိုင္ေလးပါ။ အေ၀းေျပးကားစီးလာတဲ့ ခရီးသြားေတြ ေခတၱအပန္းေျဖစားေသာက္ရာဆိုင္ေလးပါ။ ေခတ္မွီအဆင္အျပင္လက္ရာေတြနဲ႔ လွပရွင္းလင္းတဲ့ ဆိုင္ေလးဟာ ျမင္ကြင္းေရာ၊ ထိုင္ရတာ၊ စကားေျပာရတာ ေအးေဆးျပီး သက္ေတာင့္သက္သာရိွတယ္။ ဥေရာပဓေလ့အတိုင္း သီခ်င္း တိုးတိုးသဲ့သဲ့ဖြင့္ထားတယ္။
ထူးျခားတာက တျခား ဟမ္ဘာဂါဆိုင္ေတြလို တန္းစီျပီး ေကာင္တာမွာ ကိုယ္ၾကိဳက္ရာမွာ ေငြရွင္း၀ယ္ယူရတာမ်ိဳးမဟုတ္ဘူး။
ဆိုင္အ၀င္၀ အတြင္းဘက္မွာ အနီေရာင္ ေငြရွင္းစက္ရိွတယ္။ စက္ရဲ႔ ဖန္သားျပင္မွာမီနူးေတြေရးထားတယ္။ ကိုယ္သံုးေဆာင္ခ်င္တဲ့စားစရာကို နွိပ္ျပီး က်သင့္သေလာက္ကို မိမိဘဏ္ကဒ္နဲ႔ကိုယ့္ဖာသာရွင္းရတာမ်ိဳးပါ။ ထြက္လာတဲ့ ေျပစာစာရြက္ထဲက နံပါတ္ေလးကိုမွတ္သားျပီး ခဏေစာင့္ရတယ္။ စားစရာယူနိုင္တဲ့ေကာင္တာေပၚက ဂဏန္းေပၚစက္ေလးမွာ မိမိနံပါတ္ေပၚလာရင္ ကိုယ့္ဖာစာကိုယ့္မွာတာသြားယူျပီး ကိုယ္ၾကိဳက္ရာထိုင္ခံုမွာ ထိုင္စားတဲ့စနစ္ေလးပါ။
စားေသာက္သူေတြအတြက္ အဆင္ေျပတယ္။
ဒီဆိုင္ရဲ႔ အထူးျခားဆံုးက ေငြရွင္းတဲ့စက္ကေလးပါ။
ဘဏ္ကဒ္နဲ႔ ေငြရွင္းနိုင္သလို မိမိလက္ရဲ႔ အေရျပားထဲျမႈပ္နွံထားတဲ့ ကဒ္ေလးေနရာကို စက္ကိုျပလိုက္ရံုနဲ႔ အလိုအေလွ်ာက္ေငြရွင္းနိုင္တဲ့စနစ္ေလးပါ။ အဲဒီစနစ္ေလးကပဲ ဘုရားသခင္ရဲ႔ ဗ်ာဒိတ္က်မ္း ၁၃း (၁၆-၁၇-၁၈) နဲ႔ ၁၄း ၉ က်မ္းပိုဒ္ ျပည့္စံုေစဖို႔ျဖစ္လာတာပါ။( အာမင္)
ဒီလိုပါ.။
လူေတြဟာ လက္ထဲ ေငြစကၠဴမကိုင္ခ်င္လို႔ ဗီဇာကဒ္၊ ေအတီအမ္ကဒ္၊ မာစတာကဒ္..အစရိွတဲ့ ဘဏ္ဒ္ေတြနဲ႔ကိုယ္ပိုင္နံပါတ္ေတြ အသံုးျပဳျပီး ေငြရွင္းတာလုပ္လာတယ္။
ဒါကလည္း ခါးပိုက္အနိႈက္ခံရတဲ့အခါ၊ ေမ့က်န္၊ ေပ်ာက္ဆံုး၊ ပ်က္ဆီးတဲ့အခါ အဆင္မေျပျပန္ဘူး။
ဒီေတာ့ မိမိခႏၶာအရည္ျပားထဲ ကဒ္ကိုထဲ့သြင္းသိုထားတဲ့စနစ္က ပိုမိုလံုျခံဳေစတယ္လို႔ ဆံုးျဖတ္ျပီး အသားတံဆိပ္ စနစ္ကို သံုးလာတာျဖစ္တယ္။
မိမိညာဘက္လက္ လက္မနဲ႔ လက္ညိႈးအၾကားလက္ခံုအရည္ျပားထဲမွာ လက္သည္းခံြသားသာ အရြယ္အစားရိွတဲ့ တယ္လီဖံုးဆင္မ္ကဒ္လို ခ်ိ(ပ္)ျပားေလးကိုထဲ့ျမႈတ္ထားလိုက္တယ္။ လက္မနဲ႔ လက္ညိႈးၾကားအရည္ျပားကပါးလႊာ က်ယ္ျပန္႔သက္ေတာင္သက္သာရိွျပီး အာရံုေၾကာမ်ားနဲ႔မထိစပ္ဘူး။ ဒါေၾကာင့္အဲဒီေနရာေရြးခ်ယ္တာပါ။ အဲဒီ ခ်ိ(ပ္)ေလးထဲမွာမိမိရဲ႔ လိႈ႔၀ွက္နံပါတ္ေတြအားလံုးပါတယ္။ မိမိလက္ထဲ အသားတံဆိပ္ခတ္သြင္းထားျပီး အဲဒီ အသားတံဆိပ္ အသံုးျပဳနိုင္တဲ့ စက္ တပ္ဆင္ထားျပီးရင္ ေသာ့ေတြ၊ ရီမုဒ္ေတြ၊ ခလုတ္ေတြ၊ကြန္ျပဴတာေတြ၊ ဘဏ္ကဒ္ေတြေတာင္ သံုးစရာမလိုပဲ လက္ကေလးကို ထိုးျပလိုက္တာနဲ႔ အိမ္တံခါးဖြင့္လို႔ရတယ္၊ ကြန္ျပဴတာ၊ ပရင့္တာ သံုးလို႔ရတယ္၊ဘဏ္က ေငြထုတ္လို႔ရတယ္။ ေနာက္ပိုင္း အဲဒီအသားတံဆိပ္ဟာ မိမိခႏၶာကိုယ္အစိတ္အပိုင္းေတြ အားလံုးရဲ႔ အေရးအပါဆးံု အစိတ္အပိုင္းျဖစ္သြားလိမ့္မယ္။ မိမိအသက္နဲ႔ နွလံုးလို္ အေရးပါသြားတဲ့အထိ ျဖစ္နိုင္တယ္။
ဘာေၾကာင့္လဲဆိုေတာ့ အဲဒီအသားတံဆိပ္က မိမိဘ၀ အစိတ္အပိုင္းေတြနဲ႔ မိမိရွင္သန္ရပ္တည္မႈအလံုးစံုကို ထိမ္းခ်ဳပ္ထားလိုျဖစ္တယ္။
ဥပမာ..က်ေနာ္တို႔ ေနာ္ေ၀းနိုင္ငံမွာ ေနထိုင္သူအားလံုးမွာ ကိုယ္ပိုင္နံပါတ္ ေတြရိွတယ္။ ၁၁လံုးပါဂဏန္းေတြပါ။ ေမြးေန႔၊ ေမြးလ၊ ေမြးနွစ္ပါ ဂဏန္း၆လံုးနဲ႔ သီးျခား ကိုယ္ပိုင္နံပါတ္ ၅လံုးျဖစ္တယ္။ ျမန္မာျပည္က မွတ္ပံုတင္ နံပါတ္ ဂဏန္းေတြရဲ႔ သေဘာပါပဲ။ ဒါေပမယ့္ ေနာ္ေ၀းမွာ အဲဒီ ဂဏန္း၁၁လံုးကို သက္ဆိုင္ရာ လူမႈဖူလံုေရးရံုး၊ ေက်ာင္း၊ ရဲဌာန၊ ေဆးရံု..စတဲ့ ဌာနအသီးသီးရဲ႔ ကိုယ္ေရးအခ်င္အလက္ဆိုင္ရာမွတ္ပံုတင္ စာရင္းမွာ ကြန္ျပဴတာကေန နာမည္နဲ႔တကြြရိုက္နွိပ္ရွာေဖြလိုက္တာနဲ႔ မိမိရဲ႔ ကိုယ္ေရးရာဇ၀င္အက်ဥ္းေတြ ေတာက္ေလွ်ာက္ေပၚလာတယ္။ ခေလးဘ၀ကစျပီး မ်က္ေမွာက္ကာလအထိ ပညာေရး၊ က်န္းမာေရး၊ ရဲအမႈအခင္း၊ စိတ္ပိုင္းဆိုင္ရာ၊ အလုပ္အကိုင္၊အခြန္အတုတ္..အရာရာ အားလံုး..အေသးစိတ္ေတြ႔ရတယ္။
အဲဒီဂဏန္း၁၁လံုးနဲ႔ လူတစ္ဦးခ်င္းစီကို ထိမ္းခ်ဳပ္ထားတာျဖစ္တယ္။ကိုယ္ပိုင္ဂဏန္းမပါပဲ ဘာမွ လုပ္မရ။ ကြန္ျပဴတာထဲက ဘဏ္ကိစၥ။ အလုပ္ကိစၥ၊ အခြန္ကိစၥ၊ စတဲ့ အင္တာနက္နဲ႔ လုပ္ရတဲ့အရာမွန္သမွ် ဘာမွ လုပ္မရ။
ဒီသေဘာပါပဲ။ အခု အသားတံဆိပ္ကလည္း အသက္၊ ၀ိညာဥ္ကဲ့သို႔ မိမိဘ၀ရဲ႔ အေရးၾကီးတဲ့ အစိတ္အပိုင္းတခုျဖစ္သြားတာပါ။ မိမိကို အဲဒီ အသားတံဆိပ္က ထိမ္းခ်ဳပ္ထားလိုက္တယ္။
အဲဒီအသားတံဆိပ္ကို ထိမ္းခ်ဳပ္ထားတာကေတာ့ အဲဒီ တံဆိပ္ထုတ္လုပ္တဲ့ ကုမၼဏီပဲျဖစ္တယ္။
ဒုတိယပိုင္း ဆက္ေဖာ္ျပမယ္.။
ကိုညိဳ( ေအာ္စလို)

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...