0

သတိရပါတယ် ဂျီးဇက်ရယ်

  သတိရပါတယ် ဂျီးဇက်ရယ်
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဒီဇင်ဘာ ၂၃၊ ၂၀၁၂

Unicode & Zawgyi Reshare-#9Dan
ဂျီးဇက် (Jesus) အရှင်ရယ်
သင့်ရဲ့ (God) ဘုရားသခင်ကို
ကျုပ်ရဲ့ ဖန်ဆင်းရှင်ပါလို့
မယုံကြည်နိုင်ပေမဲ့
ကျေးဇူးတော် အနန ္တပါလို့
ပြောပေးပါနော်။
ကျုပ်တို့ဘာသာဝင် အချင်းချင်းကြား
မထားနိုင်ကြတဲ့ မေတ္တာတရားများ
အသင့်ရဲ့ တပည့်တွေ ရင်မှာ
ပြည့်နက်ကာ ပွားနေကြတာ တွေ့တော့
အလွန့်အလွန်ကို လေးစားမိတယ်။

ကျုပ်နေတဲ့ အမေရိကန်နိုင်ငံက
ပြည်သူတွေဆိုရင်
ဒုက္ခအထွေထွေ ပင်လယ်ဝေနေတဲ့
ကျုပ်တို့တတွေကို
နွေးထွေးစွာ ကြိုဆိုရင်း
နေရာထိုင်ခင်းများ စီမံပေး
စားဝတ်နေရေးတွေ တာဝန်ယူ
ဘာမှကို ပူပင်ကြောင့်ကြကာ
ကြောက်စရာမလိုတဲ့
လွတ်လပ်သော ဘဝကို အပြည့်ပေး
ပညာရေးက အစ
အနာဂတ်အတွက် အိမ်မက်လှလှလေးတွေ
မက်လို့ကောင်းအောင်တောင်
လုပ်ဆောင်ကာ ပေးနေကြသေးတယ်။
ဒါတွေဟာ သင့်မေတ္တာ ရှိန်အဝါတွေပေါ့။

၂ဝ၁၂ ခရစ်စမတ်ကာလမှာ
လျှပ်စစ်မီးရောင်စုံတွေ ဖြာဝေနေအောင်
ကျုပ်ဗုဒ္ဓဘာသာကျောင်းတော်မှာ
ထွန်းညှိကာ မပူဇော် မပသပေမဲ့
တကယ်ပါ
အရှင့်ရဲ့ ကျေးဇူးတော် အဝဝကို
အထူး သတိရနေမိပါရဲ့။
(၂၀၁၂-ခရစ်စမတ် အမှတ်တရ)
http://moemaka.com/?p=30440

 သတိရပါတယ္ ဂ်ီးဇက္ရယ္
ဦးနႏၵဝံသ (ကာရိုလိုင္းနား)
ဒီဇင္ဘာ ၂၃၊ ၂၀၁၂

Unicode & Zawgyi Reshare-#9Dan
ဂ်ီးဇက္ (Jesus) အရွင္ရယ္
သင့္ရဲ့ (God) ဘုရားသခင္ကို
က်ဳပ္ရဲ့ ဖန္ဆင္းရွင္ပါလို ့
မယုံၾကည္ႏိုင္ေပမဲ့
ေက်းဇူးေတာ္ အနႏ ၱပါလို ့
ေျပာေပးပါေနာ္။
က်ဳပ္တို ့ဘာသာဝင္ အခ်င္းခ်င္းၾကား
မထားႏိုင္ၾကတဲ့ ေမတၱာတရားမ်ား
အသင့္ရဲ့ တပည့္ေတြ ရင္မွာ
ျပည့္နက္ကာ ပြားေနၾကတာ ေတြ ့ေတာ့
အလြန္ ့အလြန္ကို ေလးစားမိတယ္။
က်ဳပ္ေနတဲ့ အေမရိကန္ႏိုင္ငံက
ျပည္သူေတြဆိုရင္
ဒုကၡအေထြေထြ ပင္လယ္ေဝေနတဲ့
က်ဳပ္တို ့တေတြကို
ေႏြးေထြးစြာ ၾကိဳဆိုရင္း
ေနရာထိုင္ခင္းမ်ား စီမံေပး
စားဝတ္ေနေရးေတြ တာဝန္ယူ
ဘာမွကို ပူပင္ေၾကာင့္ၾကကာ
ေၾကာက္စရာမလိုတဲ့
လြတ္လပ္ေသာ ဘဝကို အျပည့္ေပး
ပညာေရးက အစ
အနာဂတ္အတြက္ အိမ္မက္လွလွေလးေတြ
မက္လို ့ေကာင္းေအာင္ေတာင္
လုပ္ေဆာင္ကာ ေပးေနၾကေသးတယ္။
ဒါေတြဟာ သင့္ေမတၱာ ရွိန္အဝါေတြေပါ့။

၂ဝ၁၂ ခရစ္စမတ္ကာလမွာ
လွ်ပ္စစ္မီးေရာင္စုံေတြ ျဖာေဝေနေအာင္
က်ဳပ္ဗုဒၶဘာသာေက်ာင္းေတာ္မွာ
ထြန္းညွိကာ မပူေဇာ္ မပသေပမဲ့
တကယ္ပါ
အရွင့္ရဲ့ ေက်းဇူးေတာ္ အဝဝကို
အထူး သတိရေနမိပါရဲ့။
(၂၀၁၂-ခရစ္စမတ္ အမွတ္တရ)
http://moemaka.com/?p=30440

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...