0

အလှူ

 
အလှူ

Murann Ezine
Options for this story
Unicode & Zawgyi Reshare-#9Dan
ဘီလ်ကလင်တွန်ဟာ ၂၁ရာစုရဲ့ အလွန်ထူးချွန်၊ လေးစားရလောက်သူတစ်ဦးဖြစ်ပါတယ်။ သန်းကြွယ်သူဌေးလဲဖြစ်ပါတယ်။ အလွန်လှုဒါန်းသူလဲဖြစ်ပါတယ်။ ဒါတင်မက အလှုရှင်များကို လှို့ဆော်ပေးတဲ့ အလှုရှင်ဖောင်ဒေးရှင်းတစ်ခုနဲ့ သူ့ဘဝရဲ့နောက်ဆုံးအချိန်များကို ကုန်ဆုံးစေပါတယ်။ သူ့ရဲ့ အကြီးမားဆုံး လုပ်ဆောာင်ချက်ကြီးကတော့ အမေရိကန်သမ္မတအဖြစ် ၂ကြိမ်တိုင် ရွေးကောက်ခံရပြီး၊ သူ့သမ္မတသက်တမ်းတစ်လျှောက်မှာ တကမ္ဘာလုံး စစ်တွေရပ်စဲအောင်ကြိုးစားရင်း၊ စီးပွားရေးကောင်းအောင် လုပ်ဆောင်ခဲ့ပါတယ်။ အာရပ်အစ္စရေးငြိမ်းချမ်းရေးကို အထူးသဖြင့် အီဂျစ်၊အစ္စရေး ၂နိုင်ငံအတွက်အထူး ငြိမ်းချမ်းရေးလုပ်ဆောင်နိုင်သူအဖြစ် ထင်ရှားပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်း၂ဆက် ၈နှစ်အပြီးမှာ ဘာသာရေးပြင်းထန်သူ သမ္မတဂျော့ဘွတ် ၂ကြိမ် (၈နှစ်) သက်တမ်းအချိန်မှာ မူဆလင်များကိုအကြမ်းဖက်တုံ့ပြန်ရင်း၊ တိုင်းပြည်လဲတော်တော် စီးပွားချွတ်ခြုံကျသွားပါတယ်။ လူဖြူတွေအုပ်စိုးတဲ့ အမေရိကားမှာ လူဖြူ ၂အုပ်စု (ဒီမိုကရက်တစ်နဲ့ရီဘာဗလီကင်)တို့ အမေရိကန်ရဲ့ နောက်သမ္မတကိုရွေးချယ်တဲ့အခါ လူမဲကပြား၊ အိုဘားမား အနိုင်ရရှိပြီး ၂ကြိမ်ဆက်တိုက် သမ္မတဖြစ်နေပါတယ်။
လှုဒါန်းခြင်းစာအုပ်ရေးသူ ဘီကလင်တွန်ဟာ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို အမေရိကန်တွေ အများကြီးစိတ်ဝင်စားပါတယ်။ အမေရိကန်များ မြန်မာပြည်တွင်းလာရောက် မရင်းနှီးကြပေမဲ့ အမေရိကန်ရဲ့ခွင့်ပြုချက်ဟာ အသက်တမျှအရေးကြီးလှတဲ့ကာလဖြစ်လို့ ဘီကလင်တွန်၊ သမ္မတအိုဘားမား၊ အမေရိကန်ကြီးစိုးတဲ့ ကမ္ဘာဘဏ်တို့ လာရောက်ခြင်းဟာ အရေးကြီးပါတယ်။ ကမ္ဘာကြီး ဘယ်လောက်ငြိမ်းချမ်းရေးမြတ်နိုးပေမဲ့ စစ်အင်အားအကြီးဆုံး အမေရိကန်ဆိုမှ လူကလေးစားပါတယ်။ ဓနအင်အားကြီးလာရင် စစ်အင်အားလဲကြီးလာပါတယ်။ စစ်အင်အားကြီးတိုင်း ဓနအင်အားမကြီးနိုင်ပါဘူး။

အခု ပေးကမ်းခြင်း Giving ကိုရေးတဲ့အခါ ဘီကလင်တွန်ရဲ့ စာအုပ်ကို ငွေ၊ အာဏာရှိသူများက နှစ်သက်ပါတယ်။
သူ့ထက်ပိုပြီး ပေးကမ်းတဲ့ လူကြိုက်မများလှသူ သူဌေးကြီးဖီးချောက်နေ ဆိုသူရှိပါတယ်။ သူလိုလူမျိုး ဒီကမ္ဘာကြီးမှာ ရှိနေတာလည်း အံ့သြစရာပါ။ ရှိသမျှ၊ စုဆောင်းထားသမျှ အကုန်လှုဒါန်းတယ်ဆိုတာ ဒီလောကကြီးမှာ မဖြစ်နိုင်ပါဘူး။ မိဘအမွေအနှစ်၊ ယောင်္ကျားအမွေရတာတွေ အကုန်လှုဒါန်းသူတွေတော့ အများကြီးရှိပါတယ်။ ဥပမာ. မက်ဒေါနယ်စားသောက်ဆိုင် သူဌေးကြီး မက်ကာရော့ကွယ်လွန်တော့ သူ့ဇနီးသည်က ဒေါ်လာသန်းပေါင်း ၅၀၀၀လောက်ကို လှုဒါန်းပစ်ပါတယ်။ အထူးသဖြင့် ခရစ်ယာန် ကယ်တင်ခြင်းတပ် Salvation Army ကို လှုဒါန်းခဲ့ပါတယ်။
မြန်မာ့သမိုင်းမှာလည်း ဝေသံသန္တာမင်းကြီးဆိုတာ ရှိခဲ့ပါတယ်။ တကယ်ရှိခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သက်တော်စင်မှာပါရှိပါတယ်။ အလှုဒါန်းရက်ရောလွန်းလို့ ဇနီး၊ သားသမီးများကိုပါ လှုဒါန်းလိုက်တယ် ဆိုတာ အံ့သြစရာပါပဲ။

မဖြစ်နိုင်တာ..ဆိုပြီး အသက်ကိုပါပေးလှုသူတစ်ဦး လူ့သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ နိုင်ငံအတွက်အသေခံတယ်။ မိဘ၊သားသမီးအတွက် အသေခံတယ်ဆိုတာတွေ ကြားဖူး၊ ရှိဖူးကြမှာဖြစ်ပါတယ်။ ကိုယ်မသိတဲ့လူတွေအတွက် အသေခံသွားသူ ယေရှုဆိုတဲ့လူသားတစ်ဦး ရှိခဲ့ပါတယ်ပြောရင်၊ ယုံမှာမဟုတ်ပါဘူး။ လူသားများကို ချစ်လွန်းလို့ လူသားများငြိမ်းချမ်းရေးရစေဖို့၊ ဒီဘဝ၊ နောင်ဘဝမှာ ကိုယ်၊စိတ်၊ဝိညာဉ် ကြွယ်ဝချမ်းသာစေရေးအတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံသွားသူ ယေရှုဆိုတဲ့ လူသားတစ်ဦးရှိတယ် ဆိုတာယုံရင် ခရစ်ယန်လို့ခေါ်ပါတယ်။ နောက်တဆင့်ကတော့ အဲဒီလူသားဟာ ထာဝရဘုရားသခင်နဲ့ တစ်ထပ်တည်းကျကြောင်း၊ ဘုရားသားတော်အဖြစ် လူ့လောကကို ကြွဆင်းလာပြီး၊ သေလွန်တဲ့နောက်၃ရက်အကြာမှာ ပြန်လည်အသက်ရှင်လာကြောင်း၊ အသတ်ခံရမှာကြောက်ပြီး ထွက်ပြေးသွားတဲ့ တပည့်များကို ရက်၄၀ကိုယ်ထင်ပြပြီး၊ တရားဟောခဲ့ပြီးမှာ မိုးကောင်းကင်ကို ဇျန်ကြွသွားကြောင်းကို ခရစ်ဝင် ဓမ္မသစ်ကျမ်းစာမှာ အတိအကျရေးသား၊ မှတ်တမ်းတင်ထားပါတယ်။ ဒါတွေကို ယုံကြည်ရင်တော့ ခရစ်ယာန်အသက်တာလျှောက်လှမ်းဖို့ အစဦးဖြစ်ပါတယ်။
အခြားဘာသာဝင်တွေ မပြောနဲ့၊ ခရစ်ယာန်အချင်းချင်းတောင် အဲဒီ ရိုးရှင်းလှတဲ့
- ယေရှုအသေခံခြင်း (အသား၊အသွေး ပေးဆပ်ခြင်း) နဲ့
- ရှင်ပြန်ထမြောက်ခြင်း (အလောင်းမကျန်ခဲ့ခြင်း) တို့ကို ယုံကြည်ဖို့ အရမ်းခက်ပါတယ်။
ဘာသာတရားတိုင်း၊ ဖရီးသင့်ကာ ဆိုတဲ့ ဘာသာမဲ့တွေတောင်မှ တရားဆိုရင် ဘယ်ဘာသာတရားဖြစ်ဖြစ် အိုကေပါတယ်။ ဒါပေမဲ့ ဗုဒ္ဓလိုပြောရင် နိဗာန်ရောက်ကြောင်း၊ ခရစ်ယာန်နဲ့အစ္စလမ်းအရ ကောင်းကင်ဘုံရောက်ဖို့ ကျင့်စဉ်တွေက ကွဲပြားပါတယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်ရင် ယေရှုအသေခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ရုံမက၊ သူများကိုပါ ပြောပြနိုင်ရပါတယ်။ ခရစ်ယာန်အသက်တာမှာ လုပ်ဆောင်မှု အလုပ်တွေ လုပ်ရပါမယ်။ အရေးကြီးဆုံး ခရစ်တော်ရဲ့ကျေးဇူးတော် GRACE ဖြစ်ပါတယ်။ ခရစ်တော်ယေရှုရဲ့ အသွေးနဲ့ပေးဆပ်ခဲ့တဲ့ ကျေးဇူးတော် သူ့ အသက်ကိုပါပေးဆပ်လှုဒါန်းသွားခြင်း ဖြစ်ပါတယ်။

ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၍ရှိစေသတည်း။ အာမင် ဂလာတိ ၆း၁၈

အလွဴ

Murann Ezine
Options for this story
Unicode & Zawgyi Reshare-#9Dan
ဘီလ္ကလင္တြန္ဟာ ၂၁ရာစုရဲ့ အလြန္ထူးခြ်န္၊ ေလးစားရေလာက္သူတစ္ဦးျဖစ္ပါတယ္။ သန္းၾကြယ္သူေဌးလဲျဖစ္ပါတယ္။ အလြန္လႈဒါန္းသူလဲျဖစ္ပါတယ္။ ဒါတင္မက အလႈရွင္မ်ားကို လႈိ႕ေဆာ္ေပးတဲ့ အလႈရွင္ေဖာင္ေဒးရွင္းတစ္ခုနဲ႕ သူ႕ဘဝရဲ့ေနာက္ဆံုးအခ်ိန္မ်ားကို ကုန္ဆံုးေစပါတယ္။ သူ႕ရဲ့ အၾကီးမားဆံုး လုပ္ေဆာာင္ခ်က္ၾကီးကေတာ့ အေမရိကန္သမၼတအျဖစ္ ၂ၾကိမ္တိုင္ ေရြးေကာက္ခံရျပီး၊ သူ႕သမၼတသက္တမ္းတစ္ေလွ်ာက္မွာ တကမၻာလံုး စစ္ေတြရပ္စဲေအာင္ၾကိဳးစားရင္း၊ စီးပြားေရးေကာင္းေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။ အာရပ္အစၥေရးျငိမ္းခ်မ္းေရးကို အထူးသျဖင့္ အီဂ်စ္၊အစၥေရး ၂ႏို္င္ငံအတြက္အထူး ျငိမ္းခ်မ္းေရးလုပ္ေဆာင္ႏိုင္သူအျဖစ္ ထင္ရွားပါတယ္။ သူ႕ရဲ့ သမၼတသက္တမ္း၂ဆက္ ၈ႏွစ္အျပီးမွာ ဘာသာေရးျပင္းထန္သူ သမၼတေဂ်ာ့ဘြတ္ ၂ၾကိမ္ (၈ႏွစ္) သက္တမ္းအခ်ိန္မွာ မူဆလင္မ်ားကိုအၾကမ္းဖက္တုံ႕ျပန္ရင္း၊ တိုင္းျပည္လဲေတာ္ေတာ္ စီးပြားခြ်တ္ျခံဳက်သြားပါတယ္။ လူျဖဴေတြအုပ္စိုးတဲ့ အေမရိကားမွာ လူျဖဴ ၂အုပ္စု (ဒီမိုကရက္တစ္နဲ႕ရီဘာဗလီကင္)တို႕ အေမရိကန္ရဲ့ ေနာက္သမၼတကိုေရြးခ်ယ္တဲ့အခါ လူမဲကျပား၊ အိုဘားမား အႏိုင္ရရွိျပီး ၂ၾကိမ္ဆက္တိုက္ သမၼတျဖစ္ေနပါတယ္။
လႈဒါန္းျခင္းစာအုပ္ေရးသူ ဘီကလင္တြန္ဟာ ျမန္မာႏိုင္ငံကိုလာေရာက္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကို အေမရိကန္ေတြ အမ်ားၾကီးစိတ္ဝင္စားပါတယ္။ အေမရိကန္မ်ား ျမန္မာျပည္တြင္းလာေရာက္ မရင္းႏွီးၾကေပမဲ့ အေမရိကန္ရဲ့ခြင့္ျပဳခ်က္ဟာ အသက္တမွ်အေရးၾကီးလွတဲ့ကာလျဖစ္လို႕ ဘီကလင္တြန္၊ သမၼတအိုဘားမား၊ အေမရိကန္ၾကီးစိုးတဲ့ ကမၻာဘဏ္တို႕ လာေရာက္ျခင္းဟာ အေရးၾကီးပါတယ္။ ကမၻာၾကီး ဘယ္ေလာက္ျငိမ္းခ်မ္းေရးျမတ္ႏိုးေပမဲ့ စစ္အင္အားအၾကီးဆံုး အေမရိကန္ဆိုမွ လူကေလးစားပါတယ္။ ဓနအင္အားၾကီးလာရင္ စစ္အင္အားလဲၾကီးလာပါတယ္။ စစ္အင္အားၾကီးတိုင္း ဓနအင္အားမၾကီးႏိုင္ပါဘူး။

အခု ေပးကမ္းျခင္း Giving ကိုေရးတဲ့အခါ ဘီကလင္တြန္ရဲ့ စာအုပ္ကို ေငြ၊ အာဏာရွိသူမ်ားက ႏွစ္သက္ပါတယ္။
သူ႕ထက္ပိုျပီး ေပးကမ္းတဲ့ လူၾကိဳက္မမ်ားလွသူ သူေဌးၾကီးဖီးေခ်ာက္ေန ဆိုသူရွိပါတယ္။ သူလိုလူမ်ိဳး ဒီကမၻာၾကီးမွာ ရွိေနတာလည္း အံ့ၾသစရာပါ။ ရွိသမွ်၊ စုေဆာင္းထားသမွ် အကုန္လႈဒါန္းတယ္ဆိုတာ ဒီေလာကၾကီးမွာ မျဖစ္ႏိုင္ပါဘူး။ မိဘအေမြအႏွစ္၊ ေယာကၤ်ားအေမြရတာေတြ အကုန္လႈဒါန္းသူေတြေတာ့ အမ်ားၾကီးရွိပါတယ္။ ဥပမာ. မက္ေဒါနယ္စားေသာက္ဆိုင္ သူေဌးၾကီး မက္ကာေရာ့ကြယ္လြန္ေတာ့ သူ႕ဇနီးသည္က ေဒၚလာသန္းေပါင္း ၅၀၀၀ေလာက္ကို လႈဒါန္းပစ္ပါတယ္။ အထူးသျဖင့္ ခရစ္ယာန္ ကယ္တင္ျခင္းတပ္ Salvation Army ကို လႈဒါန္းခဲ့ပါတယ္။
ျမန္မာ့သမိုင္းမွာလည္း ေဝသံသႏၱာမင္းၾကီးဆိုတာ ရွိခဲ့ပါတယ္။ တကယ္ရွိခဲ့တဲ့ ဗုဒၶျမတ္စြာဘုရားရဲ့ သက္ေတာ္စင္မွာပါရွိပါတယ္။ အလႈဒါန္းရက္ေရာလြန္းလို႕ ဇနီး၊ သားသမီးမ်ားကိုပါ လႈဒါန္းလိုက္တယ္ ဆိုတာ အံ့ၾသစရာပါပဲ။

မျဖစ္ႏိုင္တာ..ဆိုျပီး အသက္ကိုပါေပးလႈသူတစ္ဦး လူ႕သမိုင္းမွာ ရွိခဲ့ဖူးပါတယ္။ ႏိုင္ငံအတြက္အေသခံတယ္။ မိဘ၊သားသမီးအတြက္ အေသခံတယ္ဆိုတာေတြ ၾကားဖူး၊ ရွိဖူးၾကမွာျဖစ္ပါတယ္။ ကိုယ္မသိတဲ့လူေတြအတြက္ အေသခံသြားသူ ေယရႈဆိုတဲ့လူသားတစ္ဦး ရွိခဲ့ပါတယ္ေျပာရင္၊ ယံုမွာမဟုတ္ပါဘူး။ လူသားမ်ားကို ခ်စ္လြန္းလို႕ လူသားမ်ားျငိမ္းခ်မ္းေရးရေစဖို႕၊ ဒီဘဝ၊ ေနာင္ဘဝမွာ ကိုယ္၊စိတ္၊ဝိညာဥ္ ၾကြယ္ဝခ်မ္းသာေစေရးအတြက္ လက္ဝါးကပ္တိုင္ေပၚမွာ အေသခံသြားသူ ေယရႈဆိုတဲ့ လူသားတစ္ဦးရွိတယ္ ဆိုတာယံုရင္ ခရစ္ယန္လို႕ေခၚပါတယ္။ ေနာက္တဆင့္ကေတာ့ အဲဒီလူသားဟာ ထာဝရဘုရားသခင္နဲ႕ တစ္ထပ္တည္းက်ေၾကာင္း၊ ဘုရားသားေတာ္အျဖစ္ လူ႕ေလာကကို ၾကြဆင္းလာျပီး၊ ေသလြန္တဲ့ေနာက္၃ရက္အၾကာမွာ ျပန္လည္အသက္ရွင္လာေၾကာင္း၊ အသတ္ခံရမွာေၾကာက္ျပီး ထြက္ေျပးသြားတဲ့ တပည့္မ်ားကို ရက္၄၀ကိုယ္ထင္ျပျပီး၊ တရားေဟာခဲ့ျပီးမွာ မိုးေကာင္းကင္ကို ဇ်န္ၾကြသြားေၾကာင္းကို ခရစ္ဝင္ ဓမၼသစ္က်မ္းစာမွာ အတိအက်ေရးသား၊ မွတ္တမ္းတင္ထားပါတယ္။ ဒါေတြကို ယံုၾကည္ရင္ေတာ့ ခရစ္ယာန္အသက္တာေလွ်ာက္လွမ္းဖို႕ အစဦးျဖစ္ပါတယ္။
အျခားဘာသာဝင္ေတြ မေျပာနဲ႕၊ ခရစ္ယာန္အခ်င္းခ်င္းေတာင္ အဲဒီ ရိုးရွင္းလွတဲ့
- ေယရႈအေသခံျခင္း (အသား၊အေသြး ေပးဆပ္ျခင္း) နဲ႕
- ရွင္ျပန္ထေျမာက္ျခင္း (အေလာင္းမက်န္ခဲ့ျခင္း) တို႕ကို ယံုၾကည္ဖို႕ အရမ္းခက္ပါတယ္။
ဘာသာတရားတိုင္း၊ ဖရီးသင့္ကာ ဆိုတဲ့ ဘာသာမဲ့ေတြေတာင္မွ တရားဆိုရင္ ဘယ္ဘာသာတရားျဖစ္ျဖစ္ အိုေကပါတယ္။ ဒါေပမဲ့ ဗုဒၶလိုေျပာရင္ နိဗာန္ေရာက္ေၾကာင္း၊ ခရစ္ယာန္နဲ႕အစၥလမ္းအရ ေကာင္းကင္ဘံုေရာက္ဖို႕ က်င့္စဥ္ေတြက ကြဲျပားပါတယ္။ ခရစ္ယာန္တစ္ေယာက္ျဖစ္ရင္ ေယရႈအေသခံျခင္းနဲ႕ရွင္ျပန္ထေျမာက္ျခင္းကို ယံုၾကည္ရံုမက၊ သူမ်ားကိုပါ ေျပာျပႏိုင္ရပါတယ္။ ခရစ္ယာန္အသက္တာမွာ လုပ္ေဆာင္မႈ အလုပ္ေတြ လုပ္ရပါမယ္။ အေရးၾကီးဆံုး ခရစ္ေတာ္ရဲ့ေက်းဇူးေတာ္ GRACE ျဖစ္ပါတယ္။ ခရစ္ေတာ္ေယရႈရဲ့ အေသြးနဲ႔ေပးဆပ္ခဲ့တဲ့ ေက်းဇူးေတာ္ သူ႕ အသက္ကိုပါေပးဆပ္လႈဒါန္းသြားျခင္း ျဖစ္ပါတယ္။

ညီအစ္ကိုတို႕၊ ငါတို႕သခင္ေယရႈခရစ္၏ ေက်းဇူးေတာ္သည္ သင္တို႕၏စိတ္ႏွလံုး၍ရွိေစသတည္း။ အာမင္ ဂလာတိ ၆း၁၈

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...