0

သမ္မာကျမ်းစာအုပ်အကြောင်း (၂) ဓမ္မဟောင်းကျမ်းမှအဖြစ်အပျက်များကိုလေ့လာခြင်း။

သမ္မာကျမ်းစာအုပ်အကြောင်း (၂)
ဓမ္မဟောင်းကျမ်းမှအဖြစ်အပျက်များကိုလေ့လာခြင်း။
Unicode & Zawgyi Reshare-#9Dan
အစအဦး၌ဘုရားသခင်သည်ကောင်းကင်၊ မြေကြီးနှင့်အရာခပ်သိမ်း တို့ကိုဖန်ဆင်းတော်မူပြီး ပထမဦးဆုံးသော လူသားဖြစ်သည့်အာဒံနှင့်
ဧဝတို့ကိုလည်း ဖန်ဆင်းတော်မူ၏။ အာဒံ နှင့် ဧဝ သည်ဧဒင်ဥယျဉ်
ထဲတွင် ပျော်ရွင်စွာ နေထိုင်ခဲ့ကြသော်လည်းစာတန်၏ လှည့်ဖျားမှုကြောင့် ဘုရားသခင်ကမစားရဟုတားမြစ်ထားသော အသီးကိုစားခြင်းအားဖြင့် လူသားအားလုံး အပြစ်နံွံထဲသို့ ကျရောက်သွားခဲ့ကြသည်။
အပြစ်များလွန်းသောကြောင့်ရေဖြင့်ဆေးကြောရန်အတွက် တကမ္ဘာလုံး ရေလွမ်းစေခဲ့သည်။
ဘုရားကိုချစ်သော နောဧနှင့်မိသားစုသာ ရေဘေးမှလွတ်မြောက်ခဲ့သည်။ (Babel) မျှော်စင်ကိုတည်ဆောက်ပြီး
ဘုရားသခင်ကိုအမှီပြိုင်ဆိုင်ရန် ကြိုးစားလာကြသော လူသားများကိုဘာသာစကား ကွဲပြားစေခြင်းအားဖြင့် နောက်ဆုံးတွင် ဘုရားသခင်က တစ်ကမ္ဘာလုံးသို့ဖြန့်လိုက်သည်။
အာဗြဟံအား နိုင်ငံသစ်တစ်ခု၏ဖခင်ကြီးဖြစ်စေမည်ဟုကတိတော်ပေးပြီး၊ ၎င်း၏မွေးရပ်ဌါနေမှမည်သည့် အရပ်ဟုအသေအချာမသိသေးသောအရပ်သို့ ထွက်ခွါစေခဲ့သည်။ အချိန်ကား၊ ခရစ်တော်မမွေးဖွါးခင်နှစ် ပေါင်း၁၈ဝဝ ပတ်ဝန်းကျင်ခန့်။ အာဗြဟံ၏သား ယာကုပ်ခေါ် အစ္စရေးလ်တွင် သား ၁၂ ယောက်ရှိပြီး၊ မျိုးနွယ်စု ၁၂ စုရှိသည့်အစ္စရေးလ်လူမျိုးတို့၏ ဖခင်ကြီးဖြစ်လာသည်။ အစ္စရေးလ်၏သားယောသပ် (Joseph) သည်သူ့ အကိုများ၏ ရောင်းစားခြင်းကိုခံရပြီး အဲဂုတ္တု ခေါ်အီဂျစ်နိုင်ငံတွင်နိုင်ငံအကြီးအကဲ တစ်ဦးဖြစ် လာသည်။ မိုးခေါင်ရေရှားမှုကြောင့် ယောသပ်၏ဖခင်အစ္စရေးလ်နှင့် ကျန်ရှိနေသေးသည့်
ညီအစ်ကို ၁၁ ယောက် သည်လည်း အီဂျစ်နိုင်ငံသို့လာရောက်နေထိုင်ကြသည်။ ယောသပ်ကွယ်လွန်ပြီး
နောက်ပိုင်းတွင် အစ္စရေးလ်လူမျိုးများသည် အီဂျစ်လူမျိုးတို့၏ ကျွန်သဘောက်ဘဝဖြင့်အီဂျစ်နိုင်ငံတွင်
နှစ်ပေါင်း ၄ဝဝ ခန့်နေထိုင်ခဲ့ကြသည်။ ဤအချိန်ကားခရစ်တော်မပေါ်ခင်နှစ်ပေါင်း ၁၂၅ဝ ပတ်ဝန်းကျင်
ခန့်ကဖြစ်သည်။
အစ္စရေးလ်လူမိုျးများကိုအမျိုးဖြုတ်ရန်ဟူသော အစီအစဉ်ဖြင့် မွေးဖွါးလာသည့် အစ္စရေးလ်လူမျိုး
ယောင်္ကျားလေးတိုင်းကို အီဂျစ်ဘုရင်၏အမိန့်ဖြင့် သတ်ပြစ်သော်လည်း မောရှေ (Moses) သည် လွတ်မြောက်လာခဲ့ရုံမက ဘုရင့်သမီးတော်၏မွေးစားခြင်းကိုခံရသည်။ မောရှေ၏ခေါင်းဆောင်မှုဖြင့်
အစ္စရေးလ် တစ်မျိုးသားလုံး အီဂျစ်လူမျိုးတို့၏ ကျွန်ဘဝမှ လွတ်မြောက်လာကြပြီး အီဂျစ်နိုင်ငံ၏ အရှေ့မြောက်အရပ်ဖက်တွင်ရှိသည့် ခါနန်ပြည် (ယနေ့လက်ရှိအစ္စရေးလ်နိုင်ငံ) ၏နယ်နမိတ်အထိ၊
ဆိုင်းနိုင်းသဲကန္တာရကိုဖြတ်သန်းပြီးရောက်ရှိလာကြသည်။ အစ္စရေးလ်လူမျိုးတို့အား လွတ်လပ် ခွင့်
မပေးချင်ပေးချင်ဘဲ အီဂျစ်နိုင်ငံမှထွက်ခွါခွင့်ပေးလိုက်ရသော အီဂျစ်ဘုရင်မှာ (Ramesses II) ဘုရင်ကြီး ဖြစ်သည်ဟု သမိုင်းသုသေသီများကယူဆထားသည်။ ဘုရားသခင်၏စကားကိုနားမထောင်ခြင်းနှင့် အမျိုးမျိုးသော အပြစ်များကြောင့် ရက် ၄ဝ သွားရမည့်ခရီးကိုနှစ်ပေါင်း ၄ဝသွားခဲ့ရသည်။
ဘုရားသခင်က သူတို့ လိုက်နာရမည့်ပညတ်တော် (၁ဝ)ပါးကိုဤခရီးလမ်းခုလတ်တွင်ပေးခဲ့သည်။
ခရီးဆုံးဖြစ်သောခါနန်ပြည်ကိုမဝင်ရောက်နိုင်ခင် မှာပင်ခေါင်းဆောင်ကြီး မောရှေခေါ်တော်မူခြင်းခံရသဖြင့်၊ ယောရှု ကဆက်လက်၍ ဦးဆောင်ပြီး ခါနန်ပြည် ကိုစီးနင်းသိမ်းပိုက်ကာ အစ္စရေးလ်နိုင်ငံကိုထူထောင်သည်။ အီဂျစ်နိုင်ငံမှစတင်ထွက်ခွါခဲ့စဉ်တွင်ပါဝင်သူများထဲမှ ယောရှု နှင့်ကာလက်သာလျှင် ခါနန်ပြည်ကိုဝင်ခွင့် ရကြပြီး၊ ကျန်သည့်သူများသည် လမ်းခုလတ်တွင် မွေးဖွါးသည့်သူများဖြစ်ကြသည်။
ထိုအချိန်မှစပြီးနှစ်ပေါင်း၂ဝဝ ခန့် အတွင်းဘုရင်ဟူ၍မရှိခဲ့ဘဲ တရားသူကြီးများ ဖြစ်သော ဒေဘောရ၊ ဂိဒုန်၊ နှင့် လူသန်ကြီး ရံှဆုန်ကဲ့သို့သော ဘုရားသခင်အထူးရွေးချယ်ထားသည့်သူများက အစစအရာရာ ဦးစီး
ဆောင်ရွက်ခဲ့သည်။ တရားသူကြီးများ ခေတ်နောက်ပိုင်းကာလတွင် 'ဟန္န'ဟုခေါ်သောအမေတစ်ယောက် သည် သူမ၏သားငယ် မမွေးဖွါးခင်ကပင် တသက်လုံးဘုရားသခင်၏အစေခံကျွန် ဖြစ်စေပါမည့်အကြောင်း ဘုရားသခင်ထံ အပ်နံှဆုတောင်းသည်။ မိခင်ကြီး ဟန္န ၏သားသည် နောင်တွင်ပရောဖက်ရှမွေလ
(Samuel) ဖြစ်လာသည်။ အစ္စရေးလ်လူမျိုးများ၏ အတန်တန်တောင်းဆိုမှုကြောင့် ခရစ်မပေါ်ခင်နှစ်
ပေါင်း ၁ဝ၅ဝ ပတ်ဝန်းကျင်ခန့်တွင် 'ရှောလု' ဆိုသူအား အစ္စရေးလ်လူမျိုးများ၏ ပထမဦးဆုံးသောဘုရင်
အဖြစ် ပရောဖက် ရှမွေလက ဘိသိက်ပေးခဲ့သည်။ ဘီစီ ၁ဝဝဝ ခန့်ရောက်သောအခါ သိုးကျောင်းသား
ကလေး ဒါဝိဒ် (David) သည်ပါလက်စတိုင်း စစ်သူရဲ လူသန်ကြီး ဂေါလိယက်ကို အနိုင်ယူသတ်ဖြတ်ကာ
အစ္စရေးလ်နိုင်ငံတော်ကို ထူထောင်သည့်အစ္စရေးလ်လူမျိုးများ၏ ဒုတိယမြောက်သောဘုရင်ကြီးဖြစ်
လာသည်။ ဒါဝိဒ်ဘုရင်မင်းကြီး နတ်ရွာစံပြီး နောက်အရိုက်အရာကို သားဖြစ် သူရှောလမုန် (Solomon) က
ဆက်ခံကာ၊ ခမည်းတော် ဒါဝိဒ် မင်းကြီး၏ စိတ်ကူးအိမ်မက်ဖြစ်ခဲ့သော ဂျေရုရှလင်မြို့တွင် ဘုရားသခင်၏ ဗိမာန်တော်ဆောက်လုပ်ရန်အစီအစဉ်ကို ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၉၅ဝ ခန့်တွင် အကောင်အထည်
ဖော်တည်ဆောက်ခဲ့သည်။
ရှောလမုန်မင်းကြီးနတ်ရွာစံပြီးနောက် ပြည်တွင်းစစ်ဖြစ်ပွားပြီးနိုင်ငံနှစ်ခြမ်းကွဲသွားသည်။ မြောက်ဖက်ခြမ်းကို
အစ္စရေးလ်နိုင်ငံဟုခေါ်ပြီး၊ တောင်ဖက်ခြမ်း နိုင်ငံကို ရှောလမုန်၏သားက မင်းလုပ်ကြီးစိုးကာ'ယုဒ' (Judea)
တိုင်းပြည်ဟု ခေါ်သည်။ ခရစ်တော်မွေးဖွါးရန်နှစ်ပေါင်း ၉ဝဝ ခန့်လိုသေးသည်။ ထိုနောက် မြောက်ပိုင်း အစ္စရေးလ်နိုင်ငံမှာရော၊ တောင်ခြမ်းယုဒ တိုင်းပြည်တွင်ပါ မင်းအဆက်ဆက်ပြောင်းလာခဲ့သည်။
အစ္စရေးလ်လူမျိုးများသည် ဘုရားသခင်ကိုမေ့လျော့လာကြပြီး တိုင်းတပါး မှလာသည့် ရုပ်တုဆင်းတုများကို ကိုးကွယ်လာကြသည်။ ဘီစီ၇၂၂ တွင် အဆီးရီးယန်း လူမျိုးများက မြောက်ဖက်ခြမ်းဖြစ်သည့်အစ္စရေးလ်နိုင်ငံ ကို ကျူးကျော်သိမ်းပိုက်လိုက်သည်။ ပရောဖက်များက ရုပ်တုဆင်းတုကိုကိုးကွယ်ခြင်းမှနောင်တရရန်၊ အကြိမ်ကြိမ် သတိပေးသော်လည်းမလိုက်နာသည့်အဆုံး ဘုရားသခင်၏ဆုံးမခြင်းဒဏ်အဖြစ် မြောက်ဖက် ခြမ်း အစ္စရေးလ်နိုင်ငံ၏မြို့တော် ဆမားရီယား (Samaria) မြို့သည် အဆီးရီးယန်း လက်အောက် ကျရောက်သွားခြင်းဖြစ်သည်။
တောင်ဖက်ခြမ်းယုဒတိုင်းပြည်တွင်လည်း ပရောဖက်ယေရမိသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်းမှ
နောင်တရရန်၊ အကြိမ်ကြိမ်သတိပေးသော်လည်း မလိုက်နာသောကြောင့်ဘုရားသခင်၏ဒဏ်ခတ်ခြင်း
ကိုခံရပြီး ဘီစီ ၅၈၆ ခုနှစ်တွင် ဘေဘီလုံအင်ပါယာ၏ ကျုးကျော်သိမ်းပိုက်ခြင်းကိုခံရရုံမက မြို့တော် ဂျေရုရှလင်တမြို့လုံးကို မီးရှို့ဖျက်စီးချေမွခြင်းခံရပြီး ယုဒ တတိုင်းပြည်လုံး ဘေဘီလုံနိုင်ငံသို့
သုံ့ပန်းအဖြစ် ခေါ်ဆောင်ခြင်းခံရသည်။
ဘေဘီလုံနိုင်ရောက်သွားသောသူများထဲမှ ဘုရားသခင်အပေါ်သစ္စာစောင့်သိ၍ ဆု မှန်မှန်တောင်းလေ့ရှိ သော 'ဒံယေလ' သည် ဘုရားသခင်၏ ကောင်းကြီးပေးခြင်း ခံရပြီး ရန်သူဘေဘီလုံနိုင်ငံ၏ နန်းတွင်း၌
အင်ပါယာဘုရင်မင်းမြတ်ကြီး၏အောက်တွင် အာဏာအရှိဆုံးသောသူ တစ်ဦးဖြစ်လာသည်။
'ယေရကျေလ' သည်ဘေဘီလုံနိုင်ငံရောက် သုံ့ပန်းများကိုအဓိက ဝိညာဉ်ရေးရာ၌ အားပေးသူနှင့်
အားကိုးအားထားရာ ပရောဖက်ကြီးဖြစ်လာသည်။
ဘီစီ ၅၃၈ တွင် ဇေရုဗဗေလ၏ဦးဆောင်မှုဖြင့် ယုဒတိုင်းပြည်သို့ ပထမအသုတ်ပြည်တော်ပြန်ခွင့်ရသည်။
'ဇေရုဗဗေလ' အမည် ရှိသူ၏ဦးဆောင်မှုဖြင့်ဂျေရုရှလင်မြို့ဟောင်းနေရာတွင်ပင် ဂျေရုရှလင်မြို့သစ်ကို
ပြန်တည်ဆောက်ကြသည်။ ဘီစီ ၄၅၈ ခုနှစ်တွင် 'ဧဇရာ' ၏ ဦးဆောင်မှုဖြင့် ဒုတိယအသုတ် ပြည်တော်
ပြန်ခွင့်ရသည်။ ဘီစီ ၅၃၉ ခုနှစ်တွင်ပါရှန်း ဘုရင်ကြီး 'ကုရု' (Cyrus) က ဘေဘီလုံနိုင်ငံ ကိုသိမ်းပိုက်ပြီး
သူ၏ခွင့်ပြုချက်ဖြင့် ဘီစီ၄၃၂ ခုနှစ်တွင် နောက်ဆုံးအသုတ်သည် 'နေဟမိ' ၏ဦးဆောင်မှုအောက်တွင်
ပြည်တော်ပြန်ခွင့်ရသည်။ 'နေဟမိ' ၏ဦးဆောင်မှုဖြင့် 'ဂျေရုရှလင်' မြို့ရိုးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ရုံ မျှမက နိုင်ငံရေးနှင့်လူမှုရေးပြုပြင်မှုများ၊ ဘာသာရေး သန့်စင်ရေး ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ခဲ့သည်။ ဘီစီ ၃၃၃ ခုနှစ်တွင် ဂရိအင်ပါယာ မင်းကြီး 'အလက်ဇန္ဒရီးယားသည်ဂရိတ်' က ပါရှန်းအင်ပါတခုလုံးကိုသိမ်း ပိုက်လိုက်ပြန်သဖြင့် အစ္စရေးလ်' နိုင်ငံသည်လည်း 'ဂရိ' နိုင်ငံ၏ လက်အောက်အလိုလိုရောက်သွားပြန်သည်။
ထို့နောက်ဘီစီ ၃၂ဝ မှ ဘီစီ ၁၉၈ နှစ်အထိ အီဂျစ်တို့၏သိမ်းပိုက်မှုကို၎င်း၊ ဘီစီ ၁၉၈ ခုနှစ် မှဘီစီ၆၃ ခုနှစ်အထိ ဆီးရီယား တို့၏သိမ်းပိုက်မှုကို၎င်း ဆက်တိုက်ခံခဲ့ရသည်။ ဘီစီ ၆၃ ခုနှစ် တွင် ရောမဘုရင် 'ပွန်ပေ' က ကျုးကျော်သိမ်းပိုက်လိုက်ပြန်သည်။ ထို့ကြောင့် ခရစ်တော် မွေးဖွါးခဲ့သည့် အချိန်တွင် အစ္စရေးလ်နိုင်ငံသည် ရောမ နိုင်ငံ၏ကိုလိုနီ လက်အောက်ခံ ဖြစ်သည်။
ဤသည်ကားဓမ္မဟောင်းကျမ်းစာခေတ် ကာလမှအကြောင်းအရာများပေတည်း။
(ဆက်လက်ဖော်ပြပါမည်)
နာမတော်မြတ်၌
သောင်းနိူး။
သမ္မာကျမ်းစာအုပ်အကြောင်း (၃) >>>>
သမၼာက်မ္းစာအုပ္အေၾကာင္း (၂)
ဓမၼေဟာင္းက်မ္းမွအျဖစ္အပ်က္မ်ားကိုေလ့လာျခင္း။
Unicode & Zawgyi Reshare-#9Dan
အစအဦး၌ဘုရားသခင္သည္ေကာင္းကင္၊ ေျမႀကီးနွင့္အရာခပ္သိမ္း တို႔ကိုဖန္ဆင္းေတာ္မူၿပီး ပထမဦးဆံုးေသာ လူသားျဖစ္သည့္အာဒံနွင့္
ဧဝတို႔ကိုလည္း ဖန္ဆင္းေတာ္မူ၏။ အာဒံ နွင့္ ဧဝ သည္ဧဒင္ဥယ်ဥ္
ထဲတြင္ ေပ်ာ္ရြင္စြာ ေနထိုင္ခဲ့ၾကေသာ္လည္းစာတန္၏ လွည့္ဖ်ားမႈေၾကာင့္ ဘုရားသခင္ကမစားရဟုတားျမစ္ထားေသာ အသီးကိုစားျခင္းအားျဖင့္ လူသားအားလံုး အျပစ္ႏံံြထဲသို႔ က်ေရာက္သြားခဲ့ၾကသည္။
အျပစ္မ်ားလြန္းေသာေၾကာင့္ေရျဖင့္ေဆးေၾကာရန္အတြက္ တကမာၻလံုး ေရလြမ္းေစခဲ့သည္။ ဘုရားကိုခ်စ္ေသာ ေနာဧနွင့္မိသားစုသာ ေရေဘးမွလြတ္ေျမာက္ခဲ့သည္။ (Babel) ေမွ်ာ္စင္ကိုတည္ေဆာက္ျပီး
ဘုရားသခင္ကိုအမီွျပိဳင္ဆိုင္ရန္ ႀကိဳးစားလာၾကေသာ လူသားမ်ားကိုဘာသာစကား ကဲြျပားေစျခင္းအားျဖင့္ ေနာက္ဆံုးတြင္ ဘုရားသခင္က တစ္ကမၻာလံုးသို႔ၿဖန္႔လိုက္သည္။
အာျဗဟံအား နိုင္ငံသစ္တစ္ခု၏ဖခင္ႀကီးျဖစ္ေစမည္ဟုကတိေတာ္ေပးျပီး၊ ၄င္း၏ေမြးရပ္ဌါေနမွမည္သည့္ အရပ္ဟုအေသအခ်ာမသိေသးေသာအရပ္သို႔ ထြက္ခြါေစခဲ့သည္။ အခိ်န္ကား၊ ခရစ္ေတာ္မေမြးဖြါးခင္နွစ္ ေပါင္း၁၈ဝဝ ပတ္ဝန္းက်င္ခန္႔။ အာျဗဟံ၏သား ယာကုပ္ေခၚ အစၥေရးလ္တြင္ သား ၁၂ ေယာက္ရိွျပီး၊ မ်ဳိးႏြယ္စု ၁၂ စုရိွသည့္အစၥေရးလ္လူမ်ဳိးတို႔၏ ဖခင္ႀကီးျဖစ္လာသည္။ အစၥေရးလ္၏သားေယာသပ္ (Joseph) သည္သူ႔ အကိုမ်ား၏ ေရာင္းစားျခင္းကိုခံရျပီး အဲဂုတၱဳ ေခၚအီဂ်စ္နိုင္ငံတြင္ႏိုင္ငံအႀကီးအကဲ တစ္ဦးျဖစ္ လာသည္။ မိုးေခါင္ေရရွားမႈေၾကာင့္ ေယာသပ္၏ဖခင္အစၥေရးလ္နွင့္ က်န္ရိွေနေသးသည့္
ညီအစ္ကို ၁၁ ေယာက္ သည္လည္း အီဂ်စ္နိုင္ငံသို႔လာေရာက္ေနထိုင္ၾကသည္။ ေယာသပ္ကြယ္လြန္ျပီး
ေနာက္ပိုင္းတြင္ အစၥေရးလ္လူမ်ဳိးမ်ားသည္ အီဂ်စ္လူမ်ဳိးတို႔၏ ကြ်န္သေဘာက္ဘဝျဖင့္အီဂ်စ္ႏိုင္ငံတြင္
နွစ္ေပါင္း ၄ဝဝ ခန္႔ေနထိုင္ခဲ့ၾကသည္။ ဤအခိ်န္ကားခရစ္ေတာ္မေပၚခင္နွစ္ေပါင္း ၁၂၅ဝ ပတ္ဝန္းက်င္
ခန္႔ကျဖစ္သည္။
အစၥေရးလ္လူမို်းမ်ားကိုအမ်ဳိးျဖဳတ္ရန္ဟူေသာ အစီအစဥ္ျဖင့္ ေမြးဖြါးလာသည့္ အစၥေရးလ္လူမ်ဳိး
ေယာကၤ်ားေလးတိုင္းကို အီဂ်စ္ဘုရင္၏အမိန္႔ျဖင့္ သတ္ျပစ္ေသာ္လည္း ေမာေရွ (Moses) သည္ လြတ္ေျမာက္လာခဲ့ရံုမက ဘုရင့္သမီးေတာ္၏ေမြးစားျခင္းကိုခံရသည္။ ေမာေရွ၏ေခါင္းေဆာင္မႈျဖင့္
အစၥေရးလ္ တစ္မ်ဳိးသားလံုး အီဂ်စ္လူမ်ဳိးတို႔၏ ကၽြန္ဘဝမွ လြတ္ေျမာက္လာၾကျပီး အီဂ်စ္နိုင္ငံ၏ အေရွ႕ေျမာက္အရပ္ဖက္တြင္ရိွသည့္ ခါနန္ျပည္ (ယေန႔လက္ရိွအစၥေရးလ္နိုင္ငံ) ၏နယ္နမိတ္အထိ၊
ဆိုင္းနိုင္းသဲကႏာၱရကိုျဖတ္သန္းျပီးေရာက္ရိွလာၾကသည္။ အစၥေရးလ္လူမ်ဳိးတို႔အား လြတ္လပ္ ခြင့္
မေပးခ်င္ေပးခ်င္ဘဲ အီဂ်စ္နိုင္ငံမွထြက္ခြါခြင့္ေပးလိုက္ရေသာ အီဂ်စ္ဘုရင္မွာ (Ramesses II) ဘုရင္ႀကီး ျဖစ္သည္ဟု သမိုင္းသုေသသီမ်ားကယူဆထားသည္။ ဘုရားသခင္၏စကားကိုနားမေထာင္ျခင္းနွင့္ အမ်ဳိးမ်ဳိးေသာ အျပစ္မ်ားေၾကာင့္ ရက္ ၄ဝ သြားရမည့္ခရီးကိုနွစ္ေပါင္း ၄ဝသြားခဲ့ရသည္။
ဘုရားသခင္က သူတို႔ လိုက္နာရမည့္ပညတ္ေတာ္ (၁ဝ)ပါးကိုဤခရီးလမ္းခုလတ္တြင္ေပးခဲ့သည္။
ခရီးဆံုးျဖစ္ေသာခါနန္ျပည္ကိုမဝင္ေရာက္နိုင္ခင္ မွာပင္ေခါင္းေဆာင္ႀကီး ေမာေရွေခၚေတာ္မူျခင္းခံရသျဖင့္၊ ေယာရႈ ကဆက္လက္၍ ဦးေဆာင္ျပီး ခါနန္ျပည္ ကိုစီးနင္းသိမ္းပိုက္ကာ အစၥေရးလ္နိုင္ငံကိုထူေထာင္သည္။ အီဂ်စ္နိုင္ငံမွစတင္ထြက္ခြါခဲ့စဥ္တြင္ပါဝင္သူမ်ားထဲမွ ေယာရႈ နွင့္ကာလက္သာလွ်င္ ခါနန္ျပည္ကိုဝင္ခြင့္ ရၾကျပီး၊ က်န္သည့္သူမ်ားသည္ လမ္းခုလတ္တြင္ ေမြးဖြါးသည့္သူမ်ားျဖစ္ၾကသည္။
ထိုအခိ်န္မွစျပီးနွစ္ေပါင္း၂ဝဝ ခန္႔ အတြင္းဘုရင္ဟူ၍မရိွခဲ့ဘဲ တရားသူႀကီးမ်ား ျဖစ္ေသာ ေဒေဘာရ၊ ဂိဒုန္၊ နွင့္ လူသန္ႀကီး ရံွဆုန္ကဲ့သို႔ေသာ ဘုရားသခင္အထူးေရြးခ်ယ္ထားသည့္သူမ်ားက အစစအရာရာ ဦးစီး
ေဆာင္ရြက္ခဲ့သည္။ တရားသူႀကီးမ်ား ေခတ္ေနာက္ပိုင္းကာလတြင္ 'ဟနၷ'ဟုေခၚေသာအေမတစ္ေယာက္ သည္ သူမ၏သားငယ္ မေမြးဖြါးခင္ကပင္ တသက္လံုးဘုရားသခင္၏အေစခံကၽြန္ ျဖစ္ေစပါမည့္အေၾကာင္း ဘုရားသခင္ထံ အပ္နံွဆုေတာင္းသည္။ မိခင္ႀကီး ဟႏၷ ၏သားသည္ ေနာင္တြင္ပေရာဖက္ရွေမြလ
(Samuel) ျဖစ္လာသည္။ အစၥေရးလ္လူမ်ဳိးမ်ား၏ အတန္တန္ေတာင္းဆိုမႈေၾကာင့္ ခရစ္မေပၚခင္နွစ္
ေပါင္း ၁ဝ၅ဝ ပတ္ဝန္းက်င္ခန္႔တြင္ 'ေရွာလု' ဆိုသူအား အစၥေရးလ္လူမ်ဳိးမ်ား၏ ပထမဦးဆံုးေသာဘုရင္
အျဖစ္ ပေရာဖက္ ရွေမြလက ဘိသိက္ေပးခဲ့သည္။ ဘီစီ ၁ဝဝဝ ခန္႔ေရာက္ေသာအခါ သိုးေက်ာင္းသား
ကေလး ဒါဝိဒ္ (David) သည္ပါလက္စတိုင္း စစ္သူရဲ လူသန္ႀကီး ေဂါလိယက္ကို အနိုင္ယူသတ္ျဖတ္ကာ
အစၥေရးလ္ႏိုင္ငံေတာ္ကို ထူေထာင္သည့္အစၥေရးလ္လူမ်ဳိးမ်ား၏ ဒုတိယေျမာက္ေသာဘုရင္ႀကီးျဖစ္
လာသည္။ ဒါဝိဒ္ဘုရင္မင္းႀကီး နတ္ရြာစံျပီး ေနာက္အရိုက္အရာကို သားျဖစ္ သူေရွာလမုန္ (Solomon) က
ဆက္ခံကာ၊ ခမည္းေတာ္ ဒါ၀ိဒ္ မင္းႀကီး၏ စိတ္ကူးအိမ္မက္ျဖစ္ခဲ့ေသာ ေဂ်ရုရွလင္ၿမိဳ႕တြင္ ဘုရားသခင္၏ ဗိမာန္ေတာ္ေဆာက္လုပ္ရန္အစီအစဥ္ကို ခရစ္ေတာ္မေပၚခင္ နွစ္ေပါင္း ၉၅ဝ ခန္႔တြင္ အေကာင္အထည္
ေဖာ္တည္ေဆာက္ခဲ့သည္။
ေရွာလမုန္မင္းႀကီးနတ္ရြာစံျပီးေနာက္ ျပည္တြင္းစစ္ျဖစ္ပြားျပီးနိုင္ငံနွစ္ျခမ္းကဲြသြားသည္။ ေျမာက္ဖက္ျခမ္းကို
အစၥေရးလ္နိုင္ငံဟုေခၚျပီး၊ ေတာင္ဖက္ျခမ္း နိုင္ငံကို ေရွာလမုန္၏သားက မင္းလုပ္ႀကီးစိုးကာ'ယုဒ' (Judea)
တိုင္းျပည္ဟု ေခၚသည္။ ခရစ္ေတာ္ေမြးဖြါးရန္နွစ္ေပါင္း ၉ဝဝ ခန္႔လိုေသးသည္။ ထိုေနာက္ ေျမာက္ပိုင္း အစၥေရးလ္နိုင္ငံမွာေရာ၊ ေတာင္ျခမ္းယုဒ တိုင္းျပည္တြင္ပါ မင္းအဆက္ဆက္ေျပာင္းလာခဲ့သည္။
အစၥေရးလ္လူမ်ဳိးမ်ားသည္ ဘုရားသခင္ကိုေမ့ေလ်ာ့လာၾကျပီး တိုင္းတပါး မွလာသည့္ ရုပ္တုဆင္းတုမ်ားကို ကိုးကြယ္လာၾကသည္။ ဘီစီ၇၂၂ တြင္ အဆီးရီးယန္း လူမ်ဳိးမ်ားက ေျမာက္ဖက္ျခမ္းျဖစ္သည့္အစၥေရးလ္ႏိုင္ငံ ကို က်ဴးေက်ာ္သိမ္းပိုက္လိုက္သည္။ ပေရာဖက္မ်ားက ရုပ္တုဆင္းတုကိုကိုးကြယ္ျခင္းမွေနာင္တရရန္၊ အႀကိမ္ႀကိမ္ သတိေပးေသာ္လည္းမလိုက္နာသည့္အဆံုး ဘုရားသခင္၏ဆံုးမျခင္းဒဏ္အျဖစ္ ေျမာက္ဖက္ ျခမ္း အစၥေရးလ္နိုင္ငံ၏ျမိဳ႕ေတာ္ ဆမားရီယား (Samaria) ျမိဳ႕သည္ အဆီးရီးယန္း လက္ေအာက္ က်ေရာက္သြားျခင္းျဖစ္သည္။
ေတာင္ဖက္ျခမ္းယုဒတိုင္းျပည္တြင္လည္း ပေရာဖက္ေယရမိသည္ ရုပ္တုဆင္းတုကိုးကြယ္ျခင္းမွ
ေနာင္တရရန္၊ အႀကိမ္ႀကိမ္သတိေပးေသာ္လည္း မလုိက္နာေသာေၾကာင့္ဘုရားသခင္၏ဒဏ္ခတ္ျခင္း
ကိုခံရျပီး ဘီစီ ၅၈၆ ခုနွစ္တြင္ ေဘဘီလံုအင္ပါယာ၏ က်ဳးေက်ာ္သိမ္းပိုက္ျခင္းကိုခံရရံုမက ျမိဳ႕ေတာ္ ေဂ်ရုရွလင္တျမိဳ႕လံုးကို မီးရိႈ႕ဖ်က္စီးေခ်မြျခင္းခံရျပီး ယုဒ တတိုင္းျပည္လံုး ေဘဘီလံုနိုင္ငံသို႔
သံု႔ပန္းအျဖစ္ ေခၚေဆာင္ျခင္းခံရသည္။
ေဘဘီလုံႏိုင္ေရာက္သြားေသာသူမ်ားထဲမွ ဘုရားသခင္အေပၚသစၥာေစာင့္သိ၍ ဆု မွန္မွန္ေတာင္းေလ့ရိွ ေသာ 'ဒံေယလ' သည္ ဘုရားသခင္၏ ေကာင္းႀကီးေပးျခင္း ခံရျပီး ရန္သူေဘဘီလံုနိုင္ငံ၏ နန္းတြင္း၌
အင္ပါယာဘုရင္မင္းျမတ္ႀကီး၏ေအာက္တြင္ အာဏာအရိွဆံုးေသာသူ တစ္ဦးျဖစ္လာသည္။
'ေယရေက်လ' သည္ေဘဘီလံုနိုင္ငံေရာက္ သံု႔ပန္းမ်ားကိုအဓိက ဝိညာဥ္ေရးရာ၌ အားေပးသူနွင့္
အားကိုးအားထားရာ ပေရာဖက္ႀကီးျဖစ္လာသည္။
ဘီစီ ၅၃၈ တြင္ ေဇရုဗေဗလ၏ဦးေဆာင္မႈျဖင့္ ယုဒတိုင္းျပည္သို႔ ပထမအသုတ္ျပည္ေတာ္ျပန္ခြင့္ရသည္။
'ေဇရုဗေဗလ' အမည္ ရိွသူ၏ဦးေဆာင္မႈျဖင့္ေဂ်ရုရွလင္ျမိဳ႕ေဟာင္းေနရာတြင္ပင္ ေဂ်ရုရွလင္ျမိဳ႕သစ္ကို
ျပန္တည္ေဆာက္ၾကသည္။ ဘီစီ ၄၅၈ ခုနွစ္တြင္ 'ဧဇရာ' ၏ ဦးေဆာင္မႈျဖင့္ ဒုတိယအသုတ္ ျပည္ေတာ္
ျပန္ခြင့္ရသည္။ ဘီစီ ၅၃၉ ခုနွစ္တြင္ပါရွန္း ဘုရင္ႀကီး 'ကုရု' (Cyrus) က ေဘဘီလံုနိုင္ငံ ကိုသိမ္းပိုက္ျပီး
သူ၏ခြင့္ျပဳခ်က္ျဖင့္ ဘီစီ၄၃၂ ခုနွစ္တြင္ ေနာက္ဆံုးအသုတ္သည္ 'ေနဟမိ' ၏ဦးေဆာင္မႈေအာက္တြင္
ျပည္ေတာ္ျပန္ခြင့္ရသည္။ 'ေနဟမိ' ၏ဦးေဆာင္မႈျဖင့္ 'ေဂ်ရုရွလင္' ျမိဳ႕ရိုးကို ျပန္လည္တည္ေဆာက္ႏိုင္ခဲ့ရံု မွ်မက နိုင္ငံေရးနွင့္လူမႈေရးျပဳျပင္မႈမ်ား၊ ဘာသာေရး သန္႔စင္ေရး ျပဳျပင္ေျပာင္းလဲမႈမ်ားကိုျပဳလုပ္ခဲ့သည္။ ဘီစီ ၃၃၃ ခုနွစ္တြင္ ဂရိအင္ပါယာ မင္းႀကီး 'အလက္ဇနၵရီးယားသည္ဂရိတ္' က ပါရွန္းအင္ပါတခုလံုးကိုသိမ္း ပိုက္လိုက္ျပန္သျဖင့္ အစၥေရးလ္' ႏိုင္ငံသည္လည္း 'ဂရိ' နိုင္ငံ၏ လက္ေအာက္အလိုလိုေရာက္သြားျပန္သည္။
ထို႔ေနာက္ဘီစီ ၃၂ဝ မွ ဘီစီ ၁၉၈ နွစ္အထိ အီဂ်စ္တို႔၏သိမ္းပိုက္မႈကို၄င္း၊ ဘီစီ ၁၉၈ ခုနွစ္ မွဘီစီ၆၃ ခုနွစ္အထိ ဆီးရီယား တို႔၏သိမ္းပိုက္မႈကို၄င္း ဆက္တိုက္ခံခဲ့ရသည္။ ဘီစီ ၆၃ ခုနွစ္ တြင္ ေရာမဘုရင္ 'ပြန္ေပ' က က်ဳးေက်ာ္သိမ္းပိုက္လိုက္ျပန္သည္။ ထို႔ေၾကာင့္ ခရစ္ေတာ္ ေမြးဖြါးခဲ့သည့္ အခိ်န္တြင္ အစၥေရးလ္နိုင္ငံသည္ ေရာမ နိုင္ငံ၏ကိုလိုနီ လက္ေအာက္ခံ ျဖစ္သည္။
ဤသည္ကားဓမၼေဟာင္းက်မ္းစာေခတ္ ကာလမွအေၾကာင္းအရာမ်ားေပတည္း။
(ဆက္လက္ေဖာ္ျပပါမည္)
နာမေတာ္ျမတ္၌
ေသာင္းနိူး။
သမၼာက်မ္းစာအုပ္အေၾကာင္း (၃) >>>>

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...