0

သမ္မာကျမ်းစာသည်ကျွန်တော်တို့ဘဝအတွက်မည်သို့အရေးပါသနည်း

 
သမ္မာကျမ်းစာသည်ကျွန်တော်တို့ဘဝအတွက်မည်သို့အရေးပါသနည်

Unicode & Zawgyi Reshare-#9Dan
"သမ္မာကျမ်းစာမှရရှိသော အသိဉာဏ်ပညာသည် ကောလိပ်ကျောင်းမှ သင်ယူရရှိသော ပညာရေးထက် ပို၍တန်ဖိုးရှိသည်" (Theodore Roosevelt, အမေရိကန် သမတ္တဟောင်း)

မိတ်ဆွေရဲ့ဘဝမှာ ချစ်ခြင်း၊ နာကျဉ်ခြင်း၊ အပြစ်ရှိခြင်း၊ အထီးကျန်ခြင်း၊ အောင်မြင်ခြင်း တို့နဲ့ပါတ်သက်ပြီး မေးခွန်းပေါင်းများစွာကို ရင်ဆိုင်ရပါသလား? ဤအရာများ အားလုံးနှင့်ပါတ်သက်ပြီး သမ္မာကျမ်းစာမှာ အဖြေရှိပါတယ်။

သမ္မာကျမ်းစာသည် အလင်းဖြစ်သည်
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊ (ဆာ ၁၁၉ း ၁၀၅)။
နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏ (ဆာ ၁၁၉ း ၁၃၀)။ အလင်းအားဖြင့် သွားရမည့်လမ်း၊ ဦးတည်ရာ ကိုထင်ထင်ရှားရှားတွေ့မြင်စေပါသည်။ သမ္မာကျမ်းစာသည် ကျွန်တော်တို့ကို အလင်းပေးပြီး ဘုရားရှင်၏ အကြံစည်တော် တို့ကို မီးမောင်းထိုးကာ လမ်းမှန်ကို ထင်ရှားစေပါသည်။

သမ္မာကျမ်းစာသည် ကြည့်မှန်ဖြစ်သည်
တရားကိုမကျင့်ဘဲနာရုံမျှသာပြုသောသူမည် သည်ကား၊ မှန်၌မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဍန်ကိုချက်ခြင်း မေ့လျော့တတ်၏ (ယာ ၁ း ၂၃-၂၄)။
ဘုရားသခင်သည်သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း အလုံးစုံ တို့ကို မိမိကိုယ်ကို မိမိ မှန်တွင်ကြည့် သကဲ့သို့ မြင်၊ သုံးသတ်၊ ပိုင်းခြားနိုင်စေပါသည်။ ကျွန်ုပ်တို့၏ အပြင်ဘန်းသာမက အတွင်းစိတ်၊ မနော၊ ဝိညာဉ် တို့ကို မှန်တွင် မိမိကိုယ်ကိုယ်ကြည့် မြင်သကဲ့သို့ မြင်စေနိုင်ပါသည်။

သမ္မာကျမ်းစာသည်ဝိညာဉ်အတွက်အစားအစာဖြစ်သည်
ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သောစိတ် ရှိကြလော့ (၁ပေ ၂ း ၂-၃)။
ကောင်း ကျိုး မကောင်းကျိုးကိုပိုင်းခြား၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်းများသော သူတည်းဟူသော၊ စုံလင်သောအရွယ်ရှိသောသူတို့မူကား၊ ကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏ (ဟေဗြဲ ၅ း ၁၄)။
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ အတွေးအခေါ်၊ နှလုံးသား၊ အကျင့်စရိုက်၊ ချစ်ခြင်းတရား၊ ရိုးသားခြင်း နှင့် အစွမ်းသတ္တိ တို့ကို ရင့်ကျက်တည်ငြိမ်စွာတိုးတက်ကြီးပွါးမှုရရှိရန် မှီဝဲရမည့် ကျွန်ုပ်တို့၏ ဝိညာဉ်အတွက် နေ့စဉ်အစာဖြစ်သည်။

သမ္မာကျမ်းစာသည် အကာအကွယ်ဖြစ်သည်
ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏ (ဆာ ၁၁၉ း ၁၁၄ )။
သမ္မာကျမ်းစာသည် ကြောက်ရွံ့ခြင်း၊ သံသယဖြစ်ခြင်း၊ မှားယွင်းခြင်း၊ မလုံမခြုံဖြစ်ခြင်း၊ သိမ်ငယ်မှုကိုခံစားခြင်းနှင့် အလွန်အကျွံခံစားမှုနောက်သို့လိုက်ပါခြင်းစသော အရာများ အပြင် လောကီရေးရာ အခက်အခဲများတို့မှ အကာအကွယ်ပေး ပါသည်။

သမ္မာကျမ်းစာသည် ကျောက်ဆောင်ဖြစ်သည်
ငါ့ထံသို့ လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်း ဟူမူကား၊ တိုက်ကို တည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကို ရိုက်ခတ်သောအခါ ကျောက်ပေါ်မှာတည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ (လု ၆ း ၄၇- ၄၈)။
လောကမုန်တိုင်းတည်းဟူသော ဖျားနာခြင်း၊ ဒဏ်ရာအနာတရဖြစ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ကွဲကွာခြင်း၊ ဆုံးရှုံးခြင်း၊ ဆုတ်ယုတ်ခြင်း အမျိုးမျိုး တို့ကို ကြံ့ကြံ့ခံ ရင်ဆိုင် နိုင်ရန်အတွက် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ အမြစ်တည်ရာ ကျောက်ဆောင်၊ အုတ်မြစ်ဖြစ်ပါသည်။

သမ္မာကျမ်းစာသည် တိုင်ပင်ဖော်၊ ပဲ့ပြင်သူဖြစ်သည်
အကျွနု်ပ်ကို ဉာဏ်ပေး၍ ပဲ့ပြင်တော်မူမည်…… (ဆာ ၇၃ း၂၄)။
အခက်အခဲနှင့် ဒုက္ခတွေ့ကြုံချိန်တွင် ဉာဏ်ပညာ အမြော်အမြင်ရှိသော မိတ်ဆွေတစ်ဦးထံမှ အကြံဉာဏ်ကောင်း ရရှိခြင်းသည် အလွန်တန်ဖိုးရှိသကဲ့သို့၊ ကြုံတွေ့နေရသော လောကပြဿနာ များအတွက် သမ္မာကျမ်းစာသည် အကောင်းဆုံးတိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်သည်။

မိတ်ဆွေ သမ္မာကျမ်းစာကို ဖတ်ရှု၊ ဆင်ခြင်ပြီး ယုံကြည်စွာ လက်တွေ့ အသုံးချခြင်းဖြင့် သင့်အသက်တာကို အံ့သြဘွယ်ကောင်းစွာ ပြောင်းလည်းပြုပြင်နိုင်ပါတယ်။ ဘုရားသခင်၏ သမ္မာကျမ်းစာအားဖြင့် ဘဝအသက်တာတွင် အေးချမ်းသာယာမှု ကိုရရှိပြီး အောင်မြင်သူများဖြစ်နိုင်ကြပါစေ ဟု ဆန္ဒပြုရင်း

သောင်းနိုး

မှတ်ချက်။ http://70030.netministry.com/articles_view.asp?articleid=31645&columnid=3801 မှ What Difference can the Bible Make in My Life? ကို ကိုးကားတင်ပြထားပါသည်။

သမၼာက်မ္းစာသည္ကၽြန္ေတာ္တို႔ဘ၀အတြက္မည္သို႔အေရးပါသနည္း

Unicode & Zawgyi Reshare-#9Dan
"သမၼာက်မ္းစာမွရရွိေသာ အသိဥာဏ္ပညာသည္ ေကာလိပ္ေက်ာင္းမွ သင္ယူရရွိေသာ ပညာေရးထက္ ပို၍တန္ဖိုးရွိသည္" (Theodore Roosevelt, အေမရိကန္ သမတၱေဟာင္း)

မိတ္ေဆြရဲ႕ဘ၀မွာ ခ်စ္ျခင္း၊ နာက်ဥ္ျခင္း၊ အျပစ္ရွိျခင္း၊ အထီးက်န္ျခင္း၊ ေအာင္ျမင္ျခင္း တို႔နဲ႕ပါတ္သက္ၿပီး ေမးခြန္းေပါင္းမ်ားစြာကို ရင္ဆိုင္ရပါသလား? ဤအရာမ်ား အားလံုးႏွင့္ပါတ္သက္ၿပီး သမၼာက်မ္းစာမွာ အေျဖရွိပါတယ္။

သမၼာက်မ္းစာသည္ အလင္းျဖစ္သည္
ႏႈတ္ကပတ္ေတာ္သည္ အကြၽႏ္ုပ္ေျခေရွ႕မွာ မီးခြက္ျဖစ္ ၍ အကြၽႏ္ုပ္လမ္းခရီးကို လင္းေစပါ၏၊ (ဆာ ၁၁၉ း ၁၀၅)။
ႏႈတ္ကပတ္ေတာ္ကို ဖြင့္ျပျခင္းသည္ အလင္းကို ေပး၍ မလိမၼာေသာသူတို႔ကို လိမၼာေစတတ္ပါ၏ (ဆာ ၁၁၉ း ၁၃၀)။ အလင္းအားျဖင့္ သြားရမည့္လမ္း၊ ဦးတည္ရာ ကိုထင္ထင္ရွားရွားေတြ႕ျမင္ေစပါသည္။ သမၼာက်မ္းစာသည္ ကၽြန္ေတာ္တို႔ကို အလင္းေပးၿပီး ဘုရားရွင္၏ အႀကံစည္ေတာ္ တို႔ကို မီးေမာင္းထိုးကာ လမ္းမွန္ကို ထင္ရွားေစပါသည္။

သမၼာက်မ္းစာသည္ ၾကည့္မွန္ျဖစ္သည္
တရားကိုမက်င့္ဘဲနာရုံမွ်သာျပဳေသာသူမည္ သည္ကား၊ မွန္၌မိမိပကတိမ်က္ႏွာကို ၾကည့္ေသာသူႏွင့္တူ၏။ အေၾကာင္းမူကား၊ ကိုယ္ကိုကိုယ္ၾကည့္ၿပီးမွ၊ အျခားသို႔သြား၍ မိမိအဆင္းသ႑န္ကုိခ်က္ျခင္း ေမ့ေလ်ာ့တတ္၏ (ယာ ၁ း ၂၃-၂၄)။
ဘုရားသခင္သည္သမၼာက်မ္းစာအားျဖင့္ ကၽြႏ္ုပ္တို႔၏ ျဖစ္ျခင္း၊ ပ်က္ျခင္း အလံုးစံု တို႔ကို မိမိကိုယ္ကို မိမိ မွန္တြင္ၾကည့္ သကဲ့သို႔ ျမင္၊ သံုးသတ္၊ ပိုင္းျခားႏိုင္ေစပါသည္။ ကၽြႏ္ုပ္တို႔၏ အျပင္ဘန္းသာမက အတြင္းစိတ္၊ မေနာ၊ ၀ိညာဥ္ တို႔ကို မွန္တြင္ မိမိကိုယ္ကိုယ္ၾကည့္ ျမင္သကဲ့သို႔ ျမင္ေစႏိုင္ပါသည္။

သမၼာက်မ္းစာသည္၀ိညာဥ္အတြက္အစားအစာျဖစ္သည္
ကယ္တင္ျခင္း အလိုငွါ ႏႈတ္ကပတ္ တရား၏ႏို႔စစ္အားျဖင့္ ႀကီးပြားမည္အေၾကာင္း ဘြားစေသာသူငယ္ကဲ့သို႔၊ ထိုတရားႏို႔ကို အလြန္လိုခ်င္ေသာစိတ္ ရွိၾကေလာ့ (၁ေပ ၂ း ၂-၃)။
ေကာင္း က်ဳိး မေကာင္းက်ဳိးကိုပိုင္းျခား၍ သိႏိုင္ေသာဥာဏ္ေပးတတ္ေသာ၊ အၾကားအျမင္ အေတြ႔အစမ္းမ်ားေသာ သူတည္းဟူေသာ၊ စံုလင္ေသာအရြယ္ရွိေသာသူတို႔မူကား၊ ေၾကခဲေသာအစာအာဟာရကိုသံုးေဆာင္ရၾက၏ (ေဟၿဗဲ ၅ း ၁၄)။
သမၼာက်မ္းစာသည္ ကၽြႏ္ုပ္တို႔၏ အေတြးအေခၚ၊ ႏွလံုးသား၊ အက်င့္စရိုက္၊ ခ်စ္ျခင္းတရား၊ ရိုးသားျခင္း ႏွင့္ အစြမ္းသတၱိ တို႔ကို ရင့္က်က္တည္ၿငိမ္စြာတိုးတက္ႀကီးပြါးမႈရရွိရန္ မွီ၀ဲရမည့္ ကၽြႏ္ုပ္တို႔၏ ၀ိညာဥ္အတြက္ ေန႔စဥ္အစာျဖစ္သည္။

သမၼာက်မ္းစာသည္ အကာအကြယ္ျဖစ္သည္
ကိုယ္ေတာ္သည္ အကြၽႏ္ုပ္၏ အကြယ္အကာ၊ အကြၽႏ္ုပ္၏ ဒိုင္းလႊားျဖစ္ေတာ္မူ၏ (ဆာ ၁၁၉ း ၁၁၄ )။
သမၼာက်မ္းစာသည္ ေၾကာက္ရြံ႕ျခင္း၊ သံသယျဖစ္ျခင္း၊ မွားယြင္းျခင္း၊ မလံုမၿခံဳျဖစ္ျခင္း၊ သိမ္ငယ္မႈကိုခံစားျခင္းႏွင့္ အလြန္အကၽြံခံစားမႈေနာက္သို႔လိုက္ပါျခင္းစေသာ အရာမ်ား အျပင္ ေလာကီေရးရာ အခက္အခဲမ်ားတို႔မွ အကာအကြယ္ေပး ပါသည္။

သမၼာက်မ္းစာသည္ ေက်ာက္ေဆာင္ျဖစ္သည္
ငါ့ထံသို႔ လာ၍ ငါ့စကားကိုၾကားသည္အတိုင္း နားေထာင္ေသာသူသည္ အဘယ္သူႏွင့္တူသနည္း ဟူမူကား၊ တိုက္ကို တည္ေသာအခါ နက္စြာတူး၍ ေက်ာက္ေပၚမွာတိုက္ျမစ္ခ်ေသာသူႏွင့္တူ၏။ ျမစ္ေရထသျဖင့္ ေရစီး၍ ထိုတိုက္ကို ရိုက္ခတ္ေသာအခါ ေက်ာက္ေပၚမွာတည္လ်က္ရွိေသာေၾကာင့္ မလႈပ္ႏိုင္ရာ (လု ၆ း ၄၇- ၄၈)။
ေလာကမုန္တိုင္းတည္းဟူေသာ ဖ်ားနာျခင္း၊ ဒဏ္ရာအနာတရျဖစ္ျခင္း၊ ၀မ္းနည္းပူေဆြးျခင္း၊ ကြဲကြာျခင္း၊ ဆံုးရႈံးျခင္း၊ ဆုတ္ယုတ္ျခင္း အမ်ဳိးမ်ဳိး တို႔ကို ႀကံ႕ႀကံ႕ခံ ရင္ဆိုင္ ႏိုင္ရန္အတြက္ သမၼာက်မ္းစာသည္ ကၽြႏ္ုပ္တို႔ အျမစ္တည္ရာ ေက်ာက္ေဆာင္၊ အုတ္ျမစ္ျဖစ္ပါသည္။

သမၼာက်မ္းစာသည္ တိုင္ပင္ေဖာ္၊ ပဲ့ျပင္သူျဖစ္သည္
အကြၽႏု္ပ္ကို ဥာဏ္ေပး၍ ပဲ့ျပင္ေတာ္မူမည္…… (ဆာ ၇၃ း၂၄)။
အခက္အခဲႏွင့္ ဒုကၡေတြ႕ႀကံဳခ်ိန္တြင္ ဥာဏ္ပညာ အေျမာ္အျမင္ရွိေသာ မိတ္ေဆြတစ္ဦးထံမွ အႀကံဥာဏ္ေကာင္း ရရွိျခင္းသည္ အလြန္တန္ဖိုးရွိသကဲ့သို႔၊ ႀကံဳေတြ႕ေနရေသာ ေလာကျပႆနာ မ်ားအတြက္ သမၼာက်မ္းစာသည္ အေကာင္းဆံုးတိုင္ပင္ေဖာ္တိုင္ပင္ဖက္ျဖစ္သည္။

မိတ္ေဆြ သမၼာက်မ္းစာကို ဖတ္ရႈ၊ ဆင္ျခင္ၿပီး ယံုၾကည္စြာ လက္ေတြ႕ အသံုးခ်ျခင္းျဖင့္ သင့္အသက္တာကို အ့ံၾသဘြယ္ေကာင္းစြာ ေျပာင္းလည္းျပဳျပင္ႏိုင္ပါတယ္။ ဘုရားသခင္၏ သမၼာက်မ္းစာအားျဖင့္ ဘ၀အသက္တာတြင္ ေအးခ်မ္းသာယာမႈ ကိုရရွိၿပီး ေအာင္ျမင္သူမ်ားျဖစ္ႏိုင္ၾကပါေစ ဟု ဆႏၵျပဳရင္း

ေသာင္းႏိုး

မွတ္ခ်က္။ http://70030.netministry.com/articles_view.asp?articleid=31645&columnid=3801 မွ What Difference can the Bible Make in My Life? ကို ကိုးကားတင္ျပထားပါသည္။

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...