0
ပရောဖက် ဧလိယ ပုံးခဲ့ သော ဂူ
ပရောဖက် ဧလိယ ပုံးခဲ့ သော ဂူ
Unicode & Zawgyi Reshare-#9Dan
Myanmar Christian Youths
Church/Religious Organization · 3,529 Likes
Options for this story
ပရောဖက် ဧလိယ ပုံးခဲ့ သော ဂူ
Saya Happy Lian
ဒီနေရာလေးကတော့ ဟိုးခရစ်တော်မပေါ်ခင် ၉ ရာစုနှစ်လောက်က အင်မတန်မှ ထင်ရှားကြော်ကြားခဲ့တဲ့နေရာလေးတစ်ခုပါ... ဘယ်လိုမှမေ့ပျောက်လို့မရတဲ့ အဖြစ်အပျက်ကြီးတစ်ခု.. ထာဝရဘုရားသခင်ဟာ ထာဝရအသက်ရှင်တဲ့တစ်ဆူတည်းဘုရားြ ဖစ်တဲ့အကြောင်းကို မယုံကြည်သူ၊ Baal ဘုရားကို ကိုးကွယ်တဲ့သူတွေ၊ ပရောဖတ်တွေရဲ့ရှေ့မှာ ကောင်းကင်က မီးဆင်းသက်လာပြီး ရေတွေအထက်ထက်လောင်းထားတဲ့ ထာဝရဘုရားကို ပူဇော်မယ့် ယစ်ကောင်ကိုလောင်ကျွမ်းစေခဲ့တဲ့ ပရောဖတ်ဧလိယ တည်ဆောက်ခဲ့တဲ့ ယဇ်ပလ္လင်တည်ရှိခဲ့တဲ့နေရာဖြစ်ပါတယ်... အဲဒီယစ်ပူဇော်ပြီးတဲ့နောက်မှာ ပရောဖတ်ဧလိယက Baal ဘုရားကို ကိုးကွယ်တဲ့ ပရောဖတ် ၄၅၀ ကို သတ်ခဲ့ပါတယ်.. ဒီနေရာကို El-Muhraqa လို့ခေါ်ပြီး ကရမေလတောင်ပေါ်မှာ တည်ရှိပါတယ်.. ဒီကြောင်းအရာအပြည့်အဆုံကိုတော့ ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၈ မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်.. အပြည့်အစုံဖတ်ချင်တဲ့သူတွေအတွက်တစ်ဆက်တည်းဒီမှာတင်ပေးလိုက်ပါတယ်..
(၁၅ ဧလိယကလည်း ငါကိုးကွယ်သောကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း၊ ငါသည်ယနေ့ အာဟပ်မင်းအားကိုယ်ကိုအမှန်ပြမည်ဟု ဆိုပြန်သော်၊ ၁၆ သြဗဒိသည်အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည်ဧလိယကို ကြိုဆိုအံ့သောငှါသွား၍၊ ၁၇ တွေ့မြင်သောအခါ၊ သင်သည်ဣသရေလအမျိုး ကိုနှောက်ရှက်သော သူမှန်သလောဟု မေးလျှင်၊ ၁၈ ဧလိယက၊ ငါသည်ဣသရေလအမျိုးကိုမနှောက်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရာ၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအ မျိုးကိုနှောက်ရှက်ကြပြီ။ ၁၉ သို့ရာတွင်လူကိုယခုစေလွှတ်၍ ဣသရေလအမျိုးသား အပေါင်းတို့ကိုင်း၊ ဗာလမရော ဖက်လေးရာငါဆယ်ကိုင်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပရောဖက် လေးရာကိုင်း၊ ကရမေလတောင်၊ ငါ့ထံသို့စုဝေးစေလော့ဟု ဆိုသည်အတိုင်း၊ ၂၀ အာဟပ်သည်ဣသရေလ အမျိုးသားအပေါင်းတို့ရှိရာသို့ လူကိုစေလွှတ်၍၊ ပရောဖက်တို့ကိုကရမေလ တောင်ပေါ်မှာစုဝေးစေ၏။ ၂၁ ဧလိယသည်လူများရှိရာသို့လာ၍၊ သင်တို့သည်ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့်နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည်ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်း ကပ်ကြလော့။ ဗာလသည်ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်းကပ်ကြလော့ဟုဆိုလျင်၊ လူများတို့သည် တိတ်ဆိတ်စွာနေကြ၏။ ၂၂ တဖန်ဧလိယက၊ ထာဝရဘုရား၏ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရောဖက်ကားလေးရာ ငါးဆယ်ရှိကြ၏။ ၂၃ နွားနှစ်ကောင်ကိုပေးကြလော့။ သူတို့သည်တကောင်ကို ရွေး၍ အပိုင်းပိုင်းဖြက်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်းနွားတကောင်ကိုလုပ်၍ ထင်းပေါ်မှာတင်မည်။ မီးကိုမထည့်။ ၂၄ သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်းထာဝရဘုရား၏ နာမတော်ကိုဟစ်ခေါ်မည်။ မီးဖြင့်ထူးတော်မူ သောဘုရားသည် ဘုရားသခင် မှန်ပါစေဟု လူများတို့အားပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။ ၂၅ တဖန်ဧလိယက၊ သင်တို့သည်များသောကြောင့် နွားတကောင်ကို အရင်ရွေ့၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့ဟု ဗာလ၏ပရောဖက်တို့အား ဆိုသည်အတိုင်း၊ ၂၆ သူတို့သည်လူများပေးသောနွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွနု်ပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍မွန်းတည့်အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည်ကိုယ်တည်သောယဇ်ပလ္လင်ရှေ့မှာ ကခုန် ကြ၏။ ၂၇ မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည်ဘုရားဖြစ်တော်မူ၏။ ဆင်ခြင် လျက်နေတော်မူ၏။ သို့မဟုတ်တစုံတခုကိုလိုက်၍ရှာတော်မူ၏။ သို့မဟုတ်ခရီးသွားတော်မူ၏။ သို့မဟုတ်ကျိန်းစက် တော်မူသောကြောင့်၊ တစုံတယောက်သောသူသည် နှိုးရမည်ဟုပြက်ယယ်ပြု၍ဆို၏။ ၂၈ သူတို့သည်လည်း ကျယ်သောအသံနှင့်ဟစ်၍ ထုံးစုံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါထား၊ သံစူးနှင့် ကိုယ်ကိုရှစေကြ၏။ ၂၉ မွန်းလွဲ၍ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင်ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊ ၃၀ ဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကို ခေါ်သည့်အတိုင်း၊ လူအပေါင်းတို့သည်အနီးသို့လာကြ၏။ ထိုအခါ ဧလိယသည်ပြိုပျက်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊ ၃၁ သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသောထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သားအမျိုးအနွှယ်အရေအတွက်အတိုင်း၊ ကျောက်တဆယ်နှစ်လုံးကိုယူ၍၊ ၃၂ ထာဝရဘုရား၏ နာမတော်အဘို့ယဇ်ပလ္လင်ကိုတည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သော ကျူံးကိုယဇ်ပလ္လင်ပတ်လည်၌တူးလေ၏။ ၃၃ ထင်းကိုစီး၍ နွားကိုလည်းအပိုင်း ပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာတင်လေ၏။ ၃၄ အိုးလေးလုံးကိုရေနှင့် အပြည့်ထည့်၍၊ မီးရှို့စရာယဇ်နှင့်ထင်းပေါ်မှာ လောင်းကြလော့ဟု ဆိုသည့်အတိုင်းသူတို့သည် လောင်းပြီးမှ၊ တဖန်လောင်းကြ ဦးလော့ဟုဆိုသည့်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ်တိုင်အောင်လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည်သုံးကြိမ် တိုင်အောင်လောင်းကြ၏။ ၃၅ ရေသည်ယဇ်ပလ္လင်ပတ်လည်၌စီး၍ ကျုံးသည်လည်းရေနှင့် ပြည့်လေ၏။ ၃၆ ညဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည်ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ ဘုရားသခင် ဖြစ်တော်မူကြောင်းကိုင်း၊ အကျွနု်ပ်သည်ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုင်း၊ ယနေ့သိကြပါစေသော၊ ၃၇ အိုထာဝရဘုရား၊ ကိုယ်တော်သည်ထာဝရ အရှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုင်း၊ ဤလူတို့ စိတ်သဘောကိုပြောင်းလဲစေတော်မူကြောင်းကိုင်း၊ သူတို့သည် သိစေခြင်းငှါ အကျွနု်ပ်စကားကိုနားထောင်တော်မူပါ။ နားထောင်တော်မူပါ
ဟု ဆုတောင်းလေ၏။ ၃၈ ထိုအခါထာဝရဘုရား၏ မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျူံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။ ၃၉ လူအပေါင်းတို့သည်မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏ ဟုဝန်ခံကြ၏။ ၄၀ ဧလိယကလည်း၊ ဗာလ၏ ပရောဖက်တို့ကိုဘမ်းဆီးကြ လော့။ တယောက်ကိုမျှမလွှတ်စေနှင့်ဟုစီရင်သည့်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။)
Options for this story
Saya Happy Lian
ဒီနေရာလေးကတော့ ဟိုးခရစ်တော်မပေါ်ခင် ၉ ရာစုနှစ်လောက်က အင်မတန်မှ ထင်ရှားကြော်ကြားခဲ့တဲ့နေရာလေးတစ်ခုပါ... ဘယ်လိုမှမေ့ပျောက်လို့မရတဲ့ အဖြစ်အပျက်ကြီးတစ်ခု.. ထာဝရဘုရားသခင်ဟာ ထာဝရအသက်ရှင်တဲ့တစ်ဆူတည်းဘုရာြး ဖစ်တဲ့အကြောင်းကို မယုံကြည်သူ၊ Baal ဘုရားကို ကိုးကွယ်တဲ့သူတွေ၊ ပရောဖတ်တွေရဲ့ရှေ့မှာ ကောင်းကင်က မီးဆင်းသက်လာပြီး ရေတွေအထက်ထက်လောင်းထားတဲ့ ထာဝရဘုရားကို ပူဇော်မယ့် ယစ်ကောင်ကိုလောင်ကျွမ်းစေခဲ့တဲ့ ပရောဖတ်ဧလိယ တည်ဆောက်ခဲ့တဲ့ ယဇ်ပလ္လင်တည်ရှိခဲ့တဲ့နေရာဖြစ်ပါတယ်... အဲဒီယစ်ပူဇော်ပြီးတဲ့နောက်မှာ ပရောဖတ်ဧလိယက Baal ဘုရားကို ကိုးကွယ်တဲ့ ပရောဖတ် ၄၅၀ ကို သတ်ခဲ့ပါတယ်.. ဒီနေရာကို El-Muhraqa လို့ခေါ်ပြီး ကရမေလတောင်ပေါ်မှာ တည်ရှိပါတယ်.. ဒီကြောင်းအရာအပြည့်အဆုံကိုတော့ ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၈ မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်.. အပြည့်အစုံဖတ်ချင်တဲ့သူတွေအတွက်တစ်ဆက်တည်းဒီမှာတင်ပေးလိုက်ပါတယ်..
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...