Unicode & Zawgyi Reshare-#9Dan ခရစ်တော်တိဘက်သွားပါသလား?
ခရစ်ယာန်ဘာသာ၏ ဘုရားရှင် ယေရှု ဘုရားသခင်သည် လူသားတိုင်း၏ အပြစ်တို့ကို ဆေးကြောရွေးနှုတ်ကယ်တင်ရန်အတွက် လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်က လူသားဇာတိအဖြစ် ခံယူကာ လူသားအဖြစ်မွေးဖွားလာခဲ့သည်။ သူ၏ ဘဝအသက်တာလမ်းကြောင်း ကို ခရစ်ယာန်တို့၏ သမ္မာကျမ်းစာတွင် အနည်းအကျဉ်းမျှသာ ဖော်ပြခဲ့သည်။ ထူးခြားမှု အနေဖြင့် သူ၏ ဘဝ ကို ၁၂ မှပြီး အသက် ၃၀ အထိ သမ္မာကျမ်းစာတွင် ဖော်ပြမှု မရှိ။ ယင်းသည် အများစုအတွက် စိတ်ဝင်စားစရာဖြစ်သော ၁၈ နှစ်တာကာလဖြစ်သည်။ ဝေဖန်ထောက်ပြလိုသူအတွက် ယင်းသည် ထောက်ပြစရာဖြစ်လာသည်။ ယေရှု သည် လူသားတို့၏ အပြစ်အလုံးစုံကို ဖြေလွှတ်ကယ်တင်ရန်ဆင်းသက်လာသူ ဘုရားမှန်ပါက ဤ မျှအဖိုးတန်သောနှစ်တို့တွင် မည်သည့်အရာကို ပြု လုပ်နေပါသနည်း? အချို့တို့က ယေရှု သည် တိဘက်သို့သွားပြီး ဗုဒ္ဓဘာသာ ကို သင်ယူသည်ဟူ၍ လည်းကောင်း အိန္ဒိယသို့သွားသည် ဂျပန်သို့သွားသည် အင်္ဂလန်သို့သွားသည် စသည်ဖြင့် အမျို းမျို းသုံးသပ်ဝေဖန်ကြလေသည်။ ထိုသို့သုံးသပ်ဝေဖန်ထောက်ပြမှုများတွင် တိဘက်သို့သွား၍ ဗုဒ္ဓဘာသာကိုသင်ယူသည်ဆိုသည်က လူအများစု စိတ်အဝင်စားဆုံးဖြစ်သောကြောင့် ယေရှု သည် တိဘက်သို့သွား၍ ဗုဒ္ဓဘာသာကိုသင့်ယူလေ့လာပြီး အမှန်တကယ် ရဟန်းဝတ်ခဲခြင်း ရှိမရှိကို ဤဆောင်းပါးတွင် အချက်အလက်များဖြင့် ဆွေးနွေးပေးသွားပါမည်။
(၁) သမိုင်းအထောက်အထားဖြင့် ရှင်းလင်းချက်
-ရန်ကုန်တက္ကသိုလ် သမိုင်းဋ္ဌာန၏ ဖော်ပြချက်အရ တိဘက်ပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိချိန်သည် AD 647 ဖြစ်သည်ဟုသိရပါသည်။
-
ကမ္ဘာသိသမိုင်းပညာရှင် အိပ်ဂျီဝဲလ် ဆိုသူက ဗုဒ္ဓဘာသာသည် တိဘက်ပြည်သို့ AD 650 ဝန်းကျင်မှသာ ရောက်သည်ဟုဖော်ပြသည်။
-ခရစ္စမတ်မန်ရီဆိုသူ၏ ရေးသားချက်အရ တိဘက်ပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိချိန်မှာ AD ၇ ရာစုအလယ်မှသာရောက်သည်ဖော်ပြပါသည်။
-
အထက်ပါဖော်ပြချက်များနှင် နှိုင်းယှဉ်ပါက ယေရှု သည် BC 4 တွင်မွေးဖွားသူဖြစ်ပြီး AD 30 တွင် ကောင်းကင်ဘုံသို့တက်ကြွသွားပြီဖြစ်သောကြောင့် ခရစ်တော် တက်ကြွပြီး နှစ်ပေါင်း ၆၀၀ ဝန်းကျင်ကြာမှသာ တိဘက်ဒေသသို့ဗုဒ္ဓဘာသာရောက်ရှိကြောင်း ထင်ရှားလေသည်။
(၂) ပထဝီအထောက်အထားဖြင့် ရှင်းလင်းချက်။
-တိဘက်နှင့် ယေရုရှလင်သည် မြေပုံပေါ်တွင် မိုင်ပေါင်း ၃၈၅၀ ရှိပါသည်။ ထိုခေတ်သွားနှုန်းအတိုင်းသာသွားပါက ဆယ်နှစ်ခန့်သွားရမည်ဖြစ်ပြီး အသွားအပြန်အနှစ် ၂၀ဤခန့်ကြာပါလိမ့်မည်။ တကယ်စဉ်းစားကြည့်တော့ အေဒီ-၃၀ ခုနှစ်ပတ်ဝန်းကျင်မှာ ခရီးလမ်းပန်းဟာ ခက်ခဲလှပါတယ်။ ခြေကျင်ခရီးကို ( အချို့က ဂိုးရစ်ခ် ဆိုသူအပြောကို ကိုးကားတတ်လို့ ဂိုးရစ်ခ်ရဲ့ အဆိုအရ လေးလကြာ ခရီးနှင်ပြီး) သွားတယ်ဆိုတာ ဖြစ်နိုင်စရာမရှိပါဘူး။ ယေရှု ပျောက်ဆုံးသည်မှာ ၁၈ နှစ်သာဖြစ်လေသည်။
အချို့က ကမ္ဘာကျော် ပိုးလမ်းမအတိုင်းသွားသည်ဟု ဆိုကြသောကြောင့် ပိုးလမ်းမမြေပုံကို ပါတပါတည်းဖော်ပြလိုက်ပါသည်။ တိဘက်သို့ရောက်မရောက် ဆင်ခြင်သုံးသပ်နိုင်ပါသည်။
(၃) ဘာသာရေးအထောက်အထား
ဘာသာရေးအထောက်အထားအနေဖြင့် ယေရှု သည်
ဂျု းဘာသာဝင်ဖြစ်သည်။ ဂျူ းဘာသာဝင်များသည် ဘာသာရေးပညတ်ချက်အရ ဝက်သားအပါအဝင် ခွါကွဲပြီး စားမြုံ့ပြန်သောအသားမှအပ အခြားသောအသားကို မစား( တရား၁၄:၆ )။ ထို့အတူ အသွေး စင်သော လည်လှီးအသားကိုသာစားသည် (ဝတ် ၃:၁၇)။ ထိုသို့မစားသောသူများထံ နှစ်ပေါင်းများစွာတပည့်ခံယူသည်မှာ သာ၍မဖြစ်နိုင်။
ထို့အတူ ယေရှု သာ တိဘက်ဒေသတွင် ဗုဒ္ဓဘာသာကို သင်ယူခဲ့ပါက သူသည် အနတ္တတရား သစ္စာလေးပါးကို ဟောပြောသွန်သင်ရပေမည်။ သို့သော် ယေရှု ၏ တရားတော်များ သည် အနတ္တတရားကို မဖော်ပြ။ မသွန်သင်သည့်အပြင် သံသရာကိုလည်း မဟောကြား။ သံသရာပြတ်ခြင်း အကြောင်းကိုလည်းမသွန်သင်ခဲ့ပါ။
ယေရှု ၏ သွန်သင်မှု များတွင် ဓမ္မဟောင်းကို အကြိမ်ပေါင်း ( ၂၇ ) ကြိမ်မျှ ကိုးကားခဲ့သော်လည်း ဗုဒ္ဓ၏ အနတ္တတရားနှင့် ပါတ်သက်သောအရာကိုမူ တစ်ကြိမ်တခါမျှ မှမကိုးကား။ယေရှု သာအမှန်တကယ်တိဘက်သို့သွားရောက်ခဲ့ပါက ဖန်ဆင်းရှင် တည်ရှိခြင်းနှင့်ပါတ်သက်ပြီး ငြင်းပါယ်သော ဗုဒ္ဓတရားတော်များနှင့်ဆန့်ကျင်ပြီး . . . သူသာလျင်ထာဝရ အသက်ရှင်နိုင်ရန်အတွက် အရေးပါသူဖြစ်သည်ဟူသောအောက်ပါ အစွန်းရောက် တရားများကို သော်လည်းကောင်း အာဏာရှင်ဆန်သော တရားစကားများကို သော်လည်းကောင်း ယေရှု သည် မဟောကြားသင့်ပေ။
မသဲ ၂၂:၃၂
ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။
မသဲ ၂၈:၂၀
ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။
ယော ၄:၂၆
ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။
ယော၅:၃၀
ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။
ယော၆:၃၅
ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။
ယော ၁၀:၃၀
ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
ယော ၁၁:၂၅
ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
ယော ၁၃:၁၄
ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။
နောက်တခုက ခရီးသွားမသွား ကြည့်တဲ့အခါ
မဿသဲ ၂း၂၃ အရခရစ်တော်ကိုနာဇရက်လူဟု ခေါ်ကြလတ္တံဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ နာဇရက်အမည်ရှိသော မြို့သို့ ရောက်၍ အမြဲနေလေ၏။
လု ၄း၁၆ တွင်မူ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်တော်မူလျှင် ....
စသည့် ခရစ်ဝင်ကျမ်းပါ စကားများသည် ခရစ်တော် အဘယ်မှမသွားကြောင်းကို ဖေါ်ပြထားပါတယ်။
(၄)ယဉ်ကျေးမှု အထောက်အထား
နာဇရက်မြို့မှာ (၁၈) နှစ်တိုင်တိုင် နေထိုင်ခဲ့သော ခရစ်တော် ဘာလုပ်နေသနည်း။ ဤမေးခွန်းမှာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ Rev .သိမ်းအုပ် ၏ (၁၈)နှစ် ပြဿနာစာစောင်ကလေးတွင်မူ (၁၈)နှစ်ကာလ သူဘာလုပ်နေသည်ကို ဓလေ့ထုံးတမ်းအမြင် Customary View မှ တင်ပြ Point out လုပ်ပါတယ်။ မာကု ၆း၃ မှာ သူသည် လက်သမားသားမဟုတ်လော၊ မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ရှိမုန် ... တို့၏ အစ်ကိုမဟုတ်လော ဟု ဖေါ်ပြထားပါတယ်။ အချက်များမှ ..
ယေရှုသည် လက်သမားသားဖြစ်သည်။ ယုဒထုံးစံ၌ သားသမီးတို့တွင် အကြီးဆုံးသောသားသည် မိမိဝါသနာပါရ ကြိုက်နှစ်သက်ရာ လုပ်ငန်းကို လုပ်ကိုင်ရွေးချယ်၍မပြုရ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဖခင်၏ လုပ်ငန်းကို ဝိုင်းကူလုပ်ကိုင် သက်မွေးရသည်။ ကျန်သားသမီးများက မိမိစိတ်ကြိုက် နှစ်သက်ရာ၊ဝါသနာပါရာတို့ကို လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်ခွင့်ရကြသည်ကိုလည်းကောင်း၊ အသက်(၃၀)နှစ်မပြည့်မချင်း ဘာသာရေးဝင်ရောက် ဦးစီးခေါင်းဆောင်ပါဝင်လှုပ်ရှားခွင့်ပြုရိုးထုံးစံမရှိ၊ သဘာဝလည်းကျပါသည်။ အသက်(၃၀)ရှိမှ အတွေ့အကြုံရင့်ကျက်မှု၊ ဗဟုသုတစုံလင်မှုရှိပြီဖြစ်၍ ဘာသာရေးလုပ်ငန်းကို ဝင်ရောက်လုပ်ခွင်ပေးမြဲဖြစ်သည်ကို လည်းကောင်း....
ကောက်နုတ်၍ (၁၈)နှစ်ကာလသည် ခရစ်တော် နာဇရက်မြို့မှာပဲ လက်သမားလုပ်နေကြောင်း သက်သေထူခဲ့ပါတယ်။ H.E Dana က ယေရှုခရစ်တော်၏ ဖခင် ယောသပ်သည် ငယ်ရွယ်စဉ် ကွယ်လွန်ခဲ့သည်ဟု ဆိုသဖြင့် မိခင်၊မုဆိုးမနှင့် ညီ၊ညီမငယ်တို့အား (၁၈)နှစ်တိတိ လုပ်ကိုငကျွေးမွေးပြုစုခဲ့ကြောင်း ပြောဆိုသည်မှာ ယုတ္တိတန်လေသည်။
အကယ်၍ထိုအချိန်တွင် တိဗက်သို့ ယေရှုခရစ်တော်ရောက်နေပါက မုဆိုးမမိခင်အိုနှင့် ညီ၊ညီမငယ်များစွာတို့ ဘယ်လိုများ ဝအောင်စား၍၊ လှအောင်နေပါ့မလဲ၊ မိမိ မိသားစုအတွက် အလျင်ငြိမ်းအေးအောင် ဆောင်ရွက်ခဲ့သည်ကို မယုံနိုင်စရာမရှိပါ။
တကယ်တော့ ခရစ်တော် တိဗက်ကို မသွားပါဘူးဆိုတာနဲ့ ပြီးပြတ်ပါပြီ၊ သို့သော် စာရွက်ပေါင်း ၁၀၀ ပေါ်မှာ (၁၈)နှစ်အတွင်း အတွေ့အကြုံကို သက်သေခံထားတယ်ဆိုတဲ့ စာအုပ်၊ ဟေဗြဲဘာသာနဲ့ ရေးတဲ့မှတ်စု၊ ၁၉၂၅ခုနှစ်မှာ ဂိုးရစ်ခ် ဆိုတဲ့ ပုဂ္ဂိုလ်က ထုတ်ဝေခဲ့သည်ဟုလည်းဆိုကြပါတယ်။ပြသနာက စာအုပ်ကိုတော့ မည်သူမှမြင်ဖူးပါဘူး၊ ရှိတယ်ဆိုတာပဲ ကြားဖူးတာပါ။ သို့သော် ဒီအကြောင်းဟာ မမှန်နိုင်ပါ။ အဲဒီအချိန်မှာ စာရွက်မှ မပေါ်သေးပါ၊ စာရွက်၁၀၀ကို (AD-30) လောက်မှာ ဘယ်ကိုသွားရှာမလဲ ဆိုတာကစဉ်းစားစရာရှိပါတယ်။ ဆယ်တန်းစာတစ်ပိုဒ်မှာ
"Paper was invented in China at the begining of the second century A.D" တဲ့၊ တကယ်တော့ ဂိုးရစ်ခ်ဟာ ပါမောက္ခတစ်ဦးလို့ ဆိုပါတယ်။ ဘယ်လိုပါမေက္ခမျိုးလဲတော့ ကျွန်တော်တို့ မသိတာအမှန်.... .
Zawgyi & Unicode
-
-
(၃) ဘာသာရေးအထောက်အထား
မသဲ ၂၂:၃၂
မသဲ ၂၈:၂၀
ယော ၄:၂၆
ယော၅:၃၀
ယော၆:၃၅
ယော ၁၀:၃၀
ယော ၁၁:၂၅
ယော ၁၃:၁၄
0 comments:
Post a Comment