0

ခရစ်တော်ပျောက်နေသူများအတွက် ခရစ်စမတ် (လှမင်းသူ)

 
ခရစ်တော်ပျောက်နေသူများအတွက် ခရစ်စမတ် (လှမင်းသူ)

Unicode & Zawgyi Reshare-#9Dan
Murann Ezine hours ago ·
ခရစ်စမတ်အချိန်ရာက်ပြီ။ ဒီနှစ်မှာလည်း ခရစ်စမတ်ရှိသည်။ မနှစ်ကလည်း ခရစ်စမတ် ရှိခဲ့သည်။ တနှစ်ကလည်း ခရစ်စမတ် ရှိခဲ့သည်။ ခရစ်စမတ် ပေါင်းများစွာရှိခဲ့သည်။ နောက်နှစ်မှာလည်း ခရစ်စမတ် ရှိဦးမည်။ နောက်တနှစ်မှာလည်း ခရစ်စမတ် ရှိဦးမည်။ ခရစ်စမတ်ပေါင်းများစွာ ရှိဦးမည်။

ခရစ်စမတ်ပေါင်းများစွာကို ကျင်းပသည်။ တနှစ်နှင့်တနှစ်မတူအောင် ကျင်းပသည်။ လူမျိုးတမျိုးနှင့်တမျိုးမတူအောင်ကျင်းပသည်။ တနိုင်ငံနှင့်တနိုင်ငံ မတူအောင်ကျင်းပသည်။ စင်္ကာပူမှာလည်း ခရစ်စမတ်ကို ကျင်းပသည်။ စင်္ကာပူမှာ ဒီဇင်ဘာလဆန်းကတည်းက ခရစ်စမတ်သီချင်းများ ကြားရသည်။ ခရစ်စမတ်သီချင်းများသည် စတိုးဆိုင်များ၊ကုန်စုံဆိုင်များ၊ရှော့ပင်းစင်တာများတွင် ကြိုတင်ကာ ပျံ့လွင့်နေသည်။ ခရစ်စမတ်သစ်ပင်များကိုလည်း အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံ စပြီးတွေ့ရသည်။ တတောင်အမြင့်ကနေ၊ ပေငါးဆယ်ထက်မနည်းမြင့်သည်အထိ အရွယ်အစားစားရှိသည်။ အောက်ခြေကား၊ အောက်ခြေဝိုင်း၊ အောက်ခြေပြား၊ ထိပ်ချွန်၊ထိပ်ကား၊ထိပ်ပြားဖြင့် ပုံစံစုံသည်။ ဆင်ယင်ခြယ်သမှုများကလည်း သူ့ထက်ငါအပြိုင်အဆိုင်။ မီးပြေးတွေကို ပုံစံအမျိုးမျိုးလုပ်သည်။ အရောင်အမျိုးမျိုးဆင်သည်။ မီးပန်းဆိုင်းတွေ၊ မီးရှုးပန်းတွေ၊အလှချယ်မီးလုံးတွေကို နေရာတိုင်းမှာ တွေ့ရသည်။ စင်တာကလော့အရုပ်၊ ရေခဲရုပ်၊ ခရစ်စမတ်ကာတွန်းအရုပ်များကို နေရာများစွာမှာ တွေ့ရသည်။ အရုပ်ဝတ်စုံများကို လူတချို့က ဝတ်ဆင်ကာ လူများကို ဆွဲဆောင်ကြသည်။ ကလေးတွေအတွက်လည်း ခရစ်စမတ် ပျော်ပွဲရွင်ပွဲများကိုလည်း ကျင်းပပေးသည်။ လက်ဆောင်များကိုလည်း အလကားပေးသည်။

ခရစ်စမတ်ပွဲတော်အတွက် ငွေကြေးများစွာ ကုန်ကျသည်။ ထိုငွေကြေးများကို ပေးနေသူများသည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။ ထောင်ကို မြင်၍ ရာကိုစွန့်ကြခြင်းဖြစ်သည်။ လူများကို ပျော်ရွင်အောင် လုပ်ခြင်း ဖြစ်သည်။ လူများကို ဆိုင်ကို လာအောင် ဆွဲဆောင်ခြင်း ဖြစ်သည်။ ဆိုင်ကိုလူများများလာလျင် များများရောင်းရမည်။ အမြတ်များများ ရမည်။ လက်ဖျားတွင် ငွေများသီးကြတော့မည်။ စီးပွားရေးသမားများ စိတ်ထဲမှာ ကြိတ်ပြီး ပြုံးနေသည်။ ကြိတ်ပြီးပြုံးနေပေမင့် မျက်နှာပေါ်မှာတော့ ဖုံးမရအောင် ပေါ်နေသည်။ သူတို့မျက်နှာများက ပြုံးပြုံးကြီးဖြစ်နေသည်။ ဒစ်စကောင့်၊ ဒစ်စကောင့် ဆိုသည့် စာတန်းများကို ဆိုင်ရှေ့တွင် ပြူးနေအောင် ထောင်ထားသည်။ ဒစ်စကောင့်ငါးမျှားစာများကို ဖွေးနေအောင်ချထားသည်။ ဝယ်သူငါးတွေ လာပြီးဟပ်ကြစေ ဆိုပြီး လာအဟပ်ကို စောင့်ကြသည်။ လာဟပ်လျှင် ဟပ်သည့် ငါးကို တိုးလိုက်လျှော့လိုက်နှင့် ဆွဲမည်။ ဆိုင်ထဲဝင်လာလျှင် မိမိပိုင်နက်ဖြစ်ပြီ။ ဒစ်စကောင့်ကို မြင်၍ လာသောငါးများကို ဒစ်စကောင့်မဟုတ်သည့် ဈေးကြီးပစ္စည်းများကို ပြမည်။ ဝယ်သွားလျှင် အမြတ်က မျိုးမျိုးမြက်မြက်လေးကျန်မည်။ ဒစ်စကောင့်ပစ္စည်းတွေ ဝယ်သွားလည်းကိစ္စမရှိ။ ဒီပစ္စည်းတွေကဆိုင်မှာ ကြာကြာတင်ထားလျှင် ရှုံးမည့်ပစ္စည်းများဖြစ်သည်။ ရှံးမည့်အတူတူ အမြတ်နည်းနည်းလေးရရင် တော်ပြီ ဆိုပြီး ထားသည့်ပစ္စည်းတွေ ဖြစ်သည်။ သူတို့အတွက် အမြတ်တွေချည်း ဖြစ်သည်။ သူတို့အတွက် ခရစ်စမတ်သီချင်များ၊ ခရစ်စမတ်သစ်ပင်များ၊ ခရစ်စမတ်အရုပ်များ ဖွင့်ပြ၊ ချပြ၊ ဆင်ယင်ပြထားသည်မှာ ခရစ်စမတ်ကို ချစ်ကြ၍တော့ မဟုတ်ပြီ။ ထိုဆင်ယင်မှုများသည် ဝယ်သူကိုမျှားသော ငါးမျှားစာများသာဖြစ်သည်။ ခရစ်တော်ကို ကြိုဆိုလို၍ မဟုတ်ပြီ။ ခရစ်တော်သည် သူတို့ စိတ်ထဲမှာ ရှိနေ၍တော့ မဟုတ်ပြီ။

ဝယ်သူများကလည်း သူတို့ဘဏ်ထဲမှာ တနှစ်လုံးလုံး မသုံးပဲ စုထားသော ငွေများဖြင့် ပြည့်နေပြီ။ အိတ်များမှာ ငွေများဖြင့် ဖောင်းနေပြီ။ ဘောနက်(စ်)များကလည်း ကောင်းကောင်းရထားပြီး ဖြစ်သည်။ ၁၃ လစာများလည်း ဝင်လာပြီး ဖြစ်သည်။ တနှစ်လုံးလုံး စိထားသော ပိုက်ဆုံအိတ်များကို ဖွင့်ကြမည်။ ကျစ်ကျစ်ပါအောင် စုထားခံသော ငွေများကို သုံးကြမည်။။ စီးပွားရေးသမားများ ချထားသည့် ငါးစာများကို ငါးစာမှန်းသိကြသည်။ သိသိကြီးနှင့် ဟပ်ကြသည်။ ပိုက်ဆံရှိလို့ ဝယ်တာ။ ဆိုပြီး တမင်သက်သက်ဟပ်ကြသည်။ မိန်းကလေးများက အကောင်းစားအဝတ်များကို ဝယ်ကြမည်။ ဂါဝန်၊စကတ်၊အင်္ကျီ၊ဘောင်းဘီ၊ ဒေါက်မြင့်ဖိနပ်၊ အကောင်းစားရေမွှေးတွေကို ဝယ်ကြမည်။ ပန်းနီ၊မိတ်ကပ်၊မျက်တောင်တု၊ရောင်စုံမျက်ကပ်မှန် စသည့်တို့ကို မဆစ်ပဲ ဝယ်မည်။ ယောကျ်ားလေးများကလည်း အိုင်ပက်၊ကွန်ပြူတာ၊ပရင်တာ၊တီဗွီ၊ဗီဒီယိုကင်မရာ စသည့်စသည့် လျှပ်စစ်ပစ္စည်းများကို ဝယ်ကြမည်။ သောက်စားတတ်သူများက ချမ်းချမ်းစီးစီးဒဏ်ကို ခံနိုင်အောင်ဆိုပြီး ဘီယာ၊ဝိုင်၊စီးကရက်၊အရက်များကို မြောက်များစွာ ဝယ်ကြသည်။ အပေါင်းအသင်းများနှင့် ဝိုင်းဖွဲ့ပြီး ခရစ်စမတ်နေ့မှာ ပုလင်းထောင်ကြဖို့ဖြစ်သည်။ ကာရာအိုကေ၊ပါဗ့်၊ကာစီနိုတွေမှာ ဖြုန်းကြမည်။ ခရစ်စမတ်မှာ ရောင်းသူနှင့် ဝယ်သူများ အလုပ်ဖြစ်ကြသည်။ ငွေစီးဆင်းလှည့်လည်မှုများ အလွန်ကောင်းသည့် အချိန်ဖြစ်သည်။ ရောင်းသူကော ဝယ်သူပါ ပျော်ပျော်ကြီး ဆင်နွဲကြသော အချိန်သည် ခရစ်စမတ်အချိန်ဖြစ်သည်။ လူများအားလုံးသည် ခရစ်စမတ်ကို ပျှော်ပွဲရွှင်ပွဲတခုလိုပဲ သဘောထားကြသည်။ ခရစ်စမတ်သည် ခရစ်တော်၏ မွေးနေ့ဖြစ်သည်ကို မသိကြတော့။ ခရစ်စမတ်တွင် မွေးနေ့ရှင်ကို မေ့နေကြသည်။ ခရစ်စမတ်တွင် ခရစ်တော်သည် ပျောက်နေသည်။ ခရစ်စမတ် ပေါင်းများစွာသည် ခရစ်တော်ပျောက်ဆုံးနေသည့် ခရစ်စမတ်များဖြစ်ခဲ့သည်။

လွန်ခဲ့သည် နှစ်ပေါင်းနှစ်ထောင်ကျော်တုန်းကလည်း သူငယ်တော် ယေရှုခရစ်ကို ပျောက်သွားဖူးသည်။ လူသားမိဘများဖြစ်ကြသည့် ယောသပ်နှင့်မာရိတို့ လက်ထဲမှ ၁၂နှစ်သားအရွယ် ယေရှုခရစ် ပျောက်သွားခြင်းဖြစ်သည်။ ထိုအချိန်က ပသခါပွဲ ကျင်းပနေချိန်ဖြစ်သည်။ ပသခါပွဲသည် ဂျူးများအတွက် အရေးပါသည့် အထိမ်းအမှတ်ပွဲ တခု ဖြစ်သည်။ ပသခါပွဲကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ယေရုဆလင်မြို့တွင် ကျင်းပကြသည်။ ခရစ်တော်၏မိဘများကလည်း ပသခါပွဲ ဆင်နွဲရန် ယေရုဆလင်မြို့သို့ သွားကြသည်။ ပွဲတော်ကျင်းပသည့် တပတ်လုံးလုံး သူတို့ အလုပ်များကြသည်။ ယဇ်ပူဇော်ရန် သိုးငယ်များ၊ ခိုများကို ပြင်ဆင်ကြရသည်။ ဗိမာန်တော်သို့ သွားရောက်ကာ ဝတ်ပြု ဖူးမျှော်ကြသည်။ ပွဲတော်အထိမ်းအမှတ်အဖြစ် စားပွဲများကိုလည်း ဆင်နွဲကြသည်။ ဆွေးမျိုးညာတိ အပေါင်းအဖော်များနှင့်လည်း ပျော်ပါးကြသည်။ ပွဲတော်ပြီးချိန်တွင် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ သို့ပေမင့် အိမ်ကို ပြန်ကြရဦးမည်။ အိမ်ပြန်ဖို့အတွက် ပြင်ဆင်ရပြန်သည်။ အထုပ်အပိုးတွေကို ချည်နှောင် ရပြန်သည်။ လမ်းမှာ စားသုံးရန် ချက်ပြုတ်ရပြန်သည်။ ဝယ်ယူထားသော ပစ္စည်းများကိုလည်း သိမ်းဆည်းရပြန်သည်။ ပြန်ရန် အားလုံးအသင့်ဖြစ်သည်နှင့် အိမ်သို့ ပြန်ခဲ့ကြသည်။ ယောသပ်နှင့်မာရိတို့ အိမ်အပြန်လမ်းတလျှောက် ပွဲတော်အတွင်း ကြုံတွေ့ရသည်များကို စမြုံ့ပြန်ကာ ပြန်ပြောကောင်းပြောနေမည်။ အဖော်အပေါင်း၊ ဆွေမျိုးညာတကာများနှင့် စကားဖောင်ဖွဲ့ကောင်း ဖောင်ဖွဲ့နေမည်။ အိပ်ရေးပျက်ခဲ့သောကြောင့် အိပ်ငိုက်ကောင်းလည်း အိပ်ငိုက်နေမည်။ ထိုအချိန်မှာ သတိရ၍ သူငယ်တော် ယေရှုကို ခေါ်ကြည့်မည်။ ထူးသံမကြား၍ အုပ်စုထဲတွင် လိုက်ရှာကြည့်မည်။ အုပ်စုထဲတွင် သူငယ်တော်ယေရှုကို ရှာမတွေ့ ပြီ။ သူငယ်တော်ယေရှုသည် မိမိတို့နှင့် ပါမလာတော့ပြီ။ ယောသပ်နှင့်မာရိတို့ ခေါင်းနပန်းကြီးသွားသည်။ သားတော်ယေရှု ဘယ်ရောက်သွားလဲ။ လာခဲ့သည့် လမ်းတလျှောက် နောက်ကြောင်းပြန်ကာ အပြေးအလွား ရှာကြသည်။ မတွေ့။ ခေါင်းမီးများတောက်ချေပြီ။ သားငယ် ဘယ်ရောက်ပြီး၊ ဘယ်ပျောက်သွားသနည်း။ လမ်းမှာ ရှာမတွေ့သည့်အဆုံး ယေရှုရှလင်မြို့သို့ ပြန်သွားကြသည်။ သူငယ်တော် ယေရှု၏ ရုပ်ရည်ပုံစံ၊ အရပ်အမောင်း တို့ကို စကားလုံးများဖြင့် ဖော်ပြပြီး၊ လမ်းသွားလမ်းလာများကို မေးမည်။ ကံကောင်းထောက်မ၍ ခရစ်တော်အား မြင်မိလိုက်သူတဦးက ညွှန်ပြသောကြောင့် ခရစ်တော်ကို ဗိမာန်တော်မှာ ပြန်၍ တွေ့သည်။ သည်တော့မှ မိဘများ သက်ပြင်းချကာ စိတ်သက်သာရသည်။

ယောသပ်နှင့်မာရိတို့သည် ခရစ်တော်ကို ငယ်စဉ်ကတည်းက ကိုယ်နှင့်မကွာ ကြည့်ရှုခဲ့သည်။ မျက်စိအောက်က အပျောက်မခံ ချစ်ခဲ့ကြမည်။ ဘုရားထံမှလာသော သားဖြစ်သည့်အတွက်လည်း တန်ဖိုးထားကာ စောင့်ရှောက်ကြမည်။ ဘယ်သွားသွား ဘယ်လာလာ အတူတူ ရှိနေခဲ့မည်။ ထိုမျှလောက် ယေရှုကို ဂရုတစိုက်ကြည့်ကာ မိမိတို့နှင့် မကွာ ထားရှိခဲ့သော မိဘနှစ်ပါးတို့သည် ယေရှုခရစ်ကို ပသခါပွဲတွင် အဘယ်သို့ကြောင့် ပျောက်သွားရပါသနည်း။ မိဘများ မိမိကလေးပျောက်သွားခြင်းသည် တော်ရုံတန်ရုံဖြစ်ခဲသော အမှုဖြစ်သည်။ သားသမီးများကို မိဘတိုင်းက ချစ်ကြသည်။ အထူးသဖြင့် လိမ္မာရေခြားရှိသော သားသမီများကို မိဘများက ပိုချစ်သည်။ ပိုပြီး ဂရုစိုက်ကြသည်။ မျက်စိအောက်က အပျောက်မခံကြ။ သို့ပါသော်လည်း မိဘများသည် သားသမီးများကို ပျောက်ခဲ့ဘူးကြသည်။ ယောသပ်နှင့် မာရိတို့လည်း ခရစ်တော်ကို ပျောက်ခဲ့ကြသည်။ ထို့နည်းတူ အချို့ခရစ်ယာန်များလည်း ခရစ်တော်ကို ပျောက်ခဲ့ကြသည်။ သူတို့သည် ခရစ်တော်နှင့် စတင်ထိတွေ့ချိန်တွင် ခရစ်တော်ကို အရမ်းချစ်ကြသည်။ ခရစ်တော်နှင့် မိသာဟာရ မပြုရရင် မနေနိုင်အောင်၊ ခရစ်တော်၏ နူတ်ကပတ်တော်ကို မဖတ်ပဲ မနေနိုင်အောင် ဖြစ်ခဲ့ကြသည်။ ကောက်ရိုးမီးများကဲ့သို့ မီးလျှံတို့သည် ဟုန်းကနဲတောက်လောင် ခဲ့ကြသည်။ သို့သော် အချိန်ကြာလာသောအခါ ခရစ်တော်သည် သူတို့ဘဝထဲမှာ တစတစ မှေးမှိန်လာသည်။ ခရစ်တော်သည် သူတို့ဘဝထဲမှ တဖြည်းဖြည်း ပျောက်လာသည်။ နောက်ဆုံးတော့ ခရစ်တော်သည် သူတို့ဘဝထဲမှ လုံးလုံး ပျောက်သွားတော့သည်။ ထိုသို့ပျောက်သွားသော်လည်း ခရစ်ယာန်များက မိမိဘဝထဲမှာ ခရစ်တော် ရှိနေသေးသည် ထင်ကြသည်။ ခရစ်တော်သည် မိမိတို့နှင့် အတူ ပါလာသေးသည် ထင်ကြသည်။ သို့သော် သေချာပြန်ကြည့်သောအခါ ယောသပ်နှင့် မာရိတို့လို ခရစ်တော်သည် မိမိထံမှ ပျောက်နေသည်ကို ခရစ်ယာန်များ အထိန်တလန့်နှင့် သိကြရသည်။ ခရစ်တော်သည် မိမိတို့ထံမှ အဘယ်ကြောင့် ပျောက်သွားရပါသနည်း။

ယောသပ်နှင့် မာရိတို့ကို ပြန်ကြည့်ကြမည်။ သူတို့နှစ်ယောက် ခရစ်တော် ပျောက်ကြောင်းကို အိမ်အပြန်လမ်းခရီး တနေရာအရောက်မှာ သိကြသည်။ အပြန်လမ်းတွင် "တရက်" ကြာပြီးမှ ခရစ်တော်ပျောက်မှန်းသိကြသည်။ တရက်ဆိုသည်မှာ တော်တော်ကြာသည်။ ခရစ်တော်ကို ချစ်သော ဤမိဘနှစ်ပါးသည် အဘယ်ကြောင့် တရက်ကြာပြီးမှ ခရစ်တော် ပျောက်သွားသည်ကို သိကြရပါသနည်း။ ကျမ်းစာထဲတွင် သဲလွန်စပြန်ရှာကြမည်။ ယောသပ်နှင့် မာရိတို့သည် ပသခါပွဲတော်မှ အပြန်ဖြစ်သည်။ ထိုပွဲတော်တလျှောက်လုံး သူတို့ နှစ်ယောက် ပွဲတော်အတွက် လုပ်စရာရှိသည်များ လုပ်ဆောင်ရမည်။ ထုံးတမ်းအစဉ်အလာများပြုရမည်။ အပြန်ခရီးတွင်လည်း ထုပ်ပိုးသိမ်းဆည်းခြင်းများ ပြုရမည်။ ယူဆောင်စရာရှိသည်များကို မှတ်သားကာ ယူဆောင်ရမည်။ အစစအရာရာ စိစပ်သေချာအောင် စီရင်ကြရမည်။ ခရီးလမ်းတွင်လည်း ဆွေမျိုးများနှင့် စကားတွေ ဖောင်ဖွဲ့အောင်ပြောနေမည်။ သူတို့သည် ကိုယ်ရော၊စိတ်ပါ မအားလပ်ရအောင် အလုပ်တွေများနေကြမည်။ ထိုသို့ အလုပ်များနေသောကြောင့် ခရစ်တော်သည် သူတို့ထံမှ ပျောက်သွားသည်ကို သတိမထားမိကြသည်အထိ ဖြစ်ရသည်။ ယနေ့ခရစ်ယာန်များသည်လည်း ထို့အတူဖြစ်သည်။ အိမ်ထောင်မကျခင် အားလပ်ချိန်များသောအခါက ခရစ်တော်မှ ခရစ်တော် ဖြစ်ကာ စိတ်အားထက်သန်ကြသည်။ နေ့တိုင်းနေရာညပါ ဆုတောင်းသည်။ ကျမ်းစာဖတ်သည်။ ခရစ်တော်နှင့်သာ ပျော်မွေ့သည်။ အိမ်ထောင်ကျသောအခါ နှစ်ယောက်ဖြစ်လာသောကြောင့် အလုပ်တွေပိုလာသည်။ နှစ်ဖက်ဆွေမျိုးများနှင့် နှစ်ဖက်သော မိတ်ဆွေသင်္ဂဟများ၏ သာရေးနာရေးများက ပိုလာသည်။ ငွေကို တဦးတည်းနေစဉ်ကထက် ပိုရှာလာရသည်။ အလုပ်အတွက် အချိန်ပိုပေးလာရသည်။ တဖြည်းဖြည်း အလုပ်များ ရှုပ်လာကြသည်။ နေ့ညဆုတောင်းနေရင်းက ညအချိန်တခါတည်းသာ ဆုတောင်းတော့သည်။ ကျမ်းစာနေ့စဉ် ဖတ်ရှုခြင်းများမရှိတော့ပဲ ကျမ်းစာဖတ်သည့် ရက်တွေခြားလာမည်။ ခရစ်တော်သည် တဖြည်းဖြည်းနှင့် မိမိဘဝထဲကနေ မှေးမှိန်စပြုလာသည်။ သားသမီးများရလာတော့ ပို၍ ဆိုးတော့သည်။ သားသမီးများ၏ ပုံမှန်ကြီးထွားရေး၊ လိမ္မာရေးခြားရှိရေး၊ ပညာရေးတို့ဖြင့် အလုပ်တို့သည် ရှုုပ်သထက် ရှုပ်လာသည်။ သားသမီးတယောက်ကနေ နှစ်ယောက်ဖြစ်လာတော့ အလုပ်ရှုပ်ခြင်းသည် အဆိုးဆုံးဖြစ်တော့သည်။ ကျမ်းစာလည်းမဖတ်နိုင်တော့။ ဆုတောင်းခြင်းလည်း မပြုနိုင်တော့။ ခရစ်တော်သည် မိမိဘဝထဲမှ လုံးလုံးပျောက်သွားတော့သည်။ ထို့ကြောင့် ခရစ်တော် ပျောက်သွားခြင်း၏ ပထမတရားခံသည် အလုပ်ရှုပ်နေခြင်းပင် ဖြစ်သည်။

ယောသပ်နှင့် မာရိတို့ ခရစ်တော်ကို ပျောက်ရခြင်း နောက်တချက်သည် ဂရုမစိုက်မှုကြောင့် ဖြစ်သည်။ သူငယ်တော် ယေရှုသည် လိမ္မာရေးခြားရှိသည်။ မိဘစကားကို မြေဝယ်မကျနားထောင်သည်။ မိဘပြောသည့် အတိုင်းနေမည့်ထိုင်မည့် သူငယ်မျိုးဖြစ်သည်။ မိဘများက သူငယ်တော် ယေရှု၏ စရိုက်သဘာဝကို ယုံကြည်စိတ်ချထားကြသည်။ မိဘများက သူငယ်တော်ယေရှုသည် သူတို့ပြောလျှင် ပြောမည့်အတိုင်း လုပ်မည်ဟု တထစ်ချထင်မှတ်ကြသည်။ မိဘများက ယေရုဆလင်မှ အပြန်တွင် သူငယ်တော်ယေရှုအား ထပ်ချပ်မခွာလိုက်ဖို့ရန် မှာကောင်းမှာမည်။ မိဘများက ယေရှုခရစ်တော်သည် သူတို့နောက်သို့ ထပ်ချပ်မခွာလိုက်နေသည်ဟုပဲ ထင်မှတ်ကြသည်။ တကယ်တော့ ခရစ်တော်သည် ယေရုရှလင်မြို့မှာ ကျန်ခဲ့လေပြီ။ ယနေ့ခရစ်ယာန်များလည် ထို့နည်းလည်းကောင်း ဖြစ်သည်။ ခရစ်တော်ကို လက်ခံရပြီး ဖြစ်၍ ကယ်တင်ခြင်းကို စိတ်ချရပြီ။ ခရစ်တော်သည် မိမိတို့ ဘာလုပ်လုပ် ခွင့်လွှတ်မည်။ ခရစ်တော်သည် မိမိတို့ ဘဝတလျှောက်လုံးအတွက် ကောင်းချီးများပေးဦးမည်။ ဆုတောင်းတောင်း၊မတောင်းတောင်း လိုအပ်သည်များ ပြည့်စုံလိမ့်မည်။ အပြစ်မဝန်ခံလည်း ခွင့်လွှတ်မည်။ ကျမ်းစာမဖတ်လည်း ကောင်းကြီးများရနိုင်သည်ဟု တထစ်ချယုံကြည်ထားကြသည်။ ထိုသို့ ယုံကြည်ကြသောကြောင့် ဆုမတောင်း၊ ကျမ်းစာမဖတ်ပဲနှင့်လည်း ခရစ်တော်သည် မိမိတို့ နောက်က လိုက်ပါလာမည်ဟု ထင်တတ်ကြသည်။ အမှန်တကယ်ကတော့ ခရစ်တော်သည် သူတို့ဘဝထဲမှာ ပျောက်နေသည်မှာ ကြာပြီဖြစ်သည်။ ထို့သို့ ပျောက်သွားခြင်း၏ ဒုတိယတရားခံသည် ခရစ်တော်ကို ဂရုမစိုက်ခြင်းကြောင့် ဖြစ်သည်။

ယောသနှင့် မာရိတို့သည် ခရစ်တော်ကို ပျောက်ရခြင်း နောက်တချက်သည် ထင်မြင်ယူဆမှုကြောင့်ဖြစ်သည်။ ခရစ်တော်အကြောင်းကို မိမိတို့ကောင်းကောင်းသိသည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။ ယနေ့ခရစ်ယာန်များသည် ခရစ်တော်ကို သိသည်ဟု ယူဆကြသည်။ ခရစ်တော်ကို စတင်လက်ခံစဉ်က ကျမ်းစာကိုအမှီပြုကာ ခရစ်တော်ကို နားလည်ယူဆကြသည်။ ကြာလာသောအခါ ကျမ်းစာအပြင် အခြားသော ကျမ်းစာပြင်ပ စာများကို လေ့လာကြသည်။ ထိုသို့ လေ့လာရင်းနှင့် မိမိတို့၏ တွေးတော ဆင်ခြင်နိုင်မှုကို ပိုပြီး အဓိကထားလာကြသည်။ ကျမ်းစာပါအချက်များထက် လူတို့ တွေးတောချက်များကို ပိုပြီးအသားပေးလာသည်။ ထိုအခါ ကျမ်းစာပါ ခရစ်တော်ပုံဖော်ချက်ကို ပယ်လာကြပြီး မိမိတို့ ဖြစ်နိုင်မည်ဟု ထင်သည့် ခရစ်တော်ကို ပုံဖော်ကြသည်။ ၁၉၀၀ ရာစု နှစ်များလောက်ကစ၍ ဂျာမာန်ကျမ်းစာပညာရှင်တချို့သည် ကျမ်းစာထဲမှာ ခရစ်တော်ထက် ကျမ်းစာပြင်ပ သမိုင်းမှတ်တမ်းများကို အခြေခံကာ ခရစ်တော်၏ အတုတ္တပတ္တိကို ပြန်ကောက်ကျသည်။ ယုတ္တိဗေဒ၊ သမိုင်းအချက်အလက်၊ တွေးတောကြံဆမှု စသည့် လူ၏ ဆင်ခြင်မှုကို အခြေခံပြီး ခရစ်တော်ကို ပြန်လည် ရုပ်လုံးဖော်ကြသည်။ ထိုခရစ်တော်သည် ကျမ်းစာနှင့် လုံးလုံးကွဲပြားခြားနားသော ခရစ်တော်ဖြစ်သည်။ ထိုခရစ်တော်ကို Historical Jesus ဟု သူတို့ဆိုသည်။ သူတို့ဆိုသည့် ခရစ်တော်သည် Biblical Jesus ထက် အမှန်နှင့် နီးစပ်သည်ဟု ကြွေးကြော်ကြသည်။ ထိုသူများရေးသော စာအုပ်များကို ဖတ်မိသူများလည်း၊ အဆိပ်အတောက်ဖြစ်ကာ လမ်းမှားသို့ လိုက်ကြတော့သည်။ အစဦးတုန်းက ကျမ်းစာကို ဖတ်၍ လမ်းမှန်ခဲ့သော သူများသည် ထိုစာပေများကို ဖတ်ရင်းနှင့် လမ်းလွဲကြတော့သည်။ ခရစ်တော်သည် သူတို့၏ဘဝထဲမှာ လုံးလုံးပျောက်သွားကြတော့သည်။ ထိုသို့ပျောက်သွားခြင်း၏ တတိယ တရားခံသည် မိမိဉာဏ်ကို အမှီပြုသည် ထင်မြင်ယူဆချက်ကြောင့်ဖြစ်သည်။

ယောသနှင့် မာရိတို့သည် ခရစ်တော်ကို ပျောက်ရခြင်း နောက်တချက်သည် ပျော်ရွှင်လွန်းမှုကြောင့်ဖြစ်သည်။ ပွဲကြီးရက်ကြီးများတွင် သူတို့သည် အလွန်ပျော်ရွှင်ခဲ့မည်။ အပြန်ခရီးမှာ ပျော်ခဲ့သည်များကို ပြန်ပြောင်းတွေးတော စမြုံပြန်ကောင်းပြန်မည်။ အပျော်များက ပြောစကားတို့မှာ ရစ်ပတ်နေမည်။ အပျော်များက ဦးခေါင်းထဲမှာ ပြည့်နေမည်။ အပျော်များက လုပ်သည့်အရာတိုင်းမှာ လွမ်းခြုံထားသည်။ သို့အတွက်ကြောင့် ခရစ်တော် ပါမလာသည်ကို သတိမထားမိပဲ ပျောက်နေခြင်းဖြစ်သည်။ ယနေ့ခရစ်ယာန်များသည်လည်း အပျော်များနောက်သို့ လိုက်နေကြခြင်းကြောင့် ခရစ်တော်နှင့် တစတစဝေးလာကြသည်။ အပျော်များထဲတွင် စုံးစုံးမြုပ်နေသောကြောင့် ခရစ်တော်သည် သူတို့ဘဝထဲမှာ လုံးဝပျောက်သွားသည်။ ချားလ်(စ်)စပတ်ဂျင်၏ အဆိုကလေးကို သတိရမိသည်။ "ဆင်းရဲဒုက္ခရောက်သည့်အချိန်များတွင် ဘုရားသခင်နှင့် ကင်းကွာသွားရန် မဖြစ်နိုင်ပြီ။ မျှော်လင့်ချက်ကင်းမဲ့နေတဲ့အချိန်များတွင်လည်း ဘုရားသခင်ကို မေ့သွားဖို့ မဖြစ်နိုင်ပြီ။ ဘုရားနှင့် အဆက်အသွယ်ပြတ်သွားမည့် ကြောက်စရာအကောင်းဆုံး အချိန်များသည် အလွန်အကြူးပျော်ရွင်နေကြသည့် အချိန်များပင်ဖြစ်သည်။ " ။ စပန်ဂျင်ရဲ့ စကား မှန်သည်။ ယနေခရစ်ယာန်များအပျော်ကျူးလွန်းကြခြင်းကြောင့် ခရစ်တော်နှင့် ဝေးကွာသွားရသည်။ ခရစ်တော်သည် မိမိဘဝထဲမှ ပျောက်သွားကြသည်။ ထိုသို့ ပျောက်သွားကြခြင်း၏ စတုတ္ထတရားခံသည် ပျော်ရွှင်မှု လွန်ကြူခြင်းကြောင့်ဖြစ်သည်

ခရစ်တော်ပျောက်သွားရင် ဘာလုပ်ကြမည်နည်း။ ပျောက်နေလျှင် ပြန်ရှာရမည်ဖြစ်သည်။ ယောသပ်နှင့် မာရိတို့ ပျောက်မှန်းသိသည်နှင့် အပြေးအလွှား ပြန်ရှာကြသည်။ သုံးရက်အကြာတွင် ယေရုရှလင် မြို့တွင် ပြန်တွေ့သည်။ ထို့အတူ ခရစ်တော်ပျောက်သွားကြသော ခရစ်ယာန်များလည်း ပျောက်မှန်းသိလျင် ပြန်ရှာကြရမည်။ ဘယ်လိုပြန်ရှာကြရမည်နည်း။ လွယ်သည်။ အရင်လုပ်ခဲ့သည့်အတိုင်း ပြန်လုပ်ကြမည်။

၁။ ခရစ်တော်နှင့် စတင်တွေ့သည့်အချိန်ကအတိုင်း ပြန်ဆုတောင်းကြမည်။ ထိုအချိန်ကရှိခဲ့သည် ဝိညာဉ်အားကြီးခြင်းမျိုးဖြင့် ပြန်ဆုတောင်းကြမည်။ ထိုစဉ်အချိန်က မြတ်နိုးမှုဖြင့် ပြန်လည်ဆုတောင်းကြမည်။
၂။ အပြစ်များကို ပြန်လည် ဝန်ချတောင်းပန်မည်။ အပြစ်နှင့် ခရစ်တော်သည် အတူတကွ နေ၍မရ။ အပြစ်လုပ်နေလျင် ခရစ်တော်မနေနိုင်။ ခရစ်တော်နေလျင် အပြစ်မလုပ်နိုင်။ ခရစ်တော်နှင့် အပြစ် ရွေးချယ်စရာနှစ်ခုတွင် ခရစ်တော်ကိုသာ ရွေးချယ်မည်။ မှားခဲ့ အပြစ်များအတွက် တောင်းပန်မည်။
၃။ ကျမ်းစာကို ပြန်ဖတ်ကြမည်။ ကျမ်းစာသည် နူတ်ကပတ်တော်ဖြစ်သည်။ နူတ်ကပတ်တော်ကို ပိုမိုနားလည်အောင် ကြိုးစားကြမည်။ နူတ်ကပတ်တော်ထဲမှာ မကုန်နိုင်သော ဘုရားသခင်၏ နက်နဲသည့်အရာများကို ပြန်လည် လေ့လာကြမည်။

အထက်ပါအချက်များကို ပြန်လုပ်ကြလျင် ခရစ်ယာန်များ ခရစ်တော်ကို ပြန်တွေ့မည်။ ဒီနှစ်ခရစ်စမတ်မှာ ခရစ်တော်ပျောက်နေသူများ ပျောက်နေသော ခရစ်တော်ကို ပြန်ရှာကြမည်။ ဒီနှစ်ခရစ်စမတ်မှာ ခရစ်တော်ပျောက်နေသူများ ဝေးကွာနေသော ခရစ်တော်နှင့် ပြန်လည် မိတ်ဖွဲ့ကြမည်။ ဒီနှစ်ခရစ်စမတ်မှာ ခရစ်တော်ပျောက်နေသူများ စိမ်းကားသွားသော ခရစ်တော်နှင့် နွေးထွေးမှုကို ပြန်ရှာကြမည်။ ခရစ်စမတ်တိုင်းသည် ခရစ်တော်ကို ပြန်လည်ရှာဖွေတွေ့ရှိသော ခရစ်စမတ်ဖြစ်သင့်သည်။ ခရစ်စမတ်တိုင်းသည် ခရစ်တော်ပြန်လည် နေရာယူသော ခရစ်စမတ်ဖြစ်သင့်သည်။

ခရစ်စမတ်အချိန်ရာက်ပြီ။ ဒီနှစ်မှာလည်း ခရစ်စမတ်ရှိသည်။ မနှစ်ကလည်း ခရစ်စမတ် ရှိခဲ့သည်။ တနှစ်ကလည်း ခရစ်စမတ် ရှိခဲ့သည်။ ခရစ်စမတ် ပေါင်းများစွာရှိခဲ့သည်။ နောက်နှစ်မှာလည်း ခရစ်စမတ် ရှိဦးမည်။ နောက်တနှစ်မှာလည်း ခရစ်စမတ် ရှိဦးမည်။ ခရစ်စမတ်ပေါင်းများစွာ ရှိဦးမည်။

နာမတော်မြတ်၌

လှမင်းသူ

ခရစ္ေတာ္ေပ်ာက္ေနသူမ်ားအတြက္ ခရစ္စမတ္ (လွမင္းသူ)

Unicode & Zawgyi Reshare-#9Dan
Murann Ezine hours ago ·
ခရစ္စမတ္အခ်ိန္ရာက္ျပီ။ ဒီႏွစ္မွာလည္း ခရစ္စမတ္ရွိသည္။ မႏွစ္ကလည္း ခရစ္စမတ္ ရွိခဲ့သည္။ တႏွစ္ကလည္း ခရစ္စမတ္ ရွိခဲ့သည္။ ခရစ္စမတ္ ေပါင္းမ်ားစြာရွိခဲ့သည္။ ေနာက္ႏွစ္မွာလည္း ခရစ္စမတ္ ရွိဦးမည္။ ေနာက္တႏွစ္မွာလည္း ခရစ္စမတ္ ရွိဦးမည္။ ခရစ္စမတ္ေပါင္းမ်ားစြာ ရွိဦးမည္။

ခရစ္စမတ္ေပါင္းမ်ားစြာကိုု က်င္းပသည္။ တႏွစ္ႏွင့္တႏွစ္မတူေအာင္ က်င္းပသည္။ လူမ်ိဳးတမ်ိဳးႏွင့္တမ်ိဳးမတူေအာင္က်င္းပသည္။ တႏိုင္ငံႏွင့္တႏိုင္ငံ မတူေအာင္က်င္းပသည္။ စကၤာပူမွာလည္း ခရစ္စမတ္ကိုု က်င္းပသည္။ စကၤာပူမွာ ဒီဇင္ဘာလဆန္းကတည္းက ခရစ္စမတ္သီခ်င္းမ်ား ၾကားရသည္။ ခရစ္စမတ္သီခ်င္းမ်ားသည္ စတိုးဆိုင္မ်ား၊ကုုန္စံုုဆိုုင္မ်ား၊ေရွာ့ပင္းစင္တာမ်ားတြင္ ၾကိဳတင္ကာ ပ်ံ႕လြင့္ေနသည္။ ခရစ္စမတ္သစ္ပင္မ်ားကိုုလည္း အရြယ္မ်ိဳးစံု၊ ပံုစံမ်ိဳးစံု စျပီးေတြ႕ရသည္။ တေတာင္အျမင့္ကေန၊ ေပငါးဆယ္ထက္မနည္းျမင့္သည္အထိ အရြယ္အစားစားရွိသည္။ ေအာက္ေျခကား၊ ေအာက္ေျခ၀ိုင္း၊ ေအာက္ေျချပား၊ ထိပ္ခြ်န္၊ထိပ္ကား၊ထိပ္ျပားျဖင့္ ပံုစံစံုသည္။ ဆင္ယင္ျခယ္သမွဳမ်ားကလည္း သူ႔ထက္ငါအျပိဳင္အဆိုုင္။ မီးေျပးေတြကို ပံုစံအမ်ိဳးမ်ိဳးလုပ္သည္။ အေရာင္အမ်ိဳးမ်ိဳးဆင္သည္။ မီးပန္းဆိုင္းေတြ၊ မီးရွဳးပန္းေတြ၊အလွခ်ယ္မီးလံုးေတြကို ေနရာတိုင္းမွာ ေတြ႔ရသည္။ စင္တာကေလာ့အရုုပ္၊ ေရခဲရုပ္၊ ခရစ္စမတ္ကာတြန္းအရုပ္မ်ားကို ေနရာမ်ားစြာမွာ ေတြ႕ရသည္။ အရုပ္၀တ္စံုုမ်ားကို လူတခ်ိဳ႕က ၀တ္ဆင္ကာ လူမ်ားကို ဆြဲေဆာင္ၾကသည္။ ကေလးေတြအတြက္လည္း ခရစ္စမတ္ ေပ်ာ္ပြဲရြင္ပြဲမ်ားကိုလည္း က်င္းပေပးသည္။ လက္ေဆာင္မ်ားကိုလည္း အလကားေပးသည္။

ခရစ္စမတ္ပြဲေတာ္အတြက္ ေငြေၾကးမ်ားစြာ ကုုန္က်သည္။ ထိုုေငြေၾကးမ်ားကိုု ေပးေနသူမ်ားသည္ စီးပြားေရးလုပ္ငန္းရွင္မ်ားျဖစ္သည္။ ေထာင္ကို ျမင္၍ ရာကိုစြန္႕ၾကျခင္းျဖစ္သည္။ လူမ်ားကို ေပ်ာ္ရြင္ေအာင္ လုပ္ျခင္း ျဖစ္သည္။ လူမ်ားကိုု ဆိုင္ကို လာေအာင္ ဆြဲေဆာင္ျခင္း ျဖစ္သည္။ ဆိုုင္ကိုုလူမ်ားမ်ားလာလ်င္ မ်ားမ်ားေရာင္းရမည္။ အျမတ္မ်ားမ်ား ရမည္။ လက္ဖ်ားတြင္ ေငြမ်ားသီးၾကေတာ့မည္။ စီးပြားေရးသမားမ်ား စိတ္ထဲမွာ ၾကိတ္ျပီး ျပံဳးေနသည္။ ၾကိတ္ျပီးျပံဳးေနေပမင့္ မ်က္ႏွာေပၚမွာေတာ့ ဖံုုးမရေအာင္ ေပၚေနသည္။ သူတိုု႔မ်က္ႏွာမ်ားက ျပဳံးျပံဳးၾကီးျဖစ္ေနသည္။ ဒစ္စေကာင့္၊ ဒစ္စေကာင့္ ဆိုသည့္ စာတန္းမ်ားကို ဆိုုင္ေရွ႕တြင္ ျပဴးေနေအာင္ ေထာင္ထားသည္။ ဒစ္စေကာင့္ငါးမွ်ားစာမ်ားကို ေဖြးေနေအာင္ခ်ထားသည္။ ၀ယ္သူငါးေတြ လာျပီးဟပ္ၾကေစ ဆိုျပီး လာအဟပ္ကို ေစာင့္ၾကသည္။ လာဟပ္လွ်င္ ဟပ္သည့္ ငါးကို တိုးလိုက္ေလွ်ာ့လိုက္ႏွင့္ ဆြဲမည္။ ဆိုင္ထဲ၀င္လာလွ်င္ မိမိပိုင္နက္ျဖစ္ျပီ။ ဒစ္စေကာင့္ကို ျမင္၍ လာေသာငါးမ်ားကို ဒစ္စေကာင့္မဟုတ္သည့္ ေစ်းၾကီးပစၥည္းမ်ားကို ျပမည္။ ၀ယ္သြားလွ်င္ အျမတ္က မ်ိဳးမ်ိဳးျမက္ျမက္ေလးက်န္မည္။ ဒစ္စေကာင့္ပစၥည္းေတြ ၀ယ္သြားလည္းကိစၥမရွိ။ ဒီပစၥည္းေတြကဆိုင္မွာ ၾကာၾကာတင္ထားလွ်င္ ရွဳံးမည့္ပစၥည္းမ်ားျဖစ္သည္။ ရွံးမည့္အတူတူ အျမတ္နည္းနည္းေလးရရင္ ေတာ္ျပီ ဆိုျပီး ထားသည့္ပစၥည္းေတြ ျဖစ္သည္။ သူတိုု႔အတြက္ အျမတ္ေတြခ်ည္း ျဖစ္သည္။ သူတိုု႔အတြက္ ခရစ္စမတ္သီခ်င္မ်ား၊ ခရစ္စမတ္သစ္ပင္မ်ား၊ ခရစ္စမတ္အရုပ္မ်ား ဖြင့္ျပ၊ ခ်ျပ၊ ဆင္ယင္ျပထားသည္မွာ ခရစ္စမတ္ကို ခ်စ္ၾက၍ေတာ့ မဟုတ္ျပီ။ ထိုုဆင္ယင္မွဳမ်ားသည္ ၀ယ္သူကိုမွ်ားေသာ ငါးမွ်ားစာမ်ားသာျဖစ္သည္။ ခရစ္ေတာ္ကိုု ၾကိဳဆိုုလိုု၍ မဟုုတ္ျပီ။ ခရစ္ေတာ္သည္ သူတိုု႔ စိတ္ထဲမွာ ရွိေန၍ေတာ့ မဟုုတ္ျပီ။

၀ယ္သူမ်ားကလည္း သူတိုု႔ဘဏ္ထဲမွာ တႏွစ္လံုုးလံုး မသံုုးပဲ စုထားေသာ ေငြမ်ားျဖင့္ ျပည့္ေနျပီ။ အိတ္မ်ားမွာ ေငြမ်ားျဖင့္ ေဖာင္းေနျပီ။ ေဘာနက္(စ္)မ်ားကလည္း ေကာင္းေကာင္းရထားျပီး ျဖစ္သည္။ ၁၃ လစာမ်ားလည္း ၀င္လာျပီး ျဖစ္သည္။ တႏွစ္လံုုးလံုုး စိထားေသာ ပိုုက္ဆံုုအိတ္မ်ားကို ဖြင့္ၾကမည္။ က်စ္က်စ္ပါေအာင္ စုထားခံေသာ ေငြမ်ားကို သံုးၾကမည္။။ စီးပြားေရးသမားမ်ား ခ်ထားသည့္ ငါးစာမ်ားကိုု ငါးစာမွန္းသိၾကသည္။ သိသိၾကီးႏွင့္ ဟပ္ၾကသည္။ ပိုက္ဆံရွိလုိ႔ ၀ယ္တာ။ ဆိုျပီး တမင္သက္သက္ဟပ္ၾကသည္။ မိန္းကေလးမ်ားက အေကာင္းစားအ၀တ္မ်ားကို ၀ယ္ၾကမည္။ ဂါ၀န္၊စကတ္၊အက်ၤီ၊ေဘာင္းဘီ၊ ေဒါက္ျမင့္ဖိနပ္၊ အေကာင္းစားေရေမႊးေတြကို ၀ယ္ၾကမည္။ ပန္းနီ၊မိတ္ကပ္၊မ်က္ေတာင္တု၊ေရာင္စံုမ်က္ကပ္မွန္ စသည့္တို႔ကို မဆစ္ပဲ ၀ယ္မည္။ ေယာက်္ားေလးမ်ားကလည္း အိုင္ပက္၊ကြန္ျပဴတာ၊ပရင္တာ၊တီဗီြ၊ဗီဒီယိုကင္မရာ စသည့္စသည့္ လွ်ပ္စစ္ပစၥည္းမ်ားကို ၀ယ္ၾကမည္။ ေသာက္စားတတ္သူမ်ားက ခ်မ္းခ်မ္းစီးစီးဒဏ္ကို ခံႏိုင္ေအာင္ဆိုျပီး ဘီယာ၊၀ိုင္၊စီးကရက္၊အရက္မ်ားကို ေျမာက္မ်ားစြာ ၀ယ္ၾကသည္။ အေပါင္းအသင္းမ်ားႏွင့္ ၀ိုင္းဖြဲ႔ျပီး ခရစ္စမတ္ေန႕မွာ ပုလင္းေထာင္ၾကဖို႔ျဖစ္သည္။ ကာရာအိုေက၊ပါဗ့္၊ကာစီႏိုေတြမွာ ျဖဳန္းၾကမည္။ ခရစ္စမတ္မွာ ေရာင္းသူႏွင့္ ၀ယ္သူမ်ား အလုပ္ျဖစ္ၾကသည္။ ေငြစီးဆင္းလွည့္လည္မွဳမ်ား အလြန္ေကာင္းသည့္ အခ်ိန္ျဖစ္သည္။ ေရာင္းသူေကာ ၀ယ္သူပါ ေပ်ာ္ေပ်ာ္ၾကီး ဆင္ႏြဲၾကေသာ အခ်ိန္သည္ ခရစ္စမတ္အခ်ိန္ျဖစ္သည္။ လူမ်ားအားလံုးသည္ ခရစ္စမတ္ကို ေပွ်ာ္ပြဲရႊင္ပြဲတခုုလိုပဲ သေဘာထားၾကသည္။ ခရစ္စမတ္သည္ ခရစ္ေတာ္၏ ေမြးေန႕ျဖစ္သည္ကို မသိၾကေတာ့။ ခရစ္စမတ္တြင္ ေမြးေန႔ရွင္ကို ေမ့ေနၾကသည္။ ခရစ္စမတ္တြင္ ခရစ္ေတာ္သည္ ေပ်ာက္ေနသည္။ ခရစ္စမတ္ ေပါင္းမ်ားစြာသည္ ခရစ္ေတာ္ေပ်ာက္ဆံုးေနသည့္ ခရစ္စမတ္မ်ားျဖစ္ခဲ့သည္။

လြန္ခဲ့သည္ ႏွစ္ေပါင္းႏွစ္ေထာင္ေက်ာ္တုုန္းကလည္း သူငယ္ေတာ္ ေယရွဳခရစ္ကို ေပ်ာက္သြားဖူးသည္။ လူသားမိဘမ်ားျဖစ္ၾကသည့္ ေယာသပ္ႏွင့္မာရိတို႔ လက္ထဲမွ ၁၂ႏွစ္သားအရြယ္ ေယရွဳခရစ္ ေပ်ာက္သြားျခင္းျဖစ္သည္။ ထိုအခ်ိန္က ပသခါပြဲ က်င္းပေနခ်ိန္ျဖစ္သည္။ ပသခါပြဲသည္ ဂ်ဴးမ်ားအတြက္ အေရးပါသည့္ အထိမ္းအမွတ္ပြဲ တခု ျဖစ္သည္။ ပသခါပြဲကို ႏွစ္စဥ္ႏွစ္တိုင္း စည္ကားသိုက္ျမိဳက္စြာ ေယရုဆလင္ျမိဳ ႔တြင္ က်င္းပၾကသည္။ ခရစ္ေတာ္၏မိဘမ်ားကလည္း ပသခါပြဲ ဆင္ႏြဲရန္ ေယရုဆလင္ျမိဳ႕သို႔ သြားၾကသည္။ ပြဲေတာ္က်င္းပသည့္ တပတ္လံုုးလံုုး သူတိုု႔ အလုုပ္မ်ားၾကသည္။ ယဇ္ပူေဇာ္ရန္ သိုးငယ္မ်ား၊ ခိုမ်ားကို ျပင္ဆင္ၾကရသည္။ ဗိမာန္ေတာ္သို႔ သြားေရာက္ကာ ၀တ္ျပဳ ဖူးေမွ်ာ္ၾကသည္။ ပြဲေတာ္အထိမ္းအမွတ္အျဖစ္ စားပြဲမ်ားကိုုလည္း ဆင္ႏြဲၾကသည္။ ေဆြးမ်ိဳးညာတိ အေပါင္းအေဖာ္မ်ားႏွင့္လည္း ေပ်ာ္ပါးၾကသည္။ ပြဲေတာ္ျပီးခ်ိန္တြင္ ပင္ပန္းႏြမ္းနယ္ေနၾကျပီ ျဖစ္သည္။ သို႔ေပမင့္ အိမ္ကို ျပန္ၾကရဦးမည္။ အိမ္ျပန္ဖို႔အတြက္ ျပင္ဆင္ရျပန္သည္။ အထုပ္အပိုးေတြကို ခ်ည္ေႏွာင္ ရျပန္သည္။ လမ္းမွာ စားသံုးရန္ ခ်က္ျပဳတ္ရျပန္သည္။ ၀ယ္ယူထားေသာ ပစၥည္းမ်ားကိုုလည္း သိမ္းဆည္းရျပန္သည္။ ျပန္ရန္ အားလံုုးအသင့္ျဖစ္သည္ႏွင့္ အိမ္သို႔ ျပန္ခဲ့ၾကသည္။ ေယာသပ္ႏွင့္မာရိတိုု႔ အိမ္အျပန္လမ္းတေလွ်ာက္ ပြဲေတာ္အတြင္း ၾကံဳေတြ႕ရသည္မ်ားကို စျမံဳ႕ျပန္ကာ ျပန္ေျပာေကာင္းေျပာေနမည္။ အေဖာ္အေပါင္း၊ ေဆြမ်ိဳးညာတကာမ်ားႏွင့္ စကားေဖာင္ဖြဲ႔ေကာင္း ေဖာင္ဖြဲ႔ေနမည္။ အိပ္ေရးပ်က္ခဲ့ေသာေၾကာင့္ အိပ္ငိုက္ေကာင္းလည္း အိပ္ငိုက္ေနမည္။ ထိုအခ်ိန္မွာ သတိရ၍ သူငယ္ေတာ္ ေယရွဳကို ေခၚၾကည့္မည္။ ထူးသံမၾကား၍ အုပ္စုထဲတြင္ လိုက္ရွာၾကည့္မည္။ အုပ္စုထဲတြင္ သူငယ္ေတာ္ေယရွဳကိုု ရွာမေတြ႕ ျပီ။ သူငယ္ေတာ္ေယရွဳသည္ မိမိတို႔ႏွင့္ ပါမလာေတာ့ျပီ။ ေယာသပ္ႏွင့္မာရိတိုု႔ ေခါင္းနပန္းၾကီးသြားသည္။ သားေတာ္ေယရွဳ ဘယ္ေရာက္သြားလဲ။ လာခဲ့သည့္ လမ္းတေလွ်ာက္ ေနာက္ေၾကာင္းျပန္ကာ အေျပးအလြား ရွာၾကသည္။ မေတြ႕။ ေခါင္းမီးမ်ားေတာက္ေခ်ျပီ။ သားငယ္ ဘယ္ေရာက္ျပီး၊ ဘယ္ေပ်ာက္သြားသနည္း။ လမ္းမွာ ရွာမေတြ႕သည့္အဆံုး ေယရွဳရွလင္ျမိဳ ႔သို႔ ျပန္သြားၾကသည္။ သူငယ္ေတာ္ ေယရွဳ၏ ရုပ္ရည္ပံုစံ၊ အရပ္အေမာင္း တို႔ကို စကားလံုးမ်ားျဖင့္ ေဖာ္ျပျပီး၊ လမ္းသြားလမ္းလာမ်ားကို ေမးမည္။ ကံေကာင္းေထာက္မ၍ ခရစ္ေတာ္အား ျမင္မိလိုက္သူတဦးက ညႊန္ျပေသာေၾကာင့္ ခရစ္ေတာ္ကို ဗိမာန္ေတာ္မွာ ျပန္၍ ေတြ႔သည္။ သည္ေတာ့မွ မိဘမ်ား သက္ျပင္းခ်ကာ စိတ္သက္သာရသည္။

ေယာသပ္ႏွင့္မာရိတို႔သည္ ခရစ္ေတာ္ကို ငယ္စဥ္ကတည္းက ကိုယ္ႏွင့္မကြာ ၾကည့္ရွဳခဲ့သည္။ မ်က္စိေအာက္က အေပ်ာက္မခံ ခ်စ္ခဲ့ၾကမည္။ ဘုရားထံမွလာေသာ သားျဖစ္သည့္အတြက္လည္း တန္ဖိုးထားကာ ေစာင့္ေရွာက္ၾကမည္။ ဘယ္သြားသြား ဘယ္လာလာ အတူတူ ရွိေနခဲ့မည္။ ထိုမွ်ေလာက္ ေယရွဳကို ဂရုတစိုက္ၾကည့္ကာ မိမိတို႔ႏွင့္ မကြာ ထားရွိခဲ့ေသာ မိဘႏွစ္ပါးတို႔သည္ ေယရွဳခရစ္ကိုု ပသခါပြဲတြင္ အဘယ္သိုု႔ေၾကာင့္ ေပ်ာက္သြားရပါသနည္း။ မိဘမ်ား မိမိကေလးေပ်ာက္သြားျခင္းသည္ ေတာ္ရုံတန္ရုံျဖစ္ခဲေသာ အမွဳျဖစ္သည္။ သားသမီးမ်ားကို မိဘတိုင္းက ခ်စ္ၾကသည္။ အထူးသျဖင့္ လိမၼာေရျခားရွိေသာ သားသမီမ်ားကို မိဘမ်ားက ပိုခ်စ္သည္။ ပိုျပီး ဂရုစိုက္ၾကသည္။ မ်က္စိေအာက္က အေပ်ာက္မခံၾက။ သိုု႔ပါေသာ္လည္း မိဘမ်ားသည္ သားသမီးမ်ားကိုု ေပ်ာက္ခဲ့ဘူးၾကသည္။ ေယာသပ္ႏွင့္ မာရိတို႔လည္း ခရစ္ေတာ္ကို ေပ်ာက္ခဲ့ၾကသည္။ ထိုု႔နည္းတူ အခ်ိဳ႕ခရစ္ယာန္မ်ားလည္း ခရစ္ေတာ္ကို ေပ်ာက္ခဲ့ၾကသည္။ သူတိုု႔သည္ ခရစ္ေတာ္ႏွင့္ စတင္ထိေတြ႕ခ်ိန္တြင္ ခရစ္ေတာ္ကိုု အရမ္းခ်စ္ၾကသည္။ ခရစ္ေတာ္ႏွင့္ မိသာဟာရ မျပဳရရင္ မေနႏိုင္ေအာင္၊ ခရစ္ေတာ္၏ နဴတ္ကပတ္ေတာ္ကို မဖတ္ပဲ မေနႏိုင္ေအာင္ ျဖစ္ခဲ့ၾကသည္။ ေကာက္ရုုိးမီးမ်ားကဲ့သိုု႔ မီးလွ်ံတိုု႔သည္ ဟုုန္းကနဲေတာက္ေလာင္ ခဲ့ၾကသည္။ သို႔ေသာ္ အခ်ိန္ၾကာလာေသာအခါ ခရစ္ေတာ္သည္ သူတို႔ဘ၀ထဲမွာ တစတစ ေမွးမွိန္လာသည္။ ခရစ္ေတာ္သည္ သူတိုု႔ဘ၀ထဲမွ တျဖည္းျဖည္း ေပ်ာက္လာသည္။ ေနာက္ဆံုုးေတာ့ ခရစ္ေတာ္သည္ သူတိုု႔ဘ၀ထဲမွ လံုုးလံုုး ေပ်ာက္သြားေတာ့သည္။ ထိုုသိုု႔ေပ်ာက္သြားေသာ္လည္း ခရစ္ယာန္မ်ားက မိမိဘ၀ထဲမွာ ခရစ္ေတာ္ ရွိေနေသးသည္ ထင္ၾကသည္။ ခရစ္ေတာ္သည္ မိမိတို႔ႏွင့္ အတူ ပါလာေသးသည္ ထင္ၾကသည္။ သို႔ေသာ္ ေသခ်ာျပန္ၾကည့္ေသာအခါ ေယာသပ္ႏွင့္ မာရိတို႔လို ခရစ္ေတာ္သည္ မိမိထံမွ ေပ်ာက္ေနသည္ကို ခရစ္ယာန္မ်ား အထိန္တလန္႔ႏွင့္ သိၾကရသည္။ ခရစ္ေတာ္သည္ မိမိတိုု႔ထံမွ အဘယ္ေၾကာင့္ ေပ်ာက္သြားရပါသနည္း။

ေယာသပ္ႏွင့္ မာရိတို႔ကို ျပန္ၾကည့္ၾကမည္။ သူတို႔ႏွစ္ေယာက္ ခရစ္ေတာ္ ေပ်ာက္ေၾကာင္းကို အိမ္အျပန္လမ္းခရီး တေနရာအေရာက္မွာ သိၾကသည္။ အျပန္လမ္းတြင္ "တရက္" ၾကာျပီးမွ ခရစ္ေတာ္ေပ်ာက္မွန္းသိၾကသည္။ တရက္ဆိုုသည္မွာ ေတာ္ေတာ္ၾကာသည္။ ခရစ္ေတာ္ကို ခ်စ္ေသာ ဤမိဘႏွစ္ပါးသည္ အဘယ္ေၾကာင့္ တရက္ၾကာျပီးမွ ခရစ္ေတာ္ ေပ်ာက္သြားသည္ကို သိၾကရပါသနည္း။ က်မ္းစာထဲတြင္ သဲလြန္စျပန္ရွာၾကမည္။ ေယာသပ္ႏွင့္ မာရိတို႔သည္ ပသခါပြဲေတာ္မွ အျပန္ျဖစ္သည္။ ထိုပြဲေတာ္တေလွ်ာက္လံုး သူတို႔ ႏွစ္ေယာက္ ပြဲေတာ္အတြက္ လုပ္စရာရွိသည္မ်ား လုပ္ေဆာင္ရမည္။ ထံုးတမ္းအစဥ္အလာမ်ားျပဳရမည္။ အျပန္ခရီးတြင္လည္း ထုပ္ပိုးသိမ္းဆည္းျခင္းမ်ား ျပဳရမည္။ ယူေဆာင္စရာရွိသည္မ်ားကို မွတ္သားကာ ယူေဆာင္ရမည္။ အစစအရာရာ စိစပ္ေသခ်ာေအာင္ စီရင္ၾကရမည္။ ခရီးလမ္းတြင္လည္း ေဆြမ်ိဳးမ်ားႏွင့္ စကားေတြ ေဖာင္ဖြဲ႕ေအာင္ေျပာေနမည္။ သူတို႔သည္ ကိုယ္ေရာ၊စိတ္ပါ မအားလပ္ရေအာင္ အလုပ္ေတြမ်ားေနၾကမည္။ ထိုသို႔ အလုုပ္မ်ားေနေသာေၾကာင့္ ခရစ္ေတာ္သည္ သူတို႔ထံမွ ေပ်ာက္သြားသည္ကို သတိမထားမိၾကသည္အထိ ျဖစ္ရသည္။ ယေန႔ခရစ္ယာန္မ်ားသည္လည္း ထို႔အတူျဖစ္သည္။ အိမ္ေထာင္မက်ခင္ အားလပ္ခ်ိန္မ်ားေသာအခါက ခရစ္ေတာ္မွ ခရစ္ေတာ္ ျဖစ္ကာ စိတ္အားထက္သန္ၾကသည္။ ေန႔တိုင္းေနရာညပါ ဆုေတာင္းသည္။ က်မ္းစာဖတ္သည္။ ခရစ္ေတာ္ႏွင့္သာ ေပ်ာ္ေမြ႔သည္။ အိမ္ေထာင္က်ေသာအခါ ႏွစ္ေယာက္ျဖစ္လာေသာေၾကာင့္ အလုပ္ေတြပိုလာသည္။ ႏွစ္ဖက္ေဆြမ်ိဳးမ်ားႏွင့္ ႏွစ္ဖက္ေသာ မိတ္ေဆြသဂၤဟမ်ား၏ သာေရးနာေရးမ်ားက ပိုလာသည္။ ေငြကို တဦးတည္းေနစဥ္ကထက္ ပိုရွာလာရသည္။ အလုပ္အတြက္ အခ်ိန္ပိုေပးလာရသည္။ တျဖည္းျဖည္း အလုပ္မ်ား ရွဳပ္လာၾကသည္။ ေန႔ညဆုေတာင္းေနရင္းက ညအခ်ိန္တခါတည္းသာ ဆုေတာင္းေတာ့သည္။ က်မ္းစာေန႔စဥ္ ဖတ္ရွဳျခင္းမ်ားမရွိေတာ့ပဲ က်မ္းစာဖတ္သည့္ ရက္ေတြျခားလာမည္။ ခရစ္ေတာ္သည္ တျဖည္းျဖည္းႏွင့္ မိမိဘ၀ထဲကေန ေမွးမွိန္စျပဳလာသည္။ သားသမီးမ်ားရလာေတာ့ ပို၍ ဆိုးေတာ့သည္။ သားသမီးမ်ား၏ ပံုုမွန္ၾကီးထြားေရး၊ လိမၼာေရးျခားရွိေရး၊ ပညာေရးတိုု႔ျဖင့္ အလုပ္တို႔သည္ ရွုဳပ္သထက္ ရွဳပ္လာသည္။ သားသမီးတေယာက္ကေန ႏွစ္ေယာက္ျဖစ္လာေတာ့ အလုပ္ရွဳပ္ျခင္းသည္ အဆိုးဆံုးျဖစ္ေတာ့သည္။ က်မ္းစာလည္းမဖတ္ႏိုင္ေတာ့။ ဆုေတာင္းျခင္းလည္း မျပဳႏိုင္ေတာ့။ ခရစ္ေတာ္သည္ မိမိဘ၀ထဲမွ လံုးလံုးေပ်ာက္သြားေတာ့သည္။ ထိုု႔ေၾကာင့္ ခရစ္ေတာ္ ေပ်ာက္သြားျခင္း၏ ပထမတရားခံသည္ အလုပ္ရွဳပ္ေနျခင္းပင္ ျဖစ္သည္။

ေယာသပ္ႏွင့္ မာရိတို႔ ခရစ္ေတာ္ကို ေပ်ာက္ရျခင္း ေနာက္တခ်က္သည္ ဂရုမစိုက္မွဳေၾကာင့္ ျဖစ္သည္။ သူငယ္ေတာ္ ေယရွဳသည္ လိမၼာေရးျခားရွိသည္။ မိဘစကားကို ေျမ၀ယ္မက်နားေထာင္သည္။ မိဘေျပာသည့္ အတိုင္းေနမည့္ထိုင္မည့္ သူငယ္မ်ိဳးျဖစ္သည္။ မိဘမ်ားက သူငယ္ေတာ္ ေယရွဳ၏ စရုိက္သဘာ၀ကို ယံုၾကည္စိတ္ခ်ထားၾကသည္။ မိဘမ်ားက သူငယ္ေတာ္ေယရွဳသည္ သူတိုု႔ေျပာလွ်င္ ေျပာမည့္အတိုင္း လုပ္မည္ဟု တထစ္ခ်ထင္မွတ္ၾကသည္။ မိဘမ်ားက ေယရုဆလင္မွ အျပန္တြင္ သူငယ္ေတာ္ေယရွဳအား ထပ္ခ်ပ္မခြာလုိက္ဖို႔ရန္ မွာေကာင္းမွာမည္။ မိဘမ်ားက ေယရွဳခရစ္ေတာ္သည္ သူတို႔ေနာက္သို႔ ထပ္ခ်ပ္မခြာလိုက္ေနသည္ဟုပဲ ထင္မွတ္ၾကသည္။ တကယ္ေတာ့ ခရစ္ေတာ္သည္ ေယရုရွလင္ျမိဳ႕မွာ က်န္ခဲ့ေလျပီ။ ယေန႔ခရစ္ယာန္မ်ားလည္ ထို႔နည္းလည္းေကာင္း ျဖစ္သည္။ ခရစ္ေတာ္ကို လက္ခံရျပီး ျဖစ္၍ ကယ္တင္ျခင္းကို စိတ္ခ်ရျပီ။ ခရစ္ေတာ္သည္ မိမိတို႔ ဘာလုပ္လုပ္ ခြင့္လႊတ္မည္။ ခရစ္ေတာ္သည္ မိမိတို႔ ဘ၀တေလွ်ာက္လံုးအတြက္ ေကာင္းခ်ီးမ်ားေပးဦးမည္။ ဆုေတာင္းေတာင္း၊မေတာင္းေတာင္း လိုအပ္သည္မ်ား ျပည့္စံုလိမ့္မည္။ အျပစ္မ၀န္ခံလည္း ခြင့္လႊတ္မည္။ က်မ္းစာမဖတ္လည္း ေကာင္းၾကီးမ်ားရႏိုုင္သည္ဟု တထစ္ခ်ယံုၾကည္ထားၾကသည္။ ထိုသို႔ ယံုၾကည္ၾကေသာေၾကာင့္ ဆုမေတာင္း၊ က်မ္းစာမဖတ္ပဲႏွင့္လည္း ခရစ္ေတာ္သည္ မိမိတို႔ ေနာက္က လိုက္ပါလာမည္ဟု ထင္တတ္ၾကသည္။ အမွန္တကယ္ကေတာ့ ခရစ္ေတာ္သည္ သူတို႔ဘ၀ထဲမွာ ေပ်ာက္ေနသည္မွာ ၾကာျပီျဖစ္သည္။ ထိုု႔သိုု႔ ေပ်ာက္သြားျခင္း၏ ဒုတိယတရားခံသည္ ခရစ္ေတာ္ကို ဂရုမစိုက္ျခင္းေၾကာင့္ ျဖစ္သည္။

ေယာသႏွင့္ မာရိတို႔သည္ ခရစ္ေတာ္ကို ေပ်ာက္ရျခင္း ေနာက္တခ်က္သည္ ထင္ျမင္ယူဆမွဳေၾကာင့္ျဖစ္သည္။ ခရစ္ေတာ္အေၾကာင္းကို မိမိတို႔ေကာင္းေကာင္းသိသည္ဟု ယူဆၾကေသာေၾကာင့္ျဖစ္သည္။ ယေန႔ခရစ္ယာန္မ်ားသည္ ခရစ္ေတာ္ကို သိသည္ဟု ယူဆၾကသည္။ ခရစ္ေတာ္ကို စတင္လက္ခံစဥ္က က်မ္းစာကိုအမွီျပဳကာ ခရစ္ေတာ္ကို နားလည္ယူဆၾကသည္။ ၾကာလာေသာအခါ က်မ္းစာအျပင္ အျခားေသာ က်မ္းစာျပင္ပ စာမ်ားကို ေလ့လာၾကသည္။ ထိုသို႔ ေလ့လာရင္းႏွင့္ မိမိတို႔၏ ေတြးေတာ ဆင္ျခင္ႏိုင္မွဳကို ပိုျပီး အဓိကထားလာၾကသည္။ က်မ္းစာပါအခ်က္မ်ားထက္ လူတို႔ ေတြးေတာခ်က္မ်ားကို ပိုျပီးအသားေပးလာသည္။ ထိုအခါ က်မ္းစာပါ ခရစ္ေတာ္ပံုေဖာ္ခ်က္ကို ပယ္လာၾကျပီး မိမိတို႔ ျဖစ္ႏိုင္မည္ဟု ထင္သည့္ ခရစ္ေတာ္ကို ပံုေဖာ္ၾကသည္။ ၁၉၀၀ ရာစု ႏွစ္မ်ားေလာက္ကစ၍ ဂ်ာမာန္က်မ္းစာပညာရွင္တခ်ိဳ႕သည္ က်မ္းစာထဲမွာ ခရစ္ေတာ္ထက္ က်မ္းစာျပင္ပ သမိုင္းမွတ္တမ္းမ်ားကို အေျခခံကာ ခရစ္ေတာ္၏ အတုတၱပတၱိကို ျပန္ေကာက္က်သည္။ ယုတၱိေဗဒ၊ သမိုင္းအခ်က္အလက္၊ ေတြးေတာၾကံဆမွဳ စသည့္ လူ၏ ဆင္ျခင္မွဳကို အေျခခံျပီး ခရစ္ေတာ္ကို ျပန္လည္ ရုပ္လံုးေဖာ္ၾကသည္။ ထိုခရစ္ေတာ္သည္ က်မ္းစာႏွင့္ လံုးလံုးကြဲျပားျခားနားေသာ ခရစ္ေတာ္ျဖစ္သည္။ ထိုခရစ္ေတာ္ကို Historical Jesus ဟု သူတို႔ဆိုသည္။ သူတို႔ဆိုသည့္ ခရစ္ေတာ္သည္ Biblical Jesus ထက္ အမွန္ႏွင့္ နီးစပ္သည္ဟု ေၾကြးေၾကာ္ၾကသည္။ ထိုသူမ်ားေရးေသာ စာအုပ္မ်ားကို ဖတ္မိသူမ်ားလည္း၊ အဆိပ္အေတာက္ျဖစ္ကာ လမ္းမွားသို႔ လိုက္ၾကေတာ့သည္။ အစဦးတုန္းက က်မ္းစာကို ဖတ္၍ လမ္းမွန္ခဲ့ေသာ သူမ်ားသည္ ထိုစာေပမ်ားကို ဖတ္ရင္းႏွင့္ လမ္းလြဲၾကေတာ့သည္။ ခရစ္ေတာ္သည္ သူတို႔၏ဘ၀ထဲမွာ လံုးလံုးေပ်ာက္သြားၾကေတာ့သည္။ ထိုသို႔ေပ်ာက္သြားျခင္း၏ တတိယ တရားခံသည္ မိမိဥာဏ္ကို အမွီျပဳသည္ ထင္ျမင္ယူဆခ်က္ေၾကာင့္ျဖစ္သည္။

ေယာသႏွင့္ မာရိတို႔သည္ ခရစ္ေတာ္ကို ေပ်ာက္ရျခင္း ေနာက္တခ်က္သည္ ေပ်ာ္ရႊင္လြန္းမွဳေၾကာင့္ျဖစ္သည္။ ပြဲၾကီးရက္ၾကီးမ်ားတြင္ သူတို႔သည္ အလြန္ေပ်ာ္ရႊင္ခဲ့မည္။ အျပန္ခရီးမွာ ေပ်ာ္ခဲ့သည္မ်ားကိုု ျပန္ေျပာင္းေတြးေတာ စျမံဳျပန္ေကာင္းျပန္မည္။ အေပ်ာ္မ်ားက ေျပာစကားတို႔မွာ ရစ္ပတ္ေနမည္။ အေပ်ာ္မ်ားက ဦးေခါင္းထဲမွာ ျပည့္ေနမည္။ အေပ်ာ္မ်ားက လုုပ္သည့္အရာတိုုင္းမွာ လြမ္းျခံဳထားသည္။ သို႔အတြက္ေၾကာင့္ ခရစ္ေတာ္ ပါမလာသည္ကို သတိမထားမိပဲ ေပ်ာက္ေနျခင္းျဖစ္သည္။ ယေန႔ခရစ္ယာန္မ်ားသည္လည္း အေပ်ာ္မ်ားေနာက္သို႔ လိုက္ေနၾကျခင္းေၾကာင့္ ခရစ္ေတာ္ႏွင့္ တစတစေ၀းလာၾကသည္။ အေပ်ာ္မ်ားထဲတြင္ စံုးစံုးျမဳပ္ေနေသာေၾကာင့္ ခရစ္ေတာ္သည္ သူတို႔ဘ၀ထဲမွာ လံုး၀ေပ်ာက္သြားသည္။ ခ်ားလ္(စ္)စပတ္ဂ်င္၏ အဆိုကေလးကို သတိရမိသည္။ "ဆင္းရဲဒုကၡေရာက္သည့္အခ်ိန္မ်ားတြင္ ဘုုရားသခင္ႏွင့္ ကင္းကြာသြားရန္ မျဖစ္ႏိုုင္ျပီ။ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေနတဲ့အခ်ိန္မ်ားတြင္လည္း ဘုုရားသခင္ကိုု ေမ့သြားဖိုု႔ မျဖစ္ႏိုုင္ျပီ။ ဘုရားႏွင့္ အဆက္အသြယ္ျပတ္သြားမည့္ ေၾကာက္စရာအေကာင္းဆံုး အခ်ိန္မ်ားသည္ အလြန္အၾကဴးေပ်ာ္ရြင္ေနၾကသည့္ အခ်ိန္မ်ားပင္ျဖစ္သည္။ " ။ စပန္ဂ်င္ရဲ့ စကား မွန္သည္။ ယေနခရစ္ယာန္မ်ားအေပ်ာ္က်ဴးလြန္းၾကျခင္းေၾကာင့္ ခရစ္ေတာ္ႏွင့္ ေ၀းကြာသြားရသည္။ ခရစ္ေတာ္သည္ မိမိဘ၀ထဲမွ ေပ်ာက္သြားၾကသည္။ ထိုသို႔ ေပ်ာက္သြားၾကျခင္း၏ စတုတၳတရားခံသည္ ေပ်ာ္ရႊင္မွဳ လြန္ၾကဴျခင္းေၾကာင့္ျဖစ္သည္

ခရစ္ေတာ္ေပ်ာက္သြားရင္ ဘာလုပ္ၾကမည္နည္း။ ေပ်ာက္ေနလွ်င္ ျပန္ရွာရမည္ျဖစ္သည္။ ေယာသပ္ႏွင့္ မာရိတို႔ ေပ်ာက္မွန္းသိသည္ႏွင့္ အေျပးအလႊား ျပန္ရွာၾကသည္။ သံုးရက္အၾကာတြင္ ေယရုရွလင္ ျမိဳ႕တြင္ ျပန္ေတြ႕သည္။ ထို႔အတူ ခရစ္ေတာ္ေပ်ာက္သြားၾကေသာ ခရစ္ယာန္မ်ားလည္း ေပ်ာက္မွန္းသိလ်င္ ျပန္ရွာၾကရမည္။ ဘယ္လိုျပန္ရွာၾကရမည္နည္း။ လြယ္သည္။ အရင္လုပ္ခဲ့သည့္အတိုင္း ျပန္လုပ္ၾကမည္။

၁။ ခရစ္ေတာ္ႏွင့္ စတင္ေတြ႔သည့္အခ်ိန္ကအတိုင္း ျပန္ဆုေတာင္းၾကမည္။ ထိုအခ်ိန္ကရွိခဲ့သည္ ၀ိညာဥ္အားၾကီးျခင္းမ်ိဳးျဖင့္ ျပန္ဆုေတာင္းၾကမည္။ ထိုစဥ္အခ်ိန္က ျမတ္ႏိုးမွဳျဖင့္ ျပန္လည္ဆုေတာင္းၾကမည္။
၂။ အျပစ္မ်ားကို ျပန္လည္ ၀န္ခ်ေတာင္းပန္မည္။ အျပစ္ႏွင့္ ခရစ္ေတာ္သည္ အတူတကြ ေန၍မရ။ အျပစ္လုပ္ေနလ်င္ ခရစ္ေတာ္မေနႏိုင္။ ခရစ္ေတာ္ေနလ်င္ အျပစ္မလုပ္ႏိုင္။ ခရစ္ေတာ္ႏွင့္ အျပစ္ ေရြးခ်ယ္စရာႏွစ္ခုတြင္ ခရစ္ေတာ္ကိုသာ ေရြးခ်ယ္မည္။ မွားခဲ့ အျပစ္မ်ားအတြက္ ေတာင္းပန္မည္။
၃။ က်မ္းစာကိုု ျပန္ဖတ္ၾကမည္။ က်မ္းစာသည္ ႏူတ္ကပတ္ေတာ္ျဖစ္သည္။ နဴတ္ကပတ္ေတာ္ကိုု ပိုုမိုုနားလည္ေအာင္ ၾကိဳးစားၾကမည္။ ႏူတ္ကပတ္ေတာ္ထဲမွာ မကုုန္ႏိုုင္ေသာ ဘုုရားသခင္၏ နက္နဲသည့္အရာမ်ားကိုု ျပန္လည္ ေလ့လာၾကမည္။

အထက္ပါအခ်က္မ်ားကိုု ျပန္လုုပ္ၾကလ်င္ ခရစ္ယာန္မ်ား ခရစ္ေတာ္ကိုု ျပန္ေတြ႕မည္။ ဒီႏွစ္ခရစ္စမတ္မွာ ခရစ္ေတာ္ေပ်ာက္ေနသူမ်ား ေပ်ာက္ေနေသာ ခရစ္ေတာ္ကိုု ျပန္ရွာၾကမည္။ ဒီႏွစ္ခရစ္စမတ္မွာ ခရစ္ေတာ္ေပ်ာက္ေနသူမ်ား ေ၀းကြာေနေသာ ခရစ္ေတာ္ႏွင့္ ျပန္လည္ မိတ္ဖြဲ႕ၾကမည္။ ဒီႏွစ္ခရစ္စမတ္မွာ ခရစ္ေတာ္ေပ်ာက္ေနသူမ်ား စိမ္းကားသြားေသာ ခရစ္ေတာ္ႏွင့္ ေႏြးေထြးမွဳကိုု ျပန္ရွာၾကမည္။ ခရစ္စမတ္တိုုင္းသည္ ခရစ္ေတာ္ကိုု ျပန္လည္ရွာေဖြေတြ႔ရွိေသာ ခရစ္စမတ္ျဖစ္သင့္သည္။ ခရစ္စမတ္တိုုင္းသည္ ခရစ္ေတာ္ျပန္လည္ ေနရာယူေသာ ခရစ္စမတ္ျဖစ္သင့္သည္။

ခရစ္စမတ္အခ်ိန္ရာက္ျပီ။ ဒီႏွစ္မွာလည္း ခရစ္စမတ္ရွိသည္။ မႏွစ္ကလည္း ခရစ္စမတ္ ရွိခဲ့သည္။ တႏွစ္ကလည္း ခရစ္စမတ္ ရွိခဲ့သည္။ ခရစ္စမတ္ ေပါင္းမ်ားစြာရွိခဲ့သည္။ ေနာက္ႏွစ္မွာလည္း ခရစ္စမတ္ ရွိဦးမည္။ ေနာက္တႏွစ္မွာလည္း ခရစ္စမတ္ ရွိဦးမည္။ ခရစ္စမတ္ေပါင္းမ်ားစြာ ရွိဦးမည္။

နာမေတာ္ျမတ္၌

လွမင္းသူ

http://www.murann.com/ezine/index.php?option=com_content&view=article&id=1269%3Achristmas-for-those-who-has-lost-jesus&catid=1%3Aspiritual&Itemid=2

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...