0

“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၂ )

 
“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၂ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reshare #9Dan Unicode & Zawgyi
အင်းဝသို့ပြောင်းရွှေ့ခြင်း
~~~~~~~~~~~~~~~~
ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်သော ရေကြောင်းခရီးပြုပြီးနောက် ဆရာ ယုဒသန်တို့ အင်းဝသို့ရောက်ရှိလာခဲ့ကြသည်။ အင်းဝသို့ရောက်ရှိပြီးမကြာမီမှာပင် တိုင်း ပြည် အခြေ အနေနှင့်နိုင်ငံရေးအခြေအနေတို့ပြောင်းလဲလာခဲ့သည်။ အင်္ဂလိပ်နှင့်စစ်ရေးအရ တင်းမာမှု များရှိလာခဲ့ရာ အင်းဝရှိ မျက်နျာဖြူနိုင်ငံခြားသားတို့၏ဘဝမျာလုံခြုံမှုမရှိတော့ပေ။ ထိုစဉ်အတွင်း ဆရာယုဒသန်က ဆက်လက်ဘာသာပြန်ဆိုနေပြီး မမယုဒသန်မှာမူ ကျောင်း ဖွင့်လျက် စာသင်ကြားခြင်းကိုဆောင်ရွက်လျက်ရှိပေသည်။

အင်္ဂလိပ်တို့သည်ရန်ကုန်ကိုတိုက်ခိုက်ခဲ့ရာ ရန်ကုန်တွင်ကျန်ရစ်ခဲ့သော မစ္စတာ ဟောက် ဇနီးမောင်နှံ မှာ အဖမ်းခံရပြီး သေဒဏ်ပင်ချမှတ်ထားခြင်း ခံနေရလေသည်။ (၁၈၂၄ ) ခု ၊ ဇွန်လ ( ၈ ) ရက်နေ့ ၊ အင်္ဂါနေ့မွန်းလွဲပိုင်း၌ ဆရာယုဒသန်တို့ ညစာစားရန်ပြင်ဆင် လျက်ရှိနေစဉ် ဘုရင့် နန်းတော်မှ တပ်သားများသည် ဖမ်းဆီးရန်အမိန့်နှင့်အတူ ရောက်လာ၍ ဆရာယုဒသန်ကို ဖမ်းဆီးခေါ်ဆောင်သွားလေသည်။ ခေါ်ဆောင်သွားရာထောင်ကား သေမင်းတမန် လက်မရွံ့ထောင်ပင်ဖြစ်လေသည်။ လက်မရွံ့ဟူသည့်အမည်အတိုင်းပင် ညှဉ်းပန်းနှိပ်စက်ကွက်မျက်ရန် လုံးဝလက်မတွန့်သည့်နေရာဖြစ်သည်။

အင်္ဂလိပ်နှင့် စစ်ဖြစ်နေစဉ် အင်းဝရှိမျက်နှာဖြူများသည် အင်္ဂလိပ်တို့၏သူလျှိုအဖြစ် သတ်မှတ်ကာ ဖမ်းဆီးခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆရာ ယုဒသန်အကျဉ်း ကျခံနေရစဉ်တစ်လျှောက်လုံးတွင် မမယုဒသန်သည် မိမိခင်ပွန်းလွတ်မြောက်ရန်အတွက် မိမိ၏ ပင်ကိုယ် အရည်အချင်းများ အတိုင်းဇွဲမလျှော့ဘဲကြိုးစားဆောင်ရွက်နေလေသည်။
အင်းဝလက်မရွံ့ထောင်တွင် မစင်ခန်း၌နေရလေသည်။ ခြေထောက်နှစ်ချောင်း ကိုလည်း သံကြိုးဖြင့်ချည်နှောင်ထားရာ ခြေထောက်နှစ်ချောင်းအကြားရှိသံကြိုးမှာ လက်မ အနည်းငယ် သာရှိရာ လမ်းလျှောက်ရာတွင် အလွန်ခက်ခဲခဲ့ရသည်။ ညစ်ပတ်နေသော ထို မစင်ခန်း၏အနံ့ အသက်ကိုတွေးဆကြည့်နိုင်ပါသည်။ အလင်းရောင်မရှိခြင်း၊ ထိပ်တုံးခတ် ထားခြင်း ၊ အနံ့အသက် ဆိုးခြင်း ၊ ရာသီဥတုပူပြင်းခြင်းနှင့် ဖမ်းဆီးချိန်က ပြင်းစွာရိုက်နှက် ထားသောဒဏ်ရာမှ နာကျင်ခြင်း များကြောင့် ထိုစဉ်အတွင်းဆရာယုဒသန်၏စိတ်အခြေအနေ ကိုမှန်းဆနိုင်ပေမည်။ ထိုကြောက်မက်ဘွယ်အခြေအနေများက ဆရာယုဒသန်၏မျက်စိအား ( ၁၈၂၄ ) ခု ၊ ဇါန်လ ( ၈ ) ရက်နေ့ညနေ၌ အကြီးအကျယ်ထိခိုက်စေခဲ့သည်။

ဝေဒနာကိုထို့ထက်မကပြင်းထန်စွာခံစားရစေရန် သူတို့အားဘေးချင်းယှဉ်တန်းစီ လျက် ခြေထောက်ကိုမိုးပေါ်ထောင်၍ ခြေထောက်များအကြား ဝါးလုံးတန်းဖြင့်လျှိုထားကြ သည်။ ဆရာယုဒသန်ထောင်ထဲတွင်ရှိနေစဉ် အပြင်၌ရှိနေသော မမယုဒသန်သည်လည်း စိုးရိမ်ပူပန်မှု များစွာနှင့်အတူ အိုးအိမ်စည်းစိမ်အတွက်လည်းသောကရောက်နေခဲ့ရသည်။ ထိုအထဲမှ အရေး အကြီးဆုံးမှာ ဘာသာပြန်လက်စ သမ္မာကျမ်းများပင်ဖြစ်သည်။ အစတွင် မြေကြီးထဲမြှုပ်နှံထားသော်လည်း ရာသီဥတုနှင့်ပိုးမွှားများ၏အန္တရာယ်ကိုစိုးရိမ်၍ ဆရာ ယုဒသန်နှင့်တိုင်ပင်ကာ ခေါင်းအုံးအသွင်ဖြင့် ထောင်ထံသို့ပို့ဆောင်ရန် လုပ်ဆောင်နိုင်ခဲ့ ကြသည်။ ဤကဲ့သို့ လုပ်ဆောင်နိုင်မှုကြောင့် အခက်အခဲများ မည်သို့ပင်တွေ့ကြုံခဲ့ကြ သော်လည်း ဘုရားသခင်၏ကျေးဇူးတော်ကိုတိုး၍ချီးမွမ်းနိုင်ခဲ့ကြသည်။

ဤအချိန်မှာပင် မမယုဒသန်သည် သမီးမိန်းကလေးကို မွေးဖွားခဲ့လေသည်။ မီးတွင်းထဲ ရှိနေချိန်အတွင်း ဆရာယုဒသန်ခံမသ။ါားရောက်နိုင်ခဲ့သော်လည်း ခင်ပွန်းလွတ် မြောက်ရန်အတါက်ကိုမူ သူမ၏ စရိုက်လက္ခဏာအတိုင်းဆောင်ရွက်လျက်ရှိလေသည်။ ယုတ်ဆွအဆုံး အကျဉ်းထောင်မှလွတ်မြောက်အောင်လုပ်ဆောင်နိုင်မှုမရှိခဲ့သော်လည်း သက်သာ ရာရရှိစေဘို့ ဆောင်ရွက်နိုင်ခဲ့သည်။ ဆရာယုဒသန်သည် အင်ဝလက်မရွံ့ထောင်ထဲတွင် ( ၁၁ ) လ ကြာနေခဲ့ရသည်။

အောင်ပင်လယ်ထောင်သို့
~~~~~~~~~~~~~~~~~
အင်းဝလက်မရွံ့ထောင်တွင်ပြင်းတန်စွာဖျားနာနေစဉ်တွင်ပင် အောင်ပင်လယ် ထောင်သို့ပြောင်းရွှေ့လိုက်ကြသည်။ မပြောင်းရွှေ့မီ သူ၏ကုတ်အင်္ကျီကိုချွတ်ယူလိုက်ကြသည်။ အမြဲတမ်းစီး ထားလေ့ ရှိသော စွပ်ဖိနပ်ကိုချွတ်ယူခားလိုက်သည်။ ထို့နောက် ဖျားနာလျက်၊ အားနည်းစွာနှင့်ပင် ( ၈ ) မိုင် ( ၉ ) မိုင်ခန့်ကွာဝေးသော အောင်ပင်လယ် ထောင်သို့ ( ၁၈၂၅ ) ခု ၊ မေလ ( ၂ ) ရက်နေ့တွင် အခြားသောအကျဉ်းသားများနှင့်အတူ အညာဒေသ၏ ခြစ်ခြစ်တောက်ပူသော လွင်တီးခေါင်ပြင်ကြီးထဲမှာ ခြေဗလာဖြင့် လျှောက် လာခဲ့ရသည်။ အစဉ်အမြဲဘွတ်ဖိနပ် စီးထားလေ့ ရှိသောကြောင့် နုနေသောဆရာယုဒသန်၏ ခြေဖဝါးမှသွေးများတို့သည် စီးကျလာခဲ့သည်။ ရှည်လျားသောခရီးကို လျှောက်ခဲ့ရခြင်း ၊ ရာသီဥတုပူပြင်းခြင်း ၊ ဖျားနာနေခြင်း စသည် တို့ကြောင့် အောင်ပင်လယ်သို့ရောက်ရှိလာ သောအခါ အလွန်ပင်ပန်းနွမ်းနယ်လျက်ရှိလေသည်။

အောင်ပင်လယ်ထောင်သည်လည်း လက်မရွံ့အမျိုးအစားပင်ဖြစ်သည်။ မမ ယုဒသန်သည် ခင်ပွန်းသည်၏သတင်းကိုကြားသောအခါ လှည်းငှား၍ နို့စို့အရွယ်မိမိသမီး လေးကိုခေါ်ဆောင်ကာ ခေါ်ဆောင်သွားရာလမ်းတစ်လျှောက်လိုက်လာခဲ့လေသည်။ ပထမတွင် အမရပူရ သို့ ခေါ်ဆောင်သွားသည်ဟုထင်၍လိုက်လာခဲ့ရာ အောင်ပင်လယ်သို့ ဆက်လက်ခေါ်ဆောင် သွားကြောင်း သိရ၍ အောင်ပင်လယ်အထိ လိုက်လာခဲ့ရသည်။ အောင်ပင်လယ်ဆိုသည်ကို မမယုဒသန်မသိပါ။ သို့သော် သူမ၏ပင်ကိုယ်စရိုက်အတိုင်း ရောက်အောင်လာနိုင်ခဲ့သည်။ အောင်ပင်လယ်သို့ရောက်သောအခါ နေစရာမရှိ၍ ကြိုးစား ရာ ထောင်နံဘေးရှိ အိမ်ကလေး၏ ကောက်နှံထားရှိရာအခန်းကျဉ်းကလေးထဲတွင် သမီး ငယ်နှင့်အတူနေထိုင်ခဲ့ရသည်။

အောင်ပင်လယ်ရွာမှ ကလေးများကျောက်ပေါက်ခြင်းနှင့် အတူ မိမိနှင့်အတူပါ လာသောမြန်မာမိန်းကလေးသည်ကျောက်ရောဂါခံစားရသောအခါ အင်းဝသို့ပြန်၍ သိမ်းဆည်းခြင်း တွင် ပါရှိသွားသော ဆေးဝါးများကိုရအောင် တောင်းယူနိုင်ခဲ့ပြီး ကုသမှုကိုပြုနိုင်ခဲ့သည်။

အောင်ပင်လယ်တွင်ရှိနေစဉ် မမယုဒသန်သည် ဝမ်းကိုက် ရောဂါကိုပြင်းထန်စွာခံစားခဲ့ရ၍ မိမိထံမှနို့ချိုရည်မထွက်တော့သောကြောင့် ဆရာ ယုဒသန် မှ ထောင်အရာရှိကို အသနားခံကာ ရွာထဲမှကလေးမိခင်များကိုရှာဖွေပြီး မိမိသမီးလေးကို နို့ချိုတိုက်ကြွေးပေးပါမည့်အကြောင်း မမယုဒသန်နေမကောင်းဖြစ်သည့် နှစ်လအတွင်း လိုက်လံတောင်းပန်ရလေသည်။

အောင်ပင်လယ်ထောင်ထဲတွင်လည်း ဆရာယုဒသန်အနေဖြင့် သက်သာစွာ မနေရချေ။ အင်းဝလက်မရွံ့ထောင်မှတွေ့ကြုံခဲ့ရသောနာကျဉ်မှုများ၊ စိတ်သောကရောက် မှုများနှင့်အတူ အောင်ပင်လယ်ထောင်သို့သွားရာလမ်းတွင်ဖြစ်ပျက်ခဲ့သောခံစားမှုများ၊ အောင်ပင်လယ်ထောင်သို့ရောက်ရှိပြီး မိမိကိုယ်တိုင်ခံစားခဲ့ရသောဒုက္ခဆင်းရဲခြင်းများ သာမက ဇနီးသည်နှင့် သမီးငယ်တို့၏ ဒုက္ခတွေ့ကြုံခံစားမှုများ စသည်တို့အားလုံးပေါင်းစု လာသောအခါ အံ့သြစရာပင် ဆရာယုဒသန်သည် ဘုရားသခင်ကိုသံသယဝင်ခဲ့လေသည်။ "ကိုယ်တော်တကယ်ရှိရဲ့လားဟုပင် မေးမြန်းခဲ့လေသည်" ကိုယ်တော်တကယ်ရှိရင် ဘာကြောင့် ကျွန်ုပ်ကိုဒီလိုကြုံတွေ့စေရသလဲဟု သံသယမေးခွန်းများကိုမေးလာခဲ့ပေသည်။

သို့သော် ဘုရားသခင်သည် သူ၏လူခံစားရသောဒုက္ခဝေဒနာကိုလျစ်လျူမရှုခဲ့ပါ။ ဆရာယုဒသန်အနေဖြင့် ဘုရားသခင်ကိုသံသယကြီးစွာဝင်နေချိန်တွင် ဘုရားသခင်သည် မထင်မှတ်သောအမှုကိုပြုခဲ့ပေ သည်။ မည်သို့မျှမျှော်လင့်မထားသော ဦးရွှေငုံသည် အောင်ပင်လယ်သို့ရောက်ရှိလာလေသည်။ ဦးရွှေငုံကိုတွေ့လိုက်ရသောအခါ ဆရာ ယုဒသန်လွန်စွာအံ့အားသင့်ခဲ့ရသလို ဤအရာသည် ဘုရားသခင်၏ ဆောင်ရွက်ချက်ဖြစ် ကြောင်း နားလည်လာခဲ့ကာ ပို၍ခွန်အားတိုးပွားလာခဲ့သည်။ ဦးရွှေငုံသည်လည်း သူ့ကို ခွန်အားပေးခဲ့သည်။

ထို့နောက် အင်္ဂလိပ် – မြန်မာစစ်ပြေငြိမ်းရန် စကားပြန်(စာချုပ်ချုပ်ဆိုရာတွင် ဘာသာပြန်ရန်) အဖြစ် ဆရာယုဒသန် ကို အောင်ပင်လယ်ထောင် မှထုတ်ဆောင် သွားခဲ့သည်။ ပြင်ပသို့ရောက်နေ သော်လည်း လုံးဝလွတ်သွားခြင်းမဟုတ်ဘဲ အကျယ်ချုပ်ဖြင့်နေထိုင်ခဲ့ရသည်။ အကျဉ်းသားအဖြစ်ပင်ရှိနေသေးကြောင်း မကြာခဏ အသိပေးခြင်းကိုခံခဲ့ရသည်။ ဤသို့ဖြင့် အောင်ပင်လယ်ထောင်တွင် (၅) လ တာမျှဖမ်းဆီးခံခဲ့ ရသည်။

ဆရာယုဒသန်သည် အကျဉ်းသားအဖြစ် စုစုပေါင်း (၂၁) လကြာနေထိုင်ခဲ့ရသည်။ အင်းဝလက်မရွံ့ထောင်ထက် အောင်ပင်လယ်ထောင်ကို ဆရာယုဒသန်ပို၍ကြောက်ရွံ့ ခဲ့လေသည်။

( ဆက်လက်ဖော်ပြပါမည် )

မူရင်း၊ ( ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၂၃ -၂၅ ရက်နေ့ အောင်ပင်လယ် သာသနာနယ်တွင်ပြုလုပ်ခဲ့သော နှစ် ၂၀၀ ကျေးဇူးတော်ချီးမွမ်း ဝတ်ပြုခြင်းတွင် ဆရာ Saw Seelah တင်သွင်းဖတ်ကြားသော စာတမ်းဖြစ်ပါသည်။

အမေရိကန် စာရေး ဆရာမ Rosalie Hall Hunt ရေးသားသည့် BLESS GOD AND TAKE COURAGE , The Judson History and Legacy ကို ပါမောက္ခဒေါက်တာစောလှိုင်ဘွား ဘာသာပြန်ဆိုထားသော “ဆရာကြီးယုဒသန်၏သမိုင်းကြောင်းနှင့်အမွေအနှစ်များစာအုပ်နှင့် ၊ ဆရာကြီး ပြည်သာထင်၏ “ရှေးဖြစ်ဟောင်းအောက်မေ့ဘွယ်ဝတ္ထု´´စာအုပ်ကို အခြေပြုထားပါသည်။ )

Judson Bible College Malaysia - JBCM

“အခက္အခဲဒုကၡမ်ားၾကားမွ ဆရာယုဒသန္၏ ဆက္ကပ္အေစခံျခင္း" အပိုင္း ( ၂ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reshare #9Dan Unicode & Zawgyi
အင္း၀သို႔ေျပာင္းေ႐ႊ႕ျခင္း
~~~~~~~~~~~~~~~~
ရက္သတၱပတ္ ေျခာက္ပတ္ၾကာျမင့္ေသာ ေရေၾကာင္းခရီးျပဳၿပီးေနာက္ ဆရာ ယုဒသန္တို႔ အင္း၀သို႔ေရာက္႐ိွလာခ့ဲၾကသည္။ အင္း၀သို႔ေရာက္႐ိွၿပီးမၾကာမီမွာပင္ တိုင္း ျပည္ အေျခ အေနႏွင့္ႏိုင္ငံေရးအေျခအေနတို႔ေျပာင္းလဲလာခ့ဲသည္။ အဂၤလိပ္ႏွင့္စစ္ေရးအရ တင္းမာမႈ မ်ား႐ိွလာခ့ဲရာ အင္း၀႐ိွ မ်က္ႏ်ာျဖဴႏိုင္ငံျခားသားတို႔၏ဘ၀မ်ာလုံၿခံဳမႈမ႐ိွေတာ့ေပ။ ထိုစဥ္အတြင္း ဆရာယုဒသန္က ဆက္လက္ဘာသာျပန္ဆိုေနၿပီး မမယုဒသန္မွာမူ ေက်ာင္း ဖြင့္လ်က္ စာသင္ၾကားျခင္းကိုေဆာင္႐ြက္လ်က္႐ိွေပသည္။

အဂၤလိပ္တို႔သည္ရန္ကုန္ကိုတိုက္ခိုက္ခ့ဲရာ ရန္ကုန္တြင္က်န္ရစ္ခ့ဲေသာ မစၥတာ ေဟာက္ ဇနီးေမာင္ႏွံ မွာ အဖမ္းခံရၿပီး ေသဒဏ္ပင္ခ်မွတ္ထားျခင္း ခံေနရေလသည္။ (၁၈၂၄ ) ခု ၊ ဇြန္လ ( ၈ ) ရက္ေန႔ ၊ အဂၤါေန႔မြန္းလြဲပိုင္း၌ ဆရာယုဒသန္တို႔ ညစာစားရန္ျပင္ဆင္ လ်က္႐ိွေနစဥ္ ဘုရင့္ နန္းေတာ္မွ တပ္သားမ်ားသည္ ဖမ္းဆီးရန္အမိန္႔ႏွင့္အတူ ေရာက္လာ၍ ဆရာယုဒသန္ကို ဖမ္းဆီးေခၚေဆာင္သြားေလသည္။ ေခၚေဆာင္သြားရာေထာင္ကား ေသမင္းတမန္ လက္မ႐ြံ ႕ေထာင္ပင္ျဖစ္ေလသည္။ လက္မ႐ြံ႕ဟူသည့္အမည္အတိုင္းပင္ ညႇဥ္းပန္းႏွိပ္စက္ကြက္မ်က္ရန္ လုံး၀လက္မတြန္႕သည့္ေနရာျဖစ္သည္။

အဂၤလိပ္ႏွင့္ စစ္ျဖစ္ေနစဥ္ အင္း၀႐ိွမ်က္ႏွာျဖဴမ်ားသည္ အဂၤလိပ္တို႔၏သူလွ်ိဳအျဖစ္ သတ္မွတ္ကာ ဖမ္းဆီးျခင္းျဖစ္သည္။ ထိုက့ဲသို႔ ဆရာ ယုဒသန္အက်ဥ္း က်ခံေနရစဥ္တစ္ေလွ်ာက္လုံးတြင္ မမယုဒသန္သည္ မိမိခင္ပြန္းလြတ္ေျမာက္ရန္အတြက္ မိမိ၏ ပင္ကိုယ္ အရည္အခ်င္းမ်ား အတိုင္းဇြဲမေလွ်ာ့ဘဲႀကိဳးစားေဆာင္႐ြက္ေနေလသည္။
အင္း၀လက္မ႐ြံ႕ေထာင္တြင္ မစင္ခန္း၌ေနရေလသည္။ ေျခေထာက္ႏွစ္ေခ်ာင္း ကိုလည္း သံႀကိဳးျဖင့္ခ်ည္ေႏွာင္ထားရာ ေျခေထာက္ႏွစ္ေခ်ာင္းအၾကား႐ိွသံႀကိဳးမွာ လက္မ အနည္းငယ္ သာ႐ိွရာ လမ္းေလွ်ာက္ရာတြင္ အလြန္ခက္ခဲခ့ဲရသည္။ ညစ္ပတ္ေနေသာ ထို မစင္ခန္း၏အနံ႔ အသက္ကိုေတြးဆၾကည့္ႏိုင္ပါသည္။ အလင္းေရာင္မ႐ိွျခင္း၊ ထိပ္တုံးခတ္ ထားျခင္း ၊ အနံ႔အသက္ ဆိုးျခင္း ၊ ရာသီဥတုပူျပင္းျခင္းႏွင့္ ဖမ္းဆီးခ်ိန္က ျပင္းစြာ႐ိုက္ႏွက္ ထားေသာဒဏ္ရာမွ နာက်င္ျခင္း မ်ားေၾကာင့္ ထိုစဥ္အတြင္းဆရာယုဒသန္၏စိတ္အေျခအေန ကိုမွန္းဆႏိုင္ေပမည္။ ထိုေၾကာက္မက္ဘြယ္အေျခအေနမ်ားက ဆရာယုဒသန္၏မ်က္စိအား ( ၁၈၂၄ ) ခု ၊ ဇါန္လ ( ၈ ) ရက္ေန႔ညေန၌ အႀကီးအက်ယ္ထိခိုက္ေစခ့ဲသည္။

ေ၀ဒနာကိုထို႔ထက္မကျပင္းထန္စြာခံစားရေစရန္ သူတို႔အားေဘးခ်င္းယွဥ္တန္းစီ လ်က္ ေျခေထာက္ကိုမိုးေပၚေထာင္၍ ေျခေထာက္မ်ားအၾကား ၀ါးလုံးတန္းျဖင့္လွ်ိဳထားၾက သည္။ ဆရာယုဒသန္ေထာင္ထဲတြင္႐ိွေနစဥ္ အျပင္၌႐ိွေနေသာ မမယုဒသန္သည္လည္း စိုးရိမ္ပူပန္မႈ မ်ားစြာႏွင့္အတူ အိုးအိမ္စည္းစိမ္အတြက္လည္းေသာကေရာက္ေနခ့ဲရသည္။ ထိုအထဲမွ အေရး အႀကီးဆုံးမွာ ဘာသာျပန္လက္စ သမၼာက်မ္းမ်ားပင္ျဖစ္သည္။ အစတြင္ ေျမႀကီးထဲျမႇဳပ္ႏွံထားေသာ္လည္း ရာသီဥတုႏွင့္ပိုးမႊားမ်ား၏အႏၲရာယ္ကိုစိုးရိမ္၍ ဆရာ ယုဒသန္ႏွင့္တိုင္ပင္ကာ ေခါင္းအုံးအသြင္ျဖင့္ ေထာင္ထံသို႔ပို႔ေဆာင္ရန္ လုပ္ေဆာင္ႏိုင္ခ့ဲ ၾကသည္။ ဤက့ဲသို႔ လုပ္ေဆာင္ႏိုင္မႈေၾကာင့္ အခက္အခဲမ်ား မည္သို႔ပင္ေတြ႕ႀကံဳခ့ဲၾက ေသာ္လည္း ဘုရားသခင္၏ေက်းဇူးေတာ္ကိုတိုး၍ခ်ီးမြမ္းႏိုင္ခ့ဲၾကသည္။

ဤအခ်ိန္မွာပင္ မမယုဒသန္သည္ သမီးမိန္းကေလးကို ေမြးဖြားခ့ဲေလသည္။ မီးတြင္းထဲ ႐ိွေနခ်ိန္အတြင္း ဆရာယုဒသန္ခံမသ။ါားေရာက္ႏိုင္ခ့ဲေသာ္လည္း ခင္ပြန္းလြတ္ ေျမာက္ရန္အတါက္ကိုမူ သူမ၏ စ႐ိုက္လကၡဏာအတိုင္းေဆာင္႐ြက္လ်က္႐ိွေလသည္။ ယုတ္ဆြအဆုံး အက်ဥ္းေထာင္မွလြတ္ေျမာက္ေအာင္လုပ္ေဆာင္ႏိုင္မႈမ႐ိွခ့ဲေသာ္လည္း သက္သာ ရာရ႐ိွေစဘို႔ ေဆာင္႐ြက္ႏိုင္ခ့ဲသည္။ ဆရာယုဒသန္သည္ အင္၀လက္မ႐ြံ႕ေထာင္ထဲတြင္ ( ၁၁ ) လ ၾကာေနခ့ဲရသည္။

ေအာင္ပင္လယ္ေထာင္သို႔
~~~~~~~~~~~~~~~~~
အင္း၀လက္မ႐ြံ႕ေထာင္တြင္ျပင္းတန္စြာဖ်ားနာေနစဥ္တြင္ပင္ ေအာင္ပင္လယ္ ေထာင္သို႔ေျပာင္းေ႐ႊ႕လိုက္ၾကသည္။ မေျပာင္းေ႐ႊ႕မီ သူ၏ကုတ္အက်ႌကိုခၽြတ္ယူလိုက္ၾကသည္။ အၿမဲတမ္းစီး ထားေလ့ ႐ိွေသာ စြပ္ဖိနပ္ကိုခၽြတ္ယူခားလိုက္သည္။ ထို႔ေနာက္ ဖ်ားနာလ်က္၊ အားနည္းစြာႏွင့္ပင္ ( ၈ ) မိုင္ ( ၉ ) မိုင္ခန္႔ကြာေ၀းေသာ ေအာင္ပင္လယ္ ေထာင္သို႔ ( ၁၈၂၅ ) ခု ၊ ေမလ ( ၂ ) ရက္ေန႔တြင္ အျခားေသာအက်ဥ္းသားမ်ားႏွင့္အတူ အညာေဒသ၏ ျခစ္ျခစ္ေတာက္ပူေသာ လြင္တီးေခါင္ျပင္ႀကီးထဲမွာ ေျခဗလာျဖင့္ ေလွ်ာက္ လာခ့ဲရသည္။ အစဥ္အၿမဲဘြတ္ဖိနပ္ စီးထားေလ့ ႐ိွေသာေၾကာင့္ ႏုေနေသာဆရာယုဒသန္၏ ေျခဖ၀ါးမွေသြးမ်ားတို႔သည္ စီးက်လာခ့ဲသည္။ ႐ွည္လ်ားေသာခရီးကို ေလွ်ာက္ခ့ဲရျခင္း ၊ ရာသီဥတုပူျပင္းျခင္း ၊ ဖ်ားနာေနျခင္း စသည္ တို႔ေၾကာင့္ ေအာင္ပင္လယ္သို႔ေရာက္႐ိွလာ ေသာအခါ အလြန္ပင္ပန္းႏြမ္းနယ္လ်က္႐ိွေလသည္။

ေအာင္ပင္လယ္ေထာင္သည္လည္း လက္မ႐ြံ႕အမ်ိဳးအစားပင္ျဖစ္သည္။ မမ ယုဒသန္သည္ ခင္ပြန္းသည္၏သတင္းကိုၾကားေသာအခါ လွည္းငွား၍ ႏို႔စို႔အ႐ြယ္မိမိသမီး ေလးကိုေခၚေဆာင္ကာ ေခၚေဆာင္သြားရာလမ္းတစ္ေလွ်ာက္လိုက္လာခ့ဲေလသည္။ ပထမတြင္ အမရပူရ သို႔ ေခၚေဆာင္သြားသည္ဟုထင္၍လိုက္လာခ့ဲရာ ေအာင္ပင္လယ္သို႔ ဆက္လက္ေခၚေဆာင္ သြားေၾကာင္း သိရ၍ ေအာင္ပင္လယ္အထိ လိုက္လာခ့ဲရသည္။ ေအာင္ပင္လယ္ဆိုသည္ကို မမယုဒသန္မသိပါ။ သို႔ေသာ္ သူမ၏ပင္ကိုယ္စ႐ိုက္အတိုင္း ေရာက္ေအာင္လာႏိုင္ခ့ဲသည္။ ေအာင္ပင္လယ္သို႔ေရာက္ေသာအခါ ေနစရာမ႐ိွ၍ ႀကိဳးစား ရာ ေထာင္နံေဘး႐ိွ အိမ္ကေလး၏ ေကာက္ႏွံထား႐ိွရာအခန္းက်ဥ္းကေလးထဲတြင္ သမီး ငယ္ႏွင့္အတူေနထိုင္ခ့ဲရသည္။

ေအာင္ပင္လယ္႐ြာမွ ကေလးမ်ားေက်ာက္ေပါက္ျခင္းႏွင့္ အတူ မိမိႏွင့္အတူပါ လာေသာျမန္မာမိန္းကေလးသည္ေက်ာက္ေရာဂါခံစားရေသာအခါ အင္း၀သို႔ျပန္၍ သိမ္းဆည္းျခင္း တြင္ ပါ႐ိွသြားေသာ ေဆး၀ါးမ်ားကိုရေအာင္ ေတာင္းယူႏိုင္ခ့ဲၿပီး ကုသမႈကိုျပဳႏိုင္ခ့ဲသည္။

ေအာင္ပင္လယ္တြင္႐ိွေနစဥ္ မမယုဒသန္သည္ ၀မ္းကိုက္ ေရာဂါကိုျပင္းထန္စြာခံစားခ့ဲရ၍ မိမိထံမွႏို႔ခ်ိဳရည္မထြက္ေတာ့ေသာေၾကာင့္ ဆရာ ယုဒသန္ မွ ေထာင္အရာ႐ိွကို အသနားခံကာ ႐ြာထဲမွကေလးမိခင္မ်ားကို႐ွာေဖြၿပီး မိမိသမီးေလးကို ႏို႔ခ်ိဳတိုက္ေၾကြးေပးပါမည့္အေၾကာင္း မမယုဒသန္ေနမေကာင္းျဖစ္သည့္ ႏွစ္လအတြင္း လိုက္လံေတာင္းပန္ရေလသည္။

ေအာင္ပင္လယ္ေထာင္ထဲတြင္လည္း ဆရာယုဒသန္အေနျဖင့္ သက္သာစြာ မေနရေခ်။ အင္း၀လက္မ႐ြံ႕ေထာင္မွေတြ႕ႀကံဳခ့ဲရေသာနာက်ဥ္မႈမ်ား၊ စိတ္ေသာကေရာက္ မႈမ်ားႏွင့္အတူ ေအာင္ပင္လယ္ေထာင္သို႔သြားရာလမ္းတြင္ျဖစ္ပ်က္ခ့ဲေသာခံစားမႈမ်ား၊ ေအာင္ပင္လယ္ေထာင္သို႔ေရာက္႐ိွၿပီး မိမိကိုယ္တိုင္ခံစားခ့ဲရေသာဒုကၡဆင္းရဲျခင္းမ်ား သာမက ဇနီးသည္ႏွင့္ သမီးငယ္တို႔၏ ဒုကၡေတြ႕ႀကံဳခံစားမႈမ်ား စသည္တို႔အားလုံးေပါင္းစု လာေသာအခါ အ့ံၾသစရာပင္ ဆရာယုဒသန္သည္ ဘုရားသခင္ကိုသံသယ၀င္ခ့ဲေလသည္။ "ကိုယ္ေတာ္တကယ္႐ိွရဲ႕လားဟုပင္ ေမးျမန္းခ့ဲေလသည္" ကိုယ္ေတာ္တကယ္႐ိွရင္ ဘာေၾကာင့္ ကၽြႏ္ုပ္ကိုဒီလိုႀကံဳေတြ႕ေစရသလဲဟု သံသယေမးခြန္းမ်ားကိုေမးလာခ့ဲေပသည္။

သို႔ေသာ္ ဘုရားသခင္သည္ သူ၏လူခံစားရေသာဒုကၡေ၀ဒနာကိုလ်စ္လ်ဴမ႐ႈခ့ဲပါ။ ဆရာယုဒသန္အေနျဖင့္ ဘုရားသခင္ကိုသံသယႀကီးစြာ၀င္ေနခ်ိန္တြင္ ဘုရားသခင္သည္ မထင္မွတ္ေသာအမႈကိုျပဳခ့ဲေပ သည္။ မည္သို႔မွ်ေမွ်ာ္လင့္မထားေသာ ဦးေ႐ႊငုံသည္ ေအာင္ပင္လယ္သို႔ေရာက္႐ိွလာေလသည္။ ဦးေ႐ႊငုံကိုေတြ႕လိုက္ရေသာအခါ ဆရာ ယုဒသန္လြန္စြာအ့ံအားသင့္ခ့ဲရသလို ဤအရာသည္ ဘုရားသခင္၏ ေဆာင္႐ြက္ခ်က္ျဖစ္ ေၾကာင္း နားလည္လာခ့ဲကာ ပို၍ခြန္အားတိုးပြားလာခ့ဲသည္။ ဦးေ႐ႊငုံသည္လည္း သူ႔ကို ခြန္အားေပးခ့ဲသည္။

ထို႔ေနာက္ အဂၤလိပ္ – ျမန္မာစစ္ေျပၿငိမ္းရန္ စကားျပန္(စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ ဘာသာျပန္ရန္) အျဖစ္ ဆရာယုဒသန္ ကို ေအာင္ပင္လယ္ေထာင္ မွထုတ္ေဆာင္ သြားခ့ဲသည္။ ျပင္ပသို႔ေရာက္ေန ေသာ္လည္း လုံး၀လြတ္သြားျခင္းမဟုတ္ဘဲ အက်ယ္ခ်ဳပ္ျဖင့္ေနထိုင္ခ့ဲရသည္။ အက်ဥ္းသားအျဖစ္ပင္႐ိွေနေသးေၾကာင္း မၾကာခဏ အသိေပးျခင္းကိုခံခ့ဲရသည္။ ဤသို႔ျဖင့္ ေအာင္ပင္လယ္ေထာင္တြင္ (၅) လ တာမွ်ဖမ္းဆီးခံခ့ဲ ရသည္။

ဆရာယုဒသန္သည္ အက်ဥ္းသားအျဖစ္ စုစုေပါင္း (၂၁) လၾကာေနထိုင္ခ့ဲရသည္။ အင္း၀လက္မ႐ြံ႕ေထာင္ထက္ ေအာင္ပင္လယ္ေထာင္ကို ဆရာယုဒသန္ပို၍ေၾကာက္႐ြံ႕ ခ့ဲေလသည္။

( ဆက္လက္ေဖာ္ျပပါမည္ )

မူရင္း၊ ( ၂၀၁၃ ခုႏွစ္ ၊ ၾသဂုတ္လ ၂၃ -၂၅ ရက္ေန႔ ေအာင္ပင္လယ္ သာသနာနယ္တြင္ျပဳလုပ္ခဲ့ေသာ ႏွစ္ ၂၀၀ ေက်းဇူးေတာ္ခ်ီးမြမ္း ၀တ္ျပဳျခင္းတြင္ ဆရာ Saw Seelah တင္သြင္းဖတ္ၾကားေသာ စာတမ္းျဖစ္ပါသည္။

အေမရိကန္ စာေရး ဆရာမ Rosalie Hall Hunt ေရးသားသည့္ BLESS GOD AND TAKE COURAGE , The Judson History and Legacy ကို ပါေမာကၡေဒါက္တာေစာလွိဳင္ဘြား ဘာသာျပန္ဆိုထားေသာ “ဆရာႀကီးယုဒသန္၏သမိုင္းေၾကာင္းႏွင့္အေမြအႏွစ္မ်ားစာအုပ္ႏွင့္ ၊ ဆရာႀကီး ျပည္သာထင္၏ “ေ႐ွးျဖစ္ေဟာင္းေအာက္ေမ့ဘြယ္၀တၳဳ´´စာအုပ္ကို အေျချပဳထားပါသည္။ )

Judson Bible College Malaysia - JBCM

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...